ရွှေထွန်းတောက် - ရှူလိမ်းဒဏ်ကြေဆေး

  • Home
  • Myanmar
  • Yangon
  • ရွှေထွန်းတောက် - ရှူလိမ်းဒဏ်ကြေဆေး

ရွှေထွန်းတောက် - ရှူလိမ်းဒဏ်ကြေဆေး ရွှေထွန်းတောက် ရှူလိမ်းဒဏ်ကြေဆေး ပရုတ်ဆီ

အရွယ်သုံးပါးမရွေးဖြစ်တတ်တဲ့ “ဇက်ကျီးပေါင်း” ဝေဒနာကို သက်သာအောင် ဘယ်လိုကုသမလဲ❓ အသက် ၄၀ မှ ၅၀ နှစ်ကျော်လာတဲ့အခါ အရိုးအဆစ်တ...
21/10/2025

အရွယ်သုံးပါးမရွေးဖြစ်တတ်တဲ့ “ဇက်ကျီးပေါင်း” ဝေဒနာကို သက်သာအောင် ဘယ်လိုကုသမလဲ❓

အသက် ၄၀ မှ ၅၀ နှစ်ကျော်လာတဲ့အခါ အရိုးအဆစ်တွေကို ကာကွယ်ပေးထားတဲ့ အရိုးနုတွေဟာ သဘာဝအတိုင်း တဖြည်းဖြည်း ပွန်းပဲ့ပျက်စီးလာပြီး အရိုးဆစ်အချင်းချင်း ထိမိပွတ်တိုက်မှုတွေကြောင့် ရောင်ရမ်းနာကျင်လာကာ "ကျီးပေါင်း" လို့ခေါ်တဲ့ အရိုးအဖုလေးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဇက်ကြောတက်တိုင်း ဇက်ကျီးပေါင်းဖြစ်နေတယ်လို့တော့ သတ်မှတ်မရပါဘူး။ ဒီလိုမျိုး ဇက်ကျီးပေါင်းဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေက

✅ အလုပ်သဘောအရဖြစ်စေ၊ အလေ့အကျင့်အရဖြစ်စေ အချိန်ကြာမြင့်စွာ ခေါင်းငုံ့ပြီး အလုပ်လုပ်ခြင်း၊ ဖုန်း သို့မဟုတ် ကွန်ပျူတာ အသုံးပြုခြင်း

✅ မှားယွင်းသော ကိုယ်နေဟန်ထားဖြင့် ထိုင်ခြင်း သို့မဟုတ် အိပ်ခြင်း။

✅ လည်ပင်းထိခိုက်ဒဏ်ရာရဖူးခြင်း

✅ လည်ပင်းကို အဆက်မပြတ် လှုပ်ရှားနေရတဲ့အလုပ် လုပ်ရခြင်း

✅ မိသားစုဝင်တွေထဲမှာ ကျီးပေါင်းရောဂါရှိဖူးသူ ရှိခြင်း

✅ ခန္ဓာကိုယ်အလေးချိန်များခြင်း (အဝလွန်ခြင်း)၊ အဆစ်ရောင်ရောဂါ ရှိခြင်း စတဲ့ အခြားကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့် ဇက်ကျီးပေါင်းကို သက်သာစေဖို့အတွက် လည်ပင်းလေ့ကျင့်ခန်းလုပ်ခြင်း၊ အပြည့်အဝအနားယူ အိပ်စက်ခြင်း၊ ဆရာဝန်ညွှန်ကြားချက်နှင့်အညီ ဆေးဝါးသောက်သုံးခြင်းတို့ဖြင့် သက်သာအောင် ပြုလုပ်နိုင်သလို

ရွှေထွန်းတောက် ရှူလိမ်းဒဏ်ကြေဆေးလူးခြင်းဖြင့်လည်း ဇက်ကျီးပေါင်းဝေဒနာကို သက်သာအောင် ပြုလုပ်နိုင်ပါတယ်။👈🏻

🏥 ဇက်ကျီးပေါင်းအတွက် အကောင်းဆုံးအဖော်မွန် ရွှေထွန်းတောက် ရှူလိမ်းဒဏ်ကြေဆေးကို နီးစပ်ရာဆေးဆိုင်နဲ့ ကုန်စုံဆိုင်တွေမှာ မေးမြန်းဝယ်ယူနိုင်ပါပြီ။

#ရွှေထွန်းတောက် #ရှူလိမ်းဆေး #နာကျင်ကိုက်ခဲ #ဇက်ကျီးပေါင်း #ကျီးပေါင်း #ကျန်းမာရေးဗဟုသုတ #အဆစ်အမြစ်ရောင်ရမ်းခြင်း

🦶🏻 ဂေါက်ရောဂါဆိုတာဘာလဲ? ဦးနှောက်နဲ့ဆိုင်တဲ့ ရောဂါလား ဒါမှမဟုတ် အဆစ်အမြစ်နဲ့ဆိုင်တဲ့ ရောဂါလား?ဂေါက်ရောဂါဆိုတာ သွေးထဲမှာ ယ...
17/10/2025

🦶🏻 ဂေါက်ရောဂါဆိုတာဘာလဲ? ဦးနှောက်နဲ့ဆိုင်တဲ့ ရောဂါလား ဒါမှမဟုတ် အဆစ်အမြစ်နဲ့ဆိုင်တဲ့ ရောဂါလား?

ဂေါက်ရောဂါဆိုတာ သွေးထဲမှာ ယူရစ်အက်ဆစ် (Uric Acid) ပမာဏ မြင့်မားလာပြီး အဆစ်အမြစ်တွေထဲမှာ ပုံဆောင်ခဲလေးတွေ စုပုံလာတာကြောင့် ရောင်ရမ်းနာကျင်ရတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

ရုတ်တရက် အလွန်အမင်း နာကျင်တာ၊ ရောင်ရမ်းနီရဲတာတွေဟာ ဂေါက်ရောဂါရဲ့ လက္ခဏာတွေဖြစ်ပြီး အများအားဖြင့် ခြေမအဆစ်မှာ စဖြစ်လေ့ရှိပါတယ်။

ဘယ်ကနေဘယ်လို စဖြစ်တတ်လဲဆိုတော့
ခန္ဓာကိုယ်ထဲက ပျူရင်း (Purine) ဓာတ်တွေ ပြိုကွဲရာကနေ ယူရစ်အက်ဆစ်တွေ ထွက်လာပြီး အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်က ပိုလျှံနေတဲ့ ယူရစ်အက်ဆစ်တွေကို စွန့်ထုတ်နိုင်စွမ်း နည်းသွားတဲ့အခါ ဒါမှမဟုတ် ယူရစ်အက်ဆစ် အထွက်များလာတဲ့အခါ ဂေါက်ရောဂါ ဖြစ်လာပါတယ်။

🔸 အသက် ၃၀-၅၀ ကြား အမျိုးသားများ
🔸 သွေးဆုံးပြီး အမျိုးသမီးများ
🔸 အဝလွန်သူများ
🔸 မိသားစုထဲမှာ ဂေါက်ရောဂါ ရာဇဝင်ရှိသူများ
🔸 သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်ရောဂါရှိသူများ
🔸 အရက်၊ ဘီယာ သောက်သုံးသူများအနေနဲ့ ဂေါက်ရောဂါ ဖြစ်နိုင်ခြေများပါတယ်။

⚠️ ဆောင်ရန်/ ရှောင်ရန်‌တွေအများကြီးထဲမှ အဓိကအချက်တွေကတော့

❎ ပျူရင်းဓာတ် အလွန်များသော အစားအစာ
ကလီစာများ (အသည်း၊ ကျောက်ကပ်၊ နှလုံး စသဖြင့်…)

❎ အနီရောင်အသားများ (အမဲသား၊ ဝက်သား၊ ဆိတ်သား)

❎ ပင်လယ်စာများ (ပုစွန်၊ ကဏန်း၊ ဂုံး၊ ငါးသေတ္တာ)

❎ အရက်၊ ဘီယာ၊ သကြားဓာတ်များသော အစားအစာနှင့် အချိုရည်များ စတဲ့ အစားအသောက်တွေစားသုံးခြင်းကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

ဒါဆို ဘာတွေ‌စားသောက်နေထိုင်သင့်လဲ❓

✅ ရေများများသောက်ပါ။ တစ်နေ့ကို ရေ ၈ ခွက်မှ ၁၂ ခွက်သောက်ခြင်းက ယူရစ်အက်ဆစ်ကို ခန္ဓာကိုယ်မှ စွန့်ထုတ်ဖို့ ကူညီပေးနိုင်ပါတယ်။

✅ အဆီနည်းနို့၊ ဒိန်ချဉ်တို့က ယူရစ်အက်ဆစ်ပမာဏကို လျှော့ချပေးနိုင်ပါတယ်။

✅ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ (ချယ်ရီသီး၊ ဘယ်ရီသီး၊ လိမ္မော်သီးစတဲ့ အသီးတွေဟာ ရောင်ရမ်းမှုကို လျှော့ချပေးပြီး ယူရစ်အက်ဆစ်ကို ကျစေပါတယ်)

✅ ပျူရင်းဓာတ်များတဲ့ ဟင်းသီးဟင်းရွက်များ (မှို၊ ကညွတ်၊ ဟင်းနုနွယ်ရွက်) က ဂေါက်ရောဂါဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာချက်တွေအရ ဖော်ပြခံထားရပါတယ်။

✅ အစေ့အဆန်နှင့် ပဲအမျိုးမျိုးစားပေးပါ။

✅ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်အလေးချိန် ထိန်းပြီး ဂေါက်ရောဂါကို ကာကွယ်နိုင်ပါတယ်။

✅ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆေးဝါးတွေကို ပုံမှန်မှီဝဲသောက်သုံးပါ။

ဂေါက်ရောဂါကြွလာတဲ့အခါမျိုးမှာ ရေခဲကပ်ပေးတာ၊ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်တဲ့ ရွှေထွန်းတောက် ရှူလိမ်းဆေး လူးပေးတာမျိုးတွေ ပြုလုပ်ပြီး သက်သာအောင်လုပ်နိုင်ပါတယ်။

🏥 ရွှေထွန်းတောက် ရှူ‌လိမ်းဒဏ်ကြေဆေးကို နီးစပ်ရာဆေးဆိုင်နဲ့ ကုန်စုံဆိုင်တွေမှာ မေးမြန်းဝယ်ယူနိုင်ပါပြီ။

#ရှူဆေး #နာကျင်ကိုက်ခဲ #ကြွက်သားရောင်ရမ်း #ဂေါက်ရောဂါ #ကျန်းမာရေးဗဟုသုတ #အဆစ်အမြစ်ရောင်ရမ်းခြင်း

😜 လဘူဘူက မူးရင် ရှူမရပေမဲ့  ရွှေထွန်းတောက်လေးကတော့ ဟော့ဒီလို ချိတ်ထားလိုက်ရင် မူးတာနဲ့ ရော့အင့်ဆို ရှူလို့ ရတာပေါ့နာမည်က...
14/10/2025

😜 လဘူဘူက မူးရင် ရှူမရပေမဲ့ ရွှေထွန်းတောက်လေးကတော့ ဟော့ဒီလို ချိတ်ထားလိုက်ရင် မူးတာနဲ့ ရော့အင့်ဆို ရှူလို့ ရတာပေါ့

နာမည်ကျော်ဝါရင့်မင်းသမီးချော ရွှေသမီးရယ်

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်မင်းသားချော တေဇာလင်းရောင်‌ရယ်တောင်မှ ‌ရွှေထွန်းတောက် ရှူလိမ်းဒဏ်ကြေဆေးကို သွားလေရာ‌ဆောင်ထားကြပြီဖြစ်လို့

ကိုယ်လည်း ဟိုနှိုက် ဒီနှိုက်ရမှာ စိုးရိမ်ရင် ကီးချိန်း‌လှလှလေးတွေသာလုပ်ပြီး ကိုယ်နဲ့မကွာ ဆောင်ထားလိုက်တော့နော်။✨

🏥 ရွှေထွန်းတောက် ရှူ‌လိမ်းဒဏ်ကြေကို နီးစပ်ရာဆေးဆိုင်နဲ့ ကုန်စုံဆိုင်တွေမှာ မေးမြန်းဝယ်ယူနိုင်ပါပြီ။

#ရှူဆေး #နာကျင်ကိုက်ခဲ #ကြွက်သားရောင်ရမ်း #အရိုးကျီးပေါင်း #ခေါင်းမူးခေါင်းကိုက် #ရွှေထွန်းတောက် #ဒဏ်ကြေဆေး #ရွှေသမီး #တေဇာ‌လင်းရောင်

🪔မိဘများအား နှိပ်နယ်ပြုစုပေးနေတဲ့ပုံမန့်ရင်း ‌ဖုန်းဘေလ်လက်ဆောင် ရရှိသွားတဲ့ ကံထူးရှင်လေးတွေထွက်ပေါ်လာပါပြီ။သီတင်းကျွတ်လက...
09/10/2025

🪔မိဘများအား နှိပ်နယ်ပြုစုပေးနေတဲ့ပုံမန့်ရင်း ‌ဖုန်းဘေလ်လက်ဆောင် ရရှိသွားတဲ့ ကံထူးရှင်လေးတွေထွက်ပေါ်လာပါပြီ။

သီတင်းကျွတ်လက်ဆောင်ကို ၃ ဦးသာ ပေးမယ်ကြေညာထားပေမဲ့ မိဘကိုနှိပ်နယ်ပြုစုပေးနေတဲ့ပုံတွေက ကြည်နူးပီတိဖြစ်စရာကောင်းလွန်းလို့ ရွှေထွန်းတောက်လည်း ကုသိုလ်တွေထပ်တူရရှိအောင် တစ်ဦးတိုးပြီး စုစုပေါင်း ၄ ဦး ကို ဖုန်းဘေလ် (၅၀၀ဝ) ကျပ်စီ ပေးသွားမှာဖြစ်ပါတယ်။

‼️ကံထူးထားသူတွေက မန့်ခဲ့တဲ့အကောင့်နဲ့ပဲ လာထုတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်နော်။

မိဘကိုထာဝရလုပ်ကိုင်ပြုစုပေးနိုင်တဲ့ သားသမီးကောင်းရတနာတွေ ဖြစ်ကြပါစေလို့ ရွှေထွန်းတောက်မှ တောင်းဆုပြုအပ်ပါတယ်။🙏🏻

#ရှူဆေး #နာကျင်ကိုက်ခဲ #ကြွက်သားရောင်ရမ်း #အရိုးကျီးပေါင်း #ခေါင်းမူးခေါင်းကိုက် #ရွှေထွန်းတောက် #ဒဏ်ကြေဆေး
#သီတင်းကျွတ်ပွဲတော်

သေးသေးလေးမို့ ပို လန်းတယ်… သေးသေးလေးမို့ ပို စွမ်းတယ် …😎သေးငယ်တဲ့ သစ်စေ့လေး တစ်စေ့ကနေပဲ ဧရာမ သစ်ပင်ကြီး တစ်ပင် ပေါက်ဖွား...
08/10/2025

သေးသေးလေးမို့ ပို လန်းတယ်… သေးသေးလေးမို့ ပို စွမ်းတယ် …😎

သေးငယ်တဲ့ သစ်စေ့လေး တစ်စေ့ကနေပဲ ဧရာမ သစ်ပင်ကြီး တစ်ပင် ပေါက်ဖွားလာနိုင်သလိုပဲ

ပါလာလို့ ပါလာမှန်း မသိလောက်အောင်ကို ပေါ့ပါး သေးငယ်လှတဲ့ ရွှေထွန်းတောက် - ရှူလိမ်းဒဏ်ကြေဆေး တစ်ဘူးကနေပဲ ဒီလို ရောဂါဝေဒနာတွေ အများကြီးကို အလျင်မြန်ဆုံး သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သုံးဖူးသူတိုင်းကတော့ သိကုန်ကြပြီနော်။ ✨

✅ နာကျင်ကိုက်ခဲခြင်း၊ ထုံကျဉ်ခြင်း၊ အကြောတင်းခြင်း၊ အကြောညပ်ခြင်း၊ အကြောရောင်ခြင်း၊ အကြောတက်ခြင်း

✅ ခေါင်းအုံခြင်း၊ အုံးလွဲခြင်း၊ အရိုးကျီးပေါင်းထိုးခြင်း၊ ကြွက်သားရောင်ခြင်း၊ ကြွက်သားတင်းခြင်း၊ ကြွက်တက်ခြင်း

✅ နှာစေး၊ နှာမွှန်၊ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း

သေးသေးလေးနဲ့ ဆေးစွမ်းပိုထက်တာ ရွှေထွန်းတောက် ရှူလိမ်းဒဏ်ကြေဆေးပါ။

💯 နီးစပ်ရာ ဆေးဆိုင်နဲ့ ကုန်စုံဆိုင်တွေမှာ မေးမြန်းဝယ်ယူနိုင်ပါပြီ။

#ရွှေထွန်းတောက် #ရှူလိမ်း #နာကျင်ကိုက်ခဲ #ကြွက်သားရောင်ရမ်း #အရိုးကျီးပေါင်း #ခေါင်းမူးခေါင်းကိုက် #ဒဏ်ကြေဆေး

🏮 ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ သီတင်းကျွတ်မီးထွန်းပွဲတော် အချိန်အခါသမယမှာ ခုနှစ်ရက်သားသမီးအပေါင်း နှလုံးစိတ်ဝမ်းအေးခ...
06/10/2025

🏮 ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ သီတင်းကျွတ်မီးထွန်းပွဲတော် အချိန်အခါသမယမှာ ခုနှစ်ရက်သားသမီးအပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း ရွှေထွန်းတောက်မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။🙏🏻

“နာတာကျင်တာအရှင်းပျောက် ရွှေထွန်းတောက်”

#ရွှေထွန်းတောက်
#ဒဏ်ကြေဆေး
#သီတင်းကျွတ်ပွဲတော်
#သီတင်းကျွတ်လပြည့်နေ့

🪔 ကုသိုလ်ထူးကုသိုလ်မြတ်များ ဝေစည်တဲ့ သီတင်းကျွတ်ကာလဖြစ်စေဖို့ ရွှေထွန်းတောက်က ဖုန်းဘေလ်လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ဒီအစီ...
03/10/2025

🪔 ကုသိုလ်ထူးကုသိုလ်မြတ်များ ဝေစည်တဲ့ သီတင်းကျွတ်ကာလဖြစ်စေဖို့ ရွှေထွန်းတောက်က ဖုန်းဘေလ်လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

ဒီအစီအစဥ်မှာ ပါဝင်လိုသူများအနေနဲ့
၁။ ပေ့ချ်ကို Like & Follow လုပ်ပေးပါ။
၂။ မိဘများအား နှိပ်နယ်ပြုစုပေးနေတဲ့ပုံကို ကွန်မန့်ဘောက်စ်မှာ မန့်ပေးပါ။
၃။ သူငယ်ချင်းမိတ်ဆွေများကိုလည်း သတင်းကောင်းဝေမျှပေးတဲ့အနေနဲ့ အခုပို့စ်ကို ရှဲပေးသွားဖို့ပါပဲ။

🔔 ဖုန်းဘေလ် ၅၀၀၀ ကျပ်ကို (၃) ဦးတိတိ ‌ကျပန်းရွေးချယ်ပေးသွားမှာဖြစ်ပြီး ကံထူးသူများကို အောက်တိုဘာ ၉ ရက်နေ့မှာ ကြေညာပေးသွားမှာပါ။

ပျော်ရွှင်ကြည်နူးရတဲ့ သီတင်းကျွတ်ပိတ်ရက်များပိုင်ဆိုင်ကြပါစေ။🙏🏻

#ရှူဆေး #နာကျင်ကိုက်ခဲ #ကြွက်သားရောင်ရမ်း #အရိုးကျီးပေါင်း #ခေါင်းမူးခေါင်းကိုက် #ရွှေထွန်းတောက် #ဒဏ်ကြေဆေး
#သီတင်းကျွတ်ပွဲတော်

30/09/2025

📣 လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းအဖုံးဖွင့်ပြီး ထုံကျဥ်ကိုက်ခဲနေတဲ့ နေရာတွေကို ပွတ်လိမ်းလိုက်ရုံနဲ့ မြန်မာလိုကြီးပျောက်ကင်းနိုင်ပါပြီ။

ရွှေထွန်းတောက်-ရှူလိမ်းဒဏ်ကြေလိမ်းဆေးမှာ ယူကလစ်ဆီပါဝင်မှုကြောင့် ထင်မထားလောက်အောင် ဆေးစွမ်းထက်လို့ လူတိုင်း၊ အိမ်တိုင်း လက်စွဲဆောင်ထားသင့်ပါတယ်။🤝

🏥 လွယ်လွယ်ကူကူနီးစပ်ရာ ဆေးဆိုင်၊ ကုန်စုံဆိုင်တွေမှာ ဝယ်ယူနိုင်နေပါပြီနော်။

#ရှူဆေး #နာကျင်ကိုက်ခဲ #ခေါင်းမူးခေါင်းကိုက် #ရွှေထွန်းတောက် #ဒဏ်ကြေဆေး #ရွှေသမီး #တေဇာလင်းရောင်

💁🏻‍♀️ အရွယ်သုံးပါးမရွေး အသုံးပြုနိုင်အောင် အထူးထုတ်လုပ်ထားတဲ့ ရွှေထွန်းတောက်ရဲ့ ရှူလိမ်းဒဏ်ကြေဆေးလိမ်းဆေး အသုံးပြုကြတဲ့အ...
28/09/2025

💁🏻‍♀️ အရွယ်သုံးပါးမရွေး အသုံးပြုနိုင်အောင် အထူးထုတ်လုပ်ထားတဲ့ ရွှေထွန်းတောက်ရဲ့ ရှူလိမ်းဒဏ်ကြေဆေး

လိမ်းဆေး အသုံးပြုကြတဲ့အခါ အသားအရေက အပူကို လက်ခံနိုင်တဲ့ အတိုင်းအတာဟာ တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် လိမ်းဆေး စတင်သုံးစွဲတဲ့အခါ အပူဒဏ်ကို ကိုယ်ခံနိုင်မဲ့ ပမာဏမျှသာ ဆေးကို အရင် စမ်းလိမ်းကြည့်သင့်ပါတယ်။

📍ဒါကြောင့် ရွှေထွန်းတောက်ကို လူတိုင်းရဲ့ အရေပြားနဲ့အသင့်တော်ဆုံးဖြစ်အောင် ထုတ်လုပ်ထားတာ ဖြစ်ပြီး ရွှေထွန်းတောက်မှာဆိုရင် သဘာဝဆေးဖက်ဝင် ပါဝင်ပစ္စည်းတွေ ဖြစ်တဲ့

✅ ပရုတ်၊ ပရုတ်အေး၊ နှမ်းဆီ၊ သိုင်းမော၊ ယူကလစ်ဆီ၊ လေးညှင်း၊ တေဇော၊ ဖယောင်းမာ၊ ဖယောင်းပျော့ ​တို့ဖြင့် ပြုလုပ်ထားတာကြောင့်

✅ ထိခိုက်ဒဏ်ရာများ သာမက နာကျင်ကိုက်ခဲခြင်း၊ ထုံကျဉ်ခြင်း၊ အကြောတင်းခြင်း၊ အကြောညပ်ခြင်း၊ အကြောရောင်ခြင်း၊ အကြောတက်ခြင်း၊ ခေါင်းအုံခြင်း၊ အုံးလွဲခြင်း၊ အရိုးကျီးပေါင်းထိုးခြင်း၊ ကြွက်သားရောင်ခြင်း၊ ကြွက်သားတင်းခြင်းနှင့် ကြွက်တက်ခြင်း စတဲ့ ရောဂါဝေဒနာများအတွက် တစ်နေ့ (၃) ကြိမ် အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးရုံနဲ့ သက်သာစေနိုင်ပါတယ်။

✅ ဒါ့အပြင် နှာစေး၊ နှာမွှန်၊ ခေါင်းမူး၊ ခေါင်းကိုက်ရင်လည်း လက်ဖဝါးပေါ် ပွတ်လိမ်းပြီး ရှူပေးရုံနဲ့ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

အားကစားသမားတွေအတွက်လည်း အထူးသင့်လျော်တဲ့ ဆေးစွမ်းကောင်းဖြစ်လို့ အိမ်တိုင်း၊ နေရာတိုင်း မရှိမဖြစ်ဆောင်ထားသင့်ပါတယ်။ 🏋🏻‍♀️

🏃🏻‍♀️ဒါကြောင့် အရွယ်သုံးပါးမရွေး အသုံးပြုနိုင်တဲ့ ‌ရွှေထွန်းတောက်-ရှူလိမ်း‌ဒဏ်ကြေဆေးကို နီးစပ်ရာဆေးဆိုင်၊ ကုန်စုံဆိုင်တွေမှာ အခုပဲ ပြေးဝယ်ထားလိုက်တော့နော်။

#ရှူဆေး #နာကျင်ကိုက်ခဲ #ကြွက်သားရောင်ရမ်း #အရိုးကျီးပေါင်း #ခေါင်းမူးခေါင်းကိုက် #ရွှေထွန်းတောက် #ဒဏ်ကြေဆေး #ရွှေသမီး #တေဇာလင်းရောင်

ဘာနေနေ မူးနေတတ်တဲ့သူတွေရှိလား❓😵‍💫 ဖုန်းကြည့်လည်းမူး၊ ကားစီးလည်းမူး၊ လမ်းလျှောက်လည်းမူး၊ မသောက်ပဲလည်း မူးနေတတ်သူတွေအတွက် ...
23/09/2025

ဘာနေနေ မူးနေတတ်တဲ့သူတွေရှိလား❓

😵‍💫 ဖုန်းကြည့်လည်းမူး၊ ကားစီးလည်းမူး၊ လမ်းလျှောက်လည်းမူး၊ မသောက်ပဲလည်း မူးနေတတ်သူတွေအတွက် မူးမော်သမျှ ပြေပျောက်သွားစေမဲ့ ရွှေထွန်းတောက် - ရှူလိမ်းဒဏ်ကြေဆေးရှိနေပါပြီ။

သုံးစွဲသူရဲ့ ကျန်းမာရေးနဲ့ညီညွတ်စွာ ထုတ်လုပ်ထားတဲ့ ရွှေထွန်းတောက် - ရှူလိမ်းဒဏ်ကြေဆေးကို လက်ဖဝါးပေါ်အနည်းငယ်ထည့်ပြီး ပွတ်ရှူလိုက်ရုံနဲ့ မူးမော်တာတွေ တစ်ခဏအတွင်း ယူပစ်သလို ပျောက်ကင်းသွားမှာ အမှန်ပါပဲ…✅

ဆေးဗူးကလည်းသေးသေးလေးဖြစ်လို့ အိတ်ဆောင်အနေနဲ့ သွားလေရာအလွယ်တကူ သယ်ယူသွားနိုင်ပါတယ်နော်။

မြန်မာပြည်အနှံ့ရှိမြို့ကြီးများအားလုံးမှာ ဝယ်ယူနိုင်ပြီး ရရှိနိုင်တဲ့ဆိုင်တွေကို သိရှိလိုပါက Chat box မှ တဆင့်မေးမြန်းနိုင်ပါတယ်။

#ရှူဆေး #နာကျင်ကိုက်ခဲ #ခေါင်းမူးခေါင်းကိုက် #ရွှေထွန်းတောက် #ဒဏ်ကြေဆေး #တေဇာလင်းရောင်

⚽ မန်ယူနဲ့ မန်စီးတီးရဲ့ ခြေစွမ်းပြပွဲရလဒ်ခန့်မှန်းသူတွေထဲမှာ အဖြေမှန်သူမရှိလို့ ဖုန်းဘေလ်လက်ဆောင်ပေးခွင့်မရတာကြောင့် ရွှ...
18/09/2025

⚽ မန်ယူနဲ့ မန်စီးတီးရဲ့ ခြေစွမ်းပြပွဲရလဒ်ခန့်မှန်းသူတွေထဲမှာ အဖြေမှန်သူမရှိလို့ ဖုန်းဘေလ်လက်ဆောင်ပေးခွင့်မရတာကြောင့်

ရွှေထွန်းတောက်ကနေ အထူးအစီအစဉ်အဖြစ် လာမဲ့စနေနေ့ မန်ယူနဲ့ ချယ်လ်စီးတို့ရဲ့ ပွဲစဉ်ရလဒ်ကို ထပ်မံခန့်မှန်းပြီး အထူးအစီအစဉ်အဖြစ် ဖုန်းဘေလ် (၃၀၀၀) ရဲ့ ၂ ဆ ပေးအပ်သွားမှာဖြစ်ပါတယ်။🏆

အဖြေမှန်သူ ၅ ဦးတိတိကို ဖုန်းဘေလ်လက်ဆောင်ပေးသွားမှာဖြစ်လို့ သေသေချာချာခန့်မှန်းပြီး မန့်ခဲ့ဖို့မမေ့ပါနဲ့နော်။

စည်းကမ်းချက်တွေက

⚽ ပွဲရလဒ်နဲ့
⚽ နှစ်သင်းပေါင်း ဂိုးအရေအတွက်ကိုခန့်မှန်းပြီး Comment မှာ မန့်လိုက်ရုံပါပဲ။

ဘော်ဒါတွေလည်း ပါဝင်ခန့်မှန်းလို့ရအောင် Share တစ်ချက်နှိပ်ပြီး အားပေးသွားပါဦးနော်။

ကဲ ဒါဆို စနေနေ့ ည (၁၁) နာရီတိတိမှာ ဆုံမယ်နော်။🔥

#ရှူဆေး #နာကျင်ကိုက်ခဲ #ခေါင်းမူးခေါင်းကိုက် #ရွှေထွန်းတောက် #ဒဏ်ကြေဆေး #ရွှေသမီး #လက်ဆောင် #ဟန်ဂါ #မန်ယူ #ချယ်လ်စီး

⚽ ရှူလိုက် လိမ်းလိုက် ဒဏ်ကြေလိမ်းဆေး တကိုင်ကိုင်နဲ့ အိမ်ပြန်ရမှာ ဘယ်အသင်းဖြစ်မလဲ❓လာမဲ့တနင်္ဂနွေနေ့ ည ၁၀ နာရီတိတိမှာ မန်ယ...
12/09/2025

⚽ ရှူလိုက် လိမ်းလိုက် ဒဏ်ကြေလိမ်းဆေး တကိုင်ကိုင်နဲ့ အိမ်ပြန်ရမှာ ဘယ်အသင်းဖြစ်မလဲ❓

လာမဲ့တနင်္ဂနွေနေ့ ည ၁၀ နာရီတိတိမှာ မန်ယူနဲ့ မန်စီးတီး ဘယ်အသင်းက‌ခြေစွမ်းပြပြီး ဘယ်အသင်းက ဒဏ်ကြေဆေးလူးရင်း ပြန်ရမလဲဆိုတာ ခန့်မှန်းပြီး ဖုန်းဘေလ် ၃,၀၀၀ ကို (၅) ဦး ရယူလိုက်ပါဗျို့…📣

စည်းကမ်းချက်တွေက

⚽ ပွဲရလဒ်နဲ့
⚽ နှစ်သင်းပေါင်း ဂိုးအရေအတွက်ကိုခန့်မှန်းပြီး Comment မှာ မန့်လိုက်ရုံပါပဲ။

ဘော်ဒါတွေလည်း ပါဝင်ခန့်မှန်းလို့ရအောင် Share တစ်ချက်နှိပ်ပြီး အားပေးသွားပါဦးနော်။

အထူးပရိုမိုးရှင်း - (ရှုံးတဲ့အသင်းဖန်တွေအတွက် “ရွှေထွန်းတောက်” ရှူလိမ်းဒဏ်ကြေဆေးကို လက်ကားဈေးနဲ့ ရောင်းချပေး‌ပါမယ်။)😜

ကဲ ဒါဆို Sunday ည (၁၀) နာရီတိတိမှာ ဆုံမယ်နော်။🔥

#ရှူဆေး #နာကျင်ကိုက်ခဲ #ခေါင်းမူးခေါင်းကိုက် #ရွှေထွန်းတောက် #ဒဏ်ကြေဆေး #ရွှေသမီး #လက်ဆောင် #ဟန်ဂါ #မန်ယူ #မန်စီးတီး

Address

အမှတ် (၆၄) ၊ ဗိုလ်စောနောင်လမ်း ၊ ၁၀ ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်၊
Yangon

Website

Alerts

Be the first to know and let us send you an email when ရွှေထွန်းတောက် - ရှူလိမ်းဒဏ်ကြေဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram