Lantern For The Lost A quiet glow that changes everything 🌌

🌊 Spiritual Cleansing နှစ်သစ်ကို မကူးပြောင်းခင်မှာ ကိုယ့်ကိုယ်ကို cleansing လုပ်နိုင်ဖို့ reading ဖတ်ပေးထားတာ ဖြစ်ပါတယ်။...
11/12/2025

🌊 Spiritual Cleansing

နှစ်သစ်ကို မကူးပြောင်းခင်မှာ ကိုယ့်ကိုယ်ကို cleansing လုပ်နိုင်ဖို့ reading ဖတ်ပေးထားတာ ဖြစ်ပါတယ်။

မကြာခင်မှာတော့ ကတိပေးထားတဲ့ အတိုင်း Packages အသစ်တွေကို update လုပ်ပေးသွားပါ့မယ်။

Photo credit to the rightful owner.

ဒီလမ်းပေါ်မှာ လျှောက်တာ ကြာလာတဲ့အခါ တဖြည်းဖြည်း နားလည်လာတာက လူ‌တွေကို စိတ်ဆိုးစရာ ဒေါသထွက်စရာ မရှိဘူး ဆိုတာပါပဲ။ အားလုံး...
09/12/2025

ဒီလမ်းပေါ်မှာ လျှောက်တာ ကြာလာတဲ့အခါ တဖြည်းဖြည်း နားလည်လာတာက လူ‌တွေကို စိတ်ဆိုးစရာ ဒေါသထွက်စရာ မရှိဘူး ဆိုတာပါပဲ။ အားလုံးဟာ ကိုယ့် အလုပ် ကိုယ်လုပ်နေကြပါလားလို့ နားလည်သွားတဲ့အခါ ဒီကနေ ကိုယ်ကရော ဘာအလုပ် လုပ်ရမလဲ၊ ဘာလုပ်ဖို့ ကျန်နေတာလဲလို့ပဲ ပြန်ကြည့်မိပါတယ်။

ကိုယ့်အပေါ် မကောင်းတဲ့ သူတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဒီကနေ တစ်ခုမဟုတ် တစ်ခု သင်ခန်းစာ ယူစရာ အမြဲရှိနေပါတယ်။ အလုပ်မှာ ‌မကောင်းတဲ့ သူတွေနဲ့ ဆုံတွေ့ရတဲ့အခါ ငါ ဒီနေရာလောက်မှာ ရပ်တန့်နေလို့ မရဘူး ဆိုတာ သဘောပေါက်ပြီး ပိုတိုးတက်အောင် ကြိုးစားဖြစ်တယ်။

မိသားစုမှာ စိတ်ဆိုးအောင် လုပ်တဲ့ သူတွေနဲ့ ထိတွေ့မိတဲ့အခါ ကိုယ်ဘာတွေ ဆင်ခြင်ဖို့ လိုအပ်နေလဲ၊ ဘာတွေ ပြုပြင်နိုင်မလဲ ဆိုတာ ရှာတွေ့ခဲ့တယ်။ တကယ်တော့ ပတ်ဝန်းကျင်က တွန်းအားတွေက ကိုယ့်ကို ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် တွန်းပို့ ပေးတဲ့ အကြောင်းအရင်းတွေသာ ဖြစ်တယ်။ ဒီအရာတွေသာ မကြုံခဲ့ရဘူးဆို ရောက်ရာ နေရာမှာ မေ့လျော့ ပျော်ပါးနေကြဦးမှာပါ။

တစ်ခုခုနဲ့ ထိတွေ့မိလို့ ထွက်ကျလာတဲ့ စိတ်ဆိုးတာ၊ စိုးရိမ်ပူပန်တာ၊ လိုချင်တပ်မက်တာ စတဲ့ အရာအားလုံးဟာ ကိုယ့်မှာ ရှိလို့သာ ထွက်ကျလာတာပါ။ သရဲကားဖွင့်ရင် ထိတ်လန့်စရာတွေ ထွက်လာမယ်၊ ဟာသကားဆို ရယ်စရာ မောစရာတွေ ပြလိမ့်မယ်။ သူ့ထဲမှာ ရှိနေတာပဲ ပြတာပါ။ ဒီလိုပဲ တစ်ခုခုနဲ့ ထိတွေ့လိုက်တဲ့အခါ ကိုယ့်ဆီက ထွက်ကျလာတာရဲ့ ကောင်းခြင်း၊ ဆိုးခြင်း၊ ပူလောင်ခြင်း၊ အေးချမ်းခြင်းတွေက ကိုယ့်မှာ ရှိနေလို့သာ ထွက်ကျလာတာပါ။

ကိုယ့်မှာ ရှိနေမှန်းတောင် မသိနေတဲ့ အညစ်အကြေးတွေဟာ အပြင်လူကြောင့် ထွက်ကျလာတဲ့အခါ သတိထားမိပြီး စိတ်လေးကို လျှော်ဖွပ်တတ်မယ်ဆို တဖြည်းဖြည်း စင်ကြယ်လာပါလိမ့်မယ်။ တကယ်တော့ တစ်ဖက်သူကြောင့်သာ ကိုယ့်မှာ အမှိုက်တွေ ရှိနေကြောင်း သိခွင့်ရတာ ဖြစ်ပါတယ်။ ဒီသူကြောင့် ကိုယ်က ဘယ်နားမှာ trigger ဖြစ်သွားတယ်၊ ဘယ်နားက healing လုပ်ဖို့ လိုအပ်နေတယ် ဆိုတာ တွေ့နိုင်တာ ဖြစ်ပါတယ်။

တချို့ကြောင့် သံဝေဂတွေ ရတယ်၊ တချို့ကြောင့် တရားတွေ ရတယ်၊ တချို့ကြောင့် ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်လာတယ်။ ဒါကြောင့် တစ်ဖက်သူက ကိုယ့်ကို ဘာလို့ ဒီလို ဆက်ဆံရတာလဲ ဆိုပြီး ခံစားမယ့်အစား သူက ကိုယ့်ကို လှုပ်နှိုးဖို့ သူလုပ်ရမယ့် အလုပ်ကို လာလုပ်သွားတာ၊ ဒါက သူ့အလုပ်ပါလားလို့ နားလည်သွားတဲ့အခါ လောကမှာ ကြုံရသမျှ အားလုံးဟာ ကျေးဇူးတင်စရာတွေပဲ ရှိပါတယ်။

လမ်းပြတဲ့ သူက ပြတယ်၊ ရေကြည်တစ်ခွက် ကမ်းရမယ့် သူက ကမ်းတယ်၊ လှုပ်နှိုးပေးရမယ့်သူက ကိုယ့်ကို လှုပ်နှိုးတယ်။ လောကမှာ ရှိတဲ့ အရာအားလုံးက သူ့အလုပ် သူလုပ်နေကြတာသာ ဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း လုပ်စရာ ရှိတဲ့ အလုပ်ကို လုပ်ဖို့ ဒီဘဝကို ရောက်လာတာ ဖြစ်တယ်။ အရာအားလုံးက အကြောင်းမဲ့ သက်သက် ဖြစ်လာတာ မဟုတ်ပါဘူး။

အရာအားလုံးသာ အဆင်ပြေနေခဲ့မယ်ဆို သံသရာမှာ လည်ပတ်ရင်း တစ်ခန္ဓာပြီး တစ်ခန္ဓာ အို၊နာ၊သေ ကြားမှာ လိုချင်တပ်မက်မှုတွေနဲ့ မေ့လျော့ ပျော်ပါးနေမိဦးမှာပါ။ ဒါပေမယ့် ပြင်ပက တွန်းအားတွေကြောင့်ပဲ ဘဝကို မပျော်တော့တဲ့အခါ လမ်းမှန်ကို လိုက်ရှာရင်း လွတ်မြောက်ရာ လမ်းကြောင်းပေါ် ရောက်လာကြတာမို့ ပြင်ပကို အာရုံမစိုက်ပဲ ကိုယ့် အလုပ် ကိုယ်လုပ်ရင်း ဖြတ်သန်းကြည့်ကြပါ။

ကိုယ် ဘဝတစ်ခုမှာ စတင်မွေးဖွားလာကတည်းက ပိုင်ဆိုင်ထားရတဲ့ မိဘ၊ ငွေရေးကြေးရေး၊ နေထိုင်ရာဒေသ စတဲ့ ကိုယ်ရွေးချယ်ခွင့် မရှိပဲ ...
07/12/2025

ကိုယ် ဘဝတစ်ခုမှာ စတင်မွေးဖွားလာကတည်းက ပိုင်ဆိုင်ထားရတဲ့ မိဘ၊ ငွေရေးကြေးရေး၊ နေထိုင်ရာဒေသ စတဲ့ ကိုယ်ရွေးချယ်ခွင့် မရှိပဲ ရလာတဲ့ ကိုယ့်ရဲ့ ဘဝပေး အခြေအနေတွေက ကိုယ့်ရဲ့ Fate ဖြစ်ပြီး ကိုယ်က ကိုယ့်ဘဝကို ဘယ်လို ပုံစံ တည်ဆောက်မယ်၊ ဘာတွေ လုပ်မယ်ဆိုပြီး ကိုယ်တိုင် ရွေးချယ်တည်ဆောက်ထားတဲ့ ဘဝဟာ ကိုယ့်ရဲ့ Destiny ပဲ ဖြစ်ပါတယ်။

Awaken ဖြစ်သည် ဖြစ်စေ မဖြစ်သေးသည် ဖြစ်စေ အားလုံး ဦးတည် ရှာဖွေ‌နေကြတာကတော့ ဆင်းရဲဒုက္ခတွေ အခက်အခဲတွေကနေ လွတ်မြောက်ဖို့ပဲ ဖြစ်ပါတယ်။ Awaken မဖြစ်သေးခင်မှာ ကိုယ့်ပတ်ဝန်းကျင်က သင်ယူခဲ့ရတာတွေအတိုင်း ဘဝမှာ တစ်ခုပြီး တစ်ခုရဖို့ ကြိုးစားရှာဖွေကြတယ်။ ဒါပေမယ့် ဘယ်တော့မှ မပြီးဆုံးသွားပဲ နောက်တစ်ခု‌ကို ထပ်ရဖို့ အမြဲ ကြိုးစားနေရတယ်။ ဘဝမှာ ဘယ်တော့မှာ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတစ်ခုကို မခံစားဖူးပဲ ဘာတွေပဲ ရနေနေ ပူလောင် ဆင်းရဲမှုတွေကနေ မကင်းလွတ်နေတာကို တွေ့ရပါလိမ့်မယ်။

Awaken ဖြစ်လာတော့ ဘဝကို အသိဉာဏ် ရှိရှိ ရွေးချယ်တတ်လာကြတယ်။ ပူလောင် ဒုက္ခတွေကနေ လွတ်ကင်းဖို့ နည်းလမ်းမျိုးစုံ ကျင့်သုံးလာကြတယ်။ ဒါပေမယ့် သတိထားမိမလားတော့ မသိပေမယ့် တကယ်တမ်းတော့ ပူလောင်ဆင်းရဲတွေက မလွတ်မြောက်သွားပဲ တစ်ခုခု ပူလောင်လိုက် နည်းလမ်း တစ်ခုခုနဲ့ ပြင်ဆင်လိုက်၊ ကောင်းတာလေး လှည့်တွေးလိုက် ပြန်ပူလောင်လိုက်နဲ့ ပြုလိုက် ပြင်လိုက် သံသရာထဲမှာပဲ ထပ်ပိတ်မိနေတာကို တွေ့ရပါလိမ့်မယ်။

Awaken မဖြစ်ခင်ကလည်း တစ်ခုခု ရလာရင် အဆင်ပြေသွားမယ်လို့ ကိုယ့်ကိုယ်ကို လိမ်ပြီး ပြေးလိုက်ကြသလို Awaken ဖြစ်ပြီး နောက်မှာလည်း Spiritual လမ်းကို လျှောက်နေကြတယ် ဆိုပေမယ့် ပြဿနာတွေကနေ လွတ်မြောက်ဖို့ နည်းလမ်းပေါင်းစုံနောက်ကို ပြေးလိုက်တယ်၊ လက်ရှိနားလည်ထားတာရဲ့ နောက်တဆင့်ကို ရောက်တဲ့အခါ ပိုပြီး အဆင်ပြေသွားမယ် ထင်ကြတယ်။ တစ်နေ့မှာတော့ ကိုယ်ဟာ ဒုက္ခတွေကနေ ကင်းလွတ်သွားလိမ့်မယ် အထင်ရှိကြပါတယ်။

Awaken ဖြစ်တယ်၊ မဖြစ်ဘူးနဲ့ နံမည်အရသာ ကွာခြားနေပေမယ့် တကယ်တမ်းတော့ ဒုက္ခတွေက ကင်းလွတ်ပြီး ပျော်ရွှင်ဖို့ကို တစ်ခုခု ရနေဖို့ အမြဲ လိုအပ်နေပြီး အဲ့ဒါရလာမယ့် အနာဂတ်ကို ရောက်အောင် စောင့်နေတဲ့ အလုပ်ပဲ လုပ်နေတာကို တွေ့ရပါလိမ့်မယ်။ Awaken မဖြစ်ခင်က ဘဝထက်စာရင် ပူလောင်မူတွေ ပိုပါးသွားတာ ဖြစ်ကြောတိုသွားတာသာ ရှိပေမယ့် ကျန်တာကတော့ အရင်လိုပဲ မလွတ်မြောက်နိုင် ရှိနေစဲပါပဲ။

တချို့တွေကတော့ ဒီမှာတင် ပူလောင်မှုလေး ကြုံလိုက် ဒါလေးတွေနဲ့ စိတ်ဖြေပြီး ပျော်သွားလိုက်နဲ့ ပြန်ပူလောင်လိုက်နဲ့ ဘဝမှာ ဒီမှာပဲ လမ်းဆုံးသွားကြပါတယ်။ ဒါပေမယ့် တချို့တွေနဲ့ Spiritual လမ်းကြောင်း မှာ လျှောက်တာ ကြာလာတဲ့ သူတွေအနေနဲ့ ဒီစက်ဝိုင်းထဲမှာ လည်ရတာ တစ်ခုခု မှားနေသလို ဒါတွေက မလုံလောက်သလို ခံစားလာရပြီး စတင် ငြီးငွေ့လာကြပေမယ့် ဘာဆက်လုပ်ရမှန်းမသိ ဖြစ်တတ်ကြပါတယ်။ ဒီအခြေအနေမှာ တကယ့် ချမ်းသာကို မခံစားနေရတာ၊ ပူလောင်ဆင်းရဲကနေ တကယ့် လွတ်မြောက်ရာကို ရောက်မနေတာကို သတိထားမိလာကြပါလိမ့်မယ်။

တကယ်တော့ တစ်ခါလောက်များ တွေးကြည့်ဖူးလား။ ကိုယ်ကျင့်သုံးနေတယ့် နည်းလမ်းတွေက ကိုယ့်ကို ဘယ်အထိ ရောက်စေတာလဲ၊ True Liberation ကို ရောက်စေရဲ့လားလို့။ တကယ် မလွတ်မြောက်စေတဲ့အခါ ခဏလေး ငြိမ်းချမ်းလိုက် ပြန်ပူလောင်လိုက် ပြန်လေ့ကျင့်လိုက်နဲ့ မပြီးဆုံးနိုင် သံသရာ လည်နေရဦးမှာ ဖြစ်ပါတယ်။ True Liberation ကို မရောက်စေသေးတဲ့ နည်းလမ်းတွေမှာ နေနေဦးမယ်ဆို ကိုယ်ဟာ ဒီဒုက္ခတွေပဲ ရှိတဲ့ သံသရာမှာ မသိပဲနဲ့ ပျော်ပျော်ကြီး ကူးခတ်ရင်း ပိတ်မိနေဦးမှာပဲ ဖြစ်ပါတယ်။

ဒီတော့ တကယ့် လွတ်မြောက်ရာလမ်းက ဘယ်လမ်းလဲ ဆိုတော့ ဒီကမ္ဘာပေါ်မှာ ဗုဒ္ဓမြတ်စွာဘုရား ပြခဲ့တဲ့ လမ်းကသာ တစ်ခုတည်းသော လွတ်မြောက်ရာ လမ်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပူလောင်ဆင်းရဲတွေကနေ တကယ် လွတ်မြောက်ချင်တယ်ဆို တကယ်လွတ်မြောက်စေမယ့် လမ်းကို သေချာလျှောက်ဖို့ လိုအပ်ပါတယ်။ သစ္စာတရားတွေ နားလည်အောင် လုပ်ရမယ်၊ သစ္စာကို ဟောပြော ပြသညွှန်ကြားပေးတဲ့ ဆရာသမားတွေကို ချည်းကပ်ရမယ်။ ဆရာညွှန်တဲ့အတိုင်း သွားဖို့ လိုအပ်ပါတယ်။ မဂ္ဂင်ရှစ်ပါးလမ်းကသာ လမ်းပေါင်းများစွာထဲက တစ်ခုတည်းသော လွတ်မြောက်ရာလမ်းပဲ ဖြစ်ပါတယ်။

ဒီလိုပြောလို့ တခြားဟာတွေ ဘာမှ မလုပ်ရတော့ဘူး။ ကျန်တာ အကုန်မှား‌တယ်လို့ မပြောဘူးနော်။ လိုတာကို သုံးပြီး မလိုတဲ့အခါ သုံးပြီးတာနဲ့ ထားခဲ့ရမှာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ တရားကိုတောင် ထားခဲ့ရတာပဲ မလား။ ဒါကြောင့်မို့ တခြားနေရာတွေမှာ လမ်းဆုံးမနေပဲ အဆုံးထိ ရောက်အောင် ပို့ပေးမယ့် တရားတွေလည်း နာကြပါ။ တကယ့် လွတ်မြောက်ရာ လမ်းကို လျှောက်ကြပါ။ ဒါမှသာ တကယ့် အေးချမ်းရာကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ပိုပြီး သဘောပေါက် နားလည်သွားစေဖို့ "Which path truly leads to liberation?" ဆိုတဲ့ YouTube video ကို subtitle ဖွင့်ပြီး နားထောင်ကြည့်စေချင်ပါတယ်။ (Link in Comment 📩)

ကိုယ်တိုင်လည်း နာယူဖြစ်တဲ့ ဆရာတော်တွေရဲ့ Facebook, Telegram, YouTube တို့ကိုလည်း Telegram Channel မှာ မျှဝေပေးသွားပါမယ်။ ဒီ Post ဟာ နှစ်မကုန်ခင်မှာ အားလုံးကို ပေးချင်တဲ့ လက်ဆောင်ပါ။ အားလုံးကို ကိုယ်သွားနေတဲ့ လမ်းတွေ Direction မှန်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလလေးမှာ အားလုံးပဲ ကိုယ့်ရဲ့ Direction ကို ပြန်ချိန်ညှိပြီး ဒုက္ခအပေါင်းကနေ အပြီးတိုင် လွတ်မြောက်နိုင်ကြဖို့ မျှော်လင့်ပါတယ်။

"Maggo settho atthangiko"
- "The eight fold path is the best of paths."

🦋 What change is now heading your way? 🦋Pick a pile လေး မတင်ပေးတာ ကြာပြီ ဖြစ်တဲ့အတွက် တင်ပေးလိုက်ပါတယ်။ အပြောင်းအလဲတွေ ဖ...
21/11/2025

🦋 What change is now heading your way? 🦋

Pick a pile လေး မတင်ပေးတာ ကြာပြီ ဖြစ်တဲ့အတွက် တင်ပေးလိုက်ပါတယ်။ အပြောင်းအလဲတွေ ဖြစ်လာတော့မယ့် အချိန်ကာလကို ရောက်လာပြီဆိုတော့ ကိုယ့်အတွက် ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ ဖတ်ပေးထားပါတယ်။

🏮မကြာခင်မှာ Reading Package တွေ အပြောင်းအလဲ လုပ်တော့မှာမို့ တချို့ကို ရပ်တန့်လိုက်ပြီး အသစ်တွေ ထပ်တင်ပေးတော့မှာမို့ လက်ရှိ Packages တွေထဲမှာ ကိုယ်မေးချင်တာရှိရင် အခုချိန်မှာပဲ မေးလို့ ရတော့မှာ ဖြစ်ပါတယ်။

Soul Readings Update တွေကိုတော့ November နဲ့ December မှာ အပြီး update လုပ်ပြီး တချို့ကိုတော့ ဒီနှစ်ထဲမှာပဲ ရပ်တန့်လိုက်တော့မှာ ဖြစ်ပါတယ်။

🏮 Available Soul Readings : 🏮

Through the Dark Night 🌌
https://www.facebook.com/share/p/1BJgfG93AN/

The Open Path ✨
https://www.facebook.com/share/p/1FjcEs2uJs/

The True Direction 🦋
https://www.facebook.com/share/p/1MeKTBE7zy/

Core Alignment Journey 🌸
https://www.facebook.com/share/p/1Bgp1n5CAR/

Heart Alchemy 🍓
https://www.facebook.com/share/p/1aLSvGbxYt/

အနာဂတ်မှာ ကိုယ်က ဘယ်လိုလူမျိုး ဖြစ်ချင်လဲ။ ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒတွေ အားလုံးကို ပိုင်ဆိုင်ရရှိထားတဲ့ ကိုယ်က ဘယ်လို ပုံစံ...
18/11/2025

အနာဂတ်မှာ ကိုယ်က ဘယ်လိုလူမျိုး ဖြစ်ချင်လဲ။ ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒတွေ အားလုံးကို ပိုင်ဆိုင်ရရှိထားတဲ့ ကိုယ်က ဘယ်လို ပုံစံမျိုး ဖြစ်နေမယ် ထင်လဲ။

ပုံထဲက Oracle Card မှာ ရေးထားတဲ့ စာတန်းလေးက Holding the vision when all the odds seem against you. တဲ့။ လက်ရှိမှာ ကြုံနေရတဲ့ အခြေအနေတွေ၊ ပတ်ဝန်းကျင်က သူတွေ၊ ပတ်ဝန်းကျင် အနေအထားတွေ အားလုံးက ကိုယ့်ကို ဆွဲချနေရင်တောင်၊ ထွက်ပေါက် ရှာမတွေ့နေရင်တောင်မှ ကိုယ့်အိပ်မက်တွေကို လက်မလျော့ လိုက်ဖို့ လိုအပ်ပါတယ်။

ပြင်ပအခြေအနေတွေကို ကြည့်ပြီး ငါတော့ ဒီလောက်ရရင် တော်ပါပြီဆိုပြီး ကိုယ်က လက်ရှိအခြေအနေကို လိုက်ညှိပြီး ကိုယ့်အိပ်မက်ကို သတ်မှတ်လိုက်တာကလည်း Self betrayal ပါပဲ။ ကိုယ့်ဘဝကို တည်ဆောက်တဲ့ နေရာမှာ ကိုယ့် Authentic Self က လာတဲ့ ကိုယ် တကယ်ဖြစ်ချင်တဲ့ ရွေးချယ်မှုအတိုင်း တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။

ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ကို ပိုင်ဆိုင်ထားတဲ့ ကိုယ့်ပုံစံက ဘယ်လိုမျိုးလဲ မြင်ယောင်ကြည့်ပါလို့ ပြောတဲ့အခါ ပြင်ပက အရာတွေကိုပဲ မြင်ယောင်ကြည့်မိတာ များတယ်။ အဲ့ဒီ့ကိုယ်မှာ ဘယ်လို အလုပ်မျိုး ရှိနေမယ်၊ ဝင်ငွေ ဘယ်လောက် ရှိမယ်၊ ပညာ ဘယ်လောက်တတ်မယ်၊ ဘယ်နိုင်ငံ ဘယ်လို အိမ်မျိုးမှာ နေနေမယ်၊ အေးအေးဆေးဆေး ရှိတဲ့ lifestyle၊ ခေတ်မှီတဲ့ မြို့ပြတစ်ခုက lifestyle၊ ဘယ်လောက်ထိ အောင်မြင်နေတဲ့သူ စသဖြင့် ဆန္ဒတွေ ရှိကြပါလိမ့်မယ်။

တကယ်လို့ ဒီ Version က ကိုယ်က ကိုယ့်ရဲ့ Authentic Self၊ ကိုယ့်ရဲ့ စစ်မှန်တဲ့ ပုံစံတစ်ခု သာဆို အနာဂတ် မှာမှ ရှိနေရမှာ မဟုတ်ပဲ အခုကတည်းက ကိုယ်နဲ့ အတူ အမြဲ ရှိနေရမှာ မဟုတ်လား။ ဘာလို့လဲ ဆိုတော့ ကိုယ်က အခုကတည်းက ကိုယ်ပဲ ဖြစ်နေတာမလား။ ကိုယ်က ကိုယ့်ပုံစံအတိုင်း ဖြစ်ဖို့ကို အနာဂတ်အထိ စောင့်နေရမှာ မဟုတ်ပါဘူး။ အနာဂတ် ရောက်မှသာ ဖြစ်လာမယ်ဆို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆို ကျွန်မတို့တွေဟာ ဘယ်တုန်းကမှ အနာဂတ်ကို မရောက်ဖူးပဲ Present moment လေးတွေကိုသာ တစ်ခုပြီး တစ်ခု ဖြတ်သန်းရတာကြောင့် ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို မြင်ယောင်ခိုင်းတဲ့ အခါ ပြင်ပက အရာတွေကိုပဲ သတိထားမိကြတယ်။ ဒါပေမယ့် ဒီ Version ကို ရောက်နေတဲ့ ကိုယ့်ရဲ့ Inner Power, ကိုယ့်ရဲ့ Mentality, Mindset ကို မေ့နေမိတတ်ကြပါတယ်။ ပြင်ပက အရာတွေဆိုတာ တကယ်တမ်း ကိုယ့်ရဲ့ Inner Power, ကိုယ့်ရဲ့ Mentality တွေကြောင့် ရရှိလာတဲ့ တံဆိပ် တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒါကို ရှင်းသွားအောင် ဥပမာ တစ်ခုနဲ့ လေ့လာကြည့်ကြရအောင်။

ကိုယ့်ရဲ့ အိပ်မက်က Best Selling Author ဖြစ်ဖို့ နိုင်ငံ အများအပြားကိုပါ ရောင်းချရတဲ့ စာအုပ်တွေ ရေးတဲ့ Author ဖြစ်ချင်တဲ့သူ ဆိုပါစို့။ ဒီလို အိပ်မက်မျိုးဟာ ကိုယ့်အနားက သူတွေထဲမှာ လုပ်နိုင်တဲ့ သူလည်း မရှိသလို ကိုယ့်ကို လမ်းပြပေးတဲ့ သူ၊ အဆင်သင့် ဖောက်ထားတဲ့ လမ်းတွေလည်း မရှိနေတဲ့အခါ ကိုယ့်ဘာသာ ကြိုးစားရမှာ ဖြစ်တယ်။ ဒီအချိန်မှာ ပထမဆုံးအနေနဲ့ ကိုယ် ဖြစ်ချင်တာကို လက်မလျော့လိုက်ဖို့ လိုအပ်ပါတယ်။

ကိုယ် ဖြစ်ချင်တဲ့ Author ဖြစ်လာပြီးတဲ့ version က သူ့အနေနဲ့ ဒီနေရာကို ရောက်ဖို့ ကြိုးစားရုန်းကန်ခဲ့ရတဲ့ နေ့ရက်တွေ ရှိမယ်၊ စိတ်ပျက်ခဲ့ရတဲ့ နေ့ရက်တွေ ကြုံခဲ့ရမယ်၊ လိုအပ်တာတွေကို မနားမနေ သင်ယူခဲ့ရတဲ့ အချိန်တွေ ရှိမယ်။ အပျော်အပါးတွေ လုပ်ချိန်ကို စွန့်လွှတ်ခဲ့ရတာ ရှိမယ်။ လိုအပ်တဲ့ နည်းလမ်းတွေ ပိုက်ဆံတွေ ရဖို့ လိုက်ရှာဖွေခဲ့ရတဲ့ နေ့တွေ လတွေ ရှိမယ်၊ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရမယ်၊ လှောင်ပြောင်ကဲ့ရဲ့ ခံခဲ့ရမယ်။ ထင်ထားသလို မဖြစ်လာတဲ့ နေ့ရက်တွေ ရှိခဲ့မယ်။ ဘယ်လို စလို့ စလုပ်ရမှန်း မသိခဲ့တဲ့ နေ့ရက်တွေ ရှိခဲ့ပါလိမ့်မယ်။

ဒါပေမယ့် ဘယ်လိုတွေပဲ ကြုံတွေ့ရပါစေ စိတ်ဓာတ်တွေ ဘယ်လောက်ပဲ ကျပါစေ ဒီမှာတင် မရပ်တန့်လိုက်ပဲ ရှေ့ဆက်သွားဖို့ပဲ ရွေးချယ်ခဲ့စေတဲ့၊ သူကိုယ်တိုင် ရင်းနှီမြုပ်နှံခဲ့တဲ့ Effort တွေ စတဲ့ ဒီ Version ရဲ့ Inner Power, Mentality, Mindset တွေကြောင့်ပဲ အချိန်တစ်ခု ရောက်လာတဲ့အခါ ပြင်ပက တံဆိပ်တစ်ခု Achievement တစ်ခုကို ပိုင်ဆိုင် ရရှိလာတာသာ ဖြစ်တယ်။

Achievement တစ်ခုကို ကံကောင်းထောက်မပြီး ရုတ်တရပ် ရလာမယ့်အချိန်၊ ဖြစ်ချင်တာကို စတင်ဖို့ အခက်အခဲ အားလုံး အဆင်ပြေသွားမယ့်အချိန်ကို ‌ထိုင်စောင့်နေရတာ မဟုတ်ပဲ ဒီလို Mindset မျိုးနဲ့ နေ့စဉ်မပျက် consistency ရှိရှိနဲ့ show up လုပ်ခဲ့တာကြောင့် ကိုယ်စိုက်ပျိုးတဲ့ အသီးအပွင့်ကို ပြန်လည် ခံစားရတာသာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်က တစ်ခုကို လိုချင်ပြီဆို ဒီအရာကို ရဖို့ ကိုက်ညီတဲ့ Inner Power, Mentality, Mindset တွေ အရင်ဆုံး ရှိ‌နေဖို့ လိုအပ်ပါတယ်။ ဒီလို အိပ်မက်မျိုးကို ပိုင်ဆိုင်ထားတဲ့၊ ဒီလို ဘဝမျိုးမှာ နေထိုင်နေတဲ့ ကိုယ်က ဘယ်လို Inner Power, Mentality, Mindset တွေ ရှိနေမယ် ထင်လဲ။ ဘယ်လိုမျိုး ကြိုးစားခဲ့ပြီး၊ အခက်အခဲတွေကို ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ဖြတ်ကျော်ခဲ့မယ် ထင်လဲ။

ကိုယ်ကရော အခုချိန်မှာ ဘာတွေပဲ လုပ်နေမိလဲ။ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ဘဝကို ရင်ဆိုင်နေလဲ။ ဒီ Future Version က ကိုယ့်ရဲ့ Authentic Self, True Self သာဆို ဒီversionရဲ့ Inner Power, Mentality, Mindset နဲ့ မကိုက်ညီတဲ့ အခု ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ တွေးခေါ်ပုံ၊ အကျင့်စရိုက်၊ ရွေးချယ်မှုတွေ ဒါတွေ အားလုံးကို ပြောင်းလဲပြီး ကိုယ့် Authentic Self ရဲ့ Inner Power နဲ့ နေထိုင်တဲ့ ပုံစံအတိုင်း၊ Mentality အတိုင်း လက်ရှိမှာ ပြောင်းလဲ နေထိုင်ရတော့မှာ ဖြစ်ပါတယ်။

လူတစ်ယောက်မှာ သူ့ဘဝမှာ တစ်ခုခုကို လိုချင်ပြီဆို ဒီ အရာနဲ့ Frequency တူမှ၊ Vibration တူမှ ရနိုင်ပါတယ်တဲ့။ ကိုယ်က အခုချိန်ကတည်းက ကိုယ်လိုချင်တဲ့ Version ရဲ့ ပုံစံအတိုင်း နေထိုင်မယ်၊ ကိုယ့်ရဲ့ Power ကိုယ်ပြန်ယူမယ်၊ Strong Mentality နဲ့ နေထိုင်မယ်၊ consistency ရှိရှိနဲ့ နေထိုင်သွားမယ် ဆိုရင် Future Version နဲ့ Present Version က Vibration တွေ တူညီသွားပြီမို့ ကိုယ့် Authentic Self နဲ့ ကိုက်ညီတဲ့ ပြင်ပက အရာဝတ္ထုတွေ Lifestyle တွေ တံဆိပ်တွေကို ပိုင်ဆိုင်ရရှိဖို့က အချိန်တစ်ခုသာပဲ ဖြစ်ပါတယ်။ တစ်ချိန်မှာ ဒီအရာတွေက Present moment ဆီကို ရောက်နှင့်ပြီးသား ဖြစ်နေပြီး ကိုယ့်အိပ်မက်ထဲက ပုံစံအတိုင်း ရရှိပိုင်ဆိုင်ထားပြီးသား ဖြစ်နေပါလိမ့်မယ်။

Spiritual လမ်းကြောင်းပေါ်ကို စတင်ရောက်ရှိလာတဲ့ အချိန်က ကိုယ့် Identity တစ်ခုပျောက်ဆုံးပြီး ငါဘယ်သူလဲ၊ ငါ ဘာလုပ်ရမှာလဲ ဆိ...
14/11/2025

Spiritual လမ်းကြောင်းပေါ်ကို စတင်ရောက်ရှိလာတဲ့ အချိန်က ကိုယ့် Identity တစ်ခုပျောက်ဆုံးပြီး ငါဘယ်သူလဲ၊ ငါ ဘာလုပ်ရမှာလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ စတင်ကြတာများပါတယ်။

ဒီတော့ ကိုယ့်ရဲ့ true identity တစ်ခုကို လိုက်ရှာကြရင်းနဲ့ ကိုယ့်မှာ ရှိနေတဲ့ Ego Identity တွေကို စတင် သတိပြုမိလာတယ်။ ဥပမာ - I am not enough. I am unlovable. I am a loser. စတဲ့ Negative Identities တွေကနေ စသတိပြုမိလာတယ်။ ဒီလို Negative Identity ရှိနေတဲ့အတွက်ကြောင့် နောက်ဆက်တွဲအနေနဲ့ Self-esteem, Self-love, Self-worth, confidence တွေ အားလုံး လျော့ကျနေတာကိုပါ သတိထားမိလာပါတယ်။

ဒီအချိန်မှာ ဒါတွေအားလုံးကို ပြုပြင်ဖို့ အတွက် ကိုယ့်မှာ Positive Identity တစ်ခု ရှိလာအောင် ကြိုးစားကြတယ်။ ဒီအရာကို ရလာမယ်ဆို ဘဝမှာ အဆင်မပြေသမျှအားလုံး အဆင်ပြေသွားမယ် ထင်လာကြပါတယ်။ သေချာသဘောပေါက်သွားအောင် Body Image နဲ့ စဉ်းစားကြည့်ကြရအောင်။

အခုချိန်မှာ ကိုယ့်မှာ Negative Identity ဖြစ်တဲ့ ကိုယ့်ကိုယ်ကို ရုပ်ဆိုးတယ်၊ ကြည့်မကောင်းဘူး၊ ဝနေတယ် ထင်တယ် ဆိုကြပါစို့။ ဒီအခါမှာ ကိုယ့်ကိုယ်ကို လှတယ်ဆိုတဲ့ Positive Identity တစ်ခုရလာဖို့ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လာတယ်၊ လေ့ကျင့်ခန်း လုပ်မယ်၊ Cosmetics, အဝတ်အစားတွေ၊ အသုံးအဆောင်တွေနဲ့ ပြင်ဆင်တယ်။ ဒီတော့ ပိုလှလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာတယ်။ Self-worth, Self-love, Self-esteem ဒါတွေ အားလုံးပါ လိုက်တက်လာတယ်။

အပေါ်ယံ ကြည့်လိုက်မယ်ဆို ဒီလို ဖြေရှင်းနည်းက အဆင်ပြေတယ်၊ ကောင်းမွန်နေတယ် ထင်ရလိမ့်မယ်။ ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ အနတ္တဆိုတဲ့ မမြဲခြင်းပါပဲ။ Positive Identity တစ်ခုကို ထာဝရ ဆုပ်ကိုင်ထားဖို့ မဖြစ်နိုင်သလို မမြဲခြင်းသဘောအရ ဒါကလည်း ပြန်ပျောက်ကွယ် သွားဦးမှာပဲ။ ဆုံးရှုံးရဦးမှာပါပဲ။ ဒါကို ဒီအရာပေါ်မှာ ကိုယ့်ရဲ့ Power ကို ပုံအပ်ထားပြီး ဒါရှိမှ Confidence ရှိမယ်။ Self-esteem, Self-worth, Self-love စတဲ့ ကိုယ့် power အားလုံးကို ပြင်ပက status တစ်ခု အရာတစ်ခုပေါ်မှာ မှီပြီး ထပ်တည်ဆောက်လိုက်တဲ့အခါ မရလာတဲ့ အချိန်မှာရော ရပြီး ထင်သလို မဖြစ်နေတဲ့အခါတိုင်းမှာရော ပူလောင်ရပါတော့တယ်။

တစ်ခုခုကို ရချင်လို့ Create/ Chase လုပ်နေတဲ့ အချိန်၊ ရနေတဲ့ အချိန်၊ ဆုံးရှုံးလိုက်ရတဲ့အချိန်၊ အချိန်တိုင်းမှာ ပူလောင် ပင်ပန်း ဆင်းရဲရပါတယ်။ အနည်းနဲ့ အများရယ် သတိပြုမိတာနဲ့ သတိမပြုမိတာရယ်ပဲ ကွာခြားတာ ဖြစ်ပါတယ်။ တစ်ခုခုကို မှီတည်နေမှသာ ပျော်ရွှင်ရမယ်ဆို ဘဝမှာ ပျော်ရွှင်မှု အစစ်အမှန်ကို ဘယ်တော့မှ ခံစားရမှာ မဟုတ်ပါဘူး။

Spiritual Journey မှာ Awaken ဖြစ်လာတဲ့ သူအများစုက အခက်အခဲတွေကြောင့် နိုးထလာကြတာ ဖြစ်ပါတယ်။ ဒီအခါ နည်းလမ်းတွေ မျိုးစုံ လေ့လာ လေ့ကျင့်ကြပါတယ်။ ဒါပေမယ့် ဒီအရာတွေကို အတွေးမှားတွေကြောင့် နေရာအမှားမှာ Intention လွဲပြီး အသုံးချနေမိတတ်ကြတယ်။ အပေါ်မှာ ရှင်းပြခဲ့သလိုပဲ ပြင်ပက အရာပေါ်မှာ ကိုယ့် power ကို သွားတင်ထားပြီး ဒါကိုရမှ ဖြစ်မှာမို့ ပျော်နိုင်မှာမို့ Manifestation, Visualization, Meditation စတာတွေနဲ့ ဖန်တီးနိုင်ဖို့ မျှော်လင့်ကြတယ်။ လုပ်ဆောင်ကြတယ်။ ကြိုးစားကြတယ်။ လုပ်ယူကြတယ်။

Spiritual Path ကို လျှောက်တယ်၊ ဒါတွေ လေ့ကျင့်လိုက်တယ် ဆိုတာနဲ့ ဘဝမှာ အရာအားလုံးက လိုတိုင်းတ၊ တတိုင်းရနေမယ် ထင်ကြတယ်။ ဒုက္ခအပေါင်းက ကင်းဝေးမယ်၊ လူတိုင်း ချစ်ခင်လေးစားမယ်၊ အထင်ကြီးမယ်၊ အောင်မြင်မယ်၊ ချမ်းသာမယ်၊ ငွေတွေ ဝင်မယ် ထင်ကြတယ်။ အမှန်တကယ်တော့ ဒါတွေ ရလာတိုင်း အဆင်ပြေမှာ မဟုတ်သလို မရတိုင်းလည်း ဒုက္ခပဲ ကြုံတွေ့ရတာ မဟုတ်ပါဘူး။ ဒီ Spiritual လမ်းကြောင်း လျှောက်တာက ဒုက္ခတွေ ကင်းပြီး သုခတွေပဲ ရှိနေလို့ လိုချင်တာ အားလုံးရနေလို့ အေးချမ်းသွားတာ မဟုတ်ပဲ စိတ်မှာ ထင်နေတဲ့ အထင်တွေကနေ ကင်းလွတ်သွားလို့ အေးချမ်းသွားတာသာ ဖြစ်ပါတယ်။

တကယ်တော့ ကောင်းတယ်၊ ဆိုးတယ် ဆိုတာတွေက အထင်သက်သက်ပါပဲ။ အရာအားလုံးမှာ Duality အနေနဲ့ အကောင်း၊ အဆိုး ၂ခုလုံးက တွဲပါနေတာပဲ ဖြစ်ပါတယ်။ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ ပန်းလိုပဲ တစ်ဖက်တည်းပဲ ယူမယ် လုပ်လို့မရသလို ဘယ်အချိန်မှာ တစ်ဖက်လန်သွားပြီး ဘယ်အခြမ်းက အကျိုးပေးမလဲ မသိနိုင်ပါဘူး။ ပိုက်ဆံရှိတိုင်း၊ အောင်မြင်တိုင်း ကောင်းတယ် အထင်ရှိကြပေမယ့် ပိုက်ဆံကြောင့် အောင်မြင်မှုကြောင့်ပဲ ဒုက္ခရောက်ကြသူတွေ မြင်ဖူးကြမယ် ထင်ပါတယ်။ ပိုက်ဆံမရှိပေမယ့်၊ အရှုံးတွေနဲ့ ရင်ဆိုင်ရပေမယ့် ပိုကောင်းတဲ့ နေရာကို ရောက်သွားသူတွေလည်း အများကြီးပေါ့။

ဒါပေမယ့် ဒီ Duality ကို မေ့ထားကြပြီး တစ်ခုခု ကြုံရတဲ့အခါ ဆိုးတယ် သတ်မှတ်တာ ရလာရင် အတင်းပြုပြင်ဖို့ ကြိုးစားတယ်၊ ပူလောင်ကြတယ်။ ကောင်းတယ် သတ်မှတ်တာ ရလာရင် တည်ဖို့ မြဲဖို့ ကြိုးစားကြတယ်၊ ပူလောင်ကြရပြန်တယ်။ Spiritual လမ်းကြောင်းပေါ် ရောက်လာပြန်တာတောင် ကောင်းတယ် သတ်မှတ်တာတွေပဲ ထပ် ထပ်ပြီး ရလာအောင် ကြိုးစားနေတာကို Spiritual အလုပ်တွေ လုပ်နေတယ် ထင်မှတ်နေကြပြန်တယ်။

ဒီလိုဆိုတိုင်း ကိုယ်က Positive Identity တွေ၊ ပိုက်ဆံတွေ၊ အောင်မြင်မှုတွေ၊ ပညာတွေ၊ ကျော်ကြားမှုတွေ စတဲ့ ဒါတွေကို ရအောင် မလုပ်ရတော့ဘူးလား၊ မယူရတော့ဘူးလား ဆိုတော့ အဲ့လိုမဟုတ်ပဲ ဒီအရာတွေနဲ့ ကိုယ့်ကြားက relation ကိုပဲ ပြောင်းလဲပြီး attachment နဲ့ လိုချင်တာထက် tool တစ်ခုအနေနဲ့ အကျိုးရှိအောင် အသုံးချတတ်ရမှာ ဖြစ်ပါတယ်။ Creation တွေ ထပ် မလုပ်ရမှာ မဟုတ်ပဲ Fear, lack စတဲ့ Attachment ကနေ ကင်းလွတ်ပြီး နှောင်ဖွဲ့မှုကင်းကင်းနဲ့ လုပ်သင့်လုပ်ထိုက်တာကိုသာ လုပ်ရမှာ ဖြစ်ပါတယ်။

Spiritual မှာ Current 2 ခု ရှိပါတယ်။

1. The current of evolution - learning, healing, becoming, expanding.

2. The current of stillness - resting as pure awareness, nothing to become.

2ခုက ဆန့်ကျင်ဖက် ထင်ရပေမယ့် တကယ်တမ်းမှာတော့ ဒီ ၂ခုကြားကနေ Balance ညီညီနဲ့ ကူးခတ်တတ်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။

Negative Identity တွေက Ego-persona ဆို Positive Identity ကလည်း Ego-persona ပါပဲ။ ဒီ Identity 2 မျိုးလုံးကနေ ကင်းလွတ်သွားတဲ့အခါ၊ ကောင်းတယ် မကောင်းဘူးဆိုတဲ့ သတ်မှတ်ချက်တွေ အယူတွေကို ဖယ်လိုက်တဲ့ အခါ I am that I am. ဆိုတဲ့ pure awareness လေးပဲ ကျန်ခဲ့ပါတော့တယ်။ ဘာကိုမှ ထပ်ပြီး ပြုပြင်လိုစိတ်‌တွေ ရယူချင်စိတ်တွေ မရှိတော့ပဲ အခြေအနေ အားလုံးမှာ It's all ok ဖြစ်သွားပြီး လုပ်သင့်လုပ်ထိုက်တာကိုသာ လုပ်နေရင်း ကြုံနေရသမျှကို သိရုံလေးပဲ ရှိပါတော့တယ်။ ဒီအပိုင်းကို အခုချိန်မှာ သေချာ နားမလည်ဖြစ်နိုင်ပေမယ့် နောက်တချိန်ကျ ကိုယ် inner work တွေ လုပ်ပြီး တရားတွေ နာပြီးတဲ့အခါ တဖြည်းဖြည်း သဘောပေါက်လာပါလိမ့်မယ်။

တကယ်တော့ အားလုံးဟာ ပူလောင်မှုတွေနဲ့ ဒုက္ခကို မြင်လို့ နိုးထလာကြတာ ဒီလို page မျိုးကို ရောက်လာကြတာပဲ မလား။ ဘယ်လောက်ထိ အေးချမ်းချင်လဲ ဆိုတာတော့ ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပါပဲ။ တစ်ခုခုကို ရလိုက် ခဏတာ ပျော်လိုက်၊ ထပ် ထပ်ပြီး create လုပ်လိုက် စတဲ့ ခဏတာ အေးချမ်းမှုလောက်ပဲ ရှာမလား။ နောက်ဆုံး ဒုက္ခအပေါင်းက အပြီးတိုင် ချုပ်ငြိမ်းစေမယ့် အေးချမ်းမှုကို ဦးတည် ရှာဖွေမလားကတော့ ကိုယ်တိုင်ရဲ့ သဘောပါပဲ။

ဒီ Post က နည်းနည်းတော့ controversial ဖြစ်နိုင်ပေမယ့် ‌Mercury Retrograde ကာလကြီး တင်ချလိုက်ပါပြီ။ Early Stage က သူတွေနဲ့ logic တစ်ခုတည်းကို ဆုပ်ကိုင်ထားပြီး ကြည့်တဲ့ သူတွေအတွက်တော့ နည်းနည်း နားလည်ဖို့ ခက်ခဲနိုင်ပါတယ်။ ကိုယ့်အတွက် မဟုတ်ဘူး ထင်ရင် ဒီတိုင်း ကျော်သွားလိုက်လို့ ရပါတယ်။

ကိုယ့်ပတ်ဝန်းကျင်သူတွေနဲ့ အဆင်ပြေတဲ့ relationship တစ်ခုကို ထိန်းထားနိုင်အောင် ကိုယ့်ကိုယ်ကို shrink လုပ်နေမိတာ၊ သူများ လ...
08/11/2025

ကိုယ့်ပတ်ဝန်းကျင်သူတွေနဲ့ အဆင်ပြေတဲ့ relationship တစ်ခုကို ထိန်းထားနိုင်အောင် ကိုယ့်ကိုယ်ကို shrink လုပ်နေမိတာ၊ သူများ လက်ခံနိုင်လောက်မယ့် ပုံစံအတိုင်း လုပ်နေမိတာ၊ Self-Sabotage လုပ်နေမိတာတွေက ဘာလို့လဲ ဆိုတော့ ကိုယ့်ကိုယ်ကို မလုံခြုံဘူးလို့ ခံစားနေရလို့ ဖြစ်ပါတယ်။

ဒီတော့ ဒီအချိန်မှာ I am safe ဆိုတဲ့ Affirmation တွေ ဘယ်လောက် ရွတ် ရွတ်၊ ကိုယ်ဟာ ကိုယ့်ရဲ့ authentic self အတိုင်း တောက်ပနေဖို့ လုံခြုံပါတယ်လို့ ပြောရင် လက်မခံနိုင်ပါဘူး။ ဘာလို့လဲဆို တစ်နေ့တာ နိုးထလိုက်ပြီ ဆိုတာနဲ့ ဘာလုပ်လုပ် အပြစ်ပြောမယ့် မိသားစုဝင်တွေ၊ အလုပ်မှာဆိုလည်း အထက်လူကြီးက ဖိနှိပ်‌ပြောဆိုတာ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း အချင်းချင်း မနာလိုတာ၊ ချောက်တွန်းတာ၊ အများနဲ့ မတူကွဲပြားနေတယ်ဆို ကဲ့ရဲ့ ဝေဖန် အတင်းပြောခံရတာ ဒါမျိုးတွေပဲ တွေ့ကြုံနေရတဲ့အခါ ကိုယ်က လုံခြုံနေပါတယ်လို့ ပြောရင် ဘယ်လိုမှ ယုံကြည်လို့ မရနိုင် ဖြစ်တတ်ကြပါတယ်။

ဒါကြောင့် သူများ သတိမထားမိအောင် သူများတွေနဲ့ တူညီနေအောင် လိုက်ပြီး အများသတ်မှတ်ထားတဲ့ ဘောင်ထဲမှာ လိုက်ပြီး fit in လုပ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ I'm safe. ဆိုတာက ဒီလို အတိုက်အခိုက်တွေ တစ်ခုမှ မကြုံရတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပဲ ကြုံ‌နေရတဲ့ အရာတွေဟာ ဘယ်လောက်ပဲ ခက်ခဲ ကြမ်းတမ်းပါစေ ဒါတွေက ကိုယ့်ကို ဆွဲချနိုင်တဲ့ ဒုက္ခပေးနိုင်‌တဲ့ power မရှိတာမို့ ကိုယ်က လုံခြုံနေတာပဲ ဖြစ်ပါတယ်။

ဘယ်လောက်ပဲ တိုက်ခိုက်နေကြပါစေ ကိုယ့်ရဲ့ Authentic Self အတိုင်းနေထိုင်နိုင်အောင်၊ ကိုယ့်ကိုယ်ကို ပိုတိုးတက်အောင်၊ ကိုယ့်အလင်းရောင်နဲ့ ကိုယ် တောင်ပနိုင်အောင်၊ ကိုယ့်အိပ်မက်ကို အကောင်အထည်ပေါ်နိုင်အောင် လုပ်ဆောင်တာကို ဘယ်အရာကမှ ကိုယ့်ကို တားဆီးနိုင်တဲ့ အရည်အချင်း မရှိတာ၊ ဖျက်ဆီးနိုင်တဲ့ power မရှိတာမို့ ကိုယ်က လုံခြုံနေတာပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ခက်ခဲ ပါစေ ဒါတွေကို ကျော်ဖြတ်နိုင်တဲ့ အရည်အချင်းက ကိုယ့်မှာ အပြည့် ရှိနေပြီးသား မို့လို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ပြင်ပက ဘယ်အရာကိုမှ ဘယ်လို အခြေအနေကိုမှ ခေါင်းထဲထည့်‌မနေပဲ ကိုယ်လုပ်စရာ ရှိတာကိုသာ အကောင်းဆုံး လုပ်သွားပါ။ အတိုက်အခိုက်တွေ၊ Failure တွေ ဘာပဲ ဖြစ်ပါစေ ဘဝမှာ ဖြစ်လို့ရတယ်။ ပြန်ထပြီး ပြန်ကြိုးစားလို့ ရပါသေးတယ်။ ဘဝမှာ ဖြစ်လို့ မရတဲ့ တစ်ခုတည်းသော အရာကတော့ Self betrayal ပါပဲ။ သူများပြောတာတွေကို နားထောင်ရင်း ကိုယ့်ကိုယ်ကို သစ္စာဖောက်လိုက်မယ် ဆက်ပြီး shrink လုပ်နေဦးမယ် ဆိုရင်တော့ ကိုယ်ဟာ ဒီနေရာပဲမှာ ပိတ်မိနေဦးမှာ ဖြစ်ပါတယ်။

ကိုယ်ဟာ ပိုမြင့်တဲ့ level တစ်ခု Frequency တစ်ခုကို ရောက်အောင် သွားရတဲ့အခါ ကိုယ့်ကိုယ်ကို ပိုတိုးတက်အောင် လုပ်တိုင်းမှာ က...
02/11/2025

ကိုယ်ဟာ ပိုမြင့်တဲ့ level တစ်ခု Frequency တစ်ခုကို ရောက်အောင် သွားရတဲ့အခါ ကိုယ့်ကိုယ်ကို ပိုတိုးတက်အောင် လုပ်တိုင်းမှာ ကိုယ့် Environment ပါ လိုက်ပြောင်းလဲရတာပဲ ဖြစ်တယ်။ ကိုယ်ဘယ်လောက်ပဲ ကြိုးစားပါစေ ကိုယ်နဲ့ အတူဆက်လိုက်လာဖို့ အဆင်မပြေတော့တဲ့ Frequency မကိုက်တော့တဲ့ မိသားစု၊ သူငယ်ချင်း၊ ချစ်သူ၊ လုပ်ဖော်ကိုင်ဖက်၊ Habits, Career စတဲ့ အရာအားလုံးကို ထားခဲ့ရမှာပဲ ဖြစ်တယ်။

ဒါပေမယ့် လမ်းခွဲခြင်းတိုင်းဟာ ကောင်းသော လမ်းခွဲခြင်း ဖြစ်မလာပါဘူး။ ကိုယ်လျှောက်တဲ့ လမ်းတစ်ခုက သမားရိုးကျ အများလျှောက်တဲ့ လမ်းတစ်ခုကနေ ကွဲထွက်နေတဲ့အခါ ကိုယ့်အနား ပတ်ဝန်းကျင်က သူတွေရဲ့ ထင်မြင်ယူဆချက်တွေဟာ ကိုယ့်အပေါ် အနည်းနဲ့ အများဆိုသလို သက်ရောက်မှုတွေ ရှိလာပါတယ်။

တကယ်လို့ ကိုယ်ဟာ အခုနဲ့ မတူညီတော့တဲ့ နေရာတစ်ခု ကိစ္စတစ်ခုကို အောင်မြင်အောင် လုပ်နိုင်သွားတဲ့အခါ ကိုယ့်ပတ်ဝန်းကျင်က မိသားစု၊ သူငယ်ချင်း၊ ချစ်သူ၊ လုပ်ဖော်ကိုင်ဖက်တွေဟာ ကိုယ့်ကို ဆက်ပြီး လက်မခံနိုင်တော့မှာ စွန့်ပစ်မှာကို ‌ကြောက်တဲ့ Fear of Abandonment, Fear of Rejection တွေ ထွက်လာတယ်။

ကိုယ့်ရွေးချယ်မှု၊ ဖြစ်တည်လာမှု တစ်ခုအပေါ်မှာ ပတ်ဝန်းကျင်က ဘယ်လိုထင်မလဲ ဆိုတဲ့ အထင်၊ ကဲ့ရဲ့ခံရမှာ၊ ရှူံ့ချခံရမှာ မျက်နှာပျက်ရမှာကို ကြောက်တဲ့ Fear of Humiliation, Fear of Judgement တွေ ခံစားရကြလေ့ ရှိပါတယ်။

ကိုယ့်အနားက သူတိုင်းက ကိုယ်အဆင်ပြေသွားတာ ပြောင်းလဲသွားတာကို လက်ခံနိုင်ကြတာ မြင်ချင်ကြတာ မဟုတ်ပါဘူး။ ကိုယ် ရွေးချယ်တဲ့လမ်း၊ ကိုယ့်ရဲ့ authentic self က သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကွဲပြားနေတဲ့အခါ ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်ကြသလို၊ ကိုယ်ဟာ work in progress ကာလမှာမို့ result တစ်ခု မပြနိုင်သေးရင်၊ Failure တွေနဲ့ ရင်ဆိုင်ရရင် ဝေဖန်ခံရတာတွေ ကြုံလာရတတ်တာမို့ ဒါတွေကို စိုးရိမ် ကြောက်ရွံ့တတ်ကြပါတယ်။

ကိုယ်ကိုယ်တိုင်ကလည်း ရင်နှီးနေတဲ့‌ နေရာတစ်ခုကနေ စွန့်ခွာပြီး တခြားတစ်ခုကို ရွေးချယ်ဖို့ ဆိုတာ ဘာတွေ ဖြစ်လာမယ်မှန်း မသေချာ မရေရာတဲ့ အတွက် uncertainty ကို ရင်ဆိုင်ဖို့ ကြောက်ရွံ့တယ်။ ရင်းနှီးနေတဲ့ နေရာတစ်ခုကနေ ထွက်လာရင်တောင် တခြားတစ်ခုကို သေချာ ခြေမချနိုင်သေးခင်မှာ Stillness လို့ ခေါ်တဲ့ ဘာမှ အလုပ်မဖြစ်သေးပဲ မှောင်မည်းနေတဲ့ ကာလကို ဖြတ်သန်းရတဲ့အခါ အရင် ပုံမှန် old pattern တွေထဲကိုပဲ ပြန်သွားချင်လာကြတယ်။ ငါ ဒီလမ်းအသစ်ကို မရွေးချယ်ခဲ့သင့်ဘူးလို့ စတင် ထင်မြင်လာတတ်ကြပါတယ်။

ဒါကြောင့် ဒီလို အဖြစ်အပျက်တွေကနေ ရှောင်လွှဲနိုင်ဖို့ ကိုယ့်အနားက ကိုယ်ချစ်ရသူတွေနဲ့ အဆင်ပြေတဲ့ Relationship တစ်ခု Communication တစ်ခုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့၊ ကိုယ်လက်ရှိမှာ ပိုင်ဆိုင်ရရှိထားတဲ့ အခြေအနေ‌တွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ဒီအရာတွေ ဒီလူတွေနဲ့ ကိုက်ညီ အဆင်ပြေတဲ့ Level တစ်ခုမှာပဲ ဆက်လက် တည်ရှိနေအောင် Growth ဖြစ်တော့မယ်ဆိုတိုင်း မိမိကိုယ်ကို အညွန့်ချိုး Self-Sabotage လုပ်ပလိုက်တဲ့အခါ ကိုယ်ဟာ အမြဲ ဒီ level, ဒီ patterns တွေ၊ ဒီလူတွေ ပြဿနာတွေနဲ့ပဲ ဘဝဟာ ပိတ်မိနေတာ ဖြစ်ပါတယ်။

အခုချိန်မှာ ကိုယ်က ဒီ Level ကနေ ဖောက်ထွက်ချင်ပါတယ်၊ ဒီ Environment ကိုလည်း လမ်းခွဲနိုင်ပါတယ်လို့ ကိုယ့်ရဲ့ Conscious Mind က ပြောနေ‌ရင်တောင် ကိုယ့်ရဲ့ Subconscious Mind မှာက အပေါ်မှာ ရှင်းပြခဲ့တဲ့ Fear တွေကို Release လုပ်ဖို့ Healing လုပ်ဖို့ ကျန်နေသေးပြီး Uncertainty ကို ရင်ဆိုင်ရဲတဲ့ Courage မရှိတဲ့အခါ ကိုယ်က ရှေ့ဆက်ဖို့ ဘယ်လောက်ပဲ ဆန္ဒရှိရှိ အရှေ့မရောက်နိုင် ဖြစ်‌နေပြီး ကိုယ့်ကိုယ်ကို သတိမထားမိပဲ အလိုအလျောက် Self-Sabotage လုပ်တတ်ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်မြင်နိုင်ဖို့ အတွက် Shadow Work လုပ်ရမှာက ကိုယ်က ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုကို ဖြစ်အောင် လုပ်နိုင်လိုက်ပြီ၊ ကိုယ့် Authentic Self အတိုင်း ရွေးချယ်လိုက်ပြီ ဆိုရင် ကိုယ့်ဘဝထဲမှာ ဘာတွေ ဖြစ်လာမလဲ၊ အနားက သူတွေက ဘယ်လို React လုပ်မလဲ၊ ကိုယ်ကရော ဘာတွေ ဖြစ်လာမှာ ကြောက်သလဲ၊ ကိုယ်ကြောက်တဲ့ အရာတွေက တကယ်ရော ဖြစ်လာမှာ သေချာရဲ့လား၊ ဖြစ်လာရင်တောင် ဘယ်လိုနည်းနဲ့ ရင်ဆိုင်နိုင်မလဲ စသဖြင့် Story တစ်ပုဒ်လို ကိုယ့်ကိုယ်ကို မြင်ယောင်ရင်း ခံစားရသမျှ ချရေးကြည့်ပါ။ ပြီးတော့ ဘာဆက်လုပ်သင့်သလဲ၊ ဘယ်လမ်းကို ရွေးချယ်ရမလဲ ဆိုတာက ကိုယ်တိုင် ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ အချက် တစ်ခုက Goal Setting ပါ။ အပေါ်မှာ ရှင်းပြခဲ့သလို Fear တွေ Past Experiences တွေကြောင့် တကယ်တမ်း ကိုယ် ဦီးတည်သွားနေတဲ့ Goal တွေက လက်ရှိ အရာတွေကို အဆင်ပြေအောင် ထိန်းထားနိုင်ရုံ လက်တကမ်းစာလောက်က Goal မျိုးကိုပဲ ရွေးချယ်ထားတတ်ကြတယ်။ ကိုယ့် Ego ကနေ လာတဲ့ ပန်းတိုင် ဖြစ်တာကြောင့် ဒီ patterns တွေကိုပဲ ရွေးချယ်နေတာကြောင့် ဒီမှာပဲ သံသရာလည်ရင်း ဒီပြဿနာတွေကိုပဲ ကာလရှည်ကြာ ရင်ဆိုင်ရင်း မလွတ်မြောက်နိုင်ကြတာ ဖြစ်ပါတယ်။

ကိုယ်က လက်ရှိမှာ ရင်ဆိုင်နေရတဲ့ Patterns တွေ လူတွေ ပြဿနာတွေကနေ တကယ် လွတ်မြောက်ချင်တယ်ဆို ဒီအရာတွေ လက်လှမ်းမမီနိုင်တဲ့ နေရာကို သွားပါ။ လက်တကမ်းလောက်မှာပဲ နေရင် ဒီအရာတွေက လိုက်လာဦးမှာပဲ ဖြစ်တယ်။ ဒါကြောင့် ကိုယ့်လက်ရှိ အခြေအနေကနေ ဖန်တီးနိုင်တဲ့ Goal မဟုတ်ပဲ ကိုယ် တကယ် လိုချင်တဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ တွေးနေကျ Pattern တွေထဲက မဟုတ်ပဲ ဖောက်ထွက်ပြီး စဉ်းစား ရွေးချယ်ထားတဲ့ Goal ဖြစ်ရပါမယ်။

အခုချိန်မှာ ဒီ Goal ကို ဖြစ်အောင် လုပ်ဖို့ကို နှောင့်နှေးစေတဲ့ limiting factors တွေ ဥပမာ - ပိုက်ဆံမရှိတာ စသဖြင့် ရှိကောင်း ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ် Direction ရွေးတာ မှန်သွားရင် လိုအပ်တာတွေ လုပ်ကိုင်ရင်း လမ်းကြောင်းတွေ ပွင့်လာပြီး ဒီအခြေအနေတွေလည်း ပြောင်းလဲသွားပါလိမ့်မယ်။ ကိုယ်သွားချင်တဲ့ နေရာကို ရောက်လာပါလိမ့်မယ်။ အဲ့လို မဟုတ်ပဲ Direction အရွေးမှားနေရင်တော့ ကိုယ်ဘယ်လောက်ပဲ လုပ်လုပ် ဒီ ပြဿနာတွေနဲ့ပဲ ဆက်ပိတ်မိနေဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ Goals တွေကို ချရေးရင်း ပြန်စစ်ပါ။ ဒါတွေက ဘယ်ကလာတဲ့ ဆန္ဒတွေလဲ။ ဒါတွေက ကိုယ် တကယ် လုပ်ရမယ့် အလုပ်လား။ ကိုယ် တကယ့် လုပ်သင့်တဲ့ အလုပ်က ဘာတွေလဲ။ ဒါကို ရဖို့ ဘာတွေ လိုအပ်ပြီး ဒီ အထဲကမှ အခုချိန်မှာ ကိုယ်လုပ်နိုင်တာ ဘာရှိလဲ။ စသဖြင့် ကိုယ့်ကိုယ်ကို ပြန်မေးရင်း ချရေးကြည့်ပါ။ ကိုယ် လုပ်ရမယ့် အလုပ်က ဘာလဲ မသိသေးရင်တော့ ကိုယ့်ကိုယ်ကို အရင်ဆုံး ရှာဖွေရမှာ ဖြစ်ပါတယ်။

ဒီ Post 2 ခုမှာ ရှင်းပြသွားတဲ့ အချက်တွေက ဘဝမှာ အမြဲ stuck ဖြစ်နေတယ် ဆိုတဲ့ သူ‌တွေ၊ ဘယ်လောက် ကြိုးစား ကြိုးစား စမှတ်ကိုပဲ ပြန်ရောက်လာတယ် ဆိုတဲ့သူတွေ အများအားဖြင့် ကြုံတွေ့ရတတ်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ပထမ Post ရဲ့ Link ကို Comment မှာ ပေးထားပါမယ်။ 📩

ကိုယ်ကြုံတွေ့နေရတဲ့ ကိစ္စအလိုက် အခြား အခြေအနေတွေလည်း ရှိသေးတာမို့ ဒီအတွက်ကိုတော့ Reading Package တစ်ခု‌လောက် ဖန်တီးနိုင်အောင် ကြိုးစားကြည့်ပါဦးမယ်။ လောလောဆယ်မှာတော့ ဒီအချက်တွေနဲ့တင် အတော်လေး အထောက်အကူ ဖြစ်ကြမယ် ထင်ပါတယ်။

ကိုယ်ဟာ စစချင်းမှာ အခက်အခဲ တစ်ခုအနေနဲ့ စကြုံတွေ့လာရင်းနဲ့ ဒါကို မဖြေရှင်းနိုင်ပဲ အချိန်တွေ ကြာလာတဲ့အခါ ဒါဟာ သာမာန် အခက်အ...
01/11/2025

ကိုယ်ဟာ စစချင်းမှာ အခက်အခဲ တစ်ခုအနေနဲ့ စကြုံတွေ့လာရင်းနဲ့ ဒါကို မဖြေရှင်းနိုင်ပဲ အချိန်တွေ ကြာလာတဲ့အခါ ဒါဟာ သာမာန် အခက်အခဲတစ်ခု မဟုတ်တော့ပဲ A way of living ဖြစ်လာတယ်။ ဒီအရာဟာ ကိုယ့်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပါတယ်။

ဥပမာ - ကိုယ်ဟာ ကိုယ့်ထက် သူများကိုပဲ အမြဲရွေးချယ်သွားတာ သူများတွေက ပိုချစ်ခံရတာ စသဖြင့် ဒါတွေပဲ အမြဲ ကြုံနေရတဲ့အခါ ကိုယ်ဟာ အချစ်ခံရဖို့ မထိုက်တန်ဘူးလို့ မြင်လာတယ်။ သူများတွေက ငါ့ကို ထားသွားမှာပဲ ဆိုတဲ့ ယုံကြည်မှုဟာ ကိုယ့်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပါတယ်။

တော်တော်များများမှာ ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုက Stuck ဖြစ်နေတာပဲ ဖြစ်တယ်။ ကိုယ် ဘယ်လောက် ကြိုးစား ကြိုးစား ဒီ patterns, ဒီလူတွေ၊ ဒီ ဖြစ်ရပ်တွေနဲ့ပဲ အမြဲ ပိတ်မိနေတယ်။ ဒီကနေ ရုန်းထွက်နိုင်မယ့် ကိုယ့်ကို တိုးတက်စေမယ့် အရာတွေ လုပ်ဖို့ ကြိုးစားပေမယ့် ရေရှည် သေချာ မလုပ်နိုင်ပဲ ထွက်ပြေးနေမိတယ်။ ကောင်းတဲ့ အရာတွေ ရလာရင်လည်း လက်မခံရဲ ဖြစ်ကြတယ်။ နောက်ဆုံးမှာ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဒီ level မှာပဲ ပိတ်မိနေတဲ့အခါ စိတ်ဓာတ်ကျ အားလျော့လာကြပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ ပထမဆုံး နည်းလမ်းကတော့ Attachment & Detachment ပဲ ဖြစ်တယ်။ ကိုယ်က ကိစ္စတစ်ခု ဖြစ်ပြီဆို ဘယ်လို ပုံစံပဲ ဖြစ်ချင်တယ်၊ ဒီလို ဖြစ်မှ အဆင်ပြေမယ်ဆိုတဲ့ ကိုယ့်ရဲ့ past experiences တွေကနေ ကောက်ချက်ချပြီး ဒီအတိုင်း ဖြစ်လာအောင် အတင်း ဖန်တီးယူဖို့ ကြိုးစားပါတော့တယ်။

ဒါပေမယ့် အမှန်တရား တစ်ခုက အရင်က ကိုယ်သိထားတာတွေနဲ့ create လုပ်ရင်း နေထိုင်ရင်းနဲ့ပဲ အခုချိန်မှာ ဒီပြဿနာဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာပဲ မလား။ ဒီတော့ ပြီးခဲ့တဲ့ stories တွေကို ဆွဲကိုင်ပြီး ဒီလို ဖြစ်မှ ရမယ်၊ ဒါဖြစ်မှ ရမှ အဆင်ပြေမယ်ထင်နေသ၍ lesson learned မလုပ်နိုင်သေးလို့ ဒီကနေ ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

ဒီတော့ အရင်ဆုံး ကိုယ်လက်ရှိ ကြုံနေရတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ကိုယ်စွဲကိုင်ထားတဲ့ stories တွေ ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ ဒီလို ဖြစ်မှ ရမယ် ထင်‌နေတဲ့၊ ဖြစ်စေချင်တဲ့ ဆန္ဒတွေ အားလုံးကို ချရေးပါ။ ဒါတွေဟာ ကိုယ် release လုပ်ရမယ့် Detach လုပ်မယ့် list ပဲ ဖြစ်ပါတယ်။

ဒီ Stories တွေကို release လုပ်ဖို့ ကြိုးစားတဲ့အခါ Fear က လိုက်တားပါတော့တယ်။ တကယ်တော့ Fear ဆိုတာကလည်း Ego ကနေ ထိန်းချုပ်နေတဲ့ အယူမှားတွေပဲ ဖြစ်ပါတယ်။ ဒီလို မဖြစ်လာရင် တကယ်ပဲ ဒုက္ခရောက်တော့မလို အတွေးမှား အမှတ်မှားတွေကို ဖြစ်ပေါ်စေပါတယ်။ Fearကို ကျော်လွန်နိုင်သွားတဲ့ အခါ ကိုယ့် Power ကို ပြန်ရပါလိမ့်မယ်။

ဒီတော့ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတဲ့အခါ ဘယ်လိုအရာတွေ ကြုံရမယ် ထင်လဲ၊ ဘာတွေကို ရင်ဆိုင်ရမှာ ကြောက်ရွံ့လဲ။ ကိုယ့်စိတ်ထဲ ခံစားရသမျှ အားလုံးကို ချရေးပါ။ ဒါတွေဟာ အဓိပ္ပာယ်ရော ရှိရဲ့လား ပြန်ဆန်းစစ်ပါ။ ဒီလိုတွေ မဖြစ်လာရင် တကယ် ဒုက္ခရောက်မယ် ဆိုတာရော သေချာလား၊ ဒုက္ခရောက်မယ် ထင်နေတဲ့ အထင်ကရော ဘယ်ကလာလဲ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။

ဒီအခြေခံ အချက်တွေကို မရှင်းလင်းပဲ lesson learned မဖြစ်သေးပဲ Ego ကလာတဲ့ Desires တွေ Past Experiences တွေကလာတဲ့ ကောက်ချက်တွေအတိုင်း လိုက်လုပ်နေတဲ့ အခါ Manifest လုပ်‌နေတဲ့အခါ ဘယ်လောက်ပဲ ကြိုးစားစား ဘာပဲ လုပ်လုပ်၊ ဘာတွေပဲ ရလာလာ ဒီ Patterns တွေကနေ မလွတ်မြောက်နေတာကို တွေ့ရပါလိမ့်မယ်။

ဒီတော့ ဒီ Patterns တွေထဲကနေ လွတ်မြောက်‌နိုင်ဖို့ နောက်ထပ် ကိုယ်မရောက်သေးတဲ့ Level ကို ရောက်နိုင်ဖို့ ဆိုရင် သူနဲ့ ကိုက်ညီတဲ့ တွေးတော ကြံစည်မှု၊ ပညာ ဗဟုသုတ၊ စသဖြင့် ကိုယ့်ကိုယ်ကို တိုးတက်အောင် Upgrade လုပ်ရတော့မှာ ဖြစ်သလို အခုထက် ပိုကောင်းတဲ့ အရာတွေ လက်ခံဖို့ လုပ်ရတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီမှာလည်း Self-Sabotage ဆိုတဲ့ အခက်အခဲက ထပ်ကြုံလာရပြန်ပါတယ်။ ဒီကနေ breakthrough လုပ်နိုင်အောင် ကိုယ့်ကိုယ်ကို ပိုတိုးတက်အောင် ကြိုးစားပေမယ့် ရေရှည်မလုပ်နိုင်ပဲ procrastinate လုပ်မိတယ်၊ ရှောင်ပြေးနေမိတယ်၊ ကောင်း‌တာတွေ ရလာတော့မယ်ဆို ဆက်မလုပ်တော့ဘူး၊ ရပ်တန့်လိုက်တယ်။ ဒါမျိုးတွေ ထပ်ကြုံရပြန်ပါတယ်။

ဒီအတွက်ကိုတော့ နောက်ရက်မှာ Post ထပ်တင်ပေးပါမယ်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Lantern For The Lostผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram