ဝိုင်းဝန်းကူညီ Bangkok Community

ဝိုင်းဝန်းကူညီ Bangkok Community Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဝိုင်းဝန်းကူညီ Bangkok Community, Yangon.

10/04/2025

လချီကြာမယ့်အလုပ်တွေကို မိနစ်ပိုင်းနဲ့ပြီးသွားစေမယ့်
Ai tools ၄၅ခု

1. Research

- ChatGPT
- Claude
- Copilot
- Gemini
- Abacus
- Perplexity

2. Image

- Fotor
- Dalle 3
- Stability AI
- Midjourney

3. CopyWriting

- Rytr
- Copy AI
- Writesonic
- Adcreative AI
- otio

4. Writing

- Jasper
- HIX AI
- Jenny AI
- Textblaze
- Quillbot

5. Website

- 10Web
- Durable
- Framer
- Style AI
- Landingsite

6. Video

- Klap
- Vidnoz
- Opus
- Eightify
- InVideo
- HeyGen
- Runway
- ImgCreator AI
- Morphstudio .xyz

7. Meeting

- Tldv
- Otter
- Noty AI
- Fireflies

8. SEO

- VidIQ
- Seona AI
- BlogSEO
- Keywrds ai
- Seona

9. Chatbot

- Droxy
- Chatbase
- Mutual info
- Chatsimple

10. Presentation

- Decktopus
- Slides AI
- Gamma AI
- Designs AI
- Beautiful AI
- PopAi

11. Automation

- Make
- Zapier
- Xembly
- Bardeen

12. UI/UX

- Figma
- Uizard
- UiMagic
- Photoshop

13. Design

- Canva
- Flair AI
- Clipdrop
- Autodraw
- Magician design

14. Logo Generator

- Looka
- Designs AI
- Brandmark
- Stockimg AI
- Namecheap

15. Audio

- Lovo ai
- Eleven labs
- Songburst AI
- Adobe Podcast

———————————————-

Telegram မှာလူသိနည်းတဲ့ လျှို့ဝှက်ချက် ၅ ချက်ကိုပြောပြပေးပါမယ်Telegram မှာ ထူးဆန်းတဲ့ message feature တွေနဲ့ game ဆော့လိ...
05/04/2025

Telegram မှာလူသိနည်းတဲ့ လျှို့ဝှက်ချက် ၅ ချက်ကိုပြောပြပေးပါမယ်

Telegram မှာ ထူးဆန်းတဲ့ message feature တွေနဲ့ game ဆော့လို့ရတဲ့
Feature တွေအပါအဝင် လူသိနည်းတဲ့ အချက်တွေပါဝင်မှာပါ

No. 1 Customization

Telegram မှာမိတ်ဆွေတို့ကြိုက်သလို Theme Color တွေ Text Color တွေကိုပြောင်းလို့ရပါတယ်
ဘယ်လိုပြောင်းရမလဲဆိုရင် ပထမဆုံး ထိပ်ထောင့်က အကြောင်းသုံးကြောင်းကိုနိုပ်လိုက်ပါ
ပြီးရင်အောက်ကို နည်းနည်းလေးဆွဲချပြီးတော့ Chat Setting ဆိုတာလေးကိုနိုပ်လိုက်ပါ
ဒါဆိုရင်တော့ မိတ်ဆွေတို့ကြိုက်တဲ့ Theme Color တွေကို နိုပ်ပြီးပြောင်းလို့ရပါတယ်
အဲ့အောက်က color တွေကိုနိုပ်ပြီးတော့ပြောင်းလိုက်ရင်လဲ
Message Color တွေကလိုက်ပြောင်းမှာပဲဖြစ်ပါတယ်

အဲ့ထိပ်က change background ကိုနိုပ်လိုက်ရင်လဲ
ကိုယ်ကြိုက်တဲ့ background လှလှလေးတွေကိုရွေးထားလို့ရပါတယ်

ဒါအပြင် message text size ဆိုတာကို လိုသလိုချိန်ပြီး
Message တွေရဲ့ size ကို အကြီးအသေးလုပ်လို့ရပါတယ်

----------------------

No 2. Message Tips

တဂယ်လို့ telegram ကနေစာပို့တဲ့အခါ စာလုံးမှားသွားတယ်ဆိုပြီး
ဖျက်ပစ်စရာမလိုပါဘူး၊ မှားသွားတဲ့စာကို ပြန် edit လုပ်လို့ရပါတယ်
မှားသွားတဲ့ စာသားကို လက်လေးနဲ့ကြာကြာဖိလိုက်ရင်
ထိပ်မှာ ခဲတံပုံးလေးရှိပါတယ်၊ အဲ့ဒါလေးကိုနိုပ်လိုက်ပါ

ဒါဆိုရင်တော့ ကိုယ်စိတ်ကြိုက်ပြန်ပြင် ရေးလိုက်ပါ
ပြီးရင်တော့ အမှန်ခြစ်လေးနိုပ်လိုက်ရင် message ဘေးလေးမှာ edited ဆိုပြီး ပြင်သွားမှာပဲဖြစ်ပါတယ

နောက်တစ်ချက်ကတော့ ကိုယ့်သူငယ်ချင်းနဲ့ chat ထဲက
ထိပ်ထောင့်က အစက်လေးသုံးစက်ကိုနိုပ်လိုက်၊ အဲ့ဒီက clear history ဆိုတာလေးကိုနိုပ်ပြီး
စာတွေကို အကုန်ပြန်ဖျက်ပစ်လို့ရပါတယ်
ဒါအပြင် အဲ့ဒါလေးနိုပ်လိုက်ရင် timer ပေးထားလိုက်လို့ရပါတယ်
၂၄ နာရီ ရွေးမလား ၇ရက် ရွေးမလား
Faceshoot - တဂယ်လို့ ၂၄ နာရီ ရွေးထားရင် စာတွေအကုန် ၂၄ နာရီ ပြည့်ပြီးရင် auto ပျက်သွားမှာဖြစ်ပါတယ်

---------------------

No 3. Game Bot

Telegram မှာ ကိုယ့်သူငယ်ချင်းနဲ့အတူတူ Game ဆော့လို့ရပါတယ်
ကိုယ့်သူငယ်ချင်းနဲ့ chat ထဲမှာ လို့ရိုက်လိုက်ပါ
ဒါဆိုရင် အတူတူ ဆော့လို့ရတဲ့ game တွေတက်လာမှာဖြစ်ပြီး
ကိုယ်ကြိုက်တာကိုရွေးလိုက်ပါ

ပြီးရင်တော့ play ကိုနိုပ်ပြီး ဆော့လို့ရပါပြီ
တဖက်သူဘက်ကဆော့နေရင်လဲ playing a game ဆိုပြီးပြနေမှာဖြစ်ပါတယ်
တခြားပျော်ဖို့ကောင်းတဲ့ game တွေလဲရှိတာမလို့ မိတ်ဆွေတို့ပျင်းတဲ့အခါတိုင်း
Telegram မှာ ရှာဆော့ကြည့်ကြပါ

-------------------------

No 4. Secret Chat

Telegram မှာ အောက်က ခဲတံပုံလေးနိုပ်လိုက်ရင်
New secret chat ဆိုတာလေးရှိပါတယ်
အဲ့ဒါလေးကိုနိုပ်လိုက်ရင် telegram က encrypted chat mode ဖြစ်သွားပါတယ်
ကိုယ်ပြောချင်တဲ့ သူငယ်ချင်းကိုရှာပြီး စာတွေပို့လိုက်ပါ
ထိပ်က profile လေးကိုနိုပ်လိုက်ပြီး ကိုယ်ကြိုက်သလောက် timer ကိုရွေးလိုက်ပြီး စာပို့လိုက်ရင်
ကိုယ်ရွေးထားတဲ့ အချိန်ပြည့်တာနဲ့ စာတွေက auto ပျက်မှာပဲဖြစ်ပါတယ်
Fs - အရေးကြီးတဲ့စာတွေအတွက် အသုံးဝင်မဲ့ feature လေးပါပဲ

---------------------------

No 5. Save Message

Telegram မှာ ကိုယ် save ချင်တဲ့ message တွေအတွက် သီးသန့် chat list ရှိပါတယ်
တဂယ်လို့တဘက်လူက အရေးကြီးမှတ်ထားရမဲ့ စာတွေပို့လာလို့ မှတ်ထားဖို့လိုလာပြီဆိုရင်
အဲ့စာလေးကို လက်နဲ့ကြာကြာဖိလိုက်ပါ, ပြီးရင်ထိပ်က မြှားလေးကိုနိုပ်လိုက်ပါ
အဲ့မှာ save message ဆိုတာကိုနိုပ်လိုက်ပါ၊ ဒါဆိုရင် message က save သွားမှာဖြစ်ပြီး
Save message ဆိုတဲ့ chat list မှာ ကိုယ် save ခဲ့တာတွေကိုပြန်တွေ့ရမှာပဲဖြစ်ပါတယ်
တော်တော်လေးအသုံးဝင်တဲ့ feature လေးပါပဲ

-----------------------

Bonus Tips

အားလုံးကို bonus tip လေးတစ်ခုပြောပြပေးပါမယ်
Telegram မှာ တစ်ဖက်လူကို စာမပို့ခင် ဘေးက send button လေးကို ကြာကြာဖိလိုက်ရင်
Schedule message နဲ့ send without sound ဆိုတာလေးပေါ်လာပါတယ်

အဲ့မှာ schedule message ကိုနိုပ်ပြီး ကိုယ်ပို့ချင်တဲ့ စာကို ဘယ်နေ့ ဘယ်ချိန်မှာပို့ပါဆိုပြီး
Timer ပေးထားလိုက်လို့ရပါတယ်

ဒါဆိုရင်တော့ အဲ့စာလေးက ကိုယ်သတ်မှတ်ထားတဲ့ အချိန်ရောက်ခါမှ auto ပို့ပေးသွားမှာဖြစ်ပါတယ်

---------------------

ကျနော်တို့ ဝိုင်းဝန်းကူညီ Bangkok Community  အဖွဲ့မှ ချက်တူချက်ပန်းခြံအနီး ဆောက်လက်စတိုက်ပြိုကျသွားသော လုပ်ငန်းခွင်မှ ကျ...
01/04/2025

ကျနော်တို့ ဝိုင်းဝန်းကူညီ Bangkok Community အဖွဲ့မှ ချက်တူချက်ပန်းခြံအနီး ဆောက်လက်စတိုက်ပြိုကျသွားသော လုပ်ငန်းခွင်မှ ကျန်ရစ်သူမိသားစုများနဲ့ လွတ်မြောက်သူမြန်မာလုပ်သားများကို အဆောင်သို့ တိုက်ရိုက် သွားလှူပေးခဲ့ကြသော မှတ်တမ်းလေးတွေပါ။ ၁ရက်နေ့က ဖြစ်ပါတယ်

ထမင်းပေါင်းအိုး ၁၃လုံး၊ ကြက်ဥ ဆယ်လုံးကတ် ၂၆ကတ်၊ ဆန်နဲ့ ရေသန့်ကတ်တွေ တော်တော်များများ လှူခဲ့ပြီဆိုတော့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံသွားပြီလို့ ယူဆတဲ့အတွက် မြန်မာဘက်ကိုပဲ သေချာစကူဖို့ စီစဥ်ပါတော့မယ်ဗျ

ဒီနေ့က အဲ့ကိစ္စအတွက် လှူမယ့်သူ၊ လုပ်အားပေးမယ့်သူတွေ ရသလောက်အပြင်မှာစုံပြီး ပေးနိုင်မယ့် အလှူငွေဖြစ်စေ၊ ရိက္ခာဖြစ်စေ စာရင်းဇယားအတိအကျနဲ့ စုလိုက်ပါမယ်

ပြီးမှ ပစ္စည်းဆို free ပို့ပေးတဲ့ cargo တွေနဲ့ လှူမယ့်နေရာတိုက်ရိုက်ပို့ပြီး အလှူငွေဆို Clean Yangon လို အဖွဲ့မျိုးကို တိုက်ရိုက်လှူပါမယ်

စုရပ်က ဘန်ကပီ လမ်း ၅၀ Ac 9 နားက My Taste မြန်မာဆိုင်မှာပါ။ အချိန်က 10:00 AM ပါဗျ။

Map မှာ ဆိုင်နာမည်ရှာမတွေ့ရင် Ac 9 ဆိုပြီးထောက်လာရင် အနီးစပ်ဆုံး ရောက်ပါတယ်။ Ac 9ရှေ့က လမ်းသွယ်လေးထဲ ဝင်လာရင် ရောက်ပါပြီ

မလာနိုင်သူတွေရှိရင်လည်း ဒီနေ့ညထိ ရသမျှ အကူအညီတွေ ဆက်လက်ခံပါဦးမယ်ဗျ

#ဝိုင်းဝန်းကူညီBangkokCommunity
#ငလျင်

28/03/2025

‎ငလျင်ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို တွေးရင်း အိပ်မပျော်တော့လို့ ပို့စ်တင်လိုက်တာပါ

‎ငလျင်ကြောင့် မြန်မာတွေထဲမှာ မိသားစုဘဝပျက်စီးသွားသူတွေ၊ အနာဂတ်မဲ့သွားသူတွေ၊ မိစုံဖစုံမနေရတော့တဲ့ ကလေးတွေ အများကြီး ရှိလာပါပြီ

‎ဒီလိုသူတွေအတွက် ယာယီအခက်အခဲပြေလည်ရုံ ဝိုင်းလှူကြတာတင်မကဘဲ ရေရှည်အတွက်ပါ ဘဝပိုကောင်းသွားအောင် support ပေးချင်၊ မြေတောင်မြှောက်ပေးချင်ပါတယ်ဗျ

‎အရင်ကိစ္စတွေကို ပြန်ကြည့်ရသလောက် မြန်မာတွေက ​လှူတော့လှူကြပေမယ့် ခဏလောက် အခက်အခဲပြေရုံပဲ လုပ်ပေးနိုင်ကြတာများပါတယ်။ ကိုယ်လှူထားတာတွေ ကုန်သွားတဲ့နောက်ပိုင်းအထိကိုတော့ မလုပ်ပေးနိုင်ကြတော့ပါဘူး။ ဒါက သဘာဝပါပဲ။ ကိုယ်နိုင်သလောက်ပဲ လုပ်နိုင်ကြမှာပေါ့

‎ကျနော်ကတော့ ယာယီတင်မက ရေရှည်ပါ အဆင်ပြေအောင် ဆက်ကူညီပေးသွားချင်ပါတယ်။ အထူးသဖြင့် ကလေးတွေပါ။ မိစုံဖစုံမရှိတော့တဲ့ အားငယ်ရမှုကို လေးတန်းကျောင်းသားအရွယ်ကတည်းက အိမ်ပေါ်ကဆင်းသွားတဲ့အဖေကြောင့် ကောင်းကောင်းနားလည်ပါတယ်

‎ကျန်ရစ်သူတွေအတွက်၊ ဒုက္ခိတဖြစ်သွားသူတွေအတွက်၊ ကလေးတွေအတွက် အနာဂတ်ကောင်းတစ်ခုကိုပါ ဖန်တီးပေးနိုင်ချင်ပါတယ်

‎လူကြီးဆိုရင် အလုပ်ရှာပေးတာမျိုး၊ အသက်မွေးဝမ်းကြောင်း လမ်းကြောင်းတစ်ခုပေါ် တင်ပေးပြီး ဝင်ငွေလမ်းကြောင်းတစ်ခု ဖွင့်ပေးခဲ့တာမျိုး လုပ်ချင်ပါတယ်

‎ကလေးဆိုရင် ဘော်ဒါဆောင်လိုမျိုးထိ ထားပေးပြီး ပညာဆုံးခန်းတိုင်အောင် သင်ပေးတာမျိုး၊ သူနဲ့အကိုက်ဆုံးဖြစ်မယ့် သက်မွေးပညာရပ်ကို ထူးချွန်အောင် သင်ပေးတာမျိုး၊ ကိုယ်ပိုင်ဝင်ငွေကို နည်းမှန်လမ်းမှန်နဲ့ ရှာတတ်အောင်မျိုးထိ မြေတောင်​​မြှောက်ပေးလို့ ရပါတယ်

‎ကျနော်တယောက်ထဲဆို မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ထိုင်းရောက်မြန်မာတွေရော ပြည်တွင်းက မြန်မာတွေရော ပူးပေါင်းလိုက်ရင် မဖြစ်နိုင်စရာအကြောင်း မရှိပါဘူးဗျာ

‎ကျနော့်မှာတော့ ပိုက်ဆံမရှိသေးပေမယ့် ပညာ၊ အချိန်နဲ့ မိတ်ဆွေကောင်းတွေတော့ ရှိပါတယ်။ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် Computer, IT နဲ့ Digital Marketing ပညာရပ်တွေကို အသက်မွေးဝမ်းကြောင်းနိုင်တဲ့ထိ သင်ပေးနိုင်ပါတယ်ဗျ။ စိတ်ပညာလည်း လေ့လာဖူးတာကြောင့် သူတို့စိတ်လေးတွေ ပြန်အဆင်ပြေလာအောင် healing လုပ်ပေးလို့လည်း ရပါသေးတယ်

‎ကျန်တာကတော့ ခုစာဖတ်နေတဲ့ မိတ်ဆွေတွေရဲ့ အကူအညီတွေ လိုပါတယ်ဗျာ။ တကယ်မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်မှာမို့ ဝိုင်းဝန်းကူညီကြပါဦးလို့ တောင်းဆိုရပါစေ။ ကျနော်အလှူမခံပါဘူးနော်၊ လုပ်အားပေးတွေ၊ အကူအညီတွေပဲ တောင်းခံနေတာပါဗျ

‎မိတ်ဆွေတို့ဘက်က ဝင်အားဖြည့်ချင်တာလေးတွေရှိရင် မန့်ခဲ့ပေးကြပါဦးဗျာ

‎အကောင့်ထပ်ကျသွားမှာစိုးလို့ Telegram နဲ့ Line - ကိုလည်း add ပေးထားကြပါနော်

Fb တခုပဲ အသုံးများသူတွေအတွက် fb chat gp လည်း လုပ်ထားလို့ Join ထားပြီး ဆွေးနွေးလို့ ရပါပြီ

https://m.me/cm/AbaJUKEW4YSk6hGX/?send_source=cm%3Acopy_invite_link

အားလုံးပဲ အန္တရာယ်ကင်း ဘေးရှင်းပြီး အစစအရာရာ အဆင်ပြေကာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေဗျာ💙

#ဝိုင်းဝန်းကူညီBangkokCommunity

#ငလျင်

ဟိုနားဒီနား သွားရင် သိထားဖို့ ဘန်ကောက်ဘတ်စ်ကားနံပါတ်များနဲ့ ရောက်မယ့်နေရာများ 🇹🇭🚌ဘန်ကောက်က ဘတ်စ်ကားတွေဟာ နေ့စဉ် မနက် ၅ န...
28/03/2025

ဟိုနားဒီနား သွားရင် သိထားဖို့ ဘန်ကောက်ဘတ်စ်ကားနံပါတ်များနဲ့ ရောက်မယ့်နေရာများ 🇹🇭🚌

ဘန်ကောက်က ဘတ်စ်ကားတွေဟာ နေ့စဉ် မနက် ၅ နာရီကနေ ည ၁၁ နာရီထိ ပြေးဆွဲလေ့ရှိပါတယ်။ တစ်ချို့ ဘတ်စ်ကားတွေကတော့ တစ်နေ့ကို ၂၄ နာရီလုံး ပြေးဆွဲကြပါတယ် ✅

သင့်အနေနဲ့ အောက်က ဘတ်စ်ကားနံပါတ်တွေကို သေချာသိထားလို့ရှိရင် Taxi တွေ Grab တွေ ဈေးကြီးပေးပြီး စီးနေစရာမလိုဘူးနော် 😍😍

🚌ဘတ်စ်နံပါတ် ၂ 👉 ပတ်ခလောင်တလာ - ဆမ်ရွန်

🚌ဘတ်စ်နံပါတ် ၃ 👉 မိုချစ်မိုင် - ခလောင်ဆမ်

🚌ဘတ်စ်နံပါတ် ၄ 👉 ခလောင်သိမ် - ထနမ်ဖစီ

🚌ဘတ်စ်နံပါတ် ၇ 👉 ခလောင်ခွမ် - ဟွမ်လဖုန်း

🚌ဘတ်စ်နံပါတ် ၂၂ 👉 လတ်ဖရောင် - ရမ

🚌ဘတ်စ်နံပါတ် ၂၃ 👉 ထဝပ် - ဆမ်ရွန်

🚌ဘတ်စ်နံပါတ် ၂၅ 👉 ပတ်နမ် - ထချမ်

🚌ဘတ်စ်နံပါတ် ၂၆ 👉 မင်းဘူရိ - လွတ်လပ်ရေးကျောက်တိုင်(အနုစာဝါရီ ချန်ချနာ)နား

🚌ဘတ်စ်နံပါတ် ၂၇ 👉 မင်းဘူရိ - လွတ်လပ်ရေးကျောက်တိုင်(အနုစာဝါရီ ချန်ချနာ)နား

🚌ဘတ်စ်နံပါတ် ၂၉ 👉 ဟွမ်လဖုန်း - ရမ်စစ်

🚌ဘတ်စ်နံပါတ် ၃၄ 👉 ဟွမ်လဖုန်း - ရမ်စစ်

🚌ဘတ်စ်နံပါတ် ၃၉ 👉 ဆနမ်လူ - မဟိဒွန်းတက္ကသိုလ်

🚌ဘတ်စ်နံပါတ် ၄၆ 👉 ရမ ၂ - ရမွန်

🚌ဘတ်စ်နံပါတ် ၅၄ 👉 ဝမ်ချင်ဟွေးခွမ် - လွတ်လပ်ရေးကျောက်တိုင်(အနုစာဝါရီ ချန်ချနာ)နား

🚌ဘတ်စ်နံပါတ် ၅၉ 👉 ရမ်စစ် - ဆလမ်လူ

🚌ဘတ်စ်နံပါတ် ၆၀ 👉 ပတ်ခလောင်တလာ - ဆွမ်ဆရမ်

🚌ဘတ်စ်နံပါတ် ၆၃ 👉 လွတ်လပ်ရေးကျောက်တိုင်(အနုစာဝါရီ ချန်ချနာ) - နွန်ထဘူရိ

🚌ဘတ်စ်နံပါတ် ၇၁ 👉 ဆွမ်ဆရမ် - ဝထက်ထွန်

🚌ဘတ်စ်နံပါတ် ၇၃ 👉 ဆွမ်ဆရမ် - ဖုတံတား

🚌ဘတ်စ်နံပါတ် ၇၆ 👉 ရမ ၄ - ဖလန်ဂျစ်

🚌ဘတ်စ်နံပါတ် ၇၇ 👉 မိုချစ် - ရမ ၃

🚌ဘတ်စ်နံပါတ် ၈၀ 👉 ဆနမ်လူ - နောင်ခမ်

🚌ဘတ်စ်နံပါတ် ၈၂ 👉 ဆနမ်လူ - ဖရာပရာဒန်

🚌ဘတ်စ်နံပါတ် ၈၄ 👉 အွန်ယိုင် - ခလောင်ဆမ်

🚌ဘတ်စ်နံပါတ် ၉၇ 👉 နွန်ထဘူရိ - ဆမ်ခဆေးရုံ

🚌ဘတ်စ်နံပါတ် ၁၃၄ 👉 မိုချစ် ၂ - ဘမ်ဘော်ထောင်

🚌ဘတ်စ်နံပါတ် ၁၄၅ 👉 ပတ်နမ် - မိုချစ် ၂

🚌ဘတ်စ်နံပါတ် ၂၀၃ 👉 ဆနမ်လောင် - နွန်ထဘူရိ

🚌ဘတ်စ်နံပါတ် ၂၀၆ 👉 ခပ်ဆယ်စာ တက္ကသိုလ် - စီနခရင်နျူရော့ တက္ကသိုလ်

ထိုင်းက‌နေ မြန်မာဘာသာပြန်ထားတာဖြစ်လို့ နာမည်လေးတွေ နည်းနည်းလွဲကောင်း လွဲနိုင်ပါတယ်

အချက်အလက်များအတွက် မူရင်းရေးသားသူကို Credit ပေးပါတယ်

#ဝိုင်းဝန်းကူညီBangkokCommunity

မြန်မာနိုင်ငံသား ၄ဦိး ဆောက်လုပ်ရေးတစ်ခုတွင် ကွန်ကရစ်ပြားပြိုကျ၍ သေဆုံးထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန...
28/03/2025

မြန်မာနိုင်ငံသား ၄ဦိး ဆောက်လုပ်ရေးတစ်ခုတွင် ကွန်ကရစ်ပြားပြိုကျ၍ သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူမှာ မြန်မာနိုင်ငံသားဖြစ်ပြီး ၁ ဒသမ ၈၅ မီတာရှိ ကွန်ကရစ်ကျောက်ပြား ၄ ချပ် ပြိုကျခဲ့ခြင်း ဖြစ်သည်။

အလောင်းအား Bang Chan ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အလောင်းကို ခွဲစိတ်စစ်ဆေးရန်အတွက် မှုခင်းဆေးတက္ကသိုလ်ရှိ မှုခင်းဆရာဝန်ထံ ပို့ဆောင်ရန် အကြောင်းကြားခဲ့သည်။



Source: Khaosod

ပြန်လည်နိုးထလာသောစစ်ကိုင်းပြတ်ရွေ့ကြော" အကြောင်းစစ်ကိုင်းပြတ်ရွေ့ကြော သည် မြန်မာနိုင်ငံတွင် တည်ရှိသည့် အဓိကပြတ်ရွေ့ကြောတ...
28/03/2025

ပြန်လည်နိုးထလာသော
စစ်ကိုင်းပြတ်ရွေ့ကြော" အကြောင်း

စစ်ကိုင်းပြတ်ရွေ့ကြော သည် မြန်မာနိုင်ငံတွင် တည်ရှိသည့် အဓိကပြတ်ရွေ့ကြောတစ်ခု ဖြစ်သည်။

၎င်းသည် ဆွန်းဒါး(ဆွန်ဒါ) ကျောက်ထုလွှာနှင့် အိန္ဒိယကျောက်ထုလွှာအကြားတွင် ဖြစ်ပေါ်တည်ရှိနေသည့် ပြတ်ရွေ့ကြောဖြစ်သည်။ ၎င်းသည် မန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူနှင့် ပဲခူးတို့ကို ဖြတ်သန်းလျှက် တည်ရှိကာ အရှည်အားဖြင့် ၁၂၀၀ ကီလိုမီတာ ရှိ၏ ။

စစ်ကိုင်းပြတ်ရွေ့ကြောသည် ကပ္ပလီကမ်းလွန်မှ စတင်ခဲ့ကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသအထိ ဖြစ်သည်။

ဤပြတ်ရွေ့ကြောသည် အရှေ့ဘက်ကပ်လျက်ရှိသော ရှမ်းပြတ်ရွေ့ငယ်နှင့် နှိုင်းစာသော် ၎င်း၏အလျှားတစ်လျှောက်တွင် မြေမျက်နှာသွင်ပြင်အရ တောင်ကုန်း/တောင်တန်း ထူထပ်မှုနည်းသည်။

အိန္ဒိယ-ဆွန်းဒါး ကျောက်ချပ်လွှာကြီးနှစ်ခု၏ အကြားရှိ စုစုပေါင်းရွေ့လျားနှုန်းသည် တစ်နှစ်လျှင် ၃၅ မီလီမီတာ ဖြစ်သည်။ ထိုအထဲမှ ၁၈ မီလီမီတာသည် ဂြိုဟ်တုမှ ရရှိသည့်အချက်အလက်များအရ စစ်ကိုင်းပြတ်ရွေ့ကြောတွင် ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

ရေးသားသူအများစုက ပြတ်ရွေ့ကြော၏ အရွေ့သည် ၃၆၀ ကီလိုမီတာမှ ၄၀၀ ကီလိုမီတာအကြား ရှိသည်ဟု ခန့်မှန်းကြသော်လည်း အများဆုံးအရွေ့သည် ၁၀၀ ကီလိုမီတာခန့် ရှိသည်။

၂၀ ရာစုအစောပိုင်းတွင် စစ်ကိုင်းပြတ်ရွေ့ကြော၏ အလျားတစ်ဝက်ကျော်သည် ငလျင်များ ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများတွင် ပါဝင်ခဲ့သည်။

#ဖြစ်ရပ်များ
သမိုင်းမှတ်တမ်းများကို ပြန်ကြည့်ပါက စစ်ကိုင်းပြတ်ရွေ့ကြော၏ မြောက်ဘက်ဆုံးအပိုင်းတွင် ၁၉၀၆ နှင့် ၁၉၀၈ ခုနှစ်များတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များသည် အဓိကငလျင်များ ဖြစ်ခဲ့ကြသည်။

၁၉၀၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် ပူတာအိုငလျင် လှုပ်ခတ်ခဲ့ကာ ပြင်းအား ၇.၀ ရှိသည်။

၁၉၀၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် Mw 7.5 ရှိသည်။ ၁၉၀၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် တောင်ဘက်အပိုင်းတွင်ပါ လှုပ်ခတ်မှုကို ခံစားခဲ့ကြရသည်။ ၎င်းနေရာတွင် ၁၉၃၁ ခုနှစ်ငလျင် လှုပ်ခတ်ခဲ့သည့် နေရာပင် ဖြစ်ခဲ့သည်။ ထိုနည်းတူစွာပင် ၁၉၄၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့်င ငလျင်ကြောင့် ၁၉၃၁ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် နေရာများကို ထိခိုက်ခဲ့သည်။

ပထမဆုံး အဓိကလှုပ်ခါမှုသည် ၁၉၄၆ ခုနှစ်တွင် နှစ်ကြိမ်ဆက်လှုပ်ရှားမှု ဖြစ်ပွားခဲ့ကာ နောက်ထပ် အဓိကလှုပ်ခတ်မှုသည် ပြတ်ရွေ့ကြော၏ တင်းအားအခြေအနေကြောင့် ဖြစ်ခဲ့ရသည်။ ၁၀ နှစ်ကြာမြင့်ပြီးနောက်တွင် မန္တလေးမြို့အနီးတွင် Mw 7.1 ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူအနည်းဆုံး ၄၀ ဦး သေဆုံးခဲ့သည်။ ငလျင်ကြောင့် ၁၉၄၆ ခုနှစ်တွင် ပျက်စီးခဲ့သည့် တောင်ဘက်ပိုင်းကို ကျိုးပျက်ထိခိုက်စေခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ၁၉၄၆ Mw 7.0 ငလျင်နှစ်ခုအကြား ဖြစ်ပေါ်လာခဲ့သည့် ငလျင်အသေးစားတစ်ခုကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။ ၁၉၃၀ ခုနှစ် မေလနှင့် ဒီဇင်ဘာလတွင် ပြတ်ရွေ့ကြော၏ လှုပ်ရှားမှုများကြောင့် ငလျင်များ ဖြစ်ပေါ်ခဲ့သော်လည်း ၎င်းငလျင်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှု မရှိဘဲ မြောက်ပိုင်းတွင် သီးခြားဖြစ်ပေါ်ခဲ့သည့် ငလျင်များဖြစ်သည်။ ၁၉၃၀ ခုနှစ်၊ ဒီဇင်ဘာလ ငလျင်သည် မေလတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်၏ ရွေ့လျားမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

(ဝီကီပီးဒီးယားမှကူးယူဖော်ပြပါသည်။)

------------------------------------

မြန်မာနိုင်ငံ၏ အပြင်းထန်ဆုံး ငလျင်များနှင့် အနာဂတ် အန္တရာယ်များ

မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့ကြော (Sagaing Fault) နှင့် အခြား ပြတ်ရွေ့ကြောများ တွင် တည်ရှိသဖြင့် ငလျင်ကြီးများ ဖြစ်နိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယနေ့ (၂၀၂၅ မတ်လ ၂၈) 7.7 ရစ်ချာစကေး ငလျင် ဖြစ်ပွားခဲ့ခြင်းဖြင့် မြန်မာသမိုင်းတွင် အပြင်းထန်ဆုံး ငလျင်အဖြစ် မှတ်တမ်းတင်နိုင် သည်။

---

1. ယနေ့ 7.7 ငလျင် မြန်မာ့ မှတ်တမ်းတင် အပြင်းထန်ဆုံး!

ရက်စွဲ: ၂၀၂၅ မတ်လ ၂၈

နေရာ: စစ်ကိုင်းပြတ်ရွေ့ကြောအနီး

စကေး: 7.7

သက်ရောက်မှု: မြန်မာနိုင်ငံ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် အဆောက်အဦများပြိုလဲနိုင်ခြေရှိ

ပြတ်ရွေ့ကြောကြီး တစ်ခုတည်းပဲလှုပ်ခါနေလား၊ ဒုတိယမြောက်ဖြစ်နိုင်သေးလား?
ဆူနာမီ ဖြစ်နိုင်သေးလား?
ဘယ်ဒေသတွေ ထိခိုက်နိုင်သေးလဲ?

---

2. ယခင်သမိုင်းထဲမှ အပြင်းထန်ဆုံး ငလျင်များ

(၁) ၁၉၃၀ ပျင်လင် ငလျင် (7.3) ရန်ကုန်ထိခိုက်ခဲ့သော ငလျင်

ရက်စွဲ: ၁၉၃၀ မတ်လ ၅

နေရာ: ပျင်လင် (Bago)၊ ရန်ကုန်အနီး

စကေး: 7.3

သေဆုံးသူ: ~၅၀၀

သက်ရောက်မှု: ရန်ကုန်မြို့တွင် အဆောက်အဦများ ပြိုကျ

(၂) ၂၀၁၁ တချိုင့် ငလျင် (6.9) ထိုင်းထိခိုက်ခဲ့သော ငလျင်

ရက်စွဲ: ၂၀၁၁ မတ်လ ၂၄

နေရာ: ရှမ်းပြည်နယ်၊ တချိုင့် (Tachileik)

စကေး: 6.9

သေဆုံးသူ: ~၁၅၀

သက်ရောက်မှု: ထိုင်းနှင့် လာအိုပါ ထိခိုက်

(၃) ၂၀၁၆ ချောက် ငလျင် (6.😎 ပုဂံဘုရားများ ထိခိုက်မှု

ရက်စွဲ: ၂၀၁၆ သြဂုတ်လ ၂၄

နေရာ: မကွေးတိုင်း၊ ချောက်

စကေး: 6.8

သေဆုံးသူ: ၄

သက်ရောက်မှု: ပုဂံဘုရားများ ပျက်စီးမှုများ

---

3. နောက်ထပ် ငလျင်များ ဖြစ်လာနိုင်ခြေ

"Aftershock" (နောက်ဆက်တွဲငလျင်) မဖြစ်နိုင်ဘူးလား?
7.7 ရှိသော ငလျင်ကြီးများဖြစ်ပြီးနောက် နောက်ဆက်တွဲငလျင်များ (Aftershocks) ဖြစ်နိုင်ခြေ အလွန်မြင့်မား သည်။

၇.၀ - ၇. တန်ဖိုးရှိသော နောက်ထပ်ငလျင် ဖြစ်နိုင်သည်။

တစ်လအတွင်း လျှော့နည်းသွားနိုင်သော်လည်း မတည်ငြိမ်သေးနိုင်။

ဆူနာမီ ဖြစ်နိုင်ခြေ ရှိသေးလား?
မြန်မာ့ပြတ်ရွေ့ကြောများသည် ခြောက်သွေ့သောမြေပြန့်ဒေသများတွင်များသည်။ သို့သော်

အင်ဒိုနီးရှား၊ ဘင်္ဂလားပင်လယ်အော်အနီး တွင် လှုပ်မယ်ဆိုရင် ဆူနာမီဖြစ်နိုင်။

၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ငလျင် (9.1-9.3) က မြန်မာကမ်းခြေအထိ ဆူနာမီဖြစ်ခဲ့သည်။

အနာဂတ်တွင် ၈.၀ + ငလျင် ဖြစ်နိုင်သေးလား?
သုတေသနများအရ မြန်မာနိုင်ငံသည် ၈.၀ + ရှိသော ငလျင် ကြုံနိုင်သည့် ဒေသတစ်ခုဖြစ်သည်။

စစ်ကိုင်းပြတ်ရွေ့ကြောသည် ၁၅၀ နှစ်မှ ၂၀၀ နှစ်တိုင်း တစ်ကြိမ် တည်ငြိမ်မှု ချိုးဖောက်နိုင်သည်။

နောက် ၁၀ - ၂၀ နှစ်အတွင်း ၈.၀+ ရှိနိုင်ခြေရှိသည်။

---

4. အနာဂတ်တွင် ဘာလုပ်သင့်လဲ?

ငလျင်အတွက် အရေးပေါ် ပြင်ဆင်မှု

လျှပ်စစ်မီးပိတ်ထားရန်

ရေသန့်၊ ဆေးဝါးများ ကြိုတင်ထားရန်

ဘေးလွတ်ရာသို့ ထွက်ပြေးရန် လမ်းကြောင်းသိထားရန်

အဆောက်အဦများ ပြုပြင်မွမ်းမံရန်

ငလျင်ခံနိုင်ရည်ရှိသော အဆောက်အဦများ တည်ဆောက်ရန်

ပြိုကျနိုင်သော ပစ္စည်းများ ခိုင်ခံ့စွာ တပ်ဆင်ရန်

ငလျင်သတင်းများ သေချာစောင့်ကြည့်ရန်

အသိပညာရရှိရန်

နောက်ထပ် အန္တရာယ်များကို ကြိုတင်လေ့လာရန်

---

"7.7 ရှိတဲ့ ငလျင်က မြန်မာ့မှတ်တမ်းတင်အပြင်းထန်ဆုံး ဖြစ်လာပြီ! နောက်ထပ် ဖြစ်နိုင်မယ့် အန္တရာယ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။"**
ငလျင်ဘေးကင်းကြပါစေ🙏🙏🙏

Crd to Original Writer

Halal - ဟလာလ် အစားအသောက်တွေ အစုံအလင်ရှိပြီး စျေးသက်သာတဲ့ Ramkhamhaeng ညစျေးဘန်ကောက်မှာ ညစျေးသွားချင်တယ် ၊ စျေးလည်းသက်သာပ...
22/03/2025

Halal - ဟလာလ် အစားအသောက်တွေ အစုံအလင်ရှိပြီး စျေးသက်သာတဲ့ Ramkhamhaeng ညစျေး

ဘန်ကောက်မှာ ညစျေးသွားချင်တယ် ၊ စျေးလည်းသက်သာပြီး ဟလာလ်အစားအသောက်တွေလည်း ရမှဖြစ်မယ် ဆိုသူတွေအတွက် သွားသင့်တဲ့ ညစျေးကတော့ Ramkhamhaeng ညစျေးပါ ၊

ဒီညစျေးမှာ ရှိတဲ့ ဆိုင်ခန်းတွေရဲ့ 70 % လောက်က ဟလာလ်ဆိုင်တွေ ဖြစ်ပြီးတော့ ၊ အစားအသောက်က ထိုင်းအစားအစာတွေ အပြင် ၊ မလေးနွယ်တဲ့ အစားသောက်မျိုးတွေနဲ့ အခြားသော ညစျေးတွေမှာလည်း ရှိတဲ့ စားသောက်ဖွယ်ရာတွေ စုံလင်နေအောင် ရှိပါတယ်။

အစားအသောက်စျေးနှုန်းတွေက အချို့သော ညစျေးတွေနဲ့ ယှဉ်လိုက်ရင် အတော်ကြီး စျေးသက်သာတာကိုတွေ့ရပါတယ်။

အစားအသောက်များအပြင် ဘန်ကောက်က အခြားသော ညစျေးတွေနည်းတူ အဝတ်အစားတွေ ၊ အလှအပဆိုင်ရာ ၊ ဖက်ရှင်နဲ့ ဆိုင်တဲ့ ပစ္စည်းတွေအပါအဝင် ၊ အဟောင်းဆိုင်တွေကနေစလို့ ဆိုင်အတော်များများရှိတာကို တွေ့ရပါတယ်။

စျေးရဲ့တည်နေရာကတော့ Rajamangala National Stadium (ဘောလုံးကွင်းကြီး) ရဲ့ အရှေ့တည့်တည့်မှာ ဖြစ်ပြီးတော့ ဘန်ကပိခရိုင်ထဲမှာ ရှိတာ ဖြစ်ပါတယ်။ စျေးနေရာကို တိုက်ရိုက်ရောက်တဲ့ ရထားလိုင်းတွေတော့ မရှိသေးပါဘူး ၊ လိုင်းကားကိုပဲ အဓိကအားပြုပြီး သွားရမှာပါ ၊ Google map မှာ Ramkhamhaeng Night Market ဆိုပြီး ရှာကြည့်နိုင်ပါတယ်။

ပတူနမ်ကနေ သွားချင်တဲ့သူတွေကတော့ ပတူနမ်လှေဆိပ်ကနေ လှေစီးပြီးတော့လည်း သွားလို့ရပါတယ် ၊ ဆင်းရမယ့် လှေဆိပ်နာမည်ကတော့ Saphan Mit Mahat Thai Pier ပါ လှေဆိပ်နေရာကနေ ၅ မိနစ်လောက် လမ်းလျှောက်တာနဲ့ စျေးကို ရောက်ပါမယ်ဗျ။

Crd to original

#ဝိုင်းဝန်းကူညီBangkokCommunity

ဘန်ကောက်မှာ ဘာပဲလိုလို ကျနော့်ကို ဆက်သွယ်ပါ၊ လာမေးပါဗျရောက်တာမကြာသေးပေမယ့် ယုံကြည်ရတဲ့ service ပေးတဲ့သူ တော်တော်များများ...
21/03/2025

ဘန်ကောက်မှာ ဘာပဲလိုလို ကျနော့်ကို ဆက်သွယ်ပါ၊ လာမေးပါဗျ

ရောက်တာမကြာသေးပေမယ့် ယုံကြည်ရတဲ့ service ပေးတဲ့သူ တော်တော်များများနဲ့ ညီအစ်ကိုလို ခင်နေပြီဖြစ်တာမို့ အလိမ်ခံမရအောင်၊ အဆင်ပြေအောင်တော့ လမ်းညွန်ပေးနိုင်ပါတယ်

မြန်မာကနေ ထိုင်းကိုလာဖို့ကနေစပြီး ဒီမှာ တရားဝင် နေထိုင်ဖို့၊ စားသောက်ဖို့၊ အခြေချဖို့၊ အလုပ်လုပ်ဖို့ကအဆုံး အကုန်လုပ်ပေးနိုင်တဲ့ မိတ်ဆွေတွေ ရှိလို့ပါ

ကျနော်ကိုယ်တိုင်လည်း လူမှန်ဖြစ်ပြီး လူမှန်တွေနဲ့ပဲ ပေါင်းသင်းနေပါတယ်။ ဒါကြောင့် ကျနော်ညွန်းပေးတဲ့သူဆို ကိုယ့်ဘာသာရှာထားတဲ့ မဆက်ဆံဖူးတဲ့သူထက်တော့ ယုံကြည်ရမှာ သေချာပါတယ်။ ကျနော် ညွန်းပေးမယ့်သူတွေဆီက ညွန်းပေးရင် ဘယ်လောက်ပေးမယ်ဆိုပြီး ညှိထားတာ လုံးဝမရှိပါဘူး။ သူတို့ သိတတ်လို့ ပေးမှသာ ယူဖြစ်မှာပါ

ဘန်ကောက်မှာ ဘာပဲလိုလို ကျနော်က မိတ်ဆွေတို့ရဲ့ သူငယ်ချင်းကောင်းအနေနဲ့ အမြဲရှိနေပါမယ်💙


Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ဝိုင်းဝန်းကူညီ Bangkok Community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

မနောရမ္မ ပညာဒါနကျောင်း

ပညာရဲရင့်၊ ပွဲလယ်တင့်ဖို့၊ မြန်ကောင်းသက်သာ တည်ရာမှန်သည့် မနောရမ္မက သင့်အား နွေးထွေးစွာ ကြိုဆိုနေပါသည်။