20/04/2026
ပြေးတဲ့အခါ injury ကင်းစေဖို့
အခုလို ပြေးပွဲတွေဆက်တိုက်ရှိနေတဲ့ကာလမှာ လူတိုင်းနီးပါး အပြေးကို စိတ်ဝင်တစားပါဝင်ဆင်နွှဲလာကြပါတယ်…
အခုမှစပြေးမယ့်သူတွေပဲဖြစ်စေ၊ ပြေးသာပြေးနေပေမယ့် ထိခိုက်ဒဏ်ရာရမှာတွေကို စိတ်ပူကြတဲ့ runner တို့အတွက် REVIVE ကနေ ပြေးတဲ့အခါ injury ကင်းစေတဲ့ tip လေးတွေပြောပြချင်ပါတယ်…
- မှန်ကန်တဲ့ဖိနပ်ကိုဝတ်ဆင်ပါ
ပုံမှန်ဖိနပ်တွေထက်စာရင် running အတွက် သီးသန့်ထုတ်ထားတဲ့ဖိနပ်တွေက ပိုပြီးတော့ သက်တောင့်သက်သာဖြစ်သလို အချိန်ကြာကြာနဲ့ long run ပြေးနိုင်စေဖို့ အထောက်အကူပြုပါတယ်။ ကိုယ့်ရဲ့ခြေထောက်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဖိနပ်ဆိုဒ်ကိုရွေးချယ်ခြင်းကလဲ အပြေးလေ့ကျင့်ခန်းအတွက် ပိုပြီးအဆင်ပြေပါတယ်။
- တဖြေးဖြေးချင်းလေ့ကျင့်ပါ
စပြေးထဲက အရှိန်ပြင်းပြင်းပြေးတာ၊ အကွာအဝေးအများကြီးကို Training မရှိဘဲပြေးတာမျိုးက injury ကြီးကြီးရရှိစေနိုင်ပါတယ်။ အကွာအဝေးအနည်းငယ်ကနေ တဖြေးဖြေးချင်းတိုးပြီးလေ့ကျင့်မှသာ မိမိခန္ဓာကိုယ်မှကျင့်သားရပြီး ထိခိုက်ဒဏ်ရာရရှိမှုကိုလျှေ့ချပေးနိုင်ပါတယ်။
-ပျော့ပြောင်းမှုနဲ့ အကြောလျှော့လေ့ကျင့်ခန်းများ
မပြေးခင်မှာ warm up အနေနဲ့ အကြောလျှော့ပေးသင့်သလို ခြေသလုံး၊ hamstrings, quadriceps နဲ့ hip flexors တွေကို အာရုံစိုက်ပြီးအကြောလျှော့ပေးသင့်ပါတယ်။ Yoga exercises တွေကလဲ ခန္ဓာကိုယ်ပိုမိုပျော့ပြောင်းစေပြီး စိတ်အာရုံစုစည်းနိုင်ဖို့ပိုမိုအထောက်အကူပြုနိုင်ပါတယ်။
-သွေးပူလေ့ကျင့်ခန်းများနှင့် ပြေးပြီးချိန်အကြောလျှော့ပေးခြင်း
မပြေးခင်မှာ ၅မိနစ်မှ ၁၀ မိနစ်ခန့်ထိ သွေးပူလေ့ကျင့်ခန်းများလုပ်ပေးခြင်း၊ jogging လုပ်ခြင်း၊ ပေါ့ပေါ့ပါးပါးပြေးခြင်းများလုပ်ဆောင်ပေးသင့်ပြီး ပြေးပြီးချိန်မှာလဲ မှန်ကန်စွာ အကြောလျှော့ပေးခြင်းဖြင့် ကြွက်သားတင်းရင်းမှုကို လျှော့ချပေးနိုင်ပါတယ်…
- Cross Training များပြုလုပ်ပေးခြင်းရေကူးခြင်း၊ စက်ဘီးစီးခြင်းကဲ့သို့သော low impact activities များပြုလုပ်ပေးခြင်းဖြင့် တူညီတဲ့ ကြွက်သားတွေကို ထပ်ခါထပ်ခါ အသုံးမပြုခြင်းအားဖြင့် ထိခိုက်ဒဏ်ရာ၊ ရောင်ယမ်းမှုများကိုလျှေ့ချပေးနိုင်ပါတယ်…
- Core & Form ကိုအာရုံစိုက်ပါ
Core အားနည်းရင် ဒူးနဲ့ခါးတွေမှာဒဏ်ရာပ်ိုရရှိနိုင်တာမို့ ပြေးတဲ့အခါ Core ကို များများအသုံးချပြီး Form မှန်ကန်အောင်ထိန်းသင့်ပါတယ်။
- ကျွမ်းကျင်တဲ့ Physiotherapist များနဲ့ တိုင်ပင်ပါ…
အကယ်၍ မတော်တဆထိခိုက်ဒဏ်ရာရရရှိပြီဆိုလျှင် မိမိဘာသာဆေးလိမ်းဆေးသောက်ရုံမပြုလုပ်သင့်ဘဲ နားလည်တတ်ကျွမ်းတဲ့ Physiotherapy clinic များမှာသွားရောက်ကုသသင့်ပါတယ်…
REVIVE မှာဆိုရင် နိုင်ငံကာအသိအမှတ်ပြု အဆင့်မြင့် BTL စက်ကြီးများအသုံးပြုပြီး ကျွမ်းကျင်တဲ့ Physiotherapist များကနေ ကုသမှုပေးနေတာမို့ ထိခိုက်ဒဏ်ရာများကို လျင်မြန်စွာပြန်လည်သက်သာလာစေဖို့ ပြည်တွင်းမှာတင် ငွေကုန်ကြေးကျသက်သာစွာဖြင့် ကုသပေးလျက်ရှိပါတယ်ရှင်…
For further information, feel free to contact us at;
Phone - 09 692 344 020, 09 447 974 994
Location - 1st floor, အမှတ်၃၁၊ဇဝနလမ်းနှင့်သီရိဧရာလမ်းထောင့်၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
REVIVE, RESTORE & PERFORM AT YOUR BEST