Lantern For The Lost

Lantern For The Lost As each new season begins,
so do new beginnings.

ကိုယ့်ရဲ့ လက်ရှိဘဝက ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုတဲ့ ခံစားချက်မျိုး ခံစားဖူးလား။မနက်နိုးတယ်၊ မျက်နှာသစ်တယ်၊ အလုပ်သွား ကျောင်း...
18/03/2026

ကိုယ့်ရဲ့ လက်ရှိဘဝက ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုတဲ့ ခံစားချက်မျိုး ခံစားဖူးလား။

မနက်နိုးတယ်၊ မျက်နှာသစ်တယ်၊ အလုပ်သွား ကျောင်းသွားတယ်၊ အလုပ်/ကျောင်းမှာ ရုန်းကန်ရင်း တစ်နေ့တာကို survive လုပ်ခဲ့တယ်၊ ပြီးရင် အိမ်ပြန်လာတယ်၊ ညစာစားတယ်၊ အိပ်တယ်။

စက်ရုပ် တစ်ရုပ်လိုပဲ routine တစ်ခုထဲမှာ လည်ပတ်နေပြီး ဒါဟာ ကိုယ့်အတွက် ဘာအဓိပ္ပာယ်မှလည်း ရှိမနေဘူး။ ထွက်ပေါက်လည်း ရှိမနေဘူး။

ကြာတော့ ကိုယ်က lost ဖြစ်လာတယ်။ ရင်ထဲမှာ တစ်ခုခုက ပျောက်ဆုံးနေသလို ခံစားချက်က တဖြည်းဖြည်း ကြီးထွားလာတယ်။ အပြည့်အဝ မပျော်နိုင်တော့ပဲ တစ်ခုခုက လှစ်ဟာနေသလို ခံစားလာကြရပါတယ်။

ဒါတွေဟာ ဘာလို့လဲ‌ဆိုတော့ ကိုယ့် Soul နဲ့ Align မဖြစ်တဲ့ ဘဝလမ်းကြောင်းကို လျှောက်လမ်းနေမိပြီ ဆိုတဲ့ sign တွေပဲ ဖြစ်တယ်။ ကိုယ်နဲ့ မကိုက်တဲ့ လမ်းကို လျှောက်ရတာဟာ ငါးတစ်ကောင်က ‌သစ်ပင်တက်ဖို့ ကြိုးစားနေသလိုပါပဲ။ ဘယ်လောက် ကြိုးစားကြိုးစား မလုံလောက်နေသလို ကိုယ်က သူများတွေနဲ့ မတူကွဲပြားနေတာ၊ ပတ်ဝန်းကျင်က အမြဲ အထင်လွှဲတာ ဖယ်ကျဉ်တာမျိုးတွေ ကြုံရတတ်ပါတယ်။

ကြာတော့ ငါဟာ ဒီလောက်ပဲလား၊ ငါ့ဘဝက ဒီမှာပဲ ရပ်တန့်သွားပြီလား ဆိုတဲ့ အတွေးမျိုးတွေ မကြာခဏတွေးမိ‌နေပြီး လူက ခံစားချက်တွေ မရှိတော့ပဲ ထုံတုံတုံကြီး ဖြစ်လာတယ်။

ဒီကနေ ကိုယ့်ရဲ့ အနာဂတ်၊ သွားရမယ့် direction နဲ့ ပက်သက်ပြီး တွေဝေလာတယ်။ Life Purpose တွေ ပျောက်ဆုံးလာတယ်။ ကိုယ့်ဘဝက ဒီ့ထက်ပိုပြီး အဓိပ္ပာယ်ရှိသင့်တယ်၊ ကိုယ့်ပုံစံအတိုင်း ရှင်သန်ခွင့် ရသင့်တယ် ဆိုတဲ့ ခံစားချက်တွေ ထွက်ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် ဒီကနေ ဘယ်လို လွတ်မြောက်အောင် လုပ်ရမလဲ၊ ဘာတွေမှားနေတာလဲ ဆိုတာ ရှာမတွေ့ကြပါဘူး။

တကယ်တော့ လူတစ်ယောက်က သူ့ရဲ့ Authentic Self အတိုင်း ရှင်သန်ပြီး ကိုယ် လျှောက်ရမယ့် Soul Path ကို လျှောက်လှမ်းမှသာ ကိုယ် ရှာဖွေနေတဲ့ လုံခြုံခြင်းတွေ ပြည့်စုံကြွယ်ဝခြင်းတွေ အောင်မြင်မှုတွေကို ပိုင်ဆိုင် ရနိုင်တာ ဖြစ်ပါတယ်။

ဒါပေမယ့် တော်တော်များများက ကိုယ် လက်ရှိကြုံနေရတဲ့ အခက်အခဲတွေက ကိုယ့် soul နဲ့ align မဖြစ်တဲ့ လမ်းကြောင်းပေါ် ရောက်‌နေလို့ ဆိုတာ မသိသလို ဒီကနေ ဘယ်လို လွတ်မြောက်အောင် လုပ်ရမလဲ ဘယ်လို ပြောင်းလဲ ရမလဲဆိုတာလည်း မသိကြပါဘူး။

ဒါကြောင့်မို့ လက်ရှိ မပျော်ရတဲ့ ထွက်ပေါက်ပိတ်နေတဲ့ ဘဝကနေ လွှတ်မြောက်ပြီး ရုန်းကန်စရာ မလိုပဲ သက်တောင့်သက်သာနဲ့ ရှင်သန်ခွင့်ရစေတဲ့ Soul Path ကို ပြောင်းလဲ လျှောက်လှမ်းနိုင်ဖို့ Soul & Life Path Alignment Reading ကို လိုအပ်တာ ဖြစ်ပါတယ်။

🔮 Soul & Life Path Alignment Reading က ကိုယ့်ကို ဒီအချက်တွေနဲ့ ကူညီပေးမှာ ဖြစ်ပါတယ်။

1. Your Soul's Purpose
ဒီဘဝမှာ ကိုယ့်ရဲ့ Soul က တွေ့ကြုံရဖို့ သင်ယူရဖို့ ရွေးချယ်ခဲ့တဲ့ main experience, lessons, missions တွေ နားလည်သွားစေပါလိမ့်မယ်။

2. Your Life Path Alignment
ကိုယ့်ရဲ့ လက်ရှိ Life Path က Soul Path နဲ့ Align ဖြစ်နေရဲ့လား။ ဘယ်နားတွေမှာ လွှဲချော်နေလဲ ဆိုတာ မြင်တွေ့သွားစေပါလိမ့်မယ်။

3. Your Natural Gifts
ကိုယ့်ရဲ့ Soul Mission ကို အကောင်အထည် ဖော်တဲ့ နေရာမှာ၊ Soul Aligned Path ကို လျှောက်လှမ်းတဲ့ နေရာမှာ အထောက်အပံ့ ဖြစ်စေမယ့် ကိုယ့်ရဲ့ abilities, talents and sensitive စတဲ့ ကိုယ့်မှာ ရှိတဲ့ အရည်အချင်းတွေကို identify လုပ်ပေးသွားမှာပါ။

4. Your Patterns & Blocks
ကိုယ့်ရဲ့ Growth ကို တားဆီးနေတဲ့ ကိုယ့်ကို ပြန်ဆွဲချနေတဲ့ repeating patterns တွေ၊ beliefs, fears and conditioning တွေကို ရှာဖွေ ဖော်ထုတ် ပေးသွားပါမယ်။

5. Next Stage of Growth
ကိုယ့်ရဲ့ Evolution ကို အထောက်အပံ့ ဖြစ်စေမယ့် အခုချိန်မှာ လုပ်ဆောင်သင့်တဲ့ အရာတွေအတွက် လိုအပ်တဲ့ Guidance ပါ ရရှိမှာ ဖြစ်ပါတယ်။

တော်တော်များများက အခုချိန်မှ ကိုယ့်ရဲ့ Soul နဲ့ Align ဖြစ်တဲ့ လမ်းကြောင်းကို လက်ရှိ ဘဝ လမ်းကြောင်းကနေ ပြောင်းရမယ်ဆို ဖြစ်မှ ဖြစ်ပါ့မလား၊ ငါ ဒါက လွဲပြီး တခြား လုပ်တတ်တာလည်း မရှိဘူးလို့ တွေးတတ်ကြတယ်။

တကယ်တော့ ကိုယ့် Soul Aligned Life Path ဟာ ရုန်းကန်စရာ မလိုပဲ ကိုယ့်အရည်အချင်းတွေကို အသုံးချပြီး သက်တောင့်သက်သာ ရှင်သန်ရင်း အကောင်းဆုံးသော အရာတွေ ရရှိနိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ အခုမှ ဘဝစတင်မယ့် လူငယ်တွေသာ မကပဲ အသက်အရွယ် တစ်ခု ရောက်နေပြီး အခြေကျနေပေမယ့် ဘဝမှာ မပျော်နိုင် ဖြစ်နေရတယ်၊ မွန်းကျပ်ရပါတယ် ဆိုရင် အပြောင်းအလဲ လုပ်ရမှာ မကြောက်ပဲ ဒီ Reading နဲ့ ကိုယ့်ဘဝ လမ်းကြောင်းကို ပြန်လည် ပြင်ဆင်သင့်ပါတယ်။

ကိုယ့်Soul နဲ့ Align မဖြစ်တဲ့ ဘဝမှာ နေထိုင်တာဟာ ကိုယ့်ကို energy drain ဖြစ်စေပါတယ်။
ဒါ့ကြောင့် Self-doubts, frustrations, confusion about purpose, repeating life challenges ‌တွေကို အမြဲ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် တော်တော်များများက ဒီအရာတွေကနေ လွတ်မြောက်ဖို့ အလုပ်အကိုင်၊ ပတ်ဝန်းကျင်၊ ငွေကြေး၊ relationship တွေကိုပဲ ပြောင်းလဲဖို့ ကြိုးစားကြတယ်။ ဒါတွေသာ တကယ် အလုပ်ဖြစ်တယ်ဆို ကိုယ်က အခုချိန်မှာ ပျော်နေနိုင်လောက်ရောပေါ့။ အလုပ်မဖြစ်နေလို့သာ တစ်ခုပြီး တစ်ခု ရအောင် ပြေးလိုက်ရတယ်၊ ပြုပြင်ရတယ်၊ ထင်သလို မဖြစ်လာတဲ့ အခါ ပင်ပန်းရတယ် ဆိုတဲ့ သံသရာထဲ ပိတ်မိနေတာ ဖြစ်ပါတယ်။

🔮 ဒါ့ကြောင့်မို့ Soul & Life Path Alignment Reading က အပေါ်ယံ မဟုတ်ပဲ ကိုယ့်ဘဝကို တကယ် ပြောင်းလဲချင်တယ်၊ အခက်အခဲတွေ စိတ်ပင်ပန်းရတာတွေကနေ တကယ် လွတ်မြောက်ချင်တယ် ဆိုတဲ့ သူတွေ အတွက်ပဲ ဖန်တီးထားတာ ဖြစ်ပါတယ်။

🔮 အပေါ်ယံလေး ခဏတာ အဆင်ပြေတယ် ထင်ရအောင် အစီအရင်တွေနဲ့ လုပ်ဆောင်ကြမှာ မဟုတ်ပဲ ကိုယ့်အတွင်းထဲကနေ လုံးဝ ပြောင်းလဲသွားအောင် Transformation လုပ်ကြမှာ ဖြစ်ပါတယ်။

🔮 ကိုယ်က ကိုယ့်ဘဝကို ပြောင်းလဲချင်တယ်၊ ပြောင်းလဲဖို့ အဆင်သင့် ဖြစ်ပြီဆို Page Messenger ကနေ ဆက်သွယ်နိုင်ပါပြီ။

Energy, Frequency, Vibration ဆိုတဲ့ စကားလုံးတွေကို အတော်များများ နေရာတိုင်းမှာ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် တစ်ခေါက်လ...
16/03/2026

Energy, Frequency, Vibration ဆိုတဲ့ စကားလုံးတွေကို အတော်များများ နေရာတိုင်းမှာ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် တစ်ခေါက်လောက် သူ့ရဲ့ အဓိပ္ပာယ်ကို ပြန်ကြည့်ကြည့်ရအောင်။

⚛️ Energy - အရာအားလုံးဟာ Energy ပါတဲ့။ ကိုယ့်ရဲ့ body, thoughts, emotions, the earth, sunlight စတဲ့ အရာတွေ အားလုံးက Energy တွေပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ thoughts and emotions တွေ ကိုယ့်ရဲ့ body, mind and surroundings ကို ပြောင်းလဲ စေနိုင်တဲ့ Energy ရှိပါတယ်။

⚛️ Vibration - ဒီ Energy တွေရဲ့ movement, အတက်အကျ လှုပ်ရှားမှုကို vibration လို့ ခေါ်ပါတယ်။ ကိုယ့်ရဲ့ အသေးငယ်ဆုံး cells လေးကနေ universe တစ်ခုလုံးက သူ့နည်း သူ့ဟန်နဲ့ vibrate ဖြစ်နေပါတယ်။

Meditation, Breathwork, Sound Healing, Visualization စတဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ Vibration ကို ပြောင်းလဲလိုက်တဲ့အခါ ကိုယ့်ရဲ့ reality ကို တွေ့ကြုံ ခံစားနေတဲ့ ပုံပါ လိုက်ပါ ပြောင်းလဲသွားပါတယ်။

ဥပမာ - စိတ်အရမ်းလှုပ်ရှားနေချိန် အ‌သက်လေး မှန်မှန် ရှူလိုက်တဲ့အခါ အရှိန်ကျသွားပြီး လက်ရှိအခြေအနေကို စိတ်အေးအေးနဲ့ စဉ်းစားနိုင်လာတာမျိုးပေါ့။

⚛️ Frequency - ကြိမ်နှုန်း ဆိုတဲ့ နံမည်အတိုင်း Vibration ဖြစ်ပေါ်တဲ့ အကြိမ် နှုန်း၊ တိကျတဲ့ အချိန်တစ်ခုမှာ ဖြစ်ပေါ်နေတဲ့ အမြန်နှုန်းထား တစ်ခုကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

Vibration နှေးလေ lower frequency ဖြစ်ပေါ်လေ ( slow vibration → lower frequency )

Vibration မြန်လေ Higher Frequency ဖြစ်ပေါ်လေ ( fast vibration → higher frequency)
ဖြစ်ပါတယ်။

❇️ slow vibration (lower frequency) မှာ fear, shame, anger, jealousy, hopelessness စတဲ့ အရာတွေ ပါဝင်ပါတယ်။

fast vibration (higher frequency) မှာ love, compassion, gratitude, joy, peace စတဲ့ အရာတွေ ပါဝင်ပါတယ်။

🌼 ဒီတော့ ကိုယ့်ရဲ့ energy, vibration က လူတစ်ယောက်ရဲ့ inner state ဖြစ်တဲ့ beliefs, emotions, mindset ရဲ့ reflection အနေနဲ့ထွက်ပေါ်လာတာ ဖြစ်တယ်။

ကိုယ့်ရဲ့ inner state မှာ မကောင်းတဲ့ အတွေးတွေ ခံစားချက်တွေပဲ အမြဲ ဖြစ်နေမယ်ဆိုရင် ကိုယ်က low vibration ထဲကို ရောက်နေတာဖြစ်ပြီး ကိုယ်က ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုတွေကို အချိန်အများစုမှာ ခံစားရတယ် ဆိုရင် high vibration နဲ့ နေထိုင်နေတာ ဖြစ်ပါတယ်။

ဒီ inner state မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေရဲ့ လွှမ်းမိုးမှုက ကိုယ့်ဘဝမှာ ကိုယ်က ဘယ်လို တုံ့ပြန်မလဲ၊ ဘယ်လို ရွေးချယ်မှုတွေ ပြုလုပ်မလဲ၊ လူတွေနဲ့ ဘယ်လို ဆက်ဆံလဲ၊ ဘဝမှာ ဘယ်အရာတွေ လုပ်နေမလဲ ဆိုတဲ့ ကိုယ့်ဘဝကို တည်ဆောက်တဲ့ အပေါ် သက်ရောက်မှု ‌ရှိနေပါတယ်။

မကောင်းတဲ့ ခံစားချက်တွေ ပြည့်နေတဲ့ inner state ရှိနေမယ်ဆို ကိုယ်က ကိုယ့်ဘဝမှာ အမြဲတမ်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ၊ ရွေးချယ်မှုတွေ၊ လုပ်ဆောင်မှုတွေပဲ လုပ်မိနေမှာ ဖြစ်ပါတယ်။

ကြာတဲ့အခါ ဒီလုပ်ဆောင်ချက်တွေက pattern တစ်ခု ဖြစ်လာပြီး အခုချိန်မှာ ကိုယ် ပိုင်ဆိုင်ရရှိထားတဲ့ ဘဝအခြေအနေတစ်ခု ဖြစ်ပေါ်လာကာ ကိုယ်လုပ်နေတဲ့ အရာတွေရဲ့ result ကို ပြန်ခံစားနေရတာ ဖြစ်ပါတယ်။ အဲ့တော့ အခုချိန်မှာ ကိုယ်ရရှိထားတဲ့ ဘဝအခြေအနေကို စိတ်ကျေနပ်မှု ရှိကြရဲ့လား။

🌼 တော်တော်များများကတော့ အနည်းနဲ့ အများဆိုသလို ကျေနပ်ကြမယ် မထင်ပါဘူး။ ဒါဆိုရင် ကိုယ့်ရဲ့ energy, vibration ကို ပြန်စစ်ကြည့်ရမှာ ဖြစ်ပါတယ်။

ကိုယ်က အများအားဖြင့် ဘယ်လို ခံစားချက်တွေ အတွေးတွေ ဖြစ်ပေါ်နေလေ့ ရှိသလဲ။ ကိုယ်က တစ်ခုခုနဲ့ ထိတွေ့မိတိုင်းမှာ ဘယ်လို အရာတွေ ထွက်ပေါ်လာလေ့ ရှိလဲ။ Negative Self-talk တွေ၊ Judge လုပ်ချင်စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေ၊ မနာလို ဝန်တိုစိတ်တွေ၊ သူများကို ထိခိုက်နာကျင်‌စေလိုတဲ့ စိတ်တွေ၊ ပျင်းရိတာ အချိန်ဆွဲတာတွေ၊ past experiences တွေကနေ အခြေခံ ဖြစ်ပေါ်လာတဲ့ အမြဲ ဒီလိုပဲ ဖြစ်နေမှာပဲ ဆိုတဲ့ beliefs တွေ ဒါမျိုးတွေပဲ တစ်ခုမဟုတ် တစ်ခု လှည့်ပြီး ထွက်ပေါ်နေပြီလား။

ကိုယ် action ယူနေတဲ့ အရာတစ်ခုမှာ ကောင်းမွန်တဲ့ results ထွက်လာဖို့ confidence ရှိရှိနဲ့ လုပ်ဆောင်နေမယ့်အစား ဘာအရာကမှ ငါ့အတွက် အလုပ် ဖြစ်မှာ မဟုတ်ပါဘူး ဆိုတဲ့ Negative Beliefs တွေနဲ့ပဲ လုပ်နေမိပြီလား။

တခါတရံမှာ ပျော်ရတယ်၊ စိတ်ကြည်နေတယ် ထင်ရပေမယ့် များသောအားဖြင့် ကိုယ်က low vibration ဆီပဲ ပြန်ရောက်နေမယ် ဆိုရင် ကိုယ်ဟာ စိုးရိမ်စိတ်တွေ ကြောက်ရွံ့စိတ်တွေပဲ များနေတာ ဖြစ်နေပြီဆိုရင် ဒီကနေ တည်ဆောက်ထားတဲ့ ကိုယ့်ဘဝ အခြေအနေကလည်း ဘယ်လိုမှ ကောင်းမနေမှာ သေချာသလောက်ပါပဲ။

🌼 ကိုယ့်ဘဝကို ကိုယ် အကောင်းမွန်ဆုံး တည်ဆောက်ချင်တယ်၊ အခုကစပြီး စတင် ပြောင်းလဲချင်တယ် ဆိုရင် ဒီ low vibration, Negative energy ကို ဖြစ်ပေါ်စေတဲ့ inner state အခြေအနေကို အရင်ဆုံး ကိုင်တွယ် ဖြေရှင်းရမှာ ဖြစ်ပါတယ်။

အချို့ အခြေအနေတွေမှာတော့ ကိုယ်က ကိုယ့် Inner state မှာ ဖြစ်ပေါ်နေတဲ့ negative thoughts တွေ emotions တွေကို သတိပြုမိပေမယ့် ပြောင်းလဲဖို့ ခက်ခဲနေရတာ ကိုယ့်မှာ ရှိနေတဲ့ Generational Limitations, Old fears in your nervous System, conditioned response from childhood စတဲ့ အရာတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ဒီအရာတွေကို အရင်ဆုံး ရှင်းလင်းဖို့ လိုအပ်ပါတယ်။ ဒါတွေကို ရှင်းလင်းမှသာ lower chakra 3 ခုလည်း ပွင့်လာမယ်။ တည်ငြိမ်တဲ့ Nervous System ရှိလာမယ်။ တည်ငြိမ်တဲ့ Nervous System ကသာ ကောင်းမွန်တဲ့ Energy တွေ၊ high vibration တွေ၊ High vibration ရှိတဲ့ အရာတွေကို ကြာရှည် လက်ခံနိုင်ပါလိမ့်မယ်။

🍀 ဒါတွေကို မရှင်းလင်းပဲ shadow တွေကို မျက်နှာချင်းမဆိုင်ပဲ Visualization လုပ်နေတာ၊ Meditation, Breathwork သက်သက်နဲ့ပဲ အာရုံလွှဲဖို့ လုပ်နေတာက လုပ်နေတဲ့ နာရီပိုင်းမှာပဲ ခဏတာ အဆင်ပြေသလို ခံစားရစေပြီး အဲ့ဒီ level မှာ ကြာရှည်မတည်တံ့စေပဲ low vibration ကို ပြန်ပြန် ပြုတ်ကျစေပါတယ်။

ဒါပေမယ့် တော်တော်များများက ကိုယ့်မှာ ဘာဖြစ်နေလဲ နားမလည်နိုင် ဖြစ်နေပြီး ဘယ်အရာကို ရှင်းလဲရမလဲ မသိ ဖြစ်နေတတ်ကြပါတယ်။ မသိနေတဲ့ အတွက်လည်း ဘယ်လောက် ကြိုးစား ကြိုးစား ရှေ့မရောက်နိုင်ပဲ ပြန်ပြုတ်ကျပြီး ဘာမှမထူးပဲ တဝဲလည်လည်နဲ့ ပိတ်မိနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မရဲ့ Reading Packages တွေမှာဆို low vibration ဖြစ်ပေါ်စေတဲ့ အရာတွေကို ရှင်းလင်းနိုင်ဖို့ Positive Energy ဖြစ်ပေါ်စေတဲ့ inner state နဲ့ နေထိုင်နိုင်ဖို့ အထူးပြု ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါတွေက Foundation အနေနဲ့ အောက်ကို ပြန်မကျစေဖို့နဲ့ အထက်ကို ဆက်‌တက်နိုင်စေဖို့၊ ပိုကောင်းတဲ့ ဘဝကို ရစေဖို့ အရေးကြီးတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

‌🪷 ဒီလို အောက်ခြေကို ရှင်းလင်းပြီးပြီ ဆိုရင် အထက်ကို ဆက်တက်ဖို့ဆို ဒါတွေနဲ့တင် မလုံလောက်သေးပါဘူး။ Low vibration မထွက်ရုံသာမကပဲ ကိုယ့်အတွက်ရော အများအတွက်ပါ ကောင်းမွန်တဲ့ energy, vibration, frequency မျိုး ကိုယ့်ဆီကနေ အချိန်အများစုမှာ ထုတ်လွှင့်နေဖို့ လိုအပ်ပါတယ်။

ဒီလို အနေအထားရောက်ဖို့ ဆိုတာ Heart Chakra ပွင့်နေဖို့၊ Metta ကို နှလုံးသွင်းနိုင်အောင် လေ့ကျင့်ဖို့တွေ လိုအပ်ပါတယ်။ ကိုယ်က Healing မရလာခဲ့ရင် သူများကို မေတ္တာ မထားနိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ Protection အနေနဲ့ နှလုံးသားမှာ တံတိုင်းတွေ ခတ်ထားလို့ပါ။ ဒါကြောင့် အပြင်က ဖြစ်ပေါ်လာသမျှ အရာတိုင်းကို အန္တရာယ်အနေနဲ့ပဲ မြင်ပြီး တိုက်ထုတ်ဖို့ စွန့်ပသ်ဖို့ပဲ လုပ်ဆောင်နေမိကြတာ ဖြစ်ပါတယ်။

🪷 ဒီတလောမှာ ရနေတဲ့ message က လူတိုင်းဟာ ရှေ့ဆက်သွားဖို့ ကိုယ့် frequency ကိုယ် မြှင့်တင်ရမယ့် အချိန် ရောက်နေပြီ ဆိုတာပါပဲ။ Frequency မြှင့်တင်ဖို့ဆိုတာ မေတ္တာတရားက လာတဲ့ frequency က ကိုယ့်ရဲ့ dominant frequency ဖြစ်နေဖို့ လုပ်ဆောင် ကြရမှာ ဖြစ်ပါတယ်။

မေတ္တာထားနိုင်ဖို့ ဆိုတာက အောက်ခြေမှာ အမှိုက်တွေ ရှင်းလာခဲ့မှ healing ရလာမှ လုပ်နိုင်တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို Healing ရနေပြီ ထင်ရင်တောင် မေတ္တာထားနိုင်ဖို့ လောက်ထိ healing ဖြစ်နေဖို့ လိုအပ်ပါတယ်။ မေတ္တာ မထားနိုင်ရင် ဘာလို့ မထားနိုင်ရတာလဲ ဆိုတာ ပြန်ရှာရမယ်၊ တစ်ဖက်မှာလည်း ကိုယ်နိုင်တဲ့ နေရာမှာ မေတ္တာနဲ့ နေထိုင်နိုင်ဖို့ လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။

Dominant frequency ဆိုတာ အချိန်အများစုမှာ ကိုယ်ပြန်ရောက်နေတဲ့ Frequency အနေအထားကို ပြောတာပါ။ ဒီတော့ သတိရမှ မေတ္တာလေး ကောက်ပို့တာ၊ မေတ္တာသုတ် ထရွတ်တာ မဟုတ်ပဲ အချိန်တိုင်း အတွေးတိုင်း မြင်ရတိုင်း ကြားရတိုင်း တစ်ခုခုကို ကြုံရတိုင်းမှာ love frequency ဖြစ်ပေါ်စေတဲ့ compassion, kindness, empathy, forgiveness, gratitude, peacefulness, acceptance တွေပဲ ဖြစ်ပေါ်နေအောင် ကျင့်ကြံကြရမှာ ဖြစ်ပါတယ်။

🌸 Low vibration ဖြစ်အောင် လှုံ့ဆော်ပေးတဲ့ လူတွေ၊ သတင်းတွေ၊ ရုပ်ရှင်တွေ၊ စတဲ့ အာရုံတွေကို တမင် ရွေးချယ်ထိတွေ့နေမိတာကို ရှောင်ရှားကြရပါမယ်။ မလွှဲမရှောင်သာ ထိတွေ့မိရင်တောင် ကူးစက်မခံပဲ ကိုယ့် frequency မှာပဲ ကိုယ်တည်ငြိမ်အောင် နေတာ cleansing ပြန်လုပ်တာတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Inner State မှာ သေချာ healing လုပ်ခဲ့ပြီးသား သူတွေက Self-love အထိုက်အလျှောက် ရှိလာကြပြီ ဆိုပေမယ့် အခုချိန်မှာတော့ ကိုယ့်အတွက် ဖြစ်တဲ့ Self-love ရော အများအတွက် ဖြစ်တဲ့ loving-kindness ကိုပါ ရှိနေအောင် တဆင့် upgrade လုပ်ရမှာ ဖြစ်တယ်။

လူတစ်ယောက်မှာ ရှိတဲ့ Energy အစစ်အမှန်ကို မြင်နိုင်ကြတဲ့ ခေတ် ရောက်လာနေပြီမို့ ကိုယ်ဟာ ကောင်းမွန်တဲ့ ရပ်ဝန်းကို လိုက်ပါချင်တယ်ဆို ကိုယ့်ရဲ့ inner state ကပါ မချွင်းမချန် low vibration တွေ ill will တွေကနေ လွတ်မြောက်နေပြီး အချိန်အများစုမှာ compassion, kindness, empathy, forgiveness, gratitude, peacefulness, acceptance တွေပဲ ဖြစ်ပေါ်နေဖို့ လိုအပ်ပါတယ်။ ဒါကသာ ကိုယ့်ကို ရှေ့ဆက်သွားနိုင်စေမယ့် နည်းလမ်း ဖြစ်ပါတယ်။

🌸 ဒါကြောင့်မို့ ဒီအချက်တွေက ဒီကာလမှာ လုပ်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။

• ကိုယ့် frequency ကိုယ်မြှင့်တင်ကြပါ။

• low vibration ဖြစ်ပေါ်စေတဲ့ ကိုယ့် Inner State က အရာတွေကို ရှင်းလင်းပါ။

• တည်ငြိမ်တဲ့ Nervous System တစ်ခု တည်ဆောက်ပါ။

• ကိုယ့်ရဲ့ body ကို temple လို သဘောထားပြီး ထိန်းသိမ်းပါ။ သန့်ရှင်းစင်ကြယ်ပါ။

• Love Frequency က ကိုယ့်ရဲ့ Dominant Frequency ဖြစ်ပါစေ။

ဒါဆိုရင် ကိုယ့်ရဲ့ Consciousness ပါ လိုက်မြင့် လာပါလိမ့်မယ်။ ပိုပြီးတော့ နားလည်နိုင်လာပါလိမ့်မယ်။

🏮 နောက်ရက်ကျရင်တော့ Loving Kindness Meditation ကို အသံသွင်းပြီးရင် Telegram Channel မှာ ပို့ပေးထားပါမယ်။ တစ်နေ့ တစ်ခါလောက် အသံဖွင့်ပြီး တရားထိုင်ကြည့်ပါ။ ပြီးရင် တစ်နေ့တာလုံးမှာပါ အသံဖိုင်ထဲကတိုင်း ကိုယ့်အပေါ်မှာရော သူတစ်ပါး အပေါ်မှာပါ မေတ္တာထားနိုင်အောင် ကြိုးစားနေထိုင်ကြည့်ပါ။

🏮 Low Vibration ထဲပဲ ပြန်ပြန်ရောက်သွားပြီး အရှေ့ကို ဆက်မသွားနိုင် ဖြစ်နေတဲ့ သူတွေ၊ Low Vibration က ကိုယ် အချိန်အများစု ရောက်နေတဲ့ ‌နေရာ ဖြစ်နေပြီး ဒီကနေ ရုန်းထွက်နိုင်ဖို့ လမ်းပျောက်နေတဲ့ သူတွေ ဆိုရင် Page မှာ Soul Readings တွေ ရယူနိုင်ပါတယ်။

🏮 ရရှိနိုင်တဲ့ Soul Readings တွေကို Pin Post သို့မဟုတ် Comment မှာ အသေးစိတ် ကြည့်ရှူ့ နိုင်ပါတယ်။ ဘယ် Reading ကို ရွေးချယ် ရမလဲ မသိရင် ကိုယ် ကြုံတွေ့နေရတာကို ပြောပြပြီး တိုင်ပင် ဆွေးနွေးနိုင်ပါတယ်။

🏮 Pisces Season ရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ March လ 20 ရက်နေ့ထိ page က Reading Package တိုင်းကို လက်ဆောင်အနေနဲ့ 22,222 MMK နဲ့ မေးခွင့် ပြုထားတာမို့ ကိုယ်လိုအပ်နေတဲ့ Guidance တွေကို ရယူနိုင်နေပါပြီ။

🏮 March 20 အထိပဲ လက်ခံပေးနေတာ ဖြစ်လို့ ဒါပြီးရင်တော့ နောက်တစ်ခါ ထပ် ပေးဖြစ်ချင်မှ ပေးဖြစ်တော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ကိုယ့်အတွက် လိုအပ်တဲ့ Guidance တွေ ရယူဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

Guidance Message for Collective 🏮ဒီနေ့အတွက် Guidance Message ကတော့ Drama တွေနဲ့ ဝေးဝေးနေဖို့ပါပဲ။ ပြင်းထန်တဲ့ Energy လှိ...
13/03/2026

Guidance Message for Collective 🏮

ဒီနေ့အတွက် Guidance Message ကတော့ Drama တွေနဲ့ ဝေးဝေးနေဖို့ပါပဲ။

ပြင်းထန်တဲ့ Energy လှိုင်းတွေကြောင့် တော်တော်များများ စိတ်ထိန်းဖို့ ခက်ပြီး အပြင်ကို ကန်ထွက်ဖို့ လွယ်ကူနေတဲ့ အတွက်ကြောင့် စိတ်တိုတာ၊ ဘာမဟုတ်တာလေးနဲ့ ရန်ဖြစ်ကြတာ၊ စိတ်တက်လွယ်၊ ကျလွယ်တာ၊ ဝမ်းနည်းလွယ်တာ၊ sensitive ဖြစ်လွယ်ပြီး သူများဆီက emotions တွေ ကူးစက်လွယ်တာ ဖြစ်နေကြတဲ့ အချိန်မို့ တတ်နိုင်သလောက် drama တွေနဲ့ရော drama များနဲ့ လူတွေ သတင်း၊ အတင်းအဖျင်းတွေနဲ့ပါ ဝေးဝေး နေသင့်ပါတယ်။

မလွှဲမရှောင်သာ ကြုံတွေ့ရတဲ့အခါ Ego က လာတဲ့ တုံ့ပြန်မှု ခံစားမှုထက် Soul က ပြောနေတဲ့ စကားကို နားထောင်ပါ။ ဒီတလောမှာ ဝေဖန်ကဲ့ရဲ့တာ judge လုပ်တာတွေ များနေနိုင်ပေမယ့် ကိုယ် လုပ်စရာ ရှိတာပဲ ရဲရဲဝင့်ဝင့် လုပ်ရင်း ကိုယ့်လမ်း ကိုယ် ရွေးချယ်ပြီး ကိုယ့် truth နဲ့ ကိုယ်သာ နေထိုင်ပါ။

March 10-11 မှာတော့ Luck & Expansion ကို ကိုယ်စားပြုတဲ့ Jupiter ဟာ Cancer မှာ အတည့် ပြန်လည် လည်ပတ်တော့မှာ ဖြစ်တဲ့အတွက် o...
11/03/2026

March 10-11 မှာတော့ Luck & Expansion ကို ကိုယ်စားပြုတဲ့ Jupiter ဟာ Cancer မှာ အတည့် ပြန်လည် လည်ပတ်တော့မှာ ဖြစ်တဲ့အတွက် opportunity & blessings တွေ ပြန်လည် ရရှိတော့မှာ ဖြစ်ပါတယ်။

ကိုယ့်အတွက်ရော ဘယ်လို ကံကောင်းခြင်းတွေ လက်ခံရရှိပြီး ဘာတွေ ဆက်ဖြစ်လာတော့မလဲ ဆိုတာကို Reading ဖတ်ပေးထားတာ ဖြစ်ပါတယ်။

Collective Reading ဖြစ်လို့ ကိုယ်နဲ့ ကိုက်တဲ့ အချက်ကိုပဲ ယူပေးပါ။ ကိုယ်နဲ့ Energy ကိုက်ညီပြီး အသေးစိတ် သိရဖို့အတွက် Personal Reading ယူလို့ ရပါတယ်။

Happy Money နဲ့ မေးနိုင်တဲ့ Special Reading Offer လေး ပြီးဆုံးသွားပေမယ့် ဒီလထဲမှာ နောက်ထပ် Surprise တွေ ရှိဦးမယ်လို့ ကတိပေးထားတဲ့ အတိုင်းပဲ မကြာခင်မှာ နောက်ထပ် Special Reading Offer အသစ်တစ်ခုကို 🎁 ပေးတော့မှာ ဖြစ်လို့ Guidance လိုအပ်နေတဲ့ သူတွေ stay tuned! ပါ။

မကြာခင် Page မှာ တင်ပေးတော့မှာပဲ ဖြစ်ပါတယ်။

March 10-11 မှာတော့ Jupiter ဟာ Cancer မှာ အတည့်ပြန်လည် လည်ပတ်တော့မှာ ဖြစ်ပါတယ်။ Jupiter Retrograde ပြီးဆုံးခါနီး ကာလတွေဖ...
10/03/2026

March 10-11 မှာတော့ Jupiter ဟာ Cancer မှာ အတည့်ပြန်လည် လည်ပတ်တော့မှာ ဖြစ်ပါတယ်။

Jupiter Retrograde ပြီးဆုံးခါနီး ကာလတွေဖြစ်တဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တော်တော်များများက အရှေ့ကို သွားချင်ပေမယ့် မသွားနိုင်ဖြစ်တာ၊ life direction နဲ့ ပက်သက်ပြီး အတွေးတွေ ပြောင်းသွားတာ၊ တစ်ခုခုကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားတာ၊ inner lesson တစ်ခုပြီးဆုံးပြီး ပြီးခဲ့တဲ့ လတွေက ကိုယ့်ကို ဘာတွေ သင်ပေးနေတာလဲ ဆိုတာကို သဘောပေါက်သွားတာ၊ ကိုယ်က progress ကို လိုချင်ပေမယ့် မရွေ့နိုင်သေးပဲ စိတ်မရှည် ဖြစ်နေတာမျိုး ကြုံတွေ့ခဲ့ကြရမယ် ထင်ပါတယ်။

Jupiter Retrograde ဖြစ်စဉ်ကာလမှာ family relationship, emotional security, housing or living situation, personal boundaries တွေနဲ့ အိမ်ဆိုတဲ့ အဓိပ္ပာယ်ကို ပြန်လည် ရှာဖွေပြီး review လုပ်ရမယ့် အချိန် ဖြစ်ခဲ့တဲ့အတွက် တော်တော်များများ ဒီကိစ္စနဲ့ ပက်သက်တဲ့ အဆင်မပြေမှုတွေ ကြုံတွေ့ရတာ၊ trigger ဖြစ်စရာ ကိစ္စတွေနဲ့ ရင်ဆိုင်ခဲ့ရတာတွေ ဖြစ်ခဲ့ကြမယ် ထင်ပါတယ်။

ငွေကြေးနဲ့ ပက်သက်ပြီးတော့လည်း အိမ် ဒါမှမဟုတ် မိသားစုနဲ့ ပက်သက်နေတဲ့ financial pressure တွေ၊ emotional spending patterns တွေ သိသိသာသာ ပေါ်ထွက်လာပြီး Financial Stability, Security နဲ့ ပက်သက်ပြီး မေးခွန်းတွေ ထုတ်နေမိချိန်လည်း ဖြစ်ခဲ့ကြပါလိမ့်မယ်။

Jupiter Retrograde ပြီးဆုံးချိန်မှာတော့ internal review ကနေ external movement ဆီ ကူးပြောင်းလာပြီ ဖြစ်လို့ delay ဖြစ်နေရာကနေ လမ်းတွေ ပွင့်ပြီး တိုးတက်မှုတွေ မြင်လာရတော့မှာပဲ ဖြစ်ပါတယ်။

Housing, Family or Community support, emotional healing, stable foundation တည်ဆောက်တဲ့ နေရာမှာနဲ့ အိမ်လို့ ခံစားရတဲ့ နေရာတစ်ခု ရှာဖွေတဲ့ နေရာမှာ တိုးတက်မှုတွေ ‌တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။

Jupiter in Cancer ရဲ့ အဓိက သင်ပေးချင်တဲ့ lesson က စစ်မှန်တဲ့ ချမ်းသာ abundance က emotional security and belonging ကနေ လာတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဘဝကို တည်ဆောက်တဲ့ နေရာမှာ အခြေခံအကျဆုံး Foundation ကို emotional security, belonging, safety နဲ့ တည်ဆောက်ပြီး ရှေ့ဆက်သွားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ် လုံခြုံတယ် ခံစားရတဲ့ နေရာ၊ အိမ်လို့ ခံစားရတဲ့ နေရာနဲ့ ဘယ်သူတွေက ကိုယ့်အပေါ် တကယ် ကူညီ ပေးနေလဲ support ဖြစ်စေလဲ၊ ဘယ်သူက အတုအယောင်လဲ၊ ဘဝကို ဘယ်အပေါ်မှာ တည်ဆောက်နေလဲ ဆိုတာကို retrograde မှာ review လုပ်ခဲ့ရပြီး Direct ပြန်ဖြစ်ချိန်မှာတော့ ဒီကနေ လာတဲ့ abundance ကို ခံစားကြရတော့မှာပဲ ဖြစ်ပါတယ်။

အားလုံးအတွက် ရှေ့ဆက်သွားဖို့ လမ်းတွေ ပွင့်သွားချိန်၊ ရှေ့ဆက်သွားဖို့ ရှင်းရှင်းလင်းလင်း သိလာရချိန်၊ အခွင့်အရေးတွေ လက်ခံရရှိချိန်ဖြစ်နေတာမို့ ကိုယ့်အတွက်ရော ဘယ်လို အခွင့်အရေးတွေ လက်ခံ ရရှိတော့မလဲ။ ဘာတွေ ဆက်ဖြစ်လာတော့မလဲ ဆိုတာကို Pick a Card Reading ဖတ်ပေးသွားပါမယ်။

ထုံးစံအတိုင်း Card 3 ခု ရှိမှာမို့ 1,2,3 ထဲက ကြိုက်နှစ်သက်ရာ နံပါတ် တစ်ခုကို ရွေးထားပါ။ မနက်ဖြန်မှာ Reading တင်ပေးသွားပါမယ်။

ကိုယ့်အတွက် Personally ဘယ်လို အခွင့်အရေးတွေ ရလာတော့မလဲ၊ ဘာတွေ ဆက်ဖြစ်လာတော့မလဲ ဆိုတာ အသေးစိတ် သိချင်သူများကတော့ Personal Reading ကြိုယူထားလို့ ရနေပါပြီ။

Personal Reading ယူသူများကတော့ ကိုယ်နဲ့ Energy ကိုက်ညီပြီး အသေးစိတ်ပါဝင်တဲ့ Reading ကို သိရမှာပဲ ဖြစ်ပါတယ်။

ဒုက္ခရောက်နေတဲ့ သူတွေ သတင်းတွေကို မြင်ရ ကြားရတဲ့အခါ ငါသာဆို ဘယ်လို လုပ်ပေးလိုက်မယ်ဆိုပြီး ကူညီချင်တဲ့ အတွေးတွေ တွေးဖူးလာ...
09/03/2026

ဒုက္ခရောက်နေတဲ့ သူတွေ သတင်းတွေကို မြင်ရ ကြားရတဲ့အခါ ငါသာဆို ဘယ်လို လုပ်ပေးလိုက်မယ်ဆိုပြီး ကူညီချင်တဲ့ အတွေးတွေ တွေးဖူးလား?

ဒီအဖြစ်အပျက်ကို ကျော်သာ ‌ကျော်လာမယ်၊ စိတ်ထဲမှာတော့ တနုံ့နုံ့နဲ့။ ကိုယ် မကူညီနိုင်တဲ့ အခြေအနေဆိုရင်လည်း တစ်ခုခု guilty ဖြစ်သလို ခံစားရပြီး အဲ့ဒီ့ ဖြစ်စဉ် ဖြစ်ပွားချိန်မှာ တခြားသူတွေက မကူညီတာ သိရရင်လည်း မကူညီရကောင်းလား ဆိုပြီး ဒေါသ‌တွေ ထွက်၊ အပြစ်တွေ တင်ဖူးလား။

ကူညီချင်တယ်၊ သနား ဂရုဏာသက်တယ် ဆိုတာက ကောင်းမွန်တဲ့ အပြုအမူ တစ်ခုပါပဲ။ ဒါပေမယ့် မှန်ကန်တဲ့ နေရာက လာတဲ့ ခံစားချက် ဖြစ်ဖို့ လိုအပ်ပါတယ်။ တချို့တွေမှာတော့ ကူညီပေးချင်တယ်၊ ကာကွယ်ပေးချင်တယ်၊ သနားတယ် ဆိုတာက နှလုံးသားက လာတာ မဟုတ်ပဲ ဒဏ်ရာက လာ‌တာ ဖြစ်နေတတ်ပါတယ်။

များ‌သောအားဖြင့် ခက်ခဲတဲ့ အခြေအနေတွေကို ကူညီမယ့်သူ မရှိပဲ ခါးစည်းခံခဲ့ရတဲ့ သူတွေ၊ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်၊ မိသားစုမှာ ရှင်သန်ခဲ့ရသူ‌တွေ၊ ကူညီမယ့် သူထက် ထိုးနှက်မယ့်သူ များပြားပြီး ဝိုင်းဝန်းတိုက်ခိုက် ခံခဲ့ရသူတွေဟာ Martyr, Savior Role မှာ ကစားကြဖို့ အတော်လေး အားထုတ်ပါတယ်။

တချိန်က သူမရနိုင်ခဲ့တဲ့ သူလိုချင်ခဲ့တဲ့ အကာအကွယ်မျိုး အကူအညီမျိုးကို အမြဲ ပေးနိုင်ဖို့ ကြိုးစားတယ်။ သူများ အဆင်မပြေချိန်မှာ မကူညီနိုင်ခဲ့တာ၊ အကူအညီ လာတောင်းတဲ့ အချိန် မကူညီနိုင်ခဲ့ရင် အပြစ်ရှိသလို ခံစားကြရတယ်။ ကိုယ်က အမြဲ တစ်ယောက်ယောက်ကို ကူညီနိုင်ဖို့ ကိုယ့်ကိုယ်ကို sacrifice လုပ်ပြီး ကူညီတာမျိုး လုပ်နိုင်ဖို့ အမြဲ စိတ်ကူးယဉ်နေမိတတ်ကြပါတယ်။

တစ်ယောက်ယောက်ကို မကူညီနိုင်ပဲ သူများဒုက္ခရောက်တာကို မြင်ရတာဟာ ကိုယ်တချိန်က အကာအကွယ်မဲ့ခဲ့တဲ့ မတရားခံခဲ့ရတဲ့ အချိန်ကို ပြန်မြင်မိစေပြီး victim နေရာက ခံစားပြီး ဒီအဖြစ်အပျက်တွေက ကိုယ့်ကို trigger ဖြစ်စေပါတယ်။

ရင်ထဲမှာ ဒဏ်ရာရနေတဲ့ inner child လေး ရှိနေတဲ့အခါ အရွယ်ရောက်နေတဲ့ ကိုယ်က ကိုယ်လိုအပ်ခဲ့တဲ့ ကယ်တင်မှုမျိုး သူများကို ပေးနိုင်ဖို့ အတင်းကြိုးစားတယ်၊ ကိုယ့်ကိုယ်ကို ကယ်တင်ရှင် role မှာ နေနိုင်ဖို့ အတင်းတွေ ကြိုးစားပြီး မြင်မြင်သမျှ ကယ်တင်ချင်တဲ့ ကယ်တင်ရှင်၊ မေတ္တာရှင်၊ သူရဲကောင်း ပုံစံတွေ ဖြစ်လာတာပေါ့။

အပေါ်ယံ Action အနေနဲ့ ကြည့်ရင် ‌ကောင်းမွန်တဲ့ အရာလို့ ထင်ရပေမယ့် တကယ်တော့ ဒဏ်ရာကနေ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေ ဆိုရင်တော့ low frequency ဖြစ်တဲ့ Anger, Fear, Grief, Apathy, Guilt, Shame ကနေ လာတဲ့ အတွက် စစ်မှန်တဲ့ မေတ္တာ ဂရုဏာ ဖြစ်မနေပဲ Ego က လာတဲ့ Projection သက်သက်ပဲ ဖြစ်နေပါတယ်။

သူများအတွက်နဲ့ ကိုယ့်ကိုယ်ကို sacrifice လုပ်တာ၊ မကူညီလိုက်နိုင်တိုင်းမှာ ကိုယ့်ကိုယ်ကို အပြစ်တင်တာ၊ အပြစ်ရှိစိတ်ဝင်တာ၊ မကူညီတဲ့ သူတွေကို အလွယ်တကူ ဝေဖန်တာ၊ တိုက်ခိုက်တာတွေပါ ပြုမူတတ်လာပါတယ်။ Low Frequency က လာတဲ့ action ဖြစ်လို့ ဘယ်လောက်ပဲ မေတ္တာရှင်ကြီးလိုလို ကယ်တင်ရှင်ကြီးလိုလို အပေါ်ယံမှာ လုပ်ပြနေနေ တကယ်တော့ အတွင်းလှိုက်ပြီး လောင်ကျွမ်းပူလောင်ရပါတယ်။

ဒါကြောင့် အစောပိုင်းကာလက တင်ခဲ့တဲ့ post တွေမှာ ကိုယ်အမြဲ ပြောခဲ့တယ် ကယ်တင်ရှင်ကြီး မဖြစ်ချင်ပါနဲ့လို့။ ကိုယ့်ကိုယ်ကိုတောင် အရင် မကယ်တင်နိုင်ပဲ သူများကို ကယ်တင်ဖို့ ကိုယ့်ကိုယ်ကို sacrifice လုပ်တာက မှန်ကန်တဲ့ ရွေးချယ်မှုတော့ ဟုတ်မနေပါဘူး။

ကိုယ့်ကြောင့် လူတစ်ယောက် အဆင်ပြေသွားတာက ကောင်းမွန်တဲ့ အရာပါ။ ဒါပေမယ့် high frequency ကနေ လာတဲ့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာနဲ့ မှန်ကန်တဲ့ right-action ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကူညီပေးတဲ့ ကိုယ်လည်း အေးချမ်းရသလို ကူညီခံရတဲ့ သူလည်း အကျိုးရှိပါလိမ့်မယ်။

ဒဏ်ရာကလာတဲ့ ခံစားချက်တွေနဲ့ ကယ်တင်ရှင် ဖြစ်ချင်နေမယ် ဆိုရင်တော့ inner child healing လုပ်တာ၊ self love နဲ့ ပက်သက်ပြီး သင်ယူတာတွေ လုပ်သင့်ပါသေးတယ်။

တကယ်တော့ ရေးဖို့ စဉ်းစားထားတဲ့ အထဲမှာ ဒီpost မပါပေမယ့် မနေ့က post ကို တင်ရင်းနဲ့ အကြောင်း အကျိုး တိုက်ဆိုင်လာတော့လည်း ရေးဖြစ်သွားတာပါ။

ကိုယ်က အခုလိုမျိုး ကယ်တင်ရှင် နေရာမှာ နေဖို့ အလိုအလျောက် လုပ်နေမိတတ်ပြီး ဘယ်အပိုင်းကို healing လုပ်ရမလဲ၊ ဘာလို့ ဒီလို ပြုမူနေမိတာလဲ ဆိုတာ ရှာမတွေ့နိုင်ပဲ လမ်းပျောက်နေခဲ့တယ် ဆိုရင် Threads of Clarity Reading ကို ယူသင့်ပါတယ်။

ဒါတွေဟာ ပြင်ပ အရာတွေကို ပြောင်းလဲရမယ့် ပြုပြင်ဖို့ ကြိုးစားရမယ့် အရာ မဟုတ်ပဲ အတွင်းကို ပြန်ကြည့်ပြီး အတွင်းအလုပ် လုပ်ရမှာ ဖြစ်ပါတယ်။ အတွင်းအလုပ် လုပ်နိုင်မှ ပြင်ပက အရာတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ပြောင်းလဲဖို့ Action ယူနိုင်ပါလိမ့်မယ်။ Threads of Clarity Reading က ဒီအတွက်ကို အထူးဖန်တီးထားတာ ဖြစ်ပါတယ်။

Threads of Clarity Reading က ကိုယ် လိုအပ်နေတဲ့ Healing Journey တစ်ခု စတင်နိုင်အောင် လမ်းပြ‌ပေးပါလိမ့်မယ်။

အသေးစိတ်ကို Comment က Link မှာ ကြည့်နိုင်ပါတယ်။ 📩

မနေ့က အိမ်နားမှာ ခွေးရူးတစ်ကောင် မည်းမည်း မြင်ရာ လိုက်ဆွဲတာ လူတွေရော ခွေးတွေရော ပြေးကြ ပုန်းကြနဲ့ပေါ့။ ခွေးရူးက လမ်းမှာ ...
08/03/2026

မနေ့က အိမ်နားမှာ ခွေးရူးတစ်ကောင် မည်းမည်း မြင်ရာ လိုက်ဆွဲတာ လူတွေရော ခွေးတွေရော ပြေးကြ ပုန်းကြနဲ့ပေါ့။ ခွေးရူးက လမ်းမှာ သူမိတဲ့ ခွေးကို မနားတမ်း ကိုက်ထားတာ မောင်းလည်း မရ၊ ရေနဲ့ ပက်လည်း မရနဲ့ရယ်။

တစ်ကောင်ကို ခဲထားလိုက် ခဏကြာတော့ လွှတ်ပေးပြီး လဲကျပြီး ဆန့်ငင်ဆန့်ငင်နဲ့ အကြောဆွဲလိုက် ပြေးပြီး အခြားတစ်ကောင်ကို လိုက်ကိုက်လိုက်နဲ့ ခြင်းကွင်းမှာ နေတဲ့ လမ်းဘေးခွေး 2ကောင်ရယ်၊ မိညိုဆိုတဲ့ ခွေးတစ်ကောင်ရယ် အကိုက်ခံလိုက်ရတယ်။

အဲ့လမ်းမှာ ထွက်နေနေကြ စုတ်ဖွားလေး 2ကောင်ကတော့ အိမ်ထဲ အပြေးမြန်လို့ လွတ်သွားတယ်ရယ်။ နောက်ဆုံး သူ မိညိုကို ခဲထားတဲ့ အချိန်မှာ သခင်က ထွက်လာပြီး တုတ်နဲ့ ရိုက်လိုက်တာ တချက်တည်းနဲ့ ဆုံးသွားပါတယ်။

အဲ့သတင်းကို ကိုယ်က ညနေဘက် အမှိုက်ဆင်းပစ်ရင်း အိမ်က ခွေးလေးနဲ့ အတူ ဆင်းလာတော့ သူများတွေ ပြောမှ သိလိုက်ရပါတယ်။ တကယ်တော့ ကိုက်ခံလိုက်ရတဲ့ ခွေးတွေ ရှိတဲ့ လမ်းက မနက်တိုင်း ကိုယ်နဲ့ အိမ်က ကလေး လမ်းလျှောက် ထွက်နေကြ နေရာပါ။

ကိုက်ခံလိုက်ရတဲ့ ခွေးလေးတွေနဲ့လည်း ရင်းနှီးနေတော့ သူတို့ အတွက်လည်း စိတ်မကောင်း ဖြစ်ရသလို ဆုံးသွားတဲ့ ခွေးလေးကိုလည်း သနားမိပါတယ်။ ခွေးရူးလိုက်ကိုက်တာလို့ လူတွေက ယူဆတဲ့ အတွက် အကိုက်ခံရတဲ့ ခွေးတွေကို ခွေးရူးပြန်မှာ စိုးလို့ အနားအလာမခံရဲတော့ပဲ မောင်းထုတ်ရတာပေါ့။

အဲ့သတင်းကို ကိုယ့်ကို ပြောပြရင်း အိမ်က ကလေးကို ဂရုစိုက်ဖို့ အဲ့ခွေးတွေနား မသွားဖို့ ပြောနေကြတဲ့ အချိန်မှာ အကိုက်ခံရတဲ့ ခွေးက လမ်းက ဖြတ်သွားတာ အကုန်လုံးက ဝိုင်းမောင်းကြ ရေနဲ့ ပက်ကြ ကိုယ့်ရှေ့မှာတင် လုပ်ကြပါလေရော။

တကယ်တော့ အဲ့ခွေးနဲ့ မနက်တိုင်း တွေ့နေကြဆိုတော့ ကိုယ်နဲ့ ခင်‌နေတော့ သနားမိပါတယ်။ သူ့မှာ အကိုက်ခံရလို့ နာနေတဲ့ အပြင် ဝိုင်းပြီး မောင်းထုတ်တာပါ ခံရပါသေးတယ်။ ကုသပေးမယ့်သူ ဂရုစိုက်ပေးမယ့် သူလည်း မရှိနဲ့ပေါ့။ တကယ်လို့ သူ့နေရာမှာ အိမ်က ကလေးသာဆို ဆေးခန်းရောက်ပြီးလို့ လုပ်နိုင်တာတွေ အားလုံး လုပ်ပြီး နေလောက်ပါပြီ။

ဒီမြင်ကွင်းကို ကြည့်ရင်း တွေးမိတာက ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို လုံလုံလောက်လောက် ရရှိတဲ့ သူက ကောင်းကောင်းမွန်မွန် ရှင်သန် နိုင်ပါလား ဆိုတာ သဘောပေါက်သွားတယ်။ တကယ်တော့ အိမ်က ကလေးက အသက် 8နှစ်ကျော်နေပါပြီ။ ဒါပေမယ့် လုံးဝကို 2-3 နှစ်အရွယ် ကလေးလိုပဲ။

ရုပ်ရည်ကလည်း နုနေသေးသလို သူက အရမ်းလည်း တက်ကြွတယ်။ အခုထိ အရမ်း ဆော့သေးတယ်။ Expression မျိုးစုံနဲ့ ခံစားချက်ကို ထုတ်ပြတယ်။ အရမ်း စပ်စုတယ်။ သူ့ကို မြင်တဲ့ သူတိုင်း 8 နှစ်လို့ ပြောရင် အကုန် အံ့ဩကြတာ။ တကယ့်ကို ကလေး လိုပဲ။

အိမ်က သူတွေဆီက ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို လုံလုံလောက်လောက် ရရှိထားတဲ့ အတွက် သူက ရှင်သန်ရတာ ပျော်တယ်။ ကြိုက်တယ် မကြိုက်ဘူး ဆိုတဲ့ ခံစားချက်တွေ ဟိုဟာ လုပ်ချင်တယ် ဒီဟာ လုပ်ချင်တယ် ဆိုတာတွေကို အကုန် ထုတ်ပြတတ်တယ်။ ပူဆာ တတ်တယ်။ ဆန္ဒတွေ ဖြစ်ချင်တာတွေ လိုချင်တာတွေ အများကြီး ရှိတာပေါ့။

မနေ့က မောင်းထုတ်ခံလိုက်တဲ့ ခွေးလေးက အလွန်ဆုံးမှ 2-3 နှစ်ပေါ့။ ဒါပေမယ့် သူ့မျက်လုံးက အရောင်တွေ တက်ကြွမှုတွေ မရှိတော့ဘူး။ နာကျင်တာတွေ မောင်းထုတ်ခံရတာတွေကို ထူးထူးခြားခြား reaction မပြတော့ပဲ numb ဖြစ်သွားပြီ။ ဘာကိုမှလည်း မလိုချင်တော့ဘူး။ ရှင်သန်ရတာကိုက သူ့အတွက် ပင်ပန်းမှုလို ဖြစ်နေပါပြီ။

လူတွေ ဆီမှာလည်း ဒီလို မျက်လုံးတွေ အများကြီး တွေ့ဖူးပါတယ်။ ဘဝကို ရုန်းကန်ရှင်သန်‌ နေရပြီး ရင်ထဲက အလင်းရောင် ပျောက်ဆုံး သွားကြသူ‌တွေပေါ့။ နာကျင်ရလွန်းလို့ ထုံသွားခဲ့ပြီ။ မျှော်လင့်ချက် မရှိတော့လို့ ထွက်ပေါက်ကို ရှာမတွေ့တော့လို့ မျက်လုံးထဲက အလင်းရောင် ပျောက်ဆုံးသွားခဲ့ပြီ။

ဒီလို မျက်လုံးတွေနဲ့ အကြည့်ချင်း ဆုံလိုက်တိုင်းမှာ ကျွန်မ ခံစားလိုက်ရတာက သူ့ရဲ့ အပေါ်ယံ expression မဟုတ်ပဲ အရောင်ပျောက်သွားတဲ့ မျက်လုံးတွေ နောက်ကွယ်က " ငါ့ကို တစ်ယောက်ယောက် ကူညီပေးကြပါဦး၊ ကာကွယ်ပေးကြပါဦး" ဆိုပြီး အကျယ်လောင်ဆုံး ငိုကြွေး အော်ဟစ်နေတဲ့ နာကျင်နေတဲ့ အသံကို အမြဲ ကြားမိပါတယ်။ သူတို့ကို တယောက်ယောက် မြင်နိုင်ဖို့ လိုအပ်နေကြပါတယ်။

တကယ်တော့ လူတစ်ယောက် ဒီလို အခြေအနေ‌အထိ ဖြစ်သွားရတာ သူ့မှာ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေ မရနေလို့ ဖြစ်ပါတယ်။ လောကဓံက ဘယ်လိုပဲ ကြမ်းတမ်းပါစေ အနားမှာ ငါရှိတယ်နော် ဆိုပြီး အားပေးတဲ့ တစ်စုံတစ်ယောက်သာ ရှိခဲ့ရင် ပြန်ပြီး ရှင်သန်နိုင်ပါသေးတယ်။ ဒါပေမယ့် ကိုယ့်အနားက သူတွေဟာ မိသားစု၊ သူငယ်ချင်း၊ ချစ်သူ၊ မိတ်ဆွေ ဆိုတဲ့ ခေါင်းစဉ်တွေပဲ ရှိပြီး ချစ်ခြင်းတွေ မရှိနေတဲ့အခါ နာကျင်ရတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်နေတဲ့ အခါ ဘဝမှာ ရှင်သန်ရခြင်းက နာကျင်ရခြင်း ဖြစ်လာပါတော့တယ်။

သူများက မပေးချင်တဲ့ အရာကို အတင်းအကျပ် တောင်းဆိုပိုင်ခွင့် ကျွန်မတို့မှာ မရှိနေတဲ့ အတွက် သူများဆီက ချစ်ခြင်းမေတ္တာတွေ ဂရုစိုက်မှုတွေကို မျှော်လင့်ရင်း ကိုယ့်ကိုယ်ကို လက်လျှော့လိုက်မယ့်အစား ကိုယ့်ကိုယ်ကို ချစ်ခြင်းမေတ္တာတွေ ဂရုစိုက်မှုတွေ ပေးကြည့်ဖို့ စတင်ကြိုးစားကြည့်ပါ။

ကိုယ့်ရဲ့ အပြစ်တွေ အားသာချက် အားနည်းချက်တွေ၊ ကိုယ်က ဟိုလို လုပ်မှ ဒီလို လုပ်မှ ဆိုတဲ့ တောင်းဆိုမှုတွေ မပါပဲ၊ အပေါ်ယံတွေကို ကျော်ပြီး ကိုယ့်ကို ကိုယ့်ပုံစံအတိုင်း မှန်တယ် မှားတယ် မဝေဖန်ပဲ မြင်ပေးမယ့် သူတစ်ယောက်လောက်နဲ့ တွေ့ဆုံဖို့ လိုက်ရှာကြည့်ပါ။ Heart Chakra အားကောင်းတဲ့ သူ၊ မေတ္တာတရား ကြီးမားတဲ့ သူတွေမှာ ဒီလို energy မျိုး ရှိပါတယ်။

ဒီလို မေတ္တာမျိုးကို အမျိုးသမီးတွေ ဆီမှာ မြင်ဖူးသလို တချို့ ဘုန်းကြီးတွေ ဆီမှာလည်း ကျွန်မ အများအပြား မြင်တွေ့ဖူးပါတယ်။ လူတိုင်းမှာတော့ မဟုတ်ဘူးပေါ့။ မေတ္တာအားကြီးတဲ့ သူတွေနဲ့ connect လုပ်မိသွားတဲ့အခါ ကိုယ်က ပြန်ပြီး ရှင်သန်လာနိုင်ပါလိမ့်မယ်။

မေတ္တာတရား အကြီးဆုံး သူကတော့ ဘုရားပဲပေါ့။ မြတ်စွာဘုရားဆီမှာ တိုင်တည် ဆုတောင်းပါ။ မေတ္တာတရားရှိတဲ့ သူတွေနဲ့ ချိတ်ဆက်မိနိုင်ဖို့ လမ်းပြပေးမယ့်သူ ရှာတွေ့ဖို့ ဆုတောင်းကြည့်ပါ။ မြတ်စွာဘုရားရဲ့ စကားတွေကို နာကြားကြည့်ပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ချစ်ပေးကြည့်ပါ။ ဒါဆို ကိုယ့်ရဲ့ မျက်လုံးလေးလည်း အရောင်ပြန်လဲ့ လာပါလိမ့်မယ်။

တကယ်တော့ ခွေးရူးကလည်း တကယ် ခွေးရူးပြန်တာ မဟုတ်ပဲ သူက အဆိပ်မိနေတဲ့ ကြောင်သေကို တစ်ကောင်လုံး စားလိုက်တာ သူပါ အဆိပ်မိသွားတာတဲ့။ သူများတွေကတော့ အကိုက်ခံရတဲ့ ခွေးနား မသွားခိုင်းပေမယ့် မနက်က လမ်းလျှောက်တဲ့ အချိန်ကျ မနေနိုင်လို့ ခြင်းကွင်းထဲ သွားကြည့်ခဲ့ပါသေးတယ်။ နောက်ခြေထောက် ပေါင်က အကြီးကြီးယောင်နေပြီး ထော့နဲ့ ထော့နဲ့နဲ့ သိပ်မလျှောက်နိုင်တာ တွေ့ရပါတယ်။

ကိုင်ပြီး ဆေးထည့်ရလောက်တဲ့ အထိလည်း မရင်းနှီးကြတော့ ကိုယ်လည်း ဓာတ်ပုံပဲ ရိုက်လာပြီး အိမ်ရောက်မှ Healing ပေးဖြစ်ပါတယ်။ သူကလည်း နာကျင်နေတဲ့ အကူအညီ လိုအပ်နေတဲ့ soul လေး တစ်ခုပါပဲ။

သတ္တဝါတိုင်းဟာ ချစ်ခြင်းမေတ္တာတွေ ဂရုစိုက်မှုတွေ ရရှိဖို့ ထိုက်တန်ပါတယ်။ တချိန်မှာတော့ ကမ္ဘာ‌ကြီးပေါ်က သတ္တဝါတွေ အားလုံးဟာ တစ်ယောက်ကို တစ်ယောက် အမုန်းတရားတွေ၊ နာကျင်စေလိုမှုတွေ၊ ရင်ထဲက အနာက လာတဲ့ တုံ့ပြန်မှုတွေ မရှိပဲ ငြိမ်းချမ်းတဲ့ မေတ္တာတရားကြီးစိုးပြီး သတ္တဝါတိုင်း ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို အလုံလောက် ရတဲ့ အချိန် ရောက်လာဖို့ မျှော်လင့်ပါတယ်။

P.S. ပုံက ခြင်းကွင်းထဲမှာ ကိုယ့်သားရယ်၊ အပြေးကောင်းလို့ လွတ်သွားတဲ့ စုတ်ဖွားရယ် 🩷🙆🐾🐶
ချစ်စရာလေး ဟုတ်? 🤭🤭🤭

Guidance Message for Collective 🏮 ပြီးခဲ့တဲ့ ရက်တွေမှာ တော်တော်များများက hopeless, despair ဖြစ်ခဲ့တဲ့ Energy မျိုးကို ကြ...
07/03/2026

Guidance Message for Collective 🏮

ပြီးခဲ့တဲ့ ရက်တွေမှာ တော်တော်များများက hopeless, despair ဖြစ်ခဲ့တဲ့ Energy မျိုးကို ကြုံတွေ့ခဲ့ကြရမယ် ထင်ပါတယ်။ မျှော်လင့်ချက် မဲ့စေတဲ့ အခြေအနေတွေကနေ ရုန်းထွက်ဖို့ ကြိုးစားခဲ့ကြပေမယ့် ထင်သလို မဖြစ်လာတဲ့အခါ ပင်ပန်းလာတာ breaking point တစ်ခုကို ရောက်လာတာမျိုး ခံစားကြရတတ်ပါတယ်။

ဒီလိုမျိုး ကြုံတွေ့ခဲ့ရတယ် ဆိုရင်တော့ ဒီသူတွေဟာ အခုချိန်မှာ ကံကြမ္မာက မျက်နှာသာ ပေးလာတဲ့အချိန် ကံကောင်းတဲ့ ဘက်ကို ရောက်လာပြီ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ Energy တွေက ဘက်‌ပေါင်းစုံကနေ ကိုယ် အဆင်ပြေဖို့ ထောက်ပံ့ပေးနေတယ်။

ကိုယ့်ရဲ့ Spiritual Work မှာရော ဘဝမှာပါ Balance ပြန်ရလာမယ်။ Healing တွေ လုပ်နိုင်လာမယ်။ ဘာ ဆက်လုပ်ရမလဲ ဆိုတာ clarity ရလာမယ်။ သတင်းကောင်းတွေ ကြားလာရမယ်။ အကူအညီတွေ ရလာဖို့ ရှိပါတယ်။

အေးခဲနေတဲ့ အချိန်ကာလ ကုန်ဆုံးပြီး စတင် ရှင်သန် ဖွံ့ဖြိုးရမယ့်အချိန် အဆင်ပြေလာတော့မယ့် အချိန်ကို ကူးပြောင်းလာပြီပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ပင်ပန်းမှုတွေကို လွှတ်ချလိုက်ပါ။ နေရောင်ခြည် များများ ခံပါ။ အသီးအရွက်တွေ အဓိက စားပါ။ Energy ကောင်းတဲ့ အရာတွေနဲ့ များများ ထိတွေ့ပေးပါ။ ဒါဆို အခြေအနေတွေ ပိုကောင်းလာပါလိမ့်မယ်။

🎁 Happy Money နဲ့ မေးနိုင်မယ့် Special Reading Offer လေးကလည်း ဒီနေ့ နောက်ဆုံးမို့ မေးချင်တဲ့ သူတွေ မေးလို့ ရပါသေးတယ်။

📩 အသေးစိတ်ကို comment က link မှာ ကြည့်နိုင်ပါတယ်။

Guidance Message for Collective 🏮 ဒီကာလတွေဟာ စိတ်နဲ့ ကိုယ်နဲ့ ပြန်လည် ချိတ်ဆက်မိဖို့ အရေးကြီးတဲ့ ကာလတွေ ဖြစ်တယ်။ Mind - ...
06/03/2026

Guidance Message for Collective 🏮

ဒီကာလတွေဟာ စိတ်နဲ့ ကိုယ်နဲ့ ပြန်လည် ချိတ်ဆက်မိဖို့ အရေးကြီးတဲ့ ကာလတွေ ဖြစ်တယ်။ Mind - Body - Soul ၃ခု align မဖြစ်နေသမျှ oneness ကို မခံစားနိုင်ပဲ လုပ်နေတာတခြား စိတ်ကတခြား Energy က တစ်နေရာ ဖြစ်နေပြီး တသားတည်းကျတဲ့ ငြိမ်းအေးမှုကို မခံစားရပဲ ဖြစ်နေတတ်ပါတယ်။

တည်ငြိမ်အေးချမ်းတဲ့ အနေအထားတစ်ခုမှာ ရှိမနေတဲ့သူ ကောင်းမွန်တဲ့ Frequency မှာ တည်ငြိမ်မနေတဲ့ သူဟာ ကောင်းတဲ့ အရာတွေ မြင့်မားတဲ့ Energy တွေကို ရေရှည် လက်ခံ ထိန်းသိမ်းထားနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် ကိုယ်က မတည်ငြိမ် ဖြစ်နေမယ်၊ စိတ်တခြား ကိုယ်တခြား ဖြစ်နေမယ်၊ Nervous System က ယေယက်ယက်ခတ်နေမယ်ဆို ရှိပြီးသား အရာတွေ ကောင်းမွန်တဲ့ အရာတွေကို လက်လွှတ် ဆုံးရှုံးရတတ်ပါတယ်။

အခုချိန်မှာ ရယူဖို့ထက် စွန့်လွှတ်ရတော့မယ့် အချိန် ဖြစ်တယ်။ ဘာတွေကို စွန့်လွှတ်ရမလဲ ဆိုတော့ body cell တွေထဲမှာ သိမ်းထားမိတဲ့ ခံစားချက်တွေ၊ နာကျင်မှုတွေကို release လုပ်ရမှာ ဖြစ်ပါတယ်။ ကိုယ့် ခန္ဓာကိုယ်ထဲမှာ ဘာတွေ ရှိနေလဲ သိမှ လွှတ်ချနိုင်မို့ ခန္ဓာကိုယ်နဲ့ ပြန် connect လုပ်ရမယ့် အချိန် ကိုယ့်ကိုယ်ကို သိအောင် လုပ်ရမယ့် အချိန်ဖြစ်တယ်။

အရှေ့ကို အများကြီး ရောက်ဖို့ ကြိုးစားတာထက် ခြေတစ်လှမ်းချင်းစီ တိုင်းမှာ အသက်မှန်မှန်ရှူရင်း body က ဘယ်အခြေအနေမှာ ဘယ်လို တုံ့ပြန်နေလဲ၊ ဘာလို့လဲ၊ ဘယ်လို လွှတ်ချရမလဲ ဆိုတာ ရှာဖွေရင်း ကိုယ့် body ကို လုံခြုံနေပါတယ် ဆိုတဲ့ အသိလေး ဝင်သွားအောင် reprogram လုပ်ပေးရမှာ ဖြစ်ပါတယ်။

တစ်နေ့တာ ကုန်ဆုံးသွားတဲ့အခါ ဇောတွေနဲ့ အိပ်မသွားပဲ ကိုယ့်ကိုယ်ကို reflect လုပ်ပါ။ တစ်နေ့တာမှာ တက်လာသမျှ ဇောတွေ၊ ပင်ပန်းမှုတွေ၊ body က ကန်ထွက်လာတဲ့ emotions တွေကို ထွက်ခွာသွားတဲ့ နေရောင်ခြည်အတူ တခါတည်း လွှတ်ချခဲ့ပြီးမှ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ တစ်နေ့တာကို အဆုံးသတ်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ စိတ်တွေ တည်ငြိမ်အေးချမ်းနေပြီး ကောင်းမွန်တဲ့ အရာတွေကို လက်ခံထိန်းသိမ်းထားနိုင်တဲ့ စွမ်းအင်တွေ ရှိနေမှာ ဖြစ်ပါတယ်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Lantern For The Lostผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram