Primal Care

Primal Care Quality services by ethical & quality Malaysian medical experts for the people of Myanmar

နှလုံးသားချင်းနီးစပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု (Care That Touches the Heart)ဆေးကုသမှုတိုင်းရဲ့ နောက်ကွယ်မှာ... ရင်ဆို...
13/04/2026

နှလုံးသားချင်းနီးစပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု (Care That Touches the Heart)
ဆေးကုသမှုတိုင်းရဲ့ နောက်ကွယ်မှာ... ရင်ဆိုင်ကျော်ဖြတ်ရတဲ့ သတ္တိတွေ၊ ရှင်သန်ချင်တဲ့ မျှော်လင့်ချက်တွေနဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေ အများကြီးရှိပါတယ်။
လူနာတစ်ဦးချင်းစီမှာ စိုးရိမ်ပူပန်မှုတွေ ရှိသလို၊ သူတို့ကို အားပေးစောင့်ကြည့်နေရတဲ့ မိသားစုဝင်တွေမှာလည်း မျှော်လင့်ချက်တွေ ရှိကြပါတယ်။ မလေးရှားနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ဆေးရုံ၊ ဆေးခန်းနဲ့ ဆရာဝန်တွေသက်သက်ပဲ မဟုတ်ပါဘူး။ လူနာတစ်ဦးချင်းစီရဲ့ အခက်အခဲတွေကို စိတ်ရှည်လက်ရှည် နားထောင်ပေးပြီး ကုသမှုခရီးလမ်းတစ်လျှောက် အတူတူ လက်တွဲလျှောက်လှမ်းပေးမယ့် "ဖေးမကူညီသူတွေ" ရှိနေခြင်းပဲ ဖြစ်ပါတယ်။
ပထမဆုံး ဆွေးနွေးတိုင်ပင်တဲ့အချိန်ကနေ ပြန်လည်ကျန်းမာလာတဲ့အထိ လူသားချင်းစာနာမှု၊ နွေးထွေးတဲ့ လေးစားမှုတွေနဲ့အတူ သင့်ကို အကောင်းဆုံး ဂရုစိုက်ပေးနေမှာပါ။ မလေးရှားမှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ကုသပေးရုံတင်မကဘဲ ခြေလှမ်းတိုင်းမှာ နားလည်မှုအပြည့်နဲ့ စောင့်ရှောက်ပေးခြင်း ဖြစ်ပါတယ်။ ❤️
ကြင်နာမှု၊ လေးစားမှုနဲ့ လူသားဆန်တဲ့ ကုသမှုတွေက သင့်ရဲ့ ကျန်းမာရေးခရီးလမ်းကို ပိုပြီး အဆင်ပြေချောမွေ့စေမှာ အသေအချာပါပဲ။
မလေးရှားနိုင်ငံမှာ သွားရောက် ဆေးကုသမှုခံယူလို သူတွေအတွက် ကျတော်တို့ Primal Care မှကူညီပေးဖို့အမြဲ အသင့်ရှိနေပါတယ်။
ဆက်သွယ်စုံစမ်း မေးမြန်းလိုပါက -
ဖုန်းနံပါတ် - 09 420 781 898, 09 442 245 678

"နှစ်သစ်မှာ လုပ်ငန်းဆောင်တာများ အောင်မြင်ပြီး စိတ်သစ် လူသစ် နဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း...
13/04/2026

"နှစ်သစ်မှာ လုပ်ငန်းဆောင်တာများ အောင်မြင်ပြီး စိတ်သစ် လူသစ် နဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။

"ကျန်းမာရေးအတွက် မ​​လေးရှားနိုင်ငံမှာ သွားရောက်ဆေးကုသမှု ခံယူချင်သူများအတွက်လည်း အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ အတွက်လည်း ကျတော်တို့ အသင့်ရှိနေပါတယ်"

မလေးရှားနိုင်ငံမှာ ဆေးကုသမှုခံယူခြင်းက သင့်အတွက် ဘာကြောင့် အကောင်းဆုံးဖြစ်မလဲ? 🇲🇾🏥✅ ပွင့်လင်းမြင်သာမှု ရှိခြင်း: ကုသမှုပ...
08/04/2026

မလေးရှားနိုင်ငံမှာ ဆေးကုသမှုခံယူခြင်းက သင့်အတွက် ဘာကြောင့် အကောင်းဆုံးဖြစ်မလဲ? 🇲🇾🏥

✅ ပွင့်လင်းမြင်သာမှု ရှိခြင်း: ကုသမှုပုံစံနဲ့ ကုန်ကျစရိတ်တွေကို ကြိုတင်ရှင်းပြပေးလို့ မလိုလားအပ်တဲ့ စိုးရိမ်မှုတွေ မရှိစေရပါဘူး။

✅ နိုင်ငံတကာအဆင့်မီ ကုသမှု: စနစ်တကျ ထိန်းကျောင်းထားတဲ့ ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ အကောင်းဆုံး ကုသမှုတွေကို ရရှိမှာပါ။

✅ ယုံကြည်စိတ်ချရမှု: လူနာရဲ့ ဘေးကင်းရေးကို ပထမဦးစားပေးတာကြောင့် သင့်ကျန်းမာရေးအတွက် စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်။

သင့်ရဲ့ ပြန်လည်ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုအတွက် မလေးရှားနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုက အမြဲအသင့်ရှိနေပါတယ်။

အရာအားလုံးကို စနစ်တကျ စီစဉ်ပေးထားတာကြောင့် သင်ကတော့ စိတ်အေးချမ်းသာစွာနဲ့ သင့်ရဲ့ ပြန်လည်ကျန်းမာရေးကိုပဲ အာရုံစိုက်ပြီး မိသားစုဆီ စိတ်အေးလက်အေး ပြန်နိုင်မှာပဲ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာများနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုများအကြောင်း နောက်ထပ် Post လေးတွေမှာ ထပ်ပြီးပြောပြပေးအုံးသွားမှာမို့ Page လေးကို Like & Follow လေးလုပ်ပြီး ဆက်လက်စောင့်ကြည့်ပေးပါအုံးနော်... 🛫

"တခြားနိုင်ငံကို ရောက်နေပေမယ့် ကိုယ့်အိမ်ကိုယ့်ယာလိုမျိုး နွေးထွေးမှုကို ခံစားဖူးကြလား?"မလေးရှားနိုင်ငံဟာ မလေး၊ တရုတ်၊ အ...
06/04/2026

"တခြားနိုင်ငံကို ရောက်နေပေမယ့် ကိုယ့်အိမ်ကိုယ့်ယာလိုမျိုး နွေးထွေးမှုကို ခံစားဖူးကြလား?"
မလေးရှားနိုင်ငံဟာ မလေး၊ တရုတ်၊ အိန္ဒိယနဲ့ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ စုစည်းနေထိုင်ပြီး နွေးထွေးပျူငှာတဲ့ နိုင်ငံတစ်ခုပါ။ မတူကွဲပြားတဲ့ ဘာသာတရားနဲ့ နောက်ခံယဉ်ကျေးမှု အသီးသီးရှိကြပေမယ့် အစားအစာ၊ ရိုးရာဓလေ့နဲ့ နေ့စဉ်လူမှုဘဝတွေကို အပြန်အလှန် လေးစားမှုအပြည့်နဲ့ မျှဝေနေထိုင်ကြတာကြောင့် အေးချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ် တည်ရှိနေပါတယ်။ ဒီလို နွေထွေးဖော်ရွေတဲ့ ပတ်ဝန်းကျင်ကြောင့်ပဲ လာရောက်လည်ပတ်သူတွေဟာ တစိမ်းပြင်ပလိုမခံစားရဘဲ ကိုယ့်အိမ်ကိုယ့်ယာလို စိတ်လက်အေးချမ်းမှုကို ရရှိကြတာပဲ ဖြစ်ပါတယ်။
ကဏ္ဍတော်တော်များများမှာလည်း မလေးရှားနဲ့ မြန်မာဟာ ဆင်တူညီမျှတဲ့ အချက်တွေ အများကြီးရှိပါတယ်။ နိုင်ငံနှစ်ခုလုံးဟာ မိသားစုကို အဓိကတန်ဖိုးထားတာ၊ လူကြီးသူမတွေကို ရိုသေကိုင်းရှိုင်းတာနဲ့ လူမှုအသိုင်းအဝိုင်းအပေါ် ခိုင်မာတဲ့ သံယောဇဉ်ရှိတာချင်း တူညီကြပါတယ်။ အစားအစာဟာ နေ့စဉ်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်သလို ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ယုံကြည်ကိုးကွယ်မှုတွေနဲ့ ကြင်နာတတ်တဲ့ စိတ်ရင်းစေတနာတွေကလည်း နှစ်နိုင်ငံလုံးမှာ ကြွယ်ဝလှပါတယ်။
ဒီလို တူညီတဲ့တန်ဖိုးထားမှုတွေနဲ့ ယဉ်ကျေးမှုချင်း နားလည်နီးစပ်မှုရှိတာကြောင့် မြန်မာလူမျိုး တော်တော်များများအတွက် မလေးရှားဟာ ရင်းနှီးကျွမ်းဝင်ရလွယ်တဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့်လည်း မလေးရှားဟာ ခရီးသွားရမယ့် အရပ်တစ်ခုတင်မကဘဲ ကိုယ့်အိမ်ကိုယ့်ယာလို နွေးထွေးမှုမျိုး ပေးစွမ်းနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
တကယ်လို့ မလေးရှားကို အလည်သွားခွင့်ရမယ်ဆိုရင် ဘယ်သူ့ကို အတူတူခေါ်သွားချင်လဲ? ကိုယ့်ရဲ့ မိသားစုနဲ့လား၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့လား၊ ကိုယ့်ချစ်သူနဲ့လား ဒါမှမဟုတ် တစ်ယောက်တည်းပဲ လွတ်လွတ်လပ်လပ် သွားချင်တာလား?

မလေးရှားနိုင်ငံရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာများနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုများအကြောင်း နောက်ထပ် Post လေးတွေမှာ ထပ်ပြီးပြောပြပေး သွားအုံးမှာမို့ Page လေးကို Like & Follow လေးလုပ်ပြီး ဆက်လက်စောင့်ကြည့်ပေးပါအုံးနော်... 🛫

မလေးရှားနိုင်ငံသို့ ဆေးကုသမှု ခရီးစဉ် သို့မဟုတ် ယုံကြည်စိတ်ချရသော ရွေးချယ်မှု!မလေးရှားနိုင်ငံဟာ အခုဆိုရင် ခေတ်မီကုသမှုတွ...
01/04/2026

မလေးရှားနိုင်ငံသို့ ဆေးကုသမှု ခရီးစဉ် သို့မဟုတ် ယုံကြည်စိတ်ချရသော ရွေးချယ်မှု!

မလေးရှားနိုင်ငံဟာ အခုဆိုရင် ခေတ်မီကုသမှုတွေနဲ့ လူနာတွေအပေါ် အလေးထားတဲ့ စောင့်ရှောက်မှုတွေကြောင့် နိုင်ငံတကာက ယုံကြည်အားထားရတဲ့ ကျန်းမာရေးဗဟိုချက်တစ်ခု ဖြစ်လာပါတယ်။
နိုင်ငံတကာအသိအမှတ်ပြု ဆေးရုံကြီးတွေနဲ့ ကျွမ်းကျင်ထက်မြက်တဲ့ ဆရာဝန်ကြီးတွေရှိရုံတင်မကဘဲ ကုသမှုနဲ့ပတ်သက်ရင်

✅ပွင့်လင်းမြင်သာမှုရှိတာ

✅ကုန်ကျစရိတ်တွေကို ကြိုတင်ရှင်းလင်းစွာ သိရှိနိုင်တာ

✅လူနာတွေအတွက် စိတ်အေးချမ်းသာမှု

စတာတွေပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ကုန်ကျစရိတ် သက်သာပေမဲ့ အရည်အသွေးပိုင်းကတော့ အဆင့်မြင့်မားပါတယ်။ ဘာသာစကားမျိုးစုံ ပြောဆိုနိုင်တဲ့ ဝန်ထမ်းတွေရဲ့ နွေးထွေးတဲ့ ဝန်ဆောင်မှုတွေကြောင့် မိမိအိမ်မှာ ကုသမှုခံယူနေရသလို ခံစားရစေမှာပါ။

🚨 ထူးခြားတဲ့သတင်းကောင်း
မလေးရှားနိုင်ငံရဲ့ ထိပ်တန်းဆေးရုံကြီး (၇) ခုဟာ လာမယ့် မေလ (၁၄) ရက်မှ (၁၇) ရက်နေ့အထိ (၂၀၂၆ ခုနှစ်) အတွင်း အထူးကျန်းမာရေးမစ်ရှင်အနေနဲ့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။



အသေးစိတ်သိရှိလိုပါက - 👇🏻
လပြည့်ဝန်းပလာဇာ၊ (၇) လွှာ၊ အခန်းနံပါတ် (၇၁၁) ၊ အလံပြဘုရားလမ်း၊ ရန်ကုန်မြို့။
☎️09420781898
☎️09442246789

ကျန်းမာပျော်ရွှင်တဲ့ ဘဝမျိုးဆက်သစ်တွေ ဖန်တီးပုံဖော်နိုင်ဖို့အတွက် 'From Life Creation to Life Quality' အခမဲ့ ကျန်းမာရေးဟ...
12/03/2026

ကျန်းမာပျော်ရွှင်တဲ့ ဘဝမျိုးဆက်သစ်တွေ ဖန်တီးပုံဖော်နိုင်ဖို့အတွက်
'From Life Creation to Life Quality' အခမဲ့ ကျန်းမာရေးဟောပြောပွဲကြီးနဲ့ ဆရာဝန်ကြီးတွေနဲ့အတူ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့တဲ့ Meet & Greet Session တို့ကို ဖေဖော်ဝါရီလ (၂၈) ရက်နေ့နဲ့ မတ်လ (၁) ရက်နေ့တို့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီဟောပြောပွဲကြီးမှာ တန်ဖိုးရှိတဲ့ ကျန်းမာရေးဗဟုသုတတွေ ဝေမျှပေးခဲ့ကြတဲ့ ဆရာဝန်ကြီးများ၊ ပွဲသို့ စိတ်အားထက်သန်စွာ တက်ရောက်ပေးခဲ့ကြသူတွေနဲ့ Meet & Greet Session မှာ ပါဝင်ဆွေးနွေးခဲ့ကြသူတွေ အားလုံးကို Malaysia Primal Care မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

နောင်မှာလည်း ယခုကဲ့သို့ ကျန်းမာရေးဗဟုသုတ ဝေမျှပေးမယ့် အစီအစဉ်ကောင်းတွေကို ဆက်လက် တင်ဆက်ပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့ Page လေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေခင်ဗျာ။

ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက -
လပြည့်ဝန်းပလာဇာ၊ (၇) လွှာ၊ အခန်းနံပါတ် (၇၁၁) ၊ အလံပြဘုရားလမ်း၊ ရန်ကုန်မြို့။

☎️09420781898
☎️09442246789

27/02/2026

အသက်အရွယ်ရလာလည်း ကျန်းမာစွာနုပျိုလိုတဲ့သူတွေအတွက် မလေးရှားနိုင်ငံမှ Regenerative Medicine မှာအောင်မြင်မှုများစွာရထားတဲ့ Merkel Clinic က Dr. Agani Salsabila က ဘယ်လိုသတင်းစကားတွေ ပါးထားသလဲ ❓

#အခမဲ့ကျန်းမာရေးဟောပြောပွဲ #ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကုသမှု #မလေးရှားဆေးရုံကြီး

ရင်သွေးရဖို့ ခက်ခဲနေလား ❓ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ရဖို့ စောင့်‌မျှော်နေရတုန်းလား ❓ဒီဘက်ခေတ်ကြီးထဲမှာ ရင်...
26/02/2026

ရင်သွေးရဖို့ ခက်ခဲနေလား ❓
ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ရဖို့ စောင့်‌မျှော်နေရတုန်းလား ❓

ဒီဘက်ခေတ်ကြီးထဲမှာ ရင်သွေးထွန်းကားဖို့ခက်ခဲနေတာတွေက စိတ်ဓာတ်ကျစရာတစ်ခုမဟုတ်တော့ပါဘူး။ စုံတွဲတစ်တွဲစီရဲ့ အခက်အခဲတွေကို သေချာတိုင်ပင်မယ်၊ နောက်ပြီး IVF ဖန်ပြွန်သန္ဓေသားကုသမှုကို သေချာရယူမယ်ဆိုရင် မိဘဖြစ်လာဖို့အခွင့်အရေးက ကိုယ့်အတွက်ဖြစ်လာနိုင်ပါသေးတယ်။

ဒါကြောင့်မို့လို့ ရင်သွေးထွန်းကားဖို့အဓိကကျတဲ့ ဖန်ပြွန်သန္ဓေသားကုထုံးနဲ့ပတ်သက်ပြီး ဖေဖေ၊ မေမေလောင်းလျာတွေအတွက် Primal Care ကနေမကြာခင်မှာကျင်းပတော့မယ့် “From Life Creation to Life Quality” “အခမဲ့” ကျန်းမာရေးဟောပြောပွဲကြီးမှာ Making Babies – Fertility Challenges, Options & Opportunities ဆိုတဲ့ Topic တစ်ခုအနေနဲ့ ယူဆောင်လာခဲ့ပါပြီ...။

ဒီဟောပြောပွဲကြီးမှာဆိုရင် ဖန်ပြွန်သန္ဓေသားကုထုံး အောင်မြင်မှုနှုန်း 87.5% ရှိတဲ့ မလေးရှားနိုင်ငံရဲ့ Alpha Woman Specialist Centre မှ ဝါရင့်အတွေ့အကြုံရှိဆရာဝန်ကြီး Dr. Navdeep ကနေ IVF ကုထုံးအကြောင်းတွေကို သေသေချာချာရှင်းလင်းပြောပြပေးသွားမှာဖြစ်ပြီး အသေးစိတ်မေးမြန်းလိုသူတွေအတွက်လည်း မလေးရှားကဆရာဝန်ကြီးတွေနဲ့ တစ်ဦးချင်း အသေးစိတ်ဆွေးနွေးနိုင်မယ့် Meet & Greet Session ကိုပါ စီစဉ်ပေးထားသေးတာမို့လို့ မလေးရှားနိုင်ငံမှာ ဖန်ပြွန်သန္ဓေသားကုထုံးရယူပြီး ရင်သွေးလွယ်ချင်သူ ဖေဖေ၊ မေမေလောင်းလျာတို့အတွက် လုံးဝ လုံးဝကို လက်လွတ်မခံသင့်တဲ့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို အလေးထားဆောင်ရွက်တဲ့ မလေးရှားနိုင်ငံမှာ ဖန်ပြွန်သန္ဓေသားကုထုံးနဲ့ ဖေဖေမေမေဖြစ်လာဖို့အခွင့်အရေးတွေကို လက်လွတ်မခံမိစေဖို့ အခုပဲ Register လုပ်လိုက်ပါတော့နော်....။

ပွဲတက်ရောက်ဖို့ စာရင်းပေးသွင်းလိုပါက👇🏻

https://docs.google.com/forms/d/e/1FAIpQLSe69ja6NLoAtpietmGlkIq-o19RyhhHQQnV-VUM1xPZrb1euw/viewform?usp=header

#ဖန်ပြွန်သန္ဓေသားကုထုံး
အခမဲ့ကျန်းမာရေးဟောပြောပွဲ #ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကုသမှု #မလေးရှားဆေးရုံကြီး

26/02/2026

ဒူးနာ၊ ခါးနာ၊ ပုခုံးနာ၊ အရိုးအဆစ်ဝေဒနာရှင်တွေအတွက် မလေးရှားနိုင်ငံမှ အရိုးအကြောအဆစ် ခွဲစိတ်အထူးကုအကြံပေးဆရာဝန်ကြီး Dr. Ivan က ဘယ်လိုသတင်းစကားတွေ ပါးထားသလဲ ❓

#အခမဲ့ကျန်းမာရေးဟောပြောပွဲ #ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကုသမှု #မလေးရှားဆေးရုံကြီး

24/02/2026

ဖန်ပြွန်သန္ဓေသားကုထုံးမှာ အောင်မြင်မှုနှုန်း 87.5% ထိရှိတဲ့ မလေးရှားနိုင်ငံရဲ့ Alpha Woman Specialist Centre မှ Dr. Navdeep Singh ကနေ မြန်မာနိုင်ငံက ကလေးရဖို့ခက်ခဲနေတဲ့စုံတွဲတွေအတွက် ဘယ်လိုသတင်းစကားတွေ ပါးထားသလဲ ❓

#အခမဲ့ကျန်းမာရေးဟောပြောပွဲ #ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကုသမှု #မလေးရှားဆေးရုံကြီး

မလေးရှားနိုင်ငံရဲ့ အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို မြန်မာနိုင်ငံသားတိုင်း ထိတွေ့ခံစားနိုင်အောင် စီစဉ်ပေး...
23/02/2026

မလေးရှားနိုင်ငံရဲ့ အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို မြန်မာနိုင်ငံသားတိုင်း ထိတွေ့ခံစားနိုင်အောင် စီစဉ်ပေးလျက်ရှိတဲ့ Primal Care ကနေယူဆောင်လာမယ့် “From Life Creation to Life Quality” အခမဲ့ကျန်းမာရေးဟောပြောပွဲကြီး ကျင်းပဖို့ ရက်အနည်းငယ်သာလိုပါတော့တယ် 📢📢

👉ကလေးရဖို့အခက်အခဲဖြစ်နေတဲ့ ဇနီးမောင်နှံတွေအတွက် ဖန်ပြွန်သန္ဓေသားကုထုံးအကြောင်း
👉အသက်အရွယ်ရလာလည်း ကျန်းမာစွာနုနယ်ပျိုမျစ်လိုသူတွေအတွက် Regenerative Medicine အကြောင်း
👉ဒူးနာ၊ ခါးနာ စတဲ့ အရိုးအဆစ်ဝေဒနာရှင်များအတွက် ခွဲစိတ်စရာမလိုဘဲ သက်သာစေမယ့်ကုသနည်းတွေကို

✅ဖန်ပြွန်သန္ဓေသားကုထုံး အောင်မြင်မှုနှုန်း 87.5% ထိရှိတဲ့ မလေးရှားနိုင်ငံရဲ့ Alpha Woman Specialist Centre က ဆရာဝန်ကြီးနဲ့

✅Regenerative Medicine မှာ အောင်မြင်မှုများစွာရရှိထားတဲ့ မလေးရှားနိုင်ငံရဲ့ နာမည်ကြီး Merkel Clinic က ဆရာဝန်ကြီးတွေက တစ်ရက်တည်း တစ်ချိန်တည်းမှာပဲ အသေးစိတ်ဟောပြောသွားမှာပဲဖြစ်တဲ့အပြင် တစ်ယောက်ချင်းစီနဲ့ အသေးစိတ်ဆွေးနွေးနိုင်ဖို့လည်း Meet & Greet Session ပါထည့်သွင်းပေးထားပါသေးတယ်။

ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုမှာ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ မလေးရှားမှာဆေးကုသဖို့ စိတ်ဝင်စားတယ်ဆိုရင် ကိုယ်ချစ်ရတဲ့ ကိုယ့်ရဲ့မိသားစု၊ ဆွေမျိုးတွေကို ဒီပွဲကြီးဆီ အရောက်ခေါ်ဆောင်ခဲ့ဖို့ အခုပဲ Register လုပ်ထားလိုက်ပါတော့နော်…။

ပွဲအကြောင်းအသေးစိတ်သိရှိလိုပါက 👇🏻

https://www.facebook.com/share/p/184KemR5rK/?mibextid=wwXIfr

ပွဲတက်ရောက်ဖို့ စာရင်းပေးသွင်းလိုပါက👇🏻

https://docs.google.com/forms/d/e/1FAIpQLSe69ja6NLoAtpietmGlkIq-o19RyhhHQQnV-VUM1xPZrb1euw/viewform?usp=header

#အခမဲ့ကျန်းမာရေးဟောပြောပွဲ #ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကုသမှု #မလေးရှားဆေးရုံကြီး

Address

No 32 (Mezzanine Floor), Jalan Astana 4B/KU 2
Meru
41050

Telephone

+60122737444

Website

Alerts

Be the first to know and let us send you an email when Primal Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Primal Care:

Share