Doctor EKG

Doctor EKG We share medical knowledge on EKG interpretation

"Hyper acute T wave-New update"Updateတိုင်းလိုက်ကြည့်နေမှသာ advanced ဖြစ်မှာပါ…ကျတော်ကိုယ်တိုင်လဲ အသစ်အသစ်တွေထွက်ရင် မြန...
17/11/2025

"Hyper acute T wave-New update"

Updateတိုင်းလိုက်ကြည့်နေမှသာ advanced ဖြစ်မှာပါ…

ကျတော်ကိုယ်တိုင်လဲ အသစ်အသစ်တွေထွက်ရင် မြန်မြန်ရှာဖတ်နေရတာမလို့ ဒီတခါ HATWအကြောင်း shareပါရစေ…

https://www.jacc.org/doi/10.1016/j.jacadv.2025.102120?fbclid=IwZnRzaAOHUXNleHRuA2FlbQIxMQBzcnRjBmFwcF9pZAo2NjI4NTY4Mzc5CGNhbGxzaXRlAjI1AAEeIpoSfX1aOiJM-024le3oA3cvfXm17omc63fxUrE65j5g0MxwE3Rza-4wME4_aem_t7_J8XiJF8FlXLQhHsyc3A

Always make ECG in syncope patients…QT interval=0.44sRR interval=1.0sQTc=0.44s=440 msecs PR prolongation✅QT prolongation...
06/11/2025

Always make ECG in syncope patients…

QT interval=0.44s
RR interval=1.0s
QTc=0.44s=440 msecs

PR prolongation✅
QT prolongation❌

"1st degree heart block"

Clinicမှာ OMIကိုဖမ်းမိဖို့ကဘာတွေကြည့်ပြီးဆုံးဖြတ်မလဲ???အဖြေကတော့ရှင်းနေတာပဲ…သွေးကြောပိတ်လားမပိတ်လားသိချင်မှတော့ သွေးကြော...
19/10/2025

Clinicမှာ OMIကိုဖမ်းမိဖို့ကဘာတွေကြည့်ပြီးဆုံးဖြတ်မလဲ???

အဖြေကတော့ရှင်းနေတာပဲ…သွေးကြောပိတ်လားမပိတ်လားသိချင်မှတော့ သွေးကြောကို ဒဲ့ကြည့်လိုက်ရင် အဖြေကထွက်နေပြီ…

Angiogramတွေက GP clinic အနေနဲ့ လက်လှမ်းမမှီပါဘူး…

နောက်ပြီး Chest pain ရှိတဲ့ လူနာအယောက်စေ့ကို ထိုင်လွှဲနေရင်တော့ Refer clinic ပဲဖွင့်ရတော့မယ်…

ကျတော်ကတော့ အချက်၃ချက်ကိုအဓိကထားကြည့်တယ်…

နံပါတ်တစ်ကတော့ Symptomsပဲ…cardiac soundingဖြစ်တဲ့ chest pain မျိုး…Constricting/Squeezing/Heaviness/Crushing type…Especially blood supply နည်းစေမယ့်အချိန် after meal/cold weatherမျိုး…Localizeဖြစ်နေရင်တော့ OMIကိုနောက်ထားပြီးစဉ်းစားတယ်…Localizeလုပ်နိုင်နေတာက somatic supply ရှိတဲ့ outer pericardial or pleural pain နဲ့ပိုတူတယ်…

နံပါတ်နှစ်ကတော့ ECGပါ…ECGကို bedsideမှာတင်အမြန်လုပ်လို့ရတယ်…Blood results တောင် နာရီဝက်တနာရီကြာဦးမယ်…

နံပါတ်သုံးအနေနဲ့ကတော့ cardiac enzymesပါ…ECGဆွဲပြီး သွေးဖောက်ထားလို့ရတယ်…

ဒီ၃ချက်မှာ အနည်းဆုံး၂ချက်လောက်မှမရှိရင်တော့ OMI less likely ပဲ…

Remote area ဖြစ်တဲ့ဆေးခန်းမျိုးမှာဆို Lab transfer time တွေစောင့်နေရတာမျိုးဆို Enzymesကဖောက်ရတာအဆင်မပြေဘူး…ကြာမှာ…ဒီလိုအချိန်မျိုးမှာဆို symptoms+ECG ကတော်တော်လေးကိုက်တယ်ဆို မြန်မြန် referပြီး ဆေးရုံမှာ လိုအပ်တာဆက်လုပ်ပါ့စေပေါ့…Enzymesဖောက် CMU showပြီး မတူဘူးဆို OPDအနေနဲ့ပြန်ကြည့်တာ လူနာအတွက် safeဖြစ်တယ်…

ECGကကွင်းကွင်းကွက်ကွက်ကြီးတူနေရင်တော့လဲ Symptomsမရှိတောင် OMIဖြစ်နေနိုင်ပါသေးတယ်…Symptomsက OMIနဲ့တူပြီး ECGကမတူတာမျိုးဆို CVD risk factors တွေပါထည့်ပြီးစဉ်းစားတာမျိုးလုပ်သင့်ပါတယ်…

ဒါလက်တွေ့မှာ practiceနေတဲ့ပုံစံပါ…Guidelinesတွေထဲကစာလဲမဟုတ်ဘူး…အကောင်းဆုံးကုသမှုလဲမဟုတ်ဘူး…ကိုယ့်ဆေးခန်းမှာ ကိုယ်လက်လှမ်းမှီသလောက် လူနာအတွက်အကောင်းဆုံးစဉ်းစားပေးတာမျိုးပဲဖြစ်သင့်ပါတယ်…

HOW TO LEARN ECG EFFECTIVELYECG Interpretation ဆိုတာ ဆေးကျောင်းမှာ သေသေချာချာမသင်ခဲ့ရတဲ့ skill တစ်ခုဖြစ်ပါတယ်။2nd MB က p...
14/10/2025

HOW TO LEARN ECG EFFECTIVELY

ECG Interpretation ဆိုတာ ဆေးကျောင်းမှာ သေသေချာချာမသင်ခဲ့ရတဲ့ skill တစ်ခုဖြစ်ပါတယ်။

2nd MB က physiology မှာ အခြေခံနည်းနည်းသင်ရပြီးတော့
Final Part 2 နဲ့ House Surgeon ဘဝမှာ နည်းနည်းဖတ်တတ်အောင် သင်ခဲ့ရပေမဲ့ proper skill တစ်ခုအဖြစ် တိတိကျကျမသင်ခဲ့ရပါဘူး။

စီနီယာတွေပြောပြလို့ အနည်းအကျဥ်းနားလည်ခဲ့တာမျိုးရှိပါမယ်။
သင်တန်းတက်ခဲ့လို့ theory နည်းနည်းသိသွားတာမျိုးရှိပါလိမ့်မယ်။
ဒါပေမဲ့ ECG ကို တကယ်ဖတ်တတ်ဖို့အတွက် ကျနော်ကိုယ်တိုင် စာအုပ်အစုံ ဖတ်ခဲ့ပြီး၊ resource ပေါင်းစုံနဲ့ လေ့ကျင့်ခဲ့ရတာပါ။
မရှင်းရင်မေးလို့ရမယ့် မိတ်ဆွေကောင်းတွေနဲ့ ဆရာကောင်းတွေရဲ့ ကျေးဇူးလည်း အများကြီးရှိပါတယ်။

ဒီဆောင်းပါးမှာ ECG ဖတ်တတ်ဖို့အတွက် ဘယ်လိုတွေလေ့လာရမလဲ ဆိုတာကိ နည်းနည်းပြောပြပါ့မယ်။
အဆုံးထိဖတ်လိုက်ရင် အကျိုးရှိမယ်လို့ အာမခံပါတယ်။

✅အခြေခံတွေကို အရင်လေ့လာပါ

Arrhythmia တွေအကြောင်း မလေ့လာခင်မှာ ECG စက်တစ်ခုက ဘယ်လိုအလုပ်လုပ်လဲဆိုတာကို အရင်လေ့လာသင့်ပါတယ်။
နှလုံးထဲမှာ electrical impulses တွေ ဘယ်လိုသွားနေလဲ၊ ဘယ်လမ်းကြောင်းနဲ့ ၊ ဘယ်လို direction မျိုးနဲ့သွားနေလဲ၊ ဒီလိုသွားနေတဲ့အတွက် wave တွေဘယ်လိုပေါ်လာလဲ စတဲ့ physiology အခြေခံလေး‌တွေကို အရင်သိအောင်လုပ်သင့်ပါတယ်။

Chest leads တွေ၊ Limb leads တွေရဲ့ placement တွေ၊ direction တွေအကြောင်း။
မတူတဲ့ leads တွေမှာ မတူတဲ့ wave တွေဘာလို့ပေါ်တာလဲဆိုတဲ့အကြောင်းကို သေသေချာချာနားလည်အောင် ဖတ်သင့်ပါတယ်။

(Leads တွေအကြောင်းကို page မှာ post တစ်ခုတင်ဖူးပါတယ်)

✅ရောဂါတွေရဲ့ pathophysiology ကိုသိအောင်လုပ်ပါ

ECG ကို တကယ်ဖတ်တတ်ဖို့ဆိုရင် ကိုယ် diagnose လုပ်ချင်တဲ့ ရောဂါတစ်ခုချင်းစီရဲ့ pathophysiology ကို သိမှဖြစ်မှာပါ။
ဥပမာ - arrhythmia တစ်ခုမှာဆိုရင် origin က ဘယ်လိုလာတာလဲ ၊ သူ့ရဲ့ impulse တွေက heart ထဲမှာ ဘယ်လိုပြန့်သွားလဲ ဆိုတာမျိုးတွေပါ။
Pathophysiology နားလည်မှ findings တွေကို အဓိပ္ပာယ်ဖော်နိုင်မှာပါ။

✅ Findings တွေကို မှတ်ပါ

Common things are common ဆိုတဲ့အတွက် common ECG findings တွေကို အရင်လေ့လာတာက ရှိသမျှအကုန်လိုက်ဖတ်နေတာထက် ပိုပြီး productive ဖြစ်စေမှာပါ။
ဒီလိုလုပ်ဖို့အတွက် resource‌ တွေအများကြီးရှိပါတယ်။
ECG Made Easy လို စာအုပ်တွေလည်းရှိသလို Life on the fast lane လို website တွေကလည်း common findings တွေကိုလေ့လာနိုင်ပါတယ်။

✅ Practice, Practice, Practice!!

ECG ဖတ်တတ်ဖို့ဆိုရင် လေ့ကျင့်ဖို့အပြင် တခြားဖြတ်လမ်းမရှိပါဘူး။
စာပဲဖတ်ထားတယ်ဆိုရင် knowledge အဆင့်ပဲရှိမှာပါ။
တကယ်ဖတ်တတ်ဖို့ဆိုရင်တေ့ အထပ်ထပ်လေ့ကျင့်ဖို့ လိုအပ်ပါတယ်။
ကျနော်လေ့ကျင့်ခဲ့တုန်းကတော့ 150 ECG problems ဆိုတဲ့ စာအုပ်ကို အရင်ဆုံး သုံးခဲ့ပါတယ်။
ဒီစာအုပ်မှာတစ်ဖက်မှာ ECG ပုံနဲ့ explanation တွဲထားတဲ့အတွက်
ချက်ချင်းဖတ်၊ ချက်ချင်း feedback ရမှာပါ။

✅Feedback and Discussion များများလုပ်ပေးပါ

ကိုယ် interpret လုပ်တာတွေ မှန်၊မမှန်သိဖို့ seniors တွေနဲ့ အမြဲ discuss နေဖို့လိုပါတယ်။
ကိုယ်မတွေ့တဲ့ findings တွေကို seniors တွေဆီကနေ မှတ်သားနိုင်ပါတယ်။
ပြီးတော့ clinical practice မှာ exposure များများရှိနေဖို့ လိုအပ်ပါတယ်။
ECG က skill တစ်ခုဖြစ်တဲ့အတွက် deliberate practice ‌and regular feedback မရှိဘူးဆိုရင် skill ကျလာနိုင်ပါတယ်။
ကိုယ့် skill က သိပ်မကောင်းသေးရင် develop ဖြစ်အောင်လုပ်ဖို့နဲ့
ရှိပြီးသား skill ကိုလည်း ဓားသွေးသလို အမြဲသွေးနေဖို့ လိုအပ်ပါတယ်။

✅Systematic thinking မလွတ်အောင် ဂရုစိုက်ပါ

ECG စဖတ်တဲ့အချိန်မှာ တစ်ဆင့်ချင်း စဥ်းစားရပေမဲ့
ဖတ်တာများလာရင် intuition တိုးတက်လာပြီး တစ်ချက်လေး လှမ်းကြည့်လိုက်တာနဲ့ diagnosis ကိုတန်းသိတဲ့ level ထိ တဖြည်းဖြည်းရောက်လာမှာပါ။
ဒါပေမဲ့ စနစ်တကျ တစ်ဆင့်ချင်း ဖတ်တဲ့ အလေ့အကျင့်ကိုလည်း မပျောက်အောင်ထိန်းသိမ်းဖို့လိုပါတယ်။
ဒါက ကျနော့် စီနီယာဆရာတစ်ယောက်သင်ပေးခဲ့တဲ့ အချက်ပါ။
ဒီလိုမဖတ်ရင် အရေးကြီးတဲ့ findings ‌တချို့ ကျန်ခဲ့နိုင်တယ်လို့ ပြောပါတယ်။

✅စိတ်ရှည်ရှည်နဲ့လေ့လာပါ

ဘယ် skill ပဲ ဖြစ်ဖြစ်သင်ယူဖို့ အချိန်လိုတာကြောင့် စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ဖို့လိုပါတယ်။ ECG ကောင်းကောင်းဖတ်တတ်သွားရင် တကယ် အကျိုးများပါတယ်။
clinical practice မှာလည်း confidence ‌ရှိလာမှာဖြစ်သလို....
UKMLA, ALS အပြင် တခြား post-graduate medical exam တွေဖြေရင်လည်း မရှိမဖြစ်လိုအပ်တဲ့ skill ဖြစ်တာကြောင့် ဖတ်တတ်အောင်လေ့ကျင့်ထားရမှာပါ။

ECG interpretation နဲ့ ပတ်သက်ပြီး မေးချင်တာမျိုးရှိရင်၊ Discuss လုပ်ချင်တဲ့ ECG ရှိရင် ကျနော်တို့ရဲ့ page မှာမေးလို့ရပါတယ်။

အားလုံး အဆင်ပြေကြပါစေ။

One of my juniors asked me the other day:"Is ECG on Apple Watch real?"The answer is..."Yes. It's real and it's reliable....
08/10/2025

One of my juniors asked me the other day:

"Is ECG on Apple Watch real?"

The answer is...

"Yes. It's real and it's reliable."

Apple Watch uses two electrical sensors to replicate the Lead I of an ECG machine.

One sensor is in touch with the hand that's wearing the watch.

The other sensor is on the digital crown, and it has to be in touch with the finger of the other hand.

The drawback is that it only has one lead.

ECG can only be properly interpreted when there are 12 leads.

Looking only at Lead I is like looking at the heart's electrical activity from only one perspective.

However, Lead I can give you important information like rate, rhythm, any block, and even ST and T changes.

How to read Basic EKG…
25/09/2025

How to read Basic EKG…

“Emery phenomenon” or “PseudoSTE”The direction of cardiac depolarization is leftward & downward…So especially in the lea...
07/09/2025

“Emery phenomenon” or “PseudoSTE”

The direction of cardiac depolarization is leftward & downward…

So especially in the lead II,P wave(atrial depolarization)is positive deflection…

The point where the repolarization starts is that where the depolarization ends…

Therefore the directions of atrial depolarization and repolarization are opposite…

T of P wave is negative while P wave is positive and vice versa…

Mostly,atrial repolarization is embedded in ventricular depolarization & cannot be seen…

But when the atrial depolarization is ectopic,the direction of atrial depolarization will become upward & rightward,then P will be negatively deflected…

And T of P will become positively deflected & distort the end of QRS complex,mimicking STE in each ectopic atrial depolarization beat…

Real case scenario~crd to ownerA 34-year-old male experienced chest pain after drinking alcohol. After receiving the fir...
02/08/2025

Real case scenario~crd to owner

A 34-year-old male experienced chest pain after drinking alcohol. After receiving the first ECG at an outside hospital, he was transferred to the emergency department at the hospital.

Upon arrival at the ED, the second ECG was taken. The third ECG, a right-sided ECG, was done.

What’s your diagnosis based on the first two ECGs, and what’s the issue with the third ECG?

Source: Jafaar
19/07/2025

Source: Jafaar

Diagnosis?
26/05/2025

Diagnosis?

25-year-old patient presentation with palpitation. That's one of the recent scnerios in UKMLA exam. What are your findin...
20/05/2025

25-year-old patient presentation with palpitation.
That's one of the recent scnerios in UKMLA exam.
What are your findings?
What is provisional diagonosis?
Let's discuss.

Address


11131

Website

Alerts

Be the first to know and let us send you an email when Doctor EKG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram