28/09/2020
အလွယ်ကူဆုံးလုပ်ဆောင်နိုင်တဲ့ကိုယ်အလေးချိန်လျော့ချရာမှာအရေးပါတဲ့အချက် (၁၀)ချက်ကို ပထမဆုံးမျှဝေပေးချင်ပါတယ်ရှင့်
#၁ လမ်းလျှောက်ဖို့မပျင်းပါနဲ့နော်။
အနဲဆုံးတနေ့ကိုမိနစ်(၃၀)ခန့် အိမ်ထဲမှာပဲဖြစ်ဖြစ်..ခြံထဲမှာပဲဖြစ်ဖြစ်အချိန်ရရင်ရသလိုလေးလမ်းလျှောက်ပေးခြင်းကကိုယ်အလေးချိန်လျော့ချရာမှာအထောက်အကူဖြစ်စေပါတယ်။
#၂ အပြင်မှာအလွယ်တကူစားသောက်တဲ့အကျင့်လေးတွေကိုအတတ်နိုင်ဆုံးရှောင်ပေးရပါမယ်။
အပြင်ကအစားအစာတွေစားခြင်းကလဲကိုယ်အလေးချိန်လျော့ချခြင်းကိုနှောင့်နှေးစေပြီးအသည်းအဆီဖုံးရောဂါနဲ့အဝလွန်ရောဂါတွေဖြစ်လာနိုင်တာမို့ဖြစ်နိုင်ရင်အိမ်မှာပဲချက်တဲ့အစားအစာများကိုသာအဓိကစားသောက်သင့်ပါတယ်နော်။
#၃ မနက်စာကိုမဖြစ်မနေစားသုံးစေချင်ပါတယ်။
မနက်စာစားသုံးခြင်းဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အားစိုက်ထုတ်ရာမှာအရေးပါပြီးအာဟာရပြည့်ဝသောမနက်စာစားသုံးပေးခြင်းကလဲလူတစ်ယောက်အတွက်အမှန်တကယ်လိုအပ်ပြီးနေ့တနေ့အစပျိုးချိန်မှာစိတ်ရောလူရောကျန်းမာနေဖို့အရေးအကြီးဆုံးဖြစ်ပါတယ်။
#၄ အစားစားချိန်မှာလဲ တခါတည်း (၂)ပုဂံ (၃)ပုဂံအများကြီးစားတာထပ်စာရင် တခါစားနည်းနည်းနဲ့အကြိမ်ရေများများစားသုံးခြင်းကခန္ဓာကိုယ်အတွက် အစာချေနိုင်ဖို့အချိန်ပေးစားသုံးတာမျိုးဖြစ်တာမို့ အဲ့ဒီလိုစားဖို့အလေ့အကျင့်လေးလုပ်ထားသင့်ပါတယ်။
#၅ စိတ်တည်ငြိမ်မှုရရှိနိုင်အောင် Yogaဆော့တာမျိုးတို့၊တရားထိုင်တာမျိုးတို့ကို တနေ့ (၁၅)မိနစ်ခန့်လုပ်ဆောင်ပေးသင့်ပါတယ်။
#၆ အိမ်ထဲမှာပဲနေပြီးအချိန်ဖြုန်းမဲ့အစားအိမ်အနီးအနားမှာရှိတဲ့ ပန်းခြံတို့ နေရာကျယ်ပြီးအသက်ရှုလေ့ကျင့်ခန်းလုပ်လို့ရနိုင်မဲ့နေရာမျိုးလေးတွေဆီပေါ့ပေါ့ပါးပါးလမ်းလျှောက်သွားပြီးစိတ်ကိုအနားပေးပြီးနေခြင်းကလဲကိုယ်လက်လှုပ်ရှားမှုရပြီးကိုယ်အလေးချိန်လျော့ချရာမှာအထောက်အကူပြုပါလိမ့်မယ်နော်။
#၇ အိမ်မှာနေပြီးလုပ်လို့ရတဲ့ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေကိုလုပ်ပေးခြင်းကလဲစိတ်ကိုကြည်လင်စေပြီးခန္ဓာကိုယ်ကိုပေါ့ပါးလန်းဆန်းစေလို့တနေ့အနည်းဆုံး (၁၅)မိနစ်လောက်လုပ်ကြည့်ဖို့လဲအကြံပေးချင်ပါတယ်။
#၈ နေ့တိုင်းပေါင်ချိန်စက်ပေါ်ချိန်ကြည့်ခြင်းဖြင့်လဲကိုယ်လိုချင်တဲ့ကိုယ်ဖြစ်ချင်တဲ့ကိုယ်အလေးချိန်ကိုရောက်မရောက်သိနိုင်သလိုကိုယ့်အတွက်လဲ motivation လဲရတွန်းအားလေးတွေလဲဖြစ်စေတာမို့လို့ နေ့တိုင်းကိုယ်အလေးချိန်ကိုတိုင်းတာကြည့်စေချင်ပါတယ်နော်။
#၉ sodaပါတဲ့အချိုရည် နဲ့ အချိုဓာတ်လွန်ကဲစွာသုံးထားတဲ့အချိုရည်များကိုလဲတတ်နိုင်သလောက်ရှောင်ရှားစေချင်ပါတယ်။အချိုဓာတ်စားသုံးမှုများရင်ဆီးချိုရောဂါနဲ့နောက်ဆက်တွဲဆိုးကျိုးများပါရနိုငတဲ့အပြင်အဝလွန်ခြင်းပါဖြစ်နိုင်တာမို့အချိုဓာတ်များတဲ့အရည်တွေကိုရှောင်ကြင်ပြီးသဘာဝအသီးအဖျော်ရည်များနဲ့ရေကိုများများသောက်ပေးကြဖို့အကြံပြုလိုပါတယ်။
#၁၀ နောက်ဆုံးတချက်ကတော့သဘာဝကရတဲ့အသီးအနှံများနဲ့အစိမ်းရောင်ရှိတဲ့ fruits and vegetables များကို စားသုံးပေးခြင်းဖြင့်ကိုယ်လိုချင်သော target အလေးချိန်လေးများကိုရနိုင်ဖို့မျှဝေပေးလိုက်ပါတယ်နော်..
ကိုယ့်အချစ်လေးများကျန်းမာလှပတဲ့ကိုယ်လိုချင်တဲ့အိမ်မက်လေးများအမြန်အကောင်အထည်ဖော်နိုင်ပါစေလို့ဆုတောင်းရင်းနောက်ထပ်အသစ်အသစ်လေးတွေကိုထပ်ပြီးမျှဝေပေးသွားမှာမို့စောင့်မျှော်ကြပါအုံးနော်..
Weightloss tips by Amber Nyein