LuMos

LuMos A Mirror to your Soul

03/01/2026

ပီယစန်းအားကောင်းစေသောအစီရင်
#ပီယ
#စန်း
#မောင်ကောင်း

၂၀၂၆ မှာ အချစ်ရေး ကံအကောင်းဆုံး ရာသီခွင် (၄) ခုဒီနှစ်မှာ အထူးသဖြင့် Single တွေအတွက် Soulmate (ဘဝလက်တွဲဖော်စစ်) နဲ့ ဆုံတွ...
03/01/2026

၂၀၂၆ မှာ အချစ်ရေး ကံအကောင်းဆုံး ရာသီခွင် (၄) ခု

ဒီနှစ်မှာ အထူးသဖြင့် Single တွေအတွက် Soulmate (ဘဝလက်တွဲဖော်စစ်) နဲ့ ဆုံတွေ့ဖို့ အခွင့်အလမ်းများနေတဲ့ ရာသီဖွားတွေကတော့

💚Aries : ယုံကြည်ချက်အပြည့်နဲ့ အချစ်သစ်ကို စတင်နိုင်မယ့်နှစ်ပါ။

🤎Cancer : စိတ်ပိုင်းဆိုင်ရာ နက်နက်ရှိုင်းရှိုင်း နားလည်ပေးမယ့်သူနဲ့ ဆုံတွေ့ရတတ်ပါတယ်။

🧡Libra : သင့်ရဲ့ ဆွဲဆောင်မှုတွေကြောင့် လူအများကြားမှာ ထင်ပေါ်နေပြီး အချစ်ရေးမှာ ကံကောင်းပါလိမ့်မယ်။

🩵Pisces : အိပ်မက်ဆန်တဲ့ အချစ်ရေးမျိုးထက် လက်တွေ့ကျပြီး နွေးထွေးတဲ့ အချစ်ကို ပိုင်ဆိုင်ရပါလိမ့်မယ်။

#မောင်ကောင်း #အချစ်ရေး

02/01/2026

ကျန်းမာချမ်းသာ လာဘ်လာဘပေါများကျစေ




#မောင်ကောင်း

၂၀၂၆ အတွက် Power Couple ဖြစ်လာမည့် Zodiac Sign များ၂၀၂၆ ခုနှစ်သည် ကြယ်တာရာဟောကိန်းများအရ အပြောင်းအလဲများပြီး စိတ်လှုပ်ရှ...
02/01/2026

၂၀၂၆ အတွက် Power Couple ဖြစ်လာမည့် Zodiac Sign များ

၂၀၂၆ ခုနှစ်သည် ကြယ်တာရာဟောကိန်းများအရ အပြောင်းအလဲများပြီး စိတ်လှုပ်ရှားစရာကောင်းသော နှစ်တစ်နှစ်ဖြစ်လာမှာပါ။

♈️ Aries & ♐️ Sagittarius : မီးဓာတ်ချင်းတူပြီး စွန့်စားရတာဝါသနာပါတဲ့အတွက် စိတ်တူကိုယ်တူ ပျော်ရွှင်ရမယ့်နှစ်ပါ။

Ta**us ♉️ & Capricorn ♑️ : တည်ငြိမ်မှုနဲ့ ယုံကြည်မှုကို အခြေခံပြီး အနာဂတ်အတွက် ခိုင်မာတဲ့ အုတ်မြစ်ချနိုင်မယ့် အတွဲဖြစ်ပါတယ်။

Leo ♌️ & Libra ♎️ : ဆွဲဆောင်မှုရှိတဲ့ လူမှုဘဝနဲ့ ဟန်ချက်ညီတဲ့ အချစ်ရေးကို ဖန်တီးနိုင်မှာပါ။

Scorpio ♏️ & Pisces ♓️ : စိတ်ချင်းဆက်နွယ်မှု အားကောင်းပြီး တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်က စကားပြောစရာမလိုဘဲ နားလည်ပေးနိုင်ပါလိမ့်မယ်။

Cancer ♋️ & Ta**us ♉️ : နွေးထွေးတဲ့ မိသားစုဘဝနဲ့ လုံခြုံမှုကို ပေးစွမ်းနိုင်မယ့် အတွဲအဖက်ဖြစ်ပါတယ်။

ကိုယ့်ချစ်သူကိုမန်းရှင်းခေါ်လိုက်ကျပါဦး


#အချစ်ရေး #မောင်ကောင်း

၂၀၂၅ ရဲ့ ပင်ပန်းမှုတွေကို နှုတ်ဆက်ပြီး ၂၀၂၆ မှာတော့ ဒီနေ့ဖွား(၃) မျိုးကတော့ ထိပ်ဆုံးက ကံကောင်းနေမှာ ဖြစ်ပါတယ်။💰 တနင်္လာန...
01/01/2026

၂၀၂၅ ရဲ့ ပင်ပန်းမှုတွေကို နှုတ်ဆက်ပြီး ၂၀၂၆ မှာတော့ ဒီနေ့ဖွား(၃) မျိုးကတော့ ထိပ်ဆုံးက ကံကောင်းနေမှာ ဖြစ်ပါတယ်။
💰 တနင်္လာနေ့သားသမီးများ - "ငွေလာဘ်ပွင့်၊ အကြွေးကြေမယ့်နှစ်"
💍 ကြာသပတေးနေ့သားသမီးများ - "အချစ်ရေးကံထူး၊ အိမ်ထောင်ဆုတောင်း ပြည့်မယ့်နှစ်"
🚀 စနေနေ့သားသမီးများ - "အခက်အခဲမှန်သမျှ ကျော်လွှားပြီး အလုပ်အကိုင် ရာထူးတက်မယ့်နှစ်"
ဒီထဲမှာ ကိုယ်တိုင်ရော၊ ကိုယ့်ရဲ့ ချစ်ရသူတွေရော ပါဝင်နေသလား?
မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုတောင်းရင်း ပါဝင်တဲ့သူတွေကို Mention ခေါ်သွားလိုက်တော့နော်! 🧧

#မောင်ကောင်း

01/01/2026
စီးပွားလာဘ်လာဘတွေ တိုးပွားပြီး ငွေဝင်မပြတ်စေဖို့ ပီယလာဘ အစီအရင်"စီးပွားရေးလုပ်ငန်းတွေမှာ အရောင်းအဝယ်အေးနေလား? ငွေဝင်ပေါက...
31/12/2025

စီးပွားလာဘ်လာဘတွေ တိုးပွားပြီး ငွေဝင်မပြတ်စေဖို့ ပီယလာဘ အစီအရင်"

စီးပွားရေးလုပ်ငန်းတွေမှာ အရောင်းအဝယ်အေးနေလား? ငွေဝင်ပေါက်တွေ ပိတ်နေသလို ခံစားနေရလား?

ကျွန်ုပ်တို့ရဲ့ Client တွေ လက်တွေ့အသုံးချပြီး (၂၀၂၅) ဒီဇင်ဘာလကုန်မှာ ရရှိထားတဲ့ ရလဒ်တွေကို ကြည့်ပေးပါ။ အစီအရင်ပြုလုပ်ပြီးနောက်မှာ:

ငွေဝင် (Inflow) သိသိသာသာ မြင့်တက်လာခြင်း။

Total Balance မှာ သိန်းဂဏန်း၊ သန်းဂဏန်းအထိ ငွေအဝင်အထွက် မြဲလာခြင်း။

လုပ်ငန်းစီးပွား တိုးတက်ပြီး ငွေကြေးအခက်အခဲကင်းဝေးလာခြင်း။

"ပီယလာဘ" ဆိုတာ အများချစ်ခင်ပြီး လာဘ်လာဘတွေ ဝေဖြာစေဖို့ အထူးစီရင်ထားတဲ့ နည်းလမ်းဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ၊ အရောင်းအဝယ်သမားတွေအတွက် ငွေလက်မပြတ်စေဘဲ စီးပွားတက်လမ်းကို ပွင့်စေမှာပါ။

✨ ယုံကြည်စွာနဲ့ အစီအရင်ပြုလုပ်ခဲ့ကြတဲ့ Client တစ်ဦးချင်းစီတိုင်း ဒီထက်မက အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

#ပီယလာဘအစီရင်
#ငွေဝင်အစီရင်
#စီးပွါးတက်စေအစီရင်
#မောင်ကောင်း

"ဒီနေ့ဟာ LuMos အတွက် အရမ်းကို ထူးခြားတဲ့နေ့လေးတစ်နေ့ပါ။ LuMos စတင်တည်ထောင်ခဲ့တာ ၁ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သလို၊ နှစ်...
31/12/2025

"ဒီနေ့ဟာ LuMos အတွက် အရမ်းကို ထူးခြားတဲ့နေ့လေးတစ်နေ့ပါ။ LuMos စတင်တည်ထောင်ခဲ့တာ ၁ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သလို၊ နှစ်ကုန်ခါနီးမှာပဲ Follower 11,111 ဆိုတဲ့ ကံကောင်းခြင်းနိမိတ်ဆောင်တဲ့ ဂဏန်းလေးနဲ့ နှစ်ဟောင်းကို ပိတ်သိမ်းခွင့်ရခဲ့ပါတယ်။
ဒီ ၁ နှစ်တာခရီးမှာ အမြဲတမ်း အားပေးကြတဲ့ Collective တွေနဲ့ LuMos ကို ယုံကြည်စွာ လက်တွဲခဲ့ကြတဲ့ Client တစ်ဦးချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ လူကြီးမင်းတို့ရဲ့ ဝန်းရံမှုတွေ၊ အားပေးမှုတွေမပါဘဲ LuMos ဒီနေ့လို အောင်မြင်မှုမျိုးကို ဘယ်လိုမှ ရရှိနိုင်မှာ မဟုတ်ပါဘူး။
ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း လူကြီးမင်းတို့ရဲ့ စိတ်နှလုံးသားအတွက် အလင်းပြရာ မှန်တစ်ချပ် (A Mirror to Your Soul) အဖြစ် အမြဲရှိနေမှာပါ။ အားလုံးကို ချစ်ခင်လေးစားလျက်..."

#မောင်ကောင်း

၁၉၉၄ ခုနှစ် ဖွားများအတွက် ၂၀၂၆ ခုနှစ်အတွင်း ကြုံတွေ့ရနိုင်မယ့် အသေးစိတ် အကျိုးအပြစ်များ နဲ့ သတိထားရမယ့် အချက်များ ပြောပြ...
31/12/2025

၁၉၉၄ ခုနှစ် ဖွားများအတွက် ၂၀၂၆ ခုနှစ်အတွင်း ကြုံတွေ့ရနိုင်မယ့် အသေးစိတ် အကျိုးအပြစ်များ နဲ့ သတိထားရမယ့် အချက်များ ပြောပြပေးပါမယ်။

၂၀၂၆ အတွက် အသေးစိတ်ဟောကိန်း

🩵လူမှုရေးနှင့် မိတ်ဆွေသင်္ဂဟ

လူယုံသတ်တတ်သည်: ယခုနှစ်တွင် သူငယ်ချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက် အရင်းအနှီးများက သင့်အပေါ် မနာလိုဖြစ်ခြင်း သို့မဟုတ် ကတိပျက်ခြင်းမျိုး ကြုံရတတ်သည်။ မိမိ၏ လျှို့ဝှက်ချက်များနှင့် စီးပွားရေးအစီအစဉ်များကို လူတိုင်းကို မပြောပြမိဖို့ အထူးသတိထားပါ။

🧡ဆရာသမားကောင်းနှင့် ဆုံခြင်း: သင့်ကို လမ်းပြပေးမယ့် အသက်ကြီးသူ သို့မဟုတ် အတွေ့အကြုံရှိသူတစ်ဦး၏ အကူအညီကို ရရှိပါလိမ့်မည်။ ထိုသူ၏ အကြံဉာဏ်က သင့်ဘဝအတွက် အလှည့်အပြောင်း ဖြစ်စေနိုင်ပါတယ်။

🤎ပညာရေးနှင့် သင်တန်းများ

အသိပညာအသစ် သို့မဟုတ် ဘာသာစကားအသစ်တစ်ခုခုကို လေ့လာရန် အလွန်ကောင်းသော နှစ်ဖြစ်သည်။

စာမေးပွဲဖြေဆိုရန် ရှိသူများ သို့မဟုတ် နိုင်ငံခြားသို့ ပညာသင်သွားရန် ရည်ရွယ်ထားသူများအတွက် ကံကောင်းခြင်းများ ရှိနေတတ်သော်လည်း ဇွဲ မလျှော့ဖို့တော့ လိုအပ်ပါလိမ့်မည်။

❤️‍🔥ရှောင်ကြဉ်ရမည့်အချက်များ (အထူးသတိပြုရန်)

စကားအပြောအဆို: စိတ်တိုနေချိန်တွင် ပြောမိသော စကားတစ်ခွန်းကြောင့် ရေရှည်တည်ဆောက်ထားသော ဆက်ဆံရေးများ ပျက်စီးသွားတတ်သည်။ "နှုတ်ကြောင့် တစ်သက်စာ အနာရ" တတ်သည့် နှစ်မျိုးဖြစ်၍ စကားကို ချိုချိုသာသာ ပြောဆိုပါ။

အာမခံခြင်း: ဘယ်လောက်ရင်းနှီးသူဖြစ်ပါစေ ငွေကြေးကိစ္စတွင် ကြားကနေ အာမခံပေးခြင်း၊ လက်မှတ်ထိုးပေးခြင်းမျိုးကို (လုံးဝ) ရှောင်ကြဉ်ပါ။
လအလိုက် ကံကြမ္မာ အကျဉ်းချုပ်

❤️ဇန်နဝါရီ - ဧပြီ - အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာမည်။ ငွေဝင်သလောက် ပြန်ထွက်နေတတ်သည်။

🩷မေ - ဩဂုတ် - ကျန်းမာရေး အနည်းငယ် ညံ့တတ်သည်။ အိမ်တွင်းရေး သို့မဟုတ် မိသားစုရေးတွင် စိတ်အနှောင့်အယှက် ဖြစ်ရတတ်သည်။ |

💚စက်တင်ဘာ - ဒီဇင်ဘာ - နှစ်ကုန်ပိုင်းတွင် ကံပြန်ပွင့်လာမည်။ ခရီးဝေးသွားရတတ်ပြီး ထူးခြားသော အောင်မြင်မှုများ ရရှိမည်။

💟အဆောင်နှင့် ယတြာ
၁၉၉၄ ဖွားများသည် အများအားဖြင့် စိတ်ရင်းကောင်းပြီး သစ္စာရှိသူများ ဖြစ်ကြသည်။ သင်၏ ကံဇာတာ ပိုမိုတောက်ပလာစေရန်💟

💕အလှူအတန်း: မိဘမဲ့ကလေးများ သို့မဟုတ် ခွေး၊ ကြောင် တိရစ္ဆာန်လေးများကို အစာကျွေးခြင်း၊ ကူညီခြင်းဖြင့် ဘေးဥပဒ်များကို ကျော်လွှားနိုင်ပါတယ်။

💕အဆောင်: မိမိအိတ်ကပ်ထဲတွင် ငွေစက္ကူအသစ် တစ်ရွက်ကို (မသုံးဘဲ) အမြဲဆောင်ထားပါ။

💕အရောင်: အရေးကြီးကိစ္စသွားလျှင် အပြာရင့်ရောင် သို့မဟုတ် အနက်ရောင် ကို အားကိုးပါ။

#1994တနှစ်တာဟောစတမ်း #မောင်ကောင်း

31/12/2025

အချစ်ရေးအစီရင်အသီးသီးပြုလုပ်ပေးခြင်း
#အချစ်ရေးအစီရင် #အချစ်ရေး #မောင်ကောင်း

အချစ်ရေးအစီရင်တစ်ခု အမှန်တကယ်အောင်မြင်ဖို့ "အစီရင်" ထက် ပိုအရေးကြီးတာ ဘာလဲ?လူတော်တော်များများက အစီရင်လုပ်လိုက်ရင် အားလုံ...
31/12/2025

အချစ်ရေးအစီရင်တစ်ခု အမှန်တကယ်အောင်မြင်ဖို့ "အစီရင်" ထက် ပိုအရေးကြီးတာ ဘာလဲ?
လူတော်တော်များများက အစီရင်လုပ်လိုက်ရင် အားလုံးပြေလည်သွားမယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဆီလာတဲ့ Client တိုင်းကို ကျွန်တော် အရင်ဆုံးလုပ်ပေးတာက "အစီရင်" မဟုတ်ပါဘူး။
သူတို့ရဲ့ စိတ်ထဲမှာ ကပ်ငြိနေတဲ့ Toxic Traits (အဆိပ်သင့်အကျင့်များ) နဲ့ Negative Thoughts (အဆိုးမြင်စိတ်) တွေကို အရင်ဆုံး အမြစ်ဖြတ် ရှင်းထုတ်ပေးတာပါ။
စိတ်ထဲမှာ အမုန်းတွေ၊ အစွဲအလမ်းတွေနဲ့ အဆိပ်တွေ ပြည့်နေသရွေ့ ဘယ်လိုအစီရင်မျိုးကမှ ခိုင်မြဲတဲ့ ပျော်ရွှင်မှုကို မပေးနိုင်ပါဘူး။ ကျွန်တော်က ခဏတာ ပြန်ဆုံစည်းဖို့ထက် "ဘဝတစ်သက်တာ လက်တွဲမြဲဖို့" ကို ဦးတည်ပါတယ်။
စိတ်ကို အရင်ပြုပြင်တယ်၊ ပြီးမှ အစီရင်နဲ့ ဖြည့်ဆည်းပေးတယ်။ ဒါကြောင့်လည်း ကျွန်တော့်ဆီလာတဲ့သူတွေဟာ အချစ်ရေးမှာ အရင်ကထက် ပိုမိုနက်ရှိုင်းတဲ့ နားလည်မှုတွေနဲ့ အောင်မြင်နေကြတာဖြစ်ပါတယ်။အချစ်ရေးဆိုတာ အစီရင်တင်မကဘဲ "စိတ်နေစိတ်ထား" ကလည်း အဓိကကျပါတယ်။ ပူလောင်နေတဲ့ စိတ်ကို အေးချမ်းအောင် အရင်လုပ်ပေးလို့လည်း အခုလို အောင်မြင်မှုတွေ ရနေတာပါ။
ခဏတာ ပြန်ချစ်ကြဖို့ထက် တစ်သက်လုံး အဆင်ပြေဖို့ ကျွန်တော် လမ်းပြပေးပါတယ်။ နှလုံးသားရေးရာမှာ အမှန်တကယ် အေးချမ်းချင်သူများအတွက် ကျွန်တော် အမြဲရှိနေပါမယ်။

#အချစ်ရေး #အချစ်ရေးယတြာ #အချစ်ရေးအစီရင်
#မောင်ကောင်း

30/12/2025

နှစ်ကူးမှာအချစ်ရူးလေးတွေအတွက် အချစ်ရေးယတြာ
#အချစ်ရေး #အချစ်ရေးယတြာ
#မောင်ကောင်း

Address

Yangon

Telephone

+66620590856

Website

Alerts

Be the first to know and let us send you an email when LuMos posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to LuMos:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram