A Tu Tu Holistic Mental Wellness Services are here for you and your beloved ones.

အခုလို အခက်အခဲကာလတွေမှာ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို တည်ဆောက်ပြီး အတူတူကျော်ဖြတ်ဖို့အတွက် ATuTu ရှိနေပါ့မယ်

😥"ငါအသုံးမကျလိုက်တာ" ဆိုတဲ့ စကားအစား🧐"ငါ့အတွက်တော့ သင်ခန်းစာပဲ" ဆိုတဲ့ စကားကိုသာ ပြောမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ ...
03/03/2026

😥"ငါအသုံးမကျလိုက်တာ" ဆိုတဲ့ စကားအစား
🧐"ငါ့အတွက်တော့ သင်ခန်းစာပဲ" ဆိုတဲ့ စကားကိုသာ ပြောမယ်ဆိုရင်
ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ ကိုယ့်အလုပ်မှာ ဘယ်လိုဖြစ်သွားမယ်ထင်ပါသလဲ။
#စိတ်ဖိစီးမှု

  ဆိုတာ နာကျင်မှုတွေကနေ သက်သာခြင်း၊ လွတ်မြောက်ခြင်းလည်း ဖြစ်တယ်။
02/03/2026

ဆိုတာ နာကျင်မှုတွေကနေ သက်သာခြင်း၊ လွတ်မြောက်ခြင်းလည်း ဖြစ်တယ်။

01/03/2026

Every good things shall start with a powerful deep breath.

ဒီမေးခွန်း အမေးခံရရင် လူတော်တော်များများက စိတ်ဆိုးကြတယ်"ဘာဖြစ်လို့ သူ့ဆီက ဒါတွေ မျှော်လင့်နေရတာလဲ" ကျမတို့ ဟိုးငယ်ငယ် ကလ...
28/02/2026

ဒီမေးခွန်း အမေးခံရရင် လူတော်တော်များများက စိတ်ဆိုးကြတယ်
"ဘာဖြစ်လို့ သူ့ဆီက ဒါတွေ မျှော်လင့်နေရတာလဲ"
ကျမတို့ ဟိုးငယ်ငယ် ကလေးဘဝတုန်းက အုပ်ထိန်းသူဆီက မရခဲ့တဲ့ အချစ်တွေကို အရွယ်ရောက်လာချိန်မှာ ချစ်သူဆီက မျှော်လင့်ကြတယ်။ တချို့ကြပြန်တော့လည်း ကလေးဘဝတုန်းက ရင်းနှီးကျွမ်းဝင်ပြီးသား ပုံစံတွေနဲ့ အလားသဏ္ဏန်ဆင်တဲ့ လူမျိုးကို သဘောကျကြတယ်။ Chaos တွေ၊ လျစ်လျုရှုခံရမှုတွေနဲ့ အသားကျခဲ့တဲ့သူမို့လို့ ဒီလိုလူတွေက ဆွဲဆောင်မှုရှိတယ်၊ ဂေါ်တယ်လို့ ထင်ခဲ့တယ်။ တစ်ဖက်မှာလည်း ကြောက်စိတ် စိုးရိမ်စိတ်တွေကို ရင်ခုန်သံတွေ၊ စိတ်လှုပ်ရှားမှု အဖြစ် မှားယွင်းကောက်ယူခဲ့တယ်။

ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါမှာတော့ "ငါဘာဖြစ်လို့ သူ့ကိုချစ်မိခဲ့ရတာလဲ... ဘာဖြစ်လို့ ငါ့ဘဝမှာ ဒီလိုလူတွေပဲ ကြုံနေရတာလဲ" အဲ့ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ်ပြစ်တင်တာတွေ၊ ကံကိုယိုးမယ်ဖွဲ့လိုက်တာတွေနဲ့ပဲ ဇာတ်သိမ်းရင်း အချစ်ကိုနာကျည်းသွားရသူတွေ အများကြီးရှိပါတယ်။

ကျမရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှာတော့ အပေါ်ကမေးခွန်းကို ဖြေကြည့်တာနဲ့ စတင်ခဲ့တယ်။ တစ်ဖက်လူဆီက ဂရုစိုက်ခံရဖို့ ၊ အချစ်ခံရဖို့ဆိုတာ ကိုယ့်ဆီမှာ မရှိနေလို့ပေါ့။ တကယ်ပဲ မရှိနေတာလား၊ မမြင်တာလား၊ ဒါမှမဟုတ် ကိုယ့်ဘာသာ ပြန်ချစ်ပေး ဂရုစိုက်ပေးလို့ရော မရဘူးလားဆိုတာတွေအတွက် အဖြေတွေ ကွက်ကွက်ကွင်းကွင်း မြင်လာပြီးနောက်မှာ အချစ်နဲ့ပဲ ပြန်လည်စတင်နိုင်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ တစ်လောကလုံးမှာ ကိုယ့်ရဲ့အချစ်တွေအတွက် အထိုက်တန်ဆုံးလူဟာ ကိုယ်ပါပဲဆိုတဲ့အမြင်နဲ့အတူ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းအားဖြင့် ပိုကောင်းတဲ့နေ့ရက်တွေကို ခေါ်ဆောင်မိပါတော့တယ်။
with love, Suri

🩷Relationship တွေမှာ သဘောထားကွဲလွဲမှုတွေ ကြုံလာတဲ့အခါ ဒီနည်းတွေနဲ့ ကိုင်တွယ်ပါ🩷_____________________✌️ခံစားချက်တွေကို အသ...
27/02/2026

🩷Relationship တွေမှာ သဘောထားကွဲလွဲမှုတွေ ကြုံလာတဲ့အခါ ဒီနည်းတွေနဲ့ ကိုင်တွယ်ပါ🩷
_____________________
✌️ခံစားချက်တွေကို အသိအမှတ်ပြု လက်ခံပေးလိုက်ပါ။ (ဉပမာ - မင်းစိတ်ဆိုးသွားတာ ငါသတိထားမိပါတယ်။)
✌️ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ကို မငြင်းဆန်ပါနဲ့။ အရှိတိုင်း တာဝန်ခံလိုက်ပါ။ (ဉပမာ - ငါ ဒါလုပ်လိုက်လို့ ခုလိုဖြစ်သွားရတာ မှန်ပါတယ်။)
✌️ပြေလည်မယ့်နည်းတွေကို ပြောပြလိုက်ပါ။ (ဉပမာ - ဒီလိုလုပ်ပေးရမလား ဆိုတာမျိုးပေါ့။)
🩷အရေးကြီးဆုံးကတော့ ထုတ်ပြောပြီး ဖြေရှင်းဖို့ပါပဲ။ လူတွေမှာ အခြားလူတစ်ယောက်ရဲ့စိတ်ကို ဖတ်လို့ရတယ်ဆိုတာမျိုးက ရှားပါတယ်။ ကိုယ်မှ ပွင့်ပွင့်လင်းလင်း မပြောပြရင် တစ်ဖက်လူက ကိုယ့်ကိုနားလည်မှာမဟုတ်ဘူးဆိုတာ မမေ့နဲ့နော် 😉

ကိုယ်မှာ ဒီလိုလူမျိုး ရှိပြီလား❓ကိုယ်ကရော ဒီလိုလူမျိုး ဖြစ်ပေးနိုင်ပြီလား❓
26/02/2026

ကိုယ်မှာ ဒီလိုလူမျိုး ရှိပြီလား❓
ကိုယ်ကရော ဒီလိုလူမျိုး ဖြစ်ပေးနိုင်ပြီလား❓

25/02/2026

က သင်ပေးတဲ့ စိတ်အေးချမ်းမှု

🚩အရင်တစ်ယောက်နဲ့တုန်းကလည်း ဒီကိစ္စနဲ့ပဲ ပြတ်ရတယ်။ အခုတစ်ယောက်နဲ့လည်း ဒီကိစ္စနဲ့ ထပ်ပြဿနာတက်ရပြန်ပြီ။ဒါတွေဘာလို့ ငါ့ကျမှ ...
25/02/2026

🚩အရင်တစ်ယောက်နဲ့တုန်းကလည်း ဒီကိစ္စနဲ့ပဲ ပြတ်ရတယ်။ အခုတစ်ယောက်နဲ့လည်း ဒီကိစ္စနဲ့ ထပ်ပြဿနာတက်ရပြန်ပြီ။
ဒါတွေဘာလို့ ငါ့ကျမှ ဖြစ်နေရတာလဲ???? ငါကံမကောင်းဘူး။ သူများတွေကို အားကျလိုက်တာ။
___
🌻ဘဝထဲက Relationship တွေမှာ ကိုယ်အမြဲတမ်းကြုံနေရတဲ့ ပြဿနာတစ်ခု ရှိနေပြီဆိုရင် ဒါ ကံဆိုးနေတာမဟုတ်ပါဘူး။ ကိုယ် ကိုင်တွယ်ဖြေရှင်းလို့ရနိုင်တဲ့ ကိစ္စတစ်ခုမို့လို့ ဖြေရှင်းလိုက်ဖို့ပဲ လိုနေတာပါ။
🌻ကျမတို့ဟာ ကိုယ့်ဘဝထဲမှာ၊ ကိုယ့်ရင်ထဲမှာ ဘယ်သူတွေကို ဘယ်လောက်နေရာပေးမလဲဆိုတာ ကိုယ်တိုင်ရွေးချယ်ထားတဲ့အရာတွေပါ။ ကိုယ့်ကို ထားသွားမှာကြောက်လို့ဆိုတဲ့ စိတ်ကြီးနဲ့ ကိုယ်အဆင်မပြေတာတွေကို သည်းခံကြိတ်မှိတ်နေတယ်။ ကိုယ့်မှာရှိတာတွေ တစ်ဖဲ့ပြီးတစ်ဖဲ့ ပေးရင်း ပေးရင်း အဆုံးသတ်မှာ ကိုယ့်အတွက် ဗလာဟင်းလင်းပဲ ကျန်တော့တဲ့အခါ နောင်တတွေနဲ့ ပြိုလဲရတယ်။
🌻ဒီလိုအခြေအနေမျိုးမှာ ကိုယ်တကယ်လိုအပ်နေတာက ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်ဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ပြစ်တင်နေဖို့ မဟုတ်ပါဘူး။
🌻"ငါလိုချင်တာ ဘာလဲ... ငါ့ဘဝထဲကို ဘယ်သူတွေကို ထည့်ထားမလဲ...ဘယ်လောက်ထိ နေရာပေးမလဲ"
🌻ကိုယ့်ရဲ့ NEED(s) တွေ သိပြီ ။ ကိုယ့်စည်းဘောင် BOUNDARY တွေလည်း သေသေချာချာ သိပြီဆိုရင် အဲ့ဒီ ထပ်တလဲလဲကြုံနေရတဲ့ နာကျင်မှု pattern တွေကို ပြောင်းလဲဖို့အတွက် လမ်းစရလာပါလိမ့်မယ်။

ချစ်တယ်ဆိုတာကလေ... ကိုယ့်ဘဝတစ်ခုလုံး သူ့ကိုပေးလိုက်တာမဟုတ်သလိုသူ့ဘဝတစ်ခုလုံးကို ကိုယ်က ပိုင်လိုက်တာလည်းမဟုတ်ဘူး။ကိုယ်နဲ့...
24/02/2026

ချစ်တယ်ဆိုတာကလေ... ကိုယ့်ဘဝတစ်ခုလုံး သူ့ကိုပေးလိုက်တာမဟုတ်သလို
သူ့ဘဝတစ်ခုလုံးကို ကိုယ်က ပိုင်လိုက်တာလည်းမဟုတ်ဘူး။
ကိုယ်နဲ့သူ ဘဝကို ရှေ့ဆက်ဖို့ အဖော်မွန်ကောင်းတစ်ယောက်ကို ရွေးလိုက်တာပဲ။ တစ်စုံတစ်ယောက်က မပျော်ရဘူး၊ ထိခိုက်နစ်နာနေရတယ်ဆိုရင် ဒါ အချစ်မဟုတ်တော့ဘူး။ အဲ့ဒီတစ်စုံတစ်ယောက်ဆိုတာ ကိုယ် ဖြစ်နေပြီလား????

"ကိုယ်ချစ်တဲ့လူက ဘာလို့ ကိုယ့်ကို နားလည်မပေးနိုင်ရတာလဲ"___လူတွေဟာ ရှင်သန်ကြီးပြင်းရာပတ်ဝန်းကျင်၊ ပြုစုပျိုးထောင်ခံရပုံတွ...
21/02/2026

"ကိုယ်ချစ်တဲ့လူက ဘာလို့ ကိုယ့်ကို နားလည်မပေးနိုင်ရတာလဲ"
___
လူတွေဟာ ရှင်သန်ကြီးပြင်းရာပတ်ဝန်းကျင်၊ ပြုစုပျိုးထောင်ခံရပုံတွေ မတူညီကြတဲ့အခါ အချစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုပုံချင်းတွေလည်း မတူကြပါဘူး။ ကိုယ်ကရော လူတစ်ယောက်ကို ချစ်မိရင် ဘာတွေဖြစ်လဲ။ သူကရော ကိုယ့်ကို ဘယ်လိုပုံစံနဲ့ ချစ်ပြနေလဲဆိုတာ လေ့လာကြည့်ပါဉီး။

ကိုယ်မလိုချင်ဘဲ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ဖြစ်ရပ်တွေကြောင့် စိတ်ဖိစီးမှုတွေကြုံလာရတဲ့အခါ ခန္ဓာကိုယ်နဲ့စိတ်မှာ တင်းအားသက်ရောက...
16/02/2026

ကိုယ်မလိုချင်ဘဲ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ဖြစ်ရပ်တွေကြောင့် စိတ်ဖိစီးမှုတွေကြုံလာရတဲ့အခါ ခန္ဓာကိုယ်နဲ့စိတ်မှာ တင်းအားသက်ရောက်မှုတွေ ဖြစ်လာပါတယ်။
ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းလိုက်လို့ စိတ်ဖိစီးမှုတွေ လျော့သွားနိုင်ပေမဲ့ ဖြေရှင်းလို့မရတဲ့ပြဿနာတွေနဲ့ ကြုံလာရင်တော့ စိတ်ဖိစီးမှုလျှော့ချနည်းတွေ လိုလာပါပြီ။
#စိတ်ကျန်းမာရေး #စိတ်ဖိစီးမှု

ကိုယ့်အတွက်ပိုကောင်းတဲ့နေ့ရက်များကို  ချစ်ခြင်းမေတ္တာဖြင့် သယ်ဆောင်ရပါစေ။
14/02/2026

ကိုယ့်အတွက်ပိုကောင်းတဲ့နေ့ရက်များကို ချစ်ခြင်းမေတ္တာဖြင့် သယ်ဆောင်ရပါစေ။

ที่อยู่

Mae Sot, Tak
Ban Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ A Tu Tuผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram