Yangon Medical Center

Yangon Medical Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon Medical Center, Hospital, Tower 3A, Lann Thit Yate Thar Condo, Phone Gyi Street, Lanmadaw Township, Yangon.

🥳 Health Quiz ဖြေရင်း မုန့်ဖိုး 10,000 လက်ဆောင်ယူကြမယ် 🎉 “Yangon Medical Center” မှ ကျန်းမာရေးဗဟုသုတအနေနဲ့ Health Quiz လ...
15/03/2026

🥳 Health Quiz ဖြေရင်း မုန့်ဖိုး 10,000 လက်ဆောင်ယူကြမယ် 🎉

“Yangon Medical Center” မှ ကျန်းမာရေးဗဟုသုတအနေနဲ့ Health Quiz လေးတွေကို အပတ်စဉ် တင်ဆက်ပေးသွားပါမယ်နော်။

ဒီတစ်ပတ်ရဲ့ မေးခွန်းလေးဖြစ်တဲ့ “လူတစ်ယောက်၏ ပျမ်းမျှကိုယ်အပူချိန်မှာ ဘယ်လောက်လဲ’’ ဆိုတဲ့ မေးခွန်းအဖြေလေးကို Comment မန့်ပြီး
Public ဖြင့် Share ပေးပါနော်..

💁‍♀️ မန့်ထားတဲ့ Comment အဖြေများကို နောက်အပတ်ထဲမှာ Comment Reply ပြန်ပေးပါမယ်နော်..

အဖြေလည်းမှန်.. Post ကိုလည်း Share ထားသူတွေထဲက တစ်ယောက်ကို မဲနှိုက်ရွေးချယ်ပြီး ဖုန်းဘေလ်/ Kpay/ Wave - (10000) Ks ကျပ်တိတိကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

👉ဒီနေ့ မတ်လ (၁၂) ရက်၊ ၂၀၂၆ ဟာ ကမ္ဘာကျောက်ကပ်နေ့ (World Kidney Day) ဖြစ်တယ်ဆိုတာ သိပြီးကြပြီလား။နှစ်စဉ် နှစ်တိုင်း မတ်လ ဒ...
12/03/2026

👉ဒီနေ့ မတ်လ (၁၂) ရက်၊ ၂၀၂၆ ဟာ ကမ္ဘာကျောက်ကပ်နေ့ (World Kidney Day) ဖြစ်တယ်ဆိုတာ သိပြီးကြပြီလား။
နှစ်စဉ် နှစ်တိုင်း မတ်လ ဒုတိယအပတ် ကြာသပတေးနေ့ဟာ ကမ္ဘာကျောက်ကပ်နေ့ (World Kidney Day) ဖြစ်ပါတယ်။ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ပါဝင်နေတဲ့ ကျောက်ကပ်တွေရဲ့ အရေးပါပုံကို သတိပြုမိစေဖို့ ရည်ရွယ်ပါတယ် ။
ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ Kidney Health for All - Caring for People, Protecting the Planet” ဖြစ်ပါတယ် ။
ဒီဆောင်ပုဒ်လေးဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ရဲ့ ကျန်းမာရေးဟာ ဆက်စပ်နေတယ်ဆိုတာကို ပြောပြနေပါတယ်။ Yangon Medical Centre အနေနဲ့ ဒီနှစ်ရဲ့ ကမ္ဘာကျောက်ကပ်နေ့မှာ ကျွန်တော်တို့ရဲ့ လူနာတွေ၊ မိတ်ဆွေတွေအားလုံး ကျောက်ကပ်ကျန်းမာရေးအတွက် အသိပညာဗဟုသုတတွေ မျှဝေနိုင်ဖို့ ပြင်ဆင်ထားပါတယ်။
ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပေးရုံတင်မကဘဲ သွေးပေါင်ချိန်ကို ထိန်းညှိပေးတာ၊ သွေးနီဥထုတ်လုပ်မှုကို ကူညီပေးတာ စတဲ့ အရေးကြီးလုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးပါတယ်။
ကမ္ဘာ့ကျောက်ကပ်နေ့မှာ ကိုယ့်ရဲ့ ကျောက်ကပ်လေးတွေကို ပြန်လည်ဂရုစိုက်ကြည့်ရအောင်။ အောက်ပါအချက်တွေထဲမှာ သင်ပါဝင်နေပါသလား?
🔹 ဆီးချို သို့မဟုတ် သွေးတိုးရောဂါ အခံရှိခြင်း
မိသားစုထဲတွင် ကျောက်ကပ်ရောဂါ ရာဇဝင်ရှိခြင်း
ဆေးလိပ် သို့မဟုတ် အရက် အလွန်အကျွံ သောက်ခြင်း
ခန္ဓာကိုယ် ဖောရောင်ခြင်း၊ ဆီးသွားရခက်ခြင်း သို့မဟုတ် ဆီးအရောင်ပြောင်းခြင်း
အကယ်၍ ပါဝင်နေတယ်ဆိုရင် စိတ်မပူပါနဲ့။ ရောဂါကို စောစီးစွာသိရှိခြင်းက ကျောက်ကပ်ပျက်စီးမှုကို အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။
ကျောက်ကပ်လေးတွေ ကျန်းမာနေဖို့ဆိုတာ သိပ်မခက်ပါဘူး။ နေ့စဉ်ဘဝမှာ လိုက်နာရမယ့် အောက်ပါအချက်လေးတွေကို မျှဝေပေးလိုက်ပါတယ် ။
ရေများများသောက်ပါ။ တစ်နေ့ကို ရေ သာမန်ဖန်ခွက် (၆) ခွက်ကနေ (၈) ခွက်လောက် သောက်ပေးပါ။ ဒါပေမယ့် ကျောက်ကပ်ရောဂါရှိသူများအနေနဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သင့််ပါတယ် ။
ဆီးချိုသွေးချိုကို ထိန်းပါ။ ဆီးချိုရောဂါဟာ ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခုပါ ။
သွေးပေါင်ချိန်ကို ပုံမှန်ထားပါ။
ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ။ အငန်လျှော့စားပါ။ ပြုပြင်ထားတဲ့ အစားအစာတွေ ရှောင်ပါ။
ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ တစ်နေ့ကို မိနစ် (၃၀) လောက် လမ်းလျှောက်တာမျိုး လုပ်ပေးပါ။
ဆေးလိပ်လုံးဝ မသောက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းက ကျောက်ကပ်သွေးကြောတွေကို ကျဉ်းစေပြီး ကျောက်ကပ်ကို ထိခိုက်စေပါတယ် ။
အကိုက်အခဲပျောက်ဆေး လွန်ကဲစွာ မသုံးပါနဲ့။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အကိုက်အခဲပျောက်ဆေးတွေ အမြဲသောက်သုံးခြင်းက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။
ပုံမှန်စစ်ဆေးပါ။ အန္တရာယ်ရှိသူများအနေနဲ့ တစ်နှစ်ကို အနည်းဆုံးတစ်ကြိမ် ဆီးနဲ့ သွေးစစ်ကြည့်ပါ ။
ဒီအချက်လေးတွေကို ကိုယ်တိုင်ရော မိသားစုကိုပါ မျှဝေပေးလိုက်ပါ။
အကယ်၍ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ရဲ့ အတွေ့အကြုံရှိ ကျောက်ကပ်အထူးကု ဆရာဝန်ကြီးများနှင့် ကျွန်တော်တို့ရဲ့ Yangon Medical Centre မှာ အဆင်ပြေတဲ့ ရက်ချိန်းလေးတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
ကျောက်ကယ်လုပ်ငန်းစဉ်ကောင်းမွန်မှုကို စစ်ဆေးနိုင်ဖို့အတွက်
သွေးတွင်း ယူရီးယား၊ ခရီရေတီနင်း၊ ဆီးစစ်ဆေးခြင်း၊ အစရှိတဲ့ အခြေခံကျောက်ကပ်စစ်ဆေးမှုတွေကို အထူး ဈေးနှုန်းသက်သာစွာဖြင့် စစ်ဆေးနိုင်ပါပြီဖြစ်ကြောင်း ဝေမျှရင်းနဲ့ ကမ္ဘာ့ကျောက်ကပ်နေ့ကို အတူတူ ဖြတ်သန်းကြရအောင်။

သင့်ကျန်းမာရေး ပြည့်စုံဖို့ YMC ကို လှမ်းလာစို့….

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

😢အလုပ်တွေအရမ်းပင်ပန်းလို့ စိတ်ကုန်နေတာလား... တကယ်ပဲ စိတ်ကျရောဂါ ခံစားနေရတာလား?"နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် "ငါဘာဖြစ်နေတ...
10/03/2026

😢အလုပ်တွေအရမ်းပင်ပန်းလို့ စိတ်ကုန်နေတာလား... တကယ်ပဲ စိတ်ကျရောဂါ ခံစားနေရတာလား?"
နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် "ငါဘာဖြစ်နေတာလဲ" လို့ ဝေခွဲမရဖြစ်နေရင် ဒါလေးကို အရင်ဆုံး စစ်ဆေးကြည့်ရအောင်။ 👇

😫 Burnout (အလုပ်ကြောင့် စိတ်ကုန်ခမ်းခြင်း)
• ဘာကြောင့်လဲ: အလုပ်ဖိအားများခြင်း၊ အနားယူချိန်မရှိခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
• လက္ခဏာ: အလုပ်ထဲရောက်ရင် စိတ်တိုမယ်၊ လူက အမြဲနုံးနေမယ်၊ အလုပ်ကိစ္စဆို ရှောင်ချင်နေမယ်။
• ဖြေရှင်းချက်: အလုပ်ခွင်နဲ့ ခေတ္တဝေးကွာပြီး အနားယူလိုက်ရင် စိတ်လက်ပေါ့ပါးသွားလေ့ရှိပါတယ်။

📉 Depression (စိတ်ကျရောဂါ)
• ဘာကြောင့်လဲ: ဦးနှောက်အတွင်း ဟော်မုန်းဓာတ်မမျှတမှု၊ စိတ်ကုန်ခမ်းမှု ပိုမို ဆိုးရွာလာခြင်း သို့မဟုတ် စိတ်ဒဏ်ရာများကြောင့် ဖြစ်နိုင်ပါတယ်။
• လက္ခဏာ: အလုပ်တင်မဟုတ်ဘဲ ဘယ်အရာကိုမှ စိတ်မပါတော့ခြင်း၊ အစားအသောက်/အအိပ်ပျက်ခြင်း၊ အနာဂတ်အတွက် မျှော်လင့်ချက်မဲ့သလို ခံစားရခြင်း။
• ဖြေရှင်းချက်: အနားယူရုံနဲ့ မသက်သာဘဲ ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ပြီး စနစ်တကျ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

💡 ဘာကြောင့် ခွဲခြားသိဖို့ အရေးကြီးတာလဲ?
လက္ခဏာတွေက ဆင်တူပေမယ့် ကုသပုံချင်း မတူညီပါဘူး။ အချိန်မီ မကုသရင် Burnout ကနေ Depression အဆင့်ထိ ကူးစက်သွားနိုင်ပါတယ်။
"ကိုယ့်ရဲ့ စိတ်ကျန်းမာရေးဟာလည်း ကိုယ်ခန္ဓာကျန်းမာရေးလိုပဲ အရေးကြီးပါတယ်"

🏥 ကျွန်ုပ်တို့ ဆေးခန်းမှာ ဘာတွေ ကူညီပေးနိုင်မလဲ?
သင် ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်ဆရာဝန်ကြီးများက နွေးထွေးစွာ စောင့်ကြိုနေပါတယ်။
✅ Private & Confidential: သင့်ရဲ့ အချက်အလက်မှန်သမျှကို လုံခြုံစွာ ထိန်းသိမ်းပေးထားပါတယ်။
✅ Expert Guidance: မှန်ကန်တဲ့ ကုသမှုလမ်းကြောင်းကို အတူတူ ရှာဖွေပေးမှာပါ။
💬 ဆက်သွယ် မေးမြန်းချင်တာပဲဖြစ်ဖြစ်၊ Appointment ယူချင်တာပဲဖြစ်ဖြစ် Messenger ကနေ အခုပဲ ဆက်သွယ်လိုက်ပါ!

သင့်ကျန်းမာရေး ပြည့်စုံဖို့ YMC ကို လှမ်းလာစို့….

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

👉သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ရတဲ့ သွေးအားနည်းရောဂါ (Iron Deficiency Anemia) ဟာ လူတော်တော်များများမှာ အဖြစ်များတဲ့ ကျန...
05/03/2026

👉သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ရတဲ့ သွေးအားနည်းရောဂါ (Iron Deficiency Anemia) ဟာ လူတော်တော်များများမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ခန္ဓာကိုယ်ထဲမှာ သံဓာတ်မလုံလောက်တဲ့အခါ အောက်ဆီဂျင်သယ်ဆောင်ပေးတဲ့ ဟေမိုဂလိုဘင်(Hemoglobin) ကို လုံလောက်အောင် မထုတ်လုပ်နိုင်တော့ဘဲ နောက်ဆက်တွဲ ဝေဒနာတွေ ခံစားရတတ်ပါတယ်။
​ဒီရောဂါနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ လက္ခဏာတွေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

​၁။ သံဓာတ်ချို့တဲ့ခြင်း၏ အဓိကလက္ခဏာများ
​
ရောဂါအခြေအနေ နုစဉ်မှာ လက္ခဏာတွေက သိပ်မသိသာပေမဲ့ ပိုဆိုးလာတဲ့အခါ အောက်ပါအတိုင်း ခံစားရတတ်ပါတယ်။
​- အလွန်အမင်း နုံးချိခြင်းနှင့် အားအင်ကုန်ခမ်းခြင်း: အနားယူပေမဲ့ မသက်သာဘဲ အမြဲတမ်း မောပန်းနေတတ်ပါတယ်။
​- ဖြူဖျော့ခြင်း: သွေးမရှိသလို မျက်နှာ၊ နှုတ်ခမ်း၊ သွားဖုံးနဲ့ လက်သည်းခွံတွေ ဖြူဖျော့နေတတ်ပါတယ်။
​အသက်ရှူမဝခြင်း: လှေကားတက်တာ ဒါမှမဟုတ် လမ်းနည်းနည်းလျှောက်ရုံနဲ့ မောဟိုက်လာတတ်ပါတယ်။
​ရင်တုန်ခြင်း: နှလုံးက အောက်ဆီဂျင် ပိုရအောင် အတင်းညှစ်ထုတ်နေရတဲ့အတွက် ရင်တုန်တာ၊ နှလုံးခုန်မြန်တာတွေ ဖြစ်တတ်ပါတယ်။
​- ခေါင်းမူးခြင်းနှင့် ခေါင်းကိုက်ခြင်း: ဦးနှောက်ဆီကို အောက်ဆီဂျင် ရောက်ရှိမှု နည်းပါးသွားလို့ ဖြစ်ပါတယ်။
​လက်သည်းများ ပုံစံပျက်ခြင်း: လက်သည်းတွေက ကျွတ်ဆတ်ပြီး ကွဲလွယ်တာ ဒါမှမဟုတ် ဇွန်းပုံစံမျိုး ခွက်ဝင်သွားတာမျိုး ဖြစ်တတ်ပါတယ်။
​- ဆံပင်ကျွတ်ခြင်း: ဆံပင်တွေ သိသိသာသာ ပါးလာပြီး ကျွတ်တတ်ပါတယ်။

- ထူးဆန်းသော အရာများကို စားချင်စိတ်ဖြစ်ပေါ်ခြင်း (Pica): အစားအစာ မဟုတ်တဲ့ ခဲဆံ၊ ရေခဲ၊ မြေကြီး စတာတွေကို စားချင်စိတ် ပေါ်ပေါက်တတ်ပါတယ်။

​၂။ နောက်ဆက်တွဲ ဆိုးကျိုးများ (Complications)
​သံဓာတ်ချို့တဲ့မှုကို အချိန်မီ မကုသဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။

​👉နှလုံးကျန်းမာရေး ထိခိုက်ခြင်း
​သွေးအားနည်းတဲ့အခါ နှလုံးက အောက်ဆီဂျင်ပိုရအောင် ပိုပြီး အလုပ်လုပ်ရပါတယ်။ ဒါက ရေရှည်မှာ နှလုံးကြီးခြင်း (Heart Enlargement) နဲ့ နှလုံးပျက်စီးခြင်း (Heart Failure) အထိ ဖြစ်စေနိုင်ပါတယ်။
​ခ။ ကိုယ်ဝန်ဆောင်များတွင် ဖြစ်တတ်သော ပြဿနာများ
​ကိုယ်ဝန်ဆောင်မိခင်တွေမှာ သံဓာတ်ချို့တဲ့ရင် ကလေးလမစေ့ဘဲ မွေးဖွားခြင်း နဲ့ ကလေးမွေးကင်းစ အလေးချိန်မပြည့်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

​👉ကိုယ်ခံအားစနစ် အားနည်းခြင်း
​သံဓာတ်နည်းရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ကျဆင်းသွားတဲ့အတွက် ရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်နိုင်ပြီး ခဏခဏ ဖျားနာတတ်ပါတယ်။
​ဃ။ ကလေးငယ်များ၏ ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း
​ကလေးတွေမှာ သံဓာတ်ချို့တဲ့ရင် ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုတွေမှာ တခြားကလေးတွေထက် နောက်ကျကျန်ခဲ့တတ်ပါတယ်။

👉ဘယ်လို ကာကွယ်မလဲ?
​သံဓာတ်ကြွယ်ဝသော အစားအစာများ စားသုံးပါ: အမဲသား၊ အသည်း၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ အခွံမာသီးတွေကို ပိုစားပေးပါ။
​ဗီတာမင် C နှင့် တွဲဖက်စားပါ: ဗီတာမင် C (ဥပမာ- သံပရာသီး၊ လိမ္မော်သီး) ဟာ အစားအစာထဲက သံဓာတ်ကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။
​လက်ဖက်ရည်/ကော်ဖီကို ရှောင်ပါ: ထမင်းစားပြီးပြီးချင်း လက်ဖက်ရည် သို့မဟုတ် ကော်ဖီ သောက်ခြင်းက သံဓာတ်စုပ်ယူမှုကို ဟန့်တားစေတဲ့အတွက် အနည်းဆုံး ၁ နာရီလောက် ခြားသင့်ပါတယ်။
​အရေးကြီးချက်: မိမိဘာသာ သံဓာတ်အားဆေးတွေကို ဝယ်မသောက်သင့်ပါဘူး။ သံဓာတ်များလွန်းရင်လည်း အသည်းကို ထိခိုက်နိုင်လို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးစစ်ဆေးမှု ပြုလုပ်ဖို့ အကြံပြုလိုပါတယ်။

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480, 09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🍊 “ဗီတာမင် C များများသောက်လေ ပိုကောင်းလေ” ဆိုတာ တကယ်ပဲ ဟုတ်လား?“အအေးမိနေလို့ Vitamin C လေး များများသောက်လိုက်ဦး”“အသားဖြူ...
03/03/2026

🍊 “ဗီတာမင် C များများသောက်လေ ပိုကောင်းလေ” ဆိုတာ တကယ်ပဲ ဟုတ်လား?

“အအေးမိနေလို့ Vitamin C လေး များများသောက်လိုက်ဦး”
“အသားဖြူချင်ရင် Dose မြင့်တာသောက်ရတယ်ဆို”

ဒီလို စကားတွေ ကြားဖူးကြမလား? 🤔

ကျန်းမာရေးကို ဂရုစိုက်လာကြတဲ့ ဒီနေ့ခေတ်မှာ Vitamin C အားဆေးတွေကို လူအများစု ဝယ်သောက်လာကြပါတယ်။

ဒါပေမယ့်…
များများသောက်လေ ပိုကောင်းသွားမလား?

❌ အဖြေကတော့ – မဟုတ်ပါဘူး။

⸝

💧 Vitamin C ဆိုတာ ဘာလဲ?

Vitamin C ဟာ Water-soluble vitamin ဖြစ်ပါတယ်။
ဆိုလိုတာက —

✔️ ခန္ဓာကိုယ်လိုအပ်သလောက်ပဲ စုပ်ယူပါတယ်
✔️ ပိုလျှံနေတဲ့ပမာဏတွေကို ဆီးကတစ်ဆင့် ပြန်စွန့်ထုတ်လိုက်ပါတယ်

ဒါကြောင့် “ပိုသောက်ရင် ပိုအကျိုးရှိမယ်” ဆိုတာ မမှန်ပါဘူး။

⸝

⚠️ များလွန်းသောက်မိရင် ဘာဖြစ်နိုင်လဲ?

Megadose (အလွန်မြင့်ပမာဏ) သောက်မိရင် —

▪️ ဗိုက်အောင့်၊ ဝမ်းလျှောခြင်း
▪️ ရင်ပူ၊ အော့အန်ခြင်း
▪️ ရေရှည်မှာ ကျောက်ကပ်ကျောက်တည်နိုင်တဲ့ အန္တရာယ်

ကောင်းကျိုးထက် ဆိုးကျိုး ပိုခံစားရနိုင်ပါတယ်။

⸝

✅ တစ်နေ့ကို ဘယ်လောက် လိုအပ်လဲ?

သာမန် ကျန်းမာသူတစ်ယောက်အတွက် —

🔹 65–90 mg ဝန်းကျင် ပဲ လိုအပ်ပါတယ်
🔹 အများဆုံး လက်ခံနိုင်တဲ့ပမာဏက 2,000 mg ထက် မကျော်သင့်ပါဘူး

(အအေးမိနေလို့ဆိုပြီး 1,000 mg 2,000 mg ဆက်တိုက်သောက်နေမယ်ဆိုရင် သတိထားဖို့လိုပါတယ်နော် 🙏)

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🥳 Health Quiz ဖြေရင်း မုန့်ဖိုး 10,000 လက်ဆောင်ယူကြမယ် 🎉 “Yangon Medical Center” မှ ကျန်းမာရေးဗဟုသုတအနေနဲ့ Health Quiz လ...
01/03/2026

🥳 Health Quiz ဖြေရင်း မုန့်ဖိုး 10,000 လက်ဆောင်ယူကြမယ် 🎉

“Yangon Medical Center” မှ ကျန်းမာရေးဗဟုသုတအနေနဲ့ Health Quiz လေးတွေကို အပတ်စဉ် တင်ဆက်ပေးသွားပါမယ်နော်။

ဒီတစ်ပတ်ရဲ့ မေးခွန်းလေးဖြစ်တဲ့ “နေရောင်ခြည်က ရရှိနိုင်သော ဗီတာမင်က ဘာလဲ” ဆိုတဲ့ မေးခွန်းအဖြေလေးကို Comment မန့်ပြီး
Public ဖြင့် Share ပေးပါနော်..

💁‍♀️ မန့်ထားတဲ့ Comment အဖြေများကို နောက်အပတ်ထဲမှာ Comment Reply ပြန်ပေးပါမယ်နော်..

အဖြေလည်းမှန်.. Post ကိုလည်း Share ထားသူတွေထဲက တစ်ယောက်ကို မဲနှိုက်ရွေးချယ်ပြီး ဖုန်းဘေလ်/ Kpay/ Wave - (10000) Ks ကျပ်တိတိကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

💨လေထုညစ်ညမ်းနေတာကို မိုးအုံ့နေတယ် 🌩ဆိုပြီး ရာသီဥတုလေးက အုံ့မှိုင်းမှိုင်းလေးဆိုပြီး အထင်မှားပြီး အပြင်တွေအရမ်းထွက်မိနေပြ...
25/02/2026

💨လေထုညစ်ညမ်းနေတာကို မိုးအုံ့နေတယ် 🌩ဆိုပြီး ရာသီဥတုလေးက အုံ့မှိုင်းမှိုင်းလေးဆိုပြီး အထင်မှားပြီး အပြင်တွေအရမ်းထွက်မိနေပြီလား😱 ဒီလိုအချိန်မျိုးမှာ ဘာမှမဖြစ်လောက်ဘူးထင်ပြီးမလိုအပ်ဘဲအပြင်သွားတာက 🚶 ကျန်းမာရေးအတွက်ဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲ 🙄

🏙ရန်ကုန်မြို့ရဲ့ လက်ရှိလေထုအခြေအနေက ကျန်းမာရေးအတွက် သတိထားရမယ့်‼️ အနေအထားမှာ ရှိနေပါတယ်။‼️ အထူးသဖြင့် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေအတွက် ပိုပြီးအန္တရာယ်ရှိနိုင်ပါတယ်။

ဒီအခြေအနေကို ဘေးကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန် လမ်းညွှန်ချက်တွေကို အောက်မှာ စုစည်းပေးလိုက်ပါတယ်။✔️✖️
🌫️ လေထုညစ်ညမ်းမှုအတွက် ဆောင်ရန်/ရှောင်ရန်များ
✅ပထမဦးဆုံးအနေနဲ့ မဖြစ်မနေMask😷😷 တပ်ပါ အပြင်ထွက်တိုင်း သာမန် Mask ထက် N95 သို့မဟုတ် KN95 ကဲ့သို့သော အမှုန်အမွှားကို ကာကွယ်နိုင်တဲ့ Mask မျိုးကို စနစ်တကျ တပ်ဆင်ပါ။✅️
💨လေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI) စစ်ဆေးပါ အပြင်မထွက်ခင် IQAir လိုမျိုး Application ဒါမှမဟုတ်Website တွေမှာ လက်ရှိရောက်နေတဲ့နေရာရဲ့ လေထုအခြေအနေကို အမြဲစစ်ဆေးပါ။✅️
🚪အိမ်တံခါးများ ပိတ်ထားပါ အပြင်က ဖုန်မှုန့်နဲ့ အခိုးအငွေ့တွေ အိမ်ထဲမဝင်အောင်ပြတင်းပေါက်နဲ့ တံခါးတွေကို တတ်နိုင်သမျှ ပိတ်ထားပါ။✅️
🥛ရေများများသောက်ပါခန္ဓာကိုယ်အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ဖို့နဲ့လည်ချောင်းမခြောက်သွေ့စေဖို့ ရေကို ပုံမှန်ထက် ပိုသောက်ပေးပါ။✅️
🏡အိမ်ပြန်ရောက်လျှင် ခြေလက်ဆေးပါ အပြင်ကပြန်လာတာနဲ့ မျက်နှာ၊ ခြေထောက်နဲ့ လက်တွေကို စင်ကြယ်အောင် ဆေးကြောပါ။ ဖြစ်နိုင်ရင် အဝတ်အစားပါ တစ်ခါတည်း လဲလှယ်သင့်ပါတယ်✅️

❌ ရှောင်ရှားရမည့် အချက်များကတော့
အပြင်ဘက်တွင် လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ပါ 🚫လေထုညစ်ညမ်း နေတဲ့ အချိန်မှာ အပြင်မှာလမ်းလျှောက်တာ🚶‍♀️၊🏃‍♀️ပြေးတာမျိုးကို ခေတ္တရပ်နားထားပါ။ အိမ်ထဲမှာပဲ လေ့ကျင့်ခန်းလုပ်ပါ။
🚫အမှိုက်ရှို့ခြင်းကို ရှောင်ကြဉ်ပါ လေထုကို ပိုမိုဆိုးရွားစေမယ့် အမှိုက်ရှို့ခြင်း၊ ပလတ်စတစ်ရှို့ခြင်းတွေကို လုံးဝမလုပ်ပါနဲ့။❌️
အထူးသဖြင့် ဆေးလိပ်သောက်ခြင်း ရှောင်ကြဥ်ပါ အပြင်က လေထုညစ်ညမ်းနေချိန်မှာ 🚬🚬🚭ဆေးလိပ်သောက်တာကသင့်ရဲ့ အဆုတ်ကို နှစ်ဆ ပိုမိုထိခိုက်စေပါတယ်။
🚫အရေးမကြီးလျှင် အပြင်မထွက်ပါနှင့် အထူးသဖြင့် မနက်စောစောပိုင်းနဲ့ ညနေပိုင်းတွေမှာ လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်တတ်လို့ အပြင်ထွက်တာကို တတ်နိုင်သမျှ လျှော့ချပါ။
💡 အကြံပြုချက် အနေဖြင့်
အိမ်တွင်းမှာ လေထုကို သန့်စင်ပေးနိုင်တဲ့(ရှားစောင်းလက်ပတ်) လိုမျိုး အပင်လေးတွေ စိုက်ထားတာကလည်း သဘာဝနည်းနဲ့ လေထုကို အထောက်အကူပြုစေပါတယ်။

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

💁‍♀️ စိတ်ဖိစီးမှု လျော့နည်းအောင် ဒီလိုနေကြမယ် 🥰အခုလို အခြေအနေ၊ အချိန်ကာလမျိုးမှာ လူတိုင်းစီးပွားရေး၊ လူမှုရေးတွေနဲ့ တခြာ...
22/02/2026

💁‍♀️ စိတ်ဖိစီးမှု လျော့နည်းအောင် ဒီလိုနေကြမယ် 🥰

အခုလို အခြေအနေ၊ အချိန်ကာလမျိုးမှာ လူတိုင်းစီးပွားရေး၊ လူမှုရေးတွေနဲ့ တခြားအကြောင်းကိစ္စအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေကို တစ်နည်းမဟုတ် တစ်နည်း ပုံစံမျိုးစုံနဲ့ တွေ့ကြုံခံစားနေရပါတယ်။

🙅‍♀️ စိတ်ဖိစီးမှုတွေကို ခံစားနေရတဲ့သူ‌တွေအနေနဲ့ ကြာလာရင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေဖြစ်လာနိုင်လို့ စိတ်ဖိစီးမှုလျော့နည်းစေဖို့ လုပ်‌ဆောင်သင့်တဲ့အချက် (၁၀)ချက်ကို “Yangon Medical Center” က မျှဝေပေးလိုက်ပါတယ်။

ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေ လျော့နည်းစေဖို့အတွက်....

◾ယုံကြည်စိတ်ချရတဲ့သူတစ်ယောက်ကို မိမိခံစားနေရတဲ့အကြောင်းတွေကို ရင်ဖွင့်ပြောပြပါ။

◾အသက်ကို ပုံမှန် ခပ်ပြင်းပြင်းရှူပြီး စိတ်ကိုတင်းကျပ်မထားဘဲ ဖြေ‌လျှော့ထားတာမျိုး မကြာခဏလုပ်ပါ။

◾အိပ်ချိန်မှန်ပြီး အိပ်ရေး၀အောင် အိပ်ပါ။

◾အာဟာရ သင့်တင့်မျှတအောင်စားပါ။

◾သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ စတဲ့ စိတ်အပန်းပြေစေမယ့် ကိုယ်ဝါသနာပါတာလေးတွေလုပ်ပါ။

◾တရားထိုင်ပါ။

◾ယောဂကျင့်ပါ။

◾ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ၊ ဝါသနာပါတဲ့အားကစားတွေလုပ်ပါ။

◾အရက်၊ ဘီယာ၊ ဆေးလိပ် သုံးစွဲသူဖြစ်ပါက တဖြည်းဖြည်း လျှော့ပြီးဖြတ်ပါ။

◾စိတ်ဖိစီးမှုဖြစ်‌စေတဲ့ အကြောင်းအရာတွေကို ပြန်တွေးတာမျိုးမလုပ်ဘဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေရှာပါ။

ဒီအချက်လေးကို နေ့စဉ်ပြုလုပ်မယ်ဆိုရင် ကိုယ့်မှာရှိတဲ့ စိတ်ဖိစီးမှုတွေ အထိုက်အလျောက် သက်သာသွားပြီး နေ့စဉ် ကိုယ်ကျန်းမာတဲ့ ဘဝလေးကို ရရှိစေနိုင်မှာပါနော်… 🥰

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

👉ရင်သွေးရတနာ အိပ်မက်ကိုရန်ကုန်မှာပဲ Hybrid IVF နဲ့ စတင်စို့…သားသမီးရတနာ ထွန်းကားဖို့အတွက် ပြည်ပမှာ ဖန်ပြွန်သန္ဓေသားနည်းပ...
20/02/2026

👉ရင်သွေးရတနာ အိပ်မက်ကို
ရန်ကုန်မှာပဲ Hybrid IVF နဲ့ စတင်စို့…

သားသမီးရတနာ ထွန်းကားဖို့အတွက် ပြည်ပမှာ ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကြိုးစားချင်ပေမယ့် အလုပ်နားရမှာ စိုးရိမ်တာ၊ ခွင့်ရက်ရှည်မရတာ၊ ရက်ကြာကြာ နေရမှာ၊ ကုန်ကျစရိတ် များပြားတာနဲ့ မိသားစုနဲ့ အချိန်ကြာကြာဝေးကွာရမှာ တွေကို စိတ်ပူနေပါသလား?
အခုဆိုရင် ကျွန်မတို့ရဲ့ Yangon Medical Center ကနေ မြန်မာနိုင်ငံမှာ ဦးဦးဖျားဖျား "Hybrid IVF" ကုသမှု စနစ်အသစ်နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ
Hybrid IVF ကုသမှု အစီအစဉ်သစ် ဆိုတာ ဘာလဲ?
IVF ကုသမှုကို အဓိက အဆင့် (၂) ဆင့်ခွဲခြားပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးတာ ဖြစ်ပါတယ်။

🔹 အဆင့် (၁) - မမျိုးဥကြွေအောင် လှုံ့ဆော်ခြင်းအဆင့် (Fertility Phase) ကို ရန်ကုန်မြို့မှာတင် ဆောင်ရွက်ခြင်း
ခရီးထွက်စရာမလိုဘဲ ကျွန်မတို့ရဲ့ ရန်ကုန် Medical Center မှာတင် ကျွမ်းကျင်ဆရာဝန်ကြီးများရဲ့ အနီးကပ်လမ်းညွှန်ကုသမှုများနှင့်အတူပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ပထမဦးစွာ အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးစလုံးကို စမ်းသပ်စစ်ဆေးမှုများပြုလုပ်မှာဖြစ်ပါတယ်။ ထို့နောက် မမျိုးဥများ ဖွံ့ဖြိုးရင့်သန်အောင် ဆေးထိုးခြင်း၊ အာထရာဆောင်းရိုက်ခြင်းများကို ပြုလုပ်ပါမယ်။ ဒီအဆင့်ကိုရန်ကုန်မြို့မှာတင် လုပ်ဆောင်ခြင်းအားဖြင့် ပြည်ပမှာ သွားရောက်နေထိုင်ရမယ့် ရက်ပေါင်း ၂၀ နီးပါးကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
🔹 အဆင့် (၂) - ကျန်အဆင့်များအတွက် ပြည်ပအဆင့်မြင့်ဆေးရုံကြီးများသို့ ပို့ဆောင်ခြင်း
မမျိုးဥ ထုတ်ယူခြင်း (O**m Pickup) ၊ကျန်းမာသန်စွမ်းသော သုတ်ပိုးရွေးချယ်ခြင်း (S***m Selection) ၊ သန္ဓေသားလောင်း ပြုစုပျိုးထောင်ခြင်း (Embryo Culture) နဲ့ သန္ဓေသားလောင်းလေးကို သားအိမ်အတွင်း ပြန်လည်ထည့်သွင်းခြင်း (Embryo Transfer) အစရှိတဲ့အဆင့်တွေကိုတော့ ကျွန်မတို့ရဲ့ မိတ်ဖက်ပြည်ပဆေးရုံကြီးတွေမှာ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ စိတ်ချလက်ချ ဆောင်ရွက်မှာဖြစ်ပြီး ၈၈ - ၉၀% အထိ အောင်မြင်မှုတွေ ရရှိထားတာပဲ ဖြစ်ပါတယ်။
ဘာကြောင့် Hybrid IVF ကို ရွေးချယ်သင့်သလဲ?
✅ ကုန်ကျစရိတ် သက်သာခြင်း ပြည်ပမှာ နေထိုင်စရိတ်နဲ့ စားစရိတ်တွေကို ထက်ဝက်ကျော် လျှော့ချနိုင်ခြင်း။
✅ အချိန်ကုန် သက်သာခြင်း ပြည်ပမှာ နေထိုင်ချိန်ကို ထက်ဝက်ခန့်လျှော့ချပေးနိုင်ခြင်း
✅ သက်သောင့်သက်သာရှိခြင်း ပထမအဆင့်ကို မိမိအိမ်မှာတင် မိသားစုနဲ့ အေးအေးဆေးဆေး နားနေရင်း ကုသမှုခံယူနိုင်ခြင်း စသည်အချက်များကြောင့် ရွေးချယ်လိုက်ပါ။

သင့်ကျန်းမာရေး ပြည့်စုံဖို့ YMC ကို လှမ်းလာစို့….

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

⚠️ ဦးနှောက်အကျိတ် (Brain Tumor) ရဲ့အစောပိုင်းလက္ခဏာ (၁၀) ချက်🧠 ဦးနှောက်အကျိတ်ဆိုတာ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပေမ...
16/02/2026

⚠️ ဦးနှောက်အကျိတ် (Brain Tumor) ရဲ့အစောပိုင်းလက္ခဏာ (၁၀) ချက်

🧠 ဦးနှောက်အကျိတ်ဆိုတာ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပေမဲ့ အစောပိုင်းမှာ ကြိုတင်သိရှိပြီး ကုသမှုခံယူရင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ သာမန်ပဲလို့ ထင်နေတဲ့ ဝေဒနာတွေက ဦးနှောက်ကပေးနေတဲ့ အချက်ပေးခေါင်းလောင်းသံတွေ ဖြစ်နေတတ်ပါတယ်။

သင့်မှာ (ဒါမှမဟုတ်) သင့်ပတ်ဝန်းကျင်က လူတွေမှာ အောက်ပါလက္ခဏာတွေ ရှိနေပြီလားဆိုတာ သတိထားကြည့်ရအောင်ပါ -

၁။ ထူးထူးခြားခြား ခေါင်းကိုက်ခြင်း
အရင်ကနဲ့မတူဘဲ မနက်ခင်းအိပ်ရာထချိန်မှာ ပိုဆိုးတဲ့ခေါင်းကိုက်တာ၊ ချောင်းဆိုးရင် ဒါမှမဟုတ် ကိုယ်ကိုကိုင်းလိုက်ရင် ပိုနာလာတာမျိုးက သတိထားရမယ့် အချက်ပါ။

၂။ တက်ခြင်း (Seizures)
တစ်ခါမှ အတက်ရောဂါမရှိဖူးဘဲ ရုတ်တရက် သတိလစ်တာ ဒါမှမဟုတ် ခြေလက်တွေ တုန်ခါပြီး တက်လာတာဟာ ဦးနှောက်အကျိတ်ရဲ့ အဖြစ်အများဆုံး လက္ခဏာတစ်ခုပါ။

၃။ စိတ်ခံစားချက်နဲ့ ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲလာခြင်း
အကြောင်းရင်းမရှိဘဲ ဒေါသထွက်လွယ်တာ၊ စိတ်ဓာတ်ကျတာ ဒါမှမဟုတ် အရင်ကထက် စိတ်တိုလွယ်လာတာမျိုးဟာ ဦးနှောက်ရဲ့ စိတ်ခံစားမှုကို ထိန်းချုပ်တဲ့အပိုင်းမှာ အကျိတ်ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။

၄။ မှတ်ဉာဏ်ချို့ယွင်းလာခြင်း
စကားလုံးတွေ မေ့ကုန်တာ၊ လုပ်လက်စ အလုပ်တွေကို မေ့သွားတာမျိုးတွေ ခဏခဏ ဖြစ်လာတတ်ပါတယ်။

၅။ အမြင်အာရုံ ဝေဝါးလာခြင်း
မျက်စိအမြင်အာရုံ ရုတ်တရက် မကြည်လင်တာ၊ ပုံရိပ်နှစ်ထပ်မြင်တာ ဒါမှမဟုတ် ဘေးပတ်ပတ်လည်က ပုံရိပ်တွေကို မမြင်ရတော့တာမျိုး ဖြစ်တတ်ပါတယ်။

၆။ မအီမသာဖြစ်ပြီး အန်ခြင်း
အစာအိမ်ရောဂါကြောင့် မဟုတ်ဘဲ အကြောင်းမဲ့ မူးဝေအန်တာမျိုး၊ အထူးသဖြင့် မနက်စောစောပိုင်းမှာ ဖြစ်တတ်ပါတယ်။

၇။ ခြေလက်များ အားနည်းခြင်း
ခန္ဓာကိုယ်ရဲ့ တစ်ခြမ်းတည်းက လက် ဒါမှမဟုတ် ခြေထောက်တွေက အားမရှိသလိုဖြစ်ပြီး လမ်းလျှောက်ရင် ဟန်ချက်မညီတာမျိုးပါ။

၈။ စကားပြောရ ခက်ခဲခြင်း
စကားပြောရင် ဗလုံးဗထွေးဖြစ်တာ၊ သူများပြောတာကို နားမလည်တော့တာမျိုးတွေ ကြုံရနိုင်ပါတယ်။

၉။ အကြားအာရုံ ပြဿနာများ
နားထဲမှာ အသံတွေမြည်နေတာ (Tinnitus) ဒါမှမဟုတ် နားတစ်ဖက်က အကြားအာရုံ လုံးဝ လျော့နည်းသွားတာမျိုးပါ။

၁၀။ အမြဲတမ်း နုံးချိနေခြင်း
လုံလောက်အောင် အိပ်စက်ပေမဲ့လည်း အမြဲတမ်း ပင်ပန်းနုံးချိနေပြီး ခန္ဓာကိုယ်က လေးလံနေတတ်ပါတယ်။

ဒီလက္ခဏာတွေရှိနေတိုင်း ဦးနှောက်အကျိတ်လို့ တစ်ထပ်တည်း မပြောနိုင်ပေမဲ့ အချိန်မီ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့က အရေးကြီးဆုံးပါပဲ။

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🫀 နှလုံးရောဂါဘာကြောင့်ဖြစ်❓ 🫀 နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုဟာ နေထိ...
14/02/2026

🫀 နှလုံးရောဂါဘာကြောင့်ဖြစ်❓

🫀 နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုဟာ နေထိုင်စားသောက်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်စားသောက်လေ့မရှိသူတွေမှာ ရောဂါဖြစ်ပွါးနိုင်ခြေ ပိုများပါတယ်။

မျိုးရိုးလိုက်တာနဲ့ မွေးရာပါမဟုတ်ဘူးဆိုရင် နှလုံးရောဂါဟာ ကာကွယ်တားဆီးလို့ရတဲ့ ရောဂါအမျိုးအစားဖြစ်ပါတယ်။

🫀 နှလုံးရောဂါဖြစ်ပွါးမှုကို အောက်ပါနည်းလမ်းတွေနဲ့ ကာကွယ်တားဆီးကြမယ်…..

✅ ကျန်းမာစွာနေထိုင်စားသောက်ခြင်းက အဓိကကျတဲ့နည်းလမ်းဖြစ်ပြီး
✅သွေးတွင်း ကိုယ်လက်စထေရာ ပမာဏကိုထိန်းချုပ်တာ
✅သွေးတိုးမဖြစ်အောင် နေထိုင်တာ
✅စိတ်ဖိစီးမှုကို လျှော့ချတာ
✅တစ်နေ့ကို မိနစ် ၃၀ နဲ့ ၆၀ အကြား ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးတာ
✅ကျန်းမာပြီး အာဟာရပြည့်ဝအောင် စားသောက်တာ
✅ဆေးလိပ်သောက်သုံးမှုကို ရှောင်ကြဉ်တာ
✅အဝမလွန်အောင် ဂရုစိုက်နေထိုင်တာ စတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။

နှလုံးရောဂါဖြစ်ပွါးမှုကို ကြိုတင်ကာကွယ်နိုင်သလို နှလုံးရောဂါရှိသူတွေအတွက်လည်း စိတ်ပူစရာတော့ မလိုပါဘူးနော်…

🫀 နှလုံးရောဂါဟာ
👉🏻လူနေမှုပုံစံကို ပြောင်းလဲခြင်း
👉🏻ဆေးဝါးများဖြင့် ကုသခြင်း
👉🏻ခွဲစိတ်ကုသခြင်း စတဲ့ နည်းလမ်းတွေနဲ့ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်နော်….

🏥 ဒါကြောင့် နှလုံးရောဂါဆိုင်ရာ ပြဿနာများရှိနေပါက “Yangon Medical Center”တွင် သက်ဆိုင်ရာအထူးကု ဆရာဝန်ကြီးများနှင့် လာရောက်ဆွေးနွေး ကုသနိုင်ပါပြီနော်။

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

February 12ရက်​နေ့တွင် ကျ​ရောက်​သော( 79)နှစ်​မြောက် ပြည်​ထောင်စု​နေ့ကို မြန်မာပြည်သူပြည်သားများနှင့်အတူ ရန်ကုန်အထူးကုဆေး...
12/02/2026

February 12ရက်​နေ့တွင် ကျ​ရောက်​သော( 79)နှစ်​မြောက် ပြည်​ထောင်စု​နေ့ကို မြန်မာပြည်သူပြည်သားများနှင့်အတူ ရန်ကုန်အထူးကုဆေးခန်းမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

သင့်ကျန်းမာရေး ပြည့်စုံဖို့ YMC ကို လှမ်းလာစို့

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

Address

Tower 3A, Lann Thit Yate Thar Condo, Phone Gyi Street, Lanmadaw Township
Yangon
11131

Website

Alerts

Be the first to know and let us send you an email when Yangon Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram