Pathlab Diagnostic Centre

Pathlab Diagnostic Centre Health Care, Medical and Laboratory Testing Excellence Healthcare since 1952. Helping to serve our community and reliable service for all

We're providing excellent medical service to assuring customer satisfaction with teamwork.

☀️နွေရာသီမှာ ကျန်းမာရေး မထိခိုက်အောင် ဘယ်လိုဂရုစိုက်မလဲ? နွေရာသီရောက်လာပြီဆိုတာနဲ့ အပူဒဏ်၊ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ အစာအ...
30/03/2026

☀️နွေရာသီမှာ ကျန်းမာရေး မထိခိုက်အောင် ဘယ်လိုဂရုစိုက်မလဲ?

နွေရာသီရောက်လာပြီဆိုတာနဲ့ အပူဒဏ်၊ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ အစာအိမ် ပြဿနာတွေကို ဂရုစိုက်ဖို့လိုလာပါပြီနော်။ ဒါကြောင့် ပူပြင်းတဲ့နွေရာသီမှာ ကျန်းမာရေးမထိခိုက်အောင် အောက်ပါ 𝐇𝐞𝐚𝐥𝐭𝐡 𝐓𝐢𝐩𝐬 လေးတွေကို ဂရုစိုက်လိုက်နာကြရအောင်လားရှင်။
💧 ရေများများသောက်ပါ
နွေရာသီမှာ ခန္ဓာကိုယ်က ချွေးထွက်များတဲ့အတွက် ရေဓာတ်လျော့နည်းလွယ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၆–၈ ခွက်ခန့် သောက်ပေးပါ။
☂️ အပူချိန်အပြင်းဆုံးအချိန်ကို ရှောင်ပါ
နေ့လယ် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအတွင်းက နေရောင်ခြည် အပူပြင်းဆုံးအချိန် ဖြစ်ပါတယ်။ အပြင်ထွက်ရင် ထီး၊ ဦးထုပ် သို့မဟုတ် 𝐬𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 အသုံးပြုဖို့ မမေ့ပါနဲ့နော်။
🥗 သန့်ရှင်းသော အစားအစာများစားသုံးပါ
နွေရာသီမှာ အစားအစာများ ပျက်စီးလွယ်တာကြောင့် လမ်းဘေးအစားအစာများကို သတိထားပြီး သန့်ရှင်းလတ်ဆတ်သော အစားအစာများကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။
🍉 ရေဓာတ်ပါဝင်တဲ့ အသီးအနှံများများစားပေးပါ
ဖရဲသီး၊ သခွားသီး၊ သံပုရာသီးစတဲ့ အသီးအနှံတွေက ခန္ဓာကိုယ်ကို အေးမြစေပြီး ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
နွေရာသီမှာ သေးငယ်တဲ့ ဂရုစိုက်မှုလေးတွေက သင့်ကျန်းမာရေးကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
သင့်ကျန်းမာရေးကို ဂရုစိုက်ပြီး ပူပြင်းတဲ့ နွေရာသီကို လန်းဆန်းစွာ ဖြတ်သန်းလိုက်ပါနော်။

နွေရာသီရောက်ပြီဆိုရင် အများဆုံးသောက်သုံးဖြစ်တဲ့ အအေး (သို့) သောက်စရာတစ်ခုခုကိုလည်း 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာမျှဝေပေးသွားပါဦးနော်။ ....................................................

𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.

ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟒𝟎 / 𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟓𝟎 / 𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟔𝟎
တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
𝟎𝟗 𝟒𝟐𝟎 𝟎𝟏𝟎 𝟕𝟖𝟖 / 𝟎𝟗 𝟒𝟐𝟎 𝟎𝟏𝟎 𝟕𝟖𝟗 / 𝟎𝟗 𝟒𝟐𝟎 𝟏𝟎𝟎 𝟏𝟕𝟖

#ရောဂါရှာဖွေရေးစင်တာ

သောကြာနေ့ရဲ့  အစီအစဥ်လေးတစ်ခုအနေဖြင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ မေးခွန်းလေးတွေ ဖြေကြည့်ဖို့ အချိန်လေးရောက်ရှိလို့လာပါပြီနော...
28/03/2026

သောကြာနေ့ရဲ့ အစီအစဥ်လေးတစ်ခုအနေဖြင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ မေးခွန်းလေးတွေ ဖြေကြည့်ဖို့ အချိန်လေးရောက်ရှိလို့လာပါပြီနော် 💖...

သင့်ရဲ့ခန္ဓာကိုယ်ထဲမှာ တိတ်တဆိတ် အလုပ်လုပ်ပေးနေတဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုရှိပါတယ်။ နေ့စဉ် သွေးကို သန့်စင်ပေးပြီး ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အညစ်အကြေးများကို ဖယ်ရှားပေးနေတဲ့ 👉ကျောက်ကပ်တစ်စုံပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျောက်ကပ်မှာ ရောဂါဖြစ်ပြီဆိုရင် အစောပိုင်းအဆင့်တွေမှာ လက္ခဏာမထင်ရှားတတ်တာကြောင့်….

📌ကျောက်ကပ်ရောဂါ၏ အစောပိုင်းအဆင့်တွေမှာ အများအားဖြင့် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ?

𝐀. ညဘက်တွင် မကြာခဏ ဆီးသွားခြင်း
𝐁. ပုံမှန်မဟုတ်ဘဲ အမြှုပ်များပါခြင်း
𝐂. ခန္ဓာကိုယ် ဖောရောင်ခြင်း
𝐃. အထက်ပါလက္ခဏာများအာလုံး

မှန်တယ်လို့ထင်တဲ့အဖြေကို 💬𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱 မှာရေးပေးပါရှင့်...ဗဟုသုတလေးတွေမျှဝေလို့ရ‌အောင် မိမိသူငယ်ချင်းကိုလည်း 𝐌𝐞𝐧𝐭𝐢𝐨𝐧 ခေါ် ပြီး တူတူဖြေဆိုလို့ရပါတယ်နော် ...

𝐏𝐀𝐓𝐇𝐋𝐀𝐁 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 ဟာ ကျန်းမာရေးနဲ့ ပတ်သက်သော သတင်းအချက်အလက်တွေ (𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 𝐏𝐚𝐜𝐤𝐚𝐠𝐞𝐬, 𝐇𝐞𝐚𝐥𝐭𝐡 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞𝐬) တွေကို စဥ်ဆက်မပြတ် မျှ‌ဝေပေးနေတာဖြစ်လို့ 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ဖို့လည်းမမေ့ပါနဲ့နော်💁‍♀️ ။....................................................

𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.

ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟒𝟎 / 𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟓𝟎 / 𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟔𝟎
တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
𝟎𝟗 𝟒𝟐𝟎 𝟎𝟏𝟎 𝟕𝟖𝟖 / 𝟎𝟗 𝟒𝟐𝟎 𝟎𝟏𝟎 𝟕𝟖𝟗 / 𝟎𝟗 𝟒𝟐𝟎 𝟏𝟎𝟎 𝟏𝟕𝟖

#𝐇𝐞𝐚𝐥𝐭𝐡𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬

တပ်မတော်နေ့ ရုံးပိတ်ရက်ကြေငြာခြင်း📣2026 ခုနှစ် မတ်လ ၂၇ ရက်(သောကြာ) နေ့သည် အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသဖြင့် ထိုနေ့တွင်...
24/03/2026

တပ်မတော်နေ့ ရုံးပိတ်ရက်ကြေငြာခြင်း📣

2026 ခုနှစ် မတ်လ ၂၇ ရက်(သောကြာ) နေ့သည် အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသဖြင့် ထိုနေ့တွင် PATHLAB Diagnostic Centre ရုံးများအားလုံး ပိတ်ထားမည်ဖြစ်ပါသည်။

မတ်လ ၂၈ ရက် (စနေနေ့)တွင် ပုံမှန်ရုံးချိန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း‌ လေးစားစွာဖြင့် အသိပေးကြေငြာအပ်ပါတယ်ရှင်🥰။

#ရောဂါရှာဖွေရေးစင်တာ

သင့်ကျန်းမာရေးအခြေအနေကို တိတိကျကျသိရှိနိုင်မယ့်နည်းလမ်းဟာ ကျန်းမာရေးစစ်ဆေးခြင်းပါပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း ပြုလုပ်ခြင...
23/03/2026

သင့်ကျန်းမာရေးအခြေအနေကို တိတိကျကျသိရှိနိုင်မယ့်နည်းလမ်းဟာ ကျန်းမာရေးစစ်ဆေးခြင်းပါ

ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း ပြုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်းရှိ အရေးကြီးတဲ့ အချက်အလက်တွေကို သိရှိနိုင်ပါတယ်။ ဥပမာအားဖြင့် သွေးစစ်ဆေးမှုများ၊ ဆီးစစ်ဆေးမှုများ၊ အသည်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးမှုများ၊ သွေးတွင်းသကြားနှင့် ကိုလက်စထရော စစ်ဆေးမှုများကနေ ကိုယ့်ကျန်းမာရေးအခြေအနေကို ပိုမိုရှင်းလင်းစွာ သိရှိနိုင်ပါတယ်ရှင်။
ရောဂါတစ်ခုခုကို အစောပိုင်းအဆင့်မှာ သိရှိနိုင်ပါက ကုသမှုကိုလည်း အချိန်မီ စတင်နိုင်ပြီး ရောဂါအဆင့်ပြင်းထန်လာခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကောင်းမွန်စွာ ထိန်းသိမ်းနိုင်ဖို့အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းကို မမေ့မလျော့ ပြုလုပ်သင့်ပါတယ်။
ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် အရေးကြီးဆုံးအဆင့်က သင့်ခန္ဓာကိုယ်အခြေအနေကို သိရှိထားခြင်းပါပဲ။ ကိုယ်တိုင် မသိသေးတဲ့ ကျန်းမာရေးပြဿနာတွေကို ကြိုတင်သိရှိနိုင်ဖို့အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းကို ပြုလုပ်ပြီး ကျန်းမာရေးကို ဒီနေ့ပဲ စတင်ဂရုစိုက်လိုက်ပါနော်။
....................................................

We Care for Your Health.

ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
09 882 881 740 / 09 882 881 750 / 09 882 881 760
တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
09 420 010 788 / 09 420 010 789 / 09 420 100 178

#𝐏𝐚𝐭𝐡𝐋𝐚𝐛𝐌𝐲𝐚𝐧𝐦𝐚𝐫 #ရောဂါရှာဖွေရေးစင်တာ #𝐦𝐞𝐝𝐢𝐜𝐚𝐥𝐜𝐡𝐞𝐜𝐤𝐮𝐩 #𝐡𝐞𝐚𝐥𝐭𝐡𝐜𝐡𝐞𝐜𝐤𝐮𝐩

𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐝𝐬, 𝐎𝐮𝐫 𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 💖𝐏𝐀𝐓𝐇𝐋𝐀𝐁 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရောဂါရှာဖွေရေးစင်တာကို ယုံကြည်စွာ ရွေးချယ်ပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလု...
20/03/2026

𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐝𝐬, 𝐎𝐮𝐫 𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 💖

𝐏𝐀𝐓𝐇𝐋𝐀𝐁 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရောဂါရှာဖွေရေးစင်တာကို ယုံကြည်စွာ ရွေးချယ်ပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြသော 𝐜𝐮𝐬𝐭𝐨𝐦𝐞𝐫 များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်🙏
𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များရဲ့ အပြုသဘောဆောင်တဲ့ အကြံပြုချက်များ၊ အတွေ့အကြုံများနှင့် 𝐑𝐞𝐯𝐢𝐞𝐰 များဟာ ကျွန်မတို့အတွက် အားပေးမှုတစ်ခုသာမက ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်ရန် အရေးကြီးတဲ့ လှုံ့ဆော်မှုတစ်ခုလည်း ဖြစ်ပါတယ်။
လူကြီးမင်းတို့ရဲ့ ယုံကြည်မှုနှင့် ရွေးချယ်မှုများကြောင့် 𝐏𝐀𝐓𝐇𝐋𝐀𝐁 𝐌𝐲𝐚𝐧𝐦𝐚𝐫 အနေဖြင့် ယုံကြည်စိတ်ချရသော 🔬စမ်းသပ်စစ်ဆေးမှုများနှင့် အရည်အသွေးမြင့် ဝန်ဆောင်မှုများကို ဆက်လက်ပေးစွမ်းနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်ရှင်။
....................................................

𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.

ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟒𝟎 / 𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟓𝟎 / 𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟔𝟎
တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
𝟎𝟗 𝟒𝟐𝟎 𝟎𝟏𝟎 𝟕𝟖𝟖 / 𝟎𝟗 𝟒𝟐𝟎 𝟎𝟏𝟎 𝟕𝟖𝟗 / 𝟎𝟗 𝟒𝟐𝟎 𝟏𝟎𝟎 𝟏𝟕𝟖

#𝐏𝐚𝐭𝐡𝐋𝐚𝐛𝐌𝐲𝐚𝐧𝐦𝐚𝐫 #ရောဂါရှာဖွေရေးစင်တာ #𝐦𝐞𝐝𝐢𝐜𝐚𝐥𝐜𝐡𝐞𝐜𝐤𝐮𝐩

20/03/2026

မှန်ကန်တဲ့ 𝐑𝐞𝐬𝐮𝐥𝐭 ရဖို့ 𝐒𝐚𝐦𝐩𝐥𝐞 တစ်ခုကို စနစ်တကျဘယ်လို စစ်ဆေးလဲဆိုတာ သိပြီးပြီလား

𝐏𝐀𝐓𝐇𝐋𝐀𝐁 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရောဂါရှာဖွေရေးစင်တာမှာ ရရှိလာတဲ့ ကျန်းမာရေးစစ်ဆေးချက် 𝐑𝐞𝐬𝐮𝐥𝐭 တစ်ခုဟာ လူတစ်ယောက်ရဲ့ကျန်းမာရေးအတွက် အရေးကြီးတဲ့ အချက်အလက်တစ်ခုဖြစ်ပါတယ်။ ဒီလို ယုံကြည်စိတ်ချရတဲ့ 𝐑𝐞𝐬𝐮𝐥𝐭 တစ်ခုရလာဖို့ 𝐒𝐚𝐦𝐩𝐥𝐞 တစ်ခုကို စနစ်တကျ အဆင့်လိုက် စစ်ဆေးလုပ်ဆောင်ရပါတယ်။

ပထမဦးဆုံး လူနာထံမှ လိုအပ်သော သွေး၊ ဆီး (သို့) အခြား 𝐬𝐚𝐦𝐩𝐥𝐞 များကို 𝐛𝐚𝐫𝐜𝐨𝐝𝐞 (𝐥𝐚𝐛𝐞𝐥) ကပ်ထားသော 𝐬𝐚𝐦𝐩𝐥𝐞 𝐭𝐮𝐛𝐞 များဖြင့် စနစ်တကျ စုဆောင်းရယူပါတယ်။ သန့်ရှင်းသော တစ်ခါသုံး ဆေးဖက်ဆိုင်ရာပစ္စည်းများ အသုံးပြု၍ လုံခြုံစိတ်ချစွာ စုဆောင်းရယူပြီး လူနာ၏အချက်အလက်များကို မှန်ကန်စွာ စစ်ဆေးအတည်ပြုပါတယ်။

ထို့နောက် 𝐬𝐚𝐦𝐩𝐥𝐞 များကို 𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐬𝐲𝐬𝐭𝐞𝐦 ထဲမှာ 𝐫𝐞𝐠𝐢𝐬𝐭𝐞𝐫 ပြုလုပ်ကာ 𝐬𝐚𝐦𝐩𝐥𝐞 တစ်ခုချင်းစီကို စနစ်တကျ မှတ်တမ်းတင်ထားပါတယ်။ ဒီအဆင့်ဟာ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေရဲ့ 𝐬𝐚𝐦𝐩𝐥𝐞 တွေကို မမှားယွင်းစေရန် အရေးကြီးသောအဆင့်တစ်ခုဖြစ်ပါတယ်။

နောက်တစ်ဆင့်အနေဖြင့် 𝐬𝐚𝐦𝐩𝐥𝐞 များကို 𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐭𝐞𝐬𝐭𝐢𝐧𝐠 ပြုလုပ်နိုင်ရန် 𝐩𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧 𝐩𝐫𝐨𝐜𝐞𝐬𝐬 များ လုပ်ဆောင်ရပါတယ်။ လိုအပ်သည့် 𝐬𝐚𝐦𝐩𝐥𝐞 များကို 𝐜𝐞𝐧𝐭𝐫𝐢𝐟𝐮𝐠𝐞 ပြုလုပ်ခြင်းနှင့် 𝐩𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧 𝐩𝐫𝐨𝐜𝐞𝐬𝐬 များ ပြုလုပ်ပြီး 𝐦𝐨𝐝𝐞𝐫𝐧 𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐞𝐪𝐮𝐢𝐩𝐦𝐞𝐧𝐭 များအသုံးပြုကာ စစ်ဆေးမှုများကို တိကျမှန်ကန်စွာ လုပ်ဆောင်ပါတယ်။

𝐓𝐞𝐬𝐭𝐢𝐧𝐠 𝐏𝐫𝐨𝐜𝐞𝐬𝐬 များအားလုံးပြီးသွားပြီဆိုရင် 𝐫𝐞𝐬𝐮𝐥𝐭 များကို 𝐪𝐮𝐚𝐥𝐢𝐭𝐲 𝐜𝐨𝐧𝐭𝐫𝐨𝐥 𝐩𝐫𝐨𝐜𝐞𝐬𝐬/ (𝐋𝐈𝐒) များဖြင့် စစ်ဆေးပြီး 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐩𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥𝐬, 𝐏𝐚𝐭𝐡𝐨𝐥𝐨𝐠𝐢𝐬𝐭, 𝐌𝐢𝐜𝐫𝐨𝐛𝐢𝐨𝐥𝐨𝐠𝐢𝐬𝐭 များက ထပ်မံစစ်ဆေးကာ မှန်ကန်မှုရှိမရှိကို အတည်ပြုပါတယ်။

နောက်ဆုံးတွင် အတည်ပြုပြီးသော 𝐫𝐞𝐬𝐮𝐥𝐭 များကို 𝐫𝐞𝐩𝐨𝐫𝐭 အဖြစ် စနစ်တကျ ထုတ်ပေးပြီး လူနာနှင့် ဆရာဝန်များထံသို့ ယုံကြည်စိတ်ချစွာ ပေးပို့ပေးပါတယ်။

ဒါ့အပြင် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 ဖြစ်တဲ့ 𝐈𝐒𝐎 𝟗𝟎𝟎𝟏:𝟐𝟎𝟏𝟓 𝐜𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ကိုလည်း ရရှိထားတာကြောင့် 𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐩𝐫𝐨𝐜𝐞𝐬𝐬 များကို စနစ်တကျ စီမံခန့်ခွဲပြီး လူနာများအတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးစစ်ဆေးမှု 𝐫𝐞𝐬𝐮𝐥𝐭 များကို ပေးစွမ်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်ရှင်။
....................................................
𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.

ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟒𝟎 / 𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟓𝟎 / 𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟔𝟎
တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
𝟎𝟗 𝟒𝟐𝟎 𝟎𝟏𝟎 𝟕𝟖𝟖 / 𝟎𝟗 𝟒𝟐𝟎 𝟎𝟏𝟎 𝟕𝟖𝟗 / 𝟎𝟗 𝟒𝟐𝟎 𝟏𝟎𝟎 𝟏𝟕𝟖

🧑‍🔬 ရောဂါလက္ခဏာတစ်ချက်ပေါ်လာတိုင်း 𝐆𝐨𝐨𝐠𝐥𝐞 မှာ 𝐒𝐞𝐚𝐫𝐜𝐡 လုပ်ပြီး ကိုယ့်ကိုယ်ကို ရောဂါသတ်မှတ်နေတုန်းလား?🤔 ခေါင်းကိုက်တာနဲ့ရေ...
14/03/2026

🧑‍🔬 ရောဂါလက္ခဏာတစ်ချက်ပေါ်လာတိုင်း 𝐆𝐨𝐨𝐠𝐥𝐞 မှာ 𝐒𝐞𝐚𝐫𝐜𝐡 လုပ်ပြီး ကိုယ့်ကိုယ်ကို ရောဂါသတ်မှတ်နေတုန်းလား?

🤔 ခေါင်းကိုက်တာနဲ့ရောဂါကြီးဖြစ်သလိုထင်ကြတာ ၊ ဗိုက်နည်းနည်းအောင့်တာနဲ့ အသည်း၊ အူ၊ အစာအိမ် ပြဿနာတွေထင်နေကြတဲ့သူတွေရှိမှာပါ ။
❗𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 ပေါ်ကအချက်အလက်တွေက အထောက်အကူဖြစ်နိုင်ပေမယ့် သေချာတဲ့ 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐢𝐬 မဟုတ်တာေကြာင့် ကိုယ့်ကျန်းမာရေးကို ခန့်မှန်းချက်တွေနဲ့မထားဘဲ တိကျမှန်ကန်တဲ့ စမ်းသပ်စစ်ဆေးမှုများနှင့်သာ အဖြေမှန်ကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

😎 ဒါကြောင့် 𝐆𝐨𝐨𝐠𝐥𝐞 မှာ 𝐒𝐲𝐦𝐩𝐭𝐨𝐦𝐬 လေးတွေ ရိုက်ရှာပြီး “ငါဒီရောဂါဖြစ်နေပြီလား?” လို့စိုးရိမ်နေမယ့်အစား ခေတ်မီစက်ကိရိယာတွေ၊ ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ စနစ်တကျစစ်ဆေးပေးနေတဲ့ 𝐏𝐀𝐓𝐇𝐋𝐀𝐁 ရောဂါရှာဖွေရေးစင်တာမှာအခုပဲကျန်းမာရေးစစ်ဆေးလိုက်ပါရှင်။

👌 𝐏𝐀𝐓𝐇𝐋𝐀𝐁 ရောဂါရှာဖွေရေးစင်တာမှာဆိုရင်
✅တိကျမှန်ကန်သော ရလဒ်များ
ခေတ်မီဆန်းသစ်တဲ့ စက်ကိရိယာတွေ၊ ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ စနစ်တကျစစ်ဆေးပေးလျက်ရှိတာကြောင့် ကိုယ့်ခန္ဓာကိုယ်မှာဖြစ်နေသမျှ ပြသာနာတွေကို တိကျသေချာစွာသိနိုင်ပါတယ်။

✅ ရောဂါများကို စောလျင်စွာ ရှာဖွေဖော်ထုတ်နိုင်ခြင်း
ရောဂါတော်တော်များများဟာ အစောပိုင်းအဆင့်မှာ လက္ခဏာမပြတတ်ပါဘူး ဒါကြောင့် 𝐏𝐀𝐓𝐇𝐋𝐀𝐁 Myanmar ရောဂါရှာဖွေရေးစင်တာမှာ ပုံမှန် 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤-𝐮𝐩 လုပ်လိုက်တာနဲ့ ကုသရလွယ်ကူတဲ့အချိန်မှာတင် ကြိုတင်သိရှိ ကာကွယ်နိုင်ပါတယ်။

✅ အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှု
သွေးစစ်တာကအစ အခြားသောရောဂါရှာဖွေမှုတွေအထိ လူနာတစ်ဦးချင်းစီအတွက် သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိတဲ့ဝန်ဆောင်မှုတွေကိုလဲ အကောင်းဆုံးဆောင်ရွက်ပေးနေပါတယ်ရှင်။

😍 “မသိတာကြောင့် ကြောက်” ဆိုတဲ့ စိတ်ဖိစီးမှုကို “သေချာသိထားလို့ စိတ်ချ” ဆိုတဲ့အတိုင်း စောစောစစ်ဆေးတာက ကိုယ့်ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ 𝐏𝐀𝐓𝐇𝐋𝐀𝐁 ရောဂါရှာဖွေ‌ရေးစင်တာကို မြန်မြန်လေးသာ လှမ်းလာခဲ့လိုက်တော့နော်။
....................................................
𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.

ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟒𝟎 / 𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟓𝟎 / 𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟔𝟎
တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
𝟎𝟗 𝟒𝟐𝟎 𝟎𝟏𝟎 𝟕𝟖𝟖 / 𝟎𝟗 𝟒𝟐𝟎 𝟎𝟏

#𝐏𝐚𝐭𝐡𝐋𝐚𝐛𝐌𝐲𝐚𝐧𝐦𝐚𝐫 #𝐈𝐒𝐎𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 #𝐦𝐞𝐝𝐢𝐜𝐚𝐥𝐜𝐡𝐞𝐜𝐤𝐮𝐩 #𝐡𝐞𝐚𝐥𝐭𝐡𝐜𝐡𝐞𝐜𝐤𝐮𝐩 #ရောဂါရှာဖွေရေးစင်တာ

𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐊𝐢𝐝𝐧𝐞𝐲, 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞ကျောက်ကပ်ဆိုတာ ကျွန်မတို့ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးအင်္ဂါတွေထဲက တစ်ခုပါနော်။နေ့တိုင်း သွေး...
12/03/2026

𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐊𝐢𝐝𝐧𝐞𝐲, 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞
ကျောက်ကပ်ဆိုတာ ကျွန်မတို့ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးအင်္ဂါတွေထဲက တစ်ခုပါနော်။
နေ့တိုင်း သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကို ကျန်းမာအောင် ထိန်းသိမ်းပေးနေတာဖြစ်ပါတယ်။ ဒါကြောင့်
💦ရေများများသောက်ပါ
🥗ကျန်းမာတဲ့အစားအစာ စားသုံးပါ
🏃‍♀️ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ
🩺ကျောက်ကပ်ကျန်းမာရေးကို စစ်ဆေးပေးပါ
မတ်လ (၁၂) ရက်နေ့ 𝐖𝐨𝐫𝐥𝐝 𝐊𝐢𝐝𝐧𝐞𝐲 𝐃𝐚𝐲 မှာကိုယ်တိုင်လည်း ဂရုစိုက်ပြီး မိသားစု၊ မိတ်ဆွေတွေကိုလည်း ကျောက်ကပ်ကျန်းမာရေးဟာ အရေးကြီးကြောင်း သတိပေးလိုက်ပါဦးနော်။....................................................
𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.
🏤ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟒𝟎 / 𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟓𝟎 / 𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟔𝟎
🏤တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
𝟎𝟗 𝟒𝟐𝟎 𝟎𝟏𝟎 𝟕𝟖𝟖 / 𝟎𝟗 𝟒𝟐𝟎 𝟎𝟏𝟎 𝟕𝟖𝟗 / 𝟎𝟗 𝟒𝟐𝟎 𝟏𝟎𝟎 𝟏𝟕𝟖

#ရောဂါရှာဖွေရေးစင်တာ

ဝန်ဆောင်မှုများအားလုံးအတွက် 𝐎𝐧𝐥𝐢𝐧𝐞 မှငွေပေးချေရာတွင် 🏤𝐏𝐚𝐭𝐡𝐥𝐚𝐛 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐫𝐞 ၏ 𝐊𝐁𝐙 𝐏𝐚𝐲 𝐌𝐌𝐐𝐑 𝐂𝐨𝐝𝐞 ကိုသာ အသုံးပြုပေးပါရ...
09/03/2026

ဝန်ဆောင်မှုများအားလုံးအတွက် 𝐎𝐧𝐥𝐢𝐧𝐞 မှငွေပေးချေရာတွင် 🏤𝐏𝐚𝐭𝐡𝐥𝐚𝐛 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐫𝐞 ၏ 𝐊𝐁𝐙 𝐏𝐚𝐲 𝐌𝐌𝐐𝐑 𝐂𝐨𝐝𝐞 ကိုသာ အသုံးပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

📌𝐁𝐨𝐭𝐚𝐡𝐭𝐚𝐮𝐧𝐠 𝐌𝐌𝐐𝐑 – 𝐏𝐀𝐓𝐇𝐋𝐀𝐁 𝐁𝐨𝐭𝐚𝐡𝐭𝐚𝐮𝐧𝐠
📌𝐓𝐚𝐦𝐰𝐞 𝐌𝐌𝐐𝐑 – 𝐏𝐀𝐓𝐇𝐋𝐀𝐁 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜

အခြားအမည်များနှင့် 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐀𝐜𝐜𝐨𝐮𝐧𝐭 (သို့) 𝐐𝐑 𝐂𝐨𝐝𝐞 များသို့ ငွေလွှဲခြင်းကြောင့် ဖြစ်ပေါ်လာသော အမှားအယွင်းများအတွက် 𝐏𝐚𝐭𝐡𝐥𝐚𝐛 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ တာဝန်ယူမည်မဟုတ်ပါကြောင်း လေးစားစွာဖြင့် အသိပေးကြေငြာအပ်ပါတယ်ရှင်🙏။

ဆီးအရောင်ပြောင်းလဲခြင်း နောက်ကွယ်က 🫘ကျောက်ကပ်ကျန်းမာရေးအခြေအနေဆီးသည် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ကျောက်ကပ်မှ စစ...
07/03/2026

ဆီးအရောင်ပြောင်းလဲခြင်း နောက်ကွယ်က 🫘ကျောက်ကပ်ကျန်းမာရေးအခြေအနေ

ဆီးသည် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ကျောက်ကပ်မှ စစ်ထုတ်ပြီး 🚻စွန့်ထုတ်ပေးရတာဖြစ်လို့ ဆီးရဲ့အရောင်၊ အနံ့နှင့် ပမာဏတို့က ကျောက်ကပ်ကျန်းမာရေးအခြေအနေကို အရေးကြီးသော အညွှန်းတစ်ခုအဖြစ် ပြသနိုင်ပါတယ်။ မိမိ၏ ဆီးအရောင်ကို သတိထားကြည့်ရှုခြင်းဟာ ➡️ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများကို အစောပိုင်းတွင် သိရှိနိုင်ရန် ကူညီပေးနိုင်တယ်ရှင်။

ခန္ဓာကိုယ် 💦ရေဓာတ်လုံလောက်ပြီး ကျောက်ကပ်လုပ်ဆောင်မှု ပုံမှန်ဖြစ်နေကြောင်း ပြနေတဲ့ ဆီးအရောင်ဟာ ပုံမှန်အားဖြင့် အဝါဖျော့ရောင်ဖြစ်ပါတယ်။ အဝါရင့်ရောင်ဆီးကတော့ ရေဓာတ်လျော့နည်းနေခြင်း (သို့) vitamin B ပါသော အားဆေးများနှင့် တချို့ဆေးဝါးများကြောင့် ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ 🍶ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။

ပုံမှန်မဟုတ်သော ဆီးအရောင်နဲ့ သူ့ရဲ့ လက္ခဏာတွေကတော့....

1️⃣ရေနွေးကြမ်းရောင် (သို့) ကိုကာကိုလာရောင် _ အသည်း (သို့) ကျောက်ကပ်ဆိုင်ရာ ပြဿနာများကြောင့် ဖြစ်နိုင်ပါတယ်။
2️⃣အနီရောင် _ ဆီးအနီရောင်သွားပါက ဆီးထဲ သွေးပါခြင်းဖြစ်ပါတယ်။ ဆီးလမ်းကြောင်းကျောက်တည်ခြင်၊ ဆီးကျိတ်ကြီးခြင်း၊ ဆီးအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာတို့ကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့အပြင်တချို့သောဆေးဝါးများ ဥပမာ TB ဆေး၊ ဆိုးဆေးပါသော အစားသောက်များကြောင့်လဲ ဆီးအရောင်နီတတ်ပါတယ်။
3️⃣ဆီးအနည်ပါခြင်း
ဆီးထဲတွင်အနည်လိုမျိုး အမှုန်လေးတွေပါဝင်နေခြင်းက ဆီးလမ်းကြောင်း ပိုးဝင်ခြင်း(သို့) ကျောက်တည်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ဒီလိုပုံမှန်မဟုတ်တဲ့ ဆီးအရောင်တွေဖြစ်နေမယ်ဆိုရင် 👉Kidney Function နဲ့ Urine Analysis ကို အဓိကစစ်ဆေးသင့်ပါတယ်ရှင်

ကျန်းမာတဲ့ ကျောက်ကပ်တစ်စုံဖြစ်ဖို့ လိုက်နာသင့်တဲ့ အချက်များကတော့…

📌ပုံမှန်ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့ ရေ ၂လီတာခန့် သောက်သုံးခြင်း
📌အငန်နှင့် အချိုစားသုံးမှု လျှော့ချခြင်း
📌သွေးတိုးနှင့် ဆီးချိုကို ထိန်းချုပ်ထားခြင်း
📌ဆေးလိပ်နှင့် အရက် ရှောင်ရှားခြင်း
📌ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း တို့ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

မိမိ၏ ဆီးအရောင် အပြောင်းအလဲများကို သတိထားကြည့်ရှုခြင်းက ကျောက်ကပ်ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းရန် အရေးကြီးဆုံး လုပ်ဆောင်ချက်ဖြစ်ပါတယ်ရှင်။ မဖြစ်ခင်ကာကွယ်ဆိုတဲ့စကားအတိုင်း ခန္ဓာကိုယ်ရဲ့ဖြစ်စဥ◌်ကို အတိအကျသိရှိနိုင်ဖို့အတွက် 🩺ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းက အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်ရှင်
....................................................
We Care for Your Health.

ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
09 882 881 740 / 09 882 881 750 / 09 882 881 760

တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
09 420 010 788 / 09 420 010 789 / 09 420 100 178

#ရောဂါရှာဖွေရေးစင်တာ

07/03/2026

🎁Special Discount ဖြင့် March လ တစ်လလုံး ကျန်းမာရေးစစ်ဆေးလိုက်ရအောင်

အမျိုးသမီးတစ်ယောက်ရဲ့ဘဝဟာ အခန်းကဏ္ဍပေါင်းစုံမှာ တာဝန်ကျေပွန်ရသူတွေပါ ။ မိသားစုကိုပြုစုစောင့်ရှောက်ရတဲ့ အိမ်ထောင်ရှင်မတစ်ယောက်အဖြစ်တာဝန်ကျေပွန်သလို၊ မိမိရဲ့ရည်မှန်းချက်တွေအတွက် လုပ်ငန်းခွင်ထဲမှာဟာကွက်မရှိအောင် အစွမ်းကုန် ကြိုးစားရုန်းကန်နေကြသူတွေဖြစ်ပါတယ်။

မိသားစုအတွက်၊ အလုပ်အတွက်အချိန်ပေးရင်းနဲ့ အမျိုးသမီးအများစုကကိုယ့်ရဲ့ကျန်းမာရေးကိုတော့ "နောက်မှပဲ..." ဆိုပြီး လျစ်လျူရှုမိတတ်ကြပါတယ်။
လှပခြင်းဆိုတာ မိတ်ကပ်မဟုတ်ဘူး…
Brand အဝတ်အစားလည်းမဟုတ်ပါဘူး…
လှပခြင်းရဲ့အခြေခံဟာ… ကျန်းမာခြင်းပါ။

ဒီ Package လေးတွေက 🙋‍♀️အမျိုးသမီးတွေသာမက အမျိုးသားတွေအတွက်ပါ အသက်အရွယ်အားလုံးအတွက် အဆင်ပြေအောင် စီစဥ◌်ပေးထားတဲ့ Package လေးတွေဖြစ်ပါတယ်။

Special Discount အနေနဲ့ဘာတွေရမှာလဲ ?
Basic Package (Tests 15 မျိုး)
မူရင်းစျေး – 131,000 Ks
✨️Promotion Price – 55,000 Ks

Silver Package (Tests 55 မျိုး)
မူရင်းစျေး – 275,500 Ks
✨️Promotion Price – 100,000 Ks

Gold Package (Tests 62 မျိုး)
မူရင်းစျေး – 370,500 Ks
✨️Promotion Price – 160,000 Ks နဲ့ရရှိနိုင်မှာပါ။

အတန်ဆုံးစျေးတွေနဲ့လည်း စစ်ဆေးခွင့်ရမယ် မိမိကျန်းမာရေးကိုလည်း တိတိကျကျ သိရမယ်ဆိုတော့ နှစ်သက်ရာ Package လေးကိုရွေးချယ်ပြီး PATHLAB Myanmar ရောဂါရှာဖွေရေးစင်တာမှာ Booking ကြိုယူလိုက်တော့နော်... ဗိုလ်တထောင်နှင့် တာမွေစင်တာတို့မှာ ဒီ Promotion စေ◌ျးနှုန်းလေးတွေဖြင့် လာရောက်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်ရှင်။
..........................................

Package အသေးစိတ်ကို Comment Box မှာကြည့်ရှုနိုင်သလို ဖုန်းနံပါတ် ☎️𝐇𝐨𝐭𝐥𝐢𝐧𝐞 -𝟎𝟗 𝟕𝟓𝟎 𝟕𝟕𝟖 𝟎𝟐𝟔 / 𝟎𝟗 𝟐𝟓𝟓 𝟐𝟖𝟏 𝟕𝟕𝟓 (သို့) Chat Box မှလည်း ဆက်သွယ်ကာ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

⏰️Office Hour – မနက်(၇)နာရီမှ ညနေ(၅)နာရီ

ကြိုတင်သိထားရင် ကာကွယ်နိုင်တဲ့ အဖြစ်အများဆုံးရောဂါများမြန်မာနိုင်ငံမှာ လူကြီးလူငယ်မရွေး အဖြစ်အများဆုံးတွေ့ရသော ရောဂါတွေက...
06/03/2026

ကြိုတင်သိထားရင် ကာကွယ်နိုင်တဲ့ အဖြစ်အများဆုံးရောဂါများ

မြန်မာနိုင်ငံမှာ လူကြီးလူငယ်မရွေး အဖြစ်အများဆုံးတွေ့ရသော ရောဂါတွေက 📍ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ ကျောက်ကပ်ရောဂါနှင့် အသည်းဆိုင်ရာရောဂါများ ဖြစ်ကြပါတယ်။ ဒီရောဂါအများစုဟာ အစောပိုင်းမှာ ထင်ရှားတဲ့ လက္ခဏာမပြတတ်တာကြောင့် သတိမထားမိရင် နောက်ပိုင်းမှာ ➡️ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဆီးချိုနှင့် သွေးတိုးကို မထိန်းချုပ်နိုင်ဘူးဆိုရင် နှလုံးရောဂါ၊ အမြင်အာရုံ ထိခိုက်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းများအထိ ဖြစ်နိုင်ပြီး လူတစ်ယောက်ရဲ့ 🙋‍♀️နေ့စဉ်ဘဝကို တိုက်ရိုက်သက်ရောက်စေပါတယ်။

ဒါကြောင့် ရောဂါဖြစ်ပြီးမှ ကုသခြင်းထက် မဖြစ်မီ ကြိုတင်ကာကွယ်ခြင်းက ပိုမိုအရေးကြီးတာပေါ့။

ဒီလို ရောဂါတွေကို ကာကွယ်ရန်အတွက် မျှတသော 🥦အစာအာဟာရစားသုံးခြင်း၊ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဆေးလိပ်နှင့် အရက်၊ ဘီယာ ရှောင်ရှားခြင်းတို့ကို နေ့စဉ်ဘဝမှာ လိုက်နာသင့်ပါတယ်။ ဒါ့အပြင် မိမိခန္ဓာကိုယ်အခြေအနေကို သိရှိနိုင်ရန် 🩺ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းကလည်း အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။

လက္ခဏာပြပြီးမှ စစ်ဆေးမယ်ဆိုရင် ရောဂါတစ်ခုကို အတော်အတန် အဆင့်တစ်ခုရောက်ပြီးမှသာ သိရှိရခြင်းဖြစ်နိုင်ပါတယ်။ သို့သော် 🩺ပုံမှန်ကျန်းမာရေး စစ်ဆေးထားမယ်ဆိုရင် ရောဂါကို အစောပိုင်းမှာ တွေ့ရှိနိုင်ပြီး ကုသမှုကို အချိန်မီ စတင်နိုင်ကာ နောက်ဆက်တွဲ အန္တရာယ်များကိုလည်း ထိရောက်စွာ ကာကွယ်နိုင်မှာဖြစ်ပါတယ်ရှင်။

ကျန်းမာရေးဆိုတာ အနာဂတ်အတွက် အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်တာကြောင့် 🛡“မဖြစ်ခင်ကာကွယ်” ဆိုသော စိတ်ထားဖြင့် ယနေ့မှစတင်ပြီး ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။
....................................................

We Care for Your Health.

ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
09 882 881 740 / 09 882 881 750 / 09 882 881 760

တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
09 420 010 788 / 09 420 010 789 / 09 420 100 178

Address

No. 137, Anawyahtar Road And 48th Street, 9th Quarter, Botahtaung Township
Yangon
11161

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959420010788

Website

https://invite.viber.com/?g2=AQBbUFPci%2FeoMlGMmW7EHnnmI%2FniVYN99d6jif%2BRA4a6E%2BKdRcTmwJt

Alerts

Be the first to know and let us send you an email when Pathlab Diagnostic Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pathlab Diagnostic Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram