CalBone K2 Myanmar

CalBone K2 Myanmar အရိုးကျန်းမာစိတ်ချမ်းသာ CalBone K2 ကိုမှီဝဲပါ

နို့မသောက်သူတွေအတွက် Calcium ဘယ်လိုရယူမလဲ?အရိုးနဲ့ သွားတွေ သန်မာဖို့အတွက် ကယ်လ်စီယမ်ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ နို့နဲ့မတည့...
01/04/2026

နို့မသောက်သူတွေအတွက် Calcium ဘယ်လိုရယူမလဲ?

အရိုးနဲ့ သွားတွေ သန်မာဖို့အတွက် ကယ်လ်စီယမ်ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ နို့နဲ့မတည့်သူတွေ ဒါမှမဟုတ် သတ်သတ်လွတ်စားသူတွေအနေနဲ့ အောက်ပါအစားအစာတွေကနေ ကယ်လ်စီယမ်ဓာတ်ကို ပြည့်ဝစွာ ရရှိနိုင်ပါတယ်။

၁။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ 🌿
ကိုက်လန် (Kale)၊ ပန်းဂေါ်ဖီစိမ်း (Broccoli)၊ ကန်စွန်းရွက်နဲ့ မုန်ညင်းရွက်တို့မှာ ကယ်လ်စီယမ်ဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။ ဒါ့အပြင် အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ Vitamin K လည်း ပါဝင်လို့ အလွန်ဆေးဖက်ဝင်ပါတယ်။

၂။ ပဲအမျိုးမျိုးနှင့် တို့ဖူး (Tofu) 🫘
တို့ဖူးဟာ နို့မသောက်သူတွေအတွက် အကောင်းဆုံး ကယ်လ်စီယမ် အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ကုလားပဲ၊ ပဲနီလေးနဲ့ ပဲစင်းငုံတို့ဟာလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။

၃။ အရိုးပါစားနိုင်တဲ့ ငါးသေးသေးလေးများ 🐟
ငါးသေတ္တာငါးနဲ့ ငါးအသေးလေးတွေကို အရိုးပါ ဝါးစားခြင်းက ကယ်လ်စီယမ်ဓာတ်ကို တိုက်ရိုက်ရရှိစေပါတယ်။ ငါးလေးတွေကို ဟင်းချက်စားတာ ဒါမှမဟုတ် ကြော်စားတာမျိုးက အရိုးကို ပိုမိုသန်မာစေပါတယ်။

၄။ အစေ့အဆန်များနှင့် အခွံမာသီးများ 🥜
နှမ်းစေ့၊ အယ်လ်မွန်စေ့ (Almond) နဲ့ ဖရုံစေ့တို့ဟာ အဆာပြေစားရင်းနဲ့ ကယ်လ်စီယမ် ရရှိစေမယ့် အစားအစာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် နှမ်းစေ့ တစ်ဇွန်းစာမှာတောင် ကယ်လ်စီယမ်ဓာတ် သိသိသာသာ ပါဝင်နေတာကို တွေ့ရပါတယ်။

၅။ အားဖြည့်ထားသော အစားအစာများ (Fortified Foods) 🍊
ကယ်လ်စီယမ်ဓာတ် အပိုဆောင်း ထည့်သွင်းထားတဲ့ ပဲနို့၊ အယ်လ်မွန်နို့၊ အုတ်ဂျုံ (Oatmeal) နဲ့ လိမ္မော်ရည်တို့ကို နို့အစားထိုးအဖြစ် သောက်သုံးနိုင်ပါတယ်။

🦵🦴အရိုးနဲ့ သွားတွေ သန်မာဖို့အတွက် နို့တစ်မျိုးတည်းကိုပဲ အားကိုးနေစရာ မလိုပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလွယ်တကူ ရရှိနိုင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုးနဲ့ ငါးအသေးလေးတွေကို မျှတအောင် စားသုံးပေးခြင်းဖြင့်လည်း လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်ကို ပြည့်ဝစွာ ရရှိနိုင်ပါတယ်။ အရေးကြီးတာက ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်က ထိရောက်စွာ စုပ်ယူနိုင်ဖို့ ဗီတာမင် ဒီ (Vitamin D) ရရှိအောင်လည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီလို နည်းလမ်းမျိုးစုံနဲ့ အရိုးကျန်းမာရေးကို စနစ်တကျ ထိန်းသိမ်းခြင်းက အသက်အရွယ်ရလာတဲ့အခါ ဖြစ်တတ်တဲ့ အရိုးပွရောဂါနဲ့ အရိုးကျိုးလွယ်တဲ့ အန္တရာယ်တွေကနေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

💙တကယ်လို့ မိမိစားသုံးတဲ့ အစားအစာတွေထဲမှာ ကယ်လ်စီယမ်ဓာတ် မလုံလောက်မှာကို စိုးရိမ်တယ်ဆိုရင်တော့ CalBone K2 လို အရိုးအားဖြည့် ဖြည့်စွက်စာက အကောင်းဆုံး အထောက်အကူပြုနိုင်ပါတယ်💙

👉CalBone K2 မှာ အရိုးအတွက် လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်သာမက၊ ၎င်းကို စုပ်ယူနိုင်စွမ်းရှိစေတဲ့ Vitamin D3 နဲ့ ကယ်လ်စီယမ်တွေကို အရိုးထဲကို တိုက်ရိုက်ရောက်ရှိအောင် ပို့ဆောင်ပေးတဲ့ Vitamin K2 တို့ စနစ်တကျ ပေါင်းစပ်ပါဝင်ပါတယ်။ ဒါ့အပြင် ကယ်လ်စီယမ်တွေ သွေးကြောထဲမှာ တင်ကျန်ပြီး ထုံးဓာတ်ဖြစ်တာမျိုး မရှိအောင် Vitamin K2 က ကူညီပေးတဲ့အတွက် နှလုံးနဲ့ သွေးကြောကျန်းမာရေးအတွက်ပါ စိတ်ချရပါတယ်။

ကျန်းမာသန်စွမ်းတဲ့ အရိုးအဆစ်တွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် CalBone K2 နဲ့အတူ ယနေ့ကစပြီး ဂရုစိုက်လိုက်ပါခင်ဗျာ။
#ကျန်းမာရေးဗဟုသုတ #အရိုးပွရောဂါကာကွယ်ပါ #အရိုးသန်မာဖို့CalboneK2 #အရိုးပွ #ကယ်လ်စီယမ် #နွားနို့

အရိုးပွရောဂါ ကာကွယ်ဖို့ Calbone K2 ဆောင်ထားစို့✨🦴 အရိုးပွရောဂါဆိုတာ နာကျင်မှ သိရတာမျိုး မဟုတ်တာကြောင့်လူအတော်များများက အ...
29/03/2026

အရိုးပွရောဂါ ကာကွယ်ဖို့ Calbone K2 ဆောင်ထားစို့✨
🦴 အရိုးပွရောဂါဆိုတာ နာကျင်မှ သိရတာမျိုး မဟုတ်တာကြောင့်
လူအတော်များများက အရိုးပွတာကို အသက်ကြီးမှဖြစ်တာ၊ ဒါမှမဟုတ် အရိုးကျိုးတော့မှ သိကြတာမျိုးဖြစ်ပါတယ်။ တကယ်တော့ အသက် ၃၀ ကျော်တာနဲ့ အရိုးထုထည်ဟာ တဖြည်းဖြည်း လျော့နည်းလာတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

✅ ဘာကြောင့် Calbone K2 ကို ရွေးချယ်သင့်တာလဲ?
👉Calciumပါဝင်တာကြောင့် အရိုးတည်ဆောက်ဖို့ အဓိကလိုအပ်တဲ့ဓာတ်တွေကို လုပ်ဆောင်ပေးတယ်။
👉Vitamin D3ကနေ Calcium ကို ခန္ဓာကိုယ်ထဲ စုပ်ယူနိုင်အောင် ကူညီပေးနိုင်တယ်။
👉Vitamin K2ကနေ Calcium ကို အရိုးထဲကို သွားစေပြီး သွေးကြောထဲ မတင်အောင် ကူညီပေးပါတယ်။
👉 ဒီလိုပေါင်းစပ်မှုကြောင့် အရိုးပွ ဖြစ်နိုင်ခြေ လျော့စေတယ်၊အရိုးကျိုးလွယ်မှုကို ကာကွယ်ပေးပြီး အရိုးကို ပိုမိုခိုင်မာစေပါတယ်။

ဒါကြောင့် အသက် ၄၀ ကျော်သူများအနေနဲ့ အရိုးသိပ်သည်းဆ လျော့နည်းလာတာ ကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ Calbone K2 ကို ဆောင်ထားသင့်ပါတယ်။
ဒါ့အပြင် ရုံးထိုင်အလုပ်လုပ်သူတွေနဲ့ နေရောင်ခြည်သိပ်မရသူတွေအတွက် Vitamin D3 နဲ့ Calcium ဖြည့်စွက်ဖို့ လိုအပ်ပါတယ်။
အရိုးပွနှုန်း အရမ်းမြန်တဲ့အချိန်ဖြစ်လို့ Calbone K2 က အကောင်းဆုံး အဖော်မွန်ဖြစ်စေပါတယ်။
"အရိုးကျိုးမှ ကုသတာထက် မကျိုးခင် ကြိုတင်ကာကွယ်တာက ပိုပြီး စိတ်ချရသလို ကုန်ကျစရိတ်လည်း ပိုသက်သာစေပါတယ်"
မခိုင်မာတဲ့ အရိုးတွေနဲ့ အိုမင်းခြင်းကို မရင်ဆိုင်ဘဲ Calbone K2 နဲ့အတူ သန်မာတဲ့ အနာဂတ်ကို တည်ဆောက်လိုက်တော့နော်✨✨✨

#အရိုးပွရောဂါကာကွယ်ပါ #ကျန်းမာရေးဗဟုသုတ #အရိုးသန်မာဖို့CalboneK2

အရိုးပွနေရင် ဘာတွေရှောင်ကြဉ်သင့်လဲ🤔?🦴အရိုးပွရောဂါ (Osteoporosis) ခံစားနေရသူများအနေနဲ့ အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်တ...
24/03/2026

အရိုးပွနေရင် ဘာတွေရှောင်ကြဉ်သင့်လဲ🤔?

🦴အရိုးပွရောဂါ (Osteoporosis) ခံစားနေရသူများအနေနဲ့ အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အချက်များကို ရှောင်ကြဉ်ရန် အလွန်အရေးကြီးပါတယ်။ အရိုးပွခြင်းဟာ အရိုးများပါးလွှာလာပြီး ကျိုးလွယ်စေတဲ့ အခြေအနေဖြစ်တာမို့ သေချာစွာ ဂရုစိုက်ကုသမှုခံယူဖို့နဲ့ နေ့စဉ်စားသောက်မှုပုံစံကိုလည်း သတိပြုရန် လိုအပ်ပါတယ်။
အောက်မှာဖော်ပြထားတဲ့ အစာအစားများ လွန်ကဲစာစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

သကြားနှင့် အချိုဓာတ်လွန်ကဲသော အစားအစာများ🧁🍪
ကိတ်မုန့်၊ ကွတ်ကီး၊ အချိုရည် စတဲ့ အချိုဓာတ်လွန်ကဲတဲ့ အစားအစာများကို ရှောင်သင့်ပါတယ်။ သကြားဓာတ် ပါဝင်မှုများတဲ့ အစားအစာတွေထက် သစ်သီးအချိုများ သို့မဟုတ် ပျားရည်စစ်စစ်ကဲ့သို့ သဘာဝအချိုဓာတ်ကို ရွေးချယ်စားသုံးနိုင်ပါတယ်။

ဆား (သို့) အငန်ဓာတ် လွန်ကဲတဲ့ အစားအစာများ🍳
ဆားကို အလွန်အကျွံစားသုံးခြင်းဟာလည်း အရိုးများမှ ကယ်လ်စီယမ် ဆုံးရှုံးမှုကို တိုးပွားစေပါသည်။ ဒါကြောင့် ဆားနဲ့ အငန်ဓာတ်လွန်ကဲတဲ့ အစားအစာတွေကို လျှော့စားသင့်ပါတယ်။

အော်ဂဲနစ်မဟုတ်တဲ့ အစားအစာများ
ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲထားတဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ အထူးပြုပြင်ထားတဲ့ ready-made အစားအစာတွေဟာ အရိုးသိပ်သည်းဆကို လျော့နည်းစေနိုင်ပါတယ်။

ဆီကြော်စာများ🧀🥟
ဆီကြော်စာများ၊ အနီရောင်အသား၊ ချိစ်၊ ကြက်ဥကြော်၊ ထောပတ်နဲ့ အဆီများတဲ့ အစားအစာတွေဟာ အရိုးပွခြင်းကြောင့်ဖြစ်ပေါ်တဲ့ နာကျင်မှုတွေကို ပိုဆိုးစေနိုင်တာမို့ ရှောင်ကြဉ်သင့်ပါတယ်။ အဲဒီအစား ပြုတ်၊ ချက် သို့မဟုတ် ပေါင်းထားသော အစားအစာများကို စားသုံးသင့်ပါတယ်။

အယ်လ်ကိုဟောနဲ့ ဆေးလိပ်🍺🚭
အယ်လ်ကိုဟော သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း ကလည်း အရိုးပွသူတွေ ခံစားနေရတဲ့ ဝေဒနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အယ်လ်ကိုဟောကို ရှောင်ဖို့ လိုပါမယ်။

ပေါင်မုန့် အဖြူ🍞
သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေကိုစားသုံးပါက အရိုးပွတာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေ အစား ဂျုံကြမ်း ပေါင်မုန့်လိုမျိုးကို ရွေးချယ် စားပေးပါ။

အထက်မှာဖော်ပြထားတဲ့ အစားအသောက်တွေအစား Calcium နဲ့ Vitamin D ဓာတ်တွေကြွယ်ဝတဲ့ အစားအစာတွေစားတာ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာ၊ အရက်သောက်, ဆေးလိပ်သောက်ခြင်း စတဲ့ အလေ့အကျင့်တွေကို ရှောင်ကြဉ်ခြင်းအားဖြင့် အရိုးပွခြင်းနဲ့ အခြားရိုးကျန်းမာရေးကြောင့် ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။
👉ဒါ့အပြင် CalBone K2 ဟာ အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ဖြည့်စွက်စာတစ်မျိုး ဖြစ်ပါတယ်။ တစ်နေ့ကို တစ်လုံးသောက်သုံးရုံနဲ့ Calcium 800mg အပြင် Vitamin K2, D3 နဲ့ Magnesium တို့ကိုလည်း ကြွယ်ဝစွာ ရရှိစေမှာ ဖြစ်ပါတယ်။ ဒီလို အာဟာရဓာတ်ပေါင်းစုံ ပါဝင်တာကြောင့် အရိုးပါးတာ၊ အရိုးပွတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို သက်သာစေပြီး အရိုးကျန်းမာရေးကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် 💪💙
#အရိုး #အရိုးပွ #အရိုးကျန်းမာရေး #ကျန်းမာရေးဗဟုသုတ #အရိုးပွရောဂါ #ကယ်လ်စီယမ် #ပရိုတင်း #အာဟာရ

"သင့်လက်ဖဝါးက ပြောနေတဲ့ ကျန်းမာရေးလက္ခဏာများ (သို့) ကိုယ်တွင်းရောဂါ အချက်ပေးသံများ"ကျွန်တော်တို့ရဲ့ လက်တွေဟာ နေ့စဉ်ဘဝမှာ...
17/03/2026

"သင့်လက်ဖဝါးက ပြောနေတဲ့ ကျန်းမာရေးလက္ခဏာများ (သို့) ကိုယ်တွင်းရောဂါ အချက်ပေးသံများ"

ကျွန်တော်တို့ရဲ့ လက်တွေဟာ နေ့စဉ်ဘဝမှာ အရေးပါရုံတင်မကဘဲ ခန္ဓာကိုယ်တွင်းက ကျန်းမာရေးအခြေအနေတွေကို ဖော်ပြပေးနေတဲ့ မှန်ချပ်တစ်ခုလည်း ဖြစ်ပါတယ်။ လက်ဖဝါးရဲ့ အရောင်အဆင်းနဲ့ အပြောင်းအလဲတွေကို ကြည့်ပြီး ကိုယ်တွင်းရောဂါလက္ခဏာတွေကို ကြိုတင်ခန့်မှန်း သိရှိနိုင်ပါတယ်ခင်ဗျာ။

မိမိတို့ရဲ့ လက်ဟာ ဘယ်လောက်အထိ အရေးပါသလဲ၊ လက်ဖဝါးကို ကြည့်ပြီး ကျန်းမာရေးကို ဘယ်လိုဆန်းစစ်မလဲ စတဲ့ သိမှတ်ဖွယ်ရာတွေကို ထိခိုက်ဒဏ်ရာ၊ အရိုးအကြောအဆစ်နှင့် လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးစိုးနိုင် မှ ရေးသားထားပါတယ်။

ဆရာဝန်ကြီးရဲ့ တန်ဖိုးရှိလှတဲ့ ဆေးပညာဆိုင်ရာ ဗဟုသုတတွေကို မိဘပြည်သူများ ဗဟုသုတရစေဖို့အတွက် CalBone K2 Myanmar မှ အလေးအနက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ 🥰✅💙
#အရိုးကျန်းမာရေး #ကျန်းမာရေးဗဟုသုတ #ကယ်လ်စီယမ် #အရိုးပွရောဂါ #အရိုး #အရိုးပွ

အရိုးကျန်းမာရေးအတွက် ပရိုတင်းက ဘယ်လောက်အရေးပါလဲ❓လူအတော်များများဟာ အရိုးသန်မာဖို့ဆိုရင် ကယ်လ်စီယမ် (Calcium) နဲ့ ဗီတာမင် ...
14/03/2026

အရိုးကျန်းမာရေးအတွက် ပရိုတင်းက ဘယ်လောက်အရေးပါလဲ❓
လူအတော်များများဟာ အရိုးသန်မာဖို့ဆိုရင် ကယ်လ်စီယမ် (Calcium) နဲ့ ဗီတာမင် ဒီ (Vitamin D) ကိုပဲ ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ပရိုတင်း (Protein) ဟာ အရိုးအဆစ်တွေ ခိုင်မာစေဖို့အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့ အရိုးထုထည် (Bone Volume) ရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကို ပရိုတင်းဓာတ်နဲ့ တည်ဆောက်ထားတာကြောင့် အရိုးကျန်းမာရေးအတွက် ပရိုတင်းဟာ မရှိမဖြစ်လိုအပ်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

အရိုးတွေဟာ သက်မဲ့ကျောက်ခဲတွေလို မဟုတ်ဘဲ အမြဲတမ်း အသစ်လဲလှယ် တည်ဆောက်နေရတဲ့ အသက်ရှိတစ်ရှူးတွေ ဖြစ်ပါတယ်။ ပရိုတင်းဓာတ်က အရိုးကျန်းမာရေးကို အောက်ပါနည်းလမ်းတွေနဲ့ အထောက်အကူပြုပါတယ်။

✅အရိုးရဲ့ တည်ဆောက်ပုံ (Scaffold) ဖြစ်ခြင်း
အရိုးထဲမှာရှိတဲ့ Collagen လို့ခေါ်တဲ့ ပရိုတင်းဓာတ်ဟာ အရိုးတွေကို ကျုံ့နိုင်ဆန့်နိုင်အား ပေးစွမ်းပါတယ်။ ဒါမှသာ အရိုးတွေဟာ မာဆတ်ဆတ်ကြီးဖြစ်မနေဘဲ ထိခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။

✅ကယ်လ်စီယမ် စုပ်ယူမှုကို ကူညီခြင်း
စားသုံးလိုက်တဲ့ ကယ်လ်စီယမ်ဓာတ်တွေ အူလမ်းကြောင်းကနေတစ်ဆင့် သွေးထဲကို ကောင်းကောင်းစုပ်ယူနိုင်ဖို့အတွက် ပရိုတင်းဓာတ်က လှုံ့ဆော်ပေးပါတယ်။
✅ကြွက်သားထုကို ထိန်းသိမ်းခြင်း
အရိုးတွေကို ကြွက်သားတွေက အထောက်အကူပြုပါတယ်။ ပရိုတင်းဓာတ် လုံလောက်ရင် ကြွက်သားတွေ သန်မာလာပြီး အသက်ကြီးတဲ့အခါ ဟန်ချက်ပျက်ပြီး ချော်လဲတာ၊ အရိုးကျိုးတာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။
✅အရိုးပွရောဂါ ကာကွယ်ခြင်း
ပရိုတင်းဓာတ် နည်းပါးစွာ စားသုံးသူတွေဟာ အသက်ကြီးလာတဲ့အခါ အရိုးသိပ်သည်းဆ လျင်မြန်စွာ လျော့နည်းသွားတတ်ပြီး အရိုးပွရောဂါ (Osteoporosis) ဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။
သန်မာတဲ့အရိုးတွေကို ပိုင်ဆိုင်ဖို့အတွက် ကယ်လ်စီယမ်တင်မကဘဲ အရည်အသွေးမြင့် ပရိုတင်းဓာတ်တွေကိုပါ မျှတအောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။ အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးကို နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသုံးခြင်းဖြင့် နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ အရိုးအဆစ်ပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
# CalBoneK2Myanmar #အရိုးကျန်းမာရေး #ကျန်းမာရေးဗဟုသုတ #ပရိုတင်း #အာဟာရ
-----------------------------------------------------------------------------------

အရိုးပွရင် နာကျင်မှုရှိလား🤔?👉အရိုးပွရောဂါ (Osteoporosis) ကို ဆေးပညာလောကမှာ "Silent Disease" (တိတ်ဆိတ်သော ရောဂါ) လို့ ခေါ...
13/03/2026

အရိုးပွရင် နာကျင်မှုရှိလား🤔?

👉အရိုးပွရောဂါ (Osteoporosis) ကို ဆေးပညာလောကမှာ "Silent Disease" (တိတ်ဆိတ်သော ရောဂါ) လို့ ခေါ်ကြပါတယ်။ အစောပိုင်းအဆင့်တွေမှာ ဘာလက္ခဏာမှ မပြဘဲ တိတ်တဆိတ် ဖြစ်ပွားနေတတ်တာကြောင့် အောက်ပါအချက်တွေကို သတိထားဖို့ လိုအပ်ပါတယ်။

ဘာကြောင့် ကြိုတင်မနာတာလဲ?
🔷အရိုးပွတယ်ဆိုတာ အရိုးရဲ့ သိပ်သည်းဆ (Bone Density) တဖြည်းဖြည်း နည်းပါးလာပြီး အရိုးအတွင်းသားတွေ ကျဲလာတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ အာရုံကြောတွေကို တိုက်ရိုက် မထိခိုက်စေတာကြောင့် အရိုးမကျိုးမချင်း ဘာဝေဒနာမှ မခံစားရတတ်ပါဘူး။

ဘယ်အချိန်မှာ စပြီး နာကျင်လာတတ်သလဲ?
ရောဂါကျွမ်းလာပြီး အောက်ပါအခြေအနေတွေဖြစ်မှသာ ပြင်းထန်တဲ့ နာကျင်မှုကို စတင်ခံစားရတတ်ပါတယ်။
• ချော်လဲတာ ဒါမှမဟုတ် အလေးအပင် မလိုက်တာမျိုးကြောင့် လက်ကောက်ဝတ်၊ ပေါင်ရိုး စတာတွေ ကျိုးသွားတဲ့အခါ
• အရိုးပွလွန်းတဲ့အခါ ခန္ဓာကိုယ်အလေးချိန်ကို မခံနိုင်တော့ဘဲ ကျောရိုးဆစ်လေးတွေ ကြေသွားတတ်ပါတယ်။ အဲဒီအခါမှာ ပြင်းထန်တဲ့ ခါးနာဝေဒနာ ကို ခံစားရပြီး အရပ်ပုလာတာ၊ ကျောကုန်းလာတာမျိုးတွေ ဖြစ်လာပါတယ်။

အရိုးပွရောဂါဟာ အစောပိုင်းကာလတွေမှာ နာကျင်မှုဝေဒနာ လုံးဝမပြတတ်တာကြောင့် မိမိရဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေကို အမြဲမပြတ် သတိပြုကြည့်ရှုဖို့ လိုအပ်ပါတယ်။ နာကျင်မှုမရှိသေးပေမဲ့ သင့်မှာ အရိုးပွနေပြီလားဆိုတာကို ခန့်မှန်းနိုင်တဲ့ အဓိကအချက် (၃) ချက်ရှိပါတယ်။ ပထမအချက်မှာ အရင်ကထက် အရပ် သိသိသာသာ ပုသွားခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ ကျောကုန်းလာခြင်း သို့မဟုတ် ကိုယ်နေဟန်ထား သိသိသာသာ ပြောင်းလဲလာခြင်းတို့ ဖြစ်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ကတော့ အမြင့်ကနေ ပြုတ်ကျတာမျိုး မဟုတ်ဘဲ သာမန်အနည်းငယ် ထိခိုက်မိရုံ၊ ချော်လဲရုံနဲ့ အရိုးကျိုးလွယ်နေတယ်ဆိုရင် ဒါဟာ အရိုးသိပ်သည်းဆ အလွန်အမင်း နည်းပါးနေပြီဆိုတာကို ပြသနေတဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်..‼️

အဲဒါကြောင့်
💙အသက် ၅၀ ကျော်သူများ သို့မဟုတ် သွေးဆုံးပြီး အမျိုးသမီးများအနေနဲ့ BMD (Bone Density Test) စစ်ဆေးကြည့်သင့်ပါတယ်။
💙ပုံမှန် လမ်းလျှောက်ခြင်းကဲ့သို့ လေ့ကျင့်ခန်းများက အရိုးသိပ်သည်းဆကို ထိန်းသိမ်းပေးပါတယ်။
💙အရိုးသန်မာစေဖို့ ကယ်လ်စီယမ် (Calcium)၊ ဗီတာမင် D3 နဲ့ ဗီတာမင် K2 တို့ ပါဝင်တဲ့ အစားအစာ သို့မဟုတ် ဖြည့်စွက်စာများကို မှီဝဲပါ။

CalBone K2 မှာ Vitamin D3, K2 နဲ့ Calcium (800mg) ပါဝင်တဲ့အတွက် အရိုးသိပ်သည်းစကို ကောင်းမွန်စေပြီး အရိုးပွ၊ အရိုးပါး အန္တရာယ်ကို ပုံမှန် မှီဝဲခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်🛡🤩
#ကယ်လ်စီယမ် #အရိုး #အရိုးပွရောဂါ #အရိုးပွ

ကော်ဖီအလွန်အကျွံသောက်တာက အရိုးပွစေသလား?☕ကော်ဖီအလွန်အကျွံသောက်ခြင်းဟာ အရိုးပွခြင်း (Osteoporosis) ဖြစ်နိုင်ခြေကို မြှင့်တ...
06/03/2026

ကော်ဖီအလွန်အကျွံသောက်တာက အရိုးပွစေသလား?

☕ကော်ဖီအလွန်အကျွံသောက်ခြင်းဟာ အရိုးပွခြင်း (Osteoporosis) ဖြစ်နိုင်ခြေကို မြှင့်တင်ပေးနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကော်ဖီကြောင့်တင် မဟုတ်ဘဲ ခန္ဓာကိုယ်ထဲက Calcium (ကယ်လ်စီယမ်) ဓာတ် အခြေအနေနဲ့ တိုက်ရိုက်သက်ဆိုင်နေတာ ဖြစ်ပါတယ်။

❓ ဘာကြောင့် အရိုးကို ထိခိုက်စေတာလဲ?
ကယ်လ်စီယမ်ဓာတ်ကို ဆုံးရှုံးစေခြင်း
ကော်ဖီမှာပါတဲ့ ကဖိန်း (Caffeine) ဓာတ်ဟာ ခန္ဓာကိုယ်က ကယ်လ်စီယမ် စုပ်ယူမှုကို ဟန့်တားရုံတင်မကဘဲ ဆီးကနေတစ်ဆင့် ကယ်လ်စီယမ်တွေ စွန့်ထုတ်မှုကိုလည်း ပိုများစေပါတယ်။

အစားထိုးမှု မှားယွင်းခြင်း
အချို့သူတွေဟာ အာဟာရဖြစ်စေမယ့် နွားနို့ ဒါမှမဟုတ် ရေသောက်မယ့်အစား ကော်ဖီကိုပဲ တစ်နေကုန် အစားထိုးသောက်တတ်တာကြောင့် အရိုးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ချို့တဲ့လာရပါတယ်။

☕️တစ်နေ့ကို ကော်ဖီ ၄ ခွက်နဲ့အထက် သောက်ခြင်းဟာ အရိုးပွခြင်းနဲ့ အရိုးကျိုးခြင်း ဖြစ်နိုင်ခြေကို သိသိသာသာ တိုးလာစေပါတယ်။ အထူးသဖြင့် အသက်ကြီးပိုင်း အမျိုးသမီးတွေမှာ ပိုပြီး သတိထားဖို့ လိုအပ်ပါတယ်🤧❗

✅ ကော်ဖီလည်းသောက်၊ အရိုးလည်းကျန်းမာအောင် ဘယ်လိုနေမလဲ?
• ကော်ဖီထဲကို နွားနို့ အနည်းငယ် ထည့်သောက်ခြင်းက ကဖိန်းကြောင့် ဆုံးရှုံးသွားတဲ့ ကယ်လ်စီယမ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
• နေ့စဉ်စားသောက်မှုမှာ ပဲအမျိုးမျိုး၊ ငါးလေးများ၊ ဟင်းနုနွယ်နဲ့ နို့ထွက်ပစ္စည်းတွေလို ကယ်လ်စီယမ် ကြွယ်ဝတာတွေကို ပိုစားပေးရပါမယ်။

• ကယ်လ်စီယမ် စုပ်ယူမှု ကောင်းစေဖို့ မနက်ခင်းနေရောင်ခြည် ခံယူတာ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားချက်နဲ့ Vitamin D3, K2 ဖြည့်စွက်စာတွေ သောက်သုံးနိုင်ပါတယ်။
• တစ်နေ့ကို ကော်ဖီ ၂ ခွက်ကနေ ၃ ခွက်ထက် မပိုအောင် သောက်တာက အန္တရာယ် အကင်းဆုံး ဖြစ်ပါတယ်။

✅ကော်ဖီဟာ ကျွန်‌တော်တို့ကို လန်းဆန်းစေတာ မှန်ပေမဲ့ အလွန်အကျွံ သောက်သုံးခြင်းကတော့ အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီကို ချင့်ချိန်သောက်သုံးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်ကို ပြည့်ဝအောင် ပြန်လည်ဖြည့်တင်းပေးဖို့ အထူးအရေးကြီးပါတယ်။
👉တကယ်လို့ သင်ဟာ ကော်ဖီကို နေ့စဉ်သောက်သုံးသူဖြစ်ပြီး အရိုးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေစေဖို့ စိတ်ချရတဲ့ အထောက်အပံ့တစ်ခု လိုအပ်တယ်ဆိုရင်တော့ CalBone K2 က အကောင်းဆုံး အဖော်မွန်တစ်ခုဖြစ်ပါတယ်။ CalBone K2 မှာ Vitamin K2, D3 နဲ့ Calcium စတာတွေ အချိုးကျကျ ပါဝင်တဲ့အတွက် အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ် 🥰💙
#အရိုးပွ #အရိုးပွရောဂါ #ကယ်လ်စီယမ် #အရိုး #ကော်ဖီ

မနက်ခင်းနေရောင်ခြည်က အရိုးအတွက် ဘာကြောင့်အရေးကြီးလဲ🌅?☀မနက်ခင်းနေရောင်ခြည်ဟာ အရိုးကျန်းမာရေးအတွက် "သဘာဝကပေးတဲ့ အားဆေး" လိ...
03/03/2026

မနက်ခင်းနေရောင်ခြည်က အရိုးအတွက် ဘာကြောင့်အရေးကြီးလဲ🌅?

☀မနက်ခင်းနေရောင်ခြည်ဟာ အရိုးကျန်းမာရေးအတွက် "သဘာဝကပေးတဲ့ အားဆေး" လို့ တင်စားလို့ ရပါတယ်။ ဘာကြောင့် ဒီလောက်အရေးကြီးရတာလဲဆိုတာကို အောက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဗီတာမင် D (Sunshine Vitamin) ကို ထုတ်လုပ်ပေးတယ်⛅
နေရောင်ခြည်ထဲက UVB ရောင်ခြည်နဲ့ အရေပြား ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က Vitamin D ကို သဘာဝအတိုင်း အလိုအလျောက် ထုတ်လုပ်ပေးပါတယ်။ ဗီတာမင် D ဟာ အရိုးသန်မာဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။

၂။ ကယ်လ်စီယမ် စုပ်ယူမှုကို တိုးတက်စေတယ်✨
အရိုးသန်မာဖို့ ကယ်လ်စီယမ် (Calcium) ကြွယ်ဝတဲ့ အစားအစာတွေ စားနေပေမယ့် ခန္ဓာကိုယ်ထဲမှာ ဗီတာမင် D မလုံလောက်ရင် အရိုးတွေက အပြည့်အဝ မရရှိနိုင်ပါဘူး။ နေရောင်ခြည်ကရတဲ့ ဗီတာမင် D ကမှ ကယ်လ်စီယမ်တွေကို အရိုးထဲရောက်အောင် ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

၃။ အရိုးပွ၊ အရိုးပါးရောဂါကို ကာကွယ်ပေးတယ်💪🛡
ဗီတာမင် D လုံလောက်သူတွေမှာ အရိုးသိပ်သည်းဆ (Bone Density) ပိုကောင်းတတ်ပါတယ်။ ဒါကြောင့် အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ အရိုးပွရောဂါနဲ့ အရိုးကျိုးနိုင်ခြေ အန္တရာယ်တွေကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါတယ်။

⏰ ဘယ်အချိန်မှာ နေပူစာလှုံသင့်သလဲ🤔🏖?
• မနက် ၇ နာရီကနေ ၉ နာရီဝန်းကျင် (သို့မဟုတ်) ညနေ ၄ နာရီနောက်ပိုင်း နေရောင်ခြည်က အကောင်းဆုံး ဖြစ်ပါတယ်။
• တစ်နေ့ကို ၁၅ မိနစ်ကနေ ၂၀ မိနစ် ခန့် လက်၊ ခြေ၊ မျက်နှာ အနည်းငယ် ထိတွေ့ရုံနဲ့ လုံလောက်တဲ့ ဗီတာမင် D ကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့ နေ့လယ်ပိုင်း အပူပြင်းတဲ့အချိန် နေရောင်ခြည်ကတော့ အရေပြားကို ထိခိုက်စေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။

⛅မနက်ခင်းနေရောင်ခြည်ဟာ ကယ်လ်စီယမ် စုပ်ယူမှုကောင်းစေတဲ့ Vitamin D ကို သဘာဝအတိုင်း ရရှိစေပြီး အရိုးသန်မာ၊ အရိုးပွကင်းတဲ့ ဘဝကို ရရှိဖို့ အထောက်အကူပြုပါတယ်။ နေရောင်ခြည်ပုံမှန်ပြပေးခြင်းက အရိုးအတွက် အကောင်းဆုံး ပြင်ဆင်မှုပဲ ဖြစ်ပါတယ်။

နေရောင်ခြည် လုံလောက်စွာ မရရှိသူတွေ ဒါမှမဟုတ် အရိုးကျန်းမာရေးကို အထူးဂရုစိုက်ချင်သူတွေအတွက် CalBone K2 ဖြည့်စွက်စာကို မှီဝဲခြင်းက အကောင်းမွန်ဆုံးသော ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။ Calcium, Vitamin K2 နဲ့ D3 တို့ပါဝင်တဲ့အတွက် နေရောင်ခြည်က ရရှိတဲ့ ဓာတ်အတိုင်း အရိုးကျန်းမာရေးကကို ကောင်းမွန်စေကာ ဆေးတစ်မျိုးတည်းနဲ့ အာနိသင်များစွာရရှိစေမှာပါ 🥰🫂
#အရိုးပွရောဂါ #အရိုးပွ #ကယ်လ်စီယမ် #အရိုး #နေရောင်ခြည်

ဒီနေ့မှာ ကျရောက်တဲ့ မတ်လ (၂) ရက်၊ တောင်သူလယ်သမားနေ့ မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူဦးကြီးများအားလုံး ကိုယ်စိတ်န...
02/03/2026

ဒီနေ့မှာ ကျရောက်တဲ့ မတ်လ (၂) ရက်၊ တောင်သူလယ်သမားနေ့ မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူဦးကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး၊ သီးနှံများ အထွက်တိုးကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဂုဏ်ပြုအပ်ပါတယ်။ 🙏✨

​ #တောင်သူလယ်သမားနေ့ #ကျေးဇူးရှင်တောင်သူဦးကြီးများ

လေထုညစ်ညမ်းမှု နှင့် ကျန်းမာရေး 🤒💨လတ်တလောဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုက ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတဲ့ သဘာဝပတ်ဝန်းကျ...
26/02/2026

လေထုညစ်ညမ်းမှု နှင့် ကျန်းမာရေး 🤒💨

လတ်တလောဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုက ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ရှူလိုက်တဲ့ လေထဲမှာ ပါဝင်နေတဲ့ အမှုန်အမွှားတွေက မျက်စိနဲ့မမြင်နိုင်ပေမဲ့ ကျန်းမာရေးကိုတော့ တဖြည်းဖြည်းချင်း ထိခိုက်စေနိုင်ပါတယ်။
လေထုညစ်ညစ်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေနှင့် ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ် ... 🫶

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ❗️
လေထုညစ်ညမ်းမှုက
အဆုတ်ရောင်ရမ်းခြင်း
• အာလတ်ဂျီ (Allergy)
• ပန်းနာရင်ကျပ် (Asthma)
• COPD (နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါ)
တို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးများနဲ့ အသက်ကြီးသူများမှာ ပိုမိုထိခိုက်လွယ်နိုင်ပါတယ် ...

နှလုံးနှင့် သွေးကြောဆိုင်ရာပြဿနာများ❗️
PM2.5 က သွေးကြောအတွင်းသို့ ဝင်ရောက်နိုင်ပြီးသွေးတိုး
• နှလုံးသွေးကြောပိတ်ခြင်း
လေဖြတ်ခြင်း တို့ကို ပိုမို ဖြစ်ပေါ်စေနိုင်ပါတယ် ...
ဦးနှောက်နှင့် စိတ်ကျန်းမာရေး
သုတေသနများအရ လေထုညစ်ညမ်းမှုမြင့်မားမှုဟာ
• မှတ်ဉာဏ်လျော့နည်းခြင်း
• စိတ်ဖိစီးမှု

စိတ်ကျရောဂါ တို့နဲ့ ဆက်စပ်မှုရှိနိုင်ပါတယ် ...
🤰👼ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအပေါ် သက်ရောက်မှု
• မွေးကင်းစကလေး ပေါင်ချိန်လျော့နည်းခြင်း
အချိန်မတိုင်မီ မွေးဖွားခြင်း
• ကလေးအဆုတ်ဖွံ့ဖြိုးမှုနည်းခြင်း
မိခင်များအရေပြားယားယံခြင်း စသည့် ပြဿနာများ ဖြစ်နိုင်ပါတယ် ...

လေထုညစ်ညမ်းမှုအန္တရာယ်ကနေ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ ...
✅လေထုအရည်အသွေး စစ်ဆေးပါ
ဖုန်းထဲက Air Quality Index (AQI) ကို နေ့စဉ်စစ်ဆေးပြီး လေထုအရမ်းညစ်ညမ်းနေရင် အပြင်ထွက်တာ ရှောင်ပါ။
✅Mask တပ်ဆင်ပါ
အပြင်ထွက်တဲ့အခါ အမှုန်အမွှားတွေကို သေချာစစ်ထုတ်ပေးနိုင်တဲ့ N95 သို့မဟုတ် KN95 mask များကို တပ်ဆင်ပါ။
✅နေအိမ်အတွင်း လေသန့်အောင်ထားပါ
ပြတင်းပေါက်များကို ပိတ်ထားပါ၊ လေသန့်စင်စက် (Air Purifier) သုံးပါ၊ အိမ်ထဲမှာ ဆေးလိပ်သောက်ခြင်း၊ ခြင်ဆေးခွေထွန်းခြင်းနှင့် အမွှေးတိုင်ထွန်းခြင်း ရှောင်ပါ။
✅အစားအသောက် ဂရုစိုက်ပါ
ခန္ဓာကိုယ်ရဲ့ ခုခံအားကောင်းစေဖို့ ဗီတာမင်စီ (Vitamin C) ကြွယ်ဝတဲ့ သစ်သီးဝလံတွေနဲ့ ရေများများသောက်ပေးပါ။
ယခုမျှဝေပေးသွားတဲ့ လေထုညစ်ညမ်းခြင်းဟာ ချက်ချင်းအသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေမျိုးမဟုတ်ပေမယ့် ဖော်ပြခဲ့သလို တဖြည်းဖြည်းခြင်းဆိုးရွားသော ကျန်းမာရေးအခြေနေသို့ ရောက်ရှိသွားနိုင်ပါတယ် ….

ဒါကြောင့် Sharing is Caring ဆိုတဲ့အတိုင်း မိမိမိသားစု ပတ်ဝန်းကျင်တို့အား သတိထားကာကွယ်နိုင်ဖို့အတွက် မျှဝေဖို့တိုက်တွန်းလိုက်ပါရစေ ...📣💙
#အရိုးပွရောဂါ #ကယ်လ်စီယမ် #အရိုးပွ #လေထုညစ်ညမ်းမှု

Address

No. 23/5(C), Thiri Mingalar Yeik Thar Street, (7) Ward, Yankin Tsp
Yangon

Website

Alerts

Be the first to know and let us send you an email when CalBone K2 Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram