Maldives Resort Doctor - Dr. Aung Min Thu

Maldives Resort Doctor - Dr. Aung Min Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Maldives Resort Doctor - Dr. Aung Min Thu, Doctor, Maldives, Male.

Page Messenger မသုံးပါဘူး။ CB reply မပြန်ပါ

👨‍⚕️ Resort doctor in the Maldives
🌊 Medicine, island life & real stories
📚 Clinical tips | Daily life | Behind the scenes
✨ Healing people while living on a paradise island

09/03/2026

နေသိပ်မကောင်းတာနဲ့
လန်းသွားအောင် DJ သွားနားထောင်
ရေသောက်ပြီး သူများကတာ ထိုင်ကြည့်
ရောယောင်ပြီး ဝူးရှုးဝါးလုပ်တာပေါ့
ခဏတဖြုတ် စိတ်အပန်းပြေတာပေါ့
စုံလို့ပါပဲဗျာ နော့

နေကောင်းကျန်းမာကြပါစေဗျာ🤍

ချစ်ခြင်းအားဖြင့်
၉၊၃၊၂၀၂၆

မနေ့က ကျနော် အကြမ်းဖျင်းရေးတာပါ အသေးစိတ် ဒီထက်ပိုပါ​သေးတယ်Tourism နဲ့ ရပ်တည်နေတဲ့နိုင်ငံဆိုတော့ Resort Clinic ကို သီးသန်...
08/03/2026

မနေ့က ကျနော် အကြမ်းဖျင်းရေးတာပါ
အသေးစိတ် ဒီထက်ပိုပါ​သေးတယ်
Tourism နဲ့ ရပ်တည်နေတဲ့နိုင်ငံဆိုတော့
Resort Clinic ကို သီးသန့် checklist ပါ
Essential equipment ၂၃ ခုရှိရပါတယ်
Essential medicine ၅၂ မျိုး ရှိရပါတယ်
ကျနော့်ဆေးခန်းမှာ ဆေး brand ၂၀၂ မျိုးပါ
Staff အသစ်ဝင်တိုင်း update ရှိရပါတယ်
HR နဲ့ Clinic က hand in hand လုပ်ရတာပါ
Report တင်တဲ့အခါ Staff ID no: နဲ့သွားတာပါ
လူအဝင်ထွက် ဆေးအဝင်ထွက် အကုန်သိပါတယ်

ဘာကြောင့်ဒါတွေရေးတာလဲဆိုရင်
ဆရာဝန်ကို ဆေးကုတာတခုပဲ ထင်တတ်လို့ပါ
Managment နဲ့ Leadership skill ပါပါတယ်
Clinic ကို ကျနော်က ဦးဆောင်ရမှာပါ
System နဲ့ အသားကျအောင် လုပ်ရပါတယ်
ဆေးကုတဲ့နေရာမှာ လွယ်ကူချောမွေ့မှုရှိဖို့ပါ
ဆေးခန်းမှာ မီးဘယ်နချောင်းကအစ
Electrician တွေ ခေါ်စစ်ခိုင်းရတာပါ
ဆေးခန်းတခုဟာ Lighting အရေးကြီးဆုံးပါ
ကျနော်တို့က ထင်းထင်းလင်းလင်းရှိရပါတယ်
Well-decorated ဆိုတာပါတဲ့အတွက်
အတော်ပြင်ဆင်မွမ်းမံဖို့ လိုပါတယ်

ဘယ်အမှိုက်ပုံးကိုမှ လက်နဲ့ကိုင်မဖွင့်ပါ
ဖွင့်လျက်ကြီး မထားရပါ
Foot operated လို့ပါပြီးသားပါ
ခြေထောက်နင်းပြီး ဖွင့်ရတဲ့ waste bin ပါ
အမှိုက်ပုံးအားလုံး Label ထိုးရပါတယ်
အနီရောင်ဆိုရင် auto သိမှာပဲတို့ဘာတို့မရပါ
General waste, Biological waste ဒါမျိုးပါ
Clinic အတွက် သီးသန့် Toilet ရှိရပါတယ်
ရှောင်တခင် ဆီးစစ်တာမျိုး လုပ်ရတာမို့ပါ
လူနာအတွက်လည်း လိုအပ်ပါတယ်
ကျနော် Urine test ကို တခါတင်ပေးဖူးပါတယ်
မူးယစ်ဆေးသုံးရင် အမေးမြန်းမရှိ တန်းထွက်ပါ
Security Manager နဲ့ချိတ်ဆက်လုပ်ပါတယ်

တာဝန်ခံဆရာဝန်ကို
Provisional license နဲ့ ဆေးခန်းလိုင်စင်မပေးပါ
TMR နံပတ်ရှိမှ ဆေးခန်းလိုင်စင်ပေးတာပါ
ဒီဆမရဖို့ ၃နာရီမေးခွန်းကို $150 နဲ့ ဖြေရတာပါ
အဲ့ဒီ paperwork တွေ စစ်ပါတယ်
Work permit ထုတ်ပြရပါတယ်
Form နဲ့ ပတ်သက်ရင် အဓိက (၄) ခုအရေးကြီးတယ်
၁။ Medico-legal form
၂။ Refer form
၃။ Medical certificate form
၄။ Notifiable diseases form
အကုန် Sample papersheet ထုတ်ထားရပါတယ်

နောက်မှဆက်ရေးပါဦးမယ်ဗျာ
နည်းနည်းချင်းပဲကောင်းပါတယ်
အကျိုးရှိရင် YES လို့ မန့်ပေးပါ 💟

ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၈၊၃၊၂၀၂၆

ကျနော်တို့ Resort Clinic အကြောင်းပါ ဗဟုသုတပေါ့ခင်ဗျာ MOH Maldives ရဲ့ လမ်းညွှန်မှုရှိပါတယ်ပထမဆုံးဒီရောက်တော့ အဲ့ဒါအရင်ဖတ...
07/03/2026

ကျနော်တို့ Resort Clinic အကြောင်းပါ
ဗဟုသုတပေါ့ခင်ဗျာ
MOH Maldives ရဲ့ လမ်းညွှန်မှုရှိပါတယ်
ပထမဆုံးဒီရောက်တော့ အဲ့ဒါအရင်ဖတ်ပါတယ်
Checklist တခုချင်းစီ Tick လုပ်ပြီး
Inspection လာတဲ့နေ့မှာ အကုန်စစ်ပါတယ်

Treatment room/
Consultation room ၂ခု ရှိကိုရှိရပါမယ်
Fire alarm အခုမြင်တဲ့ပုံမှာ
၃နေရာဖြစ်လို့ ၃ခု ထားရှိရပါမယ်
Oxygen cyclinder, ECG စက်
AED machine အကုန်စစ်ပါတယ်
အထဲက Expired date ပါစစ်တာပါ
၂လအလို expired date ဆေးတွေအကုန်
ပြန်သိမ်းရပါတယ် အသစ်လဲရပါတယ်
Clinic PC မှာ Inventory နဲ့သေချာသွားပါတယ်
Autoclave နဲ့ Suction စက်တွေ စစ်ပါတယ်
Emergency box တွေ First-aid box ကြည့်တယ်
ကျနော်တို့ဆီမှာ 24 departments ရှိပါတယ်
Regular check and refill လုပ်ပါတယ်

24/7 AC ဖွင့်ထားပေးရပါတယ်
Ceiling/ Wall အားလုံး ရေမယိုရပါ
အခုမျက်နှာကျက်အားလုံး
အသစ်ပြန်လဲပြီးသွားပါပြီ
Nurse, Doctor license စစ်ပါတယ်
BLS, ACLS update ဖြစ်ကြောင်းပြရပါတယ်
လိုအပ်ရင် First-aid training ပေးရပါတယ်
အခုလို Common cold များတဲ့အချိန်ဆိုရင်
Precaution, Notice paper ရေးရပါတယ်

✅ Clinic SOP (standard operating procedures) အကုန်ပြရပါတယ်

အဓိက (၄) ခုပြရတာပါ
၁။ Complaint Mx SOP
၂။ Infection control SOP
၃။ Medical record SOP
၄။ Waste Mx SOP

ပြီးရင် storage အပိုင်းမှာ
Cold chain စစ်ပါတယ်။
Fridge ၂လုံးထားပါတယ် spare ထားတာပါ
Record အပိုင်းမှာ Staffs and Guests မတူပါဘူး
Guests အတွက် confidential ထားပါတယ်
Staff record ကို HR inform ရပါတယ်
Digital and Manual record အကုန်ယူပါတယ်

ဒါကတော့ အကြမ်းဖျင်းပေါ့ဗျာ
စာရှည်ရင် သိပ်ဖတ်ချင်မှာမဟုတ်ဘူး
ဒီလိုလေးတွေ လုပ်ရပါတယ်လို့
ဗဟုသုတသဘောမျိုးပါခင်ဗျာ

အကျိုးရှိရင် YES လို့ မန့်ပေးပါခင်ဗျာ 💟
ဆက်ရေးပေးပါဦးမယ် မောင်နှမတို့ရေ









ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၇၊၃၊၂၀၂၆

ဒီ page မှာ ရေကြည်ရာမြက်နုရာလိုက်ရှာနေကြတဲ့ မောင်နှမတွေအများကြီးပါအားမလျှော့ဖို့ကို အကြံပြုချင်တာပါ 💪
06/03/2026

ဒီ page မှာ ရေကြည်ရာမြက်နုရာ
လိုက်ရှာနေကြတဲ့ မောင်နှမတွေအများကြီးပါ
အားမလျှော့ဖို့ကို အကြံပြုချင်တာပါ 💪

ကျနော်တို့မျိုးဆက်က
ပညာရေးကို ဇောက်ချပြီး
အာရုံမစိုက်နိုင်တဲ့
ခေတ်ဆိုးစနစ်ဆိုးမှာတောင်
ရှင်သန်အောင် ကြိုးစားခဲ့ရပါတယ်

သူများနိုင်ငံတွေ ဒီလိုအချိန်မှာ
Academic performance အားစိုက်နေချိန်
ကျနော်တို့က နိုင်ငံပျောက်လို့
ရေကြည်ရာမြက်နုရာလိုက်ရှာရတဲ့မျိုးဆက်
အလုပ်လုပ်နေသရွေ့ ရွေ့နေမှာပဲ
ကိုယ်ယုံကြည်ရာ ဆက်လျှောက်ဖို့ပါ

ဘယ်နိုင်ငံဘယ်လိုပိတ်ပိတ်
နည်းလမ်းရှာကိုရှာရမှာပဲ တွေ့မှာပါဗျ
တတ်သိနားလည်တဲ့သူတွေ ညွှန်းပေးပါတယ်
ကျနော်တို့ မြန်မာနိုင်ငံသားတွေလောက်
ဒူပေဒဏ်ပေခံနိုင်တာ ဘယ်မှာရှိသေးလို့လဲ
ကျနော်ကတော့ ရှေ့ဆက်မယ့်လမ်းပဲ
အာရုံစိုက်ဖို့ကို တွေးစေချင်တယ်
အပြစ်ထိုင်ပြောနေရတာ အားကုန်တယ်ဗျ

ကျနော်ထိုင်းမှာ ဖြတ်သန်းနေရချိန်
သင်ခန်းစာအများကြီးရလိုက်ပါတယ်
တခါတလေ ဘဝမှာ ရေလိုက်ငါးလိုက်လေး
ဇာတ်မြောကြီးနေရတာရှိတတ်ပါတယ်
Plan A-Z ဘာမှကို အလုပ်မဖြစ်တာဗျာ
ကျနော်တို့ဆေးပညာအသိုင်းဝိုင်း ပိုဆိုးသေး
ဘယ်တုန်းကမှ ပညာရပ်တန့်ကြသူမဟုတ်ဘူး
ခံပြင်းတာပေါ့ဗျာ နားလည်တာပေါ့

အခု UK သွားမယ့် ကလေးတွေကိုလည်း
အားပေးချင်တာပါ စိတ်မညစ်ဖို့ပါ
ကျနော့်အသိမိတ်ဆွေတွေ အများကြီးပါ
ဒီလောက်စုတ်ပြတ်သတ်နေတဲ့ စနစ်ကနေ
ရှင်သန်ရုန်းကန်ကြိုးစားနေကြတာကိုပဲ
ကျနော်ကတော့ ဂုဏ်ယူနေပါပြီ
မိဘတွေအနေနဲ့လည်း စိတ်မပျက်ပါနဲ့
Plan ပြောင်းဖို့ ဘယ်တော့မှ မကြောက်ပါနဲ့
ကိုယ့်ကလေးတွေ သတ္တိရှိဖို့ သင်ပေးပါ

ကျနော်အမြဲပြောပြနေကျ Motto လေးရှိတယ်
ကိုယ်တိုင်လည်း ရုန်းကန်နေဆဲပဲ
ချစမ်းပါဗျ အကြောတင်းတင်းနဲ့

"When the going gets tough, the tough get going" ဆိုတာလေးပါ

The tough သန်မာတဲ့သူတွေတဲ့
Resilience and Perseverance တဲ့
ဒူပေဒဏ်ပေခံမှု နဲ့ ရေကုန်ရေခမ်းအားထုတ်မှု
မြန်မာနိုင်ငံသားတိုင်းအတွက် ပြောတာပါ
ဒီလို The tough ဆိုတဲ့သူတွေပဲ ရှင်သန်မယ်
လမ်းကတော့ ရှယ်ကြမ်းတယ်ဗျာ
စပါယ်ရှယ်ပလန်နဲ့ကို ကြမ်းနေတာ မျက်မြင်ပဲ
မောင်နှမတွေ ချစ်ရသူတွေအကုန်
တိုးတက်နေကြတာ ကြိုးစားနေကြတာပဲ
တကယ်မြင်ချင်တာပါ
စိတ်ထားမှန်ကန်စွာထားတတ်ဖို့
အကြံပြုရေးသားပေးနေတာပါ

ပုံကတော့ ကျနော်မဲဆောက်ကနေ
ဘန်ကောက်ကို ၃လတခါ တက်လာပြီး
TR visa ယူဖို့ Laos, Cambodia ပြေးရချိန်ပါ
မနက်အစောကြီးတွေရောက်တယ်
မော်ချစ်ကားဂိတ်မှာ ၁၀ ဘတ်တန် ကော်ဖီနဲ့
ဪ ဒါကိုပဲ ဘဝလို့ခေါ်တာလား 😓
ေ-သချင်စိတ်တောင် ပေါက်ခဲ့တဲ့အချိန်တွေပါ
ဘယ်သူနဲ့မှ စကားပြောချင်စိတ်မရှိခဲ့တာ
ဒီဘဝတော့ ငါတော်လောက်ပါပြီကွာလို့
အရာရာ အရှုံးပေးပြီးနေခဲ့တဲ့ကာလပါ

စိတ်ဓာတ်မကျပါနဲ့
ဆေးလောကမောင်နှမတွေကို ရည်ညွှန်းတာပါ
ဆက်ပြီးဖိုက်ကြစမ်းပါဗျာ
The tough ဖြစ်အောင်လုပ်ပါ keep going 💪

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၆၊၃၊၂၀၂၆

04/03/2026

သီချင်းမဆိုပြဖြစ်တာကြာပြီ
ခဏလေး အပန်းပြေပေါ့ဗျာ
ဘော်ဒါတွေ သီချင်းဝိုင်းထဲမှာ
ဒိုးလုံးတို့ ဦးငှက်တို့ဆိုတာ
မပါမဖြစ် သီချင်းတွေပေါ့ဗျာ

“မချစ်ဘူး မပြောပါနဲ့” 💟
ဒီမှာည ၁၁ နာရီတော့ရှိနေပါပြီ
ခုမှနားတုန်းလေး ခဏတဖြုတ်
ကဲ ဝါသနာလေးတဖြတ်ဗျာ
နားဆင်ပေးပါဦး ကိုကိုမမတို့ရေ😍

ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၄၊၃၊၂၀၂၆

ကနေ့တော့ Busy day ပါပဲ ဆေးအဝယ်တော် ဖြစ်နေတယ်ဆေးဝါးမှန်သမျှ clinic ကပဲ မှာပေးရတာပါ  ကိုယ်တိုင်သွားဝယ်ရင်အသွားအပြန် USD 18...
02/03/2026

ကနေ့တော့ Busy day ပါပဲ
ဆေးအဝယ်တော် ဖြစ်နေတယ်
ဆေးဝါးမှန်သမျှ clinic ကပဲ
မှာပေးရတာပါ
ကိုယ်တိုင်သွားဝယ်ရင်
အသွားအပြန် USD 180 ကျပါမယ်
လူနာအတွက် အကုန်စဉ်းစားပေးပါတယ်
ဆရာဝန်အလုပ် ဟုတ်တာမဟုတ်တာ
ကျနော်ကတော့ သိပ်မတွေးပါဘူး
လူနာအတွက်လိုတာ ကူညီဖို့ပါပဲ
ကျနော်ကတဆင့် ဆေးမှာတော့
Dosage and ingredient precise ဖြစ်တာပေါ့
ပိုကောင်းတာပေါ့ ဒီလိုပဲတွေးပါတယ်
အလုပ်ခွင် အမှတ်တရပေါ့ခင်ဗျာ

ကနေ့အလုပ်မှာလည်း အတော်ရှုပ်ပါတယ်
Guest တွေရဲ့ ခရီးစဉ်အကုန်
ကမောက်ကမဖြစ်ကုန်ပါတယ်
လေကြောင်းလိုင်းတွေ
မထွက်တာမျိုးတွေဖြစ်နေပါတယ်

ဆေးက နဂိုတည်းက
၂ပတ်အလည်ခရီးဆိုရင် လူနာတွေက
ဆေးအနည်းငယ်ပဲထည့်လာတတ်ကြတာ
အခုတော့ Medicine supply နဲ့ပါ
ချိတ်ဆက်ပြီး ဆေးအဝယ်တော်ဖြစ်နေတယ်
တနေကုန် ဆေးရှာဝယ်ပေးနေရတယ်

Domino effect ကတော့
အကုန်ထိတာပါပဲခင်ဗျာ
သေးသေးလေးကအစ
အကုန်ကမောက်ကမဖြစ်ကုန်ကြတာ

ကျန်းမာအောင်နေကြပါဗျို့
ပျော်အောင်သာနေကြပါ
သောကများမနေပါနဲ့
မတည်မြဲခြင်း သဘောတွေပါပဲ

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၂၊၃၊၂၀၂၆

Resort အလုပ်ဆိုတော့Clinic hours က နည်းပါတယ်ကျနော်ဆို ၁ရက် ၄နာရီလောက်ပါပဲResort ကသေးတော့ လူနာနည်းတယ်(❌အခြား resort တွေ ကျ...
01/03/2026

Resort အလုပ်ဆိုတော့
Clinic hours က နည်းပါတယ်
ကျနော်ဆို ၁ရက် ၄နာရီလောက်ပါပဲ
Resort ကသေးတော့ လူနာနည်းတယ်
(❌အခြား resort တွေ ကျနော်မသိတတ်ပါ။)
On call တော့ အမြဲကြည့်ရပါတယ်
အခုက room visit သွားပြီးအပြန်
Sunset ဝင်ကြည့်တာပါ
Room visit က security နဲ့ nurse ပါတယ်
ကျနော်က လူနာကြည့်ရုံပဲ
ကျန်တာ nurse က ဆက်လုပ်ပါတယ်
လိုအပ်ရင် Clinic ခေါ်ပြီး
Line တင်တာ injection ပေးတာပေါ့

Resort ဆိုတော့
အများစုက GI နဲ့ lung problems များတာ
အအေးပတ် နှာစေးချောင်းဆိုးများတယ်။
ဒီက အစာတွေက စပ်တယ်
ပင်လယ်စာတွေက ယားတတ်တယ်
ကလေးတွေဆို GE ရတတ်တယ်
အများစုကလေးတွေက RK လေးတွေ
အပြင်စာ သိပ်စားဖူးကြတာမဟုတ်ဘူး
တော်ရုံလူစားနိုင်တဲ့ဟာ သူတို့မစားနိုင်ဘူး
F&B ကတော့ GE cases များရင်
ကျနော်က report တင်ပေးဖို့တာဝန်ရှိတယ်
အစာတွေက သန့်ပါတယ်
မသန့်လို့လည်းမရဘူး inspection ရှိတယ်
Food complaint လာရင် ရှင်းပေတော့ပဲ

စရောက်ခါစကလည်း
Flu outbreak တွေတအားဆိုးတာ
ဝန်ထမ်းအုပ်စုလိုက်ကြီး Flu ဖြစ်ကုန်တာ
အခန်းတွေအကုန်ချက်ခြင်း သန့်ရှင်း
Mask တပ်၊ လက်ဆေး
Cough etiquette အကုန်ပြန်သင်ရတယ်
HR ကတဆင့်ပဲ အကုန် email ပို့ပြီး
Supervisors တွေကို အသိပေးရပါတယ်
ဘာလို့လဲဆိုရင် ဖျားနာတဲ့လူများလာရင်
HR မှာ တာဝန်အကြီးဆုံးပဲ
သူတို့က staff relocate လုပ်ရတာတွေရှိတယ်

Workload က သိပ်မများတော့
နားနေရတဲ့အချိန်များပါတယ်
စာဖတ်ချိန်အများကြီးရပါတယ်
စာရေးချိန်လည်းရပါတယ်
Tournament ရှိတဲ့အချိန်တို့
Event ရှိတဲ့အချိန်တို့ဆိုရင်တော့ ရှုပ်တယ်
အများစုအချိန်ကတော့ ဒီလိုလေးလာဖြစ်တယ်

ဘဝဆိုတော့လည်း
မသေမချင်း ရုန်းကန်နေကြရတာပဲ
တခါတလေ ဖြေးဖြေးနှေးနှေးပေါ့
ကံမျက်နှာသာပေးရင်လည်း မပျင်းနဲ့
အဆ ၂၀၀ လောက် ရုန်းကန်လိုက်
ကျနော်တို့မှာ Timing တွေရှိကြတယ်
Right timing မှာ အားမထုတ်ခဲ့ရင်
Turning point တွေမှာ အလူးအလဲခံရပါမယ်

ကဲ ဘဝအမောတွေလည်း
အမြန်ပြေပျောက်ကြပါစေ
အခက်ခဲတွေလည်း ကျော်လွှားနိုင်ပါစေ
Resort doctor ဘဝလေး မျှဝေတာပါ

အတွေးတခုခုရရင် YES လို့ မန့်ပေးပါ 💟







ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၁၊၃၊၂၀၂၆

ကျနော်အားလုံးကို ချစ်ခင်လေးစားပါတယ်ခင်ဗျာMsg reply မလုပ်တာက အချိန်ကိုမရှိတာမို့ပါMsg ထောင်ချီနေပါပြီ Conversation မပြောန...
27/02/2026

ကျနော်အားလုံးကို
ချစ်ခင်လေးစားပါတယ်ခင်ဗျာ
Msg reply မလုပ်တာက
အချိန်ကိုမရှိတာမို့ပါ
Msg ထောင်ချီနေပါပြီ
Conversation မပြောနိုင်ပါဘူးခင်ဗျာ
တကယ်မအားတာမို့ပါဗျ
ရိုင်းတာမဟုတ်ပါဘူး အားနာလို့ပါဗျာ
ကျနော့်မှာလည်း ကိုယ့်အခက်ခဲနဲ့ကိုယ်ပါ။

ဒီ page ဖွင့်ထားတာ
၁လစွန်းစွန်းပဲရှိပါသေးတယ်
အများစုက
အလုပ်ဘယ်လိုရလဲမေးပါတယ်
(Job Maldives dot com) မှာလျှောက်ပါ
Agent တွေနဲ့လည်း လျှောက်ပါ
အသိမိတ်ဆွေကိုလည်း အသိပေးပါ
အကြောင်းတိုက်ဆိုင်ရင် ရပါမယ်
တိကျတဲ့ အဖြေမရှိပါဘူးခင်ဗျာ
Network ရှိတဲ့သူက ပိုမြန်ပါတယ်

ကျနော် Maldives job လျှောက်တာ
၁နှစ်ခွဲကျော် ထိုင်းမှာစောင့်ခဲ့ရပါတယ်
ကျန်တဲ့သူ အကုန်ရပါတယ်
ကျနော်တယောက်ပဲ ကွက်ကျန်တာမျိုးပါ
ဒါကျနော့်တုန်းက အခြေနေပြောတာပါ
MOH ကတော့ အရင်တသုတ်ခေါ်သွားပါပြီ
ဒါလည်း agent တဆင့်ပဲရပါတယ်

ကျနော်က HR တိုက်ရိုက်ပါ
Vancancy လွတ်နေချိန် ကံကြောင့်ပါ
စိတ်အားမပျက်သွားပါနဲ့
Agent နဲ့ရတဲ့သူတွေလည်း ရှိပါတယ်
Direct လျှောက်လို့ရတာလည်းရှိပါတယ်
အသိကျွမ်းပေါရင် ပိုမြန်ပါမယ်။

ကျနော်အခုပြန်ကြည့်သလောက်
Direct resort တွေက MMDC license
ဖြေပြီးဖြစ်ရမယ်တို့၊ resort ၁နှစ်ရှိရမယ်တို့
ဘာတွေမှန်းတော့မသိပါဘူး
အရင်ကဒီလောက် မတောင်းဆိုးပါဘူး
ကြိုက်ရင်လျှောက် သူခေါ်ရင်လာ ဒါပါပဲ

MBBS သီးသန့်နဲ့ရလားဆိုရင်
သူခေါ်ရင် ရပါတယ် ဒါပဲလိုတာပါ
အများစုက demand လေးတွေရှိလာတယ်
MRCP, AMC, PLAB ဘာပဲနေနေဗျာ
Impression တခုထားပြီး interview ပါတယ်
လျှောက်စရာရှိတာသာ လျှောက်နေပါ
မရလည်း အရှုံးမရှိဘူးဆိုတဲ့စိတ်နဲ့လုပ်ပါ

ကျနော် Maldives resort ကိုပြောတာပါ
အခြားလမ်းကြောင်းတွေ မသိတတ်ပါ
Maldives MOH အကြောင်းမသိပါ
ကျနော်သိတာ အရမ်းကို နည်းပါတယ်
ဒါတွေက စာအတိအကျရှိတာမဟုတ်လို့
ကျနော်ပြတ်ပြတ်သားသား ဖြေဖို့ခက်တယ်
နားလည်ပေးကြပါခင်ဗျာ။

နောက်ဆုံးတချက်တည်းနဲ့ အနှစ်ချုပ်ရရင်
စိတ်ဆောင်တဲ့သူက ရကိုရပါတယ်
အလွယ်တကူစိတ်အားပျက်တဲ့သူတွေ
ဆက်မလျှောက်တော့ရင် 100% မရတော့ပါ
အလုပ်က ကံပေါ်မူတည်နေပါတယ်
ဆရာတို့ တော်တာညံ့တာနဲ့ ဘာမှမဆိုင်ဘူး
အဲ့ဒီကံအခွင့်သင့်ဖို့ လျှောက်နေရပါတယ်
ရှာမှီးနေရပါတယ် နားစွင့်နေရပါတယ်






ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၂၇၊၂၊၂၀၂၆

Clinic resort life ! Sharing ပါခင်ဗျာ 💟
26/02/2026

Clinic resort life !
Sharing ပါခင်ဗျာ 💟

၁လခွင့်ပေးထားတဲ့လူနာ
ကနေ့ကျေးဇူးတင်ကြောင်းလာပြောတယ်
သူတော်တော်ပျော်နေတာတွေ့တယ်

Pakistan နိုင်ငံကပါ
အရင်၁လက ကျနော့်ဆီ
Medical certificate လာတောင်းတယ်
၁လ သူ့နိုင်ငံပြန်ဆေးစစ်ချင်တာတဲ့
ဘာဖြစ်လဲဆိုတော့ Dizzy ဖြစ်တယ်
ကျနော့်ဆီမလာခင် ENT ရော
Neurologist ရော ပြပြီးပြီ ဘာမှမရှိပါဘူး

ဒါနဲ့ ၁လခွင့်ပေးဖို့ဆိုတာ စဉ်းစားရပါတယ်
Judgement ရော Justice ရောပါ
Clinical အရ မလိုဘူး
ကျနော်တို့က incidentaloma ကြောက်တယ်
လူနာကို unnecessary burden မပေးဘူး
မလိုအပ်ဘဲ Imaging မသွားရဘူး ဒါသီအိုရီ

လူနာရဲ့ context က department ပြောင်းရတာ
သူက laundry ကနေ guest service ဘက်ပေါ့
ဘာလို့လဲဆိုတော့ အရင် baggy မောင်းတဲ့သူက
အလုပ်ချိန်မူးပီးယမ်းလို့ ထုတ်လိုက်တာ
သူ့ကို ယာယီတာဝန်ယူခိုင်းတာ
ခက်တာက အလုပ်ချိန်ပြဿနာ
Laundry မှာ တရက် ၆နာရီပဲလုပ်ရတာ
Guest service က ၁၆ နာရီဆင်းရတယ်
တနေကုန်ချွေးသံတရဲရဲ သူမခံနိုင်ဘူး
ဒါဖြင့် ငြင်းလို့ကလည်းမရဘူး မလုပ်ချင်ထွက်
Resort မှာလုပ်ချင်သူ ပေါပါတယ်

သူ ၁လနားရင် သူ့နေရာအစားထိုးရမယ်
House surgeon ဘဝတုန်းက
ကိုယ့်အဖွဲ့ထဲမှာ တယောက်နားလိုက်ရင်
ကျန်တဲ့လူက တအားပင်ပန်းတတ်တာ
သူလွတ်မြောက်လို့ အခြားသူတွေမငဲ့တာလား
ဒါအရေးကြီးဆုံးအတွေးပါ ကိုယ်ချင်းစာပါ

HR ကို ဖုန်းခေါ်တယ် သူ့ supervisor နဲ့ပြောတယ်
ဒါမျိုးက အလုပ်ခွင်မှာ ဖြစ်နေကျပါပဲ
Gain တခုခုလိုချင်လို့ ဖျားနာဟန်ဆောင်တာ
Malingering case တွေအများကြီးပါ
ကျနော် clinic မှာရှိသရွေ့ခွင့်မပြုပါဘူး
အဲ့တော့ Admin ပိုင်းနဲ့ စကားပြောရပါတယ်
သူတို့ဘက်က ကျနော်မီးစိမ်းပြရင်ရပြီ

လူနာက တကယ်ကိုစိုးရိမ်နေတာပါ
သူ့မှာ ဦးနှောက်အကြိတ်ရှိတယ်ထင်နေရှာတာ
Hypochondriasis ဘက် ကူးသွားတယ်
သူ attempt ခဏခဏလုပ်ပါတယ်
အခုမလာခင်လေးတင်ပဲ သွေးစစ်လာသေးတာ
LFT, RFT, lipid, CBC, URE အကုန်ကောင်းပါ
နဂိုရှိရင်းစွဲ illness anxiety အပေါ်မှာ
နောက်ထပ် job hour stress အပိုရလာတော့
သူမပျော်တော့ဘူး အလုပ်လည်းမတွင်ဘူး
သူ့ဘက်ရော အလုပ်ဘက်ရောတွေးရတာပါ

ဒါနဲ့ medical reason ကြောင့်
နားဖို့လိုပါတယ်ဆိုပြီး စာရေးပေးလိုက်တယ်
ပြီးတော့ HR ကို inform လိုက်တယ်
“Sure, doc! It’s your call” ဒါပဲ
ဆရာဝန်က နားဖို့လိုတယ်လို့ဆုံးဖြတ်ပြီးရင်
နောက်ထပ်မေးခွန်းထပ်မလာတော့ဘူး
ဒါနဲ့လူနာ ၁လအနားရသွားပါတယ်
ဒါတောင် imaging လုပ်ခဲ့ပါသေးတယ်
လူနာကို အပြစ်မတင်ပါဘူးဗျ
သူ့ကိုရှင်းပြပြီးသား incidentaloma အကြောင်း
သိသိလျက်နဲ့လုပ်တာဖြစ်လို့
သူလည်း ဒီအတွေးကို resist လုပ်ဖို့ခက်မှာပါ
ဒါကတော့ ကျနော့်အလုပ်အကြောင်းပါ

တွေးစရာတခုခုရရင် YES လို့မန့်ပေးပါ💟






ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၂၆၊၂၊၂၀၂၆

ဒီနှစ်ကတော့ ကျနော့်အတွက်ပထမဆုံး Ramadan နဲ့ပတ်သက်တဲ့Resort experience ပါ ကိုယ်တိုင် ဒီ system ထဲမှာ လိုက်လျောညီထွေ နေထို...
23/02/2026

ဒီနှစ်ကတော့ ကျနော့်အတွက်
ပထမဆုံး Ramadan နဲ့ပတ်သက်တဲ့
Resort experience ပါ
ကိုယ်တိုင် ဒီ system ထဲမှာ
လိုက်လျောညီထွေ နေထိုင်စားသောက်ရတာပါ
အဖေ့ရဲ့ မိတ်ဆွေတွေထဲမှာလည်း
အစ္စလာန်ဘာသာဝင်တွေရှိလို့
ငယ်ငယ်တည်းက ဗလီတွေ အစ်တွေ
ရာမဒန်တွေနဲ့ တအားမစိမ်းပါဘူး

ကျနော်ကတော့ culture shock မခံစားရဘူး
တခါတလေတော့ ဓမ္မစကြာဝတ်ရွတ်သံလေး
လွမ်းတာမျိုးတော့ ရှိတာပေါ့ဗျာ
ထိုင်းမှာတုန်းကတောင် ဓမ္မစကြာနာခဲ့ရတယ်
မဲဆောက်က မြန်မာ့ဓလေ့အတိုင်းပါပဲ
ဘုန်းကြီးဆွမ်းလောင်းခွင့်ရှိတယ်
ပါဋိတရားသံတွေ နာကြားခွင့်ရှိတယ်
ဒီမှာတော့ သံဃာဆိုတာ မရှိပါဘူး
ရည်စူးပြီးတော့ပဲ လှူရပါတယ်
ကုသိုလ်ယူရပါတယ် ဦးထိပ်ထားရပါတယ်

ရာမဒမ် ကာလအပိုင်းခြားဆိုတာ
သူတို့ဘာသာဝင်တွေအတွက်
အမြင့်မြတ်ဆုံးလ ဖြစ်ပါတယ်
ကျနော်တို့ ဗုဒ္ဓဘာသာမှာဆိုရင်
ဝါတွင်း (၃)လ ဥပုသ်သတင်းလိုမျိုးပါ
ကျင့်စဉ်တွေ ကွဲပြားနေကြပေမဲ့လည်း
ဖြူစင်သန့်ရှင်း အပြစ်ကင်းဖို့
ကျင့်ကြံနေကြတာဖြစ်လို့ ဝမ်းမြောက်ပါတယ်

ဘာသာရေးဆိုတာကတော့
ကိုးကွယ်ယုံကြည်မှုဆိုတဲ့ faith ပါနေတဲ့အတွက်
ပညာ wisdom အရမ်းအရေးကြီးတယ်
သဒ္ဓါတရားသီးသန့်နဲ့ မိရိုးဖလာလုပ်ရင်
ဘယ်ဘာသာဖြစ်ဖြစ် အစွန်းရောက်နိုင်တယ်
ဒါလေးကို သတိထား ဝီရိယစိုက်ပြီး
ဘာသာတရားအားလုံးနဲ့
ငြိမ်းချမ်းစွာ တူယှဉ်တွဲနေထိုင်တတ်ဖို့
ကျနော်တို့ဟာ ကြိုးစားသင်ယူကြရပါတယ်

အတွေးတခုခုရရင် YES လို့မန့်ပေးပါ💟







ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၂၃၊၂၊၂၀၂၆

Sunnah food လို့နာမည်ကြီးတဲ့ ဖရဲသီးဖျော်ရည်ဖြစ်ပါတယ်ဒီမှာတော့ ညနေ၆နာရီဆိုရင် ဝါဖြေကြပါပြီ အဓိကတော့ ရေဓာတ်ပြန်လည်ဖြည့်တင်...
22/02/2026

Sunnah food လို့နာမည်ကြီးတဲ့
ဖရဲသီးဖျော်ရည်ဖြစ်ပါတယ်
ဒီမှာတော့ ညနေ၆နာရီဆိုရင်
ဝါဖြေကြပါပြီ
အဓိကတော့ ရေဓာတ်ပြန်လည်ဖြည့်တင်းတာ

Fresh Watermelon နဲ့ Mango juice
ဒီ(၂)မျိုးက မပါမဖြစ်ပါ
အရမ်းကို သင့်တော်တဲ့ Fresh juice ပါ။
ကျနော်က ဂျူတီပြီးရင် ကော်ဖီသောက်ပါတယ်
၅-၆နာရီကြားပေါ့ဗျာ
ဒီချိန်ဆို ပုံမှာပြထားသလိုပါပဲ
Staff canteen မှာ ဖရဲသီးဖျော်ရည်အပြည့်ပေါ့

ကျနော်တို့ကတော့ ည၈နာရီကျမှ
ညစာစားတဲ့အချိန်မှ သောက်ပါတယ်
Non-Muslim အတွက် သီးသန့်ခွဲထားပေးပါတယ်
ခုံပေါ်မှာချထားတာတွေက ဝါဖြေတဲ့သူဖို့ပါ
ဒါကြောင့် ကျနော့်တကိုယ်စာအနေနဲ့တော့
ဘယ်တော့မှ ယူမသောက်ပါဘူး
Chef တွေက ယူသောက်လို့ပြောပါတယ်
Personal view အရ တခြားဘာသာဝင်တွေရဲ့
Holiest action ဥပုသ်စောင့်ထားကြချိန်မှာ
ကိုယ်က ဦးဦးဖျားဖျား မသောက်ဝံ့တာပါ

တခြားဘာသာအပေါ်မှာ respect ဆိုတာက
ဒီလို action သေးသေးလေးကအစ
စိတ်ထားတတ်ဖို့ကို မိဘဘိုးဘွားက
ဆုံးမသွန်သင်ပေးထားခဲ့တာပါ
ဆေးခန်းလူနာလာရင်လည်း
အတတ်နိုင်ဆုံး ဥပုသ်မပျက်ရအောင်
သောက်ဆေးကို ရှောင်ပေးပါတယ်
လိမ်းဆေးရရင် လိမ်းဆေးနဲ့ပဲ ထိန်းပါတယ်

စာဖတ်တယ်ဆိုတာ စိတ်ကိုဆုံးမဖို့ပါ
လူသားဆန်တဲ့အမူအကျင့်တွေ မွေးမြူဖို့ပါ
လူအချင်းချင်း လေးစားမှုရှိဖို့ပါ
စိတ်နှလုံးသားတွေ သိမ်မွေ့ဖို့ပါ
လောကကြီးကို အလှဆင်ဖို့ဖြစ်ပါတယ်

အတွေးတခုခုရရင် YES လို့မန့်ပေးပါ။








ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၂၂၊၂၊၂၀၂၆

21/02/2026

နိုင်ငံတွေမတူကြပေမဲ့
ဘာသာစကားတွေ မတူကြပေမဲ့
Music ကတော့ universal language ပါ။
ဂီတဟာ လူတွေကို ပေါင်းစည်းပေးတယ်
Nurse က India ဘက်ကပါ
ဒီထဲက Dive master ၂ဦးမှာ
၁ဦးက Maldivian၊ ကျန်၁ဦးက ဆွစ်ဇာလန်ကပါ
ဘာသာစကား ၅မျိုး ပြောတတ်ပါတယ်

ဒါကျနော်တို့ squad လေးပေါ့ဗျာ
အားတဲ့အချိန် သူတို့နဲ့လျှောက်သွားကြတယ်
ကျနော်သီချင်းဆိုတုန်းက သူတို့လာအားပေးတယ်
Very supportive and friendly ဖြစ်ပါတယ်
Diving သွားဖို့ ခေါ်ပေမဲ့
Off ရက်တွေမှာ မအားနေတာနဲ့
ခုချိန်ထိကို ဘာမှမလုပ်နိုင်သေးဘူး

ရှေ့ကဆရာဝန်တွေတုန်းကတော့
Approachable မဖြစ်လို့ သိပ်မရောဘူးတဲ့
ကျနော်နဲ့တော့ တော်တော်အဖွဲ့ကျပါတယ်
ခုနောက်ပိုင်းသူတို့လည်း Tour season
အတော်ရှုပ်နေတာနဲ့ မပြောဖြစ်ကြဘူး
နောက်ဆုံးတခေါက် valentine day တွေ့တာ
လာအားပေးကြတာပါ

လူတွေဟာ ခဏတွေ့ပြီး ခွဲကြရမှာပါ
ပျော်ရွှင်တဲ့အမှတ်တရတွေဟာ
ဘဝရဲ့တစိတ်တပိုင်းမှာ အရေးကြီးပါတယ်
ဒါလေးကတော့
ကျနော်ရဲ့ Maldives နေ့စွဲများဖြစ်ပါတယ်
Maldivian song လေး
နားဆင်ကြည့်ပါဦးခင်ဗျာ

မျှဝေမှုကိုနှစ်သက်ရင် YES လို့မန့်ပေးပါ💟







ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၂၁၊၂၊၂၀၂၆

Address

Maldives
Male
00000

Website

Alerts

Be the first to know and let us send you an email when Maldives Resort Doctor - Dr. Aung Min Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category