Scorpio World

Scorpio World Scorpio Sign နဲ့ပတ်သက်သော အတိုအထွာလေးများတင်မည်

01/03/2025

Venus Retrograde ဆိုတယ့်ကာလကြီးကိုရောက်တော့မယ်နော်အသဲလေးတို့ ကိုယ့်ချစ်သူလေးတွေနဲ့အဆင်ပြေအောင်နေကြ🥹

Send a message to learn more

Scorpio 🦂1. Scor လေးတွေက အမြဲ အစွန်း ၂ဖက်မှာ နေပါတယ် ။ကောင်းရင်လည်းအကောင်းဆုံး ဆိုးရင်လည်း အဆိုးဆုံးပါ။သူတို့တွေ အလယ်အလတ...
12/02/2025

Scorpio 🦂

1. Scor လေးတွေက အမြဲ အစွန်း ၂ဖက်မှာ နေပါတယ် ။
ကောင်းရင်လည်းအကောင်းဆုံး ဆိုးရင်လည်း အဆိုးဆုံးပါ။
သူတို့တွေ အလယ်အလတ်မှာ နေပြနေရင် 70% ဟန်ဆောင်နေတာပါ။ သူတို့ကို သူတို့ ထိန်းချုပ်ထားတဲ့ ကာလလို့ ပြောလို့ရပါတယ်။ scor ရဲ့ ပေါ့ပါးပြီး မူလအနေအထားမြင်ချင်ရင်တော့ အစွန်းတွေမှာသာကြည့်ပါ။ scorလေးတွေက အသည်းကွဲလေ ရင့်ကျက်လေ ဆိုတဲ့ Signတွေလည်း ဖြစ်ပါတယ် ။ တခါငိုရတာနဲ့ တခါရင့်ကျက်လာတာပါ။ အထူးသဖြင့် ငယ်ဘဝမှာ နာကြင်စရာများတဲ့ Scor လေးတွေက အရွယ်ရောက်တဲ့အခါ သူ့အနားသူတွေထက် ထူးတောက်ပပါတယ်။သူတို့ဘဝမှာ တစ်ခုဆုံးရှုံးရရင် နှစ်ခုပြန်ပိုင်ဆိုင်ဖို့ ချက်ချင်းကြိုးစားတဲ့သူတွေပါ။

2. Scor နှင့် လက်စားချေခြင်း။ အဆိပ်ပြင်းတဲ့ Scor လေးတွေဟာ တကယ်တန်းတော့ လက်စားမချေတတ်ပါဘူး။ အကွက်ချပြီး ယုတ်မာဖို့ဆိုတာ သူတို့ အရမ်းပျင်းတဲ့ ကိစ္စပါ။ ဒါပေမဲ့ သူတို့ရဲ့ ဗီဇ သူတို့ Scor သတ္တိအရ သဘာဝတရားကြီးကကို သူတို့ကိုထိခိုက်စေသူဟာ သူတို့ကြောင့်ပဲ ပြန်ဒဏ်ခံရပြီးမှ အဆုံးသတ်ပါတယ်။ မရည်ရွယ်ပဲ လက်စားချေသလိုဖြစ်ကြတာပါ။ ဒါဟာ Scor အများစုပေါ့။ အနည်းစုမှာတော့ သြော် လက်စားချေသလိုဖြစ်နေပြီပဲ မထူးဘူးချေလိုက်မယ်ဆိုပြီး အဆိပ်ထုတ်တတ်ပါတယ်။ ဒါပေမဲ့ ဒါတမင်မရည်ရွယ်ကြတာ အမှန်ပါ။

3. Scor တွေဟာ သစ္စာအရှိဆုံး Sign တွေထဲ ထိပ်ဆုံးကပါပါတယ်။ Scor တိုင်းရဲ့ ငယ်ဘဝ အထူးသဖြင့် 20 အောက် အချစ်ဇာတ်လမ်းက ငိုကြွေးခြင်း 70% လောက်နဲ့ ဖွဲ့စည်းခဲ့ရတယ် ။ သူတို့ရဲ့ အချစ်တွေအတွက် ထပ်တူညီတဲ့ အချစ်တွေ သူတို့ရဖို့ အရမ်းခက်ခဲခဲ့ကြတယ်။ scorတွေရဲ့ မွေးရာပါ ညှို့ဓာတ်ကြောင့် ခေတ္တခဏ လာရောက် စိတ်ကစားသူတွေလည်း များခဲ့တာမို့ အနားရောက်လာသူတိုင်းကို မယုံမကြည်ဖြစ်တတ်ပြီး စစ်ဆေးတတ်ကြပါတယ် ။ ကြိုက်ကြသူတွေများပြီး ရည်းစားရတာတော့ ထင်ကြေးပေးခံရတာထက် အရမ်းနည်းတဲ့ Scorပါ ။ scorတွေက နာမည်ကြီး ထမင်းငတ် team က သူတွေပေါ့ ။

4.ဒီလို scorတွေက play တယ်လို့ အတော်များများ မှတ်ချက်ပေးတာလည်း ခံရကြတယ်။ Scorတွေက လှည့်စားတာ သစ္စာဖောက်တာ ကစားတာ ကို ခံကြရသူအများစုဟာ scorဆီမှာတည်မြဲတဲ့ အနေအထားတစ်ခုမရှိတဲ့ အချိန်မှာ ဆုံမိလို့ပါ။ wrong timeမှာ scorနဲ့ ဆုံခဲ့ကြတာပေါ့။ Right Timeမှာ scor နဲ့ ဆုံတဲ့သူကတော့ သဲသဲလှုပ်အချစ်ခံရမှာပါ။တချို့ကတော့အပြောအဆိုမှာ scorကို နှိမ့်ချထားလို့ သို့ ဝမ်းနည်းစေခဲ့လို့ ပြန်ပြီး playခံရတာ သို့ သေချာရှင်းလင်းတဲ့ အနေအထားတခု နဲ့ scorကို စိတ်လုံခြုံမှု မပေးထားလို့ ဖြစ်တာပါ။ ဒီတော့ ပညာရေး စီးပွားရေး ဝါသနာပါရာ တခုခုကို အားစိုက်လုပ်မနေတဲ့ scor သို့ scor အပေါ် စကားမှားထားတာ ရှိရဲ့သားနဲ့သွားမကြိုက်မိပါစေနဲ့ connection ရှိတာနဲ့ ဒါ 60% ထိ play ခံရနိုင်ပါတယ်။

5.အချစ်ရေးခံစားချက် Scorတွေက ခံစားချက် ဦးစားပေးတဲ့သူတွေပါ ။ ရုပ်ရည် ဥစ္စာထက် သူတို့စိတ်ကို နွေးထွေးပျော်ရွှင်စေရင် ဘာမှ ထည့်မတွက်ပဲ ရွေးချယ်တတ်ကြပါတယ်။ Scorတွေအတွက် အရေးအကြီးဆုံးက စိတ်တူကိုယ်တူဖြစ်ဖို့ပဲ ဖြစ်တယ်။ အသွင်တူမှ အိမ်သူဆိုတဲ့ စကားအတိုင်း typeတူသူကို ဦးစားပေးတတ်ကြတယ်။ချစ်တဲ့သူနဲ့ဆို ဖိုးကာသီချင်းလို တနေကုန်ထိုင်ပြီး တစိမ်စိမ့်ကြည့်ချစ်တတ်သူတွေပေါ့။ လိုအပ်တာမှန်သမျှ ရှေ့က ဖြည့်ဆည်းချင်ကြတယ်။ scorဆီက လက်ဆောင်မရရင် scorရဲ့ စိတ်အကုန်မရသေးဘူးလို့ ပြောလို့ရတယ်။ ပြီးတော့ မှတ်ညဏ်အရမ်းကောင်းသလို လေ့လာအားမြင့်တာမို့ လိမ်နေရင်တန်းသိတယ့် Sign ဖြစ်တယ်။ Scorကိုလိမ်လို့ရတယ်ဆို Con Conပါ သင့်နောက်ကွယ်မှာသင့်ကို သူ ဟားတိုက်ရယ်တာ ခံနေရပါပြီ။

6.Toxic . စကော်တွေဟာ Toxic person တွေနဲ့ ဆုံတွေ့ရအများဆုံးတွေပါ။ သူတို့ရဲ့ ဆွေမျိုးတွေထဲမှာကို သူတို့အတွက် တစက်မှ အကျိုးမပေး အနီးကပ်ဖျက်လိုဖျက်စီးလုပ်တဲ့သူ တစ်ယောက်အနည်းဆုံးရှိလေ့ရှိပါတယ်။ အထူးသဖြင့် သူတို့ရဲ့ ဆန့်ကျင်ဖက် လိင်တွေပေါ့။ သူငယ်ချင်း အပေါင်းအသင်း ထဲကလည်း ဖြစ်နိုင်ပေမဲ့ % အရမ်းနည်းပါတယ် 20တောင်မရှိပါဘူး ။ စကော်တွေဟာ ငယ်စဥ်ကာလမှာ တစိမ်းနဲ့ ထိတွေ့မှုနည်းလို့ပါ ။ အိမ်နီးနားချင်းတော့ ဖြစ်နိုင်ပါတယ် 30% လောက် ။ အဲ့လိုသူတွေကြောင့် စကော်အနေနဲ့ Toxic ဆန်လာတာ ဖြစ်ဖို့ % 80ထိ ရှိနေတာပါ။ စကော်အများစုက သူတို့ရဲ့ပထမဆုံးအိမ်မက်တွေကို အဲ့သူတွေကြောင့် over 20 မတိုင်ခင် စွန့်လွှတ်ရတတ်ပါတယ်။

7.ဝမ်းနည်းမှုနှင့်ဒေါသ ။ scorတွေက ဝမ်းနည်းလာလေ ဒေါသထွက်လာလေပါ။ သူတို့ရဲ့စိတ်ကို ပင်ပန်းအောင်လုပ်လေလေ မုန်းလေလေပေါ့။ စကော်အနေနဲ့ ချက်ချင်းထောင်းခနဲထွက်သွားတဲ့ဒေါသဟာ အရေးမပါပါဘူး ။ သူတို့ တဆင့်ဆင့်ဝမ်းနည်းလာရာက ဖြစ်လာတဲ့ ဒေါသ ဆိုရင်တော့ ဒါဟာ သူတို့ကိုသူတို့တောင် သတ်သေတာမျိုးလုပ်တဲ့ထိ ဖြစ်နိုင်ပါတယ်။ စကော်တွေဟာ ကြိတ်ပြီး ငိုတတ်တဲ့သူတွေပါ ။ သူတို့ အနည်းငယ် နာကျင်ရရင်သာ လူသိရပြီး တကယ် နာကျင်ရတဲ့အခါ နာကျင်မှုမရှိတော့သလိုနေပြီး ပို ​ပျော်ရွှင်ပြလေ့ရှိတတ်ကြပါတယ်။ အဲ့လိုပျော်ပြနေရင်းကသာ စကော်တွေဟာ တကယ်ပျော်သွားကြတာလည်း ဖြစ်ပါတယ်။ သဏ္ဍာန်လုပ်ရင်း သရုပ်တူသွားကြသူတွေပါ။ အဲ့တော့ စကော်ရဲ့ healerက စကော်ကိုယ်တိုင်ပဲဖြစ်တာပါ။

8.love.စကော်အကြောင်းပြောရင် ချစ်မှုရေးရာဟာ အရေးအကြီးဆုံးပါတဲ့။ စကော်ဟာ အချစ်တတ်ဆုံးပြီးတော့ပေးဆပ်တတ်ဆုံးသူတွေပါ။ သူတို့ဟာ ဘယ်တော့မှ နာမည်ကောင်းမယူသူတွေလည်းဖြစ်ပြီး သူတို့ချစ်တဲ့သူအပေါ် အဆုံးစွန်ထိ မေတ္တာပေးသူတွေဖြစ်ပ့တယ်။ အချစ်ကြီးတယ်ပေါ့နော်။ အချစ်ကြီးသလို အမြတ်ကြီးတဲ့ စကော်လို့ လူသိများပေမဲ့ စကော်တွေဟာ တကယ်ချစ်ရင် အမြတ်မထွက်ပါဘူးတဲ့ ။ သူတို့မြတ်နိုးသူက သူတို့ကိုနာကျင်စေရင်တောင်second chance ထားပေးသူတွေပါ။ သူတို့ chanceကို ကျော်လွန်မှသာ အဲ့သူနဲ့ အဝေးပြေးသူပေါ့။ ဒီလို စကော်တွေရဲ့ အချစ်ရေး ခံစားချက်မှာ သူတို့ဟာ ex တွေကို လက်ရှိလူလောက် လုံးဝမချစ်တဲ့ sign လည်း ဖြစ်ပါတယ်။ မချစ်ရင် အရှင်းပါ။ ချစ်ရင်ချစ်နေကြောင်း scorဆီက ကြားကို ကြားရပါတယ်။သူတို့ ခံစားချက်ကို ဟန်ဆောင်ပန်ဆောင် တစက်မှမလုပ်ကြပါဘူး။

9.စကော်တွေက အရမ်း မှောင်လား? အရမ်း မမှောင်ပါဘူး ။
သူတို့ရဲ့ ကာမစိတ်က သူတို့ ရင်ခုန်မှသာ ဖြစ်ပါတယ်။ စိတ်ပါပါလက်ပါပါနဲ့ စကော်မှောင်ချင်တဲ့သူဟာ စကော်တကယ်ချစ်တဲ့သူပါ။ အာ့ကြောင့် အချို့ အချစ်တည်ရှိရာညွှန်းပြ ပုံတွေမှာ private နေရာကို ပြထားခြင်းဖြစ်ပါတယ်။ စကော်တွေဟာ ညှို့ဓာတ်အားအရမ်းကောင်းသူတွေဖြစ်ပြီး စကော်ဆိုတာနဲ့ Auto ကာမပိုင်းမှာ ဆရာကျပြီးသားမို့ သူတို့ကို မှောင်တယ်လို့ မှတ်ချက်ပြုခံရတာပဲ ဖြစ်ပါတယ်။

စကော်တွေရဲ့ အလှမှာ အထူးခြားဆုံးက သူတို့ရဲ့ စကားလုံးပါပဲ။ oct born ဖြစ်စေ nov born ဖြစ်စေ စကော်ဆိုတာနဲ့ တူညီခြင်းက စကားအရာမှာ တခြားသူတွေ တုပမရအောင် ကြွယ်ဝခြင်းပဲဖြစ်ပါတယ်။ စကော်တွေက လူမှုဆက်ဆံရေး အသင့်အတင့်သာရှိပေမဲ့ သူတို့အတွေးအခေါ်နဲ့ စကားလုံးတွေက လူမှူဝန်းကျင်ကို လွှမ်းမိုးနိုင်ပါတယ်။

with big love

ချောကလက်စားရမယ့် တို့ကော်ကော်လေးတွေပါတယ်😆
12/02/2025

ချောကလက်စားရမယ့် တို့ကော်ကော်လေးတွေပါတယ်😆

12/02/2025

မောနင်း စကော်အပေါင်းသူတော်ကောင်းလေးများတို့✨

Blame ခြင်းသာ ဝါသနာတစ်ခုဖြစ်ရင် တို့ကော်ကော်လေးတွေလား😆Photo credits to owner
11/02/2025

Blame ခြင်းသာ ဝါသနာတစ်ခုဖြစ်ရင် တို့ကော်ကော်လေးတွေလား😆

Photo credits to owner

11/02/2025

ကော်ကော်လေးတို့နဲ့ပတ်သက်တယ့်အတိုအထွာလေးတွေနဲ့ဟာသလေးတွေတင်မယ်နော်🦂

Ex ကို ပြန် stalk ကြသူများ၁. စကော်၂.စကော် ပဲ၃. ဒါလဲ စကော်ပဲ ချစ်လဲ stalk မုန်းလဲ stalk လို့ ၃ ခါထည့်ထားတာ 😁Entertainment...
11/02/2025

Ex ကို ပြန် stalk ကြသူများ

၁. စကော်
၂.စကော် ပဲ
၃. ဒါလဲ စကော်ပဲ ချစ်လဲ stalk မုန်းလဲ stalk လို့ ၃ ခါထည့်ထားတာ 😁

Entertainment purpose only ပါ..

Photo credits

Address

Yangon
11041

Website

Alerts

Be the first to know and let us send you an email when Scorpio World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram