Pulse React By Dr. AI

Pulse React By Dr. AI Medical doctor

18/02/2026

ခန္ဓကိုယ်ရဲ့တိတ်တဆိတ်အော်သံများ #ကျန်းမာရေး #ဒေါက်တာAI

12/02/2026

ဆီးမရောင်နဲ့ ပတ်သက်ပြီး ဆီးဝါတာစိုးရိမ်စရာလား

08/02/2026

အသားဖြူတဲ့ မိဘကနေ အသားညိုတဲ့ ကလေး မွေးလာနိုင်သလာ

07/02/2026

ရာသီသွေး ဆိုတာ ခန္ဓာကိုယ်ကအညစ်အကြေးလား

06/02/2026

ရာသီလာစဉ် ဗိုက်အောင့်တာကိုအနိုင်ဖို့နည်းလမ်း #ရာသီဘာကြောင့်ကိုက်တာလဲ

26/01/2026

နားဖာချေး ကလောတာ နားကြပ်တာဟာ နားဖာချေကို အထဲပိုရောက်ပြီး ပိုကြီးစေလို့ နားမကလော်ပါနှင့် နားခဏခဏ မကြပ်ပါနဲ့ #နားကျန်းမာရေး

25/01/2026

ရေခဲစိမ် အအေးတွေ သောက်ရင် ဘာလို့ ခေါင်းကိုက်တာ .ai #ကျန်းမာရေး

ခါးနာခြင်း (Back Pain)အခုနောက်ပိုင်း ကျွန်မဆီ လူနာသက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအများစု လာပြရင် ခါးနာတဲ့လူနာလာပြတာ များလာ...
12/08/2025

ခါးနာခြင်း (Back Pain)

အခုနောက်ပိုင်း ကျွန်မဆီ လူနာသက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအများစု လာပြရင် ခါးနာတဲ့လူနာလာပြတာ များလာပါတယ်။

ခါးနာတဲ့ လူနာအများစုဟာလည်း ဆရာပေါင်းစုံ၊ ဓာတ်မှန်ပေါင်းစုံ ရိုက်ထားပြီး မသက်သာလို့ လာပြတဲ့သူလည်း အတော်များလာပါတယ်။

ဒီနေရာမှာ တချို့ကလည်း ခါးနာတာ လူတိုင်းဖြစ်နေတာပါဆိုပြီး မိမိဘာသာ အကိုက်ခဲပျောက်ဆေးသောက်နေတာတွေလည်း ရှိပါတယ်။

ဒါပေမယ့် . . .

• ခါးနာခြင်းက ၂ ပတ်ထက် ကျော်လာခြင်း
• ကိုယ်က အနားယူပေးသော်လည်း မသက်သာခြင်း
• ခြေထောက်တစ်ဖက် (သို့ ) နှစ်ဖက်လုံး နာကျင်ခြင်း၊ ထုံကျဥ်ခြင်း၊ လမ်းမလျှောက်နိုင်တော့ခြင်း
• ပုံမှန်မဟုတ်ဘဲ သိသိသာသာ ဝိတ်ကျလာခြင်း
• ခါးထိခိုက်ဒဏ်ရာ ရရှိထားခြင်း
• ဆီး (သို့) ဝမ်းများ မထိန်းနိုင်ခြင်း စတဲ့လက္ခဏာတွေ တွေ့ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးရောဂါရှာဖွေပြီး ကုသဖို့လိုအပ်ပါတယ်။

ကိုယ်က ဆရာဝန်နဲ့လည်း ရောဂါသေချာရှာပြီး ဖြစ်ရတဲ့အကြောင်းအရင်းက ပုံမှန်ခါးနာတတ်တဲ့ အကြောင်းအရင်းတွေဖြစ်တဲ့ . . .

- အလေးမပြီး ခါးနာခြင်း
- ခါးဆစ်များကြားရှိ ခါးဆစ်ပြားကျွံခြင်း (Pr*****ed intervertebral disc)
- အသက်ကြီးလို့အဖြစ်များတဲ့ အဆစ်မြစ်ရောင်ခြင်း စတာတွေကြောင့်ဆိုရင်တော့ ဆရာဝန်ညွှန်းကြားချက်တွေဖြစ်တဲ့ ဆောင်ရန်/ရှောင်ရန်တွေကို လိုက်နာရပါမယ်။....

ခါးနာခြင်းဆိုတာ လူတိုင်းခံစားကြရတဲ့ ဝေဒနာဖြစ်ပြီး အထူးသဖြင့် အသက်ကြီးလာတာ (Aging) ကြောင့် ခါးနာတာဆိုလည်း Xray/ MRI တို့ သေချာရိုက်ပြီး ဖြစ်နေတဲ့ပြဿနာကို တိတိကျကျ ဖော်ထုတ်သင့်ပါတယ်။

အသက်ကြီးလို့ ခါးဆစ်ပြားကျွံတာမျိုးလို အရိုးအဆစ်ပြောင်းလဲတာကြောင့်ဆို Physiotherapy ကို အချိန် ကာလာကြာမြင့်စွာ အိမ်မှာဖြစ်စေ ဆေးခန်းမှာဖြစ်စေ ပြုလုပ်ပေးရမှ သက်သာတတ်ပါတယ်။

ခါးနာချိန်မှာ အနားယူခြင်း၊ အကိုက်ခဲပျောက်ဆေး စနစ်တကျ သောက်ခြင်း၊ ဆေးပူလိမ်းပေးခြင်း သေချာပြုလုပ်ပေးပြီး သက်သာလာရင် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ အကြောလျှော့ခြင်း၊ ရေကူးခြင်း၊ စက်ဘီးနင်းခြင်းတို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

အဝလွန်သူအတွက်လည်း ဝိတ်လျှော့ပေးရပါမယ်။

ဆေးလိပ်သောက်ခြင်းဟာလည်း ခါးနာခြင်းကို ပိုဆိုးစေပါတယ်။

ကိုယ်ဟန်အနေထားအနေနဲ့ ထိုင်ရင် မတ်မတ်ထိုင်ပေးခြင်း၊ ပစ္စည်းကောက်ယူရင် ဒူးကွေးပြီးထိုင်ပြီးမှ ယူပေးခြင်းတို့ သေချာပြုလုပ်ပေးရပါမယ်။....

ဒီနေရာ ကျွန်မတို့ရဲ့ အရိုးအထူးကုဆရာဝန်ကြီးက လူနာတွေကို အမြဲမှာသလို "ခါးနာတာက နှစ်ကြာရင်ကြာသလို ကုသချိန်ကြာတတ်တယ်။ ခါးနာရင် နားပြီး သက်သာလာတာနဲ့ သင့်တော်တဲ့ Physiotherapy လေ့ကျင့်ခန်းလုပ်တာ၊ Physiotherapy လမ်းလှမ်းမမီရင် Youtube လိုဟာမျိုးမှာရှာပြီး အိမ်မှာလေ့ကျင့်ပေးမှ တ​ဖြည်းဖြည်းသက်သာလာမှာဖြစ်ပြီး အကိုက်ခဲပျောက်ဆေးတွေသီးသန့်သာ အားကိုးရင်တော့ ဆေးရဲ့ဆိုးကျိုးတွေ ခံစားရမှာဖြစ်ပါတယ်" ဆိုတာလေးကို သတိချပ်စေချင်ပါတယ်။

ခါးနာသက်သာအောင် ဖိနပ်၊ အိပ်ယာခင်း၊ မွေ့ရာသာမက ခါးနာရင်ပတ်တဲ့ ခါးပတ် စတာတွေကို ဈေးကြီးပေး ဝယ်သုံးနေကြတာတွေလည်း ရှိပါတယ်။ သုတေသနရလဒ်တွေအရတော့ ဒါတွေဟာ ခါးနာခြင်းအတွက် အဓိကကုထုံး မဟုတ်ပါဘူး။ ခဏတာ သက်သာမှုကိုပဲ ပေးနိုင်တာပါ။ ခါးနာခြင်းအတွက် ကျွမ်းကျင်သူဆေးပညာရှင်များနဲ့ သေချာပြသမှု ပြုလုပ်သင့်ပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ခန္ဓာကိုယ်အနေအထားပုံစုံကို သတိပြုနေထိုင်ခြင်းတွေလည်း သေချာပြုလုပ်ပေးရပါမယ်။

ခါးနာခြင်းနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေး ကုသမှုခံယူချင်တယ်ဆိုလည်း ကျွန်မတို့ တယ်လီကျန်းမာက ကြိုဆိုပါတယ်။ တယ်လီကျန်းမာရဲ့ messenger ကိုသာ ဆက်သွယ်လိုက်ပါနော်။

လူတိုင်း ခါးနာခြင်းဝေဒနာမှ သက်သာကြပါစေရှင်...။
🙏🏻

Credit-တယ်လီကျန်းမာ

Ref : 📖
https:// www. mayoclinic. org / diseases-conditions/back-pain/symptoms-causes/syc-20369906

ที่อยู่

Bangkok
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pulse React By Dr. AIผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram