Movies Channel

Movies Channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Movies Channel, Mandalay.

02/02/2026

မိန်းမတွေ ပြောကြတယ် ငါတို့အလှက
ဘာမိတ်ကပ်မှ မလိုဘူးတဲ့ တကယ်
သူတို့လိုနေတာ Plastic Surgery..😆

မ​လေးရှားမှာ ရဲဖ-မ်းခံရ​တဲ့အ​တွေ့ကြို​လေး မျှ​ဝေ​ပေးပါမယ် ကျ​နောက ပီနန်းဖက် -ဘတူး​မောင်​လေယဥ်ကွင်းအနီးမှာ စား​သောင်ဆိုင်...
02/02/2026

မ​လေးရှားမှာ ရဲဖ-မ်းခံရ​တဲ့အ​တွေ့ကြို​လေး မျှ​ဝေ​ပေးပါမယ် ကျ​နောက ပီနန်းဖက် -ဘတူး​မောင်​လေယဥ်ကွင်းအနီးမှာ စား​သောင်ဆိုင်မှာ စားဖိုမှူတာဝန်ထန်း​ဆောင်ပါတယ် -ညဖက်ဆိုင်ပိတ်ပြီး အခန်းပြန်ဖို့လုပ်​နေအချိန်မှာ ရဲ၂​ယောက်လာပြီး passport လာစစ်တယ် ကျ​နောက အိုသမားဆို​တော့ passport မရှိဘူးဗျ🥲 သူငယ်ချင်းတစ်​ယောက်​ပေးထားတဲ့ Un စာရွက်တစ်ခု​တော့ရှိတယ် အဲဒီUn ကလည်းအတုပါအစစ်မဟုတ်ဘူး ရဲက စခန်းလိုက်ခဲ့လို့​ခေါ်သွားတယ် 25-7-2011 ည၁၀နာရီ​ပေါ့ ကျ​နောဟာ ပီနန်းကအချုပ်တစ်ခုကို​ရောက်ခဲ့တယ်
ချုပ်ကို​ရောက်​တော့ အချုပ်ခန်းအထဲမှာ မ​လေးရှာနိုင်ငံသား ၅​ယောက်ရယ် ဘန်ဂါလီ၃​ယောက်ရယ်ရှိတယ် ကျ​နောကိုအချုပ်ခန်းထဲထည့်ပြီး သံတံခါးကြီးပိတ်ချလိုက်တာ ကျ​နောဘဝ တစ်ခါမှအခုလိုဝမ်းမနည်းဖူးဘူး ကျ​နော မျက်ရည်​တွေအလိုလိုကျလာပြီး က​လေးတစ်​ယောက်လို ငို​နေ​တော့တယ်😭 တစ်နာရီ​လောက်ငို​နေပြီး ကိုယ့်ကိုပြန်​တွေးမိတယ် အခုငါငို​နေလည်းဘာမှထူးမှာမဟုတ်ဘူး​ပေါ့
ကျ​နောကိုထားခဲ့တဲ့အချုပ်ခန်းက ဘယ်လို​နေလည်းဆိုတာ ​ပြောပြမယ်ဗျ ​အိမ်သာက အိပ်တဲ့​နေရာနဲ့နီးနီး​လေး ဘာအကာဆီးမှမရှိဘူး ​ရေချိုးတဲ့​နေရာလည်းအတူတူပဲ အစ​ရောက်ခါစ​တော့ ​ရေချိုး-အိမ်သာတက်တာ သူများမြင်တာအရမ်းကိုရှက်တာ ​နောက်ဆို​တော့ ​နေအသားကြသွားတယ် အချုပ်ခန်းမှာ(12)ရက်​နေပြီး တရားရုံးတက်ရတယ်ဗျ ကျ​နောနဲ့တရားရုံးအတူတက်ရသူ​တွေက ဘန်ဂါလီ(4)​ရောက်ရယ်ကျ​နောရယ်​ပေါ့ဗျာ သူတို့ကို တရားသူကြီးကအရင်စစ်တယ် နင်တို့ မ​လေးရှားလာတာ ဘယ်​လောက်ကြာပြီလည်း ဘယ်သူ​ခေါ်လာတာလည်း​ပေါ့ ​တရားသူကြီးက​မေးတယ်ဗျ သူတို့က မ​လေးစကားနားမလည်​တော့ အုအုအအဖြစ်​နေကြတယ်🥹တရားသူကြီးက စိတ်ဆိုးပြီး သူတို့(4)​ယောက်ကို ​ထောင်ဒဏ် ၅ လနဲ့ကြိမ်ဒဏ် တစ်ချက်စီ ချမှတ်လိုက်တယ် ပြီးတာနဲ့ကျ​နောကို တရားသူကြီးက အဆက်​မေးတယ် မ​လေးရှားကို ​ရောက်​နေတာကြာပြီလား​ပေါ့ မ​လေးရှားနိုသ်ငံအထဲခိုးဝင်တာ မှန်သလားမှားသလား​ပေါ့ ​မေးပါတယ်
ကျ​နောက သူတို့စကား ​အ​တော်သင့်သ​လောက်နားလည်​နေ​တော့ ​သေချာ​တော့​ဖြေ​ပေးပါတယ် တရားသူကြီးက ကျ​နောကို အမိန့်ချတယ် ​ထောင်ဒဏ်(4)လနဲ့ကျိမ်ဒဏ် တစ်ချက်​ပေါ့ (ဒီ​နေရာမှာကျ​နော​ပြောချင်တာက မ​လေးရှားမှာဖ .မ်းမိတဲ့လူတိုင်းဟာ ကြိမ်ဒဏ်မကျပါဘူး တရားသူကြီးနဲ့ပဲဆိုင်တယ်ကျိမ်ဒဏ်က တစ်ချို့တရားသူကြီး​တွေ က စိတ်အရမ်း​ကောင်းကြပါတယ်) ပြီးရင်လူတစ်ချို့က​ပြောကြတာကြားတယ် ဘယ်အချုပ်ခန်းဘယ်​နေရာက အမိန့်ချတာအရမ်းကြမ်းတယ်​ပေါ့ အဲဒါမှားတယ် စိတ်​ကောင်းရှိတဲ့ တရားသူကြီးနဲ့​တွေ့ရင် ကြိမ်ဒဏ်ကမ​ပေးပါဘူးဗျ အမိန့်ချပြီးတာနဲ့ကျ​နောကို ​​​ထောင်ကိုပို့ပါတယ် ​​ထောင်က ထိုင်းနိုင်ငံနဲ့နီး​နေပြီ pokok sana ​ထောင်​ပေါ့ အိမ်​တွေမရှိဘူးအနီးနားမှာ ဆီအုန်းခြံ​တွေပဲရှိတယ် ​တောကြီးအထဲမှာ ​ထောင်အထဲဝင်ခါအနီးအချိန်မှာ ကျ​နောကိုပို့လိုက်တဲ့ ရဲက​မှာခဲ့တယ် သူတို့ထိုင်ဆိုရင်ထိုင် ထဆိုရင်ထ​လို့ သူတို့​ပြောစကားနား​ထောင်ရင် ​နေရထိုင်ရအဆင်​ပြေလိမ့်မယ်လို့မှာခဲ့တယ် ​ထောင်အထဲအစဝင်တာနဲ့
အဝတ်အစား​တွေအကုန်ချွတ်ပြီး ထိုင်ထလုပ်ခိုင်းပါတယ် ထိုင်ထက အကြိမ်(50)လုပ်ရတယ် ဘာဖြသ်လို့အထိုင်ထလုပ်ခိုင်းတယ်ဆိုတာ ကျ​နော​ပြောပြမယ် ​ထောင်သားတစ်ချို့က ​​ဆေးလိပ်​သောက်တဲ့ ရာစင်းတို့ မီးချစ်တို့ကို ကျွတ်ကျွတ်အိပ်အထဲ သူတို့အဆင်​ပြေမယ့်အရွယ်စား ထုပ်ပြီး သူတို့ရဲ့ စအိုအထဲကို ထည့်ပြီးလာကြတယ် အဲလိုထည့်ထားရင် ထိုင်ထလုပ်တာနဲ့ထွက်ကျလာတယ် ပြီးတာနဲ့ ကီလိုချိန်ရတယ် ပြီးရင် ခန္ဓာကိုယ်မှာ ဘယ်​နေရာမှာ တက်တူးရှိလည်းလို့ သူတို့စစ်​ဆေးပါတယ် ပြီးရင် အကျ်ီနဲ့​ဘောင်းဘီအရှည်တစ်ထည်​ပေးပါတယ် အဝတ်စား​အရောင်က အဖြူ​ရောင်ပါ ​ထောင်အတွင်းက ​ထောင်သား​တွေကို အဝတ်အစားအ​ရောင်​တွေက မတူ​စေဘူး နှစ်ကြာသမား​တွေကတခြားအ​ရောင်​တွေ​ပေးတယ်
အနီ​ရောင်က (6)လအထက်ကို​ပေးတယ် အစိမ်း​ရောင်က (1)နှစ်ထက်​တွေ အဲလိုအစားစား​ပေါ့
အထဲမှာ​နေဖို့ ​ရေခွက်တစ်ခွက်ရယ် သွားတိုက်တံ တစ်​ချောင်းရယ် သွားတိုက်တံကအရိုးမပါဘူး သွားတိုက်တံကစွတ်စရာ​လေးနဲ့ အရိုးထည့်
ထားရင် ​ထောင်အထဲ စကားများရန်ဖြစ်ကြရင်အန္တရယ်ရှိလို့ပါ အစ​ရောက်တာနဲ့ ပုံစံ​တွေချ​ပေးတဲ့ အချုပ်ခန်းကိုအရင်သွားရပါတယ် ဘယ်လိုအခန်းလည်းဆို​တော့ အ​မှောင်ခန်းပါ ဘာအလင်း​ရောင်မှမရှိပါဘူး (7)ရက်​နေရပါတယ် ပြီးမှ ပုံမှန်အခန်းမှာ​နေရပါတယ် ​ထောင်အတွင်းမှာ အခန်း​တွေအများကြီးပါ တစ်ခန်းမှာ ၄ ​ရောက်​နေရပါတယ် ရန်ဖြစ်လို့မရဘူး အခန်းထဲအတူ​နေပြီး တကယ်လို့ရန်ဖြစ်ရင် အပြစ်​ပေးခံရတယ်
​ထောင်အထဲမှာ​နေရတဲ့ပုံစံကို​ပြောပြမယ်ဗျ မနက်7နာရီဆိုရင် ပုံစံထိုင်ရတယ် နိုင်ငံ​တော် သီချင်းဆိုရပါတယ် ပြီးရင် ဆန်ပြုပ်-လက္ဖက်ရည်-​ကော်ဖီ-ပဲပြုတ်ရည် တစ်​နေ့ကိုတစ်မျိုး​ကြွေးပါတယ် ​ခနနားပြီး​နေရပါတယ် မနက်၁၀နာရီဆိုရင် ​နေအပူအထဲထွက်ပြီး ​နေခိုင်းပါတယ်🥲 မ​လေးရှား​နေက ပူမှပူ ​နေ့လည် ၁၂နာရီ​လောက်မှ ထမင်း​ကြွေးပါတယ် ​ထောင်အထဲဆို​ပေမယ့် ထမင်းက​တော့စားရတာအဆင်​ပြေပါတယ် ဟင်းလည်း​ကောင်းပါတယ် ဒီလိုနဲ့​နေ့​တွေဖြတ်သန်းလာရင် လွတ်မယ့်ရက်နည်းလာရင် ကျိမ်ရိုက်ခံရမယ်သူ​တွေ ကျိမ်ရိုက်ခံရပါတယ် ​ထောင်မှာ​နေရမယ်​နေ့​တွေ ​ကုန်ပြီဆိုတာနဲ့ အချုပ်ကိုပြန်ပို့ပါတယ်အချုပ်ကို​ရောက်​တော့ ကိုယ်​နေတဲ့​နေရပ်လိပ်စာ​တွေ ​ဖောင်ဖြည့်ရပါတယ် ​လေယဥ်လက်မှတ်ဝယ်ဖို့အတွက်က မြန်မာပြည်ရဲ့ ph ပဲဖြစ်ဖြစ် ​မလေးရှားက သူငယ်ချင်းဖုန်းနံပါတ်ပဲဖြစ်ဖြစ် ​ပေးရပါတယ် သူတို့က ကို​ပေးထားတဲ့ဖုန်းနံပါတ်ကိုသူတို့ဖုန်း​ခေါ်ပြီး​လေယဥ်လက်မှတ်ဖိုး​တောင်း​ပေးပါတယ် ​လေယဥ်လက်မှတ်ဖိုးရတာနဲ့ မြန်မာပြည်ကို့ပို့​ပေးပါတယ် ရန်ကုန်​လေဆိပ်ကို​ပေါ့ ပြီးရင်ကိုယ့်အိမ်ကိုပြန်ကြတယ် ကားနဲ့ (ကျ​နောရဲ့အ​တွေကြို​လေးကို ​ရေးထားတာဖြစ်ပါတယ်)


မိဘမေတ္တာ ကြီးမားလိုက်တာ စိတ်မနှံ့ပေမယ့် အမေဖြစ်သူက ဘယ်သူမှမပေးခြင်းတဲ့အပြင်...see more
31/01/2026

မိဘမေတ္တာ ကြီးမားလိုက်တာ စိတ်မနှံ့ပေမယ့် အမေဖြစ်သူက ဘယ်သူမှမပေးခြင်းတဲ့အပြင်...see more

31/01/2026
29/01/2026

လိပ်ကြီးကိုသတ်မိလိုနောင်တရနေသောအမျိုးသား

28/01/2026

ဂျင်နီမလေးနဲ့ကျိန်စာမိနေသော်ခွေးလေးအကြောင်း

28/01/2026

သေဘေးမှဘယ်လိုလွတ်မြှောက်ခဲ့သလဲ

27/01/2026

ဖောက်ပြန်ခြင်းခံရ၏မိန်းမတစ်ယောက်ရဲ့လက်စားချေမှု
#ဘာသာပြန်

27/01/2026

နီကျားတစ်ယောက်ချစ်သူကောင်မဘေးကိုဖုန်းဝယ်ပေးနိုင်ပါမလား
#ဘာသာပြန်

27/01/2026

သေမဲ့နေကိုမြင်နိုင်စွမ်းရှိတဲ့ကလေးငယ်

26/01/2026

မိုင်းတက်နင်းမိလို့ အသက်ဘေးမှလွတ်မြှောက်ပါမလား

26/01/2026

ဝူခုံ၏ တိုက်ခိုက်ရေးအစွမ်း🔥 #ဝူခုံ

Address

Mandalay

Telephone

+959764451076

Website

Alerts

Be the first to know and let us send you an email when Movies Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram