Golden Future Linkage Co., Ltd

Golden Future Linkage Co., Ltd THE ACTION OF HELPING အကောင်းဆုံးသော ၀န်ဆောင်မှုများ ပေးနိုင်ရန် အစဉ်အမြဲကြိုးစားလျှက် ........

Happy New Year 2023
31/12/2022

Happy New Year 2023

Happy Thadingyut Festival 2022
09/10/2022

Happy Thadingyut Festival 2022

မြန်မာနှစ်သစ် ၁၃၈၄ ခု၊ နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများ ပြည့်စုံပြီး လုပ်ငန်းများ ဆ...
16/04/2022

မြန်မာနှစ်သစ် ၁၃၈၄ ခု၊ နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများ ပြည့်စုံပြီး လုပ်ငန်းများ ဆထက်တပိုးတိုးတက်အောင်မြင်ပါစေ​ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

GFL မိသားစု

Happy New Year 2022 !!!နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကျပါစေလို့ GFL Company မိသားစုမှ ဆုမွန်ကောင်းအပ်ပါသည်။
31/12/2021

Happy New Year 2022 !!!

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကျပါစေလို့ GFL Company မိသားစုမှ ဆုမွန်ကောင်းအပ်ပါသည်။

MERRY CHRISTMAS TO ALL !!!
25/12/2021

MERRY CHRISTMAS TO ALL !!!

GFL Company and PPTCL တို့မှ တင်သွင်းရောင်းချပေးထားသော OWGELS OXYGEN CONCENTRATOR များ၏ အဖြစ်များသော အောက်ဖော်ပြပါ - စတင...
16/08/2021

GFL Company and PPTCL တို့မှ တင်သွင်းရောင်းချပေးထားသော OWGELS OXYGEN CONCENTRATOR များ၏ အဖြစ်များသော အောက်ဖော်ပြပါ -

စတင်အသုံးပြုရာတွင် ပုံ (က) တွင် ပြထားသော Filter များအပေါ်ရှိ လိမ္မော်ရောင် Sticker မခွာမိခြင်းမှ အစပြုပြီး ဖြစ်ပေါ်လာသော Error ကြောင့် Display တွင် Low Concentration ဆိုသည့် Alarm ပေါ်လာခြင်း၊ အဆိုပါဖြစ်စဉ်ကြောင့် စက်မောင်းနှင်ရာတွင် အသံထွက် ပိုကျယ်လာခြင်း အစရှိသည့် အဖြစ်များသော Error များကို

ယခုအချိန်တွင် မိမိတို့မှ Power Engineering တို့နှင့် ပူးပေါင်းပြီး ပုံပါ Programmer ဖြင့် ဖြေရှင်းပေးနိုင်ပြီ ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

မိမိတို့ဆီမှ ယုံကြည်စိတ်ချစွာ ဝယ်ယူထားသောသူများနှင့် တခြားကုမ္ပဏီများမှ ဝယ်ယူထားသော သူများ မည်သူမဆို OWGELS Concentrator များမှ ဖြစ်ပေါ်လာသော Error များကို ဖြေရှင်းလိုသည်ဆိုပါက -

ဆက်သွယ်ရန်

Power Engineering

လိပ်စာအမှတ် ၇၇ မဉ္ဇူလမ်းသွယ်(အောင်သိဒ္ဒိလမ်း) မရမ်းကုန်း၊ မင်းဓမ္မလမ်း MCC နားမှဝင်ရန်

Mobile Phone No - 09757451663, 09757451665

📢 Oxygen Concentrator တွေကို သယ်ယူမည့်သူများကို ကျွန်တော်အမြဲမှာလေ့ရှိတဲ့ ထောင်လျှက်အနေအထားအတိုင်း သယ်ဖို့ ပါပဲ၊ ဒီနေ့ကာ...
06/08/2021

📢 Oxygen Concentrator တွေကို သယ်ယူမည့်သူများကို ကျွန်တော်အမြဲမှာလေ့ရှိတဲ့ ထောင်လျှက်အနေအထားအတိုင်း သယ်ဖို့ ပါပဲ၊ ဒီနေ့ကားမောင်းရင်း ကိုယ့်ရှေ့က light truck တစ်စီးမှာ Oxygen Concentrator တွေကို လှဲပြီး ၂ ထပ်တင်သွားတာတွေ့လိုက်လို့ ဒီ post ကို ရေးဖြစ်သွားတာပါ၊

Oxygen Concentrator တစ်လုံးကို လှဲပြီးသယ်သွားရင်ပျက်နိုင်လား၊❓
ဟုတ်ကဲ့ ၅၀% က ပျက်စီးနိုင်ပါတယ်၊ လုံးဝပျက်တာမျိုးမဟုတ်ရင်တောင် စက်ဖွင့်ရင် အဆင်မပြေတာမျိုးတွေ၊ အသံမြည်တာမျိုးတွေဖြစ်နိုင်ပါတယ်⚠️

Oxygen Concentrator တွေကို ဘာလို့ ထောင်လျှက်အနေအထားအတိုင်းတင်သင့်လဲ ရှင်းပြပါမယ်၊

၁။ 10L Oxygen Concentrator တစ်လုံးဟာ အနည်းဆုံး 27kg ကနေ 35kg လောက်လေးပါတယ်၊ ယောက်ျားလေးတစ်ယောက်တောင် တော်တော်မယူရပါတယ်၊ အဲ့ဒီအလေးချိန်တွေက အတွင်းမှာ ပါတဲ့ Compressor, Motor နဲ့ Zeolite Sieve တွေကနေ လာပါတယ်၊ အဲ့လိုအရမ်းလေးတဲ့ အရာတွေကို ဘယ်ပေါ်မှာဘယ်လိုတင်ထားလဲ ဆက်လက်ရှင်းပြပါမယ်၊

၂။ 15 kg လောက်လေးတဲ့ Compressor + Motor ကို spring 4 ခုပေါ်မှာထိုင်ထားပါတယ်၊ အဲ့ဒီ spring 4 ခုကို အောက်က ABS plastic frame ပေါ်မှာ ထိုင်ထားပါတယ်၊ သူ့ရဲ့ design က ထောင်လျှက်အနေအထားမှာ weight balancing ဖြစ်ပေမဲ့ လှဲလိုက်တဲ့အခါမှာ Compressor + Motor အလေးချိန်ဟာ စောင်းသွားပြီး spraing နဲ့ plastic frame ကို လှန်ချိုးသလိုဖြစ်သွားပါတယ်။ ကျွန်တော်တို့ဆီကို ရောက်လာတဲ့ အချို့စက်တွေမှာ အောက်က spring တွေပြုတ်ထွက်နေတာမျိုး၊ အချို့ plastic frame တွေကွဲပြီး ကျိုးနေတာမျိုးတွေဟာ Oxygen Concentrator တွေကိုလှဲသယ်ယူခဲ့တာကြောင့်ဖြစ်တဲ့ ပျက်စီးမှုတွေပါ၊

၃။ အလားတူ Zeolite Sieve ဗူးကြီးတွေဟာလဲ အလွန်လေးပါတယ်၊ သူတို့ကိုလည်း plastic frame ပေါ်မှာဘဲ ထောင်လျှက်အနေအထားအတိုင်းတပ်ဆင်ထားတာပါ၊ Nut ၂ လုံး သို့မဟုတ် ၄ လုံးနဲ့ စွဲပေးထားပါတယ်၊ လှဲလိုက်ရင် အထက်က compressor လိုဘဲ အလေးချိန်ဟာ စောင်းသွားပြီး plastic frame ကို လှန်ချိုးသလိုဖြစ်သွားပါတယ်။

၄။ အခြား issue တွေကတော့ လေပိုက်တွေပြုတ်ထွက်ကုန်တာပါ၊ စက်ဟာ ထောင်လျှက်အနေအထားအတိုင်း အသုံးပြုဖို့ design ပြုလုပ်ထားပြီး လေပိုက်တွေက အလွတ်အနေအထားအတိုင်းတပ်ဆင်ထားတာပါ၊ လှဲပြီး သယ်ဆောင်သွားတဲ့အခါ အဆိုပါလေပိုက်တွေ ပြုတ်ထွက်တတ်ပါတယ်၊

စက်အသစ်ဝယ်လာပြီး မသုံးရသေးဘူးပျက်တယ်ဆိုတာ mishandling နဲ့ transportation မှာ ဂရုမစိုက်တာအကြောင်းတစ်ခုပါပါတယ်

အဲ့ဒါကြောင့် တန်ဖိုးကြီးတဲ့ Oxygen Contractor တွေကို အမြဲထောင်လျှက်အနေအထားအတိုင်းသာ သယ်ဆောင်ပေးကြပါရန် အကြံပြုလိုပါတယ်၊ ✅

Crd - TZ

ယုံကြည်စွာမှာယူတဲ့ Customer အတွက် တတ်နိုင်တဲ့ဖက်က ပြန်ကူညီပေးလိုက်ရတာကို ကျေနပ်မိပါတယ်
06/08/2021

ယုံကြည်စွာမှာယူတဲ့ Customer အတွက် တတ်နိုင်တဲ့ဖက်က ပြန်ကူညီပေးလိုက်ရတာကို ကျေနပ်မိပါတယ်

FiO2 _ Fraction of inspired O2ကျနော်တို့ ရှူသွင်းလိုက်သောလေထဲတွင် ပါဝင်သော oxgen ပမာဏကို ဆေးပညာအားဖြင့် FiO2 လို့ခေါ်ပါတ...
05/08/2021

FiO2 _ Fraction of inspired O2

ကျနော်တို့ ရှူသွင်းလိုက်သောလေထဲတွင် ပါဝင်သော oxgen ပမာဏကို ဆေးပညာအားဖြင့် FiO2 လို့ခေါ်ပါတယ်
စက်/ အိုးကထွက်တဲ့ O2 % ကိုပြောတာမဟုတ်ပါဘူး.
အောက်ဆီဂျင်ပေးတဲ့အခါ / ပုံမှန် အသက်ရှူတဲ့အခါ FiO2 ကိုသိသင့်ပါတယ်. .

oxygen အိုး/ စက်က 90% နဲ့အထက်ပေးလိုက်လို့ ကျနော်တို့အသက်ရှူတဲ့အခါမှာ 90% အထက် oxygen ကိုရသလားဆို မရပါဘူး. . လုံးဝမရပါဘူး. .
ပေးပုံပေးနည်းတွေပေါ်မူတည်ပြီး ရှူရတဲ့ အချိန်မှာတကယ်ရနိုင်တဲ့ Oxygen % ကွာသွားပါတယ်. .
လေထုထဲမှာ oxygen 21% ပါပါတယ် အဲ့တော့ ပုံမှန် FiO2 က 21% ပါ

oxygen အိုး/ စက်က concenteration 87-96% ရှိတယ်ဆိုပါတော့ ကျနော်တို့အသက်ရှူတဲ့အခါ တကယ်ရတဲ့ oxygen saturation FiO2

_နှာခေါင်းပိုက် (0.5~6 L/min) နဲ့ဆို _ 24~50% FiO2
_face mask (5~10 L/min) နဲ့ဆို _ 40~60% FiO2
_အိတ်ပါတဲ့ mask( 15L/min ) နဲ့ဆို _ 60~90% FiO2
(** reservoir mask နဲ့ဆို oxygen flow 10Lနဲ့အထက်ပေးသင့်ပါတယ် မဟုတ်ရင် လူနာက သူရှူထုတ်လိုက်တဲ့ လေကို သူပြန်ရှူနေရပြီး SpO2 ထပ်တောင်ကျနိုင်ပါသေးတယ်. . mask မှာ one way valve လေးတွေပါလို့ အပြင်ကလေသိပ်မဝင်နိုင်ပါ))

_ high flow oxygen စက်နဲ့သုံးတဲ့ နှာခေါင်းပိုက်နဲ့ (up to 70L/min) နဲ့ဆို _ up to 100% FiO2

_ cPAP နဲ့ O2 supply (15L/min) နဲ့ဆို _ up to 100% FiO2

_NIV-Non Invasive Mask / ET tube နဲ့ အသက်ရှူကူစက် ventilators တွေနဲ့ဆို FiO2 _ 21~100% လိုသလို adjust လုပ်ပေးလို့ရပါတယ်. .

ပေးပုံတွေနဲ့ ပေးနည်းတွေကို အောက်က link ထဲမှာလည်းအသေးစိတ်ရေးဖူးပါတယ်
https://m.facebook.com/story.php?story_fbid=3917786161681408&id=100003501876972

****
အဲ့တော့ လူနာကို ဆေးကုတဲ့အခါ O2 concenteration / flow လောက်နဲ့ မပြီးသွားဘဲ. . ကျန်အရေးပါတဲ့အချက်တွေလည်းအများကြီးပါ. . .
ကိုယ့်လူနာကို အောက်ဆီဂျင်ပေးနေရပြီဆိုရင်
~FiO2 ဘယ်လောက်ရနေလည်း
~ဘယ်လို အတိုးအလျော့ လုပ်မလည်း
~FiO2 တက်အောင် ဘယ်လိုလုပ်နိုင်လည်း
~ဒီတိုင်းမှတက်မလာရင် ဘယ်လိုထပ်လုပ်မလည်း သိကိုသိထားးသင့်ပါတယ်. .

အစ်မ professor ကလည်း နားလည်လွယ်အောင် သေချာအသေးစိတ်ရှင်းပြထားပါတယ်. .
https://m.facebook.com/story.php?story_fbid=2001489103334014&id=100004188300485

အဲ့ထဲမှာ အစ်မပြောတဲ့ လူနာရှူရတဲ့လေဆိုတာ FiO2 ကိုပြောတာဖြစ်ပါတယ်. . စက်/ အိုးကထွက်တဲ့ O2 % ကိုပြောတာမဟုတ်ပါဘူး. .

မရှင်းရင်တော့ ခနခနသာပြန်ဖတ်ပါ နားလည်သွားပါလိမ့်မယ်. . .

Crd - dr.phone

03/08/2021

GFL Company နှင့် PPTCL တို့မှ OWGELS OXYGEN CONCENTRATOR ကို ယုံကြည်စွာအားပေးဝယ်ယူကြတဲ့ Customer များ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ဦးစွာပထမပြောလိုပါတယ်ခင်ဗျာ

ဩဂုတ်လဒုတိယအပတ်အော်ဒါတွေကို ယနေ့မှစပြီး လက်မခံတော့ပါဘူးဆိုတာလည်း အသိပေးလိုပါတယ်

နောက်ပိုင်းဖြစ်ပေါ်လာမယ့် After-Sale Service အတွက်လည်း အထူးကြိုးစားနေပါကြောင်း အသိပေးရင်း ကျန်းမာသုခနဲ့ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

စာကြွင်း - မူဗီထဲမှာ ကြားနေရတဲ့ အသက်ရှုသံခပ်ပြင်းပြင်းတွေကို စာနာမိတာပါ 😔😔😔

Crd - Our Customer’s Movie

GFL Company + PPTCL

Knowledge Sharing !!!နောက်ထပ် အမေးများတဲ့ မေးခွန်း တစ်ခုဖြစ်တဲ့ Oxygen ရှူတဲ့ ပိုက်မှရေများပါလာခြင်း ကို မျှဝေပေးပါမယ်✅O...
01/08/2021

Knowledge Sharing !!!

နောက်ထပ် အမေးများတဲ့ မေးခွန်း တစ်ခုဖြစ်တဲ့ Oxygen ရှူတဲ့ ပိုက်မှရေများပါလာခြင်း ကို မျှဝေပေးပါမယ်✅

Oxygen Concentrator ရဲ့ humidifier မှ ဖြတ်ထွက်လာတဲ့ Oxygen မှာ ရေပါလာပြီး Oxygen nasal tube ကနေ့ နှာခေါင်းထဲ ဝင်တဲ့ပြသနာပါ၊
အဲ့ပြသနာကိုတော့ Condensation သို့မဟုတ် Rain-Out လို့ပြောကြပါတယ်၊ အဓိကကတော့ စက်ကထွက်လာတဲ့ လေရဲ့ temperature နဲ့ အသက်ရှူပိုက်လိုင်းထဲက temperature နှစ်ခု မတူညီတဲ့အခါ ပိုက်လိုင်းထဲမှာ ငွေ့ရည်ဖွဲ့ပြီး ရေဖြစ်သွားတာပါ၊

Rootcause # ဘာကြောင့်ဖြစ်ရတာလဲ❓
Oxygen Concentrator စက်တွေဟာ မောင်းတဲ့အချိန်ကြာလာတဲ့အခါ Compressor ရဲ့ အပူက စက်တစ်ခုလုံးကို ပြန့်နိုင်ပါတယ်၊ Compressor ဟာပူလာတဲ့အတွက် ထွက်လာတဲ့လေကလည်း ပူလာပါတဲ့၊ အဲ့လေပူဟာ Humidifier ထဲကရေကို ဖြတ်ပြီး ရေငွေ့အချို့ကို သယ်ဆောင်ပြီး ပိုက်လိုင်းထဲရောက်တဲ့ အချိန်မှာ ပြင်ပ အခန်းအပူချိန်ဟာ စက်ရဲ့ အပူချိန်ထက်နည်းတဲ့အခါ ပိုက်လိုင်းထဲမှာ ရေမှုန်များဖြစ်သွားပါတယ်၊ အချို့စက်တွေမှာ မတွေ့ရပေမည့် အချို့စက်တွေမှာ ဖြစ်တတ်ပါတယ်၊ အတွင်းက ပိုက်လိုင်းသွယ်တန်းထားပုံ ပေါ်မှာလည်းအများကြီး မူတည်ပါတယ်၊

Solutions # ဘယ်လိုဖြေရှင်းလို့ရသလဲ❓

၁. Oxygen Concentrator ကို လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားသုံးပေးပါ၊ စက်ရဲ့ အောက်ခြေပိုင်းဟာ လေပူကို စွန့်ထုတ်တဲ့အတွက် စက်အောင်ခြေကို ပိတ်မနေဖို့လိုပါမယ်၊ ကြမ်းပြင်မှာ အမွေးပွ ကော်ဇောအသုံးပြုတဲ့ အိမ်မျိုးဆိုရင် စက်ကို မျက်နှာပြင်ညီတဲ့ အပြားတစ်ပြားပေါ်မှာ တင်သုံးပေးပါ၊

၂. Oxygen Concentrator ကို နံရံနဲ့အနည်းဆုံး ၂ ပေလောက်ခွာထားပြီး

၃. Humidifier ရေဗူးထဲက ရေဟာ ပူလာရင်လဲပေးပါ၊ ရေအေးအေးထဲ့ပေးရင် ပိုကောင်းပါတယ်

၄. Humidifier ရေဗူးထဲကရေ ထည့်ထားတာများနေရင်လျှော့ပေးပါ၊ Maximum နဲ့ Minimum ကြားသာထည့်ပေးပါ

၅. Oxygen ရှူတဲ့ပိုက်ကို တတ်နိုင်သမျှ မခေါက်အောင်ထားပေးပါ၊ လေကောင်းကောင်း စီးနိုင်ရန် တတ်နိုင်သမျှဖြောင့်အောင်ထားပေးပါ၊

၆. Oxygen Concentrator ထဲမှ ပူစွန့်ထုတ်ပေးတဲ့ ပန်ကာတွေ လည်မလည်ကို စက်ပြင်ပြမှနေ စစ်ဆေးပေးပါ၊ တစ်ခါတရံ ပန်ကာထဲမှာ အမှိုက်များ ဝင်တတ်ပြီး ရပ်နေတတ်ပါတယ်၊ ပန်ကာများမလည်ရင်တော့ ပြုပြုင်ဖို့လိုပါမယ်၊

၇. Oxygen ရှူသူရဲ့ နှာခေါင်းထဲရေမဝင်စေရန် Nasal Cannula Water Trap (ပုံ-၁) နှင့် Video clip မှာပြထားတဲ့ tube လေးကို ဆေးဆိုင်တွေမှာ မေးဝယ်ပြီး အသက်ရှူပိုက်မှာ တပ်ဆင်အသုံးပြုနိုင်ပါတယ်၊ သူကပါလာတဲ့ ရေတွေကို tube အတွင်းပိုင်းမှာ ကျန်ခဲ့အောင်ပြုလုပ်ပေးပါတယ်၊

၈. နယ်ဘက်တွေမှာ Nasal Cannula Water Trap ကိုဝယ်လို့မရရင်တော့ မိမိကိုယ်တိုင် (ပုံ-၂) မှာ ပြထားတဲ့အတိုင်း ရေဗူး သန့်သန့်တစ်လုံးကိုအသုံးပြုပြီး water Trap လေးပြုလုပ်သုံးစွဲနိုင်ပါတယ်၊

Credit - TZ

ဝေဖန်တာလွယ်တယ်........လူတစ်ယောက်ဟာ ပန်းချီဆွဲပြီး သူ့ရဲ့ ပန်းချီကားကို လူတွေဘယ်လိုပြောကြမလဲဆိုတာ အရမ်းသိချင်မိတယ် ။အဲ့ဒါ...
01/08/2021

ဝေဖန်တာလွယ်တယ်........

လူတစ်ယောက်ဟာ
ပန်းချီဆွဲပြီး သူ့ရဲ့ ပန်းချီကားကို
လူတွေဘယ်လိုပြောကြမလဲဆိုတာ အရမ်းသိချင်မိတယ် ။

အဲ့ဒါနဲ့ ဈေးထိပ်တစ်‌နေရာမှာ
ပန်းချီကားချပ်ကို ချိတ်ထားပြီး
အပေါ်မှာစာတစ်ကြောင်းရေးထားလိုက် တယ် ။

ရေးတဲ့စာကတော့ ....
"အဆင်မပြေတာတွေ့ရင်_ဝေဖန်နိုင်ပါတယ်"...ပေါ့ ။

ဈေးသွားဈေးလာလူတွေအားလုံးက
ပန်းချီကားကို ကြည့်ပြီး တစ်ယောက်တစ်မျိုး ဝေဖန်ကြတယ် ။

သူကြားသမျှကတော့ အားလုံး အပြစ်တင်တာချည်းပဲ
တစ်ခုမှ အဆင်မပြေဘူး... တဲ့ ။

ပန်းချီဆရာလည်း စိတ်ပျက်လက်ပျက်နဲ့
ပန်းချီကားကို ယူပြီး အိမ်ပြန်လာခဲ့တယ် ။

အိမ်ရောက်တော့ သူ့အဖေကိုတွေ့တယ်ဆိုရင်ပဲ
ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ် ။

စိတ်ဓာတ်လည်း အတော်ကျနေရှာတယ် ။

အဖေဖြစ်သူကအကြံပေးတယ် ။
"ငါ့သား...အပေါ်ကစာကြောင်းလေး ပြောင်းရေးကြည့်ပါ."..တဲ့ ။

ဘယ်လို ရေးခိုင်းလဲဆိုတော့... ။
အဆင်မပြေတာရှိရင်_ပြင်ဆင်ဖြည့်စွက်_ရေးဆွဲသွားကြပါ.'. ဆိုပြီး ခေါင်းစဉ်ပြောင်းချိတ်..ခိုင်းတယ်။

နောက်တနေ့ရောက်တော့ ပန်းချီဆရာလည်း
သူ့အဖေ မှာတဲ့အတိုင်း ပန်ချီကားကိုဈေးထိပ်မှာချိတ်တယ်။

ထူးထူးဆန်းဆန်းပဲ !!

ဒီတခါတော့ ဈေးသွားဈေးလာလူတွေအားလုံးက
ဘာအသံမှ မထွက်ကြတော့ဘူး..။

ဘယ်သူမှလည်း ပန်းချီကားကိုအပြစ်မပြောကြ ‌တော့ဘူး။

ကိုယ်တိုင်လည်း ဘယ်သူကမှ
ပန်ချီကားမှာ ဖြည့်စွက် ပြီး ဝင်မဆွဲကြဘူး..တဲ့

ဘာလို့လဲဆိုတော့ ....

သူတို့မှာ သူတစ်ပါးလုပ်တာကိုကြည့်ပြီး
ဝေဖန်ကြဖို့ ‌လောက်ပဲ အသိရှိကြတယ်။

ကိုယ်တိုင်က လုပ်တတ်တဲ့ အရည်အချင်း မရှိကြလို့ပဲ။

Credit..

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959796767700

Alerts

Be the first to know and let us send you an email when Golden Future Linkage Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Golden Future Linkage Co., Ltd:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram