Mehm Ju Nu Pharmacist

Mehm Ju Nu Pharmacist Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mehm Ju Nu Pharmacist, Medical and health, Ye.

အိမ်တိုင်းဆောင်ထားသင့်သည့် အရေးပေါ်ဆေးသေတ္တာအခုခေတ် အိမ်တိုင်း မဖြစ်မနေ ဆောင်ထားသင့်တဲ့ အရာတွေထဲမှာ Emergency box အရေးပေ...
20/10/2022

အိမ်တိုင်းဆောင်ထားသင့်သည့် အရေးပေါ်ဆေးသေတ္တာ

အခုခေတ် အိမ်တိုင်း မဖြစ်မနေ ဆောင်ထားသင့်တဲ့ အရာတွေထဲမှာ Emergency box အရေးပေါ်ဆေးသေတ္တာကလည်း မပါမဖြစ်ပေါ့။ အိမ်မှာနေရင်း မတော်တဆထိခိုက်ဒဏ်ရာရတဲ့အခါ၊ မိသားစုဝင်တဦး ရုတ်တရက် နာမကျန်းဖြစ်တဲ့အခါနဲ့ ခရီးထွက်ရတဲ့အခါတွေမှာ အရေးပေါ်အသုံးပြုနိုင်ဖို့ အရေးပေါ်ဆေးသေတ္တာထဲ ဖြည့်ထားသင့်တဲ့ အခြေခံဆေးနဲ့ ဆေးပစ္စည်းတွေကို အကြံပေးပါရစေ။
Inflammation
(၁) နာကျင်ကိုက်ခဲခြင်းအတွက် ဆေးဝါးများ
-------------------------------------------
လူတိုင်းလိုလို အဖြစ်များတဲ့ ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း စတဲ့ ကိုက်ခဲခြင်း အမျိုးမျိုးအတွက် -ပါရာစီတမောဆေးများ။ (ဥပမာ-Biogesic ဘိုင်အိုဂျက်ဆစ်၊ Paradenk၊ Tylenol၊ Lensenစတဲ့ ပါရာစီတမောတစ်မျိုးတည်းပါ ဆေးဝါးတွေ)
Paracetamoleပါရာစီတမောဟာ လူအများစုမှာ ယေဘုယျအားဖြင့် ဘေးထွက်ဆိုးကျိုးအန္တရာယ်နည်းတယ်ဆိုပေမယ့် သတ်မှတ်ထားသော ဆေးပမာဏအထိပဲ အသုံးပြုရမှာပါ။
Ibuprofen, Aspirinဆေးတွေကလည်း နာကျင်ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ Ibuprofen နဲ့ တွဲသောက်ဖို့ အိုမီပရာဇိုးကိုပါ ဆောင်ထားပါ။
(သတိပြုရန်- ဒီဆေးတွေကို အစာစားပြီးမှ သောက်ပါ)

(၂) အအေးမိ၊ တုပ်ကွေး ဖျားနာပျောက်ဆေး
-------------------------------------------
နှာစေး၊ ခေါင်းကိုက်၊ ကိုယ်ပူ အအေးမိ၊ တုပ် ကွေးဖျားနာခြင်းတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆေးပါ။ (ဥပမာ- Decolgen၊ Mixagrip၊ Chericofဖျားနာတုပ်ကွေးပျောက်ဆေး စသဖြင့်) ဒီဆေးသောက်ရင် ပါရာစီတမော သောက်ဖို့ မလိုပါဘူး။

(၃) အစာမကြေ၊ ရင်ပြည့်ရင်ကယ်ခြင်း၊ လေထိုးလေအောင့်ခြင်းအတွက် ဆေးဝါးများ
------------------------------------------------
အစားအလွန်အမင်းစားမိခြင်း၊ အစာမြန်မြန် စားမိခြင်း၊ အစားမှားခြင်း စတာတွေကြောင့် အစာမကြေဖြစ်တဲ့အခါ အသုံးပြုနိုင်တဲ့ Antacid ဆေးများ၊ ဝါးစားရသော လေဆေးများ။ (ဥပမာ- Siloxogene၊ ဒိုင်ဂျင်း၊ Kremil-Sစသဖြင့်)။ Simethiconeပါတဲ့ အစာအိမ်လေဆေးကိုလည်း ဆောင်နိုင်ပါတယ်။ ဥပမာ Air-X။

(၄) အကျိုးပြုဘက်တီးရီးယား
------------------------------
ဝမ်းပျက်ခြင်း၊ ဗိုက်မကောင်းခြင်းတွေ ဖြစ်တဲ့ အခါ သောက်နိုင်ပါတယ်။ (ဥပမာ-Bi-Lact၊ Bioflor၊Innolac စသဖြင့်)

(၅) ဝမ်းချုပ်ခြင်းအတွက် အပျော့စား ဝမ်းပျော့ဆေးများ
--------------------------------------------------
ဥပမာ-MOM၊ Lactulose solution(Avolac)တွေကို အပျော့စားဝမ်းပျော့ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

(၆) ချွဲထွက်၍ချောင်းဆိုးခြင်း၊ ချောင်းခြောက်ဆိုးခြင်းအတွက် ဆေးများ
--------------------------------------------------
ချောင်းဆိုးခြင်းအတွက် ချွဲပျော်ဆေး Expectorant၊ ချောင်းခြောက်ဆိုးခြင်းအတွက် Dry cough ဖော်မြူလာဆေးတွေကို သုံးနိုင်ပါတယ်။ ချွဲပါတဲ့ ချောင်းဆိုးခြင်းအတွက် ချွဲပျော်ဆေး(ဥပမာ- Mucinex၊ Muclear စသဖြင့်) ။ ချောင်းခြောက်ဆိုး ခြင်းအတွက် (ဥပမာ-Attusin၊ Sedicough၊ ချယ်ရီကော့ဖ်ချောင်းဆိုးပျောက်ဆေး စသဖြင့်)
လည်ချောင်းယားခြင်း၊ နာခြင်း၊ အသံဝင်ခြင်းတို့အတွက် ချယ်ရီကော့ဖ်ငုံဆေး၊ Strepsilငုံဆေး။

(၇) ဝမ်းပိတ်ဆေး
---------------------------
ဝမ်းလျှောတဲ့အခါ ဝမ်းသွားတာကို ထိန်းချုပ်ဖို့ Loperamide, Bismuthဆေးတွေကို ဆောင်ထားသင့်ပါတယ်။

(၈) ချွေးထွက်များခြင်း၊ ဝမ်းလျှောခြင်းအတွက် ဓာတ်ဆား
----------------------------------------------
အန်ခြင်း၊ ချွေးထွက်များခြင်း၊ ဝမ်းလျှောခြင်း ဖြစ်ရင် ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်တဲ့အတွက် ဓာတ်ဆားလိုပါတယ်။(ဥပမာ- BPIဓာတ်ဆား၊ Royal-D)

(၉) ဓာတ်မတည့်ခြင်းအတွက် ဆေးဝါးများ
----------------------------------
နှာစေးခြင်း၊ အင်းဆက်ပိုးမွှားအကိုက်ခံရခြင်း၊ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အနီကွက် ထခြင်း၊ မတည့်တဲ့ အစားအသောက် စားမိခြင်း စတဲ့ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့လက္ခဏာတွေ သက်သာစေဖို့ Antihistamines ကို ဆောင်ထားသင့်ပါတယ်။
ဥပမာ- အိပ်ငိုက်အာနိသင်ပါဝင်တဲ့ဆေး chlorpheniramine maleate၊ burmeton၊ diphenhydramine စသဖြင့်။ အိပ်ငိုက်အာနိသင်နည်းတဲ့ဆေး cetrizine, loratadine စသဖြင့်။

(၁၀) ခြင်ပြေးလိမ်းဆေး၊ ယားယံပျောက်ဆေး
--------------------------------------------
ခြင်၊ အင်းဆက်ပိုးမွှားတွေ ကင်းစေဖို့ ခြင်ပြေးလိမ်းဆေးတွေရှိနေပါပြီ။ (ဥပမာ- ပီကာကစ်၊ မကိုက်ရ စသဖြင့်)
ဓာတ်မတည့်မှုကြောင့်ပဲဖြစ်ဖြစ် အရေပြားယားယံတဲ့အခါအသုံးပြုဖို့ Calamine lotion။

(၁၁) ပြတ်ရှဒဏ်ရာအနာများအတွက် အခြေခံ ဆေးပစ္စည်းများ
------------------------------------------------
0.9% NaCl ပါဝင်တဲ့ အနာသန့်ဆေးရည်၊ အနာထည့်ပိုးသတ်ဆေးရည်၊ အနာကပ်ပလာစတာ၊ ဂွမ်း၊ ပတ်တီး၊ ကတ်ကြေးတို့ လိုအပ်နိုင်ပါတယ်။ (ဥပမာ- Povidone Iodine၊ Septidine၊ ဘီတာဒင်း၊ အရက်ပြန် စသဖြင့်)

(၁၂) အပူလောင်ခြင်းအတွက် ဆေး
-----------------------------------
ဘာအပူပဲလောင်လောင် ဒီဆေးသုတ်လိမ်းထားရင် အရည်ကြည်ဖုမထဘဲ သက်သာစေပါတယ်။ (ဥပမာ- Bioplacenton)

(၁၃) အားဆေး
---------------------
ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ အားဆေးတွေကို ဆောင်ထားနိုင်ပါတယ်။ (ဥပမာ-ရီဗိုက်တယ်၊ Vitacap စသဖြင့်)

(၁၄) ပုံမှန်မှီဝဲနေကျ ဆေးဝါးများ
---------------------------------
အခြေခံကျန်းမာရေးပြဿနာကြောင့် ပုံမှန် သောက်နေကျဆေးဝါးတွေရှိတယ်ဆိုရင် အနည်းဆုံး နှစ်ပတ်စာဝယ်ထားပြီး ဆောင်ထားပါ။ (ဥပမာ- ဆီးချိုကျဆေး၊ သွေးတိုးကျဆေး စသဖြင့်)

အထူးသတိပေးချင်တာက ဘယ်ဆေးပဲဖြစ်ဖြစ် သုံးတော့မယ်ဆိုရင် ဆေးညွှန်းကို သေသေချာချာ ဖတ်ပေးပါ။ အထူးသဖြင့် တစ်ကြိမ်သောက်ရမယ့် ဆေးပမာဏ၊ သောက်ရမယ့် အကြိမ်အရေအတွက်၊ သတိပြုရမယ့် အချက်တွေကို သေသေချာချာလိုက်နာပေးပါ။
အရေးပေါ်ဆေးသေတ္တာကို အေးပြီးခြောက်သွေ့တဲ့နေရာနဲ့ ကလေးတွေ မမီတဲ့ နေရာမှာ ထားပါ။ ဆေးတွေကို သက်တမ်းကုန်ဆုံးရက် အမြဲစစ်ဆေးပြီးမှ သုံးပေးပါ။

ဆေးဝါအကြောင်များMehmjunu pharmacist Page မှာ Dexamethasone table and injuctionအကြောင်လေးကိုမျှဝေပေးချင်ပါတယ်Dexamethason...
14/10/2022

ဆေးဝါအကြောင်များ
Mehmjunu pharmacist Page မှာ Dexamethasone table and injuctionအကြောင်လေးကိုမျှဝေပေးချင်ပါတယ်
Dexamethasone table and induction
ထိုးဆေးနှင့်သောက်ဆေးနှစ်မျိုးလာပါတယ်

Dexamethasone steroids --------စတီရွိုက်ဆေးဖြစ်ပါတယ်

Therapeutic uses/indication အသုံးပြုပုံ

( 1 ). Allergy. ယာယံခြင်း,ဓါတ်မတည့်ခြင်းအသုံးပြုလို့ရပါတယ်
For example........ဥပမာ
Allergy ဆိုတာ ပိုးတစ်ခုတစ်ခုကိုက်တာယားယံခြင်း/ပင်လယ်စာဓါတ်မတည့်ယာယံခြင်း
ခန္ဓာကိုယ်မှာဓါတ်မတည့်ခြင်းတို့အသုံးပြုလို့ရပါတယ်

(2 ). Rheumatoid arthritis အဆစ်ရောင်ခြင်း/လေးဘက်နာ/လူကြီးလေးဘက်နာ

For example......ဥပမာပြသသောလဏ္ခာများ

(1 ) .Join pain အဆစ်တွေနာတယ်

(2 ). Swelling in a joint or joints အဆစ် သို့မဟုတ်အဆစ်များတွင်ရောင်ရမ်းခြင်း

(3 ). Joint stiffness that lasts for at last for one hour the early in morning.
အဆစ်များတောင့်တင်းမှူသည် နံနက်စောစောမနက်ပိုင် အနည်းဆုံးတစ်နာရီကြာပါတယ်

(4 ). chronic pain or tenderness in a joint or joints .
အဆစ်များတွင်နာတာရှည်နာကျင်းခြင်း

(3 ).Gout ဂေါက်

(5 ). Osteoarthritis.ကျီဘောင်လေဘက်နာရောဂါ

(7). Nephrotic syndrome .ကျောက်ကပ်ရောင်အဆုတ်ရောင်

(8 ). Eczema. နှင်းခူးအရေးပြာနှင်းခူး

(9 ). Bronchial Asthma.ပန်နာရင်ကြပ်

Cerebral Oedema ဦနှောက်ရောင်ခြင်း/Meningitis ဦးနှောက်အမှေးပါးရောင်ခြင်း

Shack.တက်ခြင်း

Aplastic anaemia.သွေးအားနည်ရောဂါ

Liver transplant.အသဲအစားထိုထားတဲ့
Renal transplant.ကျောက်ကပ်အစားထိုတဲ့သူ
It reduces inflammatory symptoms ရောင်ရမ်းခြင်းကိုသက်သာစေတယ်
Steroids ဆေးတစ်မျိုးဖြစ်ပါတယ် inflammatory အပြင်စာအရောင်ကျစေသောအာနိသင်ထက်မြက်သည့်ဆေးဖြစ်ပါတယ်

ကင်းဆာဆေးသွင်းကုသရာတွင်ပျို့အန်ခြသ်သက်သာရန်အသုံးပြုရပါတယ်

ဓာတ်မတည့်တဲ့သူ
ပန်နာရင်ကြပ်
အဆုတ်ရောင်
ကျောက်ကပ်ရောင်
လေဘက်နာ
ကျီပေါင်
နှင်းခူး
ဂေါက်
ဦနှောက်ရောင်
ဦးနှောက်အမှေးပါရောင်
ရောင်ရမ်းခြင်းကိုသက်သာ‌စေပါတယ်

Does......သောက်ဆေး/စားဆေး

ကလေးများကိုယ်အလေးချိန်တစ်ကီလိုလျှင်တစ်နေ့အတွက် 0.01မှ ၀.၁မီလီဂရမ်နှူန်းအကြိမ်းခွဲတိုက်ရပါတယ်

လူကြီး
0.5မှ ၁၀မီလီဂရမ်အကြိမ်ခွဲ၍သောက်ရပါတယ်

For injection
အသားအကြောထိုးဆေး
၄မီလီဂရမ်,၈မီလီဂရမ်
ရှစ်နာရီခြာပြီးထိုးနိုင်ပါသည်။

သတိပြုရန်.....
ဒီဆေးကတီဘီရောဂါဖြစ်ဖူးသူများ
ကာလကြာရှည်စွာအသုံးပြုလျှင်
TBတီဘီရောဂါပြန်ကြွလာနိုင်ပ့တယ်

ကိုယ်ဝန်ဆောင်မိခင်နို့တိုက်မိခင်သတိပြုသုံးစွဲရမည်။
Dexamethasone
ဆေးကိုရုတ်တရပ် ရပ်မပစ်ရပါ။
Steroids Dxamethason ဆေးကိုကာလကြာရီည်စွာသုံးလျှင်
အက်ဒရီနယ်ဂလင်းကျုံ့လှီသွားနိုင်သည်
တိဂနဲ့ရပ်လိုက်လျှင်အက်ဒရီနယ်ဂလင်းလုပ်ဆောင်ချက်များရုပ်တရပ်လျော့ကျသွားပြီး
သွေးဖိအာအလွန်းအမင်ကျဆင်းသောအသက်အန္တရယ်ရှိနိုက်ပါတယ်

Side effects/ Untoward effects ဘေထွက်ဆိုးကြို
စိတ်ခံစာမှူပြောင်လဲခြင်း

ဝက်ခြံထွက်ခြင်း
သွေးဖိအာမြင့်တက်လာပြီးရေစိမ့်ဝင်ဖောလာခြင်း
လဝန်ပုံစံဖောလာခြင်း
မျက်စိတိမ်စွဲခြင်း။
အစာအိမ်အနာဖစ်ခြင်း
ကုတ်ပိုးပြာကတ်တာဝိတ်တက်လာခြင်း
ဝလာခြင်း
အရိုးပွလာခြင်း
အဖုအကျိတိထွက်လွယ်ခြင်း
အင်ဆူလင်းအာနိသင်အစွမ်းလျော့ကျလာခြင်း
ကြွက်သားအားနည်ခြင်းတို့ဖြစ်ပါတယ်

@

ဆေးဝါအကြောင်များmehmjunu pharmacist Page မှာTranexamic Acid အကြောင်လေးကိုမျှဝေပေးချင်ပါတယ် Tranexamic Acid (ထရာနီဆမစ် အက...
13/10/2022

ဆေးဝါအကြောင်များ
mehmjunu pharmacist Page မှာ
Tranexamic Acid အကြောင်လေးကိုမျှဝေပေးချင်ပါတယ်

Tranexamic Acid (ထရာနီဆမစ် အက်ဆစ်)
ဆိုတာ
သွေးထွက်ခြင်းကိုကာကွယ်သောဆေးတစ်မျိူးဖြသ်ပါတယ်

Therapeutic uses/indication -------အသုံပြုပုံ

Hemorrhagic diseaseသွေးမတိတ်ရောဂါတွင်သွားနှူတ်ပြီးသွေးတိတ်စေရန်အသုံပြုလို့ရပါတယ်

Prostate enlargementဆီးကျိတ်ကြီးရောဂါ
ဆီးကျိတ်ကိုခွဲစိတ်ဖယ်ရှားပြီးနောက်သွေးထွက်ခြင်းကိုကာကွယ်ရန်အတွက်အသုံပြုရပါတယ်

Women's menstrual bleedingမျိုးသမီးမီးယပ်သွေးဆင်းများခြင်းကိုသက်သာစေရန်အတွက်အသုံးပြုလေ့ရှိပါတယ်

Hereditary urticariaအမျိုးရိုးလိုက်သောအင်ပျဉ်ကြီးရောဂါ

Nasal bleeding diseaseနှာခေါင်သွေးလျှံခြင်းနှင့်သွေးခဲပျော်ဆေး
ဆေးချိန်လွန်ခြင်းတို့တွင်လည်းအသုံးပြုနိုင်ပါတယ်

Does ----ဆေးညွှန်းနှင့်အသုံးပြုပုံ
Table ______စားဆေး/သောက်ဆေး
Injection ------အကြောထိုးဆေး
နှစ်မျိူးရှိပါတယ်

Table -----စားဆေး/သောက်ဆေး
500 mg____၅၀၀မီလီဂရမ်

750mg_____၇၅၀မီးလီဟရမ်

It is usually given three times a day.
တစ်နေ့သုံးကြိမ်းပေးလေးရှိပါတယ်

Injection ____အကြောထိုးဆေး

500mg___၅၀၀မီလီဂရမ်

1000mg_____၁၀၀၀မီလီဂရမ်
Can be injected three times a day.
တစ်နေ့သုံးကြိမ်းထိုးနိုင်ပါတယ်

မီးယပ်သွေးများခြင်းအတွက်၁၀၀၀မီလီဂရမ်
Three times a day.
တစ်နေ့သုံးကြိမ်း
မီးယပ်စပေါ်သည့်နေ့မှစ၍
လေရက်ပေးလေရှိပါတယ်

Contraindications ----သတိပြုရန်/မသုံးသင့်တဲ့အခြေနေ
ကျောက်ကပ်အားယုတ်လျော့နေသူများတွင်သတိထားသူံးရပါမည်။
သွေးကြောပိတ်ရောဂါရှိသူများမသုံးရပါ။

Side effects/untoward effects ဘေထွက်ဆိုးကြို

Nauseaပျိုခြင်း
Vomitingအန်ခြင်း
Constipationဝမ်းလျော့ခြင်း
Eye color blindnessမျက်စိအရောင်ကန်းခြင်း
သွေးကြောပိတ်ခြင်းတို့ဖြစ်နိုင်ပါတယ်
အကြောဆေးမြန်န်ထိုးလျှင်ခေါင်မူးနိုင်ပါတယ်

Tranexamic Acid #@

12/10/2022

ဆေးဝါအကြောင်များ
သည်းခြေကျောက်တည်ရပ်ကွပ်ထဲမှာလူတိုင်နီးပါကြားဖူမှာပါ
Rowachol
Terpene mixture for gallstones 🪨🪨
သည်ခြေကျောက်ဖျော်ဆေးတာပင်းဒြပ်နှောအပင်တို့သစ်ဆီသစ်စေးတို့မှရရှိသောတာပင်းတို့သည်သည်းခြေရည်တွင်ပါဝင်သော cholesterolပျော်ဝင်နိုင်စွမ်းကိုကောင်း‌မွန်စေပြီးသည်းခြေကျောက်ကိုပျော်စေနိုင်သည်ဟုဆိုပါသည်။
Therapeutic uses/ Indication __အသုံးပြုပုံ

Gallstone formationသည်းခြေအိပ်ကျောက်တည်ခြင်း
သည်းခြေအိပ်ကျဉ်းခြင်းရောင်ခြင်း

ကျောက်‌ေပျာ်စေရန်ကျောက်မတည်အောင်ကာကွယ်ရန်အသုံးပြုပါတယ်
Cholesterol ကိုလတ်စထရောပျော်ဝင်နိုင်စွမ်းကိုကောင်းမွန်စေပြီးသည်းခြေကျောက်ကိုပျော်စေနိုင်ပါတယ်
Gallstonesသည်းခြေကျောက်ပျော်စေအဖြစ်အသုံးပြုကြပါတယ်

Does ------
အသုံးပြုပုံ
Rowacholသောက်မယ်ဆိုရင်
အစာမစားခင်သောက်ပါ
တစ်တောင့်သိုမဟုတ်နှစ်တောင့်တစ်နေ့ကိုသုံးကြိမ်းဆရာဝန်ညွန့်ကြာချက်အတိုင်အစာမစားခင်သောက်ပါ။
Contraindications မသုံသင့်တဲ့အခြေနေ
ကိုယ်ဝန်ဆောင်မိခင်နှင့်နိုး‌တိုက်မိခင်ရှောင့်သင့်ပါတယ်

Side effects/U forward Effects
ဘေထွက်ဆိုးကြို

လေချဉ်တက်ခြင်း
ပါစမ်းနာခြင်း
အာခေါင်အနာဖြစ်ဖြစ်တို့
ဖြစ်နိုင်ပါတယ်

pharmacist #

Antibiotics (ပိုးသတ်ဆေး)Macrolide အုပ်စုဝင်ပိုးသတ်ဆေးတစ်မျိုးဖြစ်ပါတယ်အဇစ်သရိုမိုင်စင် (Azithromycin)ဘက်တီးရီးယားပိုးတွေ...
09/10/2022

Antibiotics (ပိုးသတ်ဆေး)
Macrolide အုပ်စုဝင်ပိုးသတ်ဆေးတစ်မျိုးဖြစ်ပါတယ်
အဇစ်သရိုမိုင်စင် (Azithromycin)
ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ Macrolide မက်ခရိုလိုက်အုပ်စုပဋိဇီဝပိုးသတ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ပြီး ဖြစ်တဲ့
Respiratory tract infection အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊Skin infection အရေပြားပိုးဝင်ခြင်း၊ Ear infectionနားပိုးဝင်ခြင်း အစရှိတာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။
Indication..........

ဘယ်လိုရောဂါတွေမှာ သုံးသလဲ
------------------------------
👂👂Ear infectionနားပိုးဝင်ပြီး Inflammation ရောင်ရမ်းခြင်း၊ 👂👂👂နားပြည်ယိုခြင်း၊
tonsillitis အာသီးရောင်ခြင်း၊ Bronchitisလေပြွန်ရောင်ခြင်း
Skin infectionအရေပြားပိုးဝင်ခြင်း၊
🫁🫁Pneumoniaအဆုတ်ရောင်ခြင်း၊
Sexually transmitted infectionလိင်မှတစ်ဆင့် ပိုးဝင်ပြီး Urethritis ဆီးပြွန်ရောင်ခြင်း စတာတွေမှာ Azithromycin အဇစ်သရိုမိုင်စင်ကို သုံးလေ့ရှိပါတယ်။Bacteria ဘက်တီးရီးယားပိုးဝင်တဲ့ အခြေအနေပေါ်မူတည်ပြီး ဆေးပမာဏနဲ့ အကြိမ်ရေကို ပေးလေ့ရှိပါတယ်။

ဘယ်လိုပုံစံတွေနဲ့ ရှိသလဲ
------------------------
Pillsဆေးပြား၊ Liquid medicineဆေးအရည်ပုံစံတွေနဲ့ ရှိတတ်ပြီး ကလေးတွေအတွက် ဆေးရည်အနေနဲ့ ပေးလေ့ရှိပါတယ်။
ယေဘုယျအားဖြင့် အရွယ်ရောက်လူကြီးတွေကို အဇီသရိုမိုက်စင် ၅၀ဝ မီလီဂရမ်၊ ၃ ရက်မှ ၁၀ ရက်အထိ ပေးလေ့ရှိတတ်ပါတယ်။

Azithromycin အဇစ်သရိုမိုင်စင်ကို ဘယ်လို သောက်ရမလဲ
-----------------------------------------
အစာမစားခင် တစ်နာရီအလို ဒါမှမဟုတ် အစာစားပြီး နှစ်နာရီမှာ သောက်ရပါမယ်။
အလူမီနီယမ်နဲ့ မဂ္ဂနီဆီယမ်ပါတဲ့ လေဆေး Antacids တွေနဲ့ တွဲမသောက်သင့်ပါဘူး။ အချိန်နှစ်နာရီခြားပြီးမှ သောက်ရပါမယ်။

ဘယ်လိုလူတွေ ဆင်ခြင်ရမလဲ

----------------------------
အရင်ကAzithromycin အဇစ်သရိုမိုင်စင်နဲ့ ဓာတ်မတည့်ဖြစ်ဖူးရင် မသောက်သင့်ပါဘူး။
▶ Hepatitisအသည်းရောဂါ၊Kidney disease ကျောက်ကပ်ရောဂါ စတာတွေရှိရင် ဆရာဝန်နဲ့ မဖြစ်မနေတိုင်ပင်ရပါမယ်။
▶ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေက ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သောက်ရပါမယ်။ မိခင်နို့ထဲမှာ ဆေးပါနိုင်တတ်တဲ့အတွက် မိမိသဘောနဲ့ မသောက်သင့်ပါ။
Sides effects...................

ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်သလဲ
----------------------------
Nauseaပျို့ချင်Vomitingအန်ချင်ဖြစ်ခြင်း၊ Abdominal painဗိုက်အောင့်ခြင်း၊ Headacheခေါင်းကိုက်ခြင်း၊Skin rash အရေပြားနီမြန်းခြင်း၊Constipation ဝမ်းပျက်ခြင်း/diarrheaဝမ်းလျှောခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
ဆေးသောက်ပြီး အင်ပြင်ထခြင်း၊ breathlessအသက်ရှူရခက်ခဲခြင်း၊Facial swelling မျက်နှာရောင်ရမ်းခြင်း၊ Muscle aches and painsကြွက်သားကိုက် ခဲနာကျင်ခြင်း စတာတွေ ဖြစ်ရင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားပြသင့်ပါတယ်။

အကြံပြုချက်
-------------
✅ ဆေးသောက်ပြီး မကြာခင် ကူးစက်ပိုးဝင်တာ သက်သာလာနိုင်ပေမယ့် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးပတ်လည်အောင် သောက်ရပါမယ်။
✅ ဘေးထွက်ဆိုးကျိုးထက် ကောင်းကျိုးက ပိုများရင် သောက်လို့ရပါတယ်။

pharmacist @

Heptoဟတ်ပတိုPep(ပတ်)ဆေးဟာရပ်ကွက်ထဲမှာနာမည်ကျော်နေတဲ့အားဆေးစားဝအိပ်ပျော်ဆိုတဲ့ဆေးအကြောင်ကိုmehmjunu pharmacist Page မှာပြ...
07/10/2022

Heptoဟတ်ပတို
Pep(ပတ်)
ဆေးဟာရပ်ကွက်ထဲမှာနာမည်ကျော်နေတဲ့အားဆေးစားဝအိပ်ပျော်ဆိုတဲ့ဆေးအကြောင်ကို
mehmjunu pharmacist Page မှာပြောပြပေးသွားမှာပါ

Hepto pep (ဟတ်ပတိုပတ်)ဆေးဟာ
ပါဝင်သောပစ္စည်းများ
( 1 )Cyproheptadine Hydrochloride ဆေးဟာ
H1 Receptors Antagonist group အုပ်စုဝင်တစ်ခုဖြစ်ပါတယ်

(2 ) Lysine Hydrochloride

( 3 ) heptone

Hepto Pepဆေးဟာ

Cyproheptadine ပါဝင်တဲ့အတွက်ကြောင့်ခေါင်မူးခေါင်ကိုက်အင်ပျဉ်ထ( Allergies)ထတာယားယံခြင်ကိုသက်သာစေပါတယ်ဒါအပြင်
အရိုးရောင်ရမ်းခြင်းအရိုပွခြင်းသက်သာစေပါတယ်
ညဘက်အိပ်မပျော်တာကိုတားဆီးပေးခြင်းမကြာခဏပျို့အန်ခြင်းကိုသက်သာစေပြီ
အစာစားချင်စိတ်ကိုမြှင်တင်ပေးပါတယ်

Lycineလည်းပါဝင်သောကြောင့်အသားဓါတ်ကိုဖြည့်တင်ပေးသဖြင်ကြွက်သာများကိုကြီးထွာမှူကိုအထောက်အကူဖြစ်စေပါတယ်
Lysine က calcium စုပ်ယူမှူအားကောင်းစေတဲ့အတွက်တွားနှင့်အရိုးကိုခိုင်မာစေပါတယ်

Lysine ဟာအစာစားချင်စိတ်ကိုလည်းမြှင့်တတ်စေပါတယ် Lysine ကခန္ဓာကိုယ်မှာလိုအပ် Amino acid, Fatty acid သယ်ပို့ပေးပါတယ် Calcium စုပ်ယူမှူကိုအားပေးစေပါတယ်
Peptone မှာ ပါဝင်တဲ့ College အသားအရေစိုပြေစေပါတယ်

Use ---- အသုံပြုပုံ

အစာချေဖျတ်အားကောင်းစေပါတယ်
အစာစားချင်စိတ်ကိုဖြစ်ပေါ်စေပါတယ်
ဉာဏ်ရည်ကောင်းစေပါတယ်
ကြီးထွားဖွံဖြိုးစေအါတယ်
အူးကျန်မာရေးကိုကောင်းမွန်စေတယ်

Usual Does သူံးစွဲရန်အညွှန်း

Adult ___10mg (2 teaspoonful ) 2 to 3 time a day
လူ ကြီးတစ်ခါသောက်ရင်
10mg လက်ဖက်ရည်ဇွန်း တစ်နေ့ 2 ကြိမ်မှ 3 ကြိမ်အထိ သောက်နိုင်ပါတယ်

Children ------5mg(1teaspoonful) 3 times a day
2 to 6
၂နှစ်ကနေ၆နှစ်
ကလေး 5mg လက်ဖက်ရည်ဇွန်းတစ်ဇွန်း တစ်နေ့သုံးကြိမ်သောက်သုံးနိုင်ပါတယ်

၇နှစ်ကနေ၁၄နှစ်
၁၀မီလီဂရမ် တစ်နေ့ သုံးကြိမ်အထိသောက်သုံးနိုင်ပါတယ်

Side effects ဘေထွက်ဆိုးကြိုး

ဆီးဝါခြင်းပျို့အန်ခြင်းတို့ဖြစ်ပါတယ်

သတိပြုရန်
ဒီဆေးကိုသောက်ပြီးအိပ်ငိုက်ပါတယ်

Minigadine -MV (Multivitamin with Lysine, Choline & Zinc Syrup)မီနီဂါးဒင်း လိုင်စင်းအားဆေးရည် (အစာချေးများပြီး မှတ်ဥာဏ်အ...
06/10/2022

Minigadine -MV (Multivitamin with Lysine, Choline & Zinc Syrup)
မီနီဂါးဒင်း လိုင်စင်းအားဆေးရည် (အစာချေးများပြီး မှတ်ဥာဏ်အားနည်းသော ကလေးများအတွက်)

Vitamin A ,B အုပ်စု, Vitamin C,D,E အပြင်
• အစာစားချင်စိတ်ကို သဘာဝအတိုင်း ဖြစ်ပေါ်စေပြီး အစာကြေလွယ်စေသော “လိုင်စင်းဓါတ်”
• ဦးနှောက်ဖွံ့ဖြိုးမှုကိုအားပေးခြင်း မှတ်ဥာဏ်ကောင်းစေခြင်းနှင့် စိတ်ဖိစီးမှုများကို ခုခံကာကွယ်ပေးသော “ခိုလင်းဓါတ်”

• ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ကြီးထွားဖွံ့ဖြိုးစေသော ကိုယ်ရံတော်( Zinc)“ဇင့် “ဓါတ် တို့ပါဝင်တဲ့အတွက် ကလေးများကို စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းစေပါတယ်။

တိုက်ကျွေးနိုင်သော ကလေးများ

 အစာနည်းသော / အစာချေးများသော ကလေးများ
 ကျောင်းစာများ၍ စိတ်ဖိစီးမှု များနေသော ကလေးများ
 မှတ်ဥာဏ်အားနည်းသော ကလေးများ
 ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးသော ကလေးများ

ဆေးတိုက်ရန် အညွှန်း

အသက် ၁ နှစ် မှ ၄ နှစ် အရွယ် ကလေးများ
• တခါတိုက် 2.5 ml

အသက် ၄ နှစ်အထက်
• တခါတိုက် 5 ml အထိ တိုက်ကျွေးနိုင်ပါတယ်။

# Minigadine ဟာလူကြီးလည်းသောက်နိုင်ပါတယ်
လူကြီးဆိုရင်
Capsule နှင့်သောက်ပါ

Minigadine

လူအများသိလိုသည့် ဆေးဝါးတို့အကြောင်း အရေပြားယားယံခြင်းအတွက်Antipyritic___ caradrylဖြစ်ပါတယ်ရပ်ကွပ်ထဲမှာနာမည်ကျော်နေတဲ့ကလမ...
06/10/2022

လူအများသိလိုသည့် ဆေးဝါးတို့အကြောင်း
အရေပြားယားယံခြင်းအတွက်
Antipyritic___ caradryl
ဖြစ်ပါတယ်
ရပ်ကွပ်ထဲမှာနာမည်ကျော်နေတဲ့
ကလမင်းလိုးရှင်း (Calamine Lotion)လို့လူသိများပါတယ်

-

ကလမင်းလိုးရှင်း(Calamine Lotion)ကို အရွက်အပွင့်၊ အပင်စတာတွေနဲ့ ဓာတ်မတည့်လို့ဖြစ်တဲ့ အရေပြားယားယံရောင်ရမ်းခြင်း၊ အင်းဆက်ပိုးမွှား အကိုက်ခံရခြင်းကြောင့် အရေပြား ယားယံ နာကျင်ခြင်း၊ နေလောင်ခြင်း၊ အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ် ခြင်း၊ ဝက်ခြံဖုရောင်ရမ်းခြင်းတွေ သက်သာစေဖို့ လိမ်းနိုင်ပါတယ်။ ချွေးထွက်များခြင်း၊ မိတ်ဖုထွက်ခြင်း စတာတွေကြောင့် အရေပြားယားယံနေရင်လည်း ခပ်ပါးပါး လိမ်းနိုင်ပါတယ်။ ကလမင်းလိုးရှင်းက အရေပြားကို အေးမြစေတဲ့ အာနိသင်လည်း ရှိပါတယ်။
-----------------------
ဘာတွေပါဝင်သလဲ
-----------------------
ကလမင်းလိုးရှင်းမှာ ဇင့်အောက်ဆိုက်နဲ့ ဖဲရစ်အောက်ဆိုက်ပါဝင်ပါတယ်။ ဆရာဝန်ဆေးညွှန်းမလိုဘဲ မိမိဘာသာ ဝယ်ယူသုံးလို့ ရတဲ့ (OTC) အိမ်သုံးဆေးစာရင်းထဲမှာ ပါဝင်ပါတယ်။
-----------------------
ဘယ်လိုသုံးရသလဲ
-----------------------
အရေပြားမှာပဲ လိမ်းရပါမယ်။ ဆရာဝန်ညွှန်တဲ့ အတိုင်း ဒါမှမဟုတ် ဆေးဘူးပေါ်က အညွှန်းအတိုင်း လိုက်နာရုံပါပဲ။
အဆင့်(၁) အသုံးမပြုခင် ဆေးဘူးကို လှုပ်ပေးပါ။
အဆင့်(၂) ဆေးရည်ကို ဂွမ်းစနဲ့တို့ယူပြီး ယားယံတဲ့ အရေပြားပေါ် လိမ်းပေးပါ။
အဆင့် (၃) လက်တွေကို သေချာပြန်ဆေးပါ။

မျက်စိ၊ ပါးစပ်၊ နှာခေါင်းနဲ့ လိင်အင်္ဂါ/စအိုတဝိုက်ကို ဆေးမလိမ်းရပါဘူး။ အဲဒီနေရာတွေပေါ် ဆေးရည်ကျသွားရင် ရေများများနဲ့ ချက်ချင်းဆေးလိုက်ရပါမယ်။ ကလမင်းလိုးရှင်းလိမ်းရင်း ယားယံနာကျင်မှု ပိုဆိုးလာရင် ဒါမှမဟုတ် ၇ ရက်အတွင်း မသက်သာရင် ဆရာဝန်နဲ့ ပြပါ။
-------------
ဆေးညွှန်း
-------------
အရေပြားပေါ်မှာ တစ်နေ့ ၁-၃ ကြိမ် ခပ်ပါးပါး လိမ်းနိုင်ပါတယ်။
ကလေး အသက်နှစ်နှစ်အထက်ကစပြီး သုံးဖို့ စိတ်ချရပါတယ်။
-----------------------
ဘေးထွက်ဆိုးကျိုး
-----------------------
လူအများစုမှာ ကလမင်းလိုးရှင်းသုံးလို့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး မရှိတတ်ပါဘူး။ အရေပြား ခြောက်သွေ့တာလောက်ပဲ ဖြစ်တတ်ပါတယ်။ ဆေးနဲ့ ပြင်းပြင်းထန်ထန် ဓာတ်မတည့်တာကလည်း ရှားပါတယ်။ ဒါပေမဲ့ အရေပြားနီမြန်းရောင်ရမ်းခြင်း၊ အသက်ရှူရခက်ခြင်း။ မူးဝေခြင်းတို့ခံစားရရင်တော့ ဆေးရုံ/ဆေးခန်းကို ချက်ချင်း သွားပြဖို့ လိုပါတယ်။
--------------------------------------
ဘယ်သူတွေ မသုံးသင့်ဘူးလဲ
--------------------------------------
♦ ပါဝင်ပစ္စည်းနဲ့ ဓာတ်မတည့်မှုရှိသူများ
♦ အသက် ၆ လအောက် ကလေးငယ်များ
(တချို့အခြေအနေမှာတော့ ကလေးငယ်တွေမှာ ကလမင်းလိုးရှင်းသုံးလို့ရပါတယ်။ ဆရာဝန်နဲ့ အရင် တိုင်ပင်စေချင်ပါတယ်)
♦ ကိုယ်ဝန်ရှိရင် သုံးလို့ရတယ်ဆိုပေမယ့် မိမိပြနေကျ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲပါ။
--------------
သတိပြုရန်
--------------
ကလမင်းလိုးရှင်းကို မျိုချမိရင် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ဆေးဘူးဖွင့်ပြီးရင် သေချာပြန်ပိတ်ပြီး ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဝေးဝေးမှာ သိမ်းထားဖို့ အရေးကြီးပါတယ်။

ORSဓာတ်ဆာဆိုတာဘာကြောင့်သောက်သင့်သလဲသိကြပြီးလားORSဆိုတဲ့အရှည်ကောက်က ( Oral Dehydration Salts)လို့ဖြစ်ပါတယ်Uses ___ခန္ဓာယ်...
30/09/2022

ORSဓာတ်ဆာဆိုတာဘာကြောင့်သောက်သင့်သလဲသိကြပြီးလား
ORSဆိုတဲ့အရှည်ကောက်က ( Oral Dehydration Salts)လို့ဖြစ်ပါတယ်

Uses ___ခန္ဓာယ်ကိုယ့်မှာဆုံးရှူံးသွားတဲ့ရေဓါတ်တွေအငင်ဓါတ်တွေပြန်လည်ဖြည့်ဆည်ပေးတာဖြစ်ပါတယ်

ဝမ်းပျတ်ဝမ်းလျောအခြာအကြောင်မျိူးမျိူးကြောင့်ခန္ဓာကိုယ်မှရေးနှင်ဓါတ်ဆာများရောနည်ခြင်းကိုကုသရန်အတွက်ဓာတ်ဆာမှူန့်ကိုရေဖျော်ပြီးသောက်ရပါတယ်
ORS (Oral Dehydration Salts)ဆိုတာဘာတွေပါလဲ

(1 ) Sodium citrate
(2 ) potassium chloride
(3 ) Sodium chloride and
(Glucose တို့(၄)မျိုးပါဝင်တာဖြစ်ပါတယ်

(၁ )Sodium chloride ဆိုဘာအတွက်ကောင်းတာလဲ

Sodium chloride ဆိုတာသွေးပေါင်းကိုထိန်းညှိုပေးပါတယ်အ‌ရုံကြောတွေကြွက်သာတွေကျန်မာစေတယ်

(၂) potassium chloride ဆိုတာဘာအတွက်ကောင်းတာလဲ

Potassium chloride ဆိုတာခန္ဓာကိုယ်ထဲမှာ Potassium ဓာတ်တွေနည်းလာပြီးဆိုရင်ဖြစ်တဲ့ကြွက်သာတွေအားနည်တာမျိုးပင်ပန်တာမျိူးတွေမှာ potassium chloride ကသွားပြီးတော့သက်သာစေပါတယ်နောက်ပြီးတော့သွေးပေါင်းကိုလည်းထိန်းညှိုပေးပါတယ်

(၃) Sodium citrate ဆိုတာဘာအတွက်သုံးတာလဲ
Sodium citrate ဆိုတာသွေးတွေကိုမခဲစေရာအတွက်ကာကွယ်ပေးနိုင်ပါတယ်ကျောက်ကပ်မှာကျောင်မတည်အောင်လည်းကာကွယ်ပေးပါတယ်

(၄) Glucose ဆိုတာဘာအတွက်လဲ
Glucose ဆိုတာကတော့အချိုဓါတ်ဖြစ်ပါတယ်
ခန္ဓာကိုယ်မှာအားအင်ရရှိ‌ေစဖို့ရာအတွက်ခန္ဓာယ်ကိုယ်မှာ Glucose ဓါတ်တွေကလိုအပ်ပါတယ်

Does ___‌ဆေးညွှန်း
ဓာတ်ဆားမှုန့်တစ်ထုတ်ကိုသောက်ရေး(သိုမဟုတ်)
ရေကျက်အေးတစ်လီတာရေသန့်တစ်ဗူးဖြင်ဖျော်ပြီးဝမ်းသွားသောဗမာဏနှင့်ညီမျှအောင်သောက်ပါ

သတိပြုရန်______ဓါတ်ဆားမှူန့်စိုနေလျှင်လည်းကောင်းအဝါသို့ပြောင်းသွားရင်လျှင်လည်ကောင်းအသုံးမပြုရပါ
ဓာတ်ဆားမှုန့်တစ်ထုတ်ကိုရေတစ်လီတာဖြင့်ရေဖျာ်ထားပြီးလျှင်၂၄နာရီအတွင်းကုန်အောင်သောက်ရပါမယ်(၂၄)နာရီအတွင်းမကုန်ပါကလွှတ်ပစ်ရပါမယ်နောက်ထပ်အသစ်ထပ်ဖျော်ရပါမယ်
ရေးနွေးဖြင့်ဖျော်ဆပ်ခြင်းကျိုးချက်ခြင်မလုပ်ရပါ

ORS( Oral Dehydration Salts)ဓါတ်ဆားထုတ်မှာပါတဲ့ဗမာဏတွေကို
WHOကနေပြီးတော့
Recommend ပေးထားတဲ့ပုံစံအတိုင်ထုတ်လုပ်ရတာဖြစ်ပါတယ်
Recommend ပေးထားတဲ့ပုံစံမှာဆိုရင်

Old formula and New formula ဆိုတာနှစ်မျိုးရှိပါတယ်

Old formula ဆိုရင်
Sodium chloride 3.5g

Potassium chloride 1.5g

Sodium citrate 2.9g

Glucose gပါပါတယ်
_________________&____________________
New formula ဆိုရင်

Sodium chloride 2.6g

Potassium chloride 1.5g

Sodium citrate 2.9g
Glucose 13.5gပါတာဖြစ်ပါတယ်

ဆေးဝါဗသုတတိုးပွားပါစေ

Ju Nu pharmacist

သွေးကျဲ​ဆေးမှာ ​သွေးဥမွှားများ ကပ်ခြင်း၊ထပ်ခြင်း မဖြစ်​အောင် ကာကွယ်​ပေးပြီး ​သွေးကိုကျဲ​စေ​သော​ကြောင့် ​သွေးကျဲ​ဆေးလို့ ...
29/09/2022

သွေးကျဲ​ဆေးမှာ ​သွေးဥမွှားများ ကပ်ခြင်း၊ထပ်ခြင်း မဖြစ်​အောင် ကာကွယ်​ပေးပြီး ​သွေးကိုကျဲ​စေ​သော​ကြောင့် ​သွေးကျဲ​ဆေးလို့ ​ခေါ်ပါတယ်။
​သွေးကျဲ​ဆေး ​သောက်သုံးတဲ့အခါ အစာတခုခုစားပြီးမှ ​သောက်သုံးသင့်ပါတယ်။ ​

Aspirin အက်စ်ပရင် (Acetylsalicylic acid)က steroids စတီးရွိုက်မဟုတ်တဲ့ အရောင်ကျဆေး (Non Steroidal Anti-Inflammatory Drugs-NSAID) အုပ်စုဝင် ဆေးတစ်မျိုးဖြစ်ပါတယ်။

Indication

Aspirin အက်စ်ပရင်ကို ဘာအတွက် အသုံးပြုကြသလဲ
------------------------------------------------------
Aspirin အက်စ်ပရင်ကို နာကျင်ကိုက်ခဲမှု၊ ဖျားနာခြင်းနဲ့ ရောင်ရမ်းမှုတွေကျဖို့ သုံးသလို သွေးမခဲစေအောင်လည်း သုံးကြပါတယ်။
ဆရာဝန်ဆေးညွှန်းစာမပါဘဲ မိမိဘာသာ ဝယ်လို့ရတဲ့အတွက် အရင်က ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေ သက်သာစေဖို့ အက်စ်ပရင်ကို အသုံးများခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ အကိုက်အခဲပျောက်ဆေးသစ်တွေ များစွာ ပေါ်လာတဲ့အတွက် အက်စ်ပရင်ကို အသုံးနည်းလာပါတယ်။
အက်စ်ပရင်ကို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့ နှလုံးခုန်မြန်ခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်း၊ နှလုံးအတက်ခ်မရအောင် ကာကွယ်ခြင်း စတဲ့ အခြေအနေတွေနဲ့ လေဖြတ်ခြင်းတွေကို ကာကွယ် ကုသဖို့ အသုံးပြုကြပါတယ်။ သွေးခဲခြင်းတွေကို ကာကွယ်ဖို့ ပိုမိုအသုံးပြုလာကြသလို ဆီးချိုရောဂါရှိသူ၊ သွေးတွင်း ကိုလက်စထရောအဆီများသူ၊ သွေးတိုးနေသူ၊ ဆေးလိပ်သောက်သူတွေကိုလည်း နေ့စဉ် အက်စ်ပရင်ပမာဏနည်းနည်း ညွှန်လေ့ရှိပါတယ်။

Aspirin အက်စ်ပရင်က ကလေးတွေအတွက် စိတ်ချရ လား
------------------------------------------------------
ဆရာဝန်တွေက အက်စ်ပရင်ကို အသက် ၁၈ နှစ်အောက် ကလေးတွေမှာ ညွှန်းလေ့မရှိကြပါဘူး။ ဒါပေမဲ့ နှလုံးခွဲစိတ်ပြီးနောက် သွေးခဲနိုင်တဲ့ အခြေအနေကို ကာကွယ်ဖို့ ဆေးပညာရှင်တွေက အထူးကြီးကြပ်ပြီး ပေးလေ့ရှိတတ်ပါတယ်။

Does .........
Aspirin အက်စ်ပရင် ပမာဏ ဘယ်လောက် သောက်သင့်သလဲ
------------------------------------------------------
ခံစားနေရတဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ၅၀ မီလီဂရမ်ကစပြီး ပမာဏတစ်ခု သတ် မှတ်ပြီး အက်စ်ပရင်ပေးလေ့ရှိပါတယ်။ နှလုံး အတက်ခ်ရဖူးသူတွေကိုတော့ နောက်တစ်ကြိမ် ပြန်မရအောင် ရေရှည် ညွှန်ကြားလေ့ရှိပါတယ်။
ဆရာဝန်ညွှန်းတဲ့ ပမာဏအတိုင်းပဲ သောက်ရပါမယ်။ ၁၈ နှစ်အောက်ဆိုရင် ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါ။
Aspirin အက်စ်ပရင်ကို အစာနဲ့တွဲပြီး သောက်ရပါတယ်။ အစာအိမ်ရောဂါရှိသူတွေမှာ ပိုအရေးကြီးပါ တယ်။

သတိထားရမည့် အခြေအနေများ
-------------------------------------------
Aspirin အက်စပရင်ကို အောက်ပါအခြေအနေတွေမှာ သတိထားပြီး ပေးသင့်ပါတယ်။
✅ သွေးထွက်များတဲ့ ရောဂါဝေဒနာရှိလျှင်
✅ မထိန်းချုပ်နိုင်တဲ့ သွေးတိုးရောဂါရှိရင်
✅ ပန်းနာရင်ကျပ်ရှိရင်
✅ အစာအိမ်အနာရှိရင်
✅ အသည်းနဲ့ ကျောက်ကပ်ရောဂါရှိရင်
✅ ကိုယ်ဝန်ရှိရင်၊ နို့တိုက်မိခင်ဖြစ်ရင် ပမာဏနည်းတဲ့ Aspirin အက်စ်ပရင်ကို ဆရာဝန်ရဲ့ ကြီးကြပ်မှုနဲ့ ပေးရပါတယ်။

ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရရှိတတ်သလဲ
--------------------------------------------
Aspirin အက်စ်ပရင်ဆေးရဲ့ အတွေ့ရအများဆုံး ဘေးထွက်ဆိုးကျိုးတွေကတော့-
▶ အစာအိမ်နှင့် အူလမ်းကြောင်းကို ထိခိုက်ခြင်း၊ အနာဖြစ်စေခြင်း၊
▶ အစာမကြေဖြစ်ခြင်း
▶ ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ ရင်ပြည့်ခြင်းတို့ ဖြစ်ပြီး
▶ အန်ခြင်း၊ အစာအိမ်ရောင်ခြင်းတို့လည်း ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။
ပမာဏများများ ကြာရှည်စွဲသောက်ရင် ကျောက်ကပ် ထိခိုက်နိုင်ပါတယ်။ ပမာဏလွန်ကဲစွာ သုံးမိပါက နားအူခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းများအထိ ဖြစ်နိုင်ပါတယ်။ ဆီးအရောင် ပြောင်းရင် ဆရာဝန်နဲ့ အမြန် ပြသင့်ပါတယ်။

Aspirin အက်စ်ပရင်မသောက်မီ သတိပြုရမည့်အချက်များ
------------------------------------------------------
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုတဲ့ ရောဂါတွေရှိရင်၊ သွေးမတိတ် ရောဂါရှိရင်၊ NSAIDs အုပ်စု ဝင်ဆေးတွေနဲ့ ဓာတ်မတည့်မှု ဖြစ်ဖူးရင် Aspirin အက်စ်ပရင်ကို မသောက်သင့်ပါ။

ဘယ်လိုဆေးတွေနဲ့ တွဲမသောက်သင့်သလဲ
------------------------------------------------------
▶ Aspirin အက်စ်ပရင်ကို အရောင်ကျ အကိုက်အခဲပျောက်ဆေး(ဥပမာ-Diclofenac ဒိုင်ကလိုဖန်းနက်၊ Ibuprofen အိုင်ဘူပရိုဖန်)တွေ နဲ့ တွဲမသောက်သင့်ပါ။
▶ စိတ်ကျကုသဆေးတချို့နဲ့ တွဲမသောက်သင့်ပါ။
▶ Warfarin ဝါဖရင်လိုဆေးတွေနဲ့ တွဲသောက်ပါက ဓာတ်ပြုမှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် သောက်လက်စဆေး တွေရှိရင် ဆရာဝန်ကို ကြိုပြောသင့်ပါတယ်။
▶ ခွဲစိတ်မယ့် လူနာတွေအနေနဲ့ Aspirin အက်စ်ပရင် သောက်သုံးနေရင် မခွဲစိတ်ခင် ၂ပတ်အလိုမှာ ဆေးကိုရပ်သင့်ပါတယ်

Sildenafil(ဆီလ်ဒီနက်ဖီလ်)Drugs for erectile dysfunction ပန်းသေးပန်းညှိုးကုဆေးတစ်မျိူးဖြစ်ပါတယ်Uses....အသုံးပြုပုံ💊💊💊သွေး...
28/09/2022

Sildenafil(ဆီလ်ဒီနက်ဖီလ်)

Drugs for erectile dysfunction ပန်းသေးပန်းညှိုးကုဆေးတစ်မျိူးဖြစ်ပါတယ်

Uses....အသုံးပြုပုံ💊💊💊
သွေးကြောများကိုကျယ်စေပြီး
အမျိုးသားလိင်အင်ဂါ‌ေယာကျာ်းလိင်အင်ဂါသွေးစီးဆင်းမှူများစေသောဆေးဖြစ်ပါတယ်
လိင်တံကိုမာတောင့်စေနိုင်ပါတယ်

Dose_____25_100mgလိင်ဆက်ဆံမှူမပြုမီ
တစ်နာရီအလိုကြိုပြီသောက်ရပါတယ်တစ်နေ့တစ်ကြိမ်းထက်ပိုမသောက်ရပါ
တစ်ကြိမ်းသောက်ရင်၁၀၀မီလီဂရမ်ထက်ပိုမ‌ေသာက်က်ရပါ
မှတ်ချက်____အစာနှင့်ရောသောက်လျှင်အာနိသင်ပြသရန်အချိန်ကြာတတ်ပါတယ်

သတိပြုရန်__နှလုံးသွေကြောရောဂါရှိသူများလိင်ပုံသဏ္ဍာန်ပျတ်နေသူများသတိပြုသုံးစွဲရမည်။

Side effects ___ဘေထွက်ဆိုးကြိုး
အစာမကြေ!အန်ခြင်းခေါင်ကိုက်ခေါင်နောက်နှာခေါင်ပိတ်ဆေးမတည်၍အဖုအပိတ်ထွက်ခြင်းလိင်တံတစ်ချိန်လုံးမာတောင့်နေခြင်ဖြစ်ပါတယ်
အကယ်၍
လိင်တံမာတောင့်ချိန်လေးနာရီထက်ကျော်ရင်လွန်လျှင်အန္တာယ်ရှိပါတယ်
အရေးပေါ်ကုသမှူလိုအပ်ပါတယ်

မှတ်ချက်___ရှောင်ရန်

နှလုံးသွေးကြောချဲဆေးသောက်နေသူများသွေးပေါင်တတ်နေသူများလတ်တလောလေးဖျတ်ထားသူများနှလုံးစူအောင်ခံစားနေရသူများ
နှလုံးသွေးကြောပိတ်ရောဂါရှိသူများရှောင့်သင့်ပါတယ်

ဆရာဝန်နှင့်တိုင်ပင်ပြီးဆေးကိုသောက်ရင်အကောင်းဆုံးပါ။။

pharmacist
ဆေးဝါဗဟုသုတများတိုးပွားပါစေ

လူအများသိလိုသည့် ဆေးဝါးတို့အကြောင်းနာကျင်၊ ကိုက်ခဲပျောက်ဆေး (Mefenamic Acid)Dolfenal,Meftal-spas စတဲ့ အမည်တွေနဲ့ ဈေးကွက်...
27/09/2022

လူအများသိလိုသည့် ဆေးဝါးတို့အကြောင်း
နာကျင်၊ ကိုက်ခဲပျောက်ဆေး (Mefenamic Acid)
Dolfenal,Meftal-spas စတဲ့ အမည်တွေနဲ့ ဈေးကွက်ထဲမှာ တွေ့ရလေ့ရှိပြီး မိန်းကလေးတွေ ဓမ္မတာရာသီလာစဉ် ကိုက်ခဲနာကျင်တဲ့အခါ၊ သွားကိုက်သွားနာတဲ့အခါ သောက်လေ့ရှိတဲ့ Mefenamic Acid အကြောင်း ပြောပြပေးပါမယ်နော်။

Mefenamic Acid ဆိုသည်မှာ
------------------------------
Mefenamic Acid ဆိုတာ စတီးရွိုက်မဟုတ်တဲ့ အရောင်ကျ အကိုက်အခဲပျောက်ဆေးအုပ်စုထဲမှာ ပါဝင်ပါတယ်။ နာကျင်မှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုကို တားဆီးပြီး ထုတ်လုပ်ပြီးတဲ့ ဟော်မုန်းတွေကို ချေဖျက်ပေးတဲ့ နည်းနဲ့ နာကျင်မှုကို ဟန့်တားပေးပါတယ်။ Mefenamic Acid က တခြားအကိုက်အခဲပျောက်ဆေး အိုင်ဗျူပရိုဖင်၊ ဒိုင်ကလိုဖန်းနက်တို့နဲ့ ယှဉ်ရင် အစာအိမ်ကို ထိခိုက်မှုနည်းစေတဲ့ အကိုက်အခဲပျောက်ဆေးအမျိုးအစား ဖြစ်ပြီး ကိုက်ခဲနာကျင်မှုကို အချိန်တိုအတွင်း လျင်မြန်စွာ ပျောက်ကင်းစေပါတယ်။ Mefenamic Acid က ရောင်ရမ်းနာကျင်ခြင်းကို လျှော့ချပေးကာ သားအိမ်ကြွက်သားတွေ ကျုံ့ခြင်း/ညှစ်ခြင်းကို လျော့နည်းစေတာကြောင့် အမျိုးသမီးတွေ ရာသီလာစဉ် ကိုက်ခဲနာကျင်မှုဝေဒနာကို သက်သာစေပါတယ်။

အသုံးပြုနည်း
-------------------
Mefenamic Acid ကို အကြောင်းအမျိုးမျိုးကြောင့် နာကျင်မှုအသေးအမွှားကနေ အသင့်အတင့် ခံစားနေရချိန်မှာ ရေတိုအနေနဲ့ သုံးနိုင်ပါတယ်။ ရာသီလာစဉ် ကိုက်ခဲနာကျင်တဲ့အခါ ဝေဒနာသက်သာစေဖို့ အသုံးများပြီး ရာသီသွေးဆုံးရှုံးမှုကို လျော့နည်းစေပါတယ်။

Mefenamic Acid မှီဝဲသင့်သူများ
---------------------------------
ရာသီလာစဉ် နာကျင်ကိုက်ခဲသူတွေ၊ ရာသီသွေးများပြီး အလွန်အမင်း ကိုက်ခဲနာကျင်နေသူတွေ၊ ခေါင်းတစ်ခြမ်းကိုက်သူတွေ၊ သွားကိုက်သွားနာဝေဒနာ ခံစားရသူတွေ၊ ကလေးမွေးဖွားပြီးချိန် နာကျင်ကိုက်ခဲနေသူတွေ စတဲ့ နာကျင်ကိုက်ခဲတဲ့ဝေဒနာ အသေးအမွှားကနေ အလယ်အလတ်အထိ ခံစားရသူတွေမှာ သောက်လို့ရပါတယ်။

ဘယ်လောက်ပမာဏ မှီဝဲနိုင်သလဲ
----------------------------------
အရွယ်ရောက်သူတွေအတွက်-
Mefenamic Acid(250 mg) တစ်လုံးမှ နှစ်လုံး တစ်နေ့ သုံးကြိမ် (ဒါမှမဟုတ်)
Mefenamic Acid (500 mg) တစ်လုံး တစ်နေ့သုံးကြိမ်ကို ရေတစ်ဖန်ခွက် အပြည့်နဲ့ သောက်သင့်ပါတယ်။ ဗိုက်အောင့်တတ်သူတွေအနေနဲ့ အစာနဲ့ တွဲပြီး သောက်သုံးပေးသင့်ပါတယ်။ ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်သုံးသင့်ပါတယ်။

ဘေးထွက်ဆိုးကျိုး
--------------------------
တချို့တွေမှာ ဗိုက်အောင့်တာ၊ ပျို့ချင် အန်ချင်တာ၊ ရင်ပူတာ၊ ခေါင်းမူးတာ၊ နားအူတာ၊ ဝမ်းလျှောတာတို့ ဖြစ်တတ်ပါတယ်။ ဒီဝေဒနာတွေက ကြာကြာဖြစ်ရင် ဒါမှမဟုတ် ပိုဆိုးလာရင် ဆရာဝန်ဆီ ချက်ချင်းသွားပြပါ။
အစာအိမ်မကောင်းသူ၊ နှလုံးရောဂါရှိသူ၊ သွေးတိုးရောဂါဝေဒနာ ပြင်းထန်သူ၊ ကျောက်ကပ်ရောဂါ ရှိသူတွေအနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် မသောက် သင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါ တယ်။

ဘာတွေကို သတိပြုရမလဲ
--------------------------
Mefenamic Acid ကို လေဆေးလို့ခေါ်တဲ့ Antacid နဲ့ တွဲမသောက်သင့်ပါဘူး။ ခန္ဓာကိုယ်က နေ Mefenamic Acid ဆေးစုပ်ယူမှုကို ပြောင်းလဲစေလို့ပါ။ အထူးသတိပြုရမှာကတော့ အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ အတွက် Mefenamic Acid ကို တစ်ခါတည်းနဲ့ ရက်ရှည်စွဲ မသောက်သင့်ပါဘူး။ တစ်လတစ်ခါ ရာသီလာလို့ ကိုက်ခဲနာကျင်ချိန်မှာ သောက်တာမျိုးက အဆင်ပြေပါတယ်။ ကိုက်ခဲ နာကျင်မှုစဖြစ်ခါစမှာ ဆေးသောက်တာ အထိရောက်ဆုံးပါ။ ဥပမာပြောရရင် ရာသီစက်ဝန်း စတင်ချိန် နာကျင်ကိုက်ခဲမှုဖြစ်ဖြစ်ချင်း ပထမဆုံး ဆေးတစ်ကြိမ်ကို သောက်လိုက်ပါ။ ဒါက အထိရောက်ဆုံး ဖြစ်ပါတယ်။ ဆေးသောက်ပြီး အချိန် ၁၀ မိနစ်အတွင်း မလှဲသင့်ပါဘူး။

Address

Ye

Website

Alerts

Be the first to know and let us send you an email when Mehm Ju Nu Pharmacist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram