02/12/2025
ကလေးငယ်တွေရဲ့ ဘဝအစ အကောင်းဆုံးဖြစ်ဖို့ ပံ့ပိုးပေးချင်ပါသလား?🌱
ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး (ECCD) အွန်လိုင်းသင်တန်းကို ယူနီဆက်မြန်မာရဲ့ ဒစ်ဂျစ်တယ်သင်ယူမှု ပလပ်ဖောင်း (Learning Passport Myanmar) မှာ စတင်လေ့လာနိုင်ပါပြီ။
ECCD ကို အခုမှစပြီး လေ့လာလိုသူ လူငယ်များ၊ မိဘများ၊ ပြုစုစောင့်ရှောက်သူများ၊ မူကြိုဆရာ/ဆရာမများအတွက် လုံးဝအခမဲ့ဖြစ်ပါတယ်။
သင်ရိုးညွှန်းတမ်းတွင် အပိုင်း (၄) ပိုင်း၊ မိနစ် (၂၅-၃၀) စာ သင်ခန်းစာငယ် (၂၄) ခု ပါဝင်ပြီး ကလေးတွေရဲ့ ရှေးဦးအရွယ် ဘက်စုံဖွံ့ဖြိုးမှုအတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ကိုယ်အချိန်ပေးနိုင်မှုအပေါ် မူတည်ပြီး လေ့လာနိုင်မှာပါ။
ဒီသင်တန်းတွေဟာ အခမဲ့ဖြစ်ပြီး အင်တာနက်လိုင်းမကောင်းလည်း အဆင်ပြေပါတယ်။ ဒေါင်းလုဒ်ဆွဲထားရင် အင်တာနက်မလိုဘဲ (offline) လေ့လာနိုင်သလို၊ မသန်စွမ်းသူများအတွက်လည်း အသံဖိုင်တွေနဲ့ သင်ကြားနိုင်အောင် စီစဉ်ပေးထားပါတယ်။
အပိုင်းတစ်ခုပြီးတိုင်း အသိအမှတ်ပြုလက်မှတ် ရရှိမှာဖြစ်ပြီး၊ အားလုံးပြီးဆုံးရင် သင်တန်းပြီးမြောက်ကြောင်းလက်မှတ် (certificate of completion) ကို ရရှိမှာပါ။
ECCD ခရီးစဉ်ကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား? ✨
👉 mm.learningpassport.org မှာ စာရင်းပေးသွင်းလိုက်ပါ
ဒါမှမဟုတ် Learning Passport Myanmar အက်ပ်ကို ဒေါင်းလုဒ်လုပ်ပြီး လေ့လာလိုက်ပါ။
ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး (ECCD) အွန်လိုင်းသင်တန်း စာရင်းပေးသွင်းရန် >> https://mm.learningpassport.org/ #/course/1712/item/27169
Learning Passport အကြောင်းလေ့လာရန် >> https://www.facebook.com/share/p/1K1HZ5haya/