Slim & Beauty Myanmar

Slim & Beauty Myanmar Slim & beauty supplements

အစားလျော့စရာမလိုပဲ တပတ်ကို ပေါင် ၂၀ ပိန်တဲ့နည်းလေးပါကိုယ်တိုင်လုပ်ဖြစ်တဲ့နည်းမလို့ လိုက်လုပ်ကြည့်ကျနော်😍😍
21/10/2021

အစားလျော့စရာမလိုပဲ
တပတ်ကို ပေါင် ၂၀ ပိန်တဲ့နည်းလေးပါ
ကိုယ်တိုင်လုပ်ဖြစ်တဲ့နည်းမလို့
လိုက်လုပ်ကြည့်ကျနော်😍😍

ကမ္ဘာကျော်အဆိုတော် Adele ရဲ့ အံ့မခန်းပြောင်းလဲမှုကြီးပါ ဒါကြောင့်ဝိတ်ချကျပါ ချစ်တို့ရေ😍
18/10/2021

ကမ္ဘာကျော်အဆိုတော် Adele ရဲ့
အံ့မခန်းပြောင်းလဲမှုကြီးပါ
ဒါကြောင့်ဝိတ်ချကျပါ ချစ်တို့ရေ😍

ဆေးသောက်စရာမလိုလေ့ကျင့်ခန်းလုပ်စရာမလိုပဲ ဝိတ်ကျချင်တယ်ဆိုရင် အလွယ်ကူဆုံးနည်းပြောပြမယ်(၁)အချိုရှောင်ပါ(၂)အငံရှောင်ပါ(၃)အဆ...
15/10/2021

ဆေးသောက်စရာမလို
လေ့ကျင့်ခန်းလုပ်စရာမလိုပဲ
ဝိတ်ကျချင်တယ်ဆိုရင်
အလွယ်ကူဆုံးနည်းပြောပြမယ်
(၁)အချိုရှောင်ပါ
(၂)အငံရှောင်ပါ
(၃)အဆီ၊အစိမ့်ရှောင်ပါ
(၄)အိပ်ရေးဝအောင်အိပ်ပါ
(၅)ရေများများသောက်ပါ
(၆) အရက်၊ဘီယာရှောင်ပါ

ဘာတွေစားရမလဲဆိုရင် ဒီပုံထဲလိုလေးတွေစားပါ

15/10/2021

နို့သောက်တဲ့ကောင်လေးတွေဆို
ဆွဲဆောင်မှုရှိတယ်ဟုပြောသောအခါ…

၂ ပေါင်ကျခြင်းအထိမ်းအမှတ်ပွဲ😋
14/10/2021

၂ ပေါင်ကျခြင်းအထိမ်းအမှတ်ပွဲ😋

အစားချစ်သူတွေအတွက်🍗🥩🍔🧀🍢🥟🍹
13/10/2021

အစားချစ်သူတွေအတွက်🍗🥩🍔🧀🍢🥟🍹

သင်မလှတာမဟုတ်ပါ ဝိတ်မကျသေးလို့ပါဝိတ်ချကျပါ ဝရင်ရုပ်ပိုရင့်ပြီး ကျန်းမာရေးအတွက်လဲမကောင်းပါဘူး
26/09/2021

သင်မလှတာမဟုတ်ပါ
ဝိတ်မကျသေးလို့ပါ
ဝိတ်ချကျပါ ဝရင်ရုပ်ပိုရင့်ပြီး
ကျန်းမာရေးအတွက်လဲမကောင်းပါဘူး

Baschi orange ချစ်သူတို့ရေ မင်မင်ပြန်လာပြီနော်နိုင်ငံရေးကိစ္စတွေနဲ့ရှုပ်ထွေးနေလို့ မင်မင်ပို့စ်မတင်ဖြစ်ပေမယ့် chat box မ...
25/09/2021

Baschi orange ချစ်သူတို့ရေ မင်မင်ပြန်လာပြီနော်
နိုင်ငံရေးကိစ္စတွေနဲ့ရှုပ်ထွေးနေလို့ မင်မင်ပို့စ်မတင်ဖြစ်ပေမယ့် chat box မှာရော ဖုန်းဆက်ပီးရော တကူးတကလာဝယ်ကျတဲ့ ချစ်တို့ကိုအရမ်းကျေးဇူးတင်ပါတယ်😍😍

အစားရှောင်စရာမလို လေ့ကျင့်ခန်းလည်းလုပ်စရာမလိုပဲ ၁ပတ်အတွင်းဗိုက်ခေါက်ကျ မည့်နည်းလမ်း...see more
23/09/2021

အစားရှောင်စရာမလို လေ့ကျင့်ခန်းလည်းလုပ်စရာမလိုပဲ ၁ပတ်အတွင်းဗိုက်ခေါက်ကျ မည့်နည်းလမ်း...see more

Listen to your bodyပြီးခဲ့တဲ့ ၃ ရက် က စိတ်မကောင်းစရာဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေထဲကတစ်ယောက်သူ...
20/09/2021

Listen to your body

ပြီးခဲ့တဲ့ ၃ ရက် က စိတ်မကောင်းစရာ
ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေထဲကတစ်ယောက်
သူလေ့ကျင့်နေတဲ့ gym မှာ ပြေးစက်
Trade mill ပေါ်မှာ လေ့ကျင့်အပီးမှာ
မူးလဲသွားခဲ့ရာကနေ ဆေးရုံပို့ခဲ့ရပါတယ်
သတိပြန်လည်မလာတော့ဘဲ
ဆုံးပါးသွားခဲ့ရပါတယ်။

ကျန်းမာရေးအတွက် လေ့ကျင့်ရာကနေ
အသက်ပါ ဆုံးပါးခဲ့ရတာ နှမြောစရာ
ကောင်းလှပါတယ်။

ကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ်
ကာဒီရိုလေ့ကျင့်ခန်းတွေဆိုတာ
အကျိုးကျေးဇူးနဲ့အတူ ပြင်းထန်တဲ့
အကျိုးသက်ရောက်မှုတွေ ယှဉ်တွဲနေပါတယ်။

ကာဒီရိုလေ့ကျင့်ခန်း ဆိုတာ
အဓိက က နှလုံး ကို အလုပ်ပေးတာပါ ။

ကိုယ်လေ့ကျင့်ခန်းစတော့မယ့်အချိန်မှာ
ကိုယ့်နှလုံးရဲ့အနေအထားကို
သတိပြုမိဖို့လိုပါတယ်။

တစ်ခါတုံးက ကျန်းမာရေးလေ့ကျင့်ခန်း
dvd ခွေရိုက်ခဲ့တုံးက model တွေက
ကိုယ့်အားကစားသမီးတွေပါ။

အဲဒီထဲကမှ သမီးတစ်ယောက်က ပြေးစက်
ပေါ်မှာပြေးတဲ့အခန်းသရုပ်ဆောင်ရပါတယ်။

စပြေးခါစအချိန်မှာဘဲ
သူ့နှလုံးခုန်နှုံးကိုကြည့်လိုက်တော့
တစ်မိနစ် ၁၂၀ ကျော်နေပါတယ်။

ဒါနဲ့ချက်ခြင်းရပ်ခိုင်းလိုက်တော့
ပျော့ခွေသွားပါတယ်။

မေးကြည့်လိုက်တော့
မနက်က ဝမ်းလျောထားလို့
အားပျော့နေတယ်တဲ့
ကျွန်တော်သာသတိမထားမိရင်
ဆိုးရွားသွားနိုင်ပါတယ်။

အုပ်စုလိုက် အကလေ့ကျင့်ခန်းတွေ
ကာဒီရိုလေ့ကျင့်ခန်းတွေမှာလည်း
သတိထားကြပါ။

ဝိတ်ကျအောင်ဆိုပီး အချိန်တိုအတွင်းမှာ
ပြင်းထန်တဲ့ လှုပ်ရှားမှုတွေထည့်သွင်းပီး
လေ့ကျင့်ခိုင်းကြတဲ့အခါ
လူတိုင်းရဲ့ကြံ့ခိုင်မှုဟာ
တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး ။

ဒါကိုအုပ်စုလိုက်တစ်ပုံစံထဲ
လေ့ကျင့်ကြတဲ့အခါ အန္တရာယ်ရှိပါတယ် ။

အထူးကုဆရာဝန်တစ်ယောက်
အပြေးလေ့ကျင့်ရင်း ကျုံးဘေးမှာ
လဲသေသွားတာ
စက်ဘီးသမားတွေ စက်ဘီးနင်းရင်းနဲ့
လဲသေသွားတာ
ကာဒီရိုလေ့ကျင့်ခန်းရဲ့သာဓကတွေပါဘဲ။

ကာဒီရိုလေ့ကျင့်အပီး
ချွေးတွေရွှဲနေအောင်ထွက်
ဟောဟဲလိုက်အောင်မောသွားပီးတော့မှ
ကောင်းလိုက်တာ နေရတာပေါ့နေတာပဲ လို့
ပြောတဲ့သူတွေများပေမယ့်
ကိုယ့်နှလုံးခုန်နှုံးအခြေအနေကိုတော့
ဆန်းစစ်မိတဲ့သူ ၅ % တောင်
ရှိမယ်မထင်ပါဘူး။

ထပ်ပြောပါမယ် ကာဒီရိုလေ့ကျင့်ခန်းဆိုတာ
နှလုံးကြွက်သားလေ့ကျင့်ခန်းပါ။

မိမိရဲ့အများဆုံးနှလုံးခုန်နှုံး
maximum heart rate M H R ကိုသိထားပီး
အဲဒါထက်ကျော်လွန်မသွားအောင်
သတိပြုလေ့ကျင့်ရပါမယ်။

ပြေးစက်တွေတန်းစီထောင် လေ့ကျင့်ရေး
စက်ဘီးတွေတန်းစီထောင်ထားတဲ့
GYM တွေမှာ MHR ကိုမသိ THR ကိုမသိဘဲ
အလုအယက်ပြေး အလုအယက်နင်းနေကြတဲ့
သူတွေ စဉ်းစားမိတိုင်း စိုးရိမ်မိပါတယ် ။

GYM ဆိုတာ ကျန်းမာရေးအတွက်
ကိုယ်ခန္ဓာကိုလေ့ကျင့်ပေးတဲ့နေရာဖြစ်ပါတယ်

ဖျက်ဆီးပစ်တဲ့နေရာမဟုတ်ပါဘူး
ဝိတ်ကျအောင်ဆိုပီး
အချိန်ပိုင်းတစ်ခုအတွင်းမှာ
အကြိမ်ရေ ရာချီပီး ခုန်ခိုင်းတယ်ဆိုတာဟာလဲ
ကိုယ်ခန္ဓာကို လေ့ကျင့်တာမဟုတ်ပါဘူး
ဖျက်ဆီးတာပါ ။

ကျန်းမာရေးအတွက် အားကစား
လေ့ကျင့်တော့မယ်ဆိုရင် ပထမဆုံး
LISTEN TO YOUR BODY ဆိုတဲ့
စကားကိုသတိရပါ

မိမိရဲ့ကိုယ်ခန္ဓာအခြေအနေကိုသတိပြုပါ
သုံးသပ်ပါ နားထောင်ပါ ပီးမှလေ့ကျင့်ပါ
ဒါဆိုရင် အန္တရာယ်နဲပါလိမ္မယ်

လူတစ်ယောက်စီရဲ့ အများဆုံးနှလုံးခုန်နှုံး
MAXIMUM HEART RATE MHR နဲ့
လေ့ကျင့်ရေးနှလုံးခုန်နှုံး
TRAINING HEART RATE--THR ကို
ပြောပြပါမယ်

၂၂၀ ထဲကနေ မိမိရဲ့အသက်ကိုနှုတ်ပါ
အဲဒါမိမိအတွက် အများဆုံးနှလုံးခုန်နှုံး ပါဘဲ
အဲဒီထက်ကျော်လွန်သွားခဲ့ရင် အန္တရာယ်ရှိပါပီ
220_ AGE = MHR

လေ့ကျင့်ရေးနှလုံးခုန်နှုံးကတော့
လူအခြေအနေကြံ့ခိုင်မှုပေါ်လိုက်ပီး
မိမိ MHR ရဲ့ 50% ကနေ 90% အတွင်း
လေ့ကျင့်ပါ

ဒါကိုသိ ဒါကိုချင့်ချိန်ပီးမှ
ကာဒီရိုလေ့ကျင့်ကြပါ
ချွေးထွက်ရင်ပီးရော
မောရင်ပီးရောမလုပ်ကြပါနဲ့

LISTEN TO YOUR BODY
ကိုယ်ခန္ဓာကပြောတာနားထောင်ပါ
သုံးသပ်ပါ ချင့်ချိန်ပါ ပီးမှ လေ့ကျင့်ကြပါ

အားကစားလေ့ကျင့်ပီး
ကိုယ်ခန္ဓာကို ပြုစုပျိုးထောင်ရာရောက်ပါစေ
ဖျက်စီးရာမရောက်ပါစေနဲ့လို့ ဆန္ဒပြုပါတယ်

18/09/2021

မိန်းကလေးဆိုသည်မှာ…💅🏻💄👄💆🏻‍♀️

စျေးကြီးပေးမှ အာဟာရ ရှိတာလားမိဘ ဆိုတာ ကတော့ ကိုယ့် သားသမီး အတွက် အကောင်းဆုံး လုပ်ပေးချင်ကြတာ သဘာဝ ပါ။ ဒါကလည်း မိဘမေတ္တာပ...
14/09/2021

စျေးကြီးပေးမှ အာဟာရ ရှိတာလား

မိဘ ဆိုတာ ကတော့ ကိုယ့် သားသမီး အတွက် အကောင်းဆုံး လုပ်ပေးချင်ကြတာ သဘာဝ ပါ။ ဒါကလည်း မိဘမေတ္တာပါ။

ဒါပေမယ့် အကောင်းဆုံးတွေ ကို လုပ်ရင်း လိုတာထက် ပိုလာတော့ ပိုက်ဆံ တွေ ပိုကုန်ပြီး ကလေးတစ်ယောက် ကို ပြုစုပျိုးထောင် ဖို့အတွက် စရိတ် က တော်တော်လေး မြင့်တက်လာပါတယ်။

ကျွန်တော်က တော့ အာဟာရ ဆရာဝန် ဆိုတော့ အာဟာရအပိုင်း ကိုပဲ ပြောပါမယ်။

ဥပမာ (၁) - တောကြက်ဥ နဲ့ မြို့ကြက်ဥ

တောကြက်ဥ က အာဟာရ ပိုပြည့်တယ်ဆို ပြီး စျေး ကို အဆမတန် ပိုပေးပြီး ကျွေးကြတယ်။ တကယ်တော့ မြို့ကြက်ဥ စျေးရဲ့ လေး ငါး လုံး နီးပါးစျေးပေးပြီး ဝယ်ကျွေးကြရတယ်။ အခုလို ကာလမှာ ဒီပမာဏ ငွေ ကလဲ ခက်ခဲပါတယ်။ အာဟာရ အရမ်းကြီး ကွာခြားမှု့လဲ သိပ်မရှိပါ။ ဒါကြောင့် ကျွေးနေကြ ကြက်ဥ ကိုပဲ သေချာ ကျက်အောင် စားချင်စဖွယ်ဖြစ်အောင် ကျွေးပါ။ အသားဓါတ် ကို အတိုင်းအတာ တခု အထိ ရပါတယ်။ တစ်လုံး ၁၃၀ တန် ကြက်ဥ ကို ၅၀၀ ပေးပြီး မဝယ်ချင်ပါနဲ့။

ဥပမာ (၂) - မြန်မာပြည်မှာ စျေးကြီးပြီး ရှားပါးတဲ့ အသား၊ ငါး တွေ ကို ကျွေးခြင်း

အခုတလော အိုမီဂါ ကြွယ်ဝ အောင် ဆိုပြီး မြန်မာနိုင်ငံ အနေအထားနဲ့ အလွန်စျေးကြီးတဲ့ ဆော်လမွန်၊ တူနာ စတာ တွေ ကို ကျွေးလာကြတယ်။ ဒီစျေးကြီးတဲ့ ငါးတွေ ကျွေးနေမယ့် အစား မြန်မာတွေ အစားများတဲ့ ပင်လယ်ငါးတွေ ဖြစ်တဲ့ ငါးမြင်း၊ ငါးတန်၊ ငါးကွန်းရှပ် စတာတွေ ကျွေးလဲ အိုမီဂါ ကြွယ်ဝ စွာရပါတယ်။ ဒါကြောင့် စျေးကြီးတဲ့ ငါးမှ မဟုတ်ပါဘူး စျေးချိုတဲ့ ငါးတွေ လဲ အာဟာရ ပြည့်ဝတယ်ဆိုတာ မမေ့ပါနဲ့။ တစ်ဆယ်သား မှ အလွန်ဆုံး တစ်ထောင် ပတ်ဝန်းကျင် ကုန်မယ့် နေရာ မှာ တစ်ဆယ်သား တစ်သောင်းနီးပါး အကုန် မခံပါနဲ့။ တခါတရံ ကျွေးတာ က အဆင်ပြေနိုင်ပေမယ့် ရေရှည် မှာ အဆင်ပြေဖို့မလွယ်ပါ။

ဥပမာ (၃) - purée (ပြူရီ) ကျွေးခြင်း၊

Purée ကျွေးတာ ကောင်းပါတယ်။ readymade တွေ ကျွေးလို့ရသလို မိမိတို့ တတ်နိုင်သလောက် မြန်မာတွေ စားနေကြ သာကူ ကို နို့နဲ့ ကျိုပြီး ကန်စွန်းဥ နဲ့ ကျွေးလဲ အဆင်ပြေတာပါပဲ။

ဥပမာ (၄) - စျေးအင်မတန် ကြီးတဲ့ အသီးများ ကျွေးခြင်း

အသီးတော်တော်များများ မှာ ပါဝင်တဲ့ ဗီတာမင်၊ သတ္တုဓါတ်တွေ က အနည်း နှင့် အများ တူညီပါတယ်။ ဒါကြောင့် စျေးအန်မတန်ကြီး တဲ့ နိုင်ငံခြားက လာတဲ့ အသီးတွေ ကျွေးမယ့် အစား သန့်ရှင်း လက်ဆပ် တဲ့ ပြည်တွင်း က အသီးတွေ ကို သာ ကျွေးပါ။ ဒီနေရာ မှာ လဲ organic (အော်ဂဲနစ်) ဆိုတာ က လာပါသေးတယ်။ အော်ဂဲနစ် ဖြစ်မဖြစ် ကိုယ်တိုင်လဲ စစ်ဆေးနိုင်တာ မဟုတ်တော့ အသီးတွေ ကျွေးရင် ရေသေချာဆေးပြီး ကျွေးပေးရင် အဆင်ပြေပါတယ်။ အော်ဂဲနစ် မရလို့ ကလေး ကို အသီး မကျွေးတာတွေလဲ တွေ့ဖူးပါတယ်။ ဒါကလဲ အဖြေမှန် မဟုတ်သေးပါဘူး။ ကျွေးရပါမယ်။

ဥပမာ (၅) - နိုင်ငံခြားက လာတဲ့ မုန့်မှ ကျွေးခြင်း

အခုဆို ကလေး အဆာပြေမုန့်လေးတွေလာပါတယ်။ ကျွေးလို့ရပါတယ် အဆင်ပြေပါတယ်။ ဒါပေမယ့် မတတ်နိုင်ရင် ရော???? မြန်မာနိုင်ငံ မှာ ဒေသထွက် အဆာပြေ အစား အစာတွေ အများကြီး ရှိပါတယ်။ အခု ဆို သပ်သပ်ရပ်ရပ် ရောင်းလာတဲ့ ဆိုင်တွေ လဲ အများကြီးပါ။ မြန်မာအစားအစာ အဆာပြေမုန့်တွေ ထဲ က ပဲ ပါတာ၊ နို့ပါတာ စတဲ့ အစား အစာ လေးတွေ ကျွေးပေးတာ ကလဲ အာဟာရ ပြည့်ဝ စေတယ်ဆိုတာ မမေ့ပါနဲ့။ နို့သာကူ၊ ရွှေရင်အေး၊ နို့ကျောက်ကျော၊ နို့ဆန်ပြုတ်၊ ပဲပြုတ်၊ မုန့်လိပ်ပြာ၊ မုန့်ပြာသလပ်၊ စတာတွေ ဆို အသားဓါတ် အတော်အတင့် ပါဝင်ပါတယ်။ အချိုလျှော့ဖို့တော့ လိုပါတယ်​။

နောက်ထပ် ဥပမာ တွေ ရှိပါသေးတယ် ကြုံရင် ရေးပေးပါမယ်။ ပြောချင်တာကတော့ နိုင်ငံခြား အစားအစာ တွေ ကမှ ကလေး ကို အာဟာရဖြစ်စေတာ မဟုတ်ပါဘူး။

ကျွန်တော်တို့ ဒီ အသက်အရွယ် အထိ အာဟာရပြည့်ပြည့်ဝဝ ဖြစ်နေတာက မြန်မာ အစားအစာ တွေ နဲ့ သာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသထွက် ရိုးရာ အစားအစာ တွေ ကို ကျွေးပေးဖို့ ဝန်မလေးပါနဲ့။ တခုတော့ ရှိတာပေါ့ ချိုလွန်းရင်၊ ဆီ အရမ်းများ လွန်းရင်တော့ လျှော့ဖို့တော့ လိုအပ်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာညီညီကျော်
Crd

Address

Yangon

Telephone

+959679245764

Website

Alerts

Be the first to know and let us send you an email when Slim & Beauty Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share