21/03/2026
⚠️ “နားကပ်ကို ၆လတောင် မဖြုတ်ဘဲ ဝတ်ထားခဲ့တယ်…နောက်ဆုံးတော့ နားထဲဝင် ပျောက်သွားခဲ့တယ်”
ဆရာဝန်အနေနဲ့ မကြာသေးခင်က တွေ့ခဲ့ရတဲ့ လူနာတစ်ယောက်အကြောင်းကို မျှဝေပေးချင်ပါတယ်။
သူမက ရွှေနားကပ်ကို ၆ လလုံးလုံး မဖြုတ်ဘဲ ဝတ်ထားခဲ့ပါတယ်။
အစမှာတော့ ဘာမှ မဖြစ်သလိုပဲ…
ဒါပေမယ့် တဖြည်းဖြည်း…
နားကပ်ရဲ့ နောက်ပိတ် (back holding) က ချွန်ပြီးပါးနေတော့
နားရဲ့အသားထဲကို တဖြည်းဖြည်း ဖိဝင်သွားခဲ့ပါတယ်။
နောက်ဆုံးမှာတော့…
👉 နားကပ်နောက်ဘက်က အသားထဲ လုံးဝ ဝင်ပျောက်သွားပြီး
👉 အရေပြားကတောင် ဖုံးပိတ်သွားခဲ့ပါတယ်
အဲ့ဒါကြောင့်…
ခွဲစိတ်ပြီး ထုတ်ယူရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်
⸻
❗ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?
လူအများစုက
“ရွှေနားကပ်ဆိုတော့ လုံခြုံတယ်၊ အမြဲဝတ်လို့ရတယ်” လို့ ထင်ကြပါတယ်။
ဒါပေမယ့် အဓိကပြဿနာက—
• အချိန်ကြာရှည် မဖြုတ်ဘဲ ဝတ်ထားခြင်း
• တင်းလွန်းတဲ့ နောက်ဘက် (back)၊ ပါးလွန်းတဲ့ ရွှေ
• ချွန်ထက်တဲ့ design
• သန့်ရှင်းမှုမရှိခြင်း
ဒီအရာတွေကြောင့်
အသားက နားကပ်ကို တဖြည်းဖြည်း ဖုံးပိတ်သွားနိုင်ပါတယ်
⸻
🚨 ဒီလက္ခဏာတွေရှိရင် မပျက်မကွက် သတိထားပါ
• နားမှာ နာကျင်မှု
• နီခြင်း၊ ဖောခြင်း
• အညစ်ထွက်ခြင်း၊ အနံ့မကောင်းခြင်း
• နားကပ်က တင်းလာသလို၊ ဝင်သွားသလို ခံစားရခြင်း
👉 ဒီလက္ခဏာတွေရှိရင် ချက်ချင်း ဖြုတ်ပြီး ဆရာဝန်ကို ပြပါ
⸻
✅ နားကပ်ဝတ်တဲ့အခါ သန့်ရှင်းလုံခြုံအောင် ဘယ်လိုလုပ်မလဲ?
✔ သင့်တော်တဲ့ material (medical grade, titanium, ≥14K gold) ကိုရွေးပါ
✔ နားကပ်နဲ့ နားကို ပုံမှန် သန့်ရှင်းပါ
✔ လအတော်ကြာ မဖြုတ်ဘဲ မဝတ်ပါနဲ့
✔ တင်းလွန်းတဲ့၊ ချွန်ထက်တဲ့ back မသုံးပါနဲ့၊
နောက်ပိတ်ကို ရွှေပါးပါးနဲ့ မခတ်ပါနဲ့
✔ အိပ်ချိန်မှာ (အထူးသဖြင့် ကြီးမားတဲ့နားကပ်) ဖြုတ်ပါ
✔ ကလေးများနားကို မကြာခဏ စစ်ဆေးပါ
✔ ပျက်စီးနေတဲ့ နားကပ်များကို ပြန်မသုံးပါနဲ့
⸻
💡 အရေးကြီးဆုံး အချက်
နားကပ်လေးတစ်ခုဆိုပေမယ့်
ဂရုမစိုက်မိရင် ခွဲစိတ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်
⸻
👩⚕️ ဆရာဝန်အမြင်
ဒီလို case တွေကို
ကလေးတွေ၊ busy ဖြစ်တဲ့ လူကြီးတွေမှာ အထူးသဖြင့် တွေ့ရတတ်ပါတယ်။
ကာကွယ်ရတာ လွယ်ပါတယ်
သတိရှိရင် လုံလောက်ပါပြီ
⸻
“ရွှေနားကပ်တောင် ပုံမှန်သန့်ရှင်း၊ စစ်ဆေးဖို့လိုတယ်” ဆိုတာ
အခြားသူတွေလည်း သိနိုင်အောင်
📌 ဒီ post ကို share လုပ်ခြင်းဖြင့်ကူညီနိုင်ပါတယ်