သက်လုံ - Thet Lon

သက်လုံ - Thet Lon ပေါ့ပါးသွက်လက် ကျန်းမာလိုသူများအတွက် "သက်လုံ"

01/02/2026

Recovery Sunday - recovery နေ့တွေမှာ မြက်ခင်း ပေါ် jogging လေးပြေးခြင်း၊ လမ်းလျောက်ခြင်းက အတော်လေး အထောက်အကူပြုနိုင်ပါတယ်၊ အပြေးပွဲတွေ ဆက်နေတာမို့ အနည်းဆုံး တစ်ပါတ်တစ်ရက်လောက်တော့ ကိုယ်ရောစိတ်ပါ အနားပေးဖို့လည်းအရေးကြီးပါတယ်

YOMA Trail Series 2026 လာပါပြီ 🕶️
31/01/2026

YOMA Trail Series 2026 လာပါပြီ 🕶️

🔥 HYTR 2026 | YOMA Trail Series 🔥
📍 Hlaing Yoma, Taikkyi
🗓 7 March 2026

Register here👇🏻

https://forms.gle/QZPYvzXpo5q65WXR7

🎁 Register early and earn a FREE exclusive HYTR 2026 Edition Bandana — limited to the first 100 runners.

Bamboo forests, stream crossings, technical single tracks — and a legendary golden sunset.

Unlike most trail races in Myanmar, HYTR is HOT.
This is a true test of endurance, hydration, and mental toughness.

15 km | 30 km
500 m | 1,000 m elevation gain

⚠️ Not last year’s course.
Both 15 km and 30 km routes are completely new — redesigned to take you into more challenging, more technical trails than HYTR 2025.

HYTR 2026 is not just a trail race —
it’s a battle against terrain, heat, and yourself. 🔥🏃‍♂️

“Same heat. New suffering.” 😈

🎁 ပထမဆုံး စာရင်းသွင်းသူ အယောက် ၁၀၀ အတွက် HYTR 2026 Edition Bandana လေးလက်ဆောင် ပေးသွားမှာပါ။

ဝါးတောတွေကြား၊ စမ်းရေစီးချောင်းတွေကို ဖြတ်ကျော်ပြီး၊တောလမ်းကျဉ်း (Single Track) တွေပေါ်မှာ ကိုယ့် Skill ကို ထုတ်သုံးရင်း... ပန်းဝင်ချိန်မှာ စောင့်ကြိုနေမယ့် ရွှေရောင်နေဝင်ဆည်းဆာ အလှတရားမှာ စီးမြောရင်း ပြေးကြည့်ချင်လား။

ဒါပေမဲ့... HYTR က တခြား Trail ပွဲတွေနဲ့အနည်းငယ်ကွဲပြားတာတော့ ရှိတယ်။ အဲ့တာကတော့ ပူတာပါ၊ တကယ်ပူတာ။ ဒါဟာ မောပန်းမှုကို အံတုနိုင်စွမ်း၊ ရေဓာတ်ဖြည့်တင်းမှု စနစ်တကျရှိမှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို တကယ့်လက်တွေ့ စမ်းသပ်မယ့်ပွဲပါ။

Race Details
Distance: 15 km | 30 km

Elevation Gain: 500 m | 1,000 m

15km နှင့် 30km Trail လမ်းကြောင့် ၂ခုလုံးအတွက် HYTR 2025(1st Edition) ထက်ပိုပြီးစိန်‌‌ေခါ်မှုများတဲ့ လမ်းကြောင်းတွေဆီ Runner များကို ထပ်မံ ခေါ်ဆောင်သွားခွင့်ပြုပါ။ 😝

HYTR 2026 ဆိုတာ သာမန် Trail ပွဲတစ်ခု မဟုတ်ပါဘူး။ ဒါဟာ ခက်ခဲတဲ့ လမ်းကြောင်း၊ ပြင်းထန်တဲ့ အပူရှိန်နဲ့ ကိုယ့်ရဲ့စိတ်ဓာတ်ကို အနိုင်ယူရမယ့် တိုက်ပွဲတစ်ခုပါ။ 🔥🏃‍♂️

ကိုယ့်ခံနိုင်စွမ်းကို ကိုယ်တိုင်စမ်းသပ်ဖို့ အသင့်ပဲလား?



10 Mile Run အတွက် Register လုပ်ပြီးပီလား၊ စိတ်ပါရင် Pacer လည်းလျောက်လို့ရပါတယ်။ 🏃🏻🏃‍♀️🏃🏻‍♂️
27/01/2026

10 Mile Run အတွက် Register လုပ်ပြီးပီလား၊ စိတ်ပါရင် Pacer လည်းလျောက်လို့ရပါတယ်။ 🏃🏻🏃‍♀️🏃🏻‍♂️

KBZ Community 10-Mile Run 2026
Register link...
www.myanrun.com

Pacers များအလိုရှိသည်!!!

လာမည့် KBZ Community 10-Mile Run 2026 ပြိုင်ပွဲအတွက် စေတနာ့ဝန်ထမ်း pacer (ပြေးနှုန်းထိန်းသူ) ၁၂ ဦး (အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦး) ရွေးချယ်ခေါ်ယူနေပါပြီ။
ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် သု၀ဏ္ဏ အမျိုးသား မိုးလုံလေလုံ အားကစားရုံ အမှတ် (၁) ၌ ကျင်းပမည်ဖြစ်ပြီး pacer အဖြစ်ပါ၀င်ဆောင်ရွက်ရမည့် အကွာအဝေးမှာ ၁၀ မိုင် (၁၆.၀၉ ကီလိုမီတာ) ဖြစ်ပါသည်။
ဤတာဝန်သည် ပြိုင်ပွဲ၀င် အပြေးသမားများအား အရှိန်နှုန်း တည်ငြိမ်ပြီး အတက်အကျများ လွန်းခြင်းများ မဖြစ်စေရန် ထိန်းသိမ်းပေးရန်ဖြစ်ပြီး ပြိုင်ပွဲ၀င်မျာအန္တရာယ် ကင်းစွာ ဖြင့် ပြိုင်ပွဲ ပြီးဆုံး အောင်မြင်စွာ ပြေးနိုင်ရန်အတွက် အလွန်အရေးပါပါသည်။
ပြေးနှုန်းအုပ်စုများနှင့် လိုအပ်သည့်ဦးရေ
အောက်ပါပြေးနှုန်းအသီးသီးအတွက် pacer လေးဦးစီ (အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး) ခေါ်ယူပါမည်။

• 6.0 min/km
• 6.5 min/km
• 7.0 min/km

Pacer များအတွက် လိုအပ်ချက်များ
• စွမ်းရည်၊ လျှောက်ထားသူများသည် ၎င်းတို့၏သတ်မှတ်ပြေးနှုန်းကို ပြိုင်ပွဲတလျောက်လုံး အတက်အကျမရှိပဲ တသမတ်တည်း ထိန်းသိမ်းနိုင်ရပါမည်။ ပုံမှန်စံနှုန်းအရ သတ်မှတ်ပြေးနှုန်းထက် အနည်းဆုံး ၁၀% ပိုမြန်အောင် ပြေးနိုင်စွမ်းရှိသင့်ပါသည်။
• အရည်အသွေး၊ အတွေ့အကြုံရှိပြီး အခြားသူများကို ပြိုင်ပွဲတစ်လျှောက် အားပေး စကား ပြော ဆိုကာ တွန်းအားပေးနှိုးဆော်နိုင်မည့်သူဖြစ်ရပါမည်။
• ပါဝင်မှု၊ လျှောက်ထားသူများသည် ကျန်ရှိနေသေးသော ပြိုင်ပွဲမတိုင်မီ RUNderful Myanmar မှ အပတ်စဉ်ကျင်းပနေသည့် ၁၀ မိုင် စိန်ခေါ်ပွဲ တိုင်းတွင် ပါဝင်နိုင်ရမည်ဖြစ်ပြီး၊ ၎င်းတို့လျှောက်ထားသည့် သတ်မှတ်ပြေးနှုန်းကို ပြိုင်ပွဲတလျောက်လုံး အတက်အကျမရှိပဲ တသမတ်တည်းထိန်းပြေးနိုင်ကြောင်း သက်သေပြနိုင်ရပါမည်။
• ပစ္စည်းကိရိယာ၊ pacer အားလုံးသည် ပြိုင်ပွဲတလျောက်လုံး အလွန်ပေါ့ပါးသည့် ကာဗွန်ဖိုင်ဘာကဲ့သို့ ပစ္စည်းဖြင့်ပြုလုပ်ထားသည့် pacer အလံတိုင်၊ pacer ကျောပိုးအိတ်နှင့် ၎င်းတို့၏သတ်မှတ်အချိန်ကို ပြသထားသည့် မြင်သာထင်သာရှိသော pacer အလံတစ်ခု တို့ကို သယ်ဆောင်၀တ်ဆင်ရမည်ဖြစ်ပါသည်။

Pacer အကျိုးခံစားခွင့်များနှင့် လက်ဆောင်များ...
သင်တို့၏ ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ရွေးချယ်ခံရသော pacer များအားလုံး အောက်ပါတို့ကို ရရှိကြပါမည်-
• အခမဲ့ဝင်ခွင့်၊ ပြိုင်ပွဲအတွက် အခမဲ့ စာရင်းသွင်းခွင့်။
• အမှတ်တရ Pacer Bib၊ ပါဝင်သူအားလုံးက သင်သည် တရားဝင် pacer ဖြစ်ကြောင်း သိရှိနိုင်ရန် ဖေါ်ပြထားသည့် Bib (ရင်ဘတ်နံပါတ်ပြား)။
• Pacer တီရှပ်၊ အခြားအပြေးသမားများနှင့် ခွဲခြားသိမြင်နိုင်စေရန် မြင်သာထင်သာရှိသော တီရှပ်။
• ပြိုင်ပွဲအပြီး အကျိုးခံစားခွင့်များ၊ သတ်မှတ်ထားသည့် အကွာအဝေးကို အချိန်ကန့်သတ်ချက်အတွင်း အောင်မြင်စွာ ပြီးဆုံးသည့် အခြားပါဝင်သူများကဲ့သို့ပင် အားဖြည့်အချိုရည်များ၊ ပန်း၀င်တီရှပ်နှင့် ဆုတံဆိပ်များ၊ ထို့အပြင် အခြားသူများ ပန်းတိုင်သို့ ဘေးကင်းစွာ ပန်း၀င်နိုင်အောင် ကူညီပေးရခြင်းမှ ရရှိမည့် ကျေနပ်ပီတိ ခံစားချက်များ။
• ဂုဏ်ပြုမှတ်တမ်းလွှာ၊ အပြေးသမားများကို ၎င်းတို့၏ပန်းတိုင်သို့ ဦးဆောင်ရာတွင် ပါဝင်သည့်အခန်းကဏ္ဍအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ/အသိအမှတ်ပြုလက်မှတ်၊ ၎င်းသည် ပြိုင်ပွဲအောင်မြင်မှုအတွက် သင်၏ အရေးပါသည့်ပံ့ပိုးကူညီမှုအတွက် အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ပြသသည့်သင်္ကေတတစ်ခုလည်း ဖြစ်ပါသည်။
လာမည့် KBZ Community 10-Mile Run 2026 တွင် pacer အဖြစ်ပါ၀င်ပံ့ပိုးကူညီလိုသူများ ဖေဖေါ်၀ါရီလ ၆ရက် ၂၀၂၆ ထက်နောက်မကျစေပဲ ဦးအောင် (ဖုန်း- ၀၉ ၅၀၀ ၆၆၄၅) အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။

Pacers wanted!!!

We are recruiting 12 volunteer pacers (9 males and 3 females) for 10-mile distance race of the upcoming KBZ Community 10-mile Run 2026 to be held on 21 March 2026 at Thuwanna National Indoor stadium (1). This role is vital for guiding runners at consistent speeds and ensuring a successful race experience.

Pace Groups & Slots
We are looking for four pacers (3 male, 1 female) for each of the following target paces:
• 6.0 min/km (Fast)
• 6.5 min/km (Steady)
• 7.0 min/km (Leisurely)

Pacer Requirements
• Ability: Applicants must be able to maintain their target pace consistently and comfortably; standard practice suggests being able to run the distance at least 10% faster than the target.
• Attributes: We seek experienced runners with selfless personalities who enjoy motivating others and providing cheers and high-fives throughout the course.
• Participation: Applicants MUST be able to take part in every remaining pre-race 10-mile challenge (weekly) and prove their consistency and competency to be a pacer for specific pace they apply for.
• Equipment: All pacers will be provided with a lightweight pacer backpack featuring e.g., a carbon-fiber flagpole and a high-visibility pacer flag showing their target time.
Pacer Benefits & Swag
In recognition of your contribution, all recruited pacers will receive:
• Complimentary Entrance: Free registration for the event.
• Souvenir Pacer Bib: A custom bib identifying you as an official pacer to all participants.
• Exclusive Pacer T-Shirt: A high-visibility shirt to distinguish you from other runners.
• Post-Race Perks: Refreshments, finisher t-shirts and medal like other participants who successfully complete the dedicated distance within its cut-off time and the "warm fuzzies and feeling of fulfillment" from helping others hit their goals.
• Appreciation certificate: An appreciation/recognition certificate in honor of your role in leading runners to their goals, which also serves as a token of gratitude for your dedication and contribution to the race's success.
Those who are interested to be a pacer in the upcoming KBZ Community 10-Mile Run 2026 please contact U Aung at 09 500 6645 before 6 February 2026

22/01/2026

Inle100 ပါဝင်ယှဉ်ပြိုင်ခဲ့သူအားလုံး Congratulations 🎉 ပါ။ သက်လုံအဖွဲ့သားတွေ ရဲ့ ကီလို ၆၀ လမ်းကြောင်း အမှတ်တရလေး တင်ပေးလိုက်ပါတယ်၊ INLE 100 ပွဲစီစဉ်သူများ၊ Volunteer များ၊ မိတ်ဖွဲ့များအားလုံးကို ကျေးဇူးတင်ပါတယ်။
📸ကိုအာလူး

18/01/2026

Thet Lon Podcast -Champion Life

ရွှေတံဆိပ်ဆုရှင် ဆရာမဒေါ်မာမာမင်းရဲ့ Championဘဝလေ့ကျင့်ခဲ့ပုံ၊ အခက်အခဲတွေကျော်လွှားခဲ့ပုံနဲ့တကွ အားကစားဝါသနာရှင်များအတွက် ဝေမျှသင်ပြချက်တွေ နားဆင်ရမှာဖြစ်ပါတယ်။

သက်လုံက စုစည်းတင်ပြတဲ့ contentတွေကို YouTube, Instagram, TickTok အစရှိတဲ့ platformတွေမှာလည်း ကြည့်ရှု့နိုင်ပါတယ်။

Thet Lon

#အပြေး #သက်လုံ

17/01/2026

Inle 100 shake out Fun Run

17/01/2026

Inle100 ပွဲ အတွက် ညောင်ရွှေ က ကြိုဆိုပါတယ်။

16/01/2026

Champion Life Trailer -03

- လူလတ်ပိုင်းအာကစားဝါသနာရှင်တွေ ဘယ်လိုစတင်လေ့ကျင့်မလဲ
- ဝါသနာရှင်တွေဘယ်လောက်အထိ challengeလုပ်လို့ရလဲ၊ သင့်တော်သလဲ
- ဝါသနာရှင်အပြေးသမားတွေအတွက် championတစ်ယောက်ရဲ့အကြံပြုချက်များ

စတဲ့အချက်တွေအပါအဝင် ရွှေတံဆိပ်ဆုရှင်ဆရာမဒေါ်မာမာမင်းရဲ့ဝေမျှသင်ပြချက်တွေ မကြာခင်နားဆင်ရတော့မှာဖြစ်ပါတယ်။

#အပြေး #သက်လုံ

15/01/2026

Champion Life Trailer -02

- စိတ်ကိုဘယ်လိုထားသလဲ
- ဘယ်လိုကြံ့ခိုင်မှုတွေနဲ့ ဘယ်လိုပြင်ဆင်ခဲ့ကြရသလဲ
- Championအားကစားသမားတစ်ယောက်အတွက် မျှော်လင်ချက်အိပ်မက်

စတဲ့အချက်တွေအပါအဝင် ရွှေတံဆိပ်ဆုရှင်ဆရာမဒေါ်မာမာမင်းရဲ့ဝေမျှသင်ပြချက်တွေ မကြာခင်နားဆင်ရတော့မှာဖြစ်ပါတယ်။

#အပြေး #သက်လုံ

14/01/2026

Champion Life Trailer -01

- ရွှေတံဆိပ်ဆုရှင်Championအားကစားသမားတစ်ယောက်ရဲ့ဘဝအတွေ့အကြုံ
- ပြိုင်ပွဲတွေမှာ ဘယ်လိုခက်ခက်ခဲခဲတွေကြိုးစားခဲ့ရပုံ
- ဘာတွေဘယ်လိုသတိထားသင့်ပုံ

စတဲ့အချက်တွေအပါအဝင် ရွှေတံဆိပ်ဆုရှင်ဆရာမဒေါ်မာမာမင်းရဲ့ဝေမျှသင်ပြချက်တွေ မကြာခင်နားဆင်ရတော့မှာဖြစ်ပါတယ်။

#အပြေး #သက်လုံ

Address

Yangon
11131

Website

Alerts

Be the first to know and let us send you an email when သက်လုံ - Thet Lon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to သက်လုံ - Thet Lon:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram