Duwun Clinic

Duwun Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Duwun Clinic, Medical and health, မာဂ ၁၃ လမ်း၊ တောင်ဥက္ကလာပ မြို့နယ်, Yangon.

အတာနှစ်ကူးတဲ့ သင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံသူ/မြန်မာနိုင်ငံသားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာ...
11/04/2026

အတာနှစ်ကူးတဲ့ သင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံသူ/မြန်မာနိုင်ငံသားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး

စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတတ်အောင်မြင်ကြပါစေကြောင်း....
𝐃𝐮𝐰𝐮𝐧 မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။🙏

🌡 ကလေးတွေမှာ ဖြစ်နေတဲ့ အပူဖျားနာ ❗️နွေရာသီရောက်လာတာနဲ့ကလေးတွေမှာ အများဆုံးတွေ့ရတာကတော့👉 𝐇𝐞𝐚𝐭 𝐞𝐱𝐡𝐚𝐮𝐬𝐭𝐢𝐨𝐧 (အပူဖျားနာ) ဖြစ်...
08/04/2026

🌡 ကလေးတွေမှာ ဖြစ်နေတဲ့ အပူဖျားနာ ❗️
နွေရာသီရောက်လာတာနဲ့
ကလေးတွေမှာ အများဆုံးတွေ့ရတာကတော့
👉 𝐇𝐞𝐚𝐭 𝐞𝐱𝐡𝐚𝐮𝐬𝐭𝐢𝐨𝐧 (အပူဖျားနာ) ဖြစ်ပါတယ်။

💭 အပူဖျားနာဆိုတာဘာလဲ?
နေပူဒဏ်ကြောင့် ကိုယ်ခန္ဓာအပူချိန်တက်လာပြီး
👉 ခန္ဓာကိုယ်က မခံနိုင်တော့တဲ့ အခြေအနေပါ။
🚨 ကလေးတွေမှာတွေ့ရနိုင်တဲ့ လက္ခဏာတွေ
❗️ ကိုယ်ပူ / ဖျားခြင်း
❗️ မောပန်းလွယ်ခြင်း
❗️ ခေါင်းမူး၊ မူးဝေခြင်း
❗️ ချွေးထွက်များခြင်း
❗️ အစာမစားခြင်း
👉 ကလေးတွေက ကိုယ်တိုင် မပြောတတ်လို့
မိဘတွေက ပိုဂရုစိုက်ရပါတယ်။

⚠️ ဘာကြောင့် ကလေးတွေ ပိုဖြစ်လွယ်လဲ?
✔️ ကိုယ်ခန္ဓာအပူထိန်းစနစ် မပြည့်စုံသေးလို့
✔️ ရေသောက်နည်းတာ
✔️ နေပူထဲမှာ ကစားတာများလို့
💧 ကာကွယ်ဖို့ နည်းလမ်းတွေ
✔️ ရေများများတိုက်ပေးပါ။
✔️ နေပူချိန် (𝟏𝟏𝐀𝐌–𝟑𝐏𝐌) မှာ အပြင်မထွက်စေပါနဲ့။
✔️ ပေါ့ပါးတဲ့အဝတ်တွေဝတ်ပေးပါ။
✔️ အေးတဲ့နေရာမှာ ကစားစေပါ။

🆘 သတိထားရမယ့်အချိန်
👉 ကလေးက အရမ်းပူလာပြီး
👉 မူးဝေ၊ အားနည်းလာရင်
❗️ ချက်ချင်း အေးတဲ့နေရာကို ခေါ်သွားပြီး
❗️ ရေတိုက်ပေးပါ။

မကောင်းသေးရင် ဆရာဝန်ကို ပြပေးပါ။
🔥 အရေးကြီးဆုံး—
“ကလေးတွေက အပူဒဏ်ကို လူကြီးထက် ပိုခံနိုင်စွမ်းနည်းပါတယ်”။

📌 ကိုယ်ခန္ဓာအခြေအနေ မတူကြတဲ့အတွက်
ကျန်းမာရေးဆိုင်ရာ ပြသာနာရှိရင်
ဆရာဝန်နှင့် တိုင်ပင်ဖို့ မမေ့ပါနဲ့။

𝐃𝐮𝐰𝐮𝐧 ဟာ သင့်မိသားစုကျန်းမာရေးအတွက် အဖော်မွန်ကောင်းဖြစ်အောင် စွမ်းဆောင်ပေးပါရစေ။🤗

𝐃𝐮𝐰𝐮𝐧: 𝐇𝐞𝐚𝐥𝐭𝐡 𝐭𝐨 𝐇𝐨𝐦𝐞.
📞ဖုန်း - 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑

📍𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 - https://maps.google.com/maps?q=loc:16.8398761,96.1900647

#ဓူဝံဆေးခန်း #တောင်ဥက္ကလာပ #𝗛𝗲𝗮𝗹𝘁𝗵𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗠𝗲𝗻𝗛𝗲𝗮𝗹𝘁𝗵 #𝗦𝗮𝗳𝗲𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽 #𝐇𝐞𝐚𝐥𝐭𝐡𝐲𝐃𝐫𝐢𝐧𝐤 #𝐂𝐨𝐜𝐨𝐧𝐮𝐭𝐖𝐚𝐭𝐞𝐫 #𝐒𝐭𝐚𝐲𝐅𝐫𝐞𝐬𝐡 #𝐒𝐭𝐚𝐲𝐇𝐞𝐚𝐥𝐭𝐡𝐲

❛🌴 အုန်းရေသောက်ခြင်းက သင့်ကို ဒီလိုကျန်းမာစေပါတယ်.....❜နေ့စဉ်ဘဝမှာ သဘာဝအတိုင်း ကျန်းမာရေးကိုထိန်းချင်ပါသလား?အဖြေကတော့ — ...
05/04/2026

❛🌴 အုန်းရေသောက်ခြင်းက သင့်ကို ဒီလိုကျန်းမာစေပါတယ်.....❜
နေ့စဉ်ဘဝမှာ သဘာဝအတိုင်း ကျန်းမာရေးကိုထိန်းချင်ပါသလား?
အဖြေကတော့ — အုန်းရေပါပဲ။🥥

💦 အုန်းရေက ခန္ဓာကိုယ်ကို ရေဓာတ်ပြန်ဖြည့်ပေးပြီး ပင်ပန်းမှုကို လျော့ချပေးနိုင်ပါတယ်။

⚡️ 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐞𝐥𝐞𝐜𝐭𝐫𝐨𝐥𝐲𝐭𝐞𝐬 ပါဝင်လို့
ခန္ဓာကိုယ် 𝐛𝐚𝐥𝐚𝐧𝐜𝐞 ကို ထိန်းညှိပေးပြီး
နွေရာသီမှာ အထူးသင့်တော်ပါတယ်။

✨ အသားအရေကို 𝐠𝐥𝐨𝐰 ဖြစ်စေပြီး
အတွင်းကနေ လှပလာစေပါတယ်။

💚 အစာချေစနစ်ကိုကူညီပေးပြီး
ဗိုက်အောင့်၊ မအီတာတွေကို သက်သာစေတယ်။

⚖️ 𝐋𝐨𝐰 𝐜𝐚𝐥𝐨𝐫𝐢𝐞 ဖြစ်လို့
ကိုယ်အလေးချိန်ထိန်းချင်သူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။

🌞 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 ကို လိုချင်ရင်
နေ့စဉ် အုန်းရေတစ်ခွက်နဲ့ စတင်လိုက်ပါ။

🥥 𝐍𝐚𝐭𝐮𝐫𝐚𝐥 | 𝐅𝐫𝐞𝐬𝐡 | 𝐇𝐞𝐚𝐥𝐭𝐡𝐲
သဘာဝအရသာနဲ့ ကျန်းမာရေးကို တစ်ခါတည်းရယူလိုက်ပါ။ 💖

📌 ကိုယ်ခန္ဓာအခြေအနေ မတူကြတဲ့အတွက်
ကျန်းမာရေးဆိုင်ရာ ပြသာနာရှိရင်
ဆရာဝန်နှင့် တိုင်ပင်ဖို့ မမေ့ပါနဲ့။

𝐃𝐮𝐰𝐮𝐧 ဟာ သင့်မိသားစုကျန်းမာရေးအတွက် အဖော်မွန်ကောင်းဖြစ်အောင် စွမ်းဆောင်ပေးပါရစေ။🤗

𝐃𝐮𝐰𝐮𝐧: 𝐇𝐞𝐚𝐥𝐭𝐡 𝐭𝐨 𝐇𝐨𝐦𝐞.
📞ဖုန်း - 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑

📍𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 - https://maps.google.com/maps?q=loc:16.8398761,96.1900647

#ဓူဝံဆေးခန်း #တောင်ဥက္ကလာပ #𝗛𝗲𝗮𝗹𝘁𝗵𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗠𝗲𝗻𝗛𝗲𝗮𝗹𝘁𝗵 #𝗦𝗮𝗳𝗲𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽 #𝐇𝐞𝐚𝐥𝐭𝐡𝐲𝐃𝐫𝐢𝐧𝐤 #𝐂𝐨𝐜𝐨𝐧𝐮𝐭𝐖𝐚𝐭𝐞𝐫 #𝐒𝐭𝐚𝐲𝐅𝐫𝐞𝐬𝐡 #𝐒𝐭𝐚𝐲𝐇𝐞𝐚𝐥𝐭𝐡𝐲

မြန်မာနိုင်ငံမှာ ပထမဦးဆုံးပေးအပ်မယ့်  𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 သင်တန်း ကိုဓူဝံက စတင်လိုက်ပါပြီ👏💪ကိုယ်ဟာ 𝟮𝟬𝟮𝟲 ခုနှစ်မှာ...
04/04/2026

မြန်မာနိုင်ငံမှာ ပထမဦးဆုံးပေးအပ်မယ့် 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 သင်တန်း ကိုဓူဝံက စတင်လိုက်ပါပြီ👏

💪ကိုယ်ဟာ 𝟮𝟬𝟮𝟲 ခုနှစ်မှာခိုင်မြဲတဲ့ 𝗖𝗮𝗿𝗲𝗲𝗿 တစ်ခုကိုတည်ဆောက်ချင်တယ် ဒါပေမယ့် ငွေကြေးမလုံလောက်လို့ စိတ်ဓာတ်ကျနေတဲ့သူတွေအတွက်

မြန်မာနိုင်ငံမှာ ဘယ်သူမှမပေးသေးတဲ့ 𝗣𝗵𝗮𝗿𝗺𝗮𝗰𝗶𝘀𝘁 𝗔𝗶𝗱 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 ကို ဓူဝံမှာ ရယူနိုင်ပါပြီ။🧑‍🏫

💊ဓူဝံ‌ဆေးခန်းမှ မကြာခင်ဖွင့်လှစ်‌တော့မယ့် 𝗣𝗵𝗮𝗿𝗺𝗮𝗰𝗶𝘀𝘁 𝗔𝗶𝗱 သင်တန်းကို ပထမဦးဆုံး အပ်နှံသူ (၁၀)ဦးသာ 𝟭𝟬𝟬% 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 ရရှိမှာဖြစ်ပါတယ်။

ဒီသင်တန်းမှာ ဘာအကျိုးကျေးဇူးတွေရမလဲ?

💊ဆေးဝါးဆိုင်ရာဗဟုသုတများကို တစ်ပြိုင်နက်တည်း အပြည့်အဝရရှိပြီး သင်တန်းပြီးတာနဲ့ အလုပ်အကိုင်အခွင့်အလမ်းများနှင့် တစ်ခါတည်း ချိတ်ဆက်ပြီး အလုပ်ရရှိမှာ ဖြစ်ပါတယ်။

ဆေးဆိုင်များ၊ ဆေးဝါးဖြန့်ချိရေး လုပ်ငန်းများမှာ ဆေးဝါးကျွမ်းကျင်တစ်ယောက် အဖြစ်လုပ်ကိုင်နိုင်မယ့် 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠
ကို ‌‌ ဆေးဝါးကျွမ်းကျင်ပညာရှင် မှအထူးကြပ်မတ်သင်ကြားပေးမှာဖြစ်ပါတယ်။

ဒီသင်တန်းကိုရွေးချယ်သင့်တဲ့ အဓိက အားသာချက်များကတော့

✅ လအနည်းငယ်အချိန်ပေးရုံနဲ့ သင်ဝါသနာပါတဲ့ 𝐂𝐚𝐫𝐞𝐞𝐫 တစ်ခုကို ချက်ချင်း အကောင် အထည်ဖော်နိုင်ခြင်း

✅ စာတွေ့သာမက လက်တွေ့ မှာပါ ထိထိရောက်ရောက်သင်ကြားပေးတဲ့အတွက် လုပ်ငန်းခွင်အတွေ့အကြုံရရှိခြင်း

✅ မြန်မာနိုင်ငံသာမက တခြားနိုင်ငံများတွင်လည်း အသိအမှတ်ပြုခံရသော အသက်မွေးဝမ်းကျောင်းပညာရပ်ကို ပိုင်ဆိုင်နိုင်ခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။⚕️

ဆိုတော့ အရင်တုန်းကလက်လျော့ထားခဲ့ရတဲ့ 𝗖𝗮𝗿𝗲𝗲𝗿 အတွက် ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းသစ်တွေရရှိနိုင်တဲ့ ဓူဝံမှာ ယခုပဲ 𝘀𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 လျောက်ထားနိုင်ပါပြီ။⚕️

အရေအတွက်ကန့်သတ်ထားတဲ့အတွက် နှစ်ခါပြန်မရနိုင်တဲ့ အခွင့်အလမ်းကောင်းတစ်ခုကို လက်မလွှတ်ဘဲ ဖမ်းဆုပ်ရယူလိုက်ပါ။👏

☎️ အခုပဲ Page Messenger or 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑 သို့ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီနော်။

သင်တန်းစုံစမ်းရန် - 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑
သင်တန်းလိပ်စာ - အမှတ် ၅၁၄၊ မာဃ ၁၃ လမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။


#ဓူဝံ

နေပူပူမှာ အိမ်မှာပဲကုသမှုခံယူပါ....👍ပူပြင်းလာပြီဖြစ်တဲ့ နွေရာသီမှာ လူကြီးမိဘများရဲ့ ကျန်းမာရေး အခြေအနေအတွက် စစ်ဆေးဖို့လိ...
02/04/2026

နေပူပူမှာ အိမ်မှာပဲကုသမှုခံယူပါ....👍

ပူပြင်းလာပြီဖြစ်တဲ့ နွေရာသီမှာ လူကြီးမိဘများရဲ့ ကျန်းမာရေး အခြေအနေအတွက် စစ်ဆေးဖို့လိုအပ်လာပြီဆိုရင် 𝐃𝐮𝐰𝐮𝐧 ရှိပါတယ်။💪

အပြင်ကိုခြေတစ်လှမ်းမှ ထွက်စရာမလို၊ နေအပူခံစရာမလို၊ ကားဆီကုန်ခံစရာမလိုဘဲ အိမ်ထဲမှာ အေးဆေးသက်သာစွာ အနားယူရင်း 𝐃𝐮𝐰𝐮𝐧 ရဲ့ကုသမှုတွေကို အရယူနိုင်ပါပြီ။✔️

𝐃𝐮𝐰𝐮𝐧 ဟာ ရန်ကုန်မြို့အနှံကို အိမ်တိုင်ရာရောက် ကျန်းမာရေး ၀န်ဆောင်မှုပေးပြီး ဓူဝံရဲ့ အိမ်အရောက်ကျန်းမာရေး၀န်ဆောင်မှုကနေဘာတွေရနိုင်မလဲဆိုတော့....
◾️ဆေးဝါးကုသပေးခြင်း။
◾️ကာကွယ်ဆေးအမျိုးမျိုးထိုးပေးခြင်း။
◾️သွေးဖေါက်၍ဓါတ်ခွဲစစ်ဆေးပေးခြင်း။
◾️𝐄𝐂𝐆 ဆွဲပေးခြင်း။
◾️ ဘီ ပိုးစီပိုး 𝐇𝐈𝐕 ကာလသားရောဂါပိုးရှိမရှိစစ်ဆေးခြင်း။
◾️ကိုယ်၀န်ရှိမရှိစစ်ဆေးပေးခြင်း။
◾️သွေးအမျိုးအစားစစ်ပေးခြင်း။
◾️အနာဆေးထည့်ပေးခြင်း။
◾️အနာချုပ်ရိုးဖြေပေးခြင်း အစရှိတာတွေကို
ရရှိမှာဖြစ်ပါတယ်။💯

ဒါကြောင့် ကျန်းမာရေးမိတ်ဆွေများအတွက် ရာသီဥတုပူပူမှာ အိမ်ထဲမှာပဲ အနားယူပါ၊
ကျန်းမာရေးအတွက်အိမ်အရောက်၀န်ဆောင်မှု လိုအပ်လာရင်တော့ 𝐃𝐮𝐰𝐮𝐧 ရဲ့ 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑 သို့ ဆက်သွယ်လိုက်ပါ။..... 📲

📌 ကိုယ်ခန္ဓာအခြေအနေ မတူကြတဲ့အတွက်
ကျန်းမာရေးဆိုင်ရာ ပြသာနာရှိရင်
ဆရာဝန်နှင့် တိုင်ပင်ဖို့ မမေ့ပါနဲ့။

𝐃𝐮𝐰𝐮𝐧 ဟာ သင့်မိသားစုကျန်းမာရေးအတွက် အဖော်မွန်ကောင်းဖြစ်အောင် စွမ်းဆောင်ပေးပါရစေ။🤗

𝐃𝐮𝐰𝐮𝐧: 𝐇𝐞𝐚𝐥𝐭𝐡 𝐭𝐨 𝐇𝐨𝐦𝐞.
📞ဖုန်း - 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑

📍𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 - https://maps.google.com/maps?q=loc:16.8398761,96.1900647

#ဓူဝံဆေးခန်း #တောင်ဥက္ကလာပ #𝗛𝗲𝗮𝗹𝘁𝗵𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗠𝗲𝗻𝗛𝗲𝗮𝗹𝘁𝗵 #𝗦𝗮𝗳𝗲𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽

ကားဆီတန်းတဲ့နေရာမှာ သတိထားရမယ့်အချက်များနေပူပူမှာ ဆီတန်းမယ့် ဓူဝံရဲ့ ကျန်းမာ‌ရေးမိတ်ဆွေများအတွက် ရှောင်ရန်ဆောင်ရန်များ ဝ...
27/03/2026

ကားဆီတန်းတဲ့နေရာမှာ သတိထားရမယ့်အချက်များ

နေပူပူမှာ ဆီတန်းမယ့် ဓူဝံရဲ့ ကျန်းမာ‌ရေးမိတ်ဆွေများအတွက် ရှောင်ရန်ဆောင်ရန်များ ဝေမျှလိုက်ရပါတယ်။🤝

# #ဓူဝံဆေးခန်း #တောင်ဥက္ကလာပ #𝗛𝗲𝗮𝗹𝘁𝗵𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗠𝗲𝗻𝗛𝗲𝗮𝗹𝘁𝗵 #𝗦𝗮𝗳𝗲𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽

နေအပူ (𝐬𝐮𝐧 𝐞𝐱𝐩𝐨𝐬𝐮𝐫𝐞) က တကယ်ပဲ အသားအရေကို အိုမင်းရင့်ရော်စေနိုင်ပါတယ် — ဒါကို “𝐏𝐡𝐨𝐭𝐨𝐚𝐠𝐢𝐧𝐠” လို့ခေါ်ပါတယ်။☀️ နေရောင်က အသား...
26/03/2026

နေအပူ (𝐬𝐮𝐧 𝐞𝐱𝐩𝐨𝐬𝐮𝐫𝐞) က တကယ်ပဲ အသားအရေကို အိုမင်းရင့်ရော်စေနိုင်ပါတယ် — ဒါကို “𝐏𝐡𝐨𝐭𝐨𝐚𝐠𝐢𝐧𝐠” လို့ခေါ်ပါတယ်။

☀️ နေရောင်က အသားအရေကို ဘယ်လိုအိုစေသလဲ
1. 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 ပျက်စီးစေတယ်
နေရောင်ထဲက 𝐔𝐕 𝐫𝐚𝐲𝐬 တွေက အသားအရေရဲ့ 𝐜𝐨𝐥𝐥𝐚𝐠𝐞𝐧 ကို ဖျက်စီးစေတယ်
𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 လျော့သွားရင် အရေးအကြောင်းတွေ ပိုမြန်မြန်ပေါ်လာတယ်။

1. အရေပြားခြောက်ပြီး ပါးလာတယ်
အပူကြောင့် အသားအရေထဲက ရေဓာတ်ဆုံးရှုံး
👉 အသားခြောက်၊ တင်းတိပ်မရှိတော့ဘူး။

1. အမည်းစက်၊ မျက်နှာအရောင်မညီဖြစ်စေတယ်
𝐔𝐕 𝐫𝐚𝐲𝐬 ကြောင့် 𝐦𝐞𝐥𝐚𝐧𝐢𝐧 ပိုထွက်
👉 နေလောင်၊ အမည်းစက်၊ 𝐟𝐫𝐞𝐜𝐤𝐥𝐞𝐬 ဖြစ်တတ်
1. 𝐒𝐤𝐢𝐧 𝐝𝐚𝐦𝐚𝐠𝐞 စုပေါင်းပြီး အိုမင်းမြန်စေတယ်။

နေ့စဉ်နေရောင်ထိတာတွေ စုပေါင်းလာရင်
👉 အသက်ထက် ပိုကြီးတဲ့ပုံပေါ်လာနိုင်တယ်
❗️ အရေးကြီးတဲ့အချက်
အိုမင်းမှု ၁၀၀% ထဲမှာ ~𝟖𝟎% က နေရောင်ကြောင့်ဖြစ်နိုင်တယ် (𝐥𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 𝐟𝐚𝐜𝐭𝐨𝐫)
👉 ဆိုလိုတာက နေ‌ရောင်ခြည်ကို ကာကွယ်ရင် အိုမင်းနှုန်းကို လျော့ချနိုင်တယ်။

✅ ကာကွယ်နည်း
🧴 𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 𝐒𝐏𝐅 𝟑𝟎+ နေ့တိုင်းလိမ်းပါ (အပြင်မထွက်လည်း လိုတယ်)
🧢 ဦးထုပ်၊ မျက်ကာမှန် အသုံးပြုပါ
⛱ နေတက်ချိန် (𝟏𝟎𝐀𝐌–𝟒𝐏𝐌) ကို ရှောင်ပါ
💧 ရေများများသောက်ပြီး အသားအရေကို 𝐡𝐲𝐝𝐫𝐚𝐭𝐞 လုပ်ပါ။

📌 ကိုယ်ခန္ဓာအခြေအနေ မတူကြတဲ့အတွက်
ကျန်းမာရေးဆိုင်ရာ ပြသာနာရှိရင်
ဆရာဝန်နှင့် တိုင်ပင်ဖို့ မမေ့ပါနဲ့။

𝐃𝐮𝐰𝐮𝐧 ဟာ သင့်မိသားစုကျန်းမာရေးအတွက် အဖော်မွန်ကောင်းဖြစ်အောင် စွမ်းဆောင်ပေးပါရစေ။🤗

𝐃𝐮𝐰𝐮𝐧: 𝐇𝐞𝐚𝐥𝐭𝐡 𝐭𝐨 𝐇𝐨𝐦𝐞.
📞ဖုန်း - 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑

📍𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 - https://maps.google.com/maps?q=loc:16.8398761,96.1900647

#ဓူဝံဆေးခန်း #တောင်ဥက္ကလာပ #𝗛𝗲𝗮𝗹𝘁𝗵𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗠𝗲𝗻𝗛𝗲𝗮𝗹𝘁𝗵 #𝗦𝗮𝗳𝗲𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽

🦟 မိုးရာသီမှာသတိထားရမယ့် “ပိုးမွှားရောဂါများ” ⚠️မိုးရွာချိန်နီးလာတာနဲ့အမျှရေတိမ် 💧 ရေတိုင်တွေမှာ ပိုးမွှားတွေ ပေါက်ပွားလ...
25/03/2026

🦟 မိုးရာသီမှာသတိထားရမယ့် “ပိုးမွှားရောဂါများ” ⚠️

မိုးရွာချိန်နီးလာတာနဲ့အမျှ
ရေတိမ် 💧 ရေတိုင်တွေမှာ ပိုးမွှားတွေ ပေါက်ပွားလွယ်လာပြီး
ကျန်းမာရေးအန္တရာယ်တွေပါ တိုးလာတတ်ပါတယ်။😷

❗️ အထူးသဖြင့် သတိထားသင့်တဲ့ရောဂါတွေကတော့—

🔺 𝐃𝐞𝐧𝐠𝐮𝐞 (သွေးလွန်တုပ်ကွေး)
အဖျားမြင့်၊ ကိုယ်လက်နာ၊ အရေပြားအနီပြားထွက်ပြီး
ပြင်းထန်ရင် သွေးယိုနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်

🔺 𝐌𝐚𝐥𝐚𝐫𝐢𝐚 (မလေးရီးယား)
အဖျားတက်/ကျ ပြန်လှည့်၊ အအေးတက်၊ ချွေးထွက်များ
အချိန်မီ မကုသရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်

🔺 𝐂𝐡𝐢𝐤𝐮𝐧𝐠𝐮𝐧𝐲𝐚
အဖျားနဲ့အတူ အဆစ်နာပြင်းထန်ပြီး
တချို့ကာလတွေမှာ နာတာရှည်ဖြစ်နိုင်ပါတယ်

🔺 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐄𝐧𝐜𝐞𝐩𝐡𝐚𝐥𝐢𝐭𝐢𝐬
အဖျားမြင့်၊ မူးဝေ၊ အကြောတက်
ဦးနှောက်ထိခိုက်နိုင်တဲ့ အရေးကြီးရောဂါတစ်မျိုးပါ

━━━━━━━━━━━━━━━

🛡 ကိုယ့်ကိုယ်ကို ကာကွယ်ဖို့—
✔️ ရေတိမ်တွေ မကျန်အောင် ဖယ်ရှားပါ။
✔️ ရေတိုင်/ရေဘူးတွေ အဖုံးပိတ်ထားပါ။
✔️ ပိုးမွှားကာကွယ်ဆေး၊ 𝐦𝐨𝐬𝐪𝐮𝐢𝐭𝐨 𝐧𝐞𝐭 အသုံးပြုပါ။
✔️ လက်ရှည်အဝတ်ဝတ်ပြီး ကိုယ်ကို ကာကွယ်ပါ။
✔️ အိမ်ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ပါ။

━━━━━━━━━━━━━━━
မိုးရာသီမှာ ကျန်းမာရေးကာကွယ်ရေးကို
အခုတင်စတင်ပြီး ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုကို ကာကွယ်လိုက်ပါ။💚

📌 ကိုယ်ခန္ဓာအခြေအနေ မတူကြတဲ့အတွက်
ကျန်းမာရေးဆိုင်ရာ ပြသာနာရှိရင်
ဆရာဝန်နှင့် တိုင်ပင်ဖို့ မမေ့ပါနဲ့။

𝐃𝐮𝐰𝐮𝐧 ဟာ သင့်မိသားစုကျန်းမာရေးအတွက် အဖော်မွန်ကောင်းဖြစ်အောင် စွမ်းဆောင်ပေးပါရစေ။🤗

𝐃𝐮𝐰𝐮𝐧: 𝐇𝐞𝐚𝐥𝐭𝐡 𝐭𝐨 𝐇𝐨𝐦𝐞.
📞ဖုန်း - 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑

📍𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 - https://maps.google.com/maps?q=loc:16.8398761,96.1900647

#ဓူဝံဆေးခန်း #တောင်ဥက္ကလာပ #𝗛𝗲𝗮𝗹𝘁𝗵𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗠𝗲𝗻𝗛𝗲𝗮𝗹𝘁𝗵 #𝗦𝗮𝗳𝗲𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽

နွေရာသီပူပြင်းလာတော့မယ်ဆိုရင် အရင်ကထက်ပိုပြီး ကျန်းမာရေး၊ အိမ်နဲ့နေ့စဉ်အသုံးအဆောင်တွေကို ကြိုတင်ပြင်ဆင်ထားတာ အရမ်းအရေးကြ...
22/03/2026

နွေရာသီပူပြင်းလာတော့မယ်ဆိုရင် အရင်ကထက်ပိုပြီး ကျန်းမာရေး၊ အိမ်နဲ့နေ့စဉ်အသုံးအဆောင်တွေကို ကြိုတင်ပြင်ဆင်ထားတာ အရမ်းအရေးကြီးပါတယ်။

☀️ 𝟏. ကိုယ်ခန္ဓာအတွက် ပြင်ဆင်မှု
ရေများများသောက်ပါ (တစ်နေ့ 𝟐–𝟑 လီတာခန့်)
ဖရဲသီး၊ သခွားသီးလို ရေဓာတ်မြင့်တဲ့အသီးတွေစားပါ။
အပူကိုမဆွဲတဲ့ အဝတ်အစား (𝐜𝐨𝐭𝐭𝐨𝐧, 𝐥𝐨𝐨𝐬𝐞 𝐟𝐢𝐭) ဝတ်ပါ။
𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 လိမ်းပြီး နေလောင်ဒဏ်ကာကွယ်ပါ။

🏠 𝟐. အိမ်ထဲမှာ အေးမြနေစေဖို့
နေထွက်ချိန်မှာ ပြတင်းပေါက်ဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင်လုပ်ပါ။
နေပြင်းချိန်မှာ 𝐂𝐮𝐫𝐭𝐚𝐢𝐧 ပိတ်ပြီး အပူမဝင်အောင်တားပါ။
ပန်ကာ၊ 𝐀𝐢𝐫𝐜𝐨𝐧 စနစ်တွေ ကြိုစစ်ထားပါ။
အပင်စိုက်ထားရင် အပူလျော့စေတယ်။

🍹 𝟑. အစားအသောက်ပိုင်း
အဆီများ၊ အပူတက်စေတဲ့အစားအစာတွေ လျှော့စားပါ။
အေးမြတဲ့ ဖျော်ရည်၊ သံပုရာရည်၊ 𝐂𝐨𝐜𝐨𝐧𝐮𝐭 𝐰𝐚𝐭𝐞𝐫 သောက်ပါ။
အလွယ်တကူလေးစားလို့ရတဲ့ 𝐬𝐚𝐥𝐚𝐝၊ 𝐥𝐢𝐠𝐡𝐭 𝐦𝐞𝐚𝐥 တွေရွေးပါ။

⚠️ 𝟒. ကျန်းမာရေးသတိပြုရန်
နေ့လယ် 𝟏𝟐–𝟑 နာရီအတွင်း နေပူထဲ မနေပါနဲ့။
မူးဝေ၊ ခေါင်းကိုက်၊ ပင်ပန်းလွန်းရင် အနားယူပါ။
အပြင်သွားရင် ထီး၊ ဦးထုပ်၊ နေရောင်ကာမျက်မှန် အသုံးပြုပါ။

💬 နွေရာသီမှာ အပူက 𝘂𝗻𝗮𝘃𝗼𝗶𝗱𝗮𝗯𝗹𝗲 ဖြစ်ပေမယ့် မှန်ကန်တဲ့ကာကွယ်မှုနဲ့ ကျန်းမာရေးကို ကာကွယ်နိုင်ပါတယ်။

💬 ဒီလို ကျန်းမာရေး 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 တွေကို ဆက်လက် မျှဝေပေးသွားမယ်ဆိုတော့ 𝐏𝐚𝐠𝐞 ကို 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့ မမေ့ပါနဲ့နော်။ 🌿

𝐃𝐮𝐰𝐮𝐧 ဟာ သင့်မိသားစုကျန်းမာရေးအတွက် အဖော်မွန်ကောင်းဖြစ်အောင် စွမ်းဆောင်ပေးပါရစေ။🤗

𝐃𝐮𝐰𝐮𝐧: 𝐇𝐞𝐚𝐥𝐭𝐡 𝐭𝐨 𝐇𝐨𝐦𝐞.
📞ဖုန်း - 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑

📍𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 - https://maps.google.com/maps?q=loc:16.8398761,96.1900647

#ဓူဝံဆေးခန်း #တောင်ဥက္ကလာပ

☀️ နွေရာသီ အပူမြင့်လာမည် ⚠️ ကျန်းမာရေးအထူးဂရုစိုက်ပါမတ်လအလယ်ပိုင်းမှစတင်ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် နွေရာသီအပူချိန်မျာ...
18/03/2026

☀️ နွေရာသီ အပူမြင့်လာမည် ⚠️
ကျန်းမာရေးအထူးဂရုစိုက်ပါ

မတ်လအလယ်ပိုင်းမှစတင်ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် နွေရာသီအပူချိန်များ တဖြည်းဖြည်း မြင့်တက်လာနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်များတွင် ဖော်ပြထားပါတယ်။

အထူးသဖြင့်
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေးနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင်
နေ့အပူချိန် ၃၉°𝗖 မှ ၄၂°𝗖 အထိ မြင့်တက်နိုင်ပါသည်။

🔥 ဘာတွေကို သတိထားသင့်လဲ?
နွေရာသီအပူပြင်းလာတာနဲ့အတူ—
ခန္ဓာကိုယ်ရေဓာတ်လျော့နည်းခြင်း (𝗗𝗲𝗵𝘆𝗱𝗿𝗮𝘁𝗶𝗼𝗻)
အပူလျှပ်ခြင်း (𝗛𝗲𝗮𝘁𝘀𝘁𝗿𝗼𝗸𝗲)
မူးဝေခြင်း၊ အားနည်းခြင်း
အသက်ရှူမဝခြင်း
တို့ ဖြစ်ပေါ်နိုင်ပါတယ်။

ထို့အပြင် 𝗨𝗩 (ခရမ်းလွန်ရောင်ခြည်) မြင့်တက်လာခြင်းကြောင့်
အရေပြားနှင့် မျက်စိကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

🌧 မိုးနှင့်မုန်တိုင်းအခြေအနေ
အပူမြင့်တက်မှုနှင့်အတူ—
မိုးကြိုးမုန်တိုင်း
မိုးသီးကျနိုင်ခြင်း
အချို့ဒေသများတွင် မိုးအနည်းငယ်မှ မိုးများအထိရွာနိုင်ခြင်း
တို့ ဖြစ်နိုင်ပါသည်။

အထူးသဖြင့်
စစ်ကိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်
မိုးနှင့်မိုးကြိုးသံများ ဖြစ်ပေါ်နိုင်ပါတယ်။

🛑 ကျန်းမာရေးအတွက် ကာကွယ်နည်းများ
✔️ နေပူထဲ အချိန်ရှည် မနေပါနှင့်
✔️ ရေများများသောက်ပါ (တစ်နေ့ ၂–၃ လီတာခန့်)
✔️ အရောင်ပေါ့သော အဝတ်အစားဝတ်ပါ
✔️ နေကာမျက်မှန်၊ ထီး၊ လေကာကာ အသုံးပြုပါ
✔️ မူးဝေခြင်း၊ မောပန်းခြင်း ဖြစ်ပါက ချက်ချင်းနားယူပါ။

❗️ အရေးကြီးသတိပေးချက်
လူမှုကွန်ယက်များတွင် ပြန့်နှံ့နေသော
“သဘာဝမဟုတ်တဲ့အပူ”၊ “အက်စစ်မိုး” စတဲ့ သတင်းများအချို့မှာအတည်ပြုချက်မရှိသေးသော အချက်အလက်များ ပါဝင်နိုင်သဖြင့်
ယုံကြည်စိတ်ချရသော မိုးလေဝသအဖွဲ့အစည်းများ၏ သတင်းများကိုသာ ကိုးကားလိုက်နာရန် အရေးကြီးပါတယ်။

💬 နွေရာသီမှာ အပူက 𝘂𝗻𝗮𝘃𝗼𝗶𝗱𝗮𝗯𝗹𝗲 ဖြစ်ပေမယ့် မှန်ကန်တဲ့ကာကွယ်မှုနဲ့ ကျန်းမာရေးကို ကာကွယ်နိုင်ပါတယ်။

💬 ဒီလို ကျန်းမာရေး 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 တွေကို ဆက်လက် မျှဝေပေးသွားမယ်ဆိုတော့ 𝐏𝐚𝐠𝐞 ကို 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့ မမေ့ပါနဲ့နော်။ 🌿

𝐃𝐮𝐰𝐮𝐧 ဟာ သင့်မိသားစုကျန်းမာရေးအတွက် အဖော်မွန်ကောင်းဖြစ်အောင် စွမ်းဆောင်ပေးပါရစေ။🤗

𝐃𝐮𝐰𝐮𝐧: 𝐇𝐞𝐚𝐥𝐭𝐡 𝐭𝐨 𝐇𝐨𝐦𝐞.
📞ဖုန်း - 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑

📍𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 - https://maps.google.com/maps?q=loc:16.8398761,96.1900647

#ဓူဝံဆေးခန်း #တောင်ဥက္ကလာပ

အစမပျိုးသင့်တဲ့ 𝐋𝐢𝐯𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫လူငယ်တချို့အတွက်“𝐋𝐢𝐯𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫” ဆိုတာ 𝐋𝐨𝐯𝐞 ကိုစမ်းသပ်ကြည့်တဲ့နည်းတစ်ခုလိုထင်တတ်ပါတယ်။ဒါ...
16/03/2026

အစမပျိုးသင့်တဲ့ 𝐋𝐢𝐯𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫
လူငယ်တချို့အတွက်
“𝐋𝐢𝐯𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫” ဆိုတာ 𝐋𝐨𝐯𝐞 ကိုစမ်းသပ်ကြည့်တဲ့နည်းတစ်ခုလိုထင်တတ်ပါတယ်။

ဒါပေမယ့် တကယ်တော့
အဆင်မပြေတဲ့အခါ စိတ်ပိုင်းဆိုင်ရာနဲ့ ဘဝပိုင်းဆိုင်ရာ ထိခိုက်မှုတွေများနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ —
• တစ်ယောက်ကိုတစ်ယောက် မသေချာသေးတဲ့အချိန်မှာ အတူနေခြင်း
• တာဝန်ယူမှု မပြည့်စုံသေးခြင်း
• အနာဂတ်အတွက် စီမံကိန်း မရှိသေးခြင်း
ဒီလိုအခြေအနေတွေမှာ 𝐋𝐢𝐯𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 စတင်လိုက်ရင်
နောက်ပိုင်းမှာ အဆင်မပြေမှုတွေ ပိုများလာနိုင်ပါတယ်။
အချစ်ဆိုတာ
စိတ်လှုပ်ရှားမှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
နားလည်မှု၊ တာဝန်ယူမှု၊ အနာဂတ်အတွက် စီစဉ်မှု တွေပါလိုပါတယ်။

📌 လူငယ်တစ်ယောက်အနေနဲ့
အချစ်ကို လက်တည့်မစမ်းခင်
ကိုယ့်ဘဝကို ပိုအရေးကြီးစဉ်းစားဖို့ လိုပါတယ်။
𝐑𝐞𝐬𝐩𝐞𝐜𝐭𝐟𝐮𝐥 𝐑𝐞𝐥𝐚𝐭𝐢𝐨𝐧𝐬𝐡𝐢𝐩 တစ်ခုဆိုတာ
အချိန်ယူပြီး တည်ဆောက်ရတဲ့အရာ ဖြစ်ပါတယ်။

💬 ဒီလို ကျန်းမာရေး 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 တွေကို ဆက်လက် မျှဝေပေးသွားမယ်ဆိုတော့ 𝐏𝐚𝐠𝐞 ကို 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့ မမေ့ပါနဲ့နော်။ 🌿

𝐃𝐮𝐰𝐮𝐧 ဟာ သင့်မိသားစုကျန်းမာရေးအတွက် အဖော်မွန်ကောင်းဖြစ်အောင် စွမ်းဆောင်ပေးပါရစေ။🤗

𝐃𝐮𝐰𝐮𝐧: 𝐇𝐞𝐚𝐥𝐭𝐡 𝐭𝐨 𝐇𝐨𝐦𝐞.
📞ဖုန်း - 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑

📍𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 - https://maps.google.com/maps?q=loc:16.8398761,96.1900647

#ဓူဝံဆေးခန်း #တောင်ဥက္ကလာပ

လူငယ်တွေအနေနဲ့ 𝐒𝐞𝐱 ကိစ္စကို လက်တည့်မစမ်းသင့်တဲ့အကြောင်းယနေ့ခေတ်မှာ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚၊ 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 တွေကြောင့်𝐒𝐞𝐱 နဲ့ပတ်သက်တဲ့အကြေ...
13/03/2026

လူငယ်တွေအနေနဲ့ 𝐒𝐞𝐱 ကိစ္စကို လက်တည့်မစမ်းသင့်တဲ့အကြောင်း

ယနေ့ခေတ်မှာ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚၊ 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 တွေကြောင့်
𝐒𝐞𝐱 နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို လူငယ်တွေ လွယ်လွယ်ကူကူတွေ့မြင်လာပါတယ်။
ဒါကြောင့် တချို့လူငယ်တွေက
စိတ်ဝင်စားမှုကြောင့်ပဲ ဖြစ်ဖြစ်
သူငယ်ချင်းဖိအားကြောင့်ပဲ ဖြစ်ဖြစ်
“လက်တည့်စမ်းကြည့်မယ်” ဆိုတဲ့အတွေးတွေ ဖြစ်လာတတ်ပါတယ်။

ဒါပေမယ့် 𝐒𝐞𝐱 ဆိုတာ
ပျော်ဖို့အတွက်ပဲ လုပ်လိုက်ရတဲ့အရာ မဟုတ်ပါဘူး။
အဲဒီအရာနောက်မှာ တာဝန်ယူမှုနဲ့ အကျိုးဆက်တွေ ရှိနေပါတယ်။

လူငယ်တွေအနေနဲ့ မစဉ်းစားဘဲ လက်တည့်စမ်းလိုက်ရင် ဖြစ်နိုင်တဲ့အရာတွေ
• မမျှော်လင့်ထားတဲ့ ကိုယ်ဝန်ရခြင်း
• လိင်မှတဆင့်ကူးစက်တဲ့ရောဂါများ
• စိတ်ပိုင်းဆိုင်ရာ အနာတရများ
• နောင်တရနိုင်တဲ့ ဆုံးဖြတ်ချက်များ

𝐒𝐞𝐱 ဆိုတာ
ရုပ်ပိုင်းဆိုင်ရာအရာတစ်ခုတည်း မဟုတ်ပဲ
စိတ်ပိုင်းဆိုင်ရာနဲ့ တာဝန်ယူမှုပါ ပါဝင်တဲ့အရာ ဖြစ်ပါတယ်။

ဒါကြောင့် လူငယ်တွေအနေနဲ့
စိတ်ဝင်စားမှုကြောင့်ပဲဖြစ်ဖြစ်
ဖိအားကြောင့်ပဲဖြစ်ဖြစ်
လက်တည့်စမ်းမလုပ်သင့်ပါဘူး။

မိမိကိုယ်ကို တန်ဖိုးထားပြီး
ကိုယ့်ဘဝအတွက် မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့ဆုံးဖြတ်ချက် ကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။
📌 ကိုယ့်ဘဝအတွက် တာဝန်ယူနိုင်တဲ့အချိန်မရောက်သေးဘူးဆိုရင်
မလုပ်ခြင်းကပဲ အကောင်းဆုံးဆုံးဖြတ်ချက် ဖြစ်နိုင်ပါတယ်။

📌 ကိုယ်ခန္ဓာအခြေအနေ မတူကြတဲ့အတွက်
ကျန်းမာရေးဆိုင်ရာ ပြသာနာရှိရင်
ဆရာဝန်နှင့် တိုင်ပင်ဖို့ မမေ့ပါနဲ့။

𝐃𝐮𝐰𝐮𝐧 ဟာ သင့်မိသားစုကျန်းမာရေးအတွက် အဖော်မွန်ကောင်းဖြစ်အောင် စွမ်းဆောင်ပေးပါရစေ။🤗

𝐃𝐮𝐰𝐮𝐧: 𝐇𝐞𝐚𝐥𝐭𝐡 𝐭𝐨 𝐇𝐨𝐦𝐞.
📞ဖုန်း - 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑

📍𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 - https://maps.google.com/maps?q=loc:16.8398761,96.1900647

#ဓူဝံဆေးခန်း #တောင်ဥက္ကလာပ #𝗛𝗲𝗮𝗹𝘁𝗵𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗠𝗲𝗻𝗛𝗲𝗮𝗹𝘁𝗵 #𝗦𝗮𝗳𝗲𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽 #𝐘𝐨𝐮𝐭𝐡𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 #𝐑𝐞𝐬𝐩𝐞𝐜𝐭𝐘𝐨𝐮𝐫𝐬𝐞𝐥𝐟 #𝐇𝐞𝐚𝐥𝐭𝐡𝐲𝐑𝐞𝐥𝐚𝐭𝐢𝐨𝐧𝐬𝐡𝐢𝐩
#𝐃𝐮𝐰𝐮𝐧 💬

Address

မာဂ ၁၃ လမ်း၊ တောင်ဥက္ကလာပ မြို့နယ်
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Duwun Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share