11/09/2015
ဆရာခို-အမှတ်တံဆိပ်
"ဆရာခိုအနာလိမ်းဆေး သုံးစွဲသူ"
"ရဟန်းရှင်လူမိဘပြည်သူများသိစေရန်"
* ငန်းတက် - မန်းတက် - ညှော်ငန်းတက် - အနာအမျိုးမျိုးအတွက် - မြန်မာ့ဆေးစွမ်းကောင်း တစ်လက် - ဆရာခို အမှတ်တံဆိပ် - ဆရာခို၏သမီးများ တိုင်းရင်ဆေးဝါးထုတ်လုပ်ရေး- ရွှေကြာပဒုမ္မာဆေးတိုက်မှ ဆရာခို အနာလိမ်းဆေးတစ်မျိုးထဲသာထုတ်လုပ်ရောင်းချပါသည်။
* စစ်မှန်သန့်ရှင်းသော ပရဆေးများပါဝင်၍ ပဒုမ္မာရွှေကြာ, ဝံသဋ္ဌဂါထာတော်ကို ရွတ်ဖတ်ပြီး ကျိုချက်ဖော်စပ်ထားသောကြောင့် ဘေးထွက်ဆိုးကျိုးမရှိစေဘဲ ဆေးစွမ်းအာနိသင် ထက်မြက်စေပါသည်။ *
* နှစ်ပေါင်းကြာမြင့်စွာကပင်မူလ-ပထမ-မူလ လက်ဟောင်း ဆရာခိုအနာလိမ်းဆေးကြီးကို ဖခင်ကြီး ဦးဟန်မောင်(ဆရာခို)နှင့် မိခင်ကြီး ဒေါ်သန်းညွှန့် တို့မှ ဆရာခို အနာလိမ်းဆေးသုံးစွဲသူတို့အပေါ် စေတနာ၊ မေတ္တာ၊ ကရုဏာ များထားကာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခဲ့ပါသည်။ယခုအခါ ဆရာခို - သမီးများမှ ကွယ်လွန်သွားကြပြီးဖြစ်သော မိဘနှစ်ပါး၏ စေတနာ၊ မေတ္တာ၊ ဂရုဏာ တို့ဖြင့်ပေါင်းစပ်ပြီးကျေးဇူးကြီးမားလှတဲ့ ဖေဖေ-မေမေတို့ရဲ့ ဆုံးမမှု၊သွန်သင်မှု၊လမ်းညွှန်မှု လေးတွေကိုတသွေမတိမ်းလိုက်နာလျှက် ဆရာခို-အနာလိမ်းဆေးကြီးအား ဆက်လက်အဒွန့်ရှည် တည်တံ့ တိုးတက်ကောင်းမွန်စေရန် မေတ္တာဆပွား၊စေတနာထားကာ ထုတ်လုပ်ရောင်းချလျှက်ရှိပါတယ်။ခေတ်မှီ တိုးတက် အောင်မြင်လျှက်ရှိသော နိုင်ငံတော်ကြီးအတွက်လည်း ဗုဒ္ဓဘာသာအမျိုးသမီးများအနေဖြင့် မိဘရဲ့အမွေအနှစ် မြန်မာ့ ဆေးစွမ်းကောင်းဖြစ်သော ဆရာခို-အနာလိမ်းဆေးကြီးကို ကမ္ဘာမှာမြန်မာဟေ့လို့ "ပုခက်လွဲသောလက်များသည်လည်း" ဆရာခိုဆေးသုံးစွဲသူ ရဟန်ူ၊ ရှင်လူ၊မိဘ ပြည်သူအပေါင်းတို့၏ ကျန်းမာရေး အနာရောဂါပျောက်ကင်းရေးတို့ကိုတစ်ထောင့်တစ်နေရာကနေ စွမ်းစွမ်းတမံ ကူညီစောင့်ရှောက်ပေးနေတာ ဆရာခိုသမီးများရဲ့စေတနာပါ။ဒါကြောင့်ဆက်လက်၍လည်း ဒီထက်ထူးခြားကောင်းမွန်အောင် ကြိုးစားသွားပါမည်လို့လဲ ကတိပြုပါတယ်။ဆရာခို-အမှတ်တံဆိပ် အနာလိမ်းဆေးကြီးကို ငွေလက်ငင်းစနစ်ဖြင့် မြို့တွင်း၌ ရောင်းချပေးသော ကိုယ်စားလှယ်ကြီးများနှင့် နယ်များမှလည်း မှာယူရောင်းချ ဖြန့်ဖြူးပေးသော ကိုယ်စားလှယ်ကြီးများ အားလုံးကိုလည်း ဆရာခို၏သမီးများမှ အထူးပင်ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပြောကြားပါရစေရှင်။
* ဆရာခို၏ သမီးများမှ ထုတ်လုပ်ရောင်းချလျှက်ရှိသော ဆရာခို အမှတ်တံဆိပ် အနာလိမ်းဆေးကြီးကိုသုံးစွဲလျှက်ရှိသော ရဟန်း၊ ရှင်လူ၊ မိဘ ပြည်သူများအနေဖြင့် မိမိဖြစ်ပေါ်ခံစားနေရသော ဝေဒနာများအား ဆေးသုံးစွဲပုံများ မသိရှိပါက ဖုန်းဖြင့်လည်းကောင်း၊ လူကိုယ်တိုင် လာရောက်၍လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။ ဖခင်ကြီး ဦးဟန်မောင် (ဆရာခို) နှင့် မိခင်ကြီး ဒေါ်သန်းညွှန့် တို့ ညွှန်ကြားခဲ့သည့်အတိုင်း မေတ္တာဖြင့်အခမဲ့ကူညီပါမည်။ တစ်ခါတစ်ရံ လုပ်ငန်းအခက်အခဲ လူမှုရေးအခက်အခဲများကြောင်း ပစ္စည်းထွက်နှုန်း လျော့နည်း၍ အနည်းငယ် ကြန့်ကြာမှုလေးများကိုတော့ သည်းခံခွင့်လွှတ် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။မိတ်ဆွေတို့၏ ရောဂါကင်း၍ပြုံးပျော်ရွှင်မှုသည် ကျွန်မတို့၏ဆန္ဒဖြစ်ပါသည်။ ယုံကြည်စွာဝယ်ယူသုံးစွဲသူများ၏ အားပေးမှုကို အားရ ကျေနပ်မှုနှင့်အတူ ဖြန့်ဖြူးရောင်းချပေးသော ကုန်သည်ကြီးများ၏ ဆန္ဒနှင့်အကျိုးစီးပွားကို အမြဲထာဝရ ဦးထိပ်ပန်စဉ်လျှက် အမြဲတမ်း ကြိုးစားသွားမှာ ဖြစ်ပါတယ်။ လူသားအားလုံးကျန်းမာခြင်း သုခနဲ့ ပြည့်စုံပြီး ဘယာဘေးအေပေါင်းမှလည်း ကင်းဝေးနိုင်ကြပါစေ။
* ဆရာခို၏သမီးများ အနာလိမ်းဆေးကိုသုံးစွဲသူ ရဟန်းရှင်လူ မိဘပြည်သူအပေါင်းတို့မှလည်း ဆေးဘူးထဲတွင် ပဒုမ္မာရွှေကြာ - ဝံသဋ္ဌဂါထာတော်ပါဝင်သော ဆေးညွန်းလေးအတိုင်း သုံးစွဲကြပါရန် နှင့် ဆရာခို-၏သမီးများ ဆရာခို အနာလိမ်းဆေး အစွမ်းထက်သည်မှာလည်း ယုံကြည် စိတ်ချစွာ ဝယ်ယူအားပေးခဲ့ကြသော ရဟန်း ရှင်လူ မိဘပြည်သူ အပေါင်းတို့၏ ငွေများဖြင့် နှစ်စဉ်နှစ်တိုင်း ဆရာခို ဆေးထုတ်လုပ်ခဲ့သော ကျေးဇူးရှင်မိဘနှစ်ပါးတို့အား ရည်စူး၍လှူဒါန်းမှု အစုစု တို့ဖြင့် တိုင်တည်လှူဒါန်းခဲ့ခြင်းနှင့်သမီးများရဲ့လောဘ- ဒေါသ- မောဟ ကင်းစင်ပြီး စေတနာ၊ မေတ္တာ တရားများကြောင့် ဆေးစွမ်းထက်နေခြင်း ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ဆရာခို၏သမီးများ
မူလပထမပင်ရင်းဌာန (ဖုန်း) ၀၁ ၅၄၈၆၃၉
အမှတ်(၇၉)၊သုခလမ်း၊ ကျောက်မြောင်းကြီးရက်ကွက်၊
တာမွေမြို့နယ်၊ ရန်ကုန်မြို့ ။