05/02/2026
အားလုံးပဲ မင်္ဂလာညခင်းလေးပါ 🫶🏻NAPS -Myanmar မှ ပြန်လည်ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ လူတွေမှာ အဖြစ်များတဲ့ သွေးအားနည်း ရောဂါအကြောင်းကို ဝေမျှသွားမှာပဲ ဖြစ်ပါတယ်။
Anemia(သွေးအားနည်းရောဂါ)
📍Anemia က ဘာလဲ။ဘယ်လိုမျိုးလဲ။❓🤔
🔬သင်တို့ရဲ့ခန္တာကိုယ်ထဲမှာရှိနေတဲ့သွေးတွေက delivery serviceလုပ်ငန်းတစ်ခုလိုပါပဲ။
Oxygenကိုသယ်ယူပို့ဆောင်ဖို့အတွက် ခန္တာကိုယ်ထဲမှာ ကျန်းမာတဲ့သွေးနီဥဆဲလ်တွေ
လုံလုံလောက်လောက်မရနိုင်တဲ့ အခြေအနေမှာ Anemiaရောဂါဖြစ်တတ်ပါတယ်။
🖇ရောဂါလက္ခဏာများ
╭☞ပင်ပန်းနွမ်းနယ်၍ အားမရှိသလိုခံစားရခြင်း
╭☞အသားအရေ၊နှုတ်ခမ်း၊လက်သည်းများ အရောင်ဖျော့နေခြင်း
╭☞ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်း
╭☞အသက်ရှူမဝခြင်း
╭☞နှလုံးခုန်မြန်ခြင်း
🔗Anemiaဖြစ်စေသောအကြောင်းအရင်းများ
➜သံဓာတ်အားနည်းခြင်း
➜ဗီတာမင် B 12 ချို့တဲ့ခြင်း
➜သွေးဆုံးရှုံးမှုများခြင်း(ဥပမာ-သွေးပမာဏများပြားစွာရာသီလာခြင်း၊သွေးထွက်သံယို
ထိခိုက်ဒဏ်ရာရရှိခြင်း)
👀Anemiaကိုဘယ်လိုလူတွေက ပိုခံစားရနိုင်သလဲ။
➝ကလေးသူငယ်များနှင့် ဆယ်ကျော်သက်အရွယ်များ
➝ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ရာသီသွေးဆင်းများသောအမျိုးသမီးများ
➝အစာအာဟာရချို့တဲ့သူများ
🔑ဘယ်လိုနေထိုင်စားသောက်တာက အကောင်းဆုံးဖြစ်မလဲ။
☞ဟင်းနုနွယ်ရွက်၊ပဲအမျိုးမျိုး၊ဥများ၊အသည်းနှင့်အနီရောင်ရှိသောအသားများကဲ့သို့သံဓာတ်ကြွယ်၀စွာပါဝင်သောအစားအစာများစားသုံးပေးခြင်း။
☞လိမ္မော်သီး၊ခရမ်းချဉ်သီးကဲ့သို့ ဗီတာမင်စီပါ၀င်သောအသီးအနှံများစားသုံးခြင်း။
☞ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှုများ ပုံမှန်လုပ်ဆောင်ခြင်း။
☞နားလည်တတ်ကျွမ်းသော ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုပေးသူများ၏ ညွှန်ကြားချက်ဖြင့် ဖြည့်စွက်စာများသောက်သုံးခြင်း။
⭕️ဘယ်အချက်တွေကိုရှောင်ရှားရမလဲ။
💬ဆေးလိပ်သောက်ခြင်း၊အရက်သေစာအလွန်အကျွံသောက်စားခြင်း။
💬အာဟာရပါဝင်မှုနည်းပါးပြီး ကိုလက်စထရောပါဝင်သောအစာများစားခြင်း။
💬ပြင်းထန်၍ရှည်ကြာသောအစာရှောင်ခြင်းများ။
အဲ့တာကြောင့်Anemiaလို့ခေါ်တဲ့သွေးအားနည်းရောဂါကို စောစီးစွာကုသခြင်းနှင့် သင့်လျော်ညီညွတ်မျှတသောအာဟာရများဖြင့်သာ ကာကွယ်ကုသနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင် Anemia နဲ့ပက်သက်တဲ့ သိသင့်စရာတွေ ကို ဖတ်ရှုလေ့လာပြီးပြီ ဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်ရဲ့ မိတ်ဆွေတွေက်ို ပြန်လည်မျှဝေနိုင်ပါပြီလို့ ယုံကြည်ပါတယ်။ အခြာသော ကျန်းမာရေး knowledage တွေကိုလည်း သိရအောင် NAPS -Myanmar ကို Like and follow လေး လုပ်ထားပါဦးနော်
"Healthy blood, healthier life"