LynnPwint Pharmacy & Clinic

LynnPwint  Pharmacy & Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LynnPwint Pharmacy & Clinic, Pharmacy / Drugstore, No. 461, Padauk Street, Pyi San Aung quarter, ZayarThiri township, Nay Pyi Taw. (near of No. 2/DSOGCH/300Banded), Yezin.

📌အမျိုးသမီးတို့ သတိထားဖို့
04/12/2023

📌အမျိုးသမီးတို့ သတိထားဖို့

📌လေဒီတို့ သိထားရမဲ့ ရာသီလာချိန်သတိပြုစရာ
လစဉ် ရာသီလာစဉ်ကိုက်ခဲမှုဟာ တကယ်တော့ ကျွန်မတို့အမျိုးသမီးတွေအတွက် အိမ်မက်ဆိုးကြီးတစ်ခုလိုပါဘဲ !!!
ယခုလို အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီးယှဉ်ပြိုင်နေရတဲ့ ခေတ်ကြီးမှာ အမျိုးသမီးများ လစဉ်နာကျင်မှု ဒဏ်ကနေ ကင်းဝေးပြီး တက်ကြွလှပနေဖို့လဲ အရေးကြီးတာပေါ့…။

စားသုံးသင့်သော အစားအစာများ☘️🌿🍏🍑🥝

(၁) ရေများများသောက်ပေးပါ💧💦

တစ်နေ့ကို ရေ (၆) ခွက်မှ (၈) ခွက် အထိ သောက်သုံးခြင်းဖြင့် ရာသီလာချိန် ဖောရောင်ခြင်း၊ အစာမကြေခြင်းတို့ကို သက်သာစေပါတယ်။ အထူးသဖြင့် သံပယိုသီး၊ သခွားသီး၊ mints တို့နှင့် ရောနှောကာ ပူပူလေးသောက်ပေးပါက ပိုမို သက်သာစေပါတယ်။ အရည်ရွမ်းသော အသီးတွေဖြစ်တဲ့ သခွားသီး၊ ဖရဲသီးတို့ကိုလဲ စားသုံးသင့်ပါတယ်။

(၂) အစိမ်းရောင် ရှိသော အသီးအရွက်များ🥝🍌🥒🥦

ရာသီလာတဲ့ အခါတိုင်းတွင် ခန္ဓာကိုယ်မှ သံဓါတ်ဆုံးရှုံးပြီး ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နှုံးခြင်းတို့ကို ကာကွယ်ရန်အတွက် ကိုက်လန်၊ ဟင်းနုနွယ်ရွက်၊ broccoli တို့ကို စားသုံးပေးပါ။

(၃) Vitamin ကြွယ်ဝသော အသီးအနှံများ🍌🥦🥝🥬

ဌက်ပျောသီးတွင် Vitamin B6 နှင့် potassium ကြွယ်ဝတာကြောင့် ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းတို့ကို သက်သာစေပါတယ်။
နာနတ်သီးတွင် Bromelain ဆိုတဲ့ enzymes ပါဝင်တာကြောင့် ရောင်ရမ်းခြင်းကို ကုစားပေးပါတယ်။
ကီဝီအသီးမှာတော့ Actinidin ဆိုတဲ့ Enzymes ပါဝင်တာကြောင့် protein တွေကို ချေဖျက်ရာမှာ အထောက်အကူပြုစေပါတယ်။

(၄) Calcium ကြွယ်ဝသော အစားအစာများ🥚🍯

ဇီယာစေ့နှင့် အစိမ်းအရောင်ပါသော အသီးအရွက်များဆီကလဲ Calcium ကို ကြွယ်ဝစွာ ရရှိနိုင်ပါတယ်။

(၅) Magnesium ကြွယ်ဝသော အစားအစာများ🥑🍍🍒

Magnesium ဓါတ်က သွေးကြောတွေကို ပျော့ပျောင်းစေခြင်း၊ Serotonin ကို ထွက်စေခြင်းဖြင့် ကိုက်ခဲမှုကို သက်သာစေပါတယ်။
အစေ့အစံတွေဖြစ်တဲ့ သစ်ကြားသီး၊ ဗာဒံသီး (almond)၊ ဖရုံစေ့ တွေကို စားသုံးပေးပါ။
နံနက်စာကို Oatmeal ကို စားသုံးခြင်းဖြစ်လဲ Magnesium ဓါတ်ကို ကြွယ်ဝစွာ ရရှိစေတဲ့အပြင် အမျှင်ဓါတ်များတာကြောင့် ဝမ်းချုပ်တာကိုပါ သက်သာစေပါတယ်။

(၆) Ginger 🥐🍠

မပါမဖြစ်တဲ့ ဂျင်းရယ် သံပယိုသီးရယ် ရေနွေးရယ် ရောပြီးသောက်သုံးခြင်းကလဲ ကိုက်ခဲမှု ရောင်ရမ်းမှုတွေကို သက်သာစေမှာဖြစ်ပါတယ်။

(၇) Chamomile Tea၊ Lavender Tea၊ Rose Tea 🍵🍵

အခုအရမ်း ခေတ်စားနေတဲ့ Chamomile ပန်းခြောက် tea ကလဲ အတော်ကို သက်သာစေနိုင်ပါတယ်။
Chamomile Tea ၊ Lavender Tea၊ Rose Tea စတာတွေက Anxiety ကိုလျှော့ချပေးနိုင်ပြီး စိတ်ကြည်လို့ နာကျင်မှုလျော့နည်းစေတယ်လေ။
Commercially ထုတ်နေတာမို့ လွယ်ကူစွာ ဝယ်ယူသောက်သုံးနိုင်ပါတယ်။

(၈) နနွင်း🍠🥔

နနွင်းဟာလဲ ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။

(၉) Flaxseed နှမ်းကြတ်စေ့/ Salmon 🍣🍱

Omega 3 ကြွယ်ဝတဲ့ Flaxseed, Salmon 🍣 တို့ဟာလဲ ရောင်ရမ်းခြင်း ဖောခြင်းတို့ကို သက်သာစေမှာဖြစ်ပါတယ်။ Flaxseed ဟာ အမျှဉ်ဓါတ်များခြင်း၊ ဟော်မုန်းထိန်းညှိပေးခြင်းစတဲ့ ကောင်းကျိုးတွေလဲ ပေးနိုင်ပါသေးတယ်။

(၁၀) လေ့ကျင့်ခန်း🧎‍♂️🏃‍♀️🏃

ရာသီလာချိန်မှာ ပုံမှန်လုပ်နေကျ လေ့ကျင်းခန်းတွေကို လုပ်ဆောင်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းမှာ Endorphin ထွက်ခြင်းနှင့် ပျော့ပြောင်းခြင်းတို့ကိုဖြစ်စေပါတယ်။
ဖြည်းဖြည်းမှန်မှန် work out လုပ်တာ ၊ Yoga လေ့ကျင့်တာ စသဖြင့်ပေါ့…။

(၁၁) Heat and massage 💆💆‍♀️

ရေနွေးအိတ်၊ ရေနွေးဗူး တို့ကို ဗိုက်ပေါ်တွင် ကပ်ထားပေးခြင်း၊ ရေနွးပူူဖြင့် ရေချို့ခြင်း ရေစိမ်ခြင်း တို့ဟာလဲ သိသာစွာ သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် lavender oil, olive oil တို့နှင့် ဝမ်းဗိုက်နေရာကို နှိပ်နယ်ပေးခြင်းကလဲ သက်သာစေမှာဖြစ်ပါတယ်။

(၁၂) အိပ်ရေးဝစွာအိပ်ပါ😴😴😴

(၁၃) ဆေး💊💉💊

Mefenamic acid, ibuprofen, aspirin တို့ကို အစာနှင့်တွဲ၍ ရာသီစလာသည်နှင့် သောက်ခြင်းဖြင့်လဲ သက်သာစေပါတယ်။

ရာသီလာချိန်ရှောင်သင့်သော အစားအစာများ🥃🍺🍿🍔

(၁) Alcohol
(၂) အသင့်စား ဆီကြော်များ
(၃) Caffeine
(၄) Soda ပါသော အစားအစာများ
(၅) ငန်လွန်းချိုလွန်း ဖန်လွန်းသော အစားအစာများ

ကဲ လေဒီတို့…
လစဉ်တိုင်း နာကျင်ကိုက်ခဲကင်းကင်းနဲ့ လန်းဆန်းတက်ကြွ အလှကြွယ်နိုင်ကြပါစေ…။ ။

Credit - DrWaiPhyo လေးစားစွာဖြင့်
#မြန်မာ့ဟန်rosegreentea

15/09/2017

"ပျော်ရွှင်စရာ သီတင်းကျွတ်ချိန်ခါ ဓာတ်ပုံပြိုင်ပွဲ"
-----------------------------------------------------
Kidlac ရင်သွေးလေးငယ်များနှင့် မိသားစုများအားလုံး ပျော်ရွှင်စွာပါ၀င်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ် :D

Kidlac Fans များအတွက် သီတင်းကျွတ်ပွဲတော် အထိမ်းအမှတ် Facebook Photo Contest ပြိုင်ပွဲလေးကို စက်တင်ဘာလ ၁၅ ရက်နေ့မှ ~ အောက်တိုဘာ (၁၅) ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပါတယ်။

#ဆွတ်ခူးရရှိနိုင်မည့် ဆုတွေက ?
------------------------------
Kidlac တာ၀န်ရှိသူများမှ ရွေးချယ်မည့်
အကောင်းဆုံးဓာတ်ပုံဆု (၃)ဆု - ဆုငွေကျပ် ၂ သိန်း စီ နှင့်
Likes အများဆုံးဆု - ဆုငွေကျပ် ၁ သိန်း ဆုချီးမြှင့်မည့် အပြင်

** Likes 300 အထက် ပြိုင်ပွဲ၀င်ဓာတ်ပုံများကို Kidlac အမှတ်တရလက်ဆောင်များ ပေးမှာဖြစ်ပါတယ်။

#ပြိုင်ပွဲစည်းကမ်းချက်တွေက ?
☑ ပြိုင်ပွဲ ၀င်ရန်အတွက် Kidlac Myanmar Page ကို Like ပါ။

☑ ယခု Post ကို Like ပြီး Public အနေနဲ့ Share ပါ။

☑ အသက် ၁၂ နှစ်အောက် ရင်သွေးငယ်တိုင်း ပါ၀င်ယှဉ်ပြိုင်နိုင်ပါသည်။

☑ ရင်သွေးငယ်တစ်ဦးတည်းဖြစ်စေ မိသားစုလိုက်ဖြစ်စေ သီတင်းကျွတ်ပွဲတော်နှင့် ကိုက်ညီသည့် ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးကာ မိခင်အမည်၊ ကလေးအမည်၊ ကလေးအသက်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့် အတူ Kidlac Myanmar Page ၏ Message Box သို့ပေးပို့လိုက်ပါ။

☑ ပေးပို့လာသော ပြိုင်ပွဲ၀င်ဓာတ်ပုံများကို Kidlac Myanmar တွင် ပြန်တင်ပေးသွားမှာ ဖြစ်ပါသည်။

☑ ပြိုင်ပွဲကာလမှာ စက်တင်ဘာ (၁၅) ရက်နေ့မှ အောက်တိုဘာ (၁၅) ရက်နေ့ထိ ဖြစ်ပါသည်။

☑ ပြိုင်ပွဲ၀င်ပုံများ ထဲမှ Kidlac တာ၀န်ရှိသူများမှ ရွေးချယ်မည့် ပြိုင်ပွဲခေါင်းစဉ်နှင့် ကိုက်ညီသည့် အကောင်းဆုံး ဓာတ်ပုံဆု (၃)ဆု နှင့် Likes အများဆုံးဆု ကို ဆုချီးမြှင့်သွားမှာဖြစ်ပါသည်။

☑ ပြိုင်ပွဲ၌ ဆုရရှိသူများကို အောက်တိုဘာလ နောက်ဆုံးပတ် အတွင်း ကြေညာပေးသွားမည် ဖြစ်ပါသည်။

☑ ဆုရွေးချယ် ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ Kidlac Myanmar ၏ ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါသည်။

Champs ကလေးအားဆေးလေးတွေ သောက်ကြပါစို့
16/08/2017

Champs ကလေးအားဆေးလေးတွေ သောက်ကြပါစို့

🎉 “မိုးရာသီ ချမ့်(စ်)လေးတွေရဲ့ မိသားစု ဓာတ်ပုံပြိုင်ပွဲ “🎉
ချစ်ခင်ရပါသော ချန်ပီယံလေးတို့ဖေဖေ၊ မေမေတို့ရေ…
ဓါတ်ပုံရိုက်ဝါသနာပါတဲ့ ချန်ပီယံလေးတွေအားလုံး Champs နဲ့ အတူ တစ်သက်တာအမှတ်တရလေးတွေဖန်တီးလိုက်ရအောင် …
ဒီအမှတ်တရလေးတွေ ဖန်တီးဖို့ဆိုရင်
ချမ်(စ့်) သားသားမီးမီးရဲ့ မိသားစုဓါတ်ပုံလေးတွေကို comment ပေးခဲ့ပါ…
Comment ပေးခဲ့ဖို့ အဆင်မပြေပါက Champs Chat Box ကို ချန်ပီယံလေးရဲ့ နာမည်နဲ့အတူ မိသားစုဓါတ်ပုံလေးပို့ပေးခဲ့ပါနော်…
ပြိုင်ပွဲပို့စ်လေးအောက်မှာ Chat Box မှ ပေးပို့လာတဲ့ ပြိုင်ပွဲဝင်ရဲ့ ဓါတ်ပုံကို Champs မှကွန့်မန့်ပြန်ပေးသွားမှာပါရှင့်…
(မိသားစုဓာတ်ပုံပြိုင်ပွဲမို့ ချမ့်(စ်)လေးတွေနဲ့ အတူ အနည်းဆုံး မိသားစုဝင်တစ်ဦး ပါဝင်ဖို့တော့ လိုပါတယ်နော် )
ဒီပိုစ့်လေးကို Like and Share ပြုလုပ်ပေးပါ
Champs Page ကိုလည်း Like ပြုလုပ်ထားတဲ့သူဖြစ်ဖို့ လိုပါတယ်ရှင့်…
~စည်းကမ်းချက်များ~
🏆 မိသားစုတစ်စုလျှင် ဓါတ်ပုံတစ်ပုံသာ ပါဝင်နိုင်မှာဖြစ်ပြီး ချန်ပီယံလေးရဲ့ နာမည်လေး ရေးခဲ့ရပါမယ်
🏆 အသက် 10 နှစ်အောက် ချမ့်(စ်) သားသားမီးမီးလေးတွေအားလုံး ပါဝင်နိုင်ပါတယ်
🏆 သြဂုတ်လ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီ နောက်ဆုံးထားပြီး ပါဝင်နိုင်ပါတယ်
ပြိုင်ပွဲရလဒ်ကို Champs မှ တာဝန်ရှိသူများက စိစစ်ရွေးချယ်သွားမှာဖြစ်ပြီး Like And Share အရေအတွက်တွေနဲ့ ဆုံးဖြတ်မှာ မဟုတ်ပါဘူးနော်…
တစ်စုံတစ်ရာ အငြင်းပွားမှုဖြစ်ပေါ်လာခဲ့ပါက Champs Facebook Team ၏ ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါသည်။
ပါဝင်ပေးတဲ့ သားသားမီးမီးမိသားစုတွေ အားလုံးထဲက ပထမ ၊ ဒုတိယ ၊ တတိယဆု သုံးခု ရွေးချယ်ပြီး အပန်းဖြေခရီးတစ်ခုထွက်ရင်း အမှတ်တရ မိသားစုဓာတ်ပုံတွေ ရိုက်ကူးသွားမှာဖြစ်ပါတယ်…
ဓာတ်ပုံရိုက် ၀ါသနာပါတဲ့ ချမ့်(စ်)လေးတွေအတွက်တော့ ပျော်စရာအမှတ်တရလေးတွေ ဖြစ်လာမှာမို့ အခုပဲ ချမ့်(စ်) မိသားစုဓာတ်ပုံလေးတွေကို ကော်မန့် ပေးလိုက်ကြရအောင်နော်…

LynnPwint pharmacy ရဲ့ Fun တွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ
23/06/2017

LynnPwint pharmacy ရဲ့ Fun တွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ

OBIMIN မေမေတို့ရေ ရင်သွေးလေး လွယ်ထားရချိန်မှာ သားလေးလား ? မီးမီးလေးလား ? အမွှာလေး လိုချင်တာလားဆိုတာမျှဝေပေးဦးနော် ?

မေမေတွေ အားလုံးက ရင်သွေးလေးမွေးလာတဲ့အခါ ကိုယ့်ရဲ့ စိတ်ကူးနဲ့ထပ်တူကြလို့ ပျော်ရွှင်ကြည်နူးရသလို ထပ်တူမကြပေမယ့်လည်း ရင်သွေးလေးအပေါ် ချစ်ခြင်းမေတ္တာတွေ လျော့မသွားဘူးဆိုတာ ပြောပြပေးခဲ့ပါဦး 😘😘

သန့်ရှင်းသပ်ရပ်တဲ့ "လင်းပွင့် ဆေးခန်း" ရဲ့ အပြင်အဆင်။ နွေးထွေးပီးစေတနာအပြည့်အဝနဲ့ ဝန်ဆောင်မှုတွေ။ အကောင်းမွန်ဆုံးမှန်ကန်...
20/05/2017

သန့်ရှင်းသပ်ရပ်တဲ့ "လင်းပွင့် ဆေးခန်း" ရဲ့ အပြင်အဆင်။ နွေးထွေးပီးစေတနာအပြည့်အဝနဲ့ ဝန်ဆောင်မှုတွေ။ အကောင်းမွန်ဆုံးမှန်ကန်ထက်မြက်တဲ့ ကုသမှုတွေ။ သင့်တင့်သက်သာတဲ့ဈေးနှုန်းနဲ့မကအောင် ရရှိမဲ့ အထူးကုပါရဂူတစ်ယောက်ရဲ့ စေတနာမွန်မြတ်တဲ့ အကောင်းဆုံးစမ်းသပ်ကုသပေးမှုတွေ။ ။

ကျွန်မတို့ရဲ့ဆိုင်သစ်လေးကိုလဲအားပေးပါဦးရှင့်.ရန်ကုန် အင်းစိန်မှာပါ.အကောင်းဆုံးဝန်ဆောင်မှုများနဲ့ စိတ်တိုင်းကျစေမဲ့ "PP ...
18/04/2017

ကျွန်မတို့ရဲ့ဆိုင်သစ်လေးကိုလဲအားပေးပါဦးရှင့်.ရန်ကုန် အင်းစိန်မှာပါ.အကောင်းဆုံးဝန်ဆောင်မှုများနဲ့ စိတ်တိုင်းကျစေမဲ့ "PP Mega"

မြန်မာနှစ်ဆန်းနှစ်ရက်နေ့ မင်္ဂလာနှစ်သစ်ရက်မြတ်တွင် ကျွန်မတို့PP Business မှ~ "PP Mega လျှပ်စစ်,ပိုက်နှင့် ဆောက်လုပ်ရေးပစ္စည်း" ဆိုင်သစ်လေး ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင်. အမှတ်-၁၆၉,ခ-၆လမ်း,အင်းစိန်။(ဘုရင့်နောင်လမ်းမကြီးပေါ်,မြိုသစ်ဈေးအနီး,ညောင်ပင်မှတ်တိုင်ဘေးကလမ်းထဲ တစ်အိမ်ကျော်မှာရှိပါတယ်နော်) Ph-095419343, 095110914, 095164805.
ဈေးနှင့်ရည်သွေး စိတ်ကျေနပ်စေ
ရေရှည်လက်တွဲ သင့်အတွက် မိတ်ဆွေ။
PP Mega

Page Fun ချစ်ဆုံးတို့အားလုံး မင်္ဂလာရှိသောမြန်မာ့နှစ်သစ်ဖြစ်ပါစေနော်. နှစ်သစ်တစ်လျှောက်လုံး ပျော်ရွှင်ကျန်းမာပြီးအောင်မြင်ြ...
16/04/2017

Page Fun ချစ်ဆုံးတို့အားလုံး မင်္ဂလာရှိသောမြန်မာ့နှစ်သစ်ဖြစ်ပါစေနော်. နှစ်သစ်တစ်လျှောက်လုံး ပျော်ရွှင်ကျန်းမာပြီးအောင်မြင်ကြပါစေလို့ "လင်းပွင့်" ဆေးခန်းနှင့်ဆေးဆိုင် ( PP Business) မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

မေမေတို့အတွက်
06/02/2017

မေမေတို့အတွက်

Invaluable tips and advice for getting into a successful baby routine.

19/09/2016

💝💝“ FB Fan အမျိုးသမီးများ တွေ့ဆုံပွဲ”အစီအစဉ်💝💝

📆 2.10.2016(Sunday)

🏠 UMFCCI

🕔 9:00Am-12:00 Noon

👥 စိတ်ပါဝင်စားသူများအနေနဲ့ ပွဲတက်ရောက်ဖို့ အခမဲ့ Register ပြုလုပ်ပြီး ကံစမ်းမဲများရှိနိုင်မယ့်အစီအစဉ်

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

FB Fan အမျိုးသမီး များအားလုံး မင်္ဂလာပါ……

“ FB Fan အမျိုးသမီးများ တွေ့ဆုံပွဲ”အစီအစဉ်လေး
နဲ့ပတ်သက်ပြီး Fan များအားလုံးကိုသတင်းကောင်းလေးပါးပါရစေနော်။

အဲဒီပွဲလေးမှာ သားဖွား/မီးယပ် အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ
ဒေါက်တာ စိုးလွင်က “မေ့ရင်သွေးလေး ကျန်းမာသွက်လက်ဥာဏ်ရည်ထက်ဖို့”
ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုယ်ဝန်ဆောင်ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေကို
ဟောပြောဆွေးနွေးသွားမှာဖြစ်ပါတယ်။

⌚🏡 အချိန်နဲ့နေရာကတော့

📆 ၂၀၁၆ခုနှစ် အောက်တိုဘာလ(၂)ရက် တနင်္ဂနွေနေ့

🏡 ရန်ကုန်မြို့မင်းရဲကျော်စွာလမ်းရှိ , မင်္ဂလာခန်းမမှာ

⌚ နံနက်(၉)နာရီမှ(၁၂)နာရီထိ ကျင်းပသွားမှာဖြစ်ပါတယ်။

👥 စိတ်ဝင်စားသူမည်သူမဆို #အခမဲ့တက်ရောက်နိုင်ပြီးတက်ရောက်လာသူများ
အားလုံး ကိုလက်ဆောင်ပစ္စည်း များပေးသွားမှာဖြစ်သလို အကျွေးအမွေး များဖြင့်လည်းဧည့်ခံသွားမှာဖြစ်ပါတယ်။

⛄⛄⛄ Register ပြုလုပ်သူများအတွက်အထူးအစီအစဉ်များ…⛄⛄⛄

👥 Registerပြုလုပ်လျှင်မိမိရဲ့နာမည်နဲ့တက်ရောက်မယ့်သူအရေအတွက် ကိုပါယခုတင်တဲ့ Post ရဲ့ Comment Box မှာရေးပေးခဲ့နိုင်ပါတယ်။

👥သူငယ်ချင်းတွေကိုလည်းခေါ်လာလို့ရပါတယ်နော်………..

🌟 Registerပြုလုပ်ပြီးလာရောက်တဲ့ သူငယ်ချင်းတွေကိုအထူးအစီအစဉ်အနေနဲ့
အယောက်(၅၀)ကို ကံစမ်းမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။

🌟 ကံစမ်းမဲပေါက်တဲ့သူငယ်ချင်းတွေကိုလည်းပွဲနေ့ မတိုင်ခင်ကြေညာပေးသွားမှာပါ။

🌟ကံစမ်းမဲပေါက်တဲ့ သူငယ်ချင်းတွေအနေနဲ့ အကောင့်တစ်ခုကို လူတစ်ယောက်အတွက်သာ ထုတ်ယူနိုင်မှာပါနော်………………..

👪 မိမိတို့နဲ့မိမိတို့ရဲ့မိသားစုအသိုင်းအ၀ိုင်းတွေမှာကြုံတွေ့နေရတဲ့ ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ပတ်သက်ပြီး မိမိတို့သိရှိလိုတာများကို သားဖွား/မီးယပ် အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာ စိုးလွင် အားဟောပြောပွဲအချိန်အတွင်း တိုက်ရိုက်မေးမြန်းနိုင်မယ့် အခွင့်အရေးတစ်ရပ်မို့လို့ လက်လွတ်မခံကြဖို့
Facebook_Fan အမျိုးသမ္မီးများအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်

✌✌✌ထပ်မံသိရှိလိုပါကZifam Pinnacle Pty Ltd ရဲ့ Hot Line ဖုန်း - ၀၉-၇၇၇၆၆၇၇၉၆ နှင့် ရုံးဖုန်း - ၀၁-၅၄၄၄၆၇၊၀၁-၅၄၄၄၈၃၊
၀၁-၅၅၈၂၄၈တို့ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဒါ့အပြင် www.facebook.com/zifammaymay မှာအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဖူးတို့ LynnPwint Pharmacy page ရဲ့ Fri တွေအတွက်လဲ မသိလိုက်မရှိရလေအောင်
14/08/2016

ဖူးတို့ LynnPwint Pharmacy page ရဲ့ Fri တွေအတွက်လဲ မသိလိုက်မရှိရလေအောင်

သက်ရှည် ကျန်းမာ အားအင်ပြည့်စေဖို့ ဆေးကောင်းတစ်လက်.
03/08/2016

သက်ရှည် ကျန်းမာ အားအင်ပြည့်စေဖို့ ဆေးကောင်းတစ်လက်.

Address

No. 461, Padauk Street, Pyi San Aung Quarter, ZayarThiri Township, Nay Pyi Taw. (near Of No. 2/DSOGCH/300Banded)
Yezin
D.DJERRY

Telephone

095110914

Website

Alerts

Be the first to know and let us send you an email when LynnPwint Pharmacy & Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram