CBL Medical Centre

CBL Medical Centre CBL Medical Centre for Healthier Life

💦CBL Medical Centre၏ အတာသင်္ကြန် အထူးကျန်းမာရေးစစ်ဆေးခြင်း အစီအစဉ်💦      “ကျန်းမာခြင်းသည် လာဘ်တစ်ပါး”လို့ ဆိုရိုးရှိတဲ့အ...
28/03/2026

💦CBL Medical Centre၏ အတာသင်္ကြန် အထူးကျန်းမာရေးစစ်ဆေးခြင်း အစီအစဉ်💦
“ကျန်းမာခြင်းသည် လာဘ်တစ်ပါး”လို့ ဆိုရိုးရှိတဲ့အတိုင်း အတာသင်္ကြန် မြန်မာနှစ်သစ်ကူးအခါသမယမှာ CBL Medical Centreရဲ့ အတာသင်္ကြန် Health Screening Packageကို မိမိနှင့် မိမိချစ်ခင်ရသော မိသားစုဝင်၊ ဆွေမျိုးများအတွက် စစ်ဆေးခြင်းဖြင့် ကျန်းမာခြင်းသုခ လက်ဆောင်များအဖြစ် နှစ်သစ်ဂါရဝပြုနိုင်ပါပြီ။
အတာသင်္ကြန်အထူး Promotion အစီအစဉ်
အနေနဲ့ Health Screening Package (ဈေးနှုန်း 395,000 ကျပ်)ကို Buy 1 Get 1 စစ်ဆေးနိုင်မှာဖြစ်ပြီး Promotionကာလကတော့ ဧပြီလ ၁ရက်နေ့မှ မေလ ၃၁ရက်နေ့အထိ ဖြစ်ပါတယ်။
ကျန်းမာရေးစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ဖြစ်ပွါးနေသော (သို့) ဖြစ်ပွါးနိုင်ချေရှိသည့် ရောဂါအခြေအနေများအား သိရှိနိုင်သည့်အတွက် ရောဂါများကို အချိန်မီသိရှိပြီး ကြိုတင်ကာကွယ် ကုသပျောက်ကင်းနိုင်ပါတယ်။ CBL Medical Centreရဲ့ အတာသင်္ကြန် Health Screening Packageကို စစ်ဆေးနိုင်ရန်အတွက် အောက်ပါလိပ်စာများနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်းရယူနိုင်ပါတယ်။

CBL Medical Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664

CBL Medical Centre (Mandalay)
Unit (5), Block (3), မင်္ဂလာမန္တလေးအိမ်ရာ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
02 2000 107, 09 9706 57777




🚨 သင့်မှာ ကင်ဆာသံသယရှိပြီဆိုရင်ကင်ဆာဖြစ်နေနိုင်တယ်လို့ ကြားရင် ဘာဆက်လုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။သတိရဖို့က👉 သံသယရှိနေတာဟာ ရ...
26/03/2026

🚨 သင့်မှာ ကင်ဆာသံသယရှိပြီဆိုရင်
ကင်ဆာဖြစ်နေနိုင်တယ်လို့ ကြားရင် ဘာဆက်လုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။
သတိရဖို့က
👉 သံသယရှိနေတာဟာ ရောဂါဖြစ်နေတာ မဟုတ်သေးပါဘူး။
👉 သေချာအောင် ဆက်လက်စစ်ဆေးမှုတွေ လိုအပ်ပါတယ်။
👉 စောစောသိ သေချာကုရင် ပျောက်ကင်းနိုင်ခြေအများကြီးရှိပါတယ်
ကြောက်လန့် ပြာယာခတ်နေစရာမလိုပါဘူး။
အချိန်မဆွဲဘဲ စစ်ဆေးသင့်တာ လုပ်ဆောင်သင့်တာတွေကို စနစ်တကျလုပ်ဖို့ လိုအပ်ပါတယ်။
ဘာလုပ်ရမှန်းမသိရင် တတ်ကျွမ်းတဲ့ ကင်ဆာအထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးပါ။

CBL Medical Centre (ရန်ကုန်)
အမှတ် ၂၄(၁စီ) နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664

CBL Medical Centre (မန္တလေး)
Unit (5), Block (3), မင်္ဂလာမန္တလေးအိမ်ရာ၊ New Ocean အနောက်ဖက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 56666, 09 9706 57777

🏋🏻ပိုမိုကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ရရှိဖို့ ကူညီပေးမယ့် Body Composition Analysis🏋🏻‍♀️ အရှိန်အဟုန်နဲ့ တိုးတက်ပြော...
22/03/2026

🏋🏻ပိုမိုကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ရရှိဖို့ ကူညီပေးမယ့် Body Composition Analysis🏋🏻‍♀️
အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာ ကျန်းမာရေးကိုလည်း အဓိကဦးစားပေးဖို့ အရေးကြီးလာပါတယ်။ နိစ္စဓူဝကိစ္စတွေ၊ အလုပ်တွေနဲ့ မအားမလပ် ဖြစ်နေပေမယ့်လည်း ခန္ဓာကိုယ် ကြံ့ခိုင်သန်မာနေအောင် Workout လေ့ကျင့်ခန်းတွေကို လုပ်ဆောင်တာဟာ ခန္ဓာကိုယ်ကို ထိန်းသိမ်းနိုင်ရုံသာမက သက်ရှည်ကျန်းမာနေဖို့ကိုလည်း များစွာ အထောက်အကူ ဖြစ်စေပါတယ်။ ကျွန်ုပ်တို့ CBL Medical Centreတွင် ကိုယ်ခန္ဓာ၏ ကြွက်သား၊ အဆီနှင့် ရေဓာတ်ပမာဏများကို စစ်ဆေးသည့်စက် (InBody)ကိုအသုံးပြုပြီး ပိုမိုတိကျသေချာသော ကိုယ်ခန္ဓာဖွဲ့စည်းမှုအဖြေများကို ရရှိနိုင်တာကြောင့် သင်လိုချင်တဲ့ Body Goalကို ရရှိဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။
တစ်ဦးချင်းစီအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ပိုမိုထိရောက်စွာ ပြုလုပ်နိုင်ဖို့ဆိုရင် ခန္ဓာကိုယ်တွင်းရှိ ကြွက်သား၊ အဆီ၊ ရေဓာတ်ပမာဏနဲ့ ကျန်းမာရေး ကောင်းမွန်ရဲ့လားဆိုတာ သိဖို့အရေးကြီးပါတယ်။ အဆီများနေတာလား၊ ကြွက်သား နည်းနေတာလား စတာတွေက လေ့ကျင့်ခန်းပုံစံ ရွေးချယ်ရာမှာ အရေးကြီးတဲ့ နေရာက ပါဝင်နေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး အဆီတွေ ဘယ်လောက်ကျသွားလဲ၊ ကြွက်သားပမာဏ တက်လာသလား စတာတွေကို အသေးစိတ်သိဖို့အတွက် အပြင်ပန်းကြည့်ရုံနဲ့ သေချာမသိနိုင်ပါဘူး။ ဒါပေမယ့် Body Composition Analysisပြုလုပ်ခြင်းက တိုးတက်မှုတွေကို ကောင်းမွန်စွာ သိရှိနိုင်ပါတယ်။
InBodyစက်ဖြင့် Body Composition Analysisတိုင်းတာခြင်းကြောင့် ကိုယ်ခန္ဓာအဆီပမာဏ (Body fat %)၊ အသည်းတွင်းအဆီ (Visceral fat)၊ ကြွက်သားပမာဏ (Muscle mass)၊ အခြေခံအာဟာရလိုအပ်ချက်များ (Basal Metabolic Rate)နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ခွဲခြမ်းစစ်ဆေးမှု (Segmental Analysis)စသည်တို့ကို အသေးစိတ် သိရှိနိုင်မှာ ဖြစ်ပါတယ်။
InBodyစက်ဖြင့် မိမိကိုယ်ခန္ဓာ၏ ကြွက်သား၊ အဆီနှင့် ရေဓာတ်ပမာဏများကို တိုင်းတာလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းပြီး လာရောက်တိုင်းတာနိုင်ပါတယ်။

CBL Medical Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊
စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊
ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664

CBL Medical Centre (Mandalay)
အမှတ် - ဘီ ၃၀၊ ပတ္တမြားအိမ်ရာ၊
၇၃ လမ်း၊ ၁၁၁လမ်းနှင့် ၁၁၂ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 56666, 09 9706 57777




🏥ကင်ဆာဝေဒနာရှင်များရဲ့ ကုသမှုခရီးစဥ်အတွက် CBL Chemotherapy Daycare Centre🏥      ကင်ဆာကုသမှုဆိုတာ ခရီးရှည်တခုသွားရသလိုပါပ...
20/03/2026

🏥ကင်ဆာဝေဒနာရှင်များရဲ့ ကုသမှုခရီးစဥ်အတွက် CBL Chemotherapy Daycare Centre🏥
ကင်ဆာကုသမှုဆိုတာ ခရီးရှည်တခုသွားရသလိုပါပဲ။ ကင်ဆာကုသမှု ခရီးစဥ်တလျှောက်မှာ သက်တောင့်သက်သာ စိတ်ချမ်းသာစွာ မှန်ကန်ထိရောက်တဲ့ကုသမှုကို ခံယူနိုင်ဖို့ အရေးကြီးပါတယ်။ CBL Chemotherapy Daycare Centreမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ကင်ဆာလူနာများကြုံတွေ့ရမည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို သေချာစွာ သိရှိနားလည်သည့်အတွက် ကင်ဆာဝေဒနာရှင်များအတွက် စိတ်သက်သာရာရပြီး မှန်ကန်ထိရောက်တဲ့ကုသမှုများ ရရှိနိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

🤔CBL Chemotherapy Daycare Centre ကို ဘာလို့ရွေးချယ်သင့်ပါသလဲ?🤔
ပြည်တွင်းမှ ကင်ဆာအထူးကုဆရာဝန်ကြီးများ၊ စင်ကာပူနိုင်ငံမှ ကင်ဆာဆရာဝန်ကြီးများနှင့် ရောဂါအခြေအနေ၊ လိုအပ်သော စစ်ဆေးမှုများ၊ ကုသမှုနည်းလမ်းများနှင့် ပတ်သက်ပြီး သိရှိလိုသည်များအားလုံးကို သေချာဆွေးနွေးတိုင်ပင်နိုင်သည့်အတွက် လူနာများအနေဖြင့်
✅ဆေးကုသမှုမခံယူမီ ကင်ဆာကုသမှုခရီးစဥ်ကို သေချာစွာ သိရှိနိုင်ခြင်း
✅ရောဂါအတွက် နိုင်ငံတကာ စံနှုန်းအတိုင်း လိုအပ်သောစစ်ဆေးမှုများကို ပြည်တွင်းမှာသာမက အမေရိကန်၊ စင်ကာပူ၊ တောင်ကိုရီးယားနိုင်ငံများသို့ ပေးပို့စစ်ဆေးနိုင်ခြင်း
✅ကင်ဆာကုသမှုကို နိုင်ငံရပ်ခြားတွင် စတင်ခံယူခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဆက်လက်ကုသမှု ပြုလုပ်လိုပါက ကင်ဆာအထူးကုဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများမှ လူနာ၏ ပြည်ပဆေးကုသမှုမှတ်တမ်းများ၊ Chemotherapy Regimensများနှင့် တိတိကျကျ ကိုက်ညီအောင် ပြုလုပ်ကာ မှန်ကန်ထိရောက်သော ကင်ဆာဆေးသွင်းကုသမှုကို ဆက်လက်ပြုလုပ်ပေးခြင်း
✅ဆေးကုသမှုမစတင်မီ ကင်ဆာကုသမှုအတွင်း ကြုံတွေ့နိုင်သည်များကို ဆရာဝန်များ၊ သူနာပြုများမှ သေချာစွာ ရှင်းလင်းပြောပြသည့်အတွက် လူနာအနေဖြင့် ဆောင်ရန်ရှောင်ရန်များကိုသိရှိပြီး ကင်ဆာကုသမှုတလျှောက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲအနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ခြင်း
✅ဆေးသွင်းကုသစဥ်ကာလတလျှောက်တွင် တာဝန်ခံဆရာဝန်များမှ စဥ်ဆက်မပြတ် ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ပေးခြင်းများကြောင့် မိမိခံစားရသော ဝေဒနာများကို အချိန်နှင့်တပြေးညီ ကုသမှုရရှိနိုင်ခြင်း
✅ဆေးသွင်းကုသရာတွင် အန္တရာယ်ကင်းရှင်းစေရန် Biosafety Cabinetဖြင့် ဆေးများကို ပြင်ဆင်ပေးခြင်း
✅ဆေးသွင်းကုသသည့်အချိန်တွင် အေးချမ်းတိတ်ဆိတ်ပြီး သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်တွင် မိသားစုနှင့်အတူ စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်ခြင်း
✅လိုအပ်ပါက ကင်ဆာရောဂါတွင် ဖြစ်တတ်သည့် ဝေဒနာများအား အနည်းဆုံးဖြစ်အောင် Palliative Careအတွက် အိမ်တိုင်ရာရောက် ကုသမှုများကို ပြုလုပ်ပေးခြင်း
✅လူနာ၏မိသားစုဝင်များအနေဖြင့် ကင်ဆာနှင့်ပတ်သက်သော ကျန်းမာရေးစစ်ဆေးမှုများ၊ ကင်ဆာမျိုးရိုးဗီဇပါ၊မပါ စစ်ဆေးမှုများကိုလည်း အထူး‌ဈေးနှုန်းများဖြင့် စစ်ဆေးနိုင်ခြင်း ဝန်ဆောင်မှုများ ရရှိနိုင်ပါတယ်။
ကင်ဆာရောဂါဖြစ်နေပြီလို့ စသိလိုက်ရင် အရမ်းမစိုးရိမ်ပါနဲ့။ ကင်ဆာအမျိုးအစားပေါ်မူတည်ပြီး နောက်ဆုံးပေါ်ကုထုံးများနှင့် ခေတ်မီဆေးဝါးများရဲ့ အကူအညီများဖြင့် ကင်ဆာကုသမှုတွင် ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ ဝေဒနာတွေ ခံစားနေရပြီဆိုရင် မပေါ့ဆကြပါနဲ့။ နီးစပ်ရာ ဆရာဝန် (သို့) CBL Medical Centre Yangon နဲ့ Mandalay များကို လာရောက်ပြီး ကျန်းမားရေးစစ်ဆေးကြည့်ခြင်းဖြင့် ကင်ဆာရောဂါဆိုးကြီးကို စောစီးစွာသိရှိကုသပျောက်ကင်းနိုင်ပါတယ်။

🤝CBL Chemotherpay Daycare Centre ကသင်နဲ့အတူ ကင်ဆာကုသမှုခရီးစဥ်မှာ အတူလိုက်ပါ ကူညီပေးပါရစေ🤝
💪LET’S FIGHT CANCER TOGETHER 💪

CBL Medical Centre ကင်ဆာဆေးသွင်းကုသဌာန (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664

CBL Medical Centre ကင်ဆာဆေးသွင်းကုသဌာန (Mandalay)
Unit (5), Block 3, မင်္ဂလာမန္တလေးအိမ်ရာ၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 56666, 09 9706 57777



🚨 လူတော်တော်များများက ကင်ဆာဆိုတာ ကံမကောင်းလို့ ဖြစ်တယ်လို့ ထင်နေတတ်ကြပါတယ်။ ဒါပေမယ့် ကင်ဆာရောဂါ (၅၀)ရာခိုင်နှုန်းခန့်ထိက...
17/03/2026

🚨 လူတော်တော်များများက ကင်ဆာဆိုတာ ကံမကောင်းလို့ ဖြစ်တယ်လို့ ထင်နေတတ်ကြပါတယ်။

ဒါပေမယ့် ကင်ဆာရောဂါ (၅၀)ရာခိုင်နှုန်းခန့်ထိကို ကာကွယ်နိုင်ပါတယ်။ လူတော်တော်များများက ရောဂါလက္ခဏာတွေကို ပေါ့ပေါ့ဆဆနေတာ၊ စားသောက်နေထိုင်မှုတွေ မဆင်ခြင်တာတွေ လုပ်တတ်ကြပါတယ်။

ကင်ဆာရောဂါကာကွယ်ဖို့ဆိုတာ ကုန်ကျစရိတ်အများကြီးမလိုအပ်ပါဘူး။

💡 ဆေးလိပ်ဖြတ်မယ်
💡 ကျန်းမာမျှတစွာ စားသောက်မယ်
💡 လမ်းလျှောက်မယ်
💡 ကာကွယ်ဆေးတွေ ထိုးမယ်
💡 ကျန်းမာရေး ပုံမှန်စစ်ဆေးမှုတွေလုပ်မယ်

ဒီလိုလေးတွေ လုပ်ရင်ကို ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ပြီးသား ဖြစ်နိုင်ပါတယ်။

❤️ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ဖို့ လိုအပ်နေတဲ့ ကိုယ်ချစ်ရသူတွေကို သတိပေးဖို့ မျှဝေပေးနိုင်ပါတယ်

VACANCY ANNOUNCEMENTCBL Medical Centre တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်းများ အလိုရှိပါသည်။(၁) Health Care Assistant...
14/03/2026

VACANCY ANNOUNCEMENT

CBL Medical Centre တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်းများ အလိုရှိပါသည်။

(၁) Health Care Assistant - 1 post

• တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူဖြစ်ရမည်။
• သူနာပြုအကူ သင်တန်းဆင်းလက်မှတ် ရရှိထားသူဖြစ်ရမည်။
• လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၁ နှစ်ရှိသူဖြစ်ရမည်။
• Computer အခြေခံရှိရမည်။
• အသင်းအဖွဲ့နှင့် ဆောင်ရွက်တတ်သူဖြစ်ရမည်။
• ဆက်ဆံရေး ပြေပြစ်ပြီး စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
• ရေရှည်လုပ်ကိုင်နိုင်သူအား ဉီးစားပေးမည်။

(၂) Phlebotomist ( သွေးဖောက်ကျွမ်းကျင်) - 1 post
• တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူဖြစ်ရမည်။
• သွေးဖောက်အတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိသူဖြစ်ရမည်။
• Home Visit သွားနိုင်သူဖြစ်ရမည်။
• Computer အခြေခံရှိရမည်။
• အသင်းအဖွဲ့နှင့် ဆောင်ရွက်တတ်သူဖြစ်ရမည်။
• ဆက်ဆံရေး ပြေပြစ်ပြီး စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
• ရေရှည်လုပ်ကိုင်နိုင်သူအား ဉီးစားပေးမည်။

(၃) Junior Accountant – 1 post

- Accounting နှင့် ပတ်သက်သောဘွဲ့ (သို့မဟုတ်) Diploma (သို့) LCCI I & II ရရှိထားသူဖြစ်ရမည်။
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂နှစ်ရှိရမည်။
- Microsoft ကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။
- ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရမည်။
- အသင်းအဖွဲ့နှင့် ဆောင်ရွက်တတ်သူဖြစ်ရမည်။

စိတ်ဝင်စားသူများအနေဖြင့် CBL Medical Centre အမှတ် ၂၄ (၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်သို့ လူကိုယ်တိုင်ဖြစ်စေ၊ admin@cbl.com.mm သို့ email ပို့ပြီးဖြစ်စေ၊ +959 977166601 သို့ viber ဖြင့် ဖြစ်စေ မတ်လ (၃၁)ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။

11/03/2026

ကျောက်ကပ်ကျန်းမာရေးအတွက် နည်းလမ်းကောင်း (၈)ခုကို World Kidney Day 2026 မှ ကျန်းမာရေး အသိပညာအနေဖြင့် ကောက်နုတ်ဖော်ပြပေးထားပါတယ်။

ကျောက်ကပ်ကျန်းမာရေးကို အလေးထားတဲ့ မိတ်ဆွေသူငယ်ချင်းများသိအောင်လည်း မျှဝေပေးနိုင်ပါတယ်။



🌞နွေရာသီမှာ လုံခြုံအေးမြစွာနေပြီး အပူရှပ်ခြင်း (Heat Stroke) အန္တရာယ်ကို ကာကွယ်ပါ😎      နွေရာသီရောက်လာတဲ့အခါ အပူချိန်မြင...
07/03/2026

🌞နွေရာသီမှာ လုံခြုံအေးမြစွာနေပြီး အပူရှပ်ခြင်း (Heat Stroke) အန္တရာယ်ကို ကာကွယ်ပါ😎
နွေရာသီရောက်လာတဲ့အခါ အပူချိန်မြင့်လာတာကြောင့် လူတွေဟာ အပူကြောင့် ပင်ပန်းခြင်း (Heat Exhaustion)နဲ့ အပူရှပ်ခြင်း (Heat Stroke)တွေကို ခံစားလာရနိုင်ပါတယ်။ အလွန်ပူတဲ့နေ့တွေမှာဆို ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ပူအိုက်တဲ့ နွေရာသီမှာ သင်နဲ့သင့်မိသားစုဝင်တွေ လုံခြုံအေးမြပြီး အင်အားအပြည့်နေနိုင်ဖို့ လွယ်ကူအသုံးဝင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

💧ရေဆာလာတဲ့အထိ မစောင့်ဘဲ ရေကို မကြာခဏသောက်ပါ
👕ရာသီဥတုနဲ့ ကိုက်ညီအောင် ပေါ့ပါးပြီး အရောင်ဖျော့တဲ့ အဝတ်အစားများကို ဝတ်ဆင်ပါ
🚶နေရောင်အပြင်းဆုံးဖြစ်တဲ့ မနက် ၁၁နာရီမှ မွန်းလွဲ ၃နာရီအထိ အပြင်ထွက်သွားလာခြင်းကို ရှောင်ပါ
☂️အပြင်သွားလာတဲ့အခါ ဦးထုပ်၊ ထီးဆောင်းခြင်းများပြုလုပ်ကာ နေရောင်ထိတွေ့မှုကို ကာကွယ်ပါ
🍉ဖရဲသီး၊ သခွါးမွှေးသီး၊ လိမ္မော်သီးကဲ့သို့ ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံများ၊ အစားအစာများစားပါ
🏡အရိပ်ရှိရာတွင်နေပြီး နေထိုင်ရာပတ်ဝန်းကျင်ကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပါ
🚿အေးမြတဲ့ရေချိုးပြီး ကိုယ်အပူချိန်ကို လျှော့ချပါ
⚠️မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ချင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းစတဲ့ သတိပေးလက္ခဏာများ ဖြစ်ပေါ်လာပါက အေးမြတဲ့နေရာသို့ ရွှေ့ပြောင်းပြီး လိုအပ်ပါက အရေးပေါ် ဆေးအကူအညီရယူပါ
အပူပြင်းထန်မှုကို ရှောင်ရှားပြီး ရေဓာတ်ပြည့်ဝအောင်နေကာ မိမိကျန်းမာရေးကို ဂရုစိုက်ခြင်းဖြင့် နွေရာသီကို သာယာအေးချမ်းစွာ ဖြတ်သန်းလိုက်ပါ။

CBL Medical Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664

CBL Medical Centre (မန္တလေး)
Unit (5), Block 3, မင်္ဂလာမန္တလေးအိမ်ရာ၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 56666, 09 9706 57777






ကင်ဆာရောဂါများနှင့် ပတ်သက်ပြီး တိကျသော ရောဂါရှာဖွေမှုများ၊ စစ်ဆေးစမ်းသပ်မှုများနှင့် ထိရောက်သော ဆေးသွင်းကုသမှုများ ပြုလု...
05/03/2026

ကင်ဆာရောဂါများနှင့် ပတ်သက်ပြီး တိကျသော ရောဂါရှာဖွေမှုများ၊ စစ်ဆေးစမ်းသပ်မှုများနှင့် ထိရောက်သော ဆေးသွင်းကုသမှုများ ပြုလုပ်လိုပါက CBL Medical Centre (ရန်ကုန်)တွင် ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီ။

🌟ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးများ
👩‍⚕️ဒေါက်တာရွှေစင်ဝင်း
M.B.,B.S, M.Med.Sc (Medical Oncology), MRCP (UK), Fellowship in Medical Oncology (Singapore)

👨‍⚕️ဒေါက်တာဟိန်းတေဇာစိုး
M.B.,B.S, M.Med.Sc (Medical Oncology), Dip.Med.Ed, Fellowship in Palliative Medicine (Singapore)

👩‍⚕️ဒေါက်တာလင်းလင်းကြည်
M.B.,B.S, M.Med.Sc (Radiation Oncology)

တိုင်ပင်ဆွေးနွေးပြသရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါတယ်။

CBL Medical Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664



Vacancy Announcement We invite you to be a full-time team member of CBL Medical Centre, Yangon. Job Title : Junior Acco...
04/03/2026

Vacancy Announcement

We invite you to be a full-time team member of CBL Medical Centre, Yangon.

 Job Title : Junior Accountant ( 1 post)
Job requirement
• Any degree/diploma of Accounting and Finance
• At least 1-2 year of experience in Accountancy.
• Strong skills in using accounting software and Microsoft office – especially excel and able to use email.
• Good knowledge of English reading and writing.
• Good interpersonal skill and communication skill

How to apply
Apply your CV and relevant documents to CBL Medical Centre either hard copies or soft copies via email or viber from today till 15th March 2026.

Contact address
No. 24 (1C), Nawarat Condo, Sa Mone Street, Dagon Towhsip, Yangon
Tel : 01 8377878, 01 8376532
Viber : +959 9771 66601
Email : admin@cbl.com.mm

အူမကြီးကင်ဆာ ဖြစ်နိုင်ခြေများနေသလား? ဘယ်လိုတွေဆို ဖြစ်နိုင်ခြေများနေသလဲ? ဘာတွေလုပ်လို့ရမလဲ?
04/03/2026

အူမကြီးကင်ဆာ ဖြစ်နိုင်ခြေများနေသလား?
ဘယ်လိုတွေဆို ဖြစ်နိုင်ခြေများနေသလဲ?
ဘာတွေလုပ်လို့ရမလဲ?

👨🏻‍⚕️CBL Medical Centre ရှိ အထူးကုဆရာဝန်များ၊ မိသားစုဆရာဝန်များနှင့် Onlineမှတစ်ဆင့် တိုင်ပင်ဆွေးနွေးနိုင်ပါပြီ👩🏻‍⚕️    ...
28/02/2026

👨🏻‍⚕️CBL Medical Centre ရှိ အထူးကုဆရာဝန်များ၊ မိသားစုဆရာဝန်များနှင့် Onlineမှတစ်ဆင့် တိုင်ပင်ဆွေးနွေးနိုင်ပါပြီ👩🏻‍⚕️
သင်နှင့် သင်ချစ်ခင်ရသော မိသားစုဝင်များအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ကုသမှုများကို ရရှိနိုင်ရန် အချိန်နေရာအခက်အခဲများကြောင့် နှောင့်နှေးခြင်းမရှိရအောင် အိမ်တွင်သက်တောင့်သက်သာနေထိုင်ရင်း ယုံကြည်စိတ်ချရသော ကျွမ်းကျင်သော အထူးကုဆရာဝန်များ၊ မိသားစုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ရန်အတွက် CBL medical Centre မှ Telehealth ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနေပါပြီ။
အချိန်နေရာမရွေး ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူလိုသူများအတွက် CBL Medical Centre၏ Telehealth ဝန်ဆောင်မှုကို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကာ ပြသမည့် ရက်ချိန်း ရယူနိုင်ပါတယ်။

CBL Medical Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊
စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊
ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664

CBL Medical Centre (မန္တလေး)
Unit (5), Block 3, မင်္ဂလာမန္တလေးအိမ်ရာ၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 56666, 09 9706 57777



Address

No-24(1C) Nawarat Condo, Samone Street, Dagon Township
Yangon
11191

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959261166664

Alerts

Be the first to know and let us send you an email when CBL Medical Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to CBL Medical Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category