Peace of mind May our world be forever peaceful With peaceful hands in peace.

23/02/2022

ယ‌နေ့အကြိုက်‌ဆုံးပို့စ်‌

လူတစ်ယောက်ရဲ့ စိတ်ထားဟာ ကံတရားပါ
==============================

တစ်ခါက သူဌေးတစ်ဦးဟာ
ခြံတစ်ခြံဝယ်လိုက်တယ်။
ခြံထဲက အိမ်ကိုပြင်လိုက်တယ်။
ခြံနောက်မှာ နှစ်ချို့သစ်သီးပင်တွေရှိတယ်။
ဒီအိမ်ကိုဝယ်ရတဲ့အကြောင်းရင်းက
အဲဒီသစ်သီးပင်တွေကြောင့်ပါပဲ။
အဲဒီအသီးတွေကို
သူဌေးကတော် ကြိုက်နှစ်သက်လို့ပါ။

အိမ်ပြင်နေချိန်အတွင်းမှာ
မိတ်ဆွေတချို့က ဗေဒင်ဆရာခေါ်ပြီး
ကံကြမ္မာကိုကြည့်ဖို့ သူဌေးကိုအကြံပေးတယ်။
သူဌေးက ဒါတွေကို အယုံအကြည်ရှိသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိတ်ဆွေတွေကအကြံပေးတော့
ဗေဒင်ဆရာခေါ်ဖို့ စဉ်းစားလိုက်တယ်။

ဗေဒင်ဆရာက နာမည်ကြီးတစ်ဦးပါ။
ဆရာကို အဝေးကြီးကနေ ပင့်ဖိတ်ပြီး
ဘူတာမှာ သူဌေးကိုယ်တိုင်သွားကြိုခဲ့ပါတယ်။ ဆရာ့ကိုခေါ်ပြီး အိမ်ကိုပြန်ရာလမ်းမှာ
သူဌေးဟာ သူ့ကားကိုကျော်ဖို့ကြိုးစားတဲ့ ကားတိုင်းကို လမ်းဖယ်ပေးခဲ့ပါတယ်။
ဒါကို ဗေဒင်ဆရာကတွေ့တော့ "ခင်ဗျားကားမောင်းတာ တော်တော်တည်ငြိမ်တာပဲ" လို့ဆိုတယ်။

သူဌေးက "ကားကျော်ဖို့ကြိုးစားသူတိုင်းဟာ အရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိလို့နေမှာပါ။ သူတို့သွားလိုရာလမ်းမှာ အချိန်နှောင့်နှေးလို့မဖြစ်ဘူး" လို့ ရယ်ပြီး ပြောပါတယ်။

အိမ်နားရောက်ခါနီး လမ်းကျဉ်းတစ်ခုမှာ သူဌေးက ကားအရှိန်ကိုလျော့လိုက်ပါတယ်။
ကလေးငယ်တစ်ယောက် လမ်းကြားကနေ ပြုံးပြုံးရွှင်ရွှင် ထွက်ပြေးလာပါတယ်။
သူဌေးက ကားဘရိတ်အုပ်ပြီး လမ်းဘေးချထားလိုက်တယ်။
ကလေးငယ် ဖြတ်ကျော်သွားပေမယ့်
သူဟာ ကားဆက်မမောင်းဘဲ ဘရိတ်ကို
နင်းပြီး လမ်းကြားဘက် ကြည့်နေတုန်းပါ။ တစ်ခုခုကို စောင့်နေသလိုပါပဲ...
ခဏနေတော့ ကလေးငယ်နောက်တစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ပြေးလာပြန်ပါတယ်။ ရှေ့ကပြေးသွားတဲ့ ကလေးနောက် လိုက်ပြေးသွားပါတယ်။

ဒါကို ဗေဒင်ဆရာက "နောက်မှာ ကလေးတစ်ယောက်ရှိသေးတယ်ဆိုတာ ခင်ဗျားဘယ်လိုသိလဲ" လို့မေးပါတယ်။

သူဌေးက .. "ကလေးဆိုတာ တစ်ယောက်ကိုတစ်ယောက် ပြေးလိုက် .. လိုက်လိုက် ဆော့ကစားကြတယ်။ သူ့တစ်ယောက်တည်းနဲ့တော့ အဲလောက် ပြုံးပြုံးရွှင်ရွှင်ပြေးလွှားနေမှာ မဟုတ်လို့ပါ.." လို့ဆိုတယ်။

အိမ်ကိုပြန်ရောက်တော့ သူဌေးက ကားပေါ်ကဆင်းပြီး ခြံတံခါးဖွင့်ဖို့ သော့ထုတ်တော့ အိမ်နောက်ခြံထဲမှာ ငှက်တချို့ ရုတ်တရက် ထပျံသွားတာကို တွေ့လိုက်တယ်။ သူဌေးက ခြံတံခါးမဖွင့်သေးဘဲ အားနာတဲ့ပုံစံနဲ့ "ဆရာ... ခဏလောက် စောင့်ပါနော်" လို့ဆိုတယ်။

ဘာကြောင့်လဲလို့ ဆရာကမေးတော့ သူဌေးက"အိမ်နောက်ခြံထဲမှာ ကလေးတွေ သစ်သီးဝင်ခိုးနေတယ်ထင်တယ်။ ကျွန်တော်တို့ အခုချိန်ဝင်သွားရင် ကလေးတွေလန့်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရင်
ခြေလက်တွေကျိုးမှာ စိုးတယ်။
သူတို့ကို ပေးခူးလိုက်မယ်... ကျွန်တော်တို့ ခြံပြင်ဘက်ကို အရင်ပတ်ကြည့်ကြတာပေါ့" လို့ဆိုတယ်။

သူဌေးရဲ့ပြောစကားကိုကြားတော့ ဆရာက တစ်ချက်စဉ်းစားလိုက်ပြီး "ကျွန်တော့်ကို ဘူတာပဲပြန်ပို့လိုက်ပါ။ ဒီအိမ်သားတွေရဲ့ကံကြမ္မာကို
ကျွန်တော်မကြည့်တော့ပါဘူး" လို့ပြောတယ်။

သူဌေးက တအံ့တသြနဲ့ ဘာဖြစ်လို့လဲ
မေးတော့ ဆရာက
"ဟုတ်ပါတယ်... ခင်ဗျားသာရှိရင် ခင်ဗျားရှိတဲ့အရပ်က တကယ်ကောင်းတဲ့နေရာမို့ပါ" လို့ရှင်းပြတယ်။

လူရဲ့အပြုအမူက ကံတရားဖြစ်ပါတယ်။
အပြုအမူလုပ်ရပ် ကောင်းတယ်၊ ကြင်နာတတ်တယ်၊ ကိုယ်ချင်းစာတရားလက်ကိုင်ထားရင် သူဘယ်ရောက်ရောက် သူရောက်တဲ့
အရပ်ဟာ ကံကောင်းတဲ့အရပ်ဖြစ်တယ်။
ဆန့်ကျင်ဘက်အနေနဲ့ အကျင့်စရိုက်မကောင်းသူ၊
ကိုယ်ချင်းစာတရား ကင်းမဲ့သူတွေဟာ
ဘယ်လိုပဲ ကြိုးစားရုန်းကန်လည်း အကျိုးမဖြစ်ထွန်းပါဘူး။

ကိုယ်ကိုယ်တိုင်ဟာ အရာအားလုံးရဲ့ ရင်းမြစ်ဖြစ်ပါတယ်။
------------* ----------* ------------

Crd #သုတစုံလင်

🙏ကျေနပ်စရာဘဝ🙏________________လူ့ဘဝဆိုသည်ကား မြင့်မြတ်သော ဘဝ ဖြစ်၏။ မြင့်မြတ်သော ဘဝ ဖြစ်သည့်အတွက် ကျေနပ်စရာဘဝပင် ဖြစ်၏။ က...
16/02/2022

🙏ကျေနပ်စရာဘဝ🙏
________________
လူ့ဘဝဆိုသည်ကား မြင့်မြတ်သော ဘဝ ဖြစ်၏။
မြင့်မြတ်သော ဘဝ ဖြစ်သည့်အတွက်
ကျေနပ်စရာဘဝပင် ဖြစ်၏။

ကျေနပ်စရာဘဝ ဖြစ်ပါလျက် တချို့လူများသည်
မကျေနပ်ကြ။

ဘာကြောင့်နည်း။
လိုချင်မှု မက်မောမှုတို့ လွန်ကဲနေသောကြောင့်တည်း။

တချို့လူများသည် ဘယ်လောက်ရရ မကျေနပ်၊
ဘယ်လောက်ရှိရှိ မကျေနပ်ကြ။

" လိုသေးတယ် လိုသေးတယ်" ဆိုပြီး သောက
ဖြစ်နေကြ၏။

"ဥပါဒါန်ကြောင့် ဥပါဒ်ရောက်" ဆိုသကဲ့သို့ လိုချင်မှု
စွဲလန်းမှုတို့ကြောင့် ဒုက္ခရောက်နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ပစ္စည်း စုဖို့ လိုသကဲ့သို့ တရားရှာဖို့လည်း
လိုအပ်လှပေသည်။

ဘဝဆိုသည်ကား သစ္စာအမြင်နှင့် ကြည့်လျှင်
ဒုက္ခပင် ဖြစ်သည်။

လူ့ဘဝလည်း ဒုက္ခ၊ နတ်ဘဝလည်း ဒုက္ခ၊
ဗြဟ္မာဘဝလည်း ဒုက္ခပင် ဖြစ်သည်။

ဘာကြောင့် လူနတ်ဗြဟ္မာများကို ကျေနပ်စရာဘဝဟု
ဆိုရသနည်းဟူမူ အပါယ်လေးဘုံနှင့် နှိုင်းယှဉ်လျှင်
ဒုက္ခနည်းသောကြောင့် ဖြစ်သည်။

မှန်၏။ ခွေး ဝက်စသော တိရစ္ဆာန်တို့နှင့် နှိုင်းယှဉ်ကြည့်လျှင်
လူ့ဘဝသည် ကျေနပ်စရာဘဝပင် ဖြစ်သည်။

ကိုယ့်စိတ် ကိုယ်ပိုင်၏။ ကိုယ့်အလုပ် ကိုယ်လုပ်လို့ ရ၏။
အကောင်းအဆိုးကို ဝေဘန်နိုင်စွမ်း ရှိ၏။

ကုသိုလ်ကောင်းမှုများကို တပိုင်တနိုင် လုပ်နိုင်၏။
ဤသည်ကား လူ့ဘဝ၏ အနှစ်သာရ ဖြစ်သည်။

ထို့ကြောင့် ဤအခြေအနေကို ကြည့်လျှင်ပင်
လူ့ဘဝသည် ကျေနပ်စရာ ကောင်းလှပေသည်။

အရေးကြီးသည်ကား ကိုယ်ရရှိနေသည့် လူ့ဘဝကို
" ကျေနပ်စရာဘဝ" ဟု သိထားဖို့ပင် ဖြစ်သည်။

မြတ်ဘုရားနှင့် သုပ္ပဗုဒ္ဓ
-------------------

အခါတပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်
ဝေဠုဝန်ကျောင်း၌ သီတင်းသုံးပြီး တရားဟောတော်မူ၏။

ထိုတရားပွဲသို့ သုပ္ပဗုဒ္ဓ အမည်ရှိသော ဆင်းရဲသားတစ်ယောက်
ရောက်လာပြီး တရားနာလေသည်။

သူသည် တရားကို စူးစူးစိုက်စိုက် နာလေသည်။
တရားနာရင်း တရားမှတ်၊ တရားမှတ်ရင်း တရားနာသည့်အတွက်
တရားတော်၏အဆုံး၌ သောတာပန် ဖြစ်သွားလေ၏။

ထို့နောက် သုပ္ပဗုဒ္ဓသည် မိမိရသောတရားထူးတရားမြတ်ကို
လျှောက်ထားရန်အတွက် ဘုရားထံ သွားလေသည်။

သိကြားမင်းက သူ၏ သဒ္ဓါတရားကို အကဲခတ်လိုသောကြောင့်
ကောင်းကင်ယံအထက်ကနေ လှန်းမေးလိုက်၏။

" ဟေ့ သုပ္ပဗုဒ္ဓ ဘယ် သွားမလို့လဲ"။

" သင် ဘယ်သူလဲ"။

" ငါက သိကြားမင်းပါ"။

" အော် ဟုတ်ပီ၊ ဘာပြောစရာရှိလဲ သိကြားမင်းကြီး"။

" တခြား မဟုတ်ပါဘူးကွာ၊ မင်း ဆင်းရဲနေတာကို
ငါ မကြည့်ရက်ဘူး

၊ ဒါကြောင့် စည်းစိမ်ဥစ္စာတွေ ပေးချင်လို့ပါ၊
တစ်ခုတော့ ရှိတယ်၊ ဘုရားဟာ ငါတို့အတွက် ဘာမှ
အကျိုး မရှိဘူး၊

အလကားပဲလို့ ပြောရလိမ့်မယ်၊ ဒီလို ပြောရင်
မင်းကြိုက်တာ ပြော၊ ငါ ပေးမယ်"။

" သိကြားမင်းကြီး မိုက်လှချည်လား၊ ဘယ်လိုများ
ပြောလိုက်တာလဲဗျာ၊

ကျုပ်က အသက်ကိုသာ အသေခံမယ်၊
ဘုရားဟာ အလကားပဲလို့တော့ ဘယ်တော့မှ
ပြောမှာ မဟုတ်ဘူး"။

" ဘာဖြစ်လို့လဲ သုပ္ပဗုဒ္ဓ"။

" ကျုပ်ရင်ထဲ ဘုရား ရှိတယ်၊ ငါးပါးသီလ
ခါးဝတ်ပုဆိုးလို မြဲတယ်၊ တရားကိုလည်း စွဲစွဲမြဲမြဲ
အားထုတ်နေတယ်၊

ဒါကြောင့် ကျုပ်ဘဝကို ကျေနပ်တယ်၊ ကျုပ်က
အပူသည် မဟုတ်ဘူး၊

ကျုပ်ဘဝက အင်မတန် ငြိမ်းချမ်းတယ်၊
ရှင်းအောင် ပြောမယ်ဗျာ၊ ကျုပ်က လူချမ်းသာဗျ" ။

သုပ္ပဗုဒ္ဓ၏ ရဲရဲတောက်စကားကြောင့်
သိကြားမင်းကြီး ဘာမှ ပြန် မပြောတော့ဘဲ
ပြန်သွားလေတော့သည်။

တကယ်တော့ သုပ္ပဗုဒ္ဓသည်
ဆင်းရဲသားတစ်ယောက်ပင် ဖြစ်၏။

သို့သော် သူ့ဘဝကို ကျေနပ်နေသူ ဖြစ်သည်။
ဘာကြောင့်နည်း၊ တရားရှိသောကြောင့်တည်း။

သူသည် တရားရှိနေသည့်အတွက် ဘယ်အရာကိုမှ
တမ်းတမ်းစွဲ မဖြစ်တော့ပေ။

ရတာလေးနှင့် ဝအောင် စား၏။
ရှိတာလေးနှင့် လှအောင် ဝတ်၏။

အလုပ်ကိုလည်း ရိုးရိုးသားသား လုပ်၏။
ထို့ကြောင့် သူ့ဘဝကို ကျေနပ်နေခြင်း ဖြစ်သည်။

နည်းလမ်းငါးသွယ်
--------------------

လူ့ဘဝသည် နေတတ်လျှင် ကျေနပ်စရာပင် ဖြစ်ပါ၏။
နေတတ်ဖို့အတွက် နည်းလမ်း သိဖို့ လို၏။

နည်းလမ်း သိလျှင် လက်တွေ့ကျင့်ရမည် ဖြစ်၏။
သို့မှလည်း ကိုယ့်ဘဝကို ကျေနပ်မည် ဖြစ်သည်။

၁။ "မနေ့က ငါထက် ဒီနေ့ငါ သာစေရမည်" ဟူသော
ခံယူချက်နှင့် အလုပ်ကို ရိုးရိုးသားသား ကြိုးကြိုးစားစား
လုပ်ရမည်။

၂။ မတရားလောဘကို ဖယ်ရှားပြီး ရှိသည့်အရာနှင့်
ကျေနပ်ရမည်။

၃။ ဘာပဲလုပ်လုပ် ဆင်ခြင်တုံတရားနှင့် ချင့်ချိန်ကာ
ဖြစ်နိုင်ချေ ရှိသော အလုပ်ကို ဦးစားပေး လုပ်ရမည်။

၄။ အပျော်အပါး အသောက်အစား တို့ကို ရှောင်ကြဉ်ပြီး
သူတပါးကို တတ်နိုင်သမျှ ကူညီရမည်။

၅။ အနန္တောအနန္တငါးပါးကို ဦးထိပ်ထားပြီး
ကုသိုလ်ကောင်းမှုများကို တပိုင်တနိုင် ပြုလုပ်ရမည်။

ဤကဲ့သို့ နေမည်ဆိုလျှင် ဘဝသည် ကျေနပ်စရာပင်
ဖြစ်ပါ၏။

ဘဝသက်တမ်း ကြည့်မည်ဆိုလျှင် နေဖို့အချိန်ကား
တဖြေးဖြေးနှင့် နည်းနည်း လာလေပြီ။

နေဖို့အချိန် နည်းလေလေ သေဖို့အချိန်က
နီးလေလေပင် ဖြစ်သည်။

ထို့ကြောင့် မသေခင် အချိန်လေးမှာ မကျေနပ်မှုတို့ဖြင့်
အချိန်မဖြုန်းသင့်တော့။

ဘဝကို ဓမ္မဖြင့် အလှဆင်ဖို့ အချိန်ရောက်နေပြီ ဖြစ်သည်။
သို့မှသာ ကိုယ်ရရှိနေသည့် လူ့ဘဝသည်
" ကျေနပ်စရာ ဘဝ" ဟု ဆိုရမည် ဖြစ်ပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

မေတ္တာ စမ်းရေ အေးမြပါစေ..
🌱

သမ္ဗုဒ္ဓေဂါထာအကြောင်း        ==========သမ္ဗုဒ္ဓေဂါထာတော်က၂၇ခေါက်ကျော်ရင် အိမ်စောင့်နတ်၊ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူးပ...
04/02/2022

သမ္ဗုဒ္ဓေဂါထာအကြောင်း
==========

သမ္ဗုဒ္ဓေဂါထာတော်က၂၇ခေါက်ကျော်ရင် အိမ်စောင့်နတ်၊ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူး
ပြိတ္တာကတော ဂါထာအစကြားတာနဲ့ တစ်ချိုးတည်းလစ်ပြေးပါတယ်…

ကျောင်းထိုင်ပြတ္တာကြီးတွေ အခြားဂါထာတွေပရိတ်တွေလိုက်ဆိုပြနိုင်ပေမယ့် သမ္ဗုဒ္ဓေစရွတ်တာနဲ့လစ်ပြေးတာပါပဲ
ပြေးတဲ့နောက်ကလိုက်ရွတ်၊သူကိုယ်ရောင်မဖြောက်ပြေးနိုင်ပါဘူး….

သမ္ဗုဒ္ဓေဂါထာတော်တစ်နေ့တစ်ထောင်မကရွတ်ရင် နတ်တွေသိကြားမင်းတွေထက်တောင်ဘုန်းကြီးလာနိုင်ပြီး စိတ်က တောင့်တရင် သူတို့တွေကောင်းကောင်းနေမရပါဘူး….
လိုက်ဖြည့်စည်းပေးရပါတယ် သမ္ဗုဒ္ဓေဂါထာတော်ဟာနေမင်းကြီးနဲ့တူပါတယ်…

သဲစုမကဘုရားတွေရှိခိုးရတာကြောင့် အရမ်းအစွမ်းထက်ကြောင်းအနည်းငယ် ဗဟုသုတအနေနဲ့ တင်ပြလိုက်ပါတယ်….

သမ္ဗုဒ္ဓေဂါထာ/ မြန်မာပြန်

(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒှါဒသဉျစ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊
နမာမိ သိရသာမဟံ။

နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။

(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန်တာ နိဗ်ဗူတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရနေ နမာ မဟံ။

ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား အဆုံးမရှိကုန်။
ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်းရိုသေစွာရှိခိုးပါ၏။

(၃) နမက်ကာရာနုဘာဝနေ၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကအန္တရာယာပိ၊
ဝိနာသန္တု အသေသတော။

ရှိခိုးရသည့်အာနုဘော်ကြောင့် ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေသတည်း။

ဘေးအန္တရယ်ဟူသမျှကင်းဝေးပြီး
ချမ်းသာစေခြင်းအကျိုးငှာ ……

ရင့်ကျက်လာတာနဲ့အမျှ ၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ်ဆိုတဲ့အကြောင်း သိလာတယ်။ ၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရကောင်းမှ...
14/12/2021

ရင့်ကျက်လာတာနဲ့အမျှ

၁။ စစ်မှန်တဲ့ သူငယ်ချင်းက
ရှားပါးတယ်ဆိုတဲ့အကြောင်း
သိလာတယ်။

၂။ မိဘတွေကို ပိုပြီး
ကျေးဇူးတင်ရကောင်းမှန်း
သိလာတယ် ။

၃။ လူတွေရဲ့ အတော်မသတ်နိုင်တဲ့
လောဘအကြောင်း
ပိုပြီးနားလည်လာတယ်။

၄။ လောကကြီးအတွက်
တစ်ခုခုပေးဆပ်လိုက်တိုင်း
လောကကြီးက ကျွန်တော်တို့ကို
ထိုက်တန်တဲ့ ချီးမြှင့်မှုတွေ
ပြန်ပေးတယ်ဆိုတာ သိလာတယ်။

၅။ တစ်ယောက်တည်း
အချိန်ဖြုန်းရတာက
ပျင်းစရာကောင်းတဲ့
အလုပ်မဟုတ်ကြောင်း သိလာတယ်။

၆။ ချစ်ခြင်းမေတ္တာဆိုတာ
အတင်းလုပ်ယူလို့မရတဲ့
ဆုလာဘ်တစ်ခုဆိုတာ သိလာတယ်။

၇။ စိတ်ချမ်းသာကိုယ်ကျန်းမာနေရဖို့က
ကျွန်တော်တို့ရဲ့ ပထမဦးစားပေး ဖြစ်ကြောင်း
သိလာတယ်။

၈။ လူ့အကြိုက် (၁၀) ခါလိုက်လည်း...
မလိုက်တစ်ခါရှိခဲ့ပါမူ
ကြီးစွာရန်သူစွဲ မှတ်ယူတဲ့ အကြောင်းလည်း
သိလာတယ်။

၉။ တစ်ချို့လူတွေဟာ...
တိရစ္ဆာန်ထက်တောင်...
ယုတ်မာကောက်ကျစ်ကြပြီး....
လူယုတ်မာကိုလည်း အားပေးထောက်ခံကြသေးတာကိုလည်း သိလာခဲ့တယ်။

၁၀။ တစ်ချို့ လူတွေဟာ
ကောက်ကျစ်..
ယုတ်မာ ရိုင်းစိုင်းနေပါလျက်...
စွတ်စွဲခံရ ဆင်းရဲကြတာ
ဘာကြောင့်လဲဆိုတာကိုပါ...
ကျွန်တော် သိလာတယ်။

၁၁။ ကံနဲ့ ကံအကျိုးပေး... ကို
ကျွန်တော် အနည်းငယ် သိလာပြီးနောက်... သူတစ်ပါးမကောင်းကြောင်း...
သူတစ်ပါးအတင်းအဖျင်း ပြောလျှင်...
ရရှိလာမယ့် အကုသိုလ်ကံ... ကံဆိုးတွေလည်း ကျွန်တော်သိလာခဲ့တယ်။

၁၂။ လောကကြီးမှာ...
မဖြစ်သင့်တာ မရှိ...
မတရားတာမရှိ...
တရားသဘော... အနည်းငယ်လည်း
သိလာတယ် ။

၁၃။ အရာရာဟာ..
ဆုပ်ရင်ကွဲတယ်...
ကြဲရင်မြဲတယ် ဆိုတဲ့...
နိယာမ သဘောကိုလည်း သိလာခဲ့တယ်။

၁၄။ စိတ်နဲ့ရုပ် သာမည ဖြစ်နေတာမို့
ရုပ်လက္ခာကြည့်ပြီး
လူတွေရဲ့ အကျင့်စရိုက်ကို
ယေဘုယျ အနည်းငယ် ခန့်မှန်းတတ်လာတယ်။

၁၅။ ဘဝကို
နောင်တကင်းစွာ ဖြတ်သန်းရင်း
အတိတ်ကိုပြန်ကြည့်ရင်း
သူတစ်ပါးအပေါ် စိတ်နှလုံး 3ပါး နဲ့
ယုတ်မာလှည့်စားကောက်ကျစ်မှုမရှိ
ကိုယ့်ကြောင့်
သူတစ်ပါး ထိခိုက်နစ်နာမှုမရှိအောင်
နေတတ်လာတယ်။


တကယ်တန်းတော့ ဘဝဆိုတာ
အချိန်တိုလေးပါပဲ
ခဏလေးလိုဘဲ
နေခွင့်ရတဲ့အခိုက်အတန့် ခဏလေးမှာ
အမုန်းတွေ
အတ္တမာန်မာနတွေ
အငြိုးအတေးတွေနဲ့
မရှင်သန်ချင်ပါဘူး
ပိုခွင့်လွှတ်တတ်သူဟာ
ပိုမြင့်မြတ်တဲ့သူပါပဲ.

Reference to fbနည်းပညာ

ဘုရားစာရွတ်ဖတ်ခြင်း၊ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဂုဏ်တော် ပွားခြင်း စသည်ဖြင့် ဗုဒ္ဓဘာသာ၀င်တို့ သာမာန်နေ့စ...
13/12/2021

ဘုရားစာရွတ်ဖတ်ခြင်း၊ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဂုဏ်တော် ပွားခြင်း စသည်ဖြင့် ဗုဒ္ဓဘာသာ၀င်တို့ သာမာန်နေ့စဉ်ဘ၀တွင် ကျင့်သုံး နေကြသည့် အလေ့အကျင့်များကို ကုသိုလ်တော့ ရသည်၊ နိဗ္ဗာန်မရဟုဆိုကာ ကပျက်ကချော် ပြောဟောသွန်သင် နေကြသော ဓမ္မကထိက များလည်း ယနေ့ခေတ်တွင် တော်တော်ထွန်းကား ရေပန်းစားလျက် လူကြိုက်များ နေကြတာ တွေ့ရပါတယ်။ ဗုဒ္ဓဘာသာကို လေ့လာဆန်းစစ်မယ် ဆိုရင် ကောင်းမြတ်တဲ့ အလေ့အကျင့်တွေဟာလည်း တစ်ဖက်တစ်လမ်းမှ အနှစ်သာရအနေဖြင့် တည်ရှိနေတာကို တွေ့ရပါတယ်။ ဘုရားစာ ရွတ်ဖတ်တာဟာ ကိုယ်နားမလည် ပေမယ့် စေတနာကောင်းကောင်းဖြင့် ရွတ်ဖတ်မယ် ဆိုရင် ကောင်းကျိုး တွေပေးနေတာပါပဲ။ ဘုရားရှင်ကို သိကြားမင်းက ဂါထာနဲ့ရွတ်ဖတ် ပူဇော်တာတွေ၊ အရှင်သောဏမထေရ်ကို ဘုရားရှင်က အရွတ်အဖတ်ကောင်းလို့ ကောင်းချီးပေးခဲ့တာတွေ၊ ဖားနတ်သားဟာ ပဌာန်းသံကို နားမလည်ပါပဲလျက် နားထောင်ကောင်း၍ နားထောင်နေစဉ် နွားကျောင်းသား တုတ်ဖြင့်ထောက်မိ၍ သေသွားတော့ နတ်ပြည်မှာ ဖားနတ်သားဖြစ်သွားတဲ့ သာဓက၊ လင်းနို့သားငါးရာ ရဟန်းတွေရွတ်တဲ့ပဌာန်းတရားကို အမြဲ နားထောင်နေခဲ့ရတဲ့ ကျေးဇူးကြောင့် ဒီဘုရားရှင်လက်ထက် အရှင်သာရိပုတ္တရာထံမှ ပဌာန်းတရားနာကြားရပြီး ရဟန္တာဖြစ်သွားတာတွေ စသည်ဖြင့် သာဓကတွေများစွာ ရှိပါတယ်။ နန္ဒမင်းသားမှ ရဟန်းဖြစ်လာသော အရှင်နန္ဒဟာလည်း နတ်သမီးရချင်လို့ ဘုရားပေးတဲ့ဂါထာ ရွတ်နေရင်းနဲ့ ရဟန္တာဖြစ်သွားခဲ့တာ အထင်အရှားပါပဲ။ ကိုယ်နှစ်သက်တဲ့ပါဠိတော်တွေ ပဌာန်းဖြစ်စေ၊ ဓမ္မစကြာဖြစ်စေ၊ ပရိတ်ဖြစ်စေပေါ့။ ရွတ်ဆိုခြင်းဟာ နားပင်မလည်သော်လည်း အကျိုးမယုတ်ပါဘူး။ ဘုရားရှင်ရဲ့နှုတ်တော်ထွက်စကားတော်တွေ ဖြစ်တာကြောင့် ဘုရားရှင်ရဲ့ အသံတော်တွေ ကိုယ့်သန္တာန်မှာ ကိန်းအောင်းလာတာပေါ့။ ကိုယ့်သန္တာန်ဟာ ဘုရားလည်း ကိန်း၊ တရားလည်းကိန်းတော့ မြင့်မြတ်တဲ့ အသွင်သို့ ကူးပြောင်းလာတာပါ။ ပြောချင်တာက ရွတ်ဖတ်ခြင်း၊ ပူဇော်ခြင်းဖြင့်လည်း ကောင်းကျိုးရတယ်၊ ဆိုးကျိုးမဖြစ်ဘူးဆိုတာပါ။ ပြီးတော့ ရွတ်ဖတ်တာဟာ ဗုဒ္ဓဘာသာ၀င်တို့ရဲ့ အစဉ်အလာ တစ်ရပ်လည်း ဖြစ်တယ်ဆိုတာပါပဲ။ ဒါကို နိဗ္ဓာန်ရောက်ကြောင်းမဟုတ်လို့ မလုပ်သင့်ဘူးလို့ ပယ်လိုက်မယ်ဆိုရင် ကောင်းမြတ်တဲ့ ဗုဒ္ဓဘာသာရဲ့ အစဉ်အလာတွေ ကျိုးပဲ့ပျက်စီး သွားတော့မယ်လေ။

ရှိခိုးခြင်း၊ ဦးချခြင်း၊ ပူဇော်ခြင်း၊ အရိုအသေပေးခြင်းဆိုတာဟာ ဗုဒ္ဓဘာသာရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုတွေပါ။ ဘုရား၊ ပုထိုး၊ စေတီ၊ ဆင်းတု စသည်ကိုတွေ့လျှင် မိမိတို့နားလည်သည့်ဘာသာနဲ့ ရှိခိုးမယ်၊ ဂုဏ်တော်ပါဠိရွတ်ဆို ရှိခိုးမယ်ဆိုရင် ယဉ်ကျေးမှုရှိတဲ့ ဗုဒ္ဓဘာသာ၀င်တစ်ယောက်ဖြစ်ပြီပေါ့။ ဆွမ်းတော်ကပ်မယ်၊ ရေတော်ကပ်မယ်၊ ဆီမီးနဲ့ပူဇော်မယ်ဆိုရင် ဗုဒ္ဓကို ရိုသေရာရောက်ပါတယ်။ လေးစားရာလည်း ရောက်ပါတယ်။ ကြည်ညိုရာလည်း ရောက်ပါတယ်။ ကိုးကွယ်ရာလည်း ရောက်ပါတယ်။ ရဟန်းတော်တွေတွေ့တော့လည်း လက်အုပ်ချီသင့်တဲ့နေရာမှာ လက်အုပ်ချီ၊ ဦးချသင့်တဲ့နေရာမှာ ဦးချ၊ ပူဇော်သင့်တဲ့နေရာမှာ ပူဇော်၊ သက်ကြီးရွယ်အို၊ ဆရာသမား၊ ဘိုးဘွားမိဘ စသည်တို့အပေါ်မှာလည်း ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပေးခြင်းဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှု အစစ်ဖြစ်ပါတယ်။ ရိုသေခြင်း၊ ကိုင်းညွတ်ခြင်းဖြင့် ဂုဏ်မသိမ်ပါဘူး၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုလိုက်နာသူဖြစ်လို့ ဂုဏ်ပင်တက်ပါတယ်။ လူချစ်လူခင် ပေါလာမယ်၊ ရိုသေလေးစားသူတွေ များလာမယ်။ တကယ်လိုက်နာကြည့်လျှင် တကယ်လက်တွေ့ ရရှိနိုင်တဲ့အကျိုးတရားတွေပါ။ ဒီယဉ်ကျေးမှုတွေကို နိဗ္ဓာန်ရောက်ကြောင်းမဟုတ်လို့သာ ပယ်လိုက်ကြမယ်ဆိုရင် ဗုဒ္ဓဘာသာဟာ ယဉ်ကျေးမှုကင်းမဲ့တဲ့ ဘာသာတစ်ရပ်အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

ပုတီးစိပ်တာကိုလည်း အပြင်းအထန် ကန့်ကွက်တဲ့ ဓမ္မကထိကလေသံတွေ မိုးလျှံနေအောင် ကြားခဲ့ရပါတယ်။ ထေရဝါဒမဟုတ်ဘူး၊ မဟာယာနကလာတာ၊ ဟိန္ဒူဝါဒကလာတာ စသည်ဖြင့်ပေါ့။ ဘယ်ကလာသည်ဖြစ်စေ သူ့ရဲ့ အကျိုးဆက်ကိုကြည့်လိုက်တော့ ဆိုးကျိုးမရှိပါဘူး။ ပုတီးတစ်လုံး ဂုဏ်တော်တစ်ချက်ပွားနေမယ်၊ ပုတီးတစ်လုံး ဂါထာတစ်ပုဒ်ရွတ်နေမယ်၊ ပုတီးတစ်လုံး ပဌာန်းတစ်ချက် စိပ်နေမယ်ဆိုရင် ပုတီးနဲ့မှတ်ပြီး ကုသိုလ်တွေ ပွားနေတာဖြစ်တော့ ကောင်းကျိုးပဲ တွေ့ရပါတယ်။ ဆိုးကျိုး ဆိုးပြစ် ဘာတစ်ခုမှ မတွေ့ရပါဘူး။ ဂုဏ်တော်ပွားတာ ကိုယ်နားမလည်တဲ့ ပါဠိတွေရွတ်နေတာ၊ ပါဠိဆိုတာ ကုလားစကားတွေဆိုပြီး အရိုအသေ တန်အောင် ပေါ့လျော့သွားအောင် ပြောဟောနေကြတာတွေလဲ ကြားရပါရဲ့။ ပါဠိကို ဘုရားဟောတဲ့စကားဖြစ်လို့ ဘုရားစကား၊ ဘုရားစာလို့သာ မှတ်ထားလိုက်မယ်ဆိုရင် ဘုရားကို ပိုမိုကြည်ညိုလာမှာပဲ။ ဘုရားက ကုလားဖြစ်တော့ ကုလားစကားနဲ့ပဲ ဟောမှာပေါ့။ ပုတီးစိပ်တာဟာ မည်သည့်ဝါဒမှ ယူသုံးထားသည်ဖြစ်စေ ဗုဒ္ဓဘာသာတို့ရဲ့ အလေ့အကျင့်ဖြစ်လာခဲ့ပြီမို့ ဗုဒ္ဓဘာသာတို့ရဲ့ ဓလေ့ထုံးစံတစ်ရပ်အဖြစ်နဲ့သာ လက်ခံလိုက်စမ်းပါ။ ပုတီးစိပ်ခြင်း ဖြင့်လည်း စိတ်ကို ထိန်းနိုင်သလို သမာဓိကိုလည်း အထိုက်အလျောက် ထူထောင်လို့ရပါတယ်။

ဗုဒ္ဓဘာသာချင်းတူပေမယ့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယဉ်ကျေးမှုချင်း၊ အစဉ်အလာချင်း၊ ဓလေ့ထုံးစံချင်တော့ တူချင်မှတူပါလိမ့်မယ်။ မြန်မာပြည်ရောက်လာတဲ့ ဗုဒ္ဓဘာသာသည် မြန်မာလူမျိုးတို့နဲ့ သဟဇာတဖြစ်တဲ့ ဗုဒ္ဓဘာသာ ဖြစ်လာတယ်။ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှု၊ အစဉ်အလာ၊ ဓလေ့ထုံးစံနဲ့ ရောနှောပေါင်းစပ် သွားတဲ့အခါကျတော့ ခွဲခြားလို့မရတော့ပါဘူး။ ဒီအတိုင်းပဲ ထိုင်းရောက်တဲ့ဗုဒ္ဓဘာသာက ထိုင်းလူမျိုးတွေနဲ့ သဟဇာတဖြစ်တဲ့ ဗုဒ္ဓဘာသာဖြစ်နေပြီး ထိုင်းယဉ်ကျေးမှု အစဉ်အလာ ဓလေ့ထုံးစံတို့နဲ့ ရောနှောပေါင်းစပ် သွားတာပါပဲ။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေ အခြေခံပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးနဲ့ ကိုက်ညီတဲ့ ယဉ်ကျေးမှု အစဉ်အလာ ဓလေ့ထုံးစံတွေကို ရှေးရှေးခေတ်ကာလကပင် လေ့ကျင့်လိုက်စားလာခဲ့ကြတော့ ဒီနေ့ခေတ်မှာ ဆိုရင် ဘာသာယဉ်ကျေးမှုနဲ့ နိုင်ငံယဉ်ကျေးမှု ခွဲခြားလို့တောင် မရတော့လောက်အောင် ပေါင်းစပ်နေတာ တွေ့နိုင်ပါတယ်။ မည်သို့ပင် ရောနှောပေါင်းစပ်လို့နေသော်လည်း တူညီချက်တစ်ခုတော့ ရှိမြဲဖြစ်ပါတယ်။ အဲဒါ ဘာလဲဆိုရင် ဘုရား တရား သံဃာအရိပ်အောက်က ယဉ်ကျေးမှု အစဉ်အလာ ဓလေ့ထုံးစံဖြစ်နေတာပါပဲ။

ဗုဒ္ဓဘာသာမှာ ယဉ်ကျေးမှုရယ်၊ အစဉ်အလာရယ်၊ ဓလေ့ထုံးစံရယ် ဒီသုံးမျိုးကို ပယ်လိုက်မယ်ဆိုရင် အသွင်အပြင်မဲ့ ဘာသာတစ်ခုဖြစ်သွားပါလိမ့်မယ်။ ခရစ်ယန်မှာလည်း သူ့ဘာသာအလိုက် ယဉ်ကျေးမှု၊ အစဉ်အလာ၊ ဓလေ့ထုံးစံရှိသလို မွတ်ဆလင်မှာလည်း ရှိ၊ ဟိန္ဒူ စတဲ့အခြားဘာသာတွေမှာလည်း သူ့နည်းသူ့ဟန်နဲ့ ရှိနေကြတာပဲ။ ဒို့ဗုဒ္ဓဘာသာတွေက အသွင်အပြင်တွေခွါချလိုက်မယ်ဆိုရင် အ၀တ်မဲ့လူသားပမာ ဘာသာရဲ့ အလှတရားတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။

12/12/2021
"စိတ်ဓာတ်"========        လူတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့်က....." စိတ်ဓာတ်"အပေါ် အများကြီး မူတည်နေပါတယ်။ "စိတ်ဓာတ်" မြင့်မား...
09/12/2021

"စိတ်ဓာတ်"
========

လူတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့်က.....
" စိတ်ဓာတ်"အပေါ် အများကြီး မူတည်နေပါတယ်။

"စိတ်ဓာတ်" မြင့်မားရင် " ဘဝ"မြင့်မားမှာဖြစ်ပြီး။
"စိတ်ဓာတ်" နိမ့်နေရင် ......
ငွေချမ်းသာလည်း ဘဝက နိမ့်ကျနေမှာပါ။

"စိတ်ဓာတ်" မြင့်မားတယ်ဆိုတာ ဘယ်လိုဟာကို ခေါ်သလဲ...?
{ ၁ } ရိုးသားမှူ
{ ၂ } ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ် ၊ အပြောတွေအပေါ် တာဝန်ယူမှူ။
{ ၃ } အရှိကို အရှိအတိုင်း ရိုးသားစွာ ဖော်ပြတတ်မှူ။
{ ၄ } မကောင်းတာလုပ်လုပ် ၊ ကောင်းတာပဲလုပ်လုပ် စည်းစနစ်ကျမှူ။
{ ၅ } ကိုယ်မှားရင် မှားတယ်လို့ ဝန်ခံရဲတဲ့ သတ္တိရှိမှူ။
{ ၆ } အခြားသူရဲ့ နှာခေါင်းပေါက်နဲ့ အသက်မရူတတ်သူ။
{ ၇ } အပြောတစ်မျိုး / အလုပ်တစ်မျိုး မလုပ်တတ်သူ။
{ ၈ } ကိုယ်မှန်တယ်ထင်ရင် ရှင်ဘုရင်တောင် ပြန်ပြောရဲသလို။
ကိုယ်မှားပြီး ဆိုရင်လည်း သူတောင်းစားတောင် ....
တောင်းပန်ဖို့ ဝန်မလေးတတ်သူ။
{ ၉ } အမှန်တရားကိုလက်ကိုင်ထားသူ ၊

စိတ် သည် ဘဝ ၊ ဘဝ သည် စိတ်ပါ...။
စိတ်ဓာတ် မကောင်းမှတော့ မှန်လိုပဲ .....
ဘဝလည်း ချောလာစရာ အကြောင်း မရှိပါ။

ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး......
" ဂွင်"ဆိုတဲ့ တစ်နပ်စား ကြံစည်နေမှတော့
တစ်နပ်စားပြီး စားစရာ မကျန်တော့ရင် ငတ်ပြီပေါ့။

ပညာတွေ ဘယ်လောက်ပဲ တော်တော် ......
စိတ်ဓာတ်တွေ မကောင်းရင်တော့ အသုံးမဝင်သလို .....
အရည်အချင်းတွေ ဘယ်လောက်ပဲ ရှိရှိပါ။
စည်းကမ်း မရှိရင်တော့ ......
ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပါပဲ။

သူငယ်ချင်း .......
"ဘဝ" မြင့်မားပြီး အဆင့်အတန်းမြင့်တဲ့ ......
လူသား တစ်ယောက် ဖြစ်ချင်ရင်တော့
"စိတ် "ကို အရင်ပြင်ကြည့်လိုက်ပါ။😊
🙏🙏🙏ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်

Credit; ✍️

အတင်းပြောသူကို တားနည်းတစ်နေ့တော့ အတွေးအခေါ် ပညာရှင်ကြီး ဆိုကရေးတီး (Socrates)ကို …အိမ်နီးနားချင်းဖြစ်သူ အလွန် အတင်းအဖျင်...
09/12/2021

အတင်းပြောသူကို တားနည်း

တစ်နေ့တော့ အတွေးအခေါ် ပညာရှင်ကြီး ဆိုကရေးတီး (Socrates)ကို …

အိမ်နီးနားချင်းဖြစ်သူ အလွန် အတင်းအဖျင်း ပြောတတ်တဲ့ လူတစ်ယောက် ရောက်လာပါ တယ်။

ပညာရှင်ကြီးကလဲ ဒီလူဟာ အတင်းအဖျင်း အရမ်းပြောတတ်မှန်း သိထားပါတယ်။

ရောက်ရောက်ချင်းပဲ
အဲဒီလူက စကားစပါတော့တယ်။

"ဆရာကြီးခင်ဗျာ ဒီနေ့မနက် ဆရာကြီးနဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ကြားခဲ့ပါတယ်။

အဲဒါပြောပြချင်လို့ ထမင်းတောင်
မစားပဲ ပြေးလာတာပါတဲ့ "

ဆိုကရေးတီးက သူ့စကားကိုမဆက်ဖို့ လက်ကာ
ပြထားလိုက်ပြီး အခုလိုပြောလိုက်ပါတယ်။

"မင်းရဲ့သတင်းကို ငါနားမထောင်ခင်
မေးခွန်းသုံးခု မေးမယ်ကွာ။

အဲဒီမေးခွန်းတွေကို ဖြေပြီးမှ ငါမင်းရဲ့
သတင်းကို နားထောင်မယ် " တဲ့။

ထိုလူကလည်း "ဟုတ်ကဲ့ပါ ဆရာကြီး။ မေးချင်တာ မေးပါခင်ဗျာ"တဲ့။

"ပထမဆုံး ငါမေးမယ့်မေးခွန်းက မင်းပြောတဲ့ သတင်းမှာ ငါ့အတွက် ကောင်းတာပါသလား "

"မပါပါဘူးဆရာကြီး။ တကယ်တော့… "

"ကောင်းပြီ။ ငါဒုတိယမေးခွန်းကို ဆက်မေးမယ်။ မင်းရဲ့သတင်းမှာ ငါ့အတွက် အကျိုးရှိတာ ပါသလား "

" မပါပါဘူး ဆရာကြီး။ ဒါပေမဲ့…"

" အေးပါ။ ငါနောက်ဆုံး တတိယမေးခွန်းကို မေးဦးမယ်ကွာ။ အဲဒီသတင်းက အမှန်အကန် သတင်းလားကွာ"

" အသေအချာမသိပါဘူး ဆရာကြီး။
ကျွန်တော် ကြားရသလောက်ဆိုရင်…"

"ဟာကွာ…မင်းရဲ့သတင်းက ကောင်းတာမပါ။ ငါ့အတွက် အကျိုးဖြစ်တာလဲမပါ။

သတင်းမှန်လည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့
အချိန်ကုန်ခံပြီး ငါ့လာပြောတာလဲကွ။

ငါ့မှာ နားထောင်ဖို့ အချိန်မရှိဘူး။ ထွက်သွား ကွာ"ဆိုပြီး ဆိုကရေးတီးက အဲဒီလူကို မောင်းထုတ်လိုက်ပါတယ်။

ပညာရှိတို့မည်သည်မှာ အတင်းအဖျင်းစကား များကို နားထောင်ဖို့ အချိန်မပေးတတ်ကြပါ။ ။

ဗန်းမော်သိန်းဖေ

ℂ𝕣𝕖𝕕𝕚𝕥 𝐭𝐨 𝐨𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐰𝐫𝐢𝐭𝐞𝐫

ဒီဇင်ဘာလ၏ ပထမဆုံးနံနက်ခင်းမှာကျက်သရေအဖြာဖြာတိုးတက်ကြပါစေ....1.12.21
01/12/2021

ဒီဇင်ဘာလ၏ ပထမဆုံးနံနက်ခင်းမှာ
ကျက်သရေအဖြာဖြာတိုးတက်ကြပါစေ....
1.12.21

အာဠာဝက ဘီလူးဇာတ်လမ်း~~~~_________~~~~~~~~~~~~~~~~~မြတ်ဗုဒ္ဓလက်ထက်တော်က အာဠာဝကအမည်ရှိတဲ့ ဘီလူးကြီး အကြောင်းကို ဦးဇင်းဒီနေ...
30/11/2021

အာဠာဝက ဘီလူးဇာတ်လမ်း
~~~~_________~~~~~~~~~~~~~~~~~

မြတ်ဗုဒ္ဓလက်ထက်တော်က အာဠာဝကအမည်ရှိတဲ့ ဘီလူးကြီး အကြောင်းကို ဦးဇင်းဒီနေ့ေ ရးပြပါမယ် လူကြီများအနေနဲ့ ကလေးများကို ပြောပြစရာ ဇာတ်လမ်းလေး ဖြစ်သလို လူငယ်များအတွက်လဲ ဖတ်ရူလို့ကောင်းမည့် ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဦးဇင်းက ပုံပြင်လေးတစ်ပုဒ် ရေးသားဟန်နဲ့ ယက္ခသံယုတ်၊ အာဠာဝကသုတ်ကို ရေးပြပေးသွားပါမယ်။ ဒါပင်မဲ့ တကယ်ဖြစ်ခဲ့တဲ့ အောင်ခြင်း ၈ပါးမှာ တစ်ပါးအပါဝင် ဖြစ်တဲ့ဇာတ်လမ်းလေးပါ။ရှေ့တုန်းက အလွန်အင်မတန်ကြောက်စရာကောင်းပြီး သူမတူအောင် ရက်စက်တဲ့ ဘီလူးကြီးတစ်ကောင်း ရှိပါတယ်။ သူကအာဠဝီပြည်အနီးက ညောင်ပင်ကြီးတစ်ပင်မှာ ဗိမာန်နန်းတော်ကြီးနဲ့ နေပါတယ်။ တန်ခိုးလဲအင်မတန်ကြီးတဲ့ နတ်ဘီလူးကြီးပေါ့။ သူမှာလက်နက် ၉ မျိုး တောင်ရှိတယ်တဲ့ အဲဒါတွေကတော့

၁။မုန်တိုင်းလက်နက်
၂။မိုးကြီးရွာစေနိူင်တဲ့လက်နက်
၃။ကျောက်ခဲမိုးလက်နက်
၄။ဓားမိုးလှံမိုးလက်နက်
၅။မီးတောက်မိုးလက်နက်
၆။ပြာပူမိုးလက်နက်
၇။သဲမိုးလက်နက်
၈။ရွှံ့ညွန်မိုးလက်နက်
၉။အမှောင်ထုကြီးဖြစ်စေတဲ့လက်နက်တွေပါ။

ဒိလက်နက်တွေကို အဲဒိဘီလူကြီးက ပိုင်ပါတယ်တဲ့။ သူကိုအခြား ဘီလူးတွေကလဲ ကြောက်ကြရပါတယ်။ ဒေါသလဲအရမ်းကြီးတယ်တဲ့။ ဒီလက်နက်တွေထက် ကြောက်စရာကောင်းတဲ့ ဘွဲ့ ဖြူလက်နက်ကြီးလဲ အဲဒိဘီလူး ကြီးအာဠာဝကမှာရှိပါ သေးတယ်။

တစ်နေမှာတော့ မြတ်စွာဘုရားရှင်သည် အာဠာဝကနေတဲ့ ဗိမာန်ကြီးကို တစ်ပါးတည်း ကြွသွားတော်မူခဲ့ပါတယ်။ အဲဒိနေ့က အာဠာဝကဘီးလူးကြီက နတ်သဘင်အစည်းဝေးသွားနေတော့ မရှိဘူးတဲ့။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက အာဠာဝကရဲ့ ဗိမာန်ရှေ့လဲရောက်ရော တံခါးစောင့်ဘီလူးက ထွက်လာပြီး မြတ်စွာဘုရားကိုရှိခိုးပါတယ်။ အဲဒိတံခါးစောင့်ကတော့ စိတ်ကောင်းရှိတဲ့ ဘီလူးဖြစ်ပါတယ်။ မြတ်စွာဘုရားက တံခါးစောင့်ဘီလူးကို တွေ့တဲ့အခါမှာတော့ ချစ်သားဂဒ္ဒဘ သင်စောင့်နေတဲ့ ဤနန်းတော်ကြီးမှာ ငါဘုရားအား တစ်ညလောက်နေခွင့်ပြုပါတဲ့၊ ဒိတော့ တံခါးစောင့်ဘီလူးက ပြန်လျှောက်တယ်။ အရှင်ဘုရား တပည့်တော်ကတော့ တည်းခိုခွင့် ပေချင်ပါတယ်ဘုရား ဒါပေမယ့် ပိုင်ရှင်ဘီလူးကြီးကိုတော့ ခွင့်သွားတောင်းပါရစေဘုရား။ သူက အရမ်းရက်စက်ကြမ်းတမ်းလို့ တပည့်တော်တို့ ကြောက်ကြရပါတယ်ဘုရား။ အဲဒိလိုလျှောက်သတဲ့။ ဒိတော့မြတ်စွာဘုရားရှင်ကကောင်းပြီချစ်သား ငါဘုရားအား မည်သည့်အန္တရာယ်မှ မရှိ သင်နေခွင့်ပြု့လော့။ အဲဒိလို ထပ်ပြီးမ်ိန့်တော်မူပါတယ်။ တံခါးစောင့်ဘီလူးလဲ မှန်လှပါမြတ်စွာဘုရား တပည့်တော် ဘီလူးမင်းကြိးထံ လိုက်သွားပြီး လျောက်တင်လိုက်ပါအုံးမယ်ဘုရား လို့ပြောပြီး အာဠာဝကထံသို့ လိုက်သွားပါတယ်။
မြတ်စွာဘုရားရှင်သည် အာဠာဝကနေတဲ့ နန်းတော်ထဲရာက်တဲ့အခါ ဘီလူးတွေက မြတ်စွာဘုရားကို ဝိုင်းပြီးပူဇော်ကြပါတယ်။ တံခါမှူးဘီလူးက နတ်သဘင်အစည်းဝေးကို လိုက်လာပြီး မြတ်စွာဘုရား နန်းတော်ထဲသို့ ကြွတော်မူလာတဲ့ အကြောင်းပြောတဲ့အခါ အာဠာဝကဘီလူးကြီးက ယမ်းပုံမီးကျ ဒေါပွသွားပါသတဲ့ တယ်ရာရာစစ ငါ့နန်းတော်ထဲကြူးကျော်လာရတယ်လို့ အေး ငါ့အကြောင်းသိစေရမယ်လို့ ကြုံးဝါးပါတယ်။ မြတ်စွာဘုရား က အာဠာဝက ရဲ့ နန်းတော်ထဲသို့ ကြွတော်မူလာကြောင်းကို သိတဲ့အာဠာဝက၏ မိတ်ဆွေနတ်ဘီလူးနှစ်ပါးကလဲ အာဠာဝကအား ဤသို့ဆိုပါတယ်။ မိတ်ဆွေနန်းတော်ထဲကို အတုမရှိတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ကြွလာတယ် ရိုရိုသေသေပူဇော်လော့ လို့တိုက်တွန်းလိုက်ပါတယ်။ ဒါပေမယ့် မိစ္ဆဘိလူးအတွက်ကတော့ သူတော်ကောင်းတွေရဲ့ တိုက်တွန်းစကားက လှောင်ပြောင်နေသလို ဖြစ်နေပါတယ်။ အဲဒိစကားသံကြောင့်ပိုပြီး ဒေါသထွက်လာပါတော့တယ်။ ငါဟဲ့အာဠာဝက ငါဗိမာန်သို့ ကြူးကျော်လာတဲ့ ငါ့အကြောင်း ကောင်းကောင်းသိစေရမယ်ဟေ့။ အဲဒိလို ကြုံးဝါးပြီး ဒေါသတကြီးနဲ့ ဖနှောင့်ဆောင့်လိုက်တာ ဆေးဒန်းမြင်းသီလာတောင်ကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပါတယ်။

အာဠာဝက ဒေါသထွက်ပြီး မြတ်စွာဘုရားရှင် ကို သူလက်နတ်မျိုးစုံနဲ့ တိုက်ခိုက်ဖို့ ပြေးလာပါတယ်။ အာဠာဝကရဲ့ ပြေးလာတဲ့အဟုန်က မြန်လွန်းတော့ သစ်ပင်တွေတောင် ပြိုလဲကုန်တော့တာပေါ့၊ မိမိရဲ့နန်းတော်လဲရောက်ရော မောင်းမမိဿံတွေခြံရံပြီ မြတ်စွာဘုရားထံ ဘီးလူးအပေါင်းက တရားနာနေတာလဲမြင်ရော အာဠာဝကရဲ့ဒေါသက အထွက်ထိပ်ကို ရောက်သွားပါတော့တယ်။ တယ် ငါဟဲ့ အာဠာဝက ငါ့ အကြောင်းသိစေရမယ်ဆိုပြီး ကြုံဝါးတဲ့အသံကြီးက မီးတောင်ကြီး ပေါက်ကွဲသံလို ကျယ်လောင်သွားပါတယ်။ မောင်းမမိဿံတွေနှင့်တကွ အားလုံးသော ဘီလူးအပေါင်းလည်း ကြောက်လန့်ကုန်ကြပါတယ်။ ဘီလူးတွေက မြတ်စွာဘုရားအတွက် စိုးရိမ်သောက ဖြစ်နေကြရှာပါတယ်။ ဒါကိုသိတော်မူတဲ့ မြတ်ဗုဒ္ဓက ချစ်သားချစ်သမီးတို့ ငါဘုရားအတွက် စိုးရိမ်တော်မမူကြကုန်လင့်။ ဘုရားရှင်တို့အား မည်သူတစ်ဦးတစ်ယောက်မျှ အန္တရာယ်ပြုခြင်းငှာ မစွမ်းနိူင်ကုန်လို့ နှစ်သိမ့်တော်မူပါတယ်။ ဒေါသမီးဟုန်းဟုန်းတောက်နေတဲ့ အာဠာဝက ဘီလူးကြီးကြ မတ်စွာဘုရားရှင်ကို အသေသတ်ရန် လက်နက်မျိုးစုံနဲ့ စတင်တိုက်ခိုက်ပါ တော့တယ်။ သူမှာရှိတဲ့ လက်နတ်တွေထဲက ပထမဆုံး မုန်တိုင်းမိုးကိုဖြစ်စေတဲ့ လက်နက်ကြီးနဲ့ စတင်တိုက်ခိုက်တာပေါ့။ ပြင်ထန်တဲ့မုန်တိုင်းတွေ ဖြစ်ပေါ်လာပေမယ့် မတ်ဗုဒ္ဓကတော့ ဘာမှမဖြစ်ရှာပါဘူး။ နောက်တစ်ခါ အာဠာဝကကြီးက မိုးကြီးသည်းထန်စွာရွာစေနိူင်တဲ့ လက်နက်ကြီးနဲ့ ထပ်မံ တိုက်ခိုက်ပြန်ပါတယ် ဒါပေမယ့် မြတ်ဗုဒ္ဓကတော့ လှုပ်တောင်မလှုပ်ပါဘူး ဒိတော့က အာဠာဝကကြီးက အေး ဒိတစ်ခါတော့ ငါ့ရဲ့ ကျောက်ခဲမိုး လက်နက်နဲ့ တွေ့ကြသေးတာပေါ့ကွာဆိုပြီး ကျောက်ခဲမိုးတွေ ရွှာစေတဲ့ သူလက်နက်နဲ့ ထပ်မံပြီး တိုက်ခိုက်ပြန်ပါတယ်။ ကျောက်ခဲမိုးတွေက မြတ်စွာဘုရား ခြေတော်ရင်းမှာ ပန်းပွင့်တွေ ဖြစ်တော်မူကုန်ရှာပါတယ်။ သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်သည် တည်ကြည်စွာ ထိုင်တော်မူနေပါတယ် သားဆိုး တစ်ဦးကို ကြည့်နေတဲ့ဖခင်ကဲ့သို့ အာဠာဝကအား ဆုံမတော်မူရန် ကြည့်ရှု့တော်မူနေရှာပါတယ်။ ဒေါသထွက်နေတဲ့ အာဠာဝကဘီလူးကြီးကတော့ ဒေါသတွေကို မထိန်းနိူင်မသိမ်းနိူင်ဖြစ်ပြီး မြတ်စွာဘုရားရှင်ကို သဲကြီးမဲကြီး ဆက်လက်တိုက်ခိုက်နေတာ့ပေါ့။ ခုလဲမြတ်စွာဘုရားရှင်ကို အသေသတ်ဖို့ သူ့ပိုင်တဲ့ ဓားတွေလှံတွေကို မိုပေါက်တွေအလား ပစ်ခတ်ပြီး ဘုရားရှင်ကို ထပ်တိုက်ပါတယ်။ အာဠာဝက သဲကြီးမဲကြီး ပစ်လိုက်တဲ့ဓားတွေ လှံတွေက မြတ်စွာဗုဒ္ဓ ရှေ့တော်မှောက်မှာ လက်နက်အသွင်ပျောက်ပြီး ပန်းပေါက်ပေါက်အသွင် ရောက်ကုန်ပါတော့တယ်။ အာဠာဝကကြီး ကတော့ဆက်လက်ပြီး တိုက်ခိုက်နေတုန်းပါ။ ဟောခုလဲ ထပ်မံပြီး မြတ်စွာဘုရားကို မီးမိုးတွေ ပြာပူမိုးတွေနဲ့ ဆက်လက်ပြီး တုိက်ခိုက်ပြန်ပါတယ်။ သူပြစ်သမျှလက်နတ်တွေက အရာမထင်ပဲဘုရားရှင် ကိုပန်းအသွင်နဲ့ဦးခိုက်နေကြပါတယ်။ ဒေါသကြီးတဲ့ အာဠာဝကကြီးကတော့ လက်နတ်မျိုးစုံနဲ့မနားတမ်း ပစ်ခတ်နေရှာပါတယ်။ နောက်ဆုံးမှာ သူလက်နက်တွေ ဘယ်လိုမှ မြတ်စွာဘုရားရှင်ကို မထိနိူင်မှန်းသိတော့ သူ့ရဲ့ နောက်ဆုံး ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်တဲ့ ဘွဲ့ဖြူလက်နက်ကြီးကို ထုက်သုံးတော့မှာပါ။ ဘွဲ့ဖြူလက်နက်ကြီးက အလွန်ပြင်ထန်လွန်းပါတယ် ခုခေတ် အဏုမြူလက်နက်ထက်အဆပေါင်း များစွာ ပြန်ထန်ပါလိမ့်မယ်။ ဘွဲ့ဖြူလက်နက်ကြီးကို ကောင်းကင်သို့ပစ်လွှတ်လိုက်လျှင် ၁၂နှစ်တိုင်တိုင် မိုးခေါင်ပါတယ်။ မြေပြင်သို့ပစ်လိုက်လျှင် အပစ်ခံရတဲ့အရပ်မှာ ဘာသစ်ပင်မှမကျန်အောင် ပျက်စီးပြီး ပြင်းထန်သော မြေငလျင်ကြီးတွေ ဖြစ်ပေါ်လာခါ ရှိသမျှအကုန် ပျက်စီးကုန်ပါတော့တယ်။ အဲဒိအရပ်မှာ သစ်ပင်တွေ မပေါက်နိူင်တော့ပဲ ကန္ထာရကြီးဖြစ်သွားပါတယ် အကယ်၍ သမုဒ္ဒရာထဲကို ပစ်လိုက်မယ်ဆိုရင် သမုဒ္ဒရာရေတွေက မီးအိုးကင်းပေါ်မှာ ရေပေါက်တွေကျသကဲ့သို့ အပူအားကြီးလွန်းတာကြောင့် အကုန်ခမ်းခြောက် ပျက်စီးကုန်ပါတယ်။ အဲဒိလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ လက်နတ်ကြီးပါ။ ဒေါသအရမ်းထွက်နေတဲ့ အာဠာဝကကြီးက မြတ်စွာဘုရားကို သူရဲ့ နောက်ဆုံးလက်နက်ကြီးနဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ တည်ငြိမ်စွာ စံမြန်းတော်မူနေတဲ့ ဗုဒ္ဓကို မာန်တရူးရူးဖြစ်နေတဲ့ အာဠာဝကဘီလူးကြီးက တိုက်ခိုက်ရန် ကြိမ်းဝါးနေပါပြီ။ နင်လားဟဲ့ ဗုဒ္ဓ ဒိတစ်ခါတော့ ငါ့ဘွဲ့ဖြူလက်နက်ကြောင့် အစိတ်စိတ် အမွှာမွှာဖြစ်ပြီး သေလေတော့ဟဲ့ ဆိုပြီး သူရဲ့ ကြောက်မက်ဖွယ် ဘွဲ့ဖြူလက်နက်ကြီးနဲ့ ချိန်ပြီးပစ်လိုက်ပါတော့တယ်။ ဒေါသထွက်နေသော အာဠာဝကကြီး ပစ်လိုက်တဲ့ ဘွဲ့ဖြူလက်နက်ကြီးက မိုးကြိုးစက်အလား ကောက်ကင်တွင် ပြင်းတန်သော မြည်ဟီးသံကြီး ဖြစ်ပေါ်လာခါ တောတောင်တွေ တုန်လှုပ်သွားပင်မဲ့ အတုမရှိ မြတ်ဗုဒ္ဓ ထံတော်မှောက်ရောက်တဲ့အခါမှာတော့ ပန်းကုံးအသွင် ပြောင်းသွားပါတော့တယ်။ .အာဠာဝကဘီလူကြီးသည် သူရဲ့ကြောက်မက်ဖွယ်ရာ ဘွဲ့ဖြူလက်နက်ကြီးနဲ့တောင် မြတ်စွာဘုရားကို ပစ်ခက်တိုက်ခိုက်လို့ မရတာကို တွေ့တဲ့အခါမှာတော့ စဉ်းစားသွာပါတယ်။ အင်း ငါရဲ့ အစွမ်ထက်လှတဲ့ ဘွဲ့ဖြူလက်နက်တောင် ဒီရဟန်း ကိုတိုက်ခိုက်လို့မရရင် ဘယ်လက်နက်မှ တိုက်လို့ရမှာ မဟုက်လောက်တော့ပါဘူး။ ဒီရဟန်းက မေတ္တာနဲ့နေတဲ့ ရဟန်း ဖြစ်လိမ့်မယ်။ သူ့ထံမှာ မေတ္တာဓာတ်တွေ ကိန်းနေသ၍ ဘာကြီးနဲ့မှ တိုက်လို့ရမှာတော့ မဟုက်ဘူး ဒီတော့ သူ့ထံက မေတ္တာဓာတ် ပျက်စီးအောင် ငါအရင်လုပ်ရမယ်။ သူဒေါသထွက်လာတဲ့ အချိန်ကြမှ ငါသေအောင်သတ်မယ်လို့ ကြံစဉ်ပါတော့တယ်။ ထိုနောက် မြတ်စွာဘုရာကို အသံနက်ကြီးဖြင့် ဟေ့ ရဟန်း ငါပိုင်တဲ့ဗိမာန်က ယ္ခုချက်ခြင်း ထွက်သွားစမ်းလို့ အမိန့်ပေးလိုက်ပါတယ်။ ထိုအခါ မေတ္တာတော် ရှင်မြတ်စွာဘုရားသည် အို အချင်းအာဠာဝက ကောင်းပါပြီ ငါထွက်ပေးမယ် လို့မိန့်တော်မူပြီး ချက်ခြင်း ထွက်ပေးတော်မူပါတယ်။ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာသည် ဒေါသကို အကြွင်းမဲ့ ပယ်ဖျက်ပြီးသောကြောင့် ဒေါသအရိပ်ရောင် လုံးဝရှိတော်မမူပါဘူး။ အာဠာက ထပ်မံပြီး ဟေ့ရဟန်း ဗိမာန်ထဲပြန်ဝင်ပါလို ထပ်ပြောတော့လည်း မြတ်စွာဘုရားရှင်က ကောင်းပါပြီလို့ အပြုံးပန်းဖြင့် မေတ္တာတော်ရှေ့ထားပြီး ဘီးလူးကြီးရဲ့ အလိုကို လိုက်တော်မူပါတယ်။ အာဠာဝကသည် မြတ်စွာဘုရားကို သုံးကြီမ်တိုင်တိုင် ဝင်လိုက်ထွက်လိုက် စေခိုင်းပြီး ဒိတစ်ခါ ထွက်လာရင်တော့ ခြေနှစ်ချောင်းကို ကိုင်ပြီး သမုဒ္ဒရာထဲပစ်ချမယ်လို့ ကြံစည်ပါတော့တယ်။ ဘီးလူကြီးက နန်းတော်ထဲကနေ မြတ်စွာဘုရာက်ို ထွက်ခိုင်းတဲ့အခါမှာတော့ မြတ်စွာဘုရားရှင်သည် ဘီလူးကြီးအကြံကို သိသဖြင့် ထွက်တော်မမူတော့ပါဘူး။ သင် ငါနန်းတော်ထဲက ထွက်တော့လေ လို့ပြောလိုက်တဲ့အခါမှာ မြတ်စွာဘုရားက အိုအာဠာဝက ငါ့မထွက်တော့ဘူး အကယ်၍ ငါခုတစ်ခါ ထွက်လာရင် သင်က ငါကို သမုဒ္ဒရာထဲ ပစ်ဖို့ကြံနေတယ်လို့ မိန့်တော်မူလိုက်ပါ တော့တယ်။ မြတ်စွာဘုရားရှင်၏ စကားတော်ကို ကြားလိုက်ရတဲ့အခါမှာတော့ ဘီလူးကြီး အရမ်းတုန်လှုပ် အံ့သြသွားပါတယ်။ ဒိရဟန်းက သူတစ်ပါး ကြံစည်မူ့ကိုတောင်သိတယ်။ အလွန်ထူးဆန်းလေစွ။ ငါ သူကို မေခွန်းတွေ မေးရင်ကောင်မယ်လို့ ကြံစည်ပါတယ် ထိုနောက် အာဠာဝကသည် သင်ရဟန်းအား ငါမေးခွန်းတွေ မေးမယ် အကယ်၍ မဖြေနိူင်ရင်တော့ သင်ကိုမူးမေ့အောင် ပြုမယ် ရင်ကိုခွဲမယ်ပြီး သမုဒ္ဒရာထဲ ငါပစ်ချမယ်လို့ ပြောပါတယ်။ ဒိအခါ မြတ်စွာဘုရားရှင်သည်။ အချင်း အာဠာဝက ဘယ်သူမှ ငါဘုရားရှင်ကို မူးမေ့အောင်မပြုနိူင် ရင်ခွဲပြီ သမုဒ္ဒရာထဲသို့မချနိူင်ပါ။ ပြီးတော့ အလုံးစုံကို အကုန်အစင်သိတော်မူတဲ့ ငါဘုရားရှင် မဖြေနိူင်တဲ့မေးခွန်းလို့မရှိပါဘူးလို့ မိန့်တော်မူလိုက်ပါတော့တယ်။ ထိုအခါမှာ အာဠာဝကသည် မေးခွန်းတွေ စတင် မေးပါတော့တယ်။
၁။ အိုရဟန်းဂေါတမ ယောက်ျားတို့၏ အမြတ်ဆုံးဥစ္စာသည် အဘယ်အရာနည်း?
ချစ်သား အာဠာဝက ယောက်ျားတို့၏ အမြတ်ဆုံးဥစ္စာ ကတော့ သဒ္ဓါတရားဖြစ်ပါတယ်။

၂။ အိုရဟန်းဂေါတမ ဘယ်တရားသည် ချမ်းသာကိုဖြစ် စေသနည်း?
ချစ်သား ဆယ်ပါးသော သုစရိုက်တရားသည် ချမ်းသာ ကိုဖြစ်စေပါတယ်။

၃။ အိုရဟန်း အဘယ်အရာသည် အချိုဆုံးဖြစ်သနည်း?
ချစ်သား မှန်ကန်ခြင်း (သစ္စာ) သည် အချိုမြိန်ဆုံးပါ။

၄။ အဘယ်အသက်မွေးခြင်းသည် မြတ်သနည်း?
ပညာဖြင့် အသက်မွေးခြင်းသည် မြတ်၏။

၅။ အဘယ်သူသည် ကောင်းသော ကျော်ဇောခြင်းသို့ ရောက်ရသနည်း?
သစ္စာရှိသောသူသည် ကောင်းသော ကျော်စောခြင်း သို့ရောက်ရသည်။

၆။ အဘယ်သူသည် မိတ်ဆွေပေါသနည်း?
ပေးကမ်းစွန့်ကြဲတတ်သော သူသည် မိတ်ဆွေပေါ၏။

၇။အဘယ်တရားရှိသူသည် တမလွန်မှာ ချမ်းသာစွာ နေရပါသနည်း?
ချစ်သား အာဠာဝက မှန်ကန်ခြင်း (သစ္စာ)၊ အမှားအမှန် ကိုခွဲခြားတတ်တဲ့ (ပညာ)၊ အာထုက်မှု့ (ဝီရိယ)၊ စွန့်ကြဲပေးကမ်းခြင်း (စာဂ) ဤတရားလေးပါးရှိ သူသည် တမလွန်မှာ ချမ်းသာစွာနေရတယ်။ အာဠာဝကဘီလူကြီးသည် ဗုဒ္ဓမြတ်စွာမေးခွန်းများကို ဖြေဆုံးပြီးအဆုံးတွင် ဗုဒ္ဓမြတ်စွာ၏ မေတ္တာရိပ်အောက်တွင် ကျေနပ်ဝမ်းသာပီတိများ ဖြစ်ပေါ်လာပြီး သာဓု သာဓု သာဓု ပါဘုရားဟု သာဓု သုံးကြိမ်ခေါ်ပြီး မြတ်စွာ ဘုရားရှင်အား ကြည်ညိုမြတ်နိူးစွာဖြင့် လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးကန်တော့ လိုက်ပါတော့သတည်း။...................

Credit- မြတ်ဗုဒ္ဓ၏သာသနာ

မိဘကျေးဇူးနှင့်စပ်ပြီး ရှင်တော်ဗုဒ္ဓမြတ်စွာ ဟောတော်မူတဲ့တရားတော် တစ်ရပ်ကိုလဲ ဖတ်ကြည့်စေချင်တယ် သူတော်ကောင်းတို့---------...
28/11/2021

မိဘကျေးဇူးနှင့်စပ်ပြီး ရှင်တော်ဗုဒ္ဓမြတ်စွာ ဟောတော်မူတဲ့တရားတော် တစ်ရပ်ကိုလဲ ဖတ်ကြည့်စေချင်တယ် သူတော်ကောင်းတို့----------

ဗြဟ္မာ နှင့် ဆရာ အလှူခံပုဂ္ဂိုလ်အမြဲရှိနေသောအိမ်။
မြတ်ဗုဒ္ဓက…
ရဟန်းတို့ --- အကြင်အမျိုးသမီးတို့၏ သားသမီးများအိမ်၌ မိဘတို့သည် ကျွေးမွေးပြုစု ပူဇော်မှုကို ခံကြရကုန်၏၊ ထိုအမျိုးတို့သည် ဗြဟ္မာရှိနေသော အမျိုးများဖြစ်ကြ၏၊ ထိုအမျုိးိတို့သည် လက်ဦးဆရာရှိနေသော အမျိုးများဖြစ်ကြ၏၊ ထိုအမျိုးတို့သည် အလှူခံပုဂ္ဂိုလ်အမြဲ
ရှိနေသော အမျိုးများဖြစ်ကြသည်။
[အဂုင်္တ္တိုရ်, တိကနိပါတ်, ပဌမပဏ္ဏာသက, ဒေဝဒူတ, ပထမသုတ်။]

“ဗြဟ္မာ” ဆိုတာကိုနားလည် ကြရဲ့လား သူတော်ကောင်းတို့ ---

နတ်ပြည်၏ အထက်မှာ “ဗြဟ္မ့ပြည်"ဆိုတာရှိ်တယ်ကွဲ့၊ အဲဒီဗြဟ္မာတွေမှာ သူများရဲ့ အကျိုးကို လိုလားတဲ့မေတ္တာစိတ်, သနားတဲ့ ကရုဏာစိတ်, ချမ်းသာတာမြင်လျင် ဝမ်းမြောက်တဲ့ မုဒိတာစိတ်, သနားစရာ ဝမ်းမြောက်စရာ တွေ့ပြန်လျှင် ကံအတိုင်း ဖြစ်ကြရ တာပဲဟု သဘောထားတတ်သော ဥပေက္ခာစိတ်၊ အဲဒီလေးမျိုးနဲ့ နေကြတာများတယ်၊ မိဘများလဲ သားသမီးအပေါ်မှာ ဒီလိုစိတ်လေးမျိုးထားတတ်လို့ မိဘ တွေကို “ဗြဟ္မာလို့”ခေါ်တယ်၊မိဘများ စိတ်လေးမျိုးထားပုံကို ဆက်ပြောဦးမယ်။
"သဗြဟ္မာကာနိ ဘိက္ခဝေ တာနိ ကုလာနိ, ယေသံ ပုတ္တာနံ မာတာ ပိတရော အဇ္ဈာဂါရေ ပူဇိတာ ဟောန္တိ၊ သပုဗ္ဗစရိယကာနိ ဘိက္ခဝေ တာနိ ကုလာနိ, ယေသံ ပုတ္တာနံ မာတာပိတရော အဇ္ဈာဂါရေ ပူဇိတာ ဟောန္တိ။
အာဟုနေယျာနိ ဘိက္ခဝေ တာနိ ကုလာနိ, ယေသံ ပုတ္တာနံ မာတာပိတရော အဇ္ဈာဂါရေ ပူဇိတာ ဟောန္တိ"။
[အင်္ဂုတ္တိုရ်, တိကနိပါတ်, ပဌမပဏ္ဏာသ, ဒေဝဒူတဝဂ်, ပထမသုတ်။]

မေတ္တာစိတ်။ ။ မိခင်ဝမ်းထဲမှာ ကလေးများနေတုန်းက (မမွေးခင်က) “င့ါကလေးရဲ့ မျက်နှာကို ကိုယ်အဂါင်္ ပြည့်ပြည့်စုံစုံနဲ့ ဘယ်တော့ မြင်ရပါ့မလဲ” ဟုတွေ့မြင်ချင်တဲ့ ချစ်မေတ္တာ စိတ်တွေဖြစ်နေတယ်။

ကရုဏာစိတ်။ ။ သားကလေး သမီးကလေးက ပက်လက်ကလေး အိပ်နေတုန်း ခြင်တုိ့ ကြမ်းပိုးတို့က ကိုက်လို့ နို့ဆာလို့ ငိုသံ ကြားလိုက်ပလားဆိုလျှင် အင်မတန်သနားတဲ့ ကရုဏာစိတ် ဖြစ်ကြရတယ်၊ အဲဒီငိုသံကြားတဲ့အခါ အပြေးလာရပြီး ချော့ကာ နို့တိုက်ကြတယ်၊ နို့ရည်ဆိုတာလဲ မေတ္တာကြီးလွန်းလို့ဖြူဖွေးပြီးထွက်လာရတဲ့ သွေးတွေပဲကွဲ့၊ ဘယ့်လောက် အမေများဟာ မေတ္တာ ကြီးသလဲဆိုတာ ဒို့သူတော်ကောင်းများ ကိုယ့်တွေ့ဖြစ်မှ သိကြမယ်နော်။

မုဒိတာစိတ်။ ။ သားကလေး သမီးကလေးက မတ်တတ်ပြေးလုိ့ ကစားနေတဲ့အခါ, ကျောင်းတက်ပြီးစာသင် နေတဲ့အခါ, စာမေးပွဲအောင်လာလို့ အတန်းတက်ရတဲ့အခါ, ဆယ့်ငါးလေးနှစ် အရွယ်ကျလုိ့ ဝဝဖြိုးဖြိုးနဲ့အလှတိုးနေတဲ့အခါ အဲဒီအခါမျိုးမှာ သားသမီး မျက်နှာကို ကြည့်ကြည့်ပြီးသိပ်ဝမ်းသာတဲ့ မုဒိတာစိတ် ဖြစ်ကြတယ်တဲ့။

ဥပေက္ခာစိတ်။ ။သားသမီးများအိမ်ထောင်ခွဲပြီးသူ့စီးပွားနဲ့သူ နေကြတဲ့အခါ (နေရာတိုင်း ကြောင့်ကြမများတော့ဘဲ) လျစ်လျူထားသော ဥပေက္ခာများလဲ ဖြစ်ကြရတယ်လေ။

ဗြဟ္မာများ။ ။ဒါ့ကြောင့် ဗြဟ္မာများ စိတ်လေးမျိုးနဲ့နေကြသလို မိဘများလဲ သားသမီးတို့ အပေါ်မှာ စိတ်လေးမျိုးထားကြသောကြောင့် မိဘတို့ကို ဗြဟ္မာလို့ခေါ်တော်မူတယ်၊ အဲဒီမိဘများ ကို အမြဲပြုစုထားတဲ့အိမ်ဟာ ဗြဟ္မာရှိသောအိမ်လို့
ရှင်စော်မြတ်စွာက မိန့်တော်မူခဲ့ပါတယ်။

လက်ဦးဆရာ။ ။ မိဘများဟာ သားသမီးတုိ့ကို ငယ်ငယ်လေးကစပြီးစကားတတ်အောင် သင်တယ်၊ ဝတ်တတ် စားတတ်အောင် သင်တယ်၊ လူထဲသူထဲမှာ အနေအထိုင် တတ်အောင် သင်တယ်၊ တချို့မိဘများမှာ ဘုရားရှိခိုးသင်ပေးသေးတယ်၊ လိမ္မာယဉ်ကျေးအောင် သင်ပေးတယ်၊ ဒါကြောင့် လက်ဦးပထမ သင်ပေးတဲ့ ဆရာအစစ်ဟာ မိဘနှစ်ပါးသာဖြစ်တယ်၊ ဒါကြောင့်မိဘပြုစုတဲ့အိမ်မှာ လက်ဦးဆရာ အမြဲရှိသောအိမ်လို မြတ်ဗုဒ္ဓကမိန့်တော်မူတယ်၊ အဲဒီမိဘနှစ်ပါးဟာ သားသမီးများရဲ့ ဆရာသာ မကသေးဘူး၊ မြေးကလေးတွေရလာတော့ မြေးကလေးများကိုလဲ ထိန်းပြီး လိမ္မာအောင် သင်ပြလို့ မြေးကလေးများရဲ့ ဆရာလဲဖြစ်ရှာကြသေးတယ်။
အလှူခံထိုက်သူ။ ။ သားသမီးတို့ အပေါ်မှာ မေတ္တာများများနှင့် သွန်သင်ပြသဆုံးမသော မိဘနှစ်ပါးကို ပြုစုသော သားသမီးများကို လူတိုင်းကလဲ ချီးမွမ်းတယ်, နတ်တွေလဲ ကြည်ညိုတယ်, ပြုစုတဲ့ ကုသိုလ်တွေကလဲ စင်စင်ကြယ်ကြယ်နဲ့နောက်ဘဝမှာ ချမ်းသာအောင် အကျိုးပေးမယ်၊ ဒါကြောင့် မိဘများဟာ သားသမီးတို့ရဲ့အလှူကို ခံထိုက်သော အလှူခံပုဂ္ဂိုလ်မြတ်လဲ ဖြစ်ကြတယ်၊ အဲဒီ မိဘနှစ်ပါးကို ပြုစုထားတဲ့အိမ်မှာ အလှူခံပုဂ္ဂိုလ်ကောင်းအမြဲရှိနေသောအိမ်ပဲဟု မှတ်ထားကြ၊ ကိုင်း, အရှင်က ဓမ္မမိတ်ဆွေ သူတော်ကောင်းတို့ကို ပြန်မေးဦးမယ်၊ ဗုဒ္ဓမြတ်စွာက မိဘနှစ်ပါးကို နာမည် သုံးမျိုး ပေထားတယ်၊ အဲဒီနာမည်သုံးမျိုးကို မှတ်မိထားလားလို့ပြောကြစမ်းပါအုံးဗျာ။
ဓမ္မမိတ်ဆွေ အပေါင်းသူတော်ကောင်းတို့ -------
မိဘတို့ကို
၁။ ဗြဟ္မာ လို့ခေါ်တယ်။
၂။ လက်ဦးဆရာ လုိ့လဲခေါ်တယ်၊
၃။ အလှူခံ ပုဂ္ဂိုလ် လို့လဲ ခေါ်တယ်ဟု ပြောတတ်ပါစေ။
သူတော်ကောင်းအပေါင်းတို့ ရဲ့ နှလုံးသားဝယ် ကုသိုလ် စေတနာတွေ ထက်သန်စွာဖြင့် မှတ်သားထားကြပြီး "မာတာ ပိတု ဥပဌာနံ" မိဘလုပ် ကျွေး ဘေးရန်ဝေးတဲ့ မင်္ဂလာတရားနဲ့ အညီ
မြင်မိုရ်ကျေးဇူး မိဘများကို စွမ်းအားရှိသမျှ
လုပ်ကျွေး ပြုစုကာ ပြန်လည်စောင့်ရှောက်နိုင်ကြပါစေကုန်သတည်း။

အရှင်နန္ဒိယ(နေပြည်တော်)
မဟာချူလာလောင်ကွန်းတက္ကသိုလ်
Unicode
မိဘကျေးဇူးနှင့်စပ်ပြီး ရှင်တော်ဗုဒ္ဓမြတ်စွာ ဟောတော်မူတဲ့တရားတော် တစ်ရပ်ကိုလဲ ဖတ်ကြည့်စေချင်တယ် သူတော်ကောင်းတို့----------

ဗြဟ္မာ နှင့် ဆရာ အလှူခံပုဂ္ဂိုလ ်အမြဲရှိနေသောအိမ်။
မြတ်ဗုဒ္ဓက…
ရဟန်းတို့ --- အကြင်အမျိုးသမီးတို့၏ သားသမီးများအိမ်၌ မိဘတို့သည် ကျွေးမွေးပြုစု ပူဇော်မှုကို ခံကြရကုန်၏၊ ထိုအမျိုးတို့သည် ဗြဟ္မာရှိနေသော အမျိုးများဖြစ်ကြ၏၊ ထိုအမျုးိတို့သည် လက်ဦးဆရာရှိနေသော အမျိုးများဖြစ်ကြ၏၊ ထိုအမျိုးတို့သည် အလှူခံပုဂ္ဂိုလ်အမြဲ
ရှိနေသော အမျိုးများဖြစ်ကြသည်။
[အဂုၤတ္တိုရ်, တိကနိပါတ်, ပဌမပဏ္ဏာသက, ဒေဝဒူတ, ပထမသုတ်။]

“ဗြဟ္မာ” ဆိုတာကိုနားလည် ကြရဲ့လား သူတော်ကောင်းတို့ ---

နတ်ပြည်၏ အထက်မှာ “ဗြဟ္မ့ပြည်"ဆိုတာရှိတယ်ကွဲ့၊ အဲဒီဗြဟ္မာတွေမှာ သူများရဲ့ အကျိုးကို လိုလားတဲ့မေတ္တာစိတ်, သနားတဲ့ ကရုဏာစိတ်, ချမ်းသာတာမြင်လျင် ဝမ်းမြောက်တဲ့ မုဒိတာစိတ်, သနားစရာ ဝမ်းမြောက်စရာ တွေ့ပြန်လျှင် ကံအတိုင်း ဖြစ်ကြရ တာပဲဟု သဘောထားတတ်သော ဥပေက္ခာစိတ်၊ အဲဒီလေးမျိုးနဲ့ နေကြတာများတယ်၊ မိဘများလဲ သားသမီးအပေါ်မှာ ဒီလိုစိတ်လေးမျိုးထားတတ်လို့ မိဘ တွေကို “ဗြဟ္မာလို့”ခေါ်တယ်၊မိဘများ စိတ်လေးမျိုးထားပုံကို ဆက်ပြောဦးမယ်။
"သဗြဟ္မာကာနိ ဘိက္ခဝေ တာနိ ကုလာနိ, ယေသံ ပုတ္တာနံ မာတာ ပိတရော အဇ္ဈာဂါရေ ပူဇိတာ ဟောန္တိ၊ သပုဗ္ဗစရိယကာနိ ဘိက္ခဝေ တာနိ ကုလာနိ, ယေသံ ပုတ္တာနံ မာတာပိတရော အဇ္ဈာဂါရေ ပူဇိတာ ဟောန္တိ။
အာဟုနေယျာနိ ဘိက္ခဝေ တာနိ ကုလာနိ, ယေသံ ပုတ္တာနံ မာတာပိတရော အဇ္ဈာဂါရေ ပူဇိတာ ဟောန္တိ"။
[အင်္ဂုတ္တိုရ်, တိကနိပါတ်, ပဌမပဏ္ဏာသ, ဒေဝဒူတဝဂ်, ပထမသုတ်။]

မေတ္တာစိတ်။ ။ မိခင်ဝမ်းထဲမှာ ကလေးများနေတုန်းက (မမွေးခင်က) “င့ါကလေးရဲ့ မျက်နှာကို ကိုယ်အဂါၤ ပြည့်ပြည့်စုံစုံနဲ့ ဘယ်တော့ မြင်ရပါ့မလဲ” ဟုတွေ့မြင်ချင်တဲ့ ချစ်မေတ္တာ စိတ်တွေဖြစ်နေတယ်။

ကရုဏာစိတ်။ ။ သားကလေး သမီးကလေးက ပက်လက်ကလေး အိပ်နေတုန်း ခြင်တု့ိ ကြမ်းပိုးတို့က ကိုက်လို့ နို့ဆာလို့ ငိုသံ ကြားလိုက်ပလားဆိုလျှင် အင်မတန်သနားတဲ့ ကရုဏာစိတ် ဖြစ်ကြရတယ်၊ အဲဒီငိုသံကြားတဲ့အခါ အပြေးလာရပြီး ချော့ကာ နို့တိုက်ကြတယ်၊ နို့ရည်ဆိုတာလဲ မေတ္တာကြီးလွန်းလို့ဖြူဖွေးပြီးထွက်လာရတဲ့ သွေးတွေပဲကွဲ့၊ ဘယ့်လောက် အမေများဟာ မေတ္တာ ကြီးသလဲဆိုတာ ဒို့သူတော်ကောင်းများ ကိုယ့်တွေ့ဖြစ်မှ သိကြမယ်နော်။

မုဒိတာစိတ်။ ။ သားကလေး သမီးကလေးက မတ်တတ်ပြေးလု့ိ ကစားနေတဲ့အခါ, ကျောင်းတက်ပြီးစာသင် နေတဲ့အခါ, စာမေးပွဲအောင်လာလို့ အတန်းတက်ရတဲ့အခါ, ဆယ့်ငါးလေးနှစ် အရွယ်ကျလု့ိ ဝဝဖြိုးဖြိုးနဲ့အလှတိုးနေတဲ့အခါ အဲဒီအခါမျိုးမှာ သားသမီး မျက်နှာကို ကြည့်ကြည့်ပြီးသိပ်ဝမ်းသာတဲ့ မုဒိတာစိတ် ဖြစ်ကြတယ်တဲ့။

ဥပေက္ခာစိတ်။ ။သားသမီးများအိမ်ထောင်ခွဲပြီးသူ့စီးပွားနဲ့သူ နေကြတဲ့အခါ (နေရာတိုင်း ကြောင့်ကြမများတော့ဘဲ) လျစ်လျူထားသော ဥပေက္ခာများလဲ ဖြစ်ကြရတယ်လေ။

ဗြဟ္မာများ။ ။ဒါ့ကြောင့် ဗြဟ္မာများ စိတ်လေးမျိုးနဲ့နေကြသလို မိဘများလဲ သားသမီးတို့ အပေါ်မှာ စိတ်လေးမျိုးထားကြသောကြောင့် မိဘတို့ကို ဗြဟ္မာလို့ခေါ်တော်မူတယ်၊ အဲဒီမိဘများ ကို အမြဲပြုစုထားတဲ့အိမ်ဟာ ဗြဟ္မာရှိသောအိမ်လို့
ရှင်စော်မြတ်စွာက မိန့်တော်မူခဲ့ပါတယ်။

လက်ဦးဆရာ။ ။ မိဘများဟာ သားသမီးတု့ိကို ငယ်ငယ်လေးကစပြီးစကားတတ်အောင် သင်တယ်၊ ဝတ်တတ် စားတတ်အောင် သင်တယ်၊ လူထဲသူထဲမှာ အနေအထိုင် တတ်အောင် သင်တယ်၊ တချို့မိဘများမှာ ဘုရားရှိခိုးသင်ပေးသေးတယ်၊ လိမ္မာယဉ်ကျေးအောင် သင်ပေးတယ်၊ ဒါကြောင့် လက်ဦးပထမ သင်ပေးတဲ့ ဆရာအစစ်ဟာ မိဘနှစ်ပါးသာဖြစ်တယ်၊ ဒါကြောင့်မိဘပြုစုတဲ့အိမ်မှာ လက်ဦးဆရာ အမြဲရှိသောအိမ်လို မြတ်ဗုဒ္ဓကမိန့်တော်မူတယ်၊ အဲဒီမိဘနှစ်ပါးဟာ သားသမီးများရဲ့ ဆရာသာ မကသေးဘူး၊ မြေးကလေးတွေရလာတော့ မြေးကလေးများကိုလဲ ထိန်းပြီး လိမ္မာအောင် သင်ပြလို့ မြေးကလေးများရဲ့ ဆရာလဲဖြစ်ရှာကြသေးတယ်။
အလှူခံထိုက်သူ။ ။ သားသမီးတို့ အပေါ်မှာ မေတ္တာများများနှင့် သွန်သင်ပြသဆုံးမသော မိဘနှစ်ပါးကို ပြုစုသော သားသမီးများကို လူတိုင်းကလဲ ချီးမွမ်းတယ်, နတ်တွေလဲ ကြည်ညိုတယ်, ပြုစုတဲ့ ကုသိုလ်တွေကလဲ စင်စင်ကြယ်ကြယ်နဲ့နောက်ဘဝမှာ ချမ်းသာအောင် အကျိုးပေးမယ်၊ ဒါကြောင့် မိဘများဟာ သားသမီးတို့ရဲ့အလှူကို ခံထိုက်သော အလှူခံပုဂ္ဂိုလ်မြတ်လဲ ဖြစ်ကြတယ်၊ အဲဒီ မိဘနှစ်ပါးကို ပြုစုထားတဲ့အိမ်မှာ အလှူခံပုဂ္ဂိုလ်ကောင်းအမြဲရှိနေသောအိမ်ပဲဟု မှတ်ထားကြ၊ ကိုင်း, အရှင်က ဓမ္မမိတ်ဆွေ သူတော်ကောင်းတို့ကို ပြန်မေးဦးမယ်၊ ဗုဒ္ဓမြတ်စွာက မိဘနှစ်ပါးကို နာမည် သုံးမျိုး ပေထားတယ်၊ အဲဒီနာမည်သုံးမျိုးကို မှတ်မိထားလားလို့ပြောကြစမ်းပါအုံးဗျာ။
ဓမ္မမိတ်ဆွေ အပေါင်းသူတော်ကောင်းတို့ -------
မိဘတို့ကို
၁။ ဗြဟ္မာ လို့ခေါ်တယ်။
၂။ လက်ဦးဆရာ လု့ိလဲခေါ်တယ်၊
၃။ အလှူခံ ပုဂ္ဂိုလ် လို့လဲ ခေါ်တယ်ဟု ပြောတတ်ပါစေ။
သူတော်ကောင်းအပေါင်းတို့ ရဲ့ နှလုံးသားဝယ် ကုသိုလ် စေတနာတွေ ထက်သန်စွာဖြင့် မှတ်သားထားကြပြီး "မာတာ ပိတု ဥပဌာနံ" မိဘလုပ် ကျွေး ဘေးရန်ဝေးတဲ့ မင်္ဂလာတရားနဲ့ အညီ
မြင်မိုရ်ကျေးဇူး မိဘများကို စွမ်းအားရှိသမျှ
လုပ်ကျွေး ပြုစုကာ ပြန်လည်စောင့်ရှောက်နိုင်ကြပါစေကုန်သတည်း။

အရှင်နန္ဒိယ(နေပြည်တော်)
မဟာချူလာလောင်ကွန်းတက္ကသိုလ်

ที่อยู่

Ayutthaya
13170

เบอร์โทรศัพท์

+66947713884

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Peace of mindผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram