𝐓𝐡𝐞 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐖𝐞𝐥𝐥𝐬𝐩𝐫𝐢𝐧𝐠

  • Home
  • Myanmar
  • Yangon
  • 𝐓𝐡𝐞 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐖𝐞𝐥𝐥𝐬𝐩𝐫𝐢𝐧𝐠

𝐓𝐡𝐞 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐖𝐞𝐥𝐥𝐬𝐩𝐫𝐢𝐧𝐠 DM for personal readings! 🐈‍⬛🖤

𝑻𝒂𝒓𝒐𝒕 𝒓𝒆𝒂𝒅𝒊𝒏𝒈 𝒎𝒆𝒏𝒖 🔮✨
28/04/2026

𝑻𝒂𝒓𝒐𝒕 𝒓𝒆𝒂𝒅𝒊𝒏𝒈 𝒎𝒆𝒏𝒖 🔮✨

Daily Message For You 🔮❤️ (April 28) စိတ်က အဆင်မပြေမှုတွေစီပဲ အာရုံရောက်နေတတ်တယ်.. ကိုယ့်ရဲ့အတွေးတွေက ကိုယ့်ရဲ့ဘဝကိုဖန်တ...
28/04/2026

Daily Message For You 🔮❤️ (April 28)

စိတ်က အဆင်မပြေမှုတွေစီပဲ အာရုံရောက်နေတတ်တယ်.. ကိုယ့်ရဲ့အတွေးတွေက ကိုယ့်ရဲ့ဘဝကိုဖန်တီးပေးတာမလို့ လွင့်နေတဲ့အတွေးတွေကို ပြန်စုစည်းလိုက်ပါ..

အချို့ကလည်း အတိတ်ကနေရုန်းမထွက်နိုင်တာမြင်တယ်.. အချို့ကအလုပ်မဖြစ်တဲ့အရာတွေအပေါ်အာရုံစိုက်ရင်း ကိုယ့်အတွက် ကမ်းလှမ်းလာတဲ့အခွင့်အရေး တွေကို လစ်လျူရှုမိတတ်တယ်.. အလုပ်တွေ များနေတတ်ပေမယ့် စိတ်နဲ့ကိုယ်နဲ့သိပ်မကပ်‌တာ result နဲ့ပက်သက်၍ သိပ်အားမရတာမျိုးလဲ ရှိနိုင်တယ်.. ဆက်ဆံရေးပိုင်းတွေမှာလည်း ကိုယ့်ဘက်က ပြောသင့်တဲ့စကားကိုမပြောဖြစ်တာ နှုတ်ဆိတ်နေတာမျိုးတွေလုပ်ဖြစ်နေတတ်တယ်..

အဓိကက ပွင့်"လင်း" ဆွေးနွေးဖို့ပါ။ ဒီလိုနေ့မျိုးမှာ တစ်ယောက်တည်းနေတာမျိုးထက် သူငယ်ချင်းတွေနဲ့စကားပြောပါ။ စိတ်ကိုပြန်လည်လန်းဆန်းလာစေမယ့် အလုပ်မျိူးတွေလုပ်ပါ။ ကိုယ့်ရဲ့ idea တွေ ကိုယ့်ရဲ့ စွမ်းရည်တွေကို လူတွေက appreciate လုပ်ပေးလာကြမှာမလို့ ကိုယ့်ကိုကိုယ်အားမရတဲ့စိတ်ကို ခဏဘေးဖယ်ထားပါ။

ကိုယ်ကြိုးစားထားတဲ့ရလဒ်လေးတွေ ပြန်ရမယ်.. အမှန်တရားတစ်ခုခုသိရမယ်.. ပိုကောင်းဖို့ အချို့အရာတွေဖြတ်တောက်ခဲ့ရမယ်.. ကိုယ့်အပေါ်မစစ်မှန်သူတွေရှိရင် သူတို့မျက်နှာဖုံးတွေ ကွာကျလာမယ်.. စစ်မှန်သောသူများသာ အနားမှာကျန်ရှိခဲ့မယ်..

အကယ်၍ ကိုယ်ဟာ အဆင်မပြေခဲ့တဲ့လူဟောင်း တစ်ယောက်ယောက်စီက အဆက်အသွယ်ကိုမျှော်နေမယ်ဆိုရင် သူ့ထက်ပိုကောင်းတဲ့တခြားလူအသစ်တစ်ယောက် ကိုယ့်အနားမှာရှိနေတာမလို့ မြင်အောင်ကြည့်ကြည့်ပါ🫶🍀

Awakening တစ်ခုခုဖြစ်လာမယ့် အချိန် ဖြစ်ပါတယ်။ Energy တွေပိုမြင့်လာမယ်။ spiritual path ကိုလျှောက်နေတဲ့သူတွေ universe နဲ့ပိုပြီး align ဖြစ်လာမယ် higher level တစ်ခုကိုတက်ရောက်နိုင်မယ်။ စိတ်ကို တင်းတင်းချည်နှောင်ထားတာမျိုးမလုပ်ပါနဲ့ .. အခုချိန်ဖြစ်ပေါ်နေတဲ့အပြောင်းအလဲကို စိတ်လွတ်လက်လွတ်လေးခံစားကြည့်စေချင်တယ်.. ကိုယ့်ရဲ့ wisdom နဲ့ universe ရဲ့ wisdom ဟာ တစ်သားတည်းကျလာပြီး ကိုယ့်ဘဝကို လမ်းမှန်ပေါ်ရောက်အောင်တင်ပေးလိမ့်မယ်.. အပြောင်းအလဲက ကိုယ့်ရဲ့အတွင်းထဲမှာဖြစ်ပေါ်နေမယ်.. life purpose ကိုလည်း တစ်စတစ်စ ရှာဖွေတွေ့ရှိလာမယ်.. idea တွေကို block မဖြစ်စေဘဲ လွတ်လပ်စွာထွက်လာခွင့်ပြုပါ။ Don't overthink! 🫶🍀

- 𝐓𝐇𝐄 𝐈𝐍𝐓𝐔𝐈𝐓𝐈𝐕𝐄 𝐖𝐄𝐋𝐋𝐒𝐏𝐑𝐈𝐍𝐆 -

Energy of the day ⛅💌Patience, hard work, saving time Waiting, preparing, travelYou have to move forward to something new...
27/04/2026

Energy of the day ⛅💌

Patience, hard work, saving time
Waiting, preparing, travel

You have to move forward to something new. အားအင်တွေစိုက်ထုတ်ထားတဲ့အလုပ်တွေအတွက် ရလဒ်ကို တန်းမမြင်ရသေးပေမယ့် ဖြည်းဖြည်းချင်းဆက်သွားကြည့်ပေးပါ။ ခုချိန်မှာ ရှေ့မရောက်သလိုခံစားနေရနိုင်မယ် နာကျင်နေရနိုင်တယ် ဒါပေမယ့် u have to move towards your goals. ငွေစုဆောင်းပါ။ ကိုယ် ကြိုးစားအားထုတ်ထားရတဲ့အရာအတွက် ဆုလဒ်ကိုမမြင်ရသေးပေမယ့် တဖြည်းဖြည်းနဲ့ ကိုယ်ဟာ ဒီgoal နဲ့တစ်သားတည်းဖြစ်လာမှာကို ခံစားရပါလိမ့်မယ်..

"လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်" ဆိုတဲ့အတိုင်းပဲ.. ကောင်းမွန်တဲ့ outcome တစ်ခုရဖို့ဖြည်းဖြည်းချင်းကြိုးစားသွားကြပါ။ ခုချိန်မှာ ရရင်ရသလို details လုပ်ပါ။

အဆက်အသွယ်တွေမျှော်နေရင်တော့ မရနိုင်သေးပါဘူး၊ တစ်ဖက်လူက ကိုယ့်အကြောင်းတွေဝေနေတုန်းပါ.. ကိုယ်ကလည်းသူနဲ့ပက်သက်ပြီးလမ်းပျောက်နေတတ်ပါတယ်..

Negative energy တွေကိုအရင်ရှင်းလိုက်ပါ။ go slow; take time ပါဗျ။

Connection တွေတည်ဆောက်တဲ့အခါမှာလည်းစိတ်ရှည်ပါ အချိန်ယူပါ။ အဓိကကတော့ ဒီနေ့ တစ်နေ့လုံးစိတ်ရှည်သည်းခံပါမှ လိုရင်းရောက်ပါမယ်။ မဟုတ်ရင် ကိုယ့်ရဲ့ဒေါသနဲ့ကိုယ်ဟာ သံသရာလည်နေပါအုံးမယ်..

Hello everyone!🐈‍⬛🖤ကျွန်တော့်ရဲ့ 3 years tarot career လေးမှာ journey အသစ်တစ်ခုအနေနဲ့ ပုံစံပြောင်းလဲပြီး ဆက်သွားပါမယ်.. က...
22/04/2026

Hello everyone!🐈‍⬛🖤

ကျွန်တော့်ရဲ့ 3 years tarot career လေးမှာ journey အသစ်တစ်ခုအနေနဲ့ ပုံစံပြောင်းလဲပြီး ဆက်သွားပါမယ်..

ကျွန်တော့်ရဲ့ career မှာ Marcus အဖြစ်နဲ့ အချိန်တစ်ခုထိ လာခဲ့ပါတယ်.. but right now I wanna go through new journey.

Name လည်း change ထားတယ်၊ premium readings တွေနဲ့ elegant ဆန်ဆန်ပြန်လာပါမယ်..🐈‍⬛🖤

So, personal readings တွေရယ် page ရယ်ကိုပြန်ပြီး ပြင်ဆင်ရမှာမလို့ I will take time. Next month ကျရင် အသစ်အသစ်တွေနဲ့ ပြန်လာခဲ့ပါမယ်.. 🐈‍⬛🖤

April လအတွက် Pick a pile 🍀
02/04/2026

April လအတွက် Pick a pile 🍀

22/03/2026

Angels Guidance Message For You💌

Healing process ထဲရောက်နေပါတယ်.. ဘဝမှာပိုကြီးရင့်ကျက်လာဖို့ ပြောင်းလဲလာတဲ့ ကာလတစ်ခုကိုဖြတ်သန်းနေရတယ်.. ဒါကြောင့်မလို့ အချို့ အခွင့်အရေးတွေ ဆုံးရှုံးရမယ် လူတွေကို လက်လွှတ်ရမယ် ကိုယ့်ရဲ့အချို့အကျင့်လေးတွေကို လက်လွှတ်ရမယ်.. Spiritually Grow up တဖြည်းဖြည်း ဖြစ်လာနေတာမျိုးလေးတွေ့မြင်ရတယ်..

ပတ်ဝန်းကျင်အသစ်တစ်ခုကို ရောက်ရှိသွားတာမျိုး၊ ခရီးထွက်ရတာမျိုး၊ ကိုယ်နဲ့မရင်းနှီးတဲ့နေရာတစ်ခုကိုရောက်သွားရတာမျိုး စတဲ့ physical movement တစ်ခုကိုမြင်ရပါတယ်.. ကိုယ့်မှာ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေရှိနေဖို့တော့လိုပါတယ်၊ kill your anxiety right now ပါ စိုးရိမ်ပူပန်မှုတွေလျှော့ချလိုက်ပါ Trust the process ပါ သင်ကြိုးစားခဲ့သမျှဟာ ဘယ်တော့မှ သဲထဲရေသွန်ဖြစ်မသွားဘူးဆိုတာ ယုံကြည်ထားပါ perfect ဖြစ်တဲ့အရာတွေဖြစ်မလာရင်တောင် ကိုယ်လုပ်ခဲ့တဲ့တစ်ခုချင်းစီကို ဂုဏ်ယူပါ၊ ကိုယ့် journey သည် သူများတွေနဲ့မတူပါဘူး..

ကိုယ့်အတွက် career အပြောင်းအလဲ၊ ပညာရေးမှာဆိုလဲ ပိုကောင်းတဲ့အပြောင်းအလဲမြင်မိတယ်၊ အခုက ယူတို့က စိတ်လောနေကြတာလေးတွေ့တယ် ဖြစ်လိုစိတ်တအားကြီးမားနေကြတော့လေ ဖြစ်လိုတဲ့အတိုင်းမဖြစ်လာရင် ထိခိုက်နာကျင်ရတယ် အဲ့လိုထပ်မဖြစ်အောင် စိတ်ကလေးကို ခဏလျှော့ထားပါအုံး..

Angels လေးတွေက ကိုယ့်အတွက် ကောင်းချီးလေးတွေပို့ပေးနေတယ်.. အသစ်တွေရလာဖို့မြင်တယ် ပတ်ဝန်းကျင်အသစ် နေထိုင်မှုပုံစံအသစ်တွေအပြင် အချစ်အသစ်တွေရောပေါ့နော် ပြီးတော့ Angels တွေရဲ့ fully support ကို ရတဲ့သူတွေပါလေ သတိရရင် ကိုယ့်ကိုစောင့်ရှောက်ပေးနေကြတဲ့ Angels လေးတွေကို မေတ္တာပို့သပေးပါအုံး..

Impulsiveness များနေတဲ့စိတ်ကိုထိန်းချုပ်ပြီး သေချာစဉ်းစားဖို့ အချိန်ယူဖို့လုပ်ပါ

အချစ်ရေးမှာလည်းလေ ဘယ်အရာကိုမှ အလျင်မလိုပါနဲ့နော်

အခုမှ သင်တို့က အချစ်ရေးမှာလည်း new beginnings, new phase ထဲကိုဝင်ရောက်ခါစ ဖြစ်တာမလို့ အချိန်ယူပါအုံး.. မြန်မြန်ဝင်လာတဲ့သူ ဒုန်းဆိုင်းဝင်လာတဲ့သူဟာ ဒုန်းဆိုင်းပဲထွက်သွားတတ်တာမလို့ အချိန်ယူပြီးကိုယ့်အပေါ် ကို တကယ် ကောင်းတဲ့ချစ်သူမျိုးကိုပဲစောင့်ပါ.. ကိုယ့်ထက်ငယ်ရွက်ပြီးသွက်လက်တဲ့သူ၊ passionate ဖြစ်နေတဲ့သူတစ်ယောက် ဘဝထဲဝင်လာဖို့ရှိနေပါတယ်..

အတိတ်ကကြုံခဲ့ရတဲ့ ဝမ်းနည်းစရာတွေကိုထားခဲ့လိုက်ပြီး ကိုယ့်ဘဝမှာရှိနေသေးတဲ့အရာတွေ ရှိလာအုံးမယ့်အရာတွေကို ရှာဖွေပါတန်ဖိုးထားပါလေ😁❤️

Energy Resonate ဖြစ်ကြပါစေနော်😊

Today Message 💌❤️ဆူညံပြီးပူလောင်တဲ့ ပတ်ဝန်းကျင်တွေ ဆက်ဆံရေးတွေ အခြေအနေတွေကနေ ရုန်းထွက်ခဲ့ပါ.. သင်ဟာ ငြိမ်းချမ်းဖို့ ထိုက...
14/03/2026

Today Message 💌❤️

ဆူညံပြီးပူလောင်တဲ့ ပတ်ဝန်းကျင်တွေ ဆက်ဆံရေးတွေ အခြေအနေတွေကနေ ရုန်းထွက်ခဲ့ပါ.. သင်ဟာ ငြိမ်းချမ်းဖို့ ထိုက်တန်ပါတယ်..

အေးချမ်းစွာနေထိုင်နိုင်ဖို့ ငြိမ်သက်စွာနေထိုင်နိုင်ဖို့ လေ့ကျင့်ပါ..

ကိုယ့်ရဲ့အတွင်းစိတ်ငြိမ်းချမ်းခြင်းဟာ အရာရာကို ခွဲခြမ်းသိမြင်ခြင်း၊ လက်ခံနိုင်ခြင်း နဲ့ နားလည်ဖို့ကြိုးစားခြင်းကနေ လာပါတယ်..

သင် အခုလုပ်ဖို့အလိုအပ်ဆုံးအရာက စိတ်ကိုငြိမ်ငြိမ်လေးထားဖို့ ဘယ်အရာကိုမှမစိုးရိမ်တော့ဘဲ လက်ခံတတ်ဖို့ လက်ရှိရှိနေတဲ့ဘဝကို အကောင်းဆုံးပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ဖြစ်ပါတယ်💁❤️

Energy claim it...


Messages for a week💭❤️ (March 4 to 11)•အတွင်းစိတ်မှာရှုပ်ထွေးနေတာလေးတွေ ကိုယ့်ကိုကိုယ်မေးခွန်းအရမ်းထုတ်နေတာမျိုးတွေ စိတ်...
04/03/2026

Messages for a week💭❤️ (March 4 to 11)

•အတွင်းစိတ်မှာရှုပ်ထွေးနေတာလေးတွေ ကိုယ့်ကိုကိုယ်မေးခွန်းအရမ်းထုတ်နေတာမျိုးတွေ စိတ်ပူနေတာမျိုးတွေကြောင့် ကိုယ့်ရင်ထဲမှာကို ပူလောင်ပြီး ပဋိပက္ခများနေတတ်တယ်..
•ကိုယ့်အတွက် ယုံကြည်ရတဲ့သူ နဲ့ မယုံကြည်ရတဲ့သူကို ပြတ်သားစွာသိလာရမယ်
•တစ်ယောက်တည်း လုပ်ကိုင်နေသောအလုပ်များ အောင်မြင်မယ်၊ သို့မဟုတ် ကိုယ်က ဦးဆောင်ရသောအလုပ်မှာ အဆင်ပြေခြင်းသို့ရောက်မယ်။ ကိုယ့်ပန်းတိုင်ကို ကိုယ်ကိုယ်တိုင်သတ်မှတ်မှာမလို့ သူများတွေရဲ့ validation (အသိအမှတ်ပြုခြင်း) ကိုသင်မလိုအပ်တော့ပါဘူး..
•နယ်ဝေး/ တစ်နေရာရာကနေ တစ်ခုခု မျှော်နေတတ်တယ်၊ ပစ္စည်း၊ လူ၊ အခွင့်အရေး သို့မဟုတ် စာတစ်စောင်ပေါ့နော်။ အဲ့တာကို ရနိုးနိုးနဲ့ စိတ်မှာဗျာများနေရတာလည်းတွေ့မယ်
•အချစ်ရေးနဲ့ပက်သက်ရင်တောင် ကိုယ့်ဘာကိုယ်လည်းဗျာများနေသလို ကိုယ့်ပါတနာနဲ့ပက်သက်၍လည်း စိတ်ရှုပ်နေရတတ်တယ် ဒါကြောင့် သည်းခံခြင်းကသာ အနိုင်ရလိမ့်မယ်..
•ဆုံးရှုံးသွားပြီထင်သော အခွင့်အရေးများပြန်လည်ရရှိလာတတ်တယ်၊ တစ်ခုခုပြီးဆုံးထားသူများ တစ်ခုခုစတင်မယ်.. တစ်ပတ်အတွင်းဖြစ်ပေါ်မယ်..
•အတိတ်ကမိတ်ဆွေဟောင်း သူငယ်ချင်းဟောင်း ရည်းစားဟောင်း အချစ်ဟောင်းတွေစီကနေ အဆက်အသွယ်ရမယ်..

Oracle Messages : ကိုယ့်ရဲ့ intuition (အလိုလိုသိစိတ်) ကိုယုံကြည်ပါ.. ကိုယ့်ဘာကိုယ် မယုံကြည်မိရင် အလုပ်တစ်ခုကို နှစ်ခါလုပ်ရတတ်တယ် သတိထားပါ။ ကိုယ့်ရဲ့ဉာဏ်စွမ်းဉာဏ်စကိုယုံကြည်ပါ၊
သည်တစ်ပတ်အတွင်းကိုယ့်ရဲ့ gut feeling တွေအရမ်းအားကောင်းနေတာမလို့ ကိုယ့်အပေါ် သူများတွေရဲ့ထားရှိတဲ့ energy တွေ အတိုင်းသားခံစားရမယ် မြင်ရမယ်.. အတွင်းထဲက inner voice ကိုသေချာနားထောင်ပါ.. အဖြေက အတွင်းထဲရှိပါတယ်ရယ်..
အပြောင်းအလဲတွေဖြစ်လိမ့်မယ်.. အပြင်ဘက်ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲဆိုတာထက် အတွင်းစိတ်က ရင့်ကျက်ပြီး ပြောင်းလဲလာပါမယ်။ spiritual awakening ကြုံမယ် angel numbers တွေ ခဏခဏမြင်မယ် တရားများများထိုင်ပါလေ

Energy ကိုက်ကြပါစေကြောင်း

Messages for March 2 💭❤️သာယာချမ်းမြေ့တဲ့ တပေါင်းလပြည့်နေ့လေးဖြစ်ပါစေနော်..Full moon day မှာတော့ energy block လေးတွေမြင်ရ...
02/03/2026

Messages for March 2 💭❤️

သာယာချမ်းမြေ့တဲ့ တပေါင်းလပြည့်နေ့လေးဖြစ်ပါစေနော်..

Full moon day မှာတော့ energy block လေးတွေမြင်ရတယ်.. ဆက်ဆံရေးတွေမှာ ကိုယ့်ရဲ့ စကားတွေ အပြုအမူတွေကို ထိန်းချုပ်လွန်းပြီး ပြောသင့်တာမပြော လုပ်သင့်တာကိုမလုပ်မိတာမျိုးဖြစ်တတ်တယ်ပေါ့နော်.. ကိုယ့်ရင်ထဲ စိတ်ပူနေရတဲ့ကိစ္စတွေ များမြံနေတာမလို့ သည်နေ့မှာ အလုပ်တွေကို နှစ်ခါပြန်လုပ်ရတာ အမှားများတာလေးတွေနဲ့ကြုံတွေ့နိုင်ပါတယ်..

အထူးသဖြင့် မိန်းကလေးတွေ ကျန်းမာရေးပြဿနာလေးမြင်ရတယ်၊ ဆင်းသင့်တဲ့ မကောင်းတဲ့ အရာတွေဟာ မဆင်းဘဲ ခန္ဓာကိုယ်ထဲမှာကျန်ရှိနေတတ်လို့ ဆေးကောင်းကို မှီဝဲပါ မဟုတ်ရင် ဆေးခန်းပြပါ..

ကိုယ်ကကြိုးစားချင်စိတ်ရှိပေမယ့် စိုးရိမ်ပူပန်ခြင်းကရှေ့ရောက်နေတော့ တစ်ခုခုဆို မလုပ်ရသေးဘူး တွေးကြောက်နေပြီဆိုတာမျိုးပါ။ ဒါတွေမဖြစ်ရအောင် အဲ့စိတ်ဇုန်ထဲကနေထွက်ပါ ထွက်လာနိုင်အောင် တရားထိုင်ပေးလို့ရပါတယ်၊ therapist တွေနဲ့တိုင်ပင်ပြီး healing or counselling ဝင်သင့်ပါတယ်..

အိပ်ရေးပျက်တာမျိုးတွေဖြစ်တတ်လို့ ကျန်းမာရေးကိုထိခိုက်နေနိုင်ပါတယ်၊ လွယ်လွယ်နဲ့မောပန်းတာ ရင်ဘတ်နဲ့နှလုံးပတ်ချာလည် တင်းမာခြင်းမျိုးကြုံရနိုင်တယ်နော် သတိထားပါ..

Universe Message : စိတ်ကိုတည်ငြိမ်အောင်အရင်ထားစေချင်ပါတယ်.. ပူပင်နေတဲ့စိတ်လေးကို ခဏလျှော့ထားပြီး ကိုယ်နဲ့စိတ် သမမျှတမှုရှိစေဖို့ကို အားထုတ်ပါ.. ပိတ်ဆို့နေတာတွေရှိရင် may or June လလောက်မှာ တံခါးပွင့်ပါမယ်.. အချစ်ရေးနဲ့ပက်သက်ပြီး အဆင့်တက်ချင်သူတွေ may or June မှာ အဆင့်တစ်ခုကို ကျိန်းသေပေါက်ရောက်ပါမယ်။ အချို့က commitment အထိပါ ရပါမယ်။ အဓိကက ကိုယ့်ခံစားချက်ကို ထုတ်ဖော်ပြဖို့ ပြောပြဖို့လိုအပ်ပါတယ်နော် .. အတင်းမြိုသိပ်ပြီး သည်းခံဖို့ကြိုးစားတာက အဖြေတစ်ခုမဟုတ်ဘဲ ဖွင့်ထုတ်ပြီးဖြေရှင်းတာကမှ ပြဿနာကိုငြိမ်းအေးသွားစေတာပါတဲ့နော်💭❤️

"ငါ့ကိုယ်ငါ ခွင့်လွှတ်ပါတယ်"
"ငါ့ကို နာကျင်စေခဲ့တဲ့လူတွေကိုလည်း ငါခွင့်လွှတ်ပါတယ်"
"ငါ့ကံကြမ္မာကို ငါ ခွင့်လွှတ်ပါတယ်"
"အရာရာတိုင်းအတွက် Universe ကို ကျေးဇူးတင်ပါတယ်.."

အရမ်းစိတ်ဖိစီးလာရင် ကျေးဇူးတရားသာပွားများလိုက်ပါ၊ သည်နည်းက စိတ်ညစ်သက်သာစေဖို့ အမြန်ဆုံးနည်းပါပဲ

Lucky Sign : Ta**us
သတိထားရမှာကတော့ Air signs တွေပါ Mercury Retrograde ဒဏ်ကို ပယ်ပယ်နှယ်နှယ် ခံနေရပါတယ်.. ပိတ်ဆို့နေပါတယ်
Lucky color : Green, Yellow, Brown, White
Lucky Number : 5

Energy resonate ဖြစ်ကြပါစေ

Address

Yangon
NONE

Alerts

Be the first to know and let us send you an email when 𝐓𝐡𝐞 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐖𝐞𝐥𝐥𝐬𝐩𝐫𝐢𝐧𝐠 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share