Travel Khayi Travel Knowleadge Sharing, ခရီးသွားအတွေ့အကြုံများ, နာမည်ကြီး နေရာများကို ခရီးသွားများအတွက် အကြံဉာဏ်များတင်ပေးပါမည်။

27/01/2026

Travel Khayi 02
SailomBangPu

27/01/2026

SailomBangPu Thailand

ဇနီးမယား ကို စာရိတ္တမကောင်းဘူးလို့ စွပ်စွဲပြီး စွန့်ပစ်ခဲ့တဲ့ ခင်ပွန်းတစ်ယောက်… ဒီနေ့မှာတော့ အဲဒီဇနီးရဲ့ ခြေထောက်ဖက် ပြာ...
20/01/2026

ဇနီးမယား ကို စာရိတ္တမကောင်းဘူးလို့ စွပ်စွဲပြီး စွန့်ပစ်ခဲ့တဲ့ ခင်ပွန်းတစ်ယောက်…
ဒီနေ့မှာတော့ အဲဒီဇနီးရဲ့ ခြေထောက်ဖက် ပြားပြားဝပ်ပြီး တောင်းပန်နေတာကို တွေ့ရပါတော့တယ်။ အဲဒီနောက်မှာ ဖြစ်လာတဲ့အရာကိုတော့ ဘယ်သူမှ အိပ်မက်ထဲတောင် ထည့်မမက်ခဲ့ကြပါဘူး။

မင်္ဂလာဆောင်ပြီးခါစ နှစ်တွေမှာ ကြည်ပြာ တစ်ယောက် သီဟ ထက် ပိုကောင်းတဲ့သူ မရှိဘူးလို့ ထင်ခဲ့တယ်။ မနက်ခင်း လက်ဖက်ရည်သောက်ချိန်ကနေ ညဘက် ပင်ပန်းနွမ်းနယ်မှုတွေ အိပ်စက်တဲ့အချိန် အထိပေါ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်ရဲ့ ကမ္ဘာငယ်လေးထဲမှာ ပျော်မွေ့နေခဲ့ကြတယ်။

သမီးလေး ဖူးဖူး ရဲ့ ချစ်စရာကောင်းတဲ့ ရယ်သံလေးတွေက အိမ်လေးကို နတ်ဘုံနတ်နန်းတစ်ခုလို သာယာ စေခဲ့ပါတယ်။ အလုပ်ကနေ ပင်ပန်းပြီးပြန်လာတဲ့ သီဟဟာ သမီးလေးကို ရင်ခွင်ထဲထည့်လိုက်တာနဲ့ ပင်ပန်းမှုတွေအားလုံးကို မေ့သွားတတ်တယ်။ ကြည်ပြာက မီးဖိုချောင်ထဲမှာ သီချင်းလေးတကြော်ကြော်နဲ့၊ သီဟက သတင်းစာဖတ်ရင်း ပြုံးနေတတ်တယ်။

သူတို့ရဲ့ဘဝလေးက ပြည့်စုံနေတယ်လို့ ဆိုလို့ရပါတယ်၊ အစပိုင်းမှာပေါ့၊ ဘာလို့အစပိုင်းလို့ပြောလိုက်သလဲဆိုရင် နောက်ပိုင်းမှာ မသာယာတော့ဘူးလေ၊
အိမ်နီးနားချင်းက စိုးလေးဆိုတဲ့တစ်ယောက် အိမ်ရဲ့ အသေးအဖွဲကိစ္စလေးတွေမှာ မကြာခကူညီပေး တတ်လာတဲ့အချိန်ကစပြီး အဆင်မပြေမှုတွေစခဲ့တာပါ၊ စိုးလေးက ကြည်ပြာတစ်ယောက်တည်းရှိချိန် ဂက်စ်အိုး ကုန်သွားခဲ့ရင် လဲပေးတာမျိုး၊ နေ့လည်ခင်း ပန်ကာပျက်သွားလို့ပြင်ပေးတာမျိုး၊ ဈေးထဲမှာတွေလို့ အထုပ်အပိုးတွေကို သယ်ပေးတာပဲဖြစ်ဖြစ် စိုးလေးက အမြဲတမ်း ကူညီပေးလေ့ရှိပါတယ်။

ကြည်ပြာကတော့ သူ့ကို မိသားစုဝင်တစ်ယောက်လိုပဲ သဘောထားခဲ့ပြီး သူကလည်းအိမ်နီးခြင်း အဒေါ်ကြီးရဲ့နဲ့အတူနေတာပါ။ အစပိုင်းမှာတော့ သီဟက စိုးလေးကို “ကောင်လေးကတော်သားပဲ၊ ငါအလုပ်သွားတဲ့အချိန် လိုအပ်တဲ့အခါ အကူအညီရတာပေါ့လို့” ကျေးဇူးတင်နေပေမယ့် ၊ နောက်ပိုင်းမှာ သံသယ တွေေစပြီး ပေါ်လာတယ်။
တစ်ညနေ သီဟ အလုပ်ကနေ နောက်ကျမှ ပြန်ရောက်လာတော့ ကြည်ပြာက ထမင်းတွေဟင်းတွေ ချက်နေလို့ ဟင်းနံ့တွေက မွှေးနေပါတယ်၊ အိမ်ထဲဝင် ခြေလက်ဆေးပြီး ကြည်ပြာပြင်ပေးတဲ့ ထမင်းပွဲကို စားနေတုန်း၊ ကြည်ပြာက “ ကနေ ဂစ်အိုးကုန်သွားတာလေ တော်သေးတယ် စိုးလေး လာလုပ်ပေးလို့ပေါ့၊ ကျွန်မတစ်ယောက်တည်းဆို အတော်အခက်တွေ့မှာ အခုလို အချိန်မှီလည်းချက်လို့ပြီးမှာမဟုတ်ဘူး” လို့ ပြောလိုက်တယ်။

သီဟက စားနေတာရပ်လိုက်ပြီး ကြည်ပြာကို တစ်ချက်မော့ကြည့်လိုက်ကာ သူ့စိတ်ထဲမှာ တစ်ခုခု ပြိုလဲသွားသလိုပဲ။ အဲဒီညမှာ သီဟ ပထမဆုံးအကြိမ် မေးခွန်းထုတ်ခဲ့လိုက်ပါတယ်၊ “စိုးလေး အိမ်ကို တရက်ဘယ်နှစ်ခါလောက် လာလဲ?” မေးခွန်းက ရိုးရှင်းပေမယ့် သူ့အသံထဲမှာ မမြင်ရတဲ့ ဆူးတစ်ချောင်း ပါနေမှန်းသိသာတာကြောင့် ကြည်ပြာတုန့်ခနဲ ဖြစ်သွားတယ်။ “ တစ်ခါတလေပါပဲ” လို့ ပြန်ဖြေလိုက်ပါတယ်။

ရက်တွေပြောင်းသွားပေမယ့် မေးခွန်းတွေတော့ ပြောင်းမသွားဘူး၊ စကားတိုင်းမှာ စိုးလေး အကြောင်းကို သံသယစိတ်နဲ့ အရိပ်မည်းကြီးက အမြဲကြီးစိုးနေပါတယ်၊ အလုပ်က ပြန်လာလို့ ကြည်ပြာ တံခါးဖွင့်ပေးတာ နောက်ကျတာကအစ သီဟအဖို့ သံသယစိတ်ဝင်လာပါတယ်၊ ကြည်ပြာဖုန်း ဝင်လာရင်လည်း၊ သံသယ စိတ်ကမကင်း ဒါပေမယ့် သူ သူ့ကိုယ်သူပဲ “ ငါ အတွေးလွန်နေတာပါ” လို့ ပြန်အားပေးပေမယ့် သံသယဆိုတဲ့ နွယ်ပင်က သူ့ရင်ဘတ်တစ်ခုလုံးကို ရစ်ပတ်ထားနှင့်နေပြီ။ တနေ့ အလုပ်ကပြန်လာစဉ် သတင်းစာဖတ်နေရင်း “ငါမရှိတဲ့အချိန် တခြားတစ်ယောက် ရှိနေတာကို နင်ကျေနပ် နေတာလား?" ဒီစကားက ကြည်ပြာအတွက်တော့ မိုးကြိုးပစ်ချလိုက်သလိုပါပဲ။

သူ ပထမဆုံးအကြိမ် အသံကျယ်ကျယ်နဲ့ ပြောခဲ့တာပါ၊ “ရှင် ကျွန်မအပေါ် သံသယဝင်နေတာလား? ကျွန်မက ရှင့်မိန်းမ ရှင့်သမီးရဲ့အမေ! ရှင့်ရဲ့ပင်ပန်းမှုတွေကို ကျွန်မ နားလည်ပေးနိုင်ပါတယ်၊ ဒါပေမယ့် ဒီလိုအတွေးမျိုးကဘယ်ကရောက်လာတာလဲ? ဒီတော့ သီဟက ငါ့လည် သိသင့်တဲ့နေရာက ပြန်ကြားလာရတယ်၊ ငါ့ကို ပြန်ပြောပြတဲ့လူတွေရှိတယ် ငါမရှိတဲ့အချိန်ဆို အဲကောင်က အိမ်ထဲရောက်နေပြီတဲ့၊ ဒီလို တိုက်ဆိုင်မှုက နေ့တိုင်းဖြစ်နိုင်လို့လား?” ကြည်ပြာ ငိုချလိုက်တယ်။

“ရှင့်က ကျွန်မရဲ့ ကိုယ်ကျင်တရားကို တခြားလူတွေရဲ့ စကားနဲ့ တိုင်းတာနေတာပေါ့၊” စကားတွေ တဖြေးဖြေးများလာကြပြီး သီဟက သူ့ကိုယ်သူ အမှန်လို့ သဘောထားကာ ကြည်ပြာရဲ့ ရယ်မောသံတိုင်း၊ စကားလုံးတိုင်းကို သက်သေအဖြစ် သူ့စိတ်ထဲမှာ စွဲမှတ်ထားလိုက်တယ်။ တစ်ယောက်တစ်ခွန်း ပြန်ပြောနေကြတုန်း သမီးလေး ဖူးဖူး အထဲဝင်လာတာကောင့် နှစ်ယောက်လုံး တိတ်သွားကြပေမယ့် သူတို့ကြားမှာ သဘောထားကွဲလွဲမှု အက်ကွဲကြောင်းတော့ ရှိနေပြီမဟုတ်လား။

ဒီလိုနဲ့ အခေါ်မပြောနဲ့ နေလာကြတာ၊ တစ်ညမှာတော့ ရန်ပွဲက တော်တော်လက်လွန်သွားတယ်လို့ ဆိုရပါမယ်၊ သီဟက ကြည်ပြာကို နာကျင်စေမယ့် စကားမျိုးနဲ့ တိုက်ခိုက်ခဲ့တယ်။ “ငါ နင့်အကြည့်တွေ မကြိုက်ဘူး၊ နင့်စာရိတ္တနဲ့ … ဒီအိမ်မှာ ငါ ဆက်မထားနိုင်တော့ဘူး” ဒီလိုပြောလိုက်ပေမယ့် သီဟမျက်နှာက မာကျောနေပြီး စိတ်ထဲမှာလဲ သူကိုယ်တိုင်တောင် မသိတဲ့ ကြောက်ရွံ့မှုတစ်ခု ရှိနေခဲ့တယ်။ ကြည်ပြာ နောက်ဆုံးအနေနဲ့ “ကျွန်မရဲ့ အမှန်တရားကို ရှင့်ရဲ့သံသယနဲ့ မတိုင်းပါနဲ့” လို့ ပြောခဲ့ပေမယ့် အဲ့ဒီမှာ အမှန်တရားရဲ့တန်ဖိုးကို ဘယ်သူမှ နားမထောင်ခဲ့ပါဘူး။

ကြည်ပြာ တုန်ရီနေတဲ့ လက်တွေနဲ့ သမီးလေး ဖူးဖူးရဲ့ ကျောင်းလွယ်အိတ် ကို ကောက်ယူလျက်၊ အဝတ်အစားနှစ်စုံခန့်ကို အိတ်ထဲထည့်ကာ ဘာမှမပြောပဲ အိမ်ကနေ ဆင်းလာလိုက်ပါတယ်၊ ထိုစဉ်သနားစရာ ဖူးဖူးက “မေမေ၊ သမီးတို့ ဘယ်သွားနေတာလဲဟင်?” လို့ မေးလိုက်တဲ့အခါ ကြည်ပြာက “ ဟိုနားသည်နား လမ်းလျောက်ပေါ့သမီးရဲ့” လို့ ဖြေလိုက်ပါတယ်၊ ဒါပေမယ့် ဒီလမ်းလျောက်ထွက်ခြင်းက သိပ်ကို ရှည်လျားမယ့်ခရီးတစ်ခု ဖြစ်လာတော့မှာပါ။ သူတို့ ထွက်သွားတဲ့နောက် အိမ်တခါး ဂျိမ်းဆိုးပိတ်သွားခဲ့ရာ ကြည်ပြာရင်ထဲ လွတ်လပ်မှုကို ခံစားလိုက်ရပေမယ့် နေစရာအိမ် မရှိတော့ဘူးပေါ့၊ ဘဝတစ်ခု နိဂုံးချုပ်သွားသလိုမျိုးခံစားရပါတော့တယ်။


ဒါနဲ့ ကြည်ပြာလည်း မိဘအိမ်ကို ရောက်သွားခဲ့တယ်၊ တံခါးတွေက ပွင့်နေပေမယ့် နွေးထွေးမှု မရှိကြဘူး။ သူမရောက်နေတာကို မြင်တော့ ကြည်ပြာအစ်ကို အေးစက်စက်နဲ့ “ဘယ်နှစ်ရက် နေမှာလဲ?” လို့ မေးလိုက်ပါတယ်။ အမေ့မျက်နှာက စိုးရိမ်မှုတွေ ရှိနေပေမယ့် စိတ်ထဲမှာ သူများကဲ့ရမှာကို ကြောက်ရွံ့နေ ပါတယ်၊ ဒါတွေကို ကြည်ပြာ နားလည်လိုက်တာမို့ … သူအတွက် ဒီနေရာဟာ တခနတော့ နားခိုလို့ရပေမယ့်၊ “အိမ်” လိုတော့ ရနိုင်မှာမဟုတ်ဘူး၊ နှစ်ရက်လောက်ကြာတဲ့အခါ ကြည်ပြာက သူ့ကိုယ်သူ ဝန်ထုပ်ဝန်ပိုး တစ်ခုလို့ မြင်လာပြီး မိဘတွေကို နှုတ်ဆက်ကာ အဲဒီနေ့မနက်ပိုင်းမှာပဲ ဖူးဖူးလက်ကိုဆွဲ အိမ်ကနေ ထွက်သွားခဲ့ပါတယ်။

အိမ်ကနေသာထွက်လာတာ ဘာလုပ်ရမယ်သူမသိသေးပါဘူး၊ သေချာတာကတော့ ဒီပတ်ဝန်းကျင်နဲ့ ဒီလူတွေနဲ့ ဝေးတဲ့စီးမှ နေမယ်ဆိုတာတော့ စိတ်ပိုင်းဖြတ်ထားနှင့်ပြီ။ အဲဒီနေ့ကစ ပိတ်ထားတဲ့ဆိုင်ခန်းတွေ၊ ဘုရားကျောင်းစင်္ကြံတွေနဲ့ ခတ္တနားလို့ရမယ့်နေရာတွေ တစ်နေရာပြီးတစ်နေရာ တည်းခိုရင်း ကျော်ဖြတ် လာခဲ့တာ၊ ဒီညမှာတော့ ဘူတာရုံက သူတို့ကို ခိုလှုံခွင့်ပေးခဲ့တယ်။ ဘူတူရုံ ပလက်ဖောင်းက ဖူးဖူးလေးကိုမှ မညှာတာ အေးချမ်းလွန်းတာကြောင့်၊ ကြည်ပြာက သူ့ပဝါကိုခေါက်ပြီး ခေါင်းအုံးလုပ်၊ ဖူးဖူးကို ရင်ခွင်ထဲမှာ သိပ်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တာ ကြယ်တွေမရှိဘူး… မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ ဘူတာရုံက မီးချောင်းတွေပဲလင်းနေပါတယ် ဖူးဖူးလေးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း… “မေမေ၊ ဗိုက်ဆာတယ်” လို့ ပြောတဲ့အခါ လက်ဖဝါးနဲ့ သမီးလေးရဲ့ကျောကို ပွတ်သပ်ပေးရင်း… “သမီးလေး အခု အိပ်လိုက်ဦးနော် .. မနက်ဖြန်ကျရင် အမေတို့ ကောင်းကောင်းစားကြတာပေါ့” လို့ နှစ်သိမ့်လိုက်ရပါတယ်၊ ပေးလိုက်တဲ့ ကတိ တည်နိုင်ပါ့လား တစ်ယောက်တည်း တွေးရင်းမျက်ရည်ဝဲလာကာ ထိုင်ခုံနောက်မှီကိုမှီရင်း ခေတ္တမျှ မှေးလိုက်ပါတယ်၊

မနက်မိုးလင်းတော့ မျက်နှာသစ်၊ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီး လူအုပ်ကြားထဲမှာ သတ္တိမွေးကာ မာန်တင်းလျက် ဘူတာရုံအပြင်ဘက်က အလုပ်လေးရလိုရငှား လိုက်ပေးပါတယ်၊ ပန်းကန်ဆေး၊ အဝတ်လျှော်၊ တံမြက်စည်းလှည်း… အလုပ်မျိုးစုံ လိုက်တောင်းသော်လည်း အချို့က ပြန်ဖြေဖို့တောင်အဖက်မလုပ်ဘူး။ အချို့ကတော့လည်း နောက်မှလာခဲ့ဖို့ ပြောကြသလို အိမ်ဖော် သပ်သပ်ရှိပြီးသားလို့ဖြေကြပါတယ်၊ အလုပ်မရသေးလို့ ဆက်ရှာလိုက်တော့ တော်သေးတယ် သန့်ရှင်းရေး အလုပ်တစ်ခု ရလိုက်ပေမယ့် လုပ်အားခက နည်းလွန်းပါတယ်၊ ဂုဏ်သိက္ခာနဲ့ ဆာလောင်မှု ကြားမှာ လွန်ဆွဲနေတာမို့ ဂုဏ်သိက္ခာကို ရောင်းချပြီး ဆာလောင်မှုကိုပဲ ရွေးချယ်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ သူ့တစ်တစ်ယောက်တည်းမဟုတ် သမီးလေး ဖူးဖူးအတွက်ပါ စဉ်းစားရဦးမယ်မဟုတ်လား။

ညနေ အလုပ်သိမ်းချိန်မှာတော့ သူ့ တစ်ကိုယ်လုံး ပင်ပန်းနာကျင်လှပေမယ့် လက်ထဲမှာတော့ ပိုက်ဆံအချို့ ပါလာပြီလေ ဒါ့ကြောင့်သူ ဖူးဖူးအတွက် ပေါင်မုန့်နှစ်ချပ်ဝယ်ပြီး သူကိုယ်တိုင်ကတော့ ရေသောက်ပြီး ဗိုက်ဖြည့်လိုက်တယ်။ ပြီးတော့ ပြုံးရွှင်သောမျက်နှာနဲ့ “တွေ့လား၊ မေမေ ကတိတည် တယ်နော်” သူရဲ့နေ့ရက်တွေက ဘူတာရုံကို ဝင်ထွက်သွားလာနေတဲ့ ရထားတွေလိုပဲ ကုန်ဆုံးသွားတယ်။

တစ်ချို့က အပ်ချုပ်အလုပ်ပေးတော့ ညလုံးပေါက် မနားနေ ချုပ်လုပ်ရတာပေါ့၊ တစ်ချို့က အိမ်အလုပ်ခိုင်းတော့ မီးဖိုထဲမှာ တာဝန်ကျေစွာနဲ့ ချက်ပြုတ်ရင်း လက်ချောင်းတွေက စုတ်ပြတ်ကုန်တယ်။ နေ့တိုင်း ဖူးဖူးလက်ကိုဆွဲပြီး သစ်ပင်ရိပ်တစ်ခုခုကိုရှာ၊ သူ့ကို ထမင်းနှစ်လုတ်ခွံ့ပြီး သူစားဖို့တော့ သမီးလေး မျက်နှာက အပြုံးပေါ့။
လမ်းဘေးစင်္ကြန်အတိုင်းလျောက်သွားတုန်း ဆိုင်တံခါးရဲ့မှန်တံခါးမှာ သူ့ကိုယ်သူ ပြန်မြင်တဲ့အခါ လက်ဝတ်လက်စား အပြည့်နဲ့ ပြည့်ပြည့်စုံစုံလှလှပပ ရှိခဲ့တဲ့သူမ အခုတော့ ညှိုးငယ်သောမျက်နှာနဲ့ မျက်နှာမှာလည်း အရေးအကြောင်းတွေ ပေါ်လာပြီလေ။

သူ့အဖို့ နေ့ခင်းဘက်တွေမှာ အလုပ်လုပ်ရတာပင်ပန်းပေမယ့်၊ ညဘက်တွေကို ဖြတ်သန်းရတာ ပိုခက်ခဲ့ပါတယ်။ နေရောင်ခြည်အလင်းရောင် နည်းလာလေလေ ကြောက်စိတ်က တိုးလာလေ… အတိတ်က အမှတ်တရတွေဖြစ်တဲ့ သီဟရဲ့မျက်နှာ၊ သူ့အသံ၊ သူ့စကားလုံးတွေ “ နင့်စာရိတ္တ ”… ဆိုတဲ့ ဒီစကားဟာ ကြည်ပြာရဲ့ ဝိညာဉ်ထဲမှာ သံမှိုစိုက်ထားသလိုပဲ။ ညတိုင်း အဲ့ဒါတွေကို ဆွဲနုတ်ဖို့ ကြိုးစားပေမယ့် နောက်နေ့ မနက်ဆို သူမရင်ထဲက နေရာအသစ်မှာ ပြန်ပေါက်လာပါတယ်။ အိပ်မောကျနေတဲ့ ဖူးဖူးရဲ့ မျက်နှာကို ကြည့်ရင်း “ငါပြိုလဲလို့မဖြစ်ဘူး။ ငါမွေးထားတဲ့ကလေးကို ငါကာကွယ်ရမယ်” သတိပေးလိုက် ပြန်တယ်။

နေ့စဉ်နေ့တိုင်း လူနေရပ်ကွက်လျောက်လှည့်ပြီး အလုပ်တွေပတ်တောင်း ရတဲ့အလုပ်မှန်သမျှ အကုန်လုပ်ရင် ဖူးဖူးလေး ညအိပ်ယာဝင်ချိန် ဗိုက်ပြည့်အောင်စားရပြီး ကောင်းမွန်စွာအိပ်ဆက်နိုင်ဖို့ ဦးတည်ပြီကြိုးစားရတာပေါ၊ အဲလိုနဲ့ အလုပ်ကပြန်လာရင်းတစ်နေ့မှာ၊ လမ်းဘေး လက်ဖက်ရည်ဆိုင်ကနေ ဂျင်းနံ့သင်းသင်းလေးနဲ့လက်ဖရည်ကို ပျော်ရွှင်စွာသောက်နေကြတာကို သတိထားမိလိုက်တာကြောင့် သူ့စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာတယ်… “ငါကိုယ်တိုင်လည်း ဒီလိုရောင်းကြည့်ရင်ကော ….” တွေးမိလိုက်ပြီး “ဘာလို့မဖြစ်နိုင်ရမှာလဲ?” ဟုဆိုကာ ကိုယ့်ကိုအားပေးရင်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

အဲဒီည ဘူတာရုံပလက်ဖောင်းပေါ်က ခုံတန်းလေးမှာ ဖူးဖူးကိုရင်ခွင်ထဲ ထည့်သိပ်ရင်း စိတ်ထဲက ရေနွေးအိုးတစ်လုံး၊ ဖန်ခွက်နှစ်ခွက်၊ သကြား၊ လက်ဖက်ခြောက်၊ ဂျင်း… ပြီးတော့ ဆိုပြီး တွက်ကြည့် နေပါတယ်၊ ဒါတွေထပ် အရေးကြီးဆုံးက စလုပ်ရဲတဲ့ သတ္တိ ။ ကြည်ပြာမှာလဲ ကျန်နေတဲ့ တစ်ခုတည်းသော အရာဟာလည်း သတ္တိတစ်ပါပဲ။ ဒါကြောင့် သူ့ကိုယ်သူ စိတ်ထဲမှာ “ငါ ဘယ်သူ့ဆီမှ အလုပ်သွားမတောင်း တော့ဘူး ငါ့ကိုယ်ပိုင်စီးပွားရေး ကို လမ်းဘေးကနေပဲဖြစ်ဖြစ် စတည်ဆောက်မယ်”
မနက်လင်းတော့ သူ ပထမဆုံးအနေနဲ့ ဖူးဖူးလေးရဲ့ဆံပင်ကို ဖြီးသင်ပေးပြီး ကျောင်းသွားဖို့ ပြင်ဆင်ပေးလိုက်ပါတယ်။

အဝတ်လျော်ပန်းကန်ဆေး၊ ရရာအလုပ်လုပ်ပြီး စုစောင်းထားတဲ့ ပိုက်ဆံလေးနဲ့ ဈေးသည်တစ်ယောက်ဆီက သံချေးတက်နေတဲ့ ရေနွေးခယားလေးတစ်လုံးကို ဈေးဆစ်ပြီး ဝယ်လိုက်တယ်။ ရေနွေးခယားလေး လက်ထဲရောက်လာတဲ့အခါ၊ တဦးတစ်ယောက် သူ့အနာဂတ်ကို လက်ထဲ စိုက်စိုက် မြိုက်မြိုက် ထည့်ပေးလိုက်သလို ခံစားလိုက်ရပါတယ် ရေနွေးခယားက သေးပေမယ့် ကိုယ်ပိုင်ပစ္စည်း မဟုတ်လား၊ ဖူးဖူးလေးကလည်း တောက်ပသော မျက်လုံးနဲ့ “မေမေ၊ ဒါ သမီးတို့ ဟာလား?”လို့ မေးရှာတဲ့ အခါ၊ ကြည်ပြာက ခေါင်းညိတ်ပြရင်း “ဟုတ်တယ် သမီးလေး ဒါ အမေတို့ဟာ” လို့ အားရဝမ်းသာစွာ ပြန်ဖြေလိုက်ပါတယ်။

အဲဒီညနေ နေညိုချိန်လောက်မှာ ကြည်ပြာက ပလက်ဖောင်းအပြင်ဘက်က လူရှုပ်တဲ့နေရာနဲ့ နည်းနည်းလှမ်းတဲ့ ထောင့်တစ်နေရာကို ရွေးထားလိုက်ပါတယ်။ ပြီးတော့ လဖက်ရည်မှာ လိုအပ်တဲ့ ဂျင်း လဖက်ခြောက်၊ သကြားနွားနို့ အစရှိသဖြင့် နဲနဲ ဝယ်ထားလိုက်ပြီး နောက်တရက်မနက်မှာ သူ့ရဲ့ ကမ္ဘာသစ် ဖြစ်တဲ့ လက်ဖက်ရည်ဆိုင်လေးကို ခင်းလိုက်ပြီး ရေနွေးအိုးထဲ ရေဖြည့်၊ ဂျင်းထောင်း၊ လက်ဖက်ခြောက် ခပ်ပြီး အဲ့ဒီရေနွေးငွေ့ထဲမှာ သူ့ရဲ့တစ်နေ့တာ မျှော်လင့်ချက်တွေကို ဖျော်စပ် ထည့်လိုက်တယ်။ ဖူးဖူးက အနားမှာထိုင်ပြီး ရေခပ်ပေးလိုက်၊ ဖန်ခွက်ဆေးပေးလိုက်နဲ့ဝိုင်းကူလုပ်ပေးတာပေါ့၊ လက်ဖက်ရည် ဆိုင်လေးက သူတို့သားအမိရဲ့ အားကိုးရာ၊ သူတို့ရဲ့ထမင်းရှင်၊ ပြီးတော့ သူတို့ရဲ့ဂုဏ်သိက္ခာကို မားမား မတ်မတ် ရပ်တည်ပေးနေတဲ့ တိုင်တစ်လုံး ဖြစ်လာခဲ့တယ်။

သူရဲ့လဖက်ရည်ဆိုင်လေးက လူသိများပြီး သောက်သုံးသူများလာတာကြောင့် ထမင်းစားလောက်ယုံ ရောင်းလာရပါတယ်၊ ဒါပေမယ့် ပတ်ဝန်းကျင်ဆိုတာ နေရာတိုင်းမှာရှိနေတယ်မဟုတ်လား၊ အေးအေး ဆေးဆေး ဘယ်နေခွင့်ပေးလိမ့်မလဲ။ လက်ဖက်ရည် လာသောက်တဲ့လူတွေထဲမှာ ကြည်ပြာကို နဂိုတည်းက သိနေတဲ့သူလဲပါတာပဲလေ ဒီလိုလူတွေက “ဟေး… တစ်ချိန်က အိမ်မှာ မိဖုရားလိုနေခဲ့တဲ့သူက အခုတော့ လမ်းဘေးမှာ လဖက်ရည်ရောင်းနေတာပါ့လား” လို့ မကြားတကြားကဲ့ပြောပြီး တစ်ချို့က နှာခေါင်းရုံ့စွာနဲ့၊ “ယောက်ျားဖြစ်သူက ဘေးအိမ်ကကောင်နဲ့ ဖောက်ပြန်တယ်လို့ ပြောတာ

အကြောင်းမဲ့တော့ ဘယ်ဟုတ် လိမ့်မလဲ” ဒီလိုစကားတွေက ကြည်ပြာရဲ့ ရင်ဘတ်ထဲကို မြှားတစ်စင်းလို စိုက်ဝင်သွားပေမယ့်၊ သူ ပြန်မပြော နိုင်ခဲ့ဘူး၊ သူ့မှာ စကားလုံးတွေမရှိဘူး… မျက်ရည်တွေပဲဝဲကျလာတာပေါ့။


တစ်ခုသော နေ့လည်းခင်းမှာ ကြည်ပြာဆိုင်ကို လဖက်ရည်လာသောက်တဲ့လူတွေက သီဟ သူငယ်ချင်းတွေဖြစ်နေပြီး သူတို့က လှောင်ပြုံးတွေနဲ့… လက်ဖက်ရည်ခွက်ကိုကိုင်ပြီး “ဟျော့ ဒါ ငါတို့ သီဟကြီးရဲ့ မိန်းမဟုတ်လား၊ သူစာရိတ္တ မကောင်းလို့ အိမ်ကနှင်ချလိုက်တယ်ဆိုတာလေ၊” လို့ ပြောလိုက်တဲ့ အခါ၊ ဒုတိယတစ်ယောက်က “သီဟ လုပ်တာမှန်တယ်၊ မဟုတ်ရင် အခုချိန် ဒီကောင်ကြီးပါ ဒီမှာ လက်ဖက်ရည် ရောင်းနေရလောက်ပြီ” လို့ ဆိုတယ်။

ကြည်ပြာရဲ့မျက်နှာ ရှက်သွေးနီသွား ဒေါသကြောင့် သူ့လက်တွေက တုန်လာတာကို အနားမှာ ရပ်နေတဲ့ ဖူးဖူးက သတိထားမိလိုက်ပါတယ်။ ကလေးလေးဖြစ်ပေမယ့် အားလုံးကို တတ်သိနားလည်နေပြီမို့ သူတို့ပြောတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို သူနားလည်နေပြီ။ ဒါကြောင့် အရှေ့မှာလဖက်ရည် သောက်နေတဲ့သူတွေကို မျက်စောင်းထိုးကြည့်လိုက်ရင်း … “ဟုတ်တယ်! သမီးအမေက လက်ဖက်ရည် ရောင်းတယ်၊ ဒါပေမယ့် ဘယ်သူကိုမှ လက်ဖြန့်မတောင်းဘူး၊ ပြီးတော့ ဘယ်သူ့အပေါ်မှာမှ ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူး!

ကျွန်မအမေက အကြီးမြတ်ဆုံး သူရဲကောင်းပဲ! ကျွန်မအမေက အားလုံးထက် ဂုဏ်သိက္ခာ အရှိဆုံးပဲ ဆိုတာ တစ်နေ့ကျရင် ကျွန်မ လူတိုင်းကို ပြမယ်၊
လက်ဖက်ရည်ဆိုင်နားပတ်ဝန်းကျင် တိတ်ဆိတ်သွားပြီး အနားမှာရှိနေတဲ့လူအားလုံးက ကြည်ပြာကို ဝိုင်းကြည့်နေကြတယ်။ သီဟရဲ့ သူငယ်ချင်းတွေကတော့ ရယ်ကျဲကျဲနဲ့ ထွက်သွားကြတဲ့နောက် ကြည်ပြာက ဖူးဖူးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး “သမီးရယ်၊ သမီးက ငယ်ငယ်လေးရှိသေးတယ်၊ အဲဒီလို မပြောရဘူး၊ ကြီးလာရင်းလည်း သူတို့ကို စကားနဲ့ပြောနေဖို့မလိုဘူး၊ ကိုယ့်ရဲ့လုပ်ရပ်နဲ့ပဲ အဖြေပေးရမှာ” လို့ ပြောလိုက်တယ်။

အဲ့ဒီညကလည်း ကြည်ပြာ ကောင်းကောင်းအိပ်မပျော်ခဲ့ပါဘူး၊ “ငါ တကယ်ပဲ မှားခဲ့တာလား? သီဟရဲ့ သံသယက မှန်နေခဲ့တာလား?" လို့ သူ့ကိုယ်သူ ပြန်မေးနေမိပြီး တစ်ခဏမှာပဲ ဖူးဖူးမျက်နှာကို မြင်လိုက်တဲ့အခါ “မဟုတ်ဘူး၊ ငါမမှားခဲ့ဘူး။ ငါသာပြိုလဲသွားရင် ဒီကလေးပါ ပြိုလဲသွားလိမ့်မယ်။ သူ့အတွက် ငါ အသက်ရှင်ရမယ်” အားပြန်တင်းလိုက်ပါတယ်၊ ဒိလိုနဲ့ ပတ်ဝန်းကျင်က ထိုးနှပ်မှု သူရဲ့ရင်စိုင် မှာတွေနဲ့ ဈေးရောင်းတဲ့အခါ စေတနာထည့်ရောင်းတာကြောင့် လဖက်ရည်ဆိုင်လေးလည်း လူသိများ ရောင်းကောင်းလာပေမယ့် လူတွေပြောနေကျ တွတ်ထိုးစကားတော့ ရပ်မသွားပါဘူး၊ တနေ့မှာ ဖူးဖူးလေးက ကျောင်းကနေပြန်ငိုပြီးပြန်လာပါတယ်။

ဘာဖြစ်လည်းမေးတဲ့အခါ “အမေ သူများတွေက အဖေ့ကို အဖေက အိမ်ကနင်ချတာတဲ့၊ အဲဒါကြောင့် အမေ့ လမ်းဘေးမှာ လဖက်ရည်ရောင်းနေရတာတဲ့၊ အမေကမှားလို့ အဖေက နင်ချတာတဲ့ အမေ” ဖူးဖူးလေးက အမေ့ကိုကြည့်ရင်းဆက်မေးလိုက်ပါတယ် “ မေမေ သူတို့က ဘာလို့ ဒီလိုပြောကြတာလဲ” ကြာပြာမှာ ဖြေစရာစကားမရှိသေးပါဘူး၊ ဒါကြောင့်မို့ ဖူးဖူးလေးကို တင်းကြပ်စွာ ဖက်ထားရင်း ငိုရှိုက်စွာနဲ့ “သမီးရယ် သူတို့ပြောချင်တာပြောပါစေ, အမေတို့ ကိုယ့်ကို ရှင်သန်ရလိမ့်မယ်၊ ဒီတော့ သမီးဘယ်သူပြောတာမှ နားထောင်မနေပါနဲ့၊ အမေတို့က မှားနေတာမဟုတ်ဘူး၊ အခြေအနေ မကောင်းလို့သာ အခုလို ဖြစ်နေတာ၊ ” လိုသာ ဖြေလိုက်ရပါတယ်။ အဲဒီနေ့က ကြည်ပြာ ငိုခဲ့ပေမယ့် အားမလျော့ခဲ့ပါဘူး၊ ဘုရားသခင်ကိုသာ “အရှင်ဘုရား၊ ကျွန်မသမီးလေးဖူးဖူးကို ဒါတွေ သည်းခံနိုင်စွမ်းပေးသနားပါ ကျွန်မတော့ သည်ခံနိုင်ပေမယ့်၊ ဒီနုနယ်တဲ့ကလေးက သည်းခံနိုင်မှာ မဟုတ်ပါဘူး၊ ကလေးကို မျက်ရည်မကျအောင်ထားနိုင်ပါစေ”

သူရဲ့ လဖက်ရည် လှည်းလေးဟာ ဝမ်းစာရှာဖို့တင်မဟုတ်ပဲ၊ သူ့ရဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ အကြောင်းအရင်းတခုဖြစ်လာပါပြီ၊ လဖက်ရည်ခွက်တိုင်းမှာ သူရဲ့သတ္တိတွေရောထည့်ပေးရင်း သူ့ကိုဘာမှ မပြောပဲ လဖက်ရည်ပဲသောက်မယ့်သူရှိကောင်းရှိမှာပါလို့ ရှာမိနေပါတယ်၊ လူတိုင်းလိုလိုက အကြိမ် ကြိမ် ထိုးနှပ်ပေမယ့် ကြည်ပြာက ကိုယ်ကိုအားတင်းရင်း သမီးလေးအတွက်သာ အားတင်းကာ ရပ်တည်လာတာ အချိန်အားဖြင့် ၁၂ နှစ် ကြာသွားခဲ့ပါပါပြီ

အချိန်တွေက ကြည်ပြာရဲ့မျက်နှာပေါ်မှာ ပင်ပန်းနွမ်းနယ်မှုရဲ့ အရေးအကြောင်းတွေကို ထင်ရှားစွာ ပေါ်လာပြီး မျက်ကွင်းတွေလည်း သိသာစွာ ညိုမဲလျက်ရှနေပေမယ့် သူ့သတ္တိကတော့ အရင်အတိုင်းပဲ ခိုင်မာ နေဆဲ။ ဖူးဖူးကလည်း အရွယ်ရောက်လာပြီ။ သူ့မျက်လုံးထဲမှာ အပြစ်ကင်းစင်မှုနဲ့အတူ သတ္တိတွေပါ ရှိနေပြီ။ ဒါကြောင့် အမေနဲ့ လဖက်ရည်အတူကူရောင်းရင်း အမေ့ကို ထိုးနှပ်လာတဲ့ စကားလုံးတွေ အတွက် ကြည်ပြာဘက်က ရပ်တည်ပေးနိုင်ပါပြီ။ လူတွေကတော့ အခုထိ ပြောလို့မဆုံးသေးဘူးပေါ့။ ဒါပေမယ့် ဖူးဖူးလေးက ဒါတွေကို သည်းခံတတ်နေပါပြီ

တစ်ညနေ နေဝင်ချိန်… ဆိုင်မှာ လူတွေစည်ကားနေတဲ့အချိန် လူအုပ်ထဲက မျက်နှာတစ်ခုကြောင့် ကြည်ပြာ အသက်ရှူရပ်သွားမတတ် ဖြစ်သွားတယ်။ သူ မမြင်တွေ့ရတာ ၁၂ နှစ်ကြာပြီဖြစ်တဲ့ မျက်နှာတစ်ခု … ဟုတ်ပါတယ် သီဟပေါ့ ၊ တစ်ချိန်က သူချစ်ခဲ့ဖူးပေမယ့် သူ့ကို သံသယတွေနဲ့ လမ်းပေါ်ကို ပစ်ထုတ်ခဲ့တဲ့ သီဟ။

သီဟက ဆိုင်နားကို ရောက်လာပြီး အသံတိုးတိုးနဲ့ “လက်ဖက်ရည်တစ်ခွက်လောက်” လို့ မှာလိုက် တယ်။ သီဟ ဆံပင်တွေက ဖြူနေပြီ၊ မျက်နှာအနေအထားက တော်တော်နောင်တရနေတဲ့ပုံစုံပါ၊ ကြည်ပြာရဲ့ လက်တွေ တုန်သွားပြီး လက်ဖက်ရည်ထည့် ရှေ့မှာချပေးလိုက်ပေမယ့် သူ့ကိုမျက်နှာချင်းဆိုင် မကြည့်ပဲလှည့် လာခဲ့လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ဖူးဖူးက ဆိုင်ထဲကနေ ထွက်လာတာမြင်လိုက်တော့ သီဟ မျက်လုံးတွေ ပြူးကျယ်သွားပြီး အသံတုန်တုန်နဲ့…

"ဒါ… ဒါ ငါ့သမီးလား?" ဖူးဖူးက အေးစက်စက်အကြည့်နဲ့ သူ့ကိုကြည့်ပြီး… “ဟုတ်တယ်၊ ကျွန်မက ရှင့်သမီးပဲ။ ဒါပေမယ့် သွေးသားအရပဲ။
အဖေတစ်ယောက်ရဲ့ နာမည်က သွေးနဲ့ပဲ တည်ဆောက်တာမဟုတ်ဘူး၊ လုပ်ရပ်နဲ့ တည်ဆောက်တာ။ ကျွန်မရဲ့အဖေအစစ်က ကျွန်မ အမေပဲ။
သူတစ်ယောက်တည်း ကျွန်မကို ကျွေးမွေးစောင့်ရှောက်ခဲ့တာ လူတွေက ကျွန်မတို့ကို ဆဲဆိုနေတဲ့အချိန် တွေမှာလည်းရဲရဲရင့်ရင့် သိက္ခာရှိရှိနဲ့ ရှင်သန်နိုင်အောင် သင်ပေးခဲ့တာ၊ ကျွန်မတို့ သူများတွေ တောင်ပြောမြောက်ပြော ပြောချိန်ချိန် ရှင်ဘယ်ရောက်နေလဲ?

အမေတစ်ယောက်တည်း ငိုနေတဲ့အချိန် ရှင်ဘယ်ရောက်နေလဲ? လူတွေက ကျွန်မတို့ကို လှောင်ပြောင်နေတဲ့အချိန်မှာရော ရှင်အတူရှိနေလား? ဖူးဖူးက မကျေနပ်ချက်တွေနဲ့ ပစ်ပစ်ခါခါ မေးလိုက်တော့ သီဟရဲ့ မျက်လုံးထဲကနေ မျက်ရည်တွေ စီးကျလာရင်း၊ လက်ထဲကိုင်ထားတဲ့ လဖက်ရည်ခွက်ကို လွတ်ချက မြေကြီးပေါ်မှာ ထိုင်ချငိုပါလေရော။ “ကြည်ပြာ… ငါမှားသွားပါတယ်… ငါနင့်အပေါ် သံသယဝင်ခဲ့မိတယ်။ အဲ့ဒီသံသယက အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။

ငါ့ကို ခွင့်လွှတ်ပါ” ကြည်ပြာ မျက်ရည်တွေ စီးကျနေပေမယ့် သူ့မျက်နှာ ပေါ်မှာတော့ နာကျင်မှုနဲ့အတူ ခွန်အားတစ်ခုပါ ရှိနေခဲ့တယ်။ “
ကိုသီဟ၊ ရှင့်ရဲ့သံသယက ကျွန်မဘဝကို ငရဲဖြစ်စေခဲ့တယ်။ ရှင့်ရဲ့တောင်းပန်စကားက ကျွန်မရဲ့ ဒဏ်ရာတွေကို ကုစားပေးနိုင်မှာ မဟုတ်တော့ဘူး” လို့ဆိုလိုက်တဲ့အခါ လူအုပ်ကြီးကလည်းအနားမှာရှိနေသေးပြီး တိတ်ဆိတ် ငြိမ်သက်စွာနဲ့ ဒီမြင်ကွင်းကို ကြည့်နေကြတယ်။ သီဟက ကြည်ပြာရဲ့ ခြေထောက်နားမှာ ပြားပြားဝပ်ပြီး ရှိုက်ကြီးတငင် ငိုနေပေမယ့် ကြည်ပြာက သူ့ခြေထောက်ကို ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်ပြီး တုန်ယင်နေတဲ့အသံနဲ့ ပြောလိုက်တယ်… “

ကိုသီဟ၊ ကျွန်မ ဒီနေ့ ရှင့်ဆီက ဘာမှမလိုချင်တော့ဘူး။ လာရှင်းပြစရာလည်းမလိုသလို လာတောင်းပန်ဖို့လည်းမလိုဘူး၊ ကျွန်မလည်း ဘယ်သူ့ကိုမှ အားကိုးနေဖို့မလိုသလို ကျွန်မအခုကိုယ်တိုင် ရပ်တည်နေနိုင်ပြီ၊ ပြီးတော့ အခု ရှင့်မိန်းမမဟုတ်တော့ဘူး… ကျွန်မသမီးရဲ့အမေပဲ။ ဒါဟာ ကျွန်မရဲ့ အကြီးမြတ်ဆုံး ဂုဏ်ပုဒ်ပဲ” လို့ပြောလိုက်တဲ့အခါ ကြည့်နေတဲ့ လူအုပ်ထဲက အဘိုးအိုတစ်ယောက်က “ဒါ မိန်းမတစ်ယောက်မဟုတ်ဘူး … ဖူးဖူးဟာလဲ လောကဒဏ်အားလုံးကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ မိခင်တစ်ယောက်ပဲ၊ မိန်းမတစ်ယောက်ဟာ တစ်ယောက်တည်းဖြစ်နေရင်တောင် ကမ္ဘာကြီးတစ်ခုလုံးကို ရင်ဆိုင်နိုင်တယ် ဆိုတာကို ဒီနေ့ သူ သက်သေပြလိုက်ပြီ… "

အဲ့ဒီနေ့မှာ သီဟက လက်ဗလာနဲ့ ပြန်သွားခဲ့ရတယ်။ သံသယ ဟာ လူတစ်ယောက်ကို ချိုးဖဲ့ဖျက်ဆီး နိုင်ပေမယ့် သတ္တိနဲ့ ကြိုးစားအားထုတ်မှုကတော့ လူတစ်ယောက်ကို ဘဝသစ်တစ်ခု ပြန်လည် မွေးဖွားစေနိုင်တယ်ဆိုတာကို ဒီဇာတ်လမ်းက သက်သေပြသွားခဲ့ပါတော့တယ်။
မူရင်း - bawa laan
#အသံဇာတ်လမ်း #စာအုပ်ချစ်သူ #မြန်မာဇာတ်လမ်း

12/01/2026

နံရံထဲကသရဲမ နန်းကြာဖြူ Myanmar Ghost Story
#အသံဇာတ်လမ်း #သရဲဇာတ်လမ်း

12/01/2026

ကွပ်ပျစ်ပေါ်ကနှုတ်ခမ်းနီ Part 48

12/01/2026

ကွပ်ပျစ်ပေါ်ကနှုတ်ခမ်းနီ Part 54

12/01/2026

ကွပ်ပျစ်ပေါ်ကနှုတ်ခမ်းနီ Part 34

12/01/2026

ကွပ်ပျစ်ပေါ်ကနှုတ်ခမ်းနီ reel Part 43

12/01/2026

ကွပ်ပျစ်ပေါ်ကနှုတ်ခမ်းနီ Part 31

ที่อยู่

Sukhumvit
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Travel Khayiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Travel Khayi:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram