04/06/2025
ကျောက်ကပ် ပျက်စီးခြင်း (အပိုင်း3)
================
အပိုင်း2 ရဲ့အဆက်အနေနဲ့ နာတာရှည်ကျောက်ကပ်ပျက်စီးနေပြီဆိုရင် ရွေးချယ်လို့ရမဲ့ကုသနည်းလေးတွေကို ပြောပြပေးပါမယ်ဗျ။
ကုသနည်းတွေက
-ဆေးနဲ့ကုသမယ်
-ကျောက်ကပ်ဆေးမယ်
-ကျောက်ကပ်အစားထိုးကုသမယ်...ဆိုပြီးရှိပါတယ်။
ဒီနေ့တော့ ပထမဆုံးအနေနဲ့ ဆေးနဲ့ကုသမဲ့အကြောင်းလေးပြောပြမယ်ဗျ။
Q...ဘယ်လိုတွေကုသမလဲ?
---ဆေးနဲ့ပဲ ကုသမယ်။
ပစ္စည်းတစ်ခုပျက်စီးပြီဆိုရင် အကောင်းအတိုင်းပြန်မဖြစ်နိုင်သလိုပဲ၊ကျောက်ကပ်ဟာ နာတာရှည်ပျက်စီးပြီဆိုရင် ပျက်စီးသွားတဲ့ အစိတ်အပိုင်းကတော့ ပြန်ကောင်းဖို့ မဖြစ်နိုင်တော့ဘူးဗျ၊၊
ဒါဆို ကျွန်တော်တို့ ဘာလို့ဆေးတွေသောက်နေရတာလဲဆိုရင်---မပျက်စီးပဲ အကောင်းအတိုင်းကျန်နေသေးတဲ့ ကျောက်ကပ်ရဲ့ အစိတ်အပိုင်းလေးတွေ ထပ်မပျက်စီးအောင် ထိန်းသိမ်းဖို့ရယ်နဲ့ ရောဂါကြောင့်ဖြစ်လာတဲ့ လက္ခဏာတွေ(ဖော၊ရောင်၊ဆီးမသွားခြင်း) သက်သာအောင် ဆေးတွေသောက်ဖို့လိုပါတယ်။ကျောက်ကပ် သမားတွေမှာ သောက်ရတဲ့ဆေးတွေက များတယ်ဗျ၊၊
ဥပမာ-ဆီးချိုကနေ ကျောက်ကပ်ရောဂါဖြစ်တဲ့သူဆိုရင် ဆီးချိုထိန်းတဲ့ဆေးတွေလဲပါမယ်၊ကျောက်ကပ်ဆေးတွေလဲပါမယ်၊အဖောအရောင်ကျဆေးတွေလဲပါမယ်ဗျ။
ဆေးတွေကများပေမဲ့ တကယ်လိုအပ်တဲ့ဆေးတွေမို့ ကြိုးစားပြီးသောက်ပေးဖို့တော့လိုမယ်ဗျ။
ဆေးနဲ့ပဲ ကုမယ်ဆိုတဲ့ သူတွေ နောက်ထပ် သတိထားရမှာက အစားအသောက်ပါဗျ၊
နာတာရှည် ကျောက်ကပ်သမားတွေက အစားကို အရမ်းဂရုစိုက်ဖို့လိုပါတယ်။
Q...ဒါဆို ဘာတွေ ရှောင်သင့်လဲ?
ရှောင်ရမဲ့အစာတွေက
-ငန်ေသာအစားအစာ (ဥပမာ-ငါးပိ၊ငါးခြောက်၊ငံပြာရည်)
-အဆီများသော အစားအစာ
-ချိုသော အစားအစာ (အထူးသဖြင့် ဆီးချိုရှိတဲ့ သူတွေမှာပါ)
-Uric acid များသော အစားအစာ (ကလီစာ၊ပန်းဂေါ်ဖီ)(အထူးသဖြင့် ဂေါက်ရောဂါ ရှိတဲ့သူတွေမှာပါ)
-အရည်ရွှန်းသော အသီးအနှံများ
-ငှက်ပျောသီး၊ထောပတ်သီး၊အာလူး၊ကန်စွန်းဥ၊ခရမ်းချဉ်သီး
-ဆိုးဆေးပါသော အစားအစာများ၊ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ၊
-soda ပါသော အစားအစာများ
-စည်သွတ်ဗူးများ
-နို့နဲ့ နို့ထွက်ပစ္စည်းများ
-အသင့်စား snackများ။
အထူးသဖြင့် ကျောက်ကပ်အားကောင်းအောင်ဆိုပြီး အရွက်တွေကြိုချက်သောက်ခြင်းကို လုံးဝရှောင်ကျဉ်ရပါမယ်ဗျ။ကျောက်ကပ်ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို သေချာမှတ်သားလိုက်နာဖို့ လိုပါမယ်။
စားတဲ့ အစားအသောက်တွေက သန့်ရှင်းလတ်ဆတ်ဖို့လိုမယ်၊၊
Q...ရေကြိုက်သလောက်သောက်လို့ရမလား?
တနေ့သောက်သင့်တဲ့ရေပမာဏက တစ်ယောက်နဲ့တယောက်မတူနိုင်ဘူးဗျ။ကိုယ်ဆီးသွားတဲ့ပမာဏပေါ်မူတည်ပြီးရေဘယ်လောက်သောက်သင့်လဲဆိုတာကို ဆုံးဖြတ်ရတာပါ။
အကြမ်းဖျင်းတော့
ကိုယ်သွားတဲ့ဆီးပမာဏ+ရေ 500cc(တစ်လီတာဗူးနဲ့တဝက်ပါ) ပြန်သောက်လို့ရပါတယ်။
ဥပမာ...ကိုယ်က တစ်လီတာဗူးတစ်ဗူးဆီးသွားရင် ပြန်သောက်လို့ရမဲ့ ပမာဏက တစ်လီတာဗူးနဲ့ တစ်ဗူးခွဲပါ။
(ကျောက်ကပ် ပျက်စီးတဲ့ပမာဏက တစ်ယောက်နဲ့တစ်ယောက်မတူတဲ့အတွက် ကိုယ်သောက်လို့ရမဲ့ရေပမာဏကို ဆရာဝန်ကို သေချာမေးဖို့လိုပါမယ်)
Q...ဆေးလိပ်သောက်လို့၊အရက်သောက်လို့ ရမလား။
မရပါဘူးဗျ။အကုန်ရှောင်ရပါမယ်။
Q...လေ့ကျင့်ခန်း လုပ်လို့ရမလား။
ကျောက်ကပ်ပျက်စီးမှု အဆင့် 1,2,3သမားတွေကတော့ မိမိ ခံနိုင်သလောက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုးလုပ်လို့ရပါတယ်။အဆင့် 4,5သမားတွေကတော့ မိမိပြသတဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်။
Q...ကျောက်ကပ်ပျက်ပြီဆိုရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာတတ်သေးလဲ?
-နှလုံးသွေးကြောကျဉ်း၊နှလုံးသွေးကြောပိတ်ခြင်း
-နှလုံးခုန် မမှန်ခြင်း၊နှလုံးအမောဖောက်ခြင်း
-သွေးအားနည်း၍ နှလုံးအမောဖောက်ခြင်း
-ဦးနှောက်သွေးကြောပိတ်၊ပေါက်ခြင်း(လေဖြတ်ခြင်း)
Q...ကျောက်ကပ်ဆေးတွေက ဘယ်အချိန်ထိသောက်ရမှာလဲ?
အပေါ်မှာပြောခဲ့တဲ့အတိုင်း နာတာရှည်ကျောက်ကပ်ရောဂါဟာ အရှင်းပျောက်ကင်းနိုင်တဲ့ရောဂါမဟုတ်တာကြောင့် ဆေးက တစ်သက်လုံးသောက်ဖို့လိုပါမယ်။(လိုအပ်တဲ့ဆေးအပြောင်းအလဲကိုတော့ ဆရာဝန်က ညှိပေးပါလိမ့်မယ်ဗျ)
Q...ဆေးနဲ့ထိန်းနေရင်းကနေ ပိုဆိုးလာနိုင်သလား?
-ဆေးပုံမှန်သေချာမသောက်ခြင်း၊
-အစားအသောက် ဂရုမစိုက်ခြင်း၊
-မူရင်းရောဂါတွေဖြစ်တဲ့ ...ဆီးချို၊သွေးတိုးမထိနိးသိမ်းနိုင်ခြင်း၊ကျောက်ကပ်ရောင်ရောဂါ၊ကျောက်ကပ်သွေးကြောရောင်ရောဂါ၊SLEရောဂါများ ပိုဆိုးလာခြင်း၊
-ဆေးမှီးတိုများသုံးစွဲခြင်း၊
-ဆေးလိပ်၊အရက်၊ကွမ်း များသောက်သုံးခြင်း၊
-တခြားကူးစက်ရောဂါများ၊ဖျားနာခြင်းများ ခဏခဏဖြစ်ခြင်း၊
-အသက်အရွယ်အရ ကျောက်ကပ် လုပ်ငန်းကျဆင်းခြင်း၊
စတဲ့ အချက်တွေ ရှိလာမယ်ဆိုရင်တော့ ကျောက်ကပ်ပျက်စီးခြင်းက ပိုဆိုးလာနိုင်ပါတယ်။
ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်လို့ ဆိုတဲ့အတိုင်း မဖြစ်ခင် ကာကွယ်တာတော့ အကောင်းဆုံးပါဗျ၊၊ဖြစ်လာခဲ့ရင်လဲ စိတ်ဓာတ်တော့မကျပါနဲ့၊၊ထိန်းသိမ်းလို့ရပါသေးတယ်ဗျ။
ဒီထက်ပိုဆိုးလာရင်တော့ ကျောက်ကပ်ဆေးတာ၊ကျောက်ကပ်အစားထိုးကုသတာမျိုးကို ရွေးချယ်လို့ရပါတယ်ဗျ။ဒီအကြောင်းလေးတွေကိုတော့ နောက်နေ့ဆက်ပြောပြပါအုံးမယ်။
သိလိုတာရှိရင် comment မှာ မေးမြန်းနိုင်ပါတယ်။
ကျန်းမာရေးဆောင်းပါးများ စဉ်ဆက်မပြတ် တင်ပေးနေတာကြောင့် pageလေးကို like and share လုပ်ပေးကြပါအုံးနော်။
အားလုံးကျန်းမာကြပါစေဗျ။
Dr K
အပိုင်း(4)ဖတ်ရန်
https://www.facebook.com/share/p/1AohsoZQUs/
အပိုင်း(2) ဖတ်ရန်
https://www.facebook.com/share/p/18sTs7nxzE/
အပိုင်း(1)ဖတ်ရန်
https://www.facebook.com/share/p/1YVUvMWGHu/
#ကျန်းမာရေး
#ကျောက်ကပ်ပျက်စီးခြင်း
#ဆေးဖြင့်ကုသခြင်း
#နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း