Tarot by Bayedar Yee

Tarot by Bayedar Yee �Tarot never lie your life�

19/02/2026

"မင်းမမြင်နိုင်တဲ့ နောက်ကွယ်မှာ... မင်းကို အမြဲအရိပ်တကြည့်ကြည့် ကြည့်နေတဲ့သူဟာ ဘယ်သူဖြစ်မလဲ?

အဲ့ဒီလျှို့ဝှက်ချက်ကို သိဖို့ စိတ်ထဲက
အလိုချင်ဆုံး Pile တစ်ခုကို ရွေးချယ်လိုက်ပါ။"









✨ Pile 1: မီးလိုတောက်လောင်နေတဲ့ အချစ် 🏹

မင်းကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သူဟာ... မင်းကို မြင်လိုက်ရုံနဲ့တင် သူ့ရင်ခုန်သံတွေကို မထိန်းချုပ်နိုင်တော့တဲ့ "မီးဓာတ်နွယ်ဝင်" (Aries, Leo, Sagittarius) တစ်ယောက်ပါ။

သူ့ရဲ့ Drama: သူက မင်းနားကို ချဉ်းကပ်ဖို့ အခွင့်အရေးကို အပူတပြင်း စောင့်ကြည့်နေတာ။ သူဟာ မင်းအတွက်ဆိုရင် ဘာမဆို ရဲရဲဝံ့ဝံ့ လုပ်ပစ်မယ့်သူမျိုးပါ။

Universe ရဲ့ စကားလက်ဆောင်: "အရာရာကို အတင်းအကျပ် လိုက်မထိန်းချုပ်ပါနဲ့။ စကြဝဠာက မင်းကို ပံ့ပိုးပေးနေတယ်၊ လောကကြီးရဲ့ လမ်းညွှန်မှုကို အေးဆေးလေး စောင့်ကြည့်လိုက်ပါ" တဲ့။

✨ Pile 2: တိတ်ဆိတ်လွန်းတဲ့ အစောင့်အရှောက် 🕯️

မင်းကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သူဟာ... မင်းရှေ့မှာ ပေါ်မလာဘဲ မင်းဘေးကင်းဖို့ကိုပဲ အဝေးကနေ တိတ်တဆိတ် ဆုတောင်းပေးနေတဲ့ "မြေဓာတ်နွယ်ဝင်" (Virgo, Ta**us, Capricorn) တစ်ယောက်ပါ။

သူ့ရဲ့ Drama: သူက မင်းအတွက် "အလင်းအိမ်" လေး ဖြစ်ပေးချင်နေသူပါ။ မင်း လမ်းမှားမှာကို သူက အစိုးရိမ်ဆုံးဖြစ်ပြီး မင်းကို တည်တည်ငြိမ်ငြိမ်နဲ့ စောင့်ရှောက်ပေးချင်နေတာ။

Universe ရဲ့ စကားလက်ဆောင်: "မင်းကြောက်နေတဲ့အရာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်ပါ။ အဲ့ဒီကြောက်ရွံ့မှုကို ကျော်လွှားနိုင်တာနဲ့ မင်းရဲ့စွမ်းအားတွေ ပိုတောက်ပလာလိမ့်မယ်"။

✨ Pile 3: အတိတ်က ပြန်လာတဲ့ ဝိညာဉ် ⚖️

မင်းကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သူဟာ... မင်းနဲ့ အတိတ်က ကံပါခဲ့ဖူးသူ၊ ဒါမှမဟုတ် မင်းရဲ့ တောက်ပလာမှုကို အံ့သြတကြီးနဲ့ ငေးမောနေတဲ့ "Scorpio (သို့မဟုတ်) မီးဓာတ်နွယ်ဝင်" တစ်ယောက်ပါ။

သူ့ရဲ့ Drama: သူက မင်းဆီကို သတင်းစကားတစ်ခု ပါးဖို့ ဒါမှမဟုတ် မင်းဆီကို ပြန်လာဖို့ အခွင့်အရေးကို စောင့်နေတာပါ။ မင်းရဲ့ အောင်မြင်မှုတွေကို သူက အဝေးကနေ ဂုဏ်ယူနေတယ်။

Universe ရဲ့ စကားလက်ဆောင်: "ဘယ်သူ့ကိုမှ ပြောင်းလဲဖို့ မကြိုးစားပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲတာကသာ အစွမ်းထက်ဆုံး မှော်အတတ်ပါ"။ မင်းကိုယ်မင်း ပိုချစ်ပြလိုက်ပါ။

မင်းရဲ့ Pile အဖြေကရော ဘယ်သူဖြစ်မလဲ? အဖြေမှန်ရင် Comment မှာ 'Universe' လို့ ရေးခဲ့နော်။ 👇

"

19/02/2026

ဒီကဒ်တွေက မင်းအတွက် ဘာတွေပြောနေတာလဲ
🍀🍀🍀🍀
အာရုံစိုက်ပြီး စာလေးတွေဖတ်ကြည့်ပါ

ငယ်ငယ်က ပဌာန်းရွတ်ရင် အဓိပ္ပါယ်မသိတော့ ရွတ်တာမြန်တယ်.. အခု အဓိပ္ပါယ်နားလည်လာတော့ ပဌာန်းရွတ်တိုင်း အဓိပ္ပါယ်ကို စဉ်းစားရင...
16/01/2026

ငယ်ငယ်က ပဌာန်းရွတ်ရင်
အဓိပ္ပါယ်မသိတော့ ရွတ်တာမြန်တယ်..
အခု အဓိပ္ပါယ်နားလည်လာတော့ ပဌာန်းရွတ်တိုင်း အဓိပ္ပါယ်ကို စဉ်းစားရင်း ဖြေးဖြေးပဲရွတ်တော့တယ်။

ပဌာန်း အဓိပ္ပါယ်တွေ နားလည် သဘောပေါက်စေတာက ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ "ပဌာန်းမြတ်ဒေသနာ" တရားတွေပါ..
ဒါပေမယ့် အဘိဓမ္မာကို မသိသေးပဲနဲ့ နာရင်တော့ နားလည်မှာမဟုတ်ပါဘူး..
ဒါကြောင့် ပါချုပ်ဆရာတော်ကြီးရဲ့
"အဘိဓမ္မာမြတ်ဒေသနာ" ကို အရင်နာပြီးမှ
ပဌာန်းမြတ်ဒေသနာကို နာယူကြဖို့ အကြံပေးချင်ပါတယ်။
Dhammadownload.com မှာ အားလုံးရှိပါတယ်။

ပုံလေးတွေကတော့ fb တနေရာကနေရပါတယ်။

🍀 #ဘေဒါရီ #၂၄ပစ္စည်းအဓိပ္ပါယ်

13/01/2026

ဆရာမတစ်ဦး၏ဘဝ တစ်ဆစ်ချိုး ပြောင်းလဲပေးနိုင်တဲ့
“အရဟံ 84000 အဓိဌာန်''
********************

၅ရက်အတွင်း အရဟံ 84000 ပြည့်အောင်စိပ်ရမှာပါ...

-ညံ့နေတဲ့သူတွေ၊
-လာဘ်ပိတ်နေသူတွေ၊
-အနှောက်ယှက်အဖျက်ရှိနေသူတွေ
-လက်ရှိဘဝကနေ တဆစ်ချိုး ပြောင်းလဲကောင်းမွန်ချင်တဲ့
သူတွေအတွက်
တီချယ် အမြဲ ဒီ အဓိဌာန်ကိုပဲညွှန်ပေးဖြစ်ပါတယ်ရှင့်....

တီချယ်ကိုယ်တိုင် ၅ရက် အရဟံ 84000 အဓိဌာန်ကို ၄ကြိမ်မြောက်အထိ အောင်မြင်ပြီးပါပြီ🙏

ကိုယ်တွေ့ဖြစ်ရပ်မို့လို့အာမခံနိုင်ခြင်းပါ...

စိပ်ပုံ..စိပ်နည်း📿

-အရဟံ 84000 ကို တာလီဖြင့်သော်လည်းကောင်း စိပ်ပုတီးဖြင့်သော်လည်းကောင်းစိပ်နိုင်ပါတယ်...

-အရဟံ တခါရွတ် ပုတီးတလုံးချပါ...

-5ရက်အတွင်း84000 အပြီးစိပ်ရပါမယ်....

မြတ်စွာဘုရားအား ရေချမ်း၊ပန်း၊ဆီမီး ကပ်လှူပြီး
အဓိဌာန်ဝင်မယ့်အကြောင်းအရင်းကို တိုင်တည်ပါ🙏

-၅ရက်တာအတွင်း84000 အောင်မြင်ခဲ့ပါက
အလိုချင်ဆုံးဆု...၃ခု...တောင်းပါ 🙏

တီချယ်
-ပထမဆုံးတခါ စိပ်ပြီးတော့ ကားဝယ်နိုင်ခဲ့ပါတယ်။
-ဒုတိယတခါ တတိယတခါတွေမှာလဲ အရင်ထပ်ပို လှူဒါန်းနိုင်ခဲ့ပြီး။
ရွှေတိဂုံ စေတီတော်မှာပါ ရွှေတကျပ်သားတိတိ လှူနိုင်ခဲ့သလို။
စတုဒီသာအလှူတွေလဲ ၅ကြိမ်လောက်ထိ လှူနိုင်ခဲ့ပါတယ်။ဘုရားထီးတင်နိုင်ခဲ့ပါတယ်🙏🙏🙏

တီချယ့်ဆုတောင်းတွေတော်တော်များများက
ပိုလှူနိုင်ရန်ဆုတောင်းဖြစ်ပါတယ်...

မိမိကြိုက်ရာတောင်းလို့ရသလို ပိုလှူနိုင်ဖို့
ဆုတောင်းခဲ့တာတောင်မှ ဘဝက
ပိုမြင့်လာသလိုခံစားရပါတယ်...

၅ရက်တာ အဓိဌာန်ကတော့အထိရောက်ဆုံးနဲ့ခက်ခဲပါတယ် အဖျက်များပါတယ်...
စမ်းကြည့်ချင်သူတွေစမ်းကြည့်လို့ရအောင်လို့
မျှဝေပေးလိုက်ပါတယ်...

အရဟံ 84000 အဓိဌာန် ထူးခြားချက်များကို
အဓိဌာန် ဝင်ဖူးသူများ မျှဝေပေးကြပါအုန်းရှင့်...

မူရင်းပိုစ့် စာရေးသူအား လေးစားလျက်
အများသူငါအတွက် ပြန်လည်မျှဝေလိုက်ပါတယ်ရှင့်...

#ဘေဒါရီ

🩷ယခုလက်တွဲထားတယ့်ချစ်ရသူနဲ့ ၂၀၂၆ မှာ ဘယ်လိုမျိုးရှေ့ဆက်နိုင်မလဲ?🩷မျက်လုံးလေးက်ိုသေချာမှိတ် စိတ်လေးထဲမှာ ကိုယ့်ချစ်သူကိုမ...
26/12/2025

🩷ယခုလက်တွဲထားတယ့်ချစ်ရသူနဲ့ ၂၀၂၆ မှာ ဘယ်လိုမျိုးရှေ့ဆက်နိုင်မလဲ?🩷

မျက်လုံးလေးက်ိုသေချာမှိတ် စိတ်လေးထဲမှာ ကိုယ့်ချစ်သူကိုမြင်ကြည့်ပါ
🩷စိတ်ထဲမှာ ငါတို့ ၂၀၂၆ ကို အတူတူ ဆက်သွားဖို့ ရှေ့ဆက်မယ်ဆိုတာ ကို တွေးပါ🩷
ပြီးမှ ပုံလေးတွေကို သေချာကြည့်ပြီး
ကိုယ့်စိတ်ထဲအရမ်းကြိုက်မိတာလေးကို မန့်ခဲ့ပေးနော် 🍀🍀
အဖြေလေးကို ၂၄နာရီအကြာမှာ ပုံတွေအောက်အီာပြောပေးထားပါ့မယ် 🩷

🍀ချစ်ရတဲ့ချစ်သူတိုင်း ထာဝရလက်တွဲမဖြုတ််ပဲ ပျော််ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေလို့ ကျွန်မဘေဒါရီက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🍀

#ဘေဒါရီတားရော့ #ချစ်သူတိုင်းလည်းပေါင်းဖက်နိုင်ပါစေ🙏 #ဆုတောင်းပြည့်ပါစေ

နှစ်သစ်ကို ကုသိုလ်ကောင်းမှုတွေပြုလုပ်ရင်း ၂၀၂၆ ကို စီးပွားရေး ၊ လူမှုရေး တွေကို ဆုတောင်းစရာမလိုအောင် ပြည့်ဝစေမယ့် အဓိဌာန...
24/12/2025

နှစ်သစ်ကို ကုသိုလ်ကောင်းမှုတွေပြုလုပ်ရင်း ၂၀၂၆ ကို
စီးပွားရေး ၊ လူမှုရေး တွေကို ဆုတောင်းစရာမလိုအောင် ပြည့်ဝစေမယ့် အဓိဌာန်

၂၅-၁၂-၂၀၂၅ မှ ၃၁-၁၂-၂၀၂၅ ထိ

🍀မာလာရေစင် (၇) ရက်တိတိကပ်လှူပါ.

🍀မနက် ၇နာရီမှ ၉နာရီ၄၅မိနစ်အတွင်း
မေတ္တာသုတ် (၁၀) ခေါက် နှင့် ဓာရဏပရိတ်တော် (၅)ခေါက်ရွတ်ဖတ်ပူဇော်ပါ။

🍀ည ၇နာရီမှ ၁၀နာရီအတွင်း
ပဌာန်းအကျယ် နှင့် မေတ္တာသုတ် (၉)ခေါက် ရွတ်ဖတ်ပူဇော်ခြင်း သို့မဟုတ်
တရားနာယူခြင်းများ ပြုလုပ်ပေးပါ။

ဆုမတောင်းပဲပြည့်ဝနိုင်ပါသည်

အဓိဌာန်ရက်အတိုင်းပြုလုပ်ပေးပါ။

နှစ်သစ်ကို ကုသိုလ်ပြုလုပ်ရင်း ၂၀၂၆ အတွက်ဆုတောင်းများပြည့်ဝကြပါစေ။

🍀ဘေဒါရီတားရော့🔮🍀

မေတ္တာဓာတ်များပြည့်ဝကြပါစေ ၊ နှစ်သစ်မှာအောင်မြင်မှုတွေနှင့် နှစ်သစ်ရဲ့နှစ်အစကို ဖြတ်သန်းနိုင်ကြပါစေ။

#နှစ်သစ်ကိုအောင်မြင်ပါစေ
#အောင်မြင်မှုတွေဒီထက်မကပိုရရှိပါစေ
#ဘေဒါရီတားရော့

23/12/2025

၂၅ရက်-၁၂-၂၀၂၅ မှ ၃၁-၁၂-၂၀၂၅ အဓိဌာန်ပြီး ၇ရက်တိတိကပ်လှုကြပါ

နှစ်သစ်ကို ကုသိုလ်ထူး၊ကံကောင်းမှုတွေရကြပါစေ။

မာလာရေစင် ကပ်လှူပုံ နှင့် ဆုတောင်းနည်း🙏🏾🙏🏾🙏🏾
ကျွန်မနှင့်ထပ်တူကုသိုလ်ထူးတွေ ရကြပါစေ 🍀🍀🍀🍀🙏🏾
🙏🏾🍀🍀🍀🍀🍀🍀🍀🍀🍀🙏🏾

#မာလာရေစင်ကပ်လှူခြင်း💦💦 #မာလာရေစင်ကပ်လှုပူဇော်ပါသည် #အောင်မြင်မှုတွေဒီထက်မကပိုရရှိပါစေ #ဆုတောင်းပြည့်ပါစေ #ဘေဒါရီတားရော့

18/12/2025

🙏🏾ဒီနေ့ကနေစပြီး
တနင်္ဂနွေနေ့ထိ ကံကောင်းခြင်းလက်ဆောင်တွေ ဝင်လာကြပါစေ 🙏🏾🙏🏾🙏🏾🙏🏾

#ဘေဒါရီတားရော့ #တားရော့

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Tarot by Bayedar Yee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share