Zay Cho Medical Equipment

Zay Cho Medical Equipment shopping service Zay Cho Trading

🥰Adjustable and durable ဖြစ်တဲ့ drip stand တွေရှာနေပါသလား?🩺🥰ဆရာဆရာမတို့ရဲ့ ဆေးခန်း ဆေးရုံပဲဖြစ်ဖြစ် အိမ်မှာဆေးချိတ်ချင်သ...
30/06/2025

🥰Adjustable and durable ဖြစ်တဲ့ drip stand တွေရှာနေပါသလား?🩺
🥰ဆရာဆရာမတို့ရဲ့ ဆေးခန်း ဆေးရုံပဲဖြစ်ဖြစ် အိမ်မှာဆေးချိတ်ချင်သူတွေအတွက် personally ဆောင်ထားဖို့ပဲဖြစ်ဖြစ် အသင့်တော်ဆုံးdrip standတွေ မှာယူရရှိနိုင်ပါပြီ။🩺
🥰အချိုသာဆုံးစျေးနှုန်းများနဲ့ ရောင်းချပေးမှာဖြစ်လို့ အသေးစိတ်ကို page messenger ကနေဆက်သွယ်မေးမြန်းပေးပါနော်💰

29/06/2025

မင်္ဂလာပါ ဆရာတို့ ဆရာမတို့ရေ

🥰ဆရာတို့ ဆရာမတို့ဆေးခန်းဆေးရုံသုံးပစ္စည်းများကို ပစ္စည်းကွာလတီကောင်းဖို့ အရမ်းအရေးကြီးပါတယ်။

🥰အဲ့တာမှ patients တွေအတွက်ထိရောက်တဲ့ ကုသမှုတွေ လျင်မြန်တိကျသော ရလဒ်တွေကို ရရှ်ိစေနိုင်မှာပါ။

🥰အခုလိုမျိုး အရာရာစျေးကြီးနေတဲ့ခေတ်ကြီးမှာ စျေးနှုန်းချိုသာဖို့ကလည်း အလိုအပ်ဆုံးပါပဲရှင်။

🥰ဒါ့ကြောင့် ကျွန်မတို့ Zay Cho Trading ကနေပြီးတော့ ဆရာဆရာမတို့အတွက် ပစ္စည်းမှန် စျေးနှုန်းချိုသာမှန်ကန်တဲ့ medical equipment ပစ္စည်းများကို ရောင်းချပေးသွားမှာပါ။

ဆရာဆရာမတို့အတွက် ကျွန်မတို့ဘက်မှ
✅Trusted brands
✅Competitive price
✅Responsive service တွေနဲ့ အကောင်းဆုံး ဆောင်ရွက်ရောင်းချပေးမှာပဲ ဖြစ်ပါတယ်။

ပစ္စည်းလေးတွေကို အလွယ်တကူဝယ်ယူနိုင်ဖို့ကျွန်မတို့page လေးကို Like & follow လုပ်ပေးပါဦးနော်။

ဆရာကြီးအား လေးစားစွာကူးယူဖော်ပြပါသည်။ယခုနှစ် အစ ထဲက သွေးလွန်တုပ်ကွေးရောဂါနဲ့ဆေးရုံ တက်ရတဲ့ကလေးတွေ ပါရမီဆေးရုံကြီးမှာ အမြ...
10/05/2022

ဆရာကြီးအား လေးစားစွာ
ကူးယူဖော်ပြပါသည်။

ယခုနှစ် အစ ထဲက သွေးလွန်တုပ်ကွေးရောဂါနဲ့ဆေးရုံ တက်ရတဲ့ကလေးတွေ ပါရမီဆေးရုံကြီးမှာ အမြဲရှိ နေပါတယ် ရန်ကင်း နဲ့ ရန်ကုန် ကလေး ဆေးရုံကြီး တွေမှာ လည်းရှိတယ် လို့ သိရပါတယ်

သွေးလန့်တဲ့ကလေး​တွေ သွေးရည်ကြည် အထိ သွင်းရတဲ့ ကလေးတွေလည်း ရှိပါတယ်

မိုးကျလါတာနဲ့ ကျောင်းဖွင့်ချိန်နဲ့ ပိုပြီးတွေ့လာနိုင်စရာရှိပါတယ်

အရေးအကြီးဆုံးကတော့ သွေးလွန်တုပ်ကွေး ကို ဖြစ်မှန်းသိ ဆေးရုံတင်သင့်တဲ့ကလေးတွေ တင် ထားပြီး စံနစ်တကျကုသရင် အဆင်ပြေပါတယ်

ဆရာဝန်များကျန်းမာရေးဝန်ထမ်းများ မိဘများ သတိထားနိုင်ဖို့ပါ

သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်

၁. အော့ အံ ခြင်း
၂. အရေပြား ပေါ် တွင် အပိန့့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေး ဖြူ ဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် ရောင်အံခြင်း

အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

အန္တရာယ် လ က္ခဏာ များ

၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း

ဆေးရုံတက်သင့် သော လူနာများ

၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ

သွေးလွန်တုပ်ကွေးထောင်ချောက်

အရေး ကြီးသည့် သွေး လန့် ခြင်း မဖြစ် မှီ တွင် အဖျားကျ သွားတတ် သည်နေကောင်းသွားပြီ ဟု မှားယွင်းစွာယူဆတတ်သည်
အဖျား ကျ ပြီး မလန်းဆန်းလျှင် မှိန်း လျှင် ကယောင် ကတမ်း ဖြစ် လျှင် မူးဝေအော့ အံ လျှင် ဆေးရုံ သ်ို့ အမြန် သွားရပါ မည်
စားသောက် ဆော့ ကစားနေ လျှင် မစိုးရိမ် ရပါ

သွေး လွန် တုပ် ကွေး အန္တရာယ်ကင်း ဂါ ထာ

ရာသီတိုင်းတွင် ဖျားနာ လျှင်
သွေးလွန် တုပ် ကွေး မှတ်

အဖျားကျ စဉ် မလန်း လျှင်
အစဉ် သတိ ချပ်

ပါမောက္ခ ဦးစောဝင်း
ပါမောက္ခ/ ဌာနမှူး (ငြိမ်း)
ကလေးကျန်းမာပညာဌာန ဆေး(၁)

ဒေါက်တာစောဝင်း (ကလေးကျန်မာရေး )

Vaxigrip tetra 2022 က အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုး ၄ မျိုးကို ကာကွယ်ပါတယ်- A/H1 N1- A/H3 N2- B/Austria- B/Phuket 🍀ရာသီ...
06/05/2022

Vaxigrip tetra 2022 က အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုး ၄ မျိုးကို ကာကွယ်ပါတယ်
- A/H1 N1
- A/H3 N2
- B/Austria
- B/Phuket

🍀ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံသင့်သူများ🍀
- သက်ကြီးရွယ်အို (အသက် ၆၅ နှစ် အထက်)
- ရောဂါအခံရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံး နှင့်ကျောက်ကပ်၊ အဆုတ်ရောဂါရှိသူများ)
- ကိုယ်ဝန်ဆောင်သည်များ
- ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ (HIV, ကင်ဆာရောဂါသည်)
- ကိုယ်ခံအားကျဆင်းသည့် ဆေးသောက်နေရသူများ

- က​လေးများလဲ အသက် (၆)လ အရွယ်မှ စတင်၍ ထိုးနှံနိုင်ပါသည်။
- အသက်(၆)လမှ (၉)နှစ်ကလေးများတွင် ယခင်ကထိုးခဲ့ဘူးပါက (၁)လုံးသာထိုးရန်လိုအပ်ပါသည်။
- ယခင်က ထိုးခဲ့ဖူးခြင်းမရှိပါက ပထမ အကြိမ်(၁)လုံးထိုးပြီး တစ်လအကြာတွင် နောက်ထပ်(၁)လုံး ထပ်မံထိုးရန်လိုအပ်ပါသည်။
- အသက်(၉)နှစ်အထက်ဆိုပါက(၁)လုံးသာထိုးရန်လိုအပ်ပါသည်။

-ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များလဲ ထိုးနိုင်ပါသည်

✅ cold chain စိတ်ချစွာဖြင့် ဆေးရုံဆေးခန်းများအတွက် သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေးနေပါပြီ 🥰

📲 09267006611 သို့ page msg သို့ ဆက်သွယ်မှာယူနိုင်ပါပြီ

30/04/2022

နေ့စဉ် ပြုလုပ်ပေးသင့်တဲ့ မျက်စိ အနားပေးလေ့ကျင့်ခန်းများ 👁👁

( ၁ ) မျက်တောင် တဖျပ်ဖျပ် ခတ် တာ ကို ၂ မိနစ် လောက် လုပ်ပေး လိုက် ပါ ။ အဲ့ဒါကမျက်လုံး နား တဝိုက်မှာ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

(၂) ပြတင်းပေါက်မှန်ကို ၅ စက္ကန့် လောက် စိုက် ကြည့် ပြီး အဝေးက အရာဝတ္ထုတွေ ကို ၅ စက္ကန့်လောက် ပြောင်း ကြည့် ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၃) မျက်လုံး မှိတ် ပြီး တစ်နေ့ နှစ်ကြိမ် ရေ ဆေး ပေး ပါ ။ မနက် ပိုင်း မှာ ရေ နွေးလေး နဲ့ မျက်နှာ သစ်ပြီး ရေ အေး နဲ့ ထပ် သစ်ပေးပါ ။ ညဘက်မှာတော့ ရေ အေး နဲ့ အရင် သစ်ပြီး ရေ နွေး နဲ့ ထပ်သစ်ပါ ။ အဲ့ဒါက ပင်ပန်းနွမ်းနယ်နေတဲ့ မျက် လုံးတွေကို ပြန်လည်လန်းဆန်းစေပါတယ်။

(၄) မျက်လုံးတွေကို ဘယ်က နေ ညာ ၊ ညာ က နေ ဘယ်ကို ရွှေ့ ပေးတာကို ၆ ကြိမ် လုပ်ပေးပါ။

( ၅) မျက်လုံးကို ၅ စက္ကန့် လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၆) လက်ကို ဆန့်တန်းပြီး လက်မရဲ့ လက်သည်းကို စိုက်ကြည့်ပါ။ လက်ကို မျက်နှာနဲ့ တစ်ပေလောက် အကွာအထိ ရွှေ့လာပြီး မျက်လုံးက လက်မလက်သည်းကို လိုက်ကြည့်ပေးပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၇) မျက်လုံးကို နာရီလက်တံ လှည့်တဲ့အတိုင်း စက်ဝိုင်းပုံ (၄) ကြိမ်လှည့်ပြီး၊ သူနဲ့ဆန့်ကျင်ဘက် ကို ၄ ကြိမ်ထပ်လှည့်ပါ။

(၈) မျက်လုံးကို (၅)စက္ကန့်လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပြီး မျက်လုံးတွေကို ကျယ်နိုင် သ လောက် ကျယ်ကျယ် ဖွင့်လိုက်ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၉) မျက်လုံးကို ဖွဖွလေး မှိတ်ထားပြီး စိတ်ကို ဖြေလျော့ထားပါ ။ လက်နှစ်ဖက်ကို ပူနွေးလာအောင် ပွတ်တိုက်ပြီး မျက်လုံးအပေါ်ကနေ မိနစ်အနည်းငယ်လောက် အုပ်ထားပေးလိုက်ပါ။

(၁၀) မျက်လုံးကို မှိတ်ပြီး အတွင်းထောင့်နေရာလေးကို လက်ချောင်းထိပ်လေးတွေနဲ့ မိနစ်အနည်းငယ်လောက် နှိပ်နယ် ပေး လိုက်ပါ။
လိုက်လုပ်ကြည့်ရအောင်နော်။
Credit

သွေးပေါင်ချိန်စက်တွေ မှာယူနိုင်ပါပြီ Price - 32000 MMK- မိသားစုတိုင်းအတွက် မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ ဆေးခန်း၊ဆေးရုံတွ...
29/04/2022

သွေးပေါင်ချိန်စက်တွေ မှာယူနိုင်ပါပြီ

Price - 32000 MMK

- မိသားစုတိုင်းအတွက် မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ ဆေးခန်း၊ဆေးရုံတွေမှာ သုံးတဲ့ အမျိုးအစားဖြစ်ပါတယ်။ လှူဒါန်းဖို့လည်း သင့်တော်ပါတယ်။လိုသလောက် မှာယူနိုင်ပါတယ်။

- Digital Blood Pressure Monitor များနှင့် သွေးပေါင်ချိန်ရာတွင် လိုက်နာဖို့ အချက်များရှိပါတယ်။
Instruction Manual အတိုင်းလုပ်ဖိုတော့လိုပါမယ်၊ အရမ်းလွယ်ကူပါတယ်။ 😊

၁) မတိုင်းတာခင် အနည်းဆုံး ၅ မိနစ် အနားယူပါ။

၂) သက်တောင့်သက်သာ အနေအထားတွင် ထိုင်၍ တိုင်းပါ။ နောက်ကျောမှီ ရှိပါစေ။

၃) မိမိနှင့် အံဝင်ခွင်ကျဖြစ်မည့် လက်မောင်း နေရာတွင် ပတ်ပါ။

၄) လက်ဝဲဖက် ပါတ်ဝတ်ခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။

၅) နှလုံးနှင့် တတန်းထဲတွင် ရှိပါစေ။

၆) လက်မောင်းပေါ်၌ အက်ျီ/အဝတ်ရှိမနေစေရပါ။

၇) တိုင်းနေစဉ် စကားမပြောရ။ ခြေလက်အဂ်ါများ မလှုပ်ပါနှင့်၊

၈) ခြေထောက်ချိတ်ထိုင်ပြီး သွေးမတိုင်းရ၊

သွေးတိုင်းကြည့်ခြင်းဖြင့် သွေးတိုးရောဂါ ရှိ/မရှိသိနိုင်သလို၊ သွေးတိုးရောဂါ ရှိနေပါလျှင် ကုသမှုခံရန်၊ သွေးပေါင်ချိန် ပုံမှန်ထိန်းရန် အရေးကြီးပါသည်။ 👨‍⚕️

သွေးပေါင်ချိန် ပုံမှန်ထိန်းပါ
နောက်ဆက်တွဲရောဂါများမှ ကာကွယ်ပါ။

🥰🥰🥰

📲 09267006611 သို့ page msg သို့ဆက်သွယ်မှာယူနိုင်ပါပြီ

ရာသီဥတု အပူချိန် ၄၀'C အထက်ဖြစ်နေလို့ကားမောင်းသူတိုင်း သတိထားရမဲ့ Aircon အန္တရာယ်(၁) ကားအဲယားကွန်းမဖွင့်မီ စက်နှိုးပြီး က...
29/04/2022

ရာသီဥတု အပူချိန် ၄၀'C အထက်ဖြစ်နေလို့
ကားမောင်းသူတိုင်း သတိထားရမဲ့ Aircon အန္တရာယ်

(၁) ကားအဲယားကွန်းမဖွင့်မီ စက်နှိုးပြီး ကားမှန်တံခါးများအားလုံး ချထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲယားကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။ ထို့နောက်မှ မှန်များပြန်တင်ပြီးစီးလျှင် အပူ၊ အအေး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်ပါ။

(၂) နေပူချိန်အဲယားကွန်းသုံးသော ကားဖြင့် အပြင်သွားလျှင် ရေသန့်ဗူး ယူဆောင်သွားပါ။ နေပူပြင်းသည့်နေရာတွင် ကားရပ်ပြီး အပြင်းသို့မဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှ ဆင်းလျှင် ရုတ်တရက် ဦးနှောက်သို့ သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါသည်။

(၃) အဲယားကွန်း ကြိုတင်ဖွင့်ထားသည့် ဘတ်စ်ကားကြီးများပေါ်သို့ နေပူထဲမှဝင်လျှင် တက် စီးလျှင် မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။ အချိုလူကြီးများသည် ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာ အမှားဖြစ်ပါသည်။ ထို့အတူပင် ညအိပ်ချိန်တွင် အဲယားကွန်း ဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက် သောက်ပြီးမှ အိပ်လျှင် ကိုယ်တွင်း(အစာအိမ်)မှ အပူနှင့် ပြင်ပအဲယားကွန်းမှ အအေးဓာတ်တို့ ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်မည် ဖြစ်သည်။

အထက်ဖော်ပြခဲ့သော အချက်သုံးချက်ကို သတိပြုလိုက်နာခြင်းဖြင့် အဲယားကွန်းကားစီးသူများ အပြင် အဲယားကွန်းအခန်းဖြင့် အိပ်စက်သူများပါ အပူ၊ အအေးဝိရောဓိ လွန်ကဲမှုကြောင့် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်းဘေးမှ ကင်းဝေးစေနိုင်ကြောင်း သတိပေးတင်ပြအပ်ပါသည်။

Credit photo and ကြည်လွင်မြင့်(မုဒြာ)
#ဆေးနတ်သား

နှာခေါင်းကွဲ အာခေါင်ကွဲ လူနာများကို *Smile Train Express* နှင့် ပူးပေါင်း၍ ** မန္တလာဆေးရုံ** တွင် အခမဲ့ ခွဲစိတ်ပေးနေပြီ ...
20/04/2022

နှာခေါင်းကွဲ အာခေါင်ကွဲ လူနာများကို

*Smile Train Express* နှင့် ပူးပေါင်း၍ ** မန္တလာဆေးရုံ** တွင် အခမဲ့ ခွဲစိတ်ပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

** မန္တလာဆေးရုံတွင် ခွဲစိတ်ကုသခဲ့သည့် ကလေးငယ် တစ်ဦး၏ မိခင် **

“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲ အသင့်ရှိနေမှာ မန္တလာ”

“မန္တလာဆေးရုံ”

လိပ်စာ
၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။
ဖုန်းနံပါတ် - ၀၉ ၇၉၆ ၁၈၈ ၁၀၀
Credit photo and source

Address

Yangon
11031

Website

Alerts

Be the first to know and let us send you an email when Zay Cho Medical Equipment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram