Ngwe Yadanar Pann International - Medical Tourism

Ngwe Yadanar Pann International - Medical Tourism Myanmar-registered medical tourism connecting patients to top hospitals in Myanmar, Thailand & India for trusted, quality care. 🇲🇲🇹🇭🇮🇳

🌕 ယနေ့ကျရောက်သော နတ်တော်လပြည့်နေ့ အခါသမယမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ငွေရတနာပန်းမှ ဆုတောင်းမေတ္တာ ပို့သလို...
04/12/2025

🌕 ယနေ့ကျရောက်သော နတ်တော်လပြည့်နေ့ အခါသမယမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ငွေရတနာပန်းမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ် ခင်ဗျာ 🙏



🧑‍🧒‍🧒 မိသားစုဘဝလေးကို ပြီးပြည့်စုံစေမယ့် ရင်သွေးလေးရဖို့ အခက်အခဲရှိနေပြီလား။ မျိုးဆက်ပွားခြင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးကိစ...
04/12/2025

🧑‍🧒‍🧒 မိသားစုဘဝလေးကို ပြီးပြည့်စုံစေမယ့် ရင်သွေးလေးရဖို့ အခက်အခဲရှိနေပြီလား။

မျိုးဆက်ပွားခြင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးကိစ္စတွေအတွက် ယုံကြည်စိတ်ချစွာဆွေးနွေးတိုင်ပင်နိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်တဲ့ Jetanin Hospital နဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။

🏥 ဘန်ကောက်မြို့မှာရှိတဲ့ Jetanin Hospital က နှစ်ပေါင်း (၃၀) ကျော်သက်တမ်းရှိ ဆေးရုံတစ်ခုဖြစ်ပြီး အာရှမှာ ပထမဆုံး ☑️ USA အသိအမှတ်ပြု JCI (Joint Commission International) လက်မှတ်နဲ့ ☑️ Austrila အသိအမှတ်ပြု RTAC (Reproductive Technology Accreditation Committee) ကို ရရှိထားတဲ့ IVF Center ဖြစ်ပါတယ်။

🔬 မျိုးဆက်ပွားခြင်းနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်နိုင်ဖို့ In-house Laboratory တွေပါ ရှိတဲ့အတွက် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးကိစ္စအဝဝကို တစ်နေရာတည်းမှာ အပြီးအစီး ဆောင်ရွက်လို့ရပါတယ်။

🛡️ လူကြီးမင်းတို့ ကျန်းမာရေးအတွက် စိတ်ချရအောင် စစ်ဆေးသူ နှစ်ဦး (Double-witness) ထားရှိတာဖြစ်လို့ ကုသမှုလုပ်ငန်းစဉ်တွေမှာ လိုအပ်ချက်ရှိမှာ စိုးရိမ်ဖို့မလိုတော့ဘဲ စိတ်ချလက်ချ ကုသမှုခံယူနိုင်ပါတယ်။

🩺 ထိုင်းနိုင်ငံကို သွားရောက်ကုသမှု မခံယူခင် ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ Free Consultation လည်းပြုလုပ်နိုင်တာကြောင့် Jetanin Hospital မှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ ငွေရတနာပန်းမှာ (အခမဲ့) ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

📞 ဖုန်းခေါ်ဆိုရန် – (+95) 9 7400 22544 , (+95) 9 9450 00858

📲 Viber ဆက်သွယ်ရန် – (+95) 9 7400 22544 , (+95) 9 9450 00858

📍 ရုံးလိပ်စာ

ရန်ကုန် - အခန်း (၄၉) ၊ အမှတ် (၂၃၂) ၊ Orchid ကွန်ဒို၊ အလုံလမ်း၊ ဗဟိုလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းကြား၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေး - အကွက် (၅၁၃/၃) ၅၇ (A) လမ်း၊ ၂၇ (A) နှင့် ၂၇ (B) ကြား၊ ကန်ကောက်ရပ်ကွက်၊ ချမ်းအေးသာစီမြို့နယ်၊ မန္တလေးမြို့။

✉️ Email – care@ngweyadanarpann.com


🇮🇳 အိန္ဒိယနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူချင်တဲ့ လူကြီးမင်းတို့အတွက် ကုသစရိတ် သက်သာပြီး စိတ်ချယုံကြည်ရတဲ့ Max ...
03/12/2025

🇮🇳 အိန္ဒိယနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူချင်တဲ့ လူကြီးမင်းတို့အတွက် ကုသစရိတ် သက်သာပြီး စိတ်ချယုံကြည်ရတဲ့ Max Healthcare Institute Limited (MHIL) နဲ့ မိတ်ဆက်ပေးပါရစေ ခင်ဗျာ။

🏥Max Healthcare က အိန္ဒိယနိုင်ငံရဲ့ JCI (Joint Commission International) လက်မှတ်ရ Healthcare Institute တစ်ခုဖြစ်ပြီး ဆေးရုံပေါင်း (၂၃) ခုနဲ့ ချိတ်ဆက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးနေတဲ့ Healthcare Institute Limited တစ်ခုဖြစ်ပါတယ်။

Max Healthcare မှာ
▪️ ကျောက်ကပ်အစားထိုးကုသမှု
▪️ အသည်းအစားထိုးကုသမှု
▪️ နှလုံးဆိုင်ရာခွဲစိတ်ကုသမှု
▪️ ကင်ဆာခွဲစိတ်ကုသမှု
▪️ Plastic Surgery အစရှိတဲ့ကုသမှုတွေကို ကျွမ်းကျင် အထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူနိုင်ပါတယ်။

🩺 အိန္ဒိယနိုင်ငံကို သွားရောက်ကုသမှု မခံယူမီ သက်ဆိုင်ရာဆရာဝန်ကြီးတွေနဲ့ Online က တစ်ဆင့်ကျန်းမာရေးဆွေးနွေးမှုလည်း ပြုလုပ်ပေးပါတယ်။

➕ Max Healthcare က ဆေးကုသစရိတ် သင့်တင့်ပြီး အဆင့်မီတဲ့ကုသနည်းတွေကြောင့် Patient တွေဆီကနေ Feedback ကောင်းတွေလည်းရရှိထားပါတယ်။

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုခရီးစဉ်တလျှောက် အဆင်ပြေချောမွေ့ဖို့ ငွေရတနာပန်းက အစအဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

Max Healthcare မှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ ငွေရတနာပန်းမှာ (အခမဲ့) ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

📞 ဖုန်းခေါ်ဆိုရန် – (+95) 9 7400 22544 , (+95) 9 9450 00858

📲 Viber ဆက်သွယ်ရန် – (+95) 9 7400 22544 , (+95) 9 9450 00858

📍 ရုံးလိပ်စာ
ရန်ကုန် - အခန်း (၄၉) ၊ အမှတ် (၂၃၂) ၊ Orchid ကွန်ဒို၊ အလုံလမ်း၊ ဗဟိုလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းကြား၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေး - အကွက် (၅၁၃/၃) ၅၇ (A) လမ်း၊ ၂၇ (A) နှင့် ၂၇ (B) ကြား၊ ကန်ကောက်ရပ်ကွက်၊ ချမ်းအေးသာစီမြို့နယ်၊ မန္တလေးမြို့။

✉️ Email – care@ngweyadanarpann.com


အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Max Hospital (West Block) Saket တွင် ဆက်လက်ကုသမှုခံယူနိုင်ရန် မနေ့ကမနက်ပိုင်းက ရန်ကုန်အ...
02/12/2025

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Max Hospital (West Block) Saket တွင် ဆက်လက်ကုသမှုခံယူနိုင်ရန် မနေ့ကမနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ အင်ဒီယာဂန္ဓီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ထွက်ခွာသွားသောအဘ၏ ခရီးစဉ်ကို ကျွန်တော်တို့ Ngwe Yadanar Pann International မှ စ-လယ်-ဆုံး ပြင်ဆင်ဆောင်ရွက်ကူညီပို့ဆောင်ပေးခဲ့ပါတယ်။

ကျွန်တော်တို့အား စတင်ဆက်သွယ်လာသည်နှင့်တပြိုင်နက်
အဘ၏ရောဂါအခြေအနေကိုသုံးသပ်ပြီး
•သင့်လျော်သည့်ဆေးရုံနှင့် ဆရာဝန်များကို အကြံပြုပေးခြင်း
•ဆေးရုံတက်ရောက်ရန် ရက်ချိန်းယူပေးခြင်း
•လေယာဉ်လက်မှတ်ဝယ်ယူပေးခြင်း
•ဗီဇာလျှောက်ထားပေးခြင်း
တို့ကို အမြန်ဆုံးပြုလုပ်ပေးခဲ့ပါတယ်။

ထို့အပြင် ခရီးစဉ်တလျှောက် အောက်စီဂျင်မပြတ်လပ်စေရန်အတွက်
•ရန်ကုန်မြို့ရှိ တက်ရောက်နေတဲ့ဆေးရုံအထိ ကိုယ်တိုင်သွားရောက်ပြီး ဆေးရုံတာဝန်ရှိသူများ၊၊ မိသားစုများနှင့် စနစ်တကျ တိုင်ပင်ပြင်ဆင်ခြင်း
•အောက်စီဂျင်အသုံးပြုလေယာဉ်စီးနင်းနိုင်ရန် လိုအပ်သော စာရွက်စာတမ်းများပြင်ဆင်ပေးခြင်း
•ရန်ကုန်မှ စထွက်ချိန်မှစ၍ နယူးဒေလီရှိ ဆေးရုံသို့ ရောက်ရှိချိန်ထိ အောက်စီဂျင်မပြတ်မလွတ်အောင် စီစဉ်ပေးခြင်း အပြင်
•အိန္ဒိယနိုင်ငံအရောက် ငွေရတနာပန်းအင်တာနေရှင်နယ်မှ သက်ဆိုင်ရာဆရာဝန်က ကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးခြင်း
တို့အား စနစ်တကျပြုလုပ်ကူညီပေးခဲ့ပါတယ်။

ကျွန်တော်တို့ Ngwe Yadanar Pann International
အနေဖြင့် လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်အတိုင်း
အလုံခြုံဆုံး၊ အသက်သာဆုံး၊ အချောမွေ့ဆုံး ကျန်းမာရေးခရီးစဉ်များကို စနစ်တကျစီစဉ်ပေးနေကြောင်း အသိပေးအပ်ပါတယ်။

📞 ဖုန်းခေါ်ဆိုရန် – (+95) 9 740 022 544 / (+95) 9 945 000 858

📲 Viber ဆက်သွယ်ရန် – (+95) 9 740 022 544 / (+95) 9 945 000 858

📍 ရုံးလိပ်စာ – အခန်း (၄၉) ၊ အမှတ် (၂၃၂)၊ Orchid ကွန်ဒို၊ အလုံလမ်း၊ ဗဟိုလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းကြား၊ အလုံမြို့နယ်၊ ရန်ကုန်။

✉️ Email – care@ngweyadanarpann.com




မကြာသေးမီကကျင်းပပြီးစီးခဲ့တဲ့ ငွေရတနာပန်းနိုင်ငံတကာကျန်းမာရေးခရီးသွားဝန်ဆောင်မှုကုမ္ပဏီလီမိတက်က ဦးစီးကျင်းပတဲ့ မြန်မာ-ထိ...
29/11/2025

မကြာသေးမီကကျင်းပပြီးစီးခဲ့တဲ့ ငွေရတနာပန်းနိုင်ငံတကာကျန်းမာရေးခရီးသွားဝန်ဆောင်မှုကုမ္ပဏီလီမိတက်က ဦးစီးကျင်းပတဲ့ မြန်မာ-ထိုင်း-အိန္ဒိယ ကျန်းမာရေးဖိုရမ် ၂၀၂၅ အထိမ်းအမှတ်အဖြစ် အခမ်းအနားမှာ မိတ်ဖက်ဆေးရုံအဖြစ် ပူးပေါင်းပါဝင်ခဲ့တဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဗွီးမွတ်ဆေးရုံကြီး (Vimut Hospital) က လာမယ့် ဒီဇင်ဘာလ တစ်လလုံးအသုံးပြုနိုင်မယ့် ၂၀% အထိအထူးလျော့ဈေးရရှိနိုင်မယ့်ဘောင်ချာများကို ငွေရတနာပန်းရဲ့ လူနာများအတွက် ပေးအပ်သွားမှာဖြစ်ပါတယ်။

၂၀% အထိအထူးလျော့ဈေးရရှိနိုင်မယ့်‌ဘောင်ချာကို အသုံးပြုနိုင်မည့် သတ်မှတ်ချက်များနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ငွေရတနာပန်းကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

လူဦးရေကန်သတ်ထားပါသဖြင့် ငွေရတနာပန်းကို အမြန်ဆုံးဆက်သွယ်ပြီး ဗွီးမွတ်ဆေးရုံနဲ့ချိတ်ဆက်ကာ ၂၀%အထိ အထူးလျော့ဈေးရရှိနိုင်မယ့်ဘောင်ချာများကို အသုံးပြုကာ ကျန်းမာရေးစောင့်ရှောက်မှုခံယူကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

📞 ဖုန်းခေါ်ဆိုရန် – (+95) 9 740 022 544 / (+95) 9 945 000 858

📲 Viber ဆက်သွယ်ရန် – (+95) 9 740 022 544 / (+95) 9 945 000 858

📍 ရုံးလိပ်စာ – အခန်း (၄၉) ၊ အမှတ် (၂၃၂)၊ Orchid ကွန်ဒို၊ အလုံလမ်း၊ ဗဟိုလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းကြား၊ အလုံမြို့နယ်၊ ရန်ကုန်။

✉️ Email – care@ngweyadanarpann.com




မကြာမီရောက်ရှိတော့မယ် နှစ်သစ်ကူးအခါသမယမှာမိမိချစ်ခင်မြတ်နိုးရတဲ့သူတွေကို လက်ဆောင်ပေးဖို့အတွက်စဉ်းစားနေပြီဆိုရင်တော့ အ‌သင...
26/11/2025

မကြာမီရောက်ရှိတော့မယ် နှစ်သစ်ကူးအခါသမယမှာ
မိမိချစ်ခင်မြတ်နိုးရတဲ့သူတွေကို လက်ဆောင်ပေးဖို့အတွက်
စဉ်းစားနေပြီဆိုရင်တော့ အ‌သင့်တော်ဆုံးသော
လက်ဆောင်မွန်ကတော့ ကျန်းမာခြင်းပဲ ဖြစ်ပါတယ်။

မိမိချစ်ခင်မြတ်နိုးရသူ‌တွေ‌တွေ သက်ရှည်ကျန်းမာပျော်ရွှင်စွာ
နေထိုင်နိုင်ဖို့ အထွေထွေကျန်းမာရေးစစ်ဆေးခြင်းကို
နှစ်စဉ်နှစ်တိုင်း မပျက်မကွက်ပြုလုပ်ပေးသင့်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဗွီးမွတ်ဆေးရုံကြီး (Vimut Hospital) ရဲ့ "တစ်ဦးဝယ် တစ်ဦးလက်ဆောင်" (Buy 1 Get 1 Free) အစီအစဉ်နဲ့ ဝေ့ဌာနီဆေးရုံကြီး (Vejthani International Hospital) ရဲ့ MAI လေကြောင်းလိုင်းနဲ့ ပူးပေါင်းပြုလုပ်တဲ့ 20% OFF အထူးလျော့ဈေး
အစီအစဉ်တွေက လာမယ့်ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံသွားရောက်လည်ပတ်ကြမယ့်သူတွေအတွက် စောင့်ကြိုနေပါတယ်။

ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်
သိရှိလိုပါက ငွေရတနာပန်းကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

📞 ဖုန်းခေါ်ဆိုရန် – (+95) 9 740 022 544 / (+95) 9 945 000 858

📲 Viber ဆက်သွယ်ရန် – (+95) 9 740 022 544 / (+95) 9 945 000 858

📍 ရုံးလိပ်စာ – အခန်း (၄၉) ၊ အမှတ် (၂၃၂)၊ Orchid ကွန်ဒို၊ အလုံလမ်း၊ ဗဟိုလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းကြား၊ အလုံမြို့နယ်၊ ရန်ကုန်။

✉️ Email – care@ngweyadanarpann.com



ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ ဆေးရုံကြီးများမှာ သွားရောက်ဆေးကုသမှုခံယူကြမယ့် လူနာများနှင့် မိသားစုဆွေမျိုးများအတွ...
25/11/2025

ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ ဆေးရုံကြီးများမှာ သွားရောက်ဆေးကုသမှုခံယူကြမယ့် လူနာများနှင့် မိသားစုဆွေမျိုးများအတွက် ဆေးရုံပိုင်းဆိုင်ရာနှင့် ဆေးကုသမှုပိုင်းဆိုင်ရာကိစ္စရပ်များသာမက၊ သွားလာနေထိုင်ရေးနှင့် တည်းခိုရေးအတွက်ပါ အကောင်းဆုံးကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ငွေရတနာပန်းနိုင်ငံတကာကျန်းမာရေးခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (Ngwe Yadanar Pann International Medical Tourism Company Limited) နှင့် Flymya (Flymya Tech Company Limited) တို့သည်
အကျိုးတူပူးပေါင်းခြင်းသဘောတူစာချုပ် (Partnership Agreement) ချုပ်ဆိုပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ကို ဆက်သွယ်လာတဲ့ လူနာများအတွက်
ဆေးကုသမှုခရီးစဉ်အတွက် တိုင်ပင်ဆွေးနွေးပေးခြင်း၊
မိမိရောဂါနှင့်သင့်တော်တဲ့ ဆေးရုံနှင့် ဆရာဝန်အကြုံပြုပေးခြင်း၊ ဆေးရုံရက်ချိန်းယူပေးခြင်း၊ ကုန်ကျစရိတ်ခန့်မှန်းတွက်ချက်ပေးခြင်းတို့ကို သက်ဆိုင်ရာဆေးရုံကြီးများနှင့် ချိတ်ဆက်ကာ ဝန်ဆောင်ခ အခမဲ့ (အခမဲ့) ဖြင့် ကူညီဆောင်ရွက်ပေးနေသလို ယခုအခါမှာတော့ ခရီးစဉ်အတွက် အရေးကြီးတဲ့ လေယာဉ်လက်မှတ်ဖြတ်ပေးခြင်းနှင့် တည်းခိုရန်ဟိုတယ်ရှာဖွေချိတ်ဆက်ပေးခြင်းတို့ကိုပါ ထပ်တိုး (အခမဲ့) ဝန်ဆောင်မှုပေးသွားတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

📞 ဖုန်းခေါ်ဆိုရန် – (+95) 9 740 022 544 / (+95) 9 945 000 858

📲 Viber ဆက်သွယ်ရန် – (+95) 9 740 022 544 / (+95) 9 945 000 858

📍 ရုံးလိပ်စာ – အခန်း (၄၉) ၊ အမှတ် (၂၃၂)၊ Orchid ကွန်ဒို၊ အလုံလမ်း၊ ဗဟိုလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းကြား၊ အလုံမြို့နယ်၊ ရန်ကုန်။

✉️ Email – care@ngweyadanarpann.com




✨ ကျေးဇူးတင်ရှိခြင်း ✨❐ ငွေရတနာပန်း နိုင်ငံတကာကျန်းမာရေးခရီးသွားဝန်ဆောင်မှုကုမ္ပဏီလီမိတက်မှ ဦးစီးကျင်းပသည့် မြန်မာ - ထို...
19/11/2025

✨ ကျေးဇူးတင်ရှိခြင်း ✨

❐ ငွေရတနာပန်း နိုင်ငံတကာကျန်းမာရေးခရီးသွားဝန်ဆောင်မှုကုမ္ပဏီလီမိတက်မှ ဦးစီးကျင်းပသည့် မြန်မာ - ထိုင်း - အိန္ဒိယ ကျန်းမာရေးဖိုရမ် ၂၀၂၅ ၏ မိတ်ဆုံညစာစားပွဲ၊ ကျန်းမာရေးအသိပညာမျှဝေပွဲနှင့် ဆွေးနွေးပွဲ အစီအစဉ်များကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။

ဤအခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက်

❐ တရားဝင်မိတ်ဖက်များအဖြစ် ပူးပေါင်းပါဝင်ပေးပါသော မန္တလေးမြို့ရှိ မြို့တော်ဆေးရုံ (City Hospital)၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဝေ့ဌာနီဆေးရုံကြီး (Vejthani International Hospital) နှင့် ဗွီးမွတ်ဆေးရုံကြီး (Vimut Hospital)၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Park Group of Hospitals, ရန်ကုန်မြို့ရှိ Care and Cure Advance Medical Tourism တို့အားလည်းကောင်း

❐ အခမ်းအနားဖြစ်မြောက်ရေးအတွက် စောင့်ရှောက်ကူညီပေးပါသော ကိုကြီးအေးနေဝင်းအားလည်းကောင်း

❐ ကျန်းမာရေးအသိပညာမျှဝေခြင်း အစီအစဉ်ကျင်းပရာ မြနန်းဘုံစံခန်းမ (ရတနာပုံခန်းမ) မှ တာဝန်ရှိလူကြီးမင်းများနှင့် ဝန်ထမ်းများအားလည်းကောင်း

❐ ဧည့်သည်တော် ဆရာဝန်ကြီးများနှင့် ဆေးရုံအဖွဲ့များတည်းခိုရန်၊ ညစာစားပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနားများကျင်းပရန် Glass House နှင့် Jade Hall တို့ကို အကောင်းဆုံးတာဝန်ယူစီစဉ်ပေးပါသော ibis Styles Mandalay Centre Hotel မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများအားလည်းကောင်း

❐ မိတ်ဆုံညစာစားပွဲသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပေးပါသော မြန်မာနိုင်ငံဆရာဝန်များအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ‌ ပါမောက္ခ ဒေါက်တာ ဦးခင်မောင်မြင့်၊ CAS'S Aesthetic Clinic ၏ Founder ဒေါက်တာ ကျော်မင်းထက်၊ မိတ်ဖက် ကုမ္ပဏီနှင့် ဆေးရုံကြီးများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အထူးကုဆရာဝန်ကြီးများအားလည်းကောင်း

❐ ကျန်းမာရေးဟောပြောပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနားများကို ကိုယ်တိုင်ကိုယ်ကျ အချိန်ပေးတက်ရောက်ပေးကြသော ကျန်းမာရေးမြတ်နိုးသူ မိဘပြည်သူများအားနှင့် ဖိတ်ကြားထားသော ဆွေမျိုးမိတ်သင်္ဂဟအပေါင်းအား လည်းကောင်း

❐ မှတ်တမ်းတင်ရိုက်ကူးပေးပါသော PT Production၊ LED တာဝန်ယူပေးပါသော ZARNI Electronic နှင့် အခမ်းအနားအပြင်အဆင်၊ စီစဉ်ခြင်းနှင့် အခမ်းအနားမှူးအဖြစ်ပါဝင်ပေးပါသော MC May နှင့် Shwe တို့အားလည်းကောင်း

❐ အခမ်းအနားဖြစ်မြောက်ရေးအတွက် နောက်ကွယ်ကနေ ပါဝင်ကူညီပေးကြသော NYP International ရဲ့ ရန်ကုန်အဖွဲ့သားများအားလည်းကောင်း

အချုပ်အားဖြင့် ဤအခမ်းအနားဖြစ်မြောက်ရေးအတွက် ကာယအား၊ ဉာဏအားဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြသော မိတ်သင်္ဂဟများအားလည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ မြန်မာ-ထိုင်း-အိန္ဒိယ ကျန်းမာရေးဖိုရမ် ၂၀၂၅ ၏ ကျန်းမာရေးအသိပည...
19/11/2025

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ မြန်မာ-ထိုင်း-အိန္ဒိယ ကျန်းမာရေးဖိုရမ် ၂၀၂၅ ၏ ကျန်းမာရေးအသိပညာ‌မျှဝေခြင်းအစီအစဉ်မှာ အခမ်းအနား၏ တရားဝင်မိတ်ဖက်ဆေးရုံတစ်ခု (Official Thai Hospital Partner) ဖြစ်သော
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဝေ့ဌာနီနိုင်ငံတကာဆေးရုံကြီး (Vejthani International Hospital) ၏ တာဝန်ရှိလူကြီးမင်းများက
ငွေရတနာပန်းနိုင်ငံတကာ ကျန်းမာရေးခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (Ngwe Yadanar Pann International Medical Tourism Company Limited) ၏ CEO ကိုရွှေကုဋေအောင်အား ကျေးဇူးတင်ဂုဏ်ပြုလွှာ ပေးအပ်ခဲ့ပါတယ်။

ဝေ့ဌာနီ နိုင်ငံတကာဆေးရုံကြီးဟာ ငွေရတနာပန်းနိုင်ငံတကာကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (Ngwe Yadanar Pann International Medical Tourism Company Limited) နှင့်အတူ
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel မှာ ပြုလုပ်ခဲ့တဲ့ International Health Talk အစီအစဉ်မှာလည်း
ပူးပေါင်းပါဝင်ခဲ့ဖူးပါတယ်။

ဝေ့ဌာနီနိုင်ငံတကာဆေးရုံကြီးနှင့် ငွေရတနာပန်းနိုင်ငံတကာ ကျန်းမာရေးခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်တို့အကြား
ဆထက်မကသော ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ
မြန်မာပြည်သူပြည်သားများအတွက် ယုံကြည်စိတ်ချရပြီး
ဘေးကင်းလုံခြုံသော ကျန်းမာရေး‌စောင့်ရှောက်မှုခရီးစဉ်များ
ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးပမ်းသွားမယ့်အကြောင်း အသိပေးအပ်ပါတယ်။

We are honored to receive a Certificate of Appreciation from Vejthani International Hospital, Bangkok.

This certificate was presented to Ngwe Yadanar Pann International Medical Tourism Company Limited in recognition of our support and for officially welcoming Vejthani Hospital as the Thai Hospital Partner for the Cross-Border Health Forum: Myanmar–Thailand–India 2025.

We extend our sincere thanks to the Vejthani International Hospital team for their professionalism and strong collaboration.

Ngwe Yadanar Pann International will continue building trusted international partnerships to deliver better healthcare access for the Myanmar community.

ငွေရတနာပန်းနိုင်ငံတကာ ကျန်းမာရေးခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (Ngwe Yadanar Pann International Medical Tourism Comp...
18/11/2025

ငွေရတနာပန်းနိုင်ငံတကာ ကျန်းမာရေးခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (Ngwe Yadanar Pann International Medical Tourism Company Limited) က ဦးစီးကျင်းပသည့် မြန်မာ-ထိုင်း-အိန္ဒိယ ကျန်းမာရေးဖိုရမ် ၂၀၂၅ ၏ ကျန်းမာရေးအသိပညာမျှဝေခြင်းအစီအစဉ်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ရှိ မြနန်းဘုံစံခန်းမ (ရတနာပုံခန်းမ) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ အထူးကုဆရာဝန်ကြီးများက ကျန်းမာခြင်းဆိုင်ရာဗဟုသုတများကို ဟောပြောမျှဝေပေးခဲ့ပါသည်။ ဤဖိုရမ်ဖြစ်မြောက်ရေးအတွက် ရန်ကုန်မြို့ရှိ Care and Cure Advance Medical Tourism၊ မန္တလေးမြို့ရှိ မြို့တော်ဆေးရုံ (City Hospital)၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဝေ့ဌာနီနိုင်ငံတကာဆေးရုံကြီး (Vejthani International Hospital) နှင့် ဗွီးမွတ်ဆေးရုံကြီး (Vimut Hospital) နှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Park Group of Hospitals တို့က တရားဝင်မိတ်ဖက် ကုမ္ပဏီ/ဆေးရုံများအဖြစ် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

ငွေရတနာပန်းနိုင်ငံတကာကျန်းမာရေးဝန်ဆောင်မှုကုမ္ပဏီလီမိတက်ကစီစဉ်သည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဝေ့ဌာနီဆေးရုံကြီး (Ve...
16/11/2025

ငွေရတနာပန်းနိုင်ငံတကာကျန်းမာရေးဝန်ဆောင်မှု
ကုမ္ပဏီလီမိတက်ကစီစဉ်သည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ
ဝေ့ဌာနီဆေးရုံကြီး (Vejthani International Hospital)နှင့်
ဗွီးမွတ်ဆေးရုံကြီး (Vimut Hospital)မှ အထူးကုဆရာဝန်ကြီးများနှင့် တစ်ဦးချင်းတိုင်ပင်ဆွေးနွေးသည့်အစီအစဉ်ကို
ယနေ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်က မန္တလေးမြို့၌
ပြုလုပ်ခဲ့ပါသည်။ ရှေ့ဆက်စစ်ဆေးကုသရမည့်နည်းလမ်းများနှင့် ကုန်ကျစရိတ်များကို ထိုင်းနိုင်ငံသို့ မသွားရောက်မှီ
ကြိုတင်သိရှိသွားကြတာမို့ များစွာအကျိုးရှိတဲ့
အစီအစဉ်ဖြစ်မယ်လို့ ယုံကြည်မိပါသည်။

မနက်ဖြန်ပြုလုပ်မယ့်ဟောပြောပွဲအတွက် အဆင့်သင့်ဖြစ်နေကြပါပြီ ခင်ဗျာ ..........We are now ready to welcome you to tomorrow’s...
15/11/2025

မနက်ဖြန်ပြုလုပ်မယ့်ဟောပြောပွဲအတွက်
အဆင့်သင့်ဖြစ်နေကြပါပြီ ခင်ဗျာ ..........

We are now ready to welcome you to tomorrow’s event.

Address

Ahlone Road
Yangon
11121

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Alerts

Be the first to know and let us send you an email when Ngwe Yadanar Pann International - Medical Tourism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category