26/02/2026
Innerchild Message 👧👦⏳⏳
ကျမ innerchild message ကိုပေးနိုင်ဖို့ ကျမရဲ့ innerchild နဲ့အတော်လေး struggle လိုက်ရပါတယ်
အဓိဌာန်အတွင်းမှာ innerchild section တစ်ခုလုပ်ပေးရဦးမှာပါ ဒါပေမယ့် ကျမဖြေရှင်းလို့မပြီးသေးလို့ အချိန်အနည်းငယ်ကျန့်ကြာနေပါတယ်
တိုက်ဆိုင်စွာနဲ့ innerchild oracle လေး TBM က Discount ချတော့ 30% off ရတာနဲ့ လက်ထဲရောက်လာချိန်မှာ ကျမဖြေရှင်းရမဲ့ အရာတွေကို သိလာပါတယ်
ယခု message ဟာ innerchild နဲ့ပတ်သတ်ပြီး healing လိုနေသူများယူနိုင်ပါတယ်
⌛⌛⌛
ကျမတို့ဟာ လူ့ဘဝကို စာရွက်အဖြူလေးနဲ့ရောက်လာတယ် ဒီစာရွက်အဖြူလေးပေါ်မှာ မှင်တွေနဲ့ရေးခြစ်ခံလိုက်ရတာ ဒါမှမဟုတ် ကိုယ်တိုင် ရေးချင်သလိုရေးခြစ်လိုက်တဲ့အခါ ကျမတို့ soul လေးဟာ fragment ဖြစ်ပြီး ငယ်ဘဝမှာ ကျကျန်ခဲ့ပါတယ်
တစ်ချို့ကလေးတွေက တိတ်ဆိတ်ခြင်းနဲ့ အဖြေရှာတယ်
ကြောက်ရွံမှုနဲ့ နာကျင်မှုတွေကို မြိုသိပ့်ခြင်းနဲ့ တိတ်ဆိတ်နေတတ်တယ်
ပြဿနာတွေကြုံလာရင် ဖြေရှင်းမဲ့အစား တစ်ခုခုပေါ်အာရုံလွှဲထားပြီး ခဏတာ စိတ်ဖြေဖျောက်မှုကိုပဲရွေးချယ်သွားကြတယ်
လူကြီးကိုပြန်မပြောရဘူး မရှုပ်ရဘူး ပြောသလိုနေဆိုပြီးအသင်ခံလိုက်ရတဲ့ကလေးဟာ သူ့ရဲ့ရပိုင်ခွင့်ကိုသူမသိတော့သလို အမြဲတိတ်ဆိတ်ပုန်းရှောင်နေတာက သူ့ရဲ့အဖြေဖြစ်ခဲ့တယ်
လိုချင်တာတွေကို မလိုချင်သလိုဟန်ဆောင်ပြီး ဂရုမစိုက်သလို ပေတေတေလုပ်ပြပြီး စိတ်ကူးယဥ်မှုတွေ အပျော်အပါးနဲ့ social media မှာအချိန်ကုန်ပြီး အထီးကျန်မှုကို ဖုံးအုပ်လိုက်တယ်
Healing tip ⌛
ကလေးဟာ ကလေးလို ဖုံးအုပ်မိတာအပြစ်မဟုတ်ပါဘူး သူ့ရဲ့အကာအကွယ်ပါပဲ
သူ့အသံကိုနားထောင်ပေးပါ သူအော်ဟစ်ငိုကြွေးနေတာကို လက်ခံပေးပါ
ခံစားချက်မဲ့နေတာမဟုတ်ပါဘူး မခံစားရဘူးလို့ လိမ်ညာထားတာ လက်ခံပေးပါ
"under the stars, I remember Warmth"
တကယ်လိုချင်ခဲ့တာ နွေးထွေးမှုနဲ့ လုံခြုံမှုပါ
Butterfly hug လေးလုပ်ပေးပါ
ခံစားချက်တွေကိုရင်ဖွင့်ပါ (သို့) ချရေးပါ
ရိုးရှင်းတဲ့ပျော်ရွှင်မှုတွေ ဖန်တီးပါ ချစ်ရသူတွေနဲ့စကားပြောပါ ၊ သဘာဝရဲ့အလှတွေကိုခံစားကြည့်ပါ
ဘဝအဆက်ဆက်က မေတ္တာတွေနဲ့ ချစ်ခင်ပေးကြတဲ့ အရာရာတိုင်းကို မြင်တဲ့အခါ အထီးကျန်မှုဟာ မြူမှုန်လေးပမာ 🥰
All Zodaic Signs
တိုက်ဆိုင်သလိုယူပါ
ချစ်တဲ့
နိုရာ
- nora