Oxytocin Injection - Myanmar

Oxytocin Injection - Myanmar YOUR HEALTH IS OUR PRIORITY

☪️❝𝐄𝐢𝐝 𝐚𝐥 𝐀𝐝𝐡𝐚 𝐌𝐮𝐛𝐚𝐫𝐚𝐤❜❜ယနေ့ကျရောက်တဲ့ အစ္စလာမ်ဘာသာ၀င်များရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ “𝐄𝐢𝐝 𝐀𝐥-𝐀𝐝𝐡𝐚” အီဒုလ်အဿွဟာနေ့မှာ အစ္စလ...
07/06/2025

☪️❝𝐄𝐢𝐝 𝐚𝐥 𝐀𝐝𝐡𝐚 𝐌𝐮𝐛𝐚𝐫𝐚𝐤❜❜

ယနေ့ကျရောက်တဲ့ အစ္စလာမ်ဘာသာ၀င်များရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ “𝐄𝐢𝐝 𝐀𝐥-𝐀𝐝𝐡𝐚” အီဒုလ်အဿွဟာနေ့မှာ အစ္စလာမ်ဘာသာဝင်များအားလုံးနှင့်တကွ မြန်မာနိုင်ငံသူ/သား လူမျိုးပေါင်းစုံများအားလုံး ငြိမ်းချမ်းသာယာ၍ ကောင်းခြင်းအဖြာဖြာပြည့်စုံပါစေလို့ Oxytocin Myanmar မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။✨

&Tour

🤱🏻ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆောင်ရန်ရှောင်ရန်များကိုယ်ဝန်ဆောင်ကာလမှာ မေမေတိုင်းလိုလို ကိုယ်ကိုယ်တိုင်ရော ကလေးပါ ကျန်းမ...
15/05/2025

🤱🏻ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆောင်ရန်ရှောင်ရန်များ

ကိုယ်ဝန်ဆောင်ကာလမှာ မေမေတိုင်းလိုလို ကိုယ်ကိုယ်တိုင်ရော ကလေးပါ ကျန်းမာဖို့အတွက် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်၀န်သည်များအတွက် ဆောင်ရန် ရှောင်ရန်လေးတွေကို Sharing လုပ်ပေးလိုက်ပါတယ်။

▪️ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက် ဆရာဝန်နဲ့ ပုံမှန်ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ခံယူပါ။

▪️ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို စားပါ။ အထူးသဖြင့် (Folic acid) ပါဝင်တဲ့ အစားအစာတွေကို ပိုစားပေးပါ။

▪️ရေများများသောက်ပေးပါ။

▪️ပေါ့ပေါ့ပါးပါး လုပ်လို့ရမဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးပါ။

▪️လုံလောက်တဲ့ အိပ်စက်ချိန်ထားရှိပြီး စိတ်ဖိစီးမှုကို လျှော့ချပါ။

▪️ဆေးလိပ်၊အရက်တို့ကို လုံး၀မသောက်တာ အကောင်းဆုံးပါ။

▪️အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ခြင်းကို ရှောင်ပါ။

🤱🏻ကိုယ်၀န်ဆောင်ကာလဟာ အရေးကြီးတဲ့အတွက် ဒီအချက်တွေကို ဂရုစိုက်ပြီး ကျန်းကျန်းမာမာနဲ့ အန္တရာယ်ကင်းစွာ ကလေးမီးဖွားနိုင်ဖို့ ဆုတာင်းပေးပါတယ်။

ကိုယ်၀န်‌ဆောင်မိခင်တို့အတွက် အသုံး၀င်တဲ့ FDA ထောက်ခံချက်ရရှိထားတဲ့ Oxytocin (အောက်စီတိုစင်) ထိုး‌ဆေးများကို ယုံကြည်စိတ်ချစွာ ၀ယ်ယူလိုပါက Page Messenger (သို့) အောက်ပါဖုန်းနံပါတ်များမှတဆင့် အချိန်မရွေးလာရောက်မေးမြန်းနိုင်ပါတယ်။

☎️Contact us : 09 769 766 766
: 09 966 769 666

🏡Office Address: Conner of Myanmar Gonyi Road & Upper Pansodan Road Tower {C}- P02 Gonyi Residence, Mingalar Taungnyunt Tsp Yangon, Myanmar


#မိခင်
#ကလေးငယ်

လတ်တလော ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့ ဘေးကင်းအောင် ဘယ်လိုလုပ်ရမလဲ 🤰🏻ငလျင်လှုပ်တဲ့အခါ ကိုယ်၀န်ဆောင်မိခ...
07/05/2025

လတ်တလော ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့ ဘေးကင်းအောင် ဘယ်လိုလုပ်ရမလဲ 🤰🏻

ငလျင်လှုပ်တဲ့အခါ ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့ ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် လတ်တလောမှာ
ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ဖို့အတွက် အရေးကြီးတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ 💁🏻‍♀️

🗣️စိတ်ဖိစီးမှုကို လျှော့ချပေးပါ
ငလျင်ဒဏ်ကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နိုင်ပေမဲ့ စိတ်ဖိစီးမှုက ကလေးအတွက် မကောင်းတဲ့အတွက် စိတ်ကို တည်ငြိမ်အောင် ထိန်းဖို့ အရေးကြီးပါတယ်။

🗣️စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားဖို့ အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ
တရားထိုင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း၊ သီချင်းနားထောင်ခြင်း စတဲ့ မိမိ့စိတ်ကို တည်ငြိမ်စေမဲ့ နည်းလမ်းတွေကို အသုံးပြုပေးပါ။

🗣️ဘေးကင်းဖို့အတွက် ဦးစားပေးပါ
ငလျင်လှုပ်ပြီးရင်လည်း နောက်ဆက်တွဲငလျင်တွေ လှုပ်နိုင်တဲ့အတွက် ပြိုကျနိုင်တဲ့ အဆောက်အဦးတွေကနေ မြန်မြန်‌ရှောင်ရှားပြီး ငလျင်တွေ ငြိမ်သက်သွားချိန်အထိ
ဘေးကင်းတဲ့နေရာမှာ နေဖို့ အရေးကြီးပါတယ်။

🗣️ကျန်းမာဖို့ လုံလောက်စွာ အနားယူပေးပါ
ကိုယ်၀န်သည် မိခင်တွေအနေနဲ့
ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားဖို့လည်း အရမ်း အရေးကြီးပါတယ်။ အိပ်ရေး၀၀အိပ်ပြီး လုံလောက်စွာ အနားယူဖို့ လိုအပ်သလို လိုအပ်လာပါကလည်း ကျွမ်းကျင်တဲ့ ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပေးချင်ပါတယ်။

🤰🏻ကိုယ်ဝန်ဆောင်စဉ် ငလျင်ဒဏ်ခံရရင် စိတ်ဖိစီးမှုများခြင်း၊ အစာအာဟာရပြတ်တောက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတွေကြောင့် လမစေ့ဘဲ ကလေးမွေးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အထူးဂရုပြုပြီး ဘေးကင်းအောင် နေထိုင်သင့်ပါတယ်။

Maung Maung Myint Co.,Ltd
"Your Health is Our Priority"✨

☎️Contact us : 09 769 766 766
: 09 966 769 666

🏡Office Address: Conner of Myanmar Gonyi Road & Upper Pansodan Road Tower {C}- P02 Gonyi Residence, Mingalar Taungnyunt Tsp Yangon, Myanmar



#မိခင်
#ကလေးငယ်

International Labor Day (မေဒေးနေ့ )👷🏻💼၂၀၂၅ ခုနှစ် မေလ(၁)ရက်နေ့တွင် ကျရောက်သော ၁၃၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား...
01/05/2025

International Labor Day (မေဒေးနေ့ )

👷🏻💼၂၀၂၅ ခုနှစ် မေလ(၁)ရက်နေ့တွင် ကျရောက်သော ၁၃၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့(မေဒေးနေ့)အား ကမ္ဘညအရပ်ရပ်ရှိ လုပ်သားပြည်သူများနဲ့အတူ Oxytocin Injection-Myanmarမှ ဂုဏ်ပြုကြိုဆိုရင်း နယ်ပယ်အသီးသီးမှ ကာယ ဉာဏလုပ်သားများအားလုံး မေဒေးနေ့မှစ တစ်နှစ်ပတ်လုံး ကျန်းမာပျော်ရွှင်ပြီး ဘေးရန်ကင်းရှင်းကာ လုပ်ငန်းခွင် အခက်အခဲများ ကင်းဝေးပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

#အလုပ်သမားနေ့
#မေလ၁ရက်


FDA ထောက်ခံချက်နဲ့အတူ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်တဲ့ Oxytocin   (အောက်ဆီတိုစင်)ထိုးဆေးဟာ သားအိမ်ကို ညစ်စေတဲ့ သဘာ၀ဟော်မ...
29/04/2025

FDA ထောက်ခံချက်နဲ့အတူ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်တဲ့ Oxytocin

(အောက်ဆီတိုစင်)ထိုးဆေးဟာ သားအိမ်ကို ညစ်စေတဲ့ သဘာ၀ဟော်မုန်းဆေးတစ်မျိုးဖြစ်ပြီး ကိုယ်၀န်သည်မိခင်များအတွက် အရေးပါသော ဆေးဝါးဖြစ်ပါတယ်။ ဒါပေမဲ့ စျေးကွက်ထဲမှာ အရည်အသွေးမပြည့်မီသော ဆေးဝါးများရှိနိုင်တဲ့အတွက် သေချာရွေးချယ်တတ်ဖို့တော့ လိုအပ်ပါတယ်။ 👨🏻‍⚕️

FDA ရထားတဲ့ ဆေးဝါးမှသာ အရည်အသွေးနှင့် စိတ်ချရမှုကို အာမခံပြီး ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ခြေကို နည်းပါးစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ FDA မှ အတည်ပြုထားသော Oxytocin (အောက်ဆီတိုစင်) ကိုသာ အသုံးပြုသင့်ပြီး အရည်အသွေးမပြည့်မီသောဆေးဝါးများကို မ၀ယ်မိစေရန် သေချာခွဲခြားနိုင်ဖို့ Comment ရှိ Link မှတဆင့် လေ့လာနိုင်ပါတယ်။✅

FDA ထောက်ခံချက်ရရှိထားတဲ့ Oxytocin (အောက်စီတိုစင်) ထိုး‌ဆေးများကို ယုံကြည်စိတ်ချစွာ ၀ယ်ယူလိုပါက Page Messenger (သို့) အောက်ပါဖုန်းနံပါတ်များမှတဆင့် အချိန်မရွေးလာရောက်မေးမြန်းနိုင်ပါတယ်။

☎️Contact us : 09 769 766 766
: 09 966 769 666

🏡Office Address: Conner of Myanmar Gonyi Road & Upper Pansodan Road Tower {C}- P02 Gonyi Residence, Mingalar Taungnyunt Tsp Yangon, Myanmar



#မိခင်
#ကလေးငယ်

မိခင်တိုင်းအတွက် ယုံကြည်စိတ်ချရတဲ့ Oxytocin🤱🏻Oxytocin ဟာ ကိုယ်၀န်ဆောင်မိခင်တွေအတွက် အလွန်အရေးပါတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။...
22/04/2025

မိခင်တိုင်းအတွက် ယုံကြည်စိတ်ချရတဲ့ Oxytocin
🤱🏻Oxytocin ဟာ ကိုယ်၀န်ဆောင်
မိခင်တွေအတွက် အလွန်အရေးပါတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ မိခင်ရဲ့
ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွားချိန်နဲ့ နို့တိုက်ကျွေးချိန် စတဲ့ အချိန်တွေမှာ Oxytocin က အဓိကအခန်းကဏ္ဌအနေနဲ့ ပါ၀င်လုပ်ဆောင်ပေးတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။
Oxytocin ရဲ့ အဓိက လုပ်ဆောင်ချက်များကတော့
✅ကလေးကို လွယ်ကူစွာ မွေးဖွားနိုင်ဖို့ ကူညီခြင်း
✅နို့ထွက်အားကို တိုးမြှင့်ပေးခြင်း
✅မီးဖွားပြီးနောက် သားအိမ်ကို ပြန်လည်ကျုံ့စေနိုင်ခြင်း
✅သွေးထွက်လွန်ခြင်းကို ကာကွယ်ပေးခြင်း
✅မိခင်၏ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ထိန်းညှိပေးခြင်း
ဒါကြောင့် ကလေးမွေးဖွားတဲ့အချိန်
သားအိမ်ကျုံ့အားနည်းနေတဲ့အခါ ဒါမှမဟုတ် မီးဖွားချိန်ကြာမြင့်နေတဲ့အခါ Oxytocin ကို အသုံးပြုပြီး မွေးဖွားမှုကို မြန်ဆန်စေနိုင်ပါတယ်။
🗣️Oxytocin injection နဲ့ ပက်သတ်ပြီး အသေးစိတ်သိလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ်(သို့) Page Messenger မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။
☎️Contact us : 09 769 766 766
: 09 966 769 666
🏡Office Address: Conner of Myanmar Gonyi Road & Upper Pansodan Road Tower {C}- P02 Gonyi Residence, Mingalar Taungnyunt Tsp Yangon, Myanmar


#မိခင်
#ကလေးငယ်

Address

Conner Of Myanmar Gonyi Road & Upper Pansodan Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Oxytocin Injection - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share