Nway Oo Guru Lay Myar

Nway Oo Guru Lay Myar Nway Oo Guru Lay Myar stands for Health, IDPs, Rovoentreprise, Education, and Fundraising.

01/12/2025

WE " ငါတို့ " သိန်း ၃၀၀ ကမ်ပိန်း...ဒီ​နေ့ စတင်လိုက်ပါပြီ။ ငါတို့ မှာ ငါတို့ပဲ ရှိတာမို့ ငါတို့ အချင်းချင်း ​စောင့်​ရှောက်ကြရ​အောင်။ ငါတို့ ရဲ​ဘော်​တွေ ဂုဏ်ပြု​ငွေ နဲ့ ​ဆေးခန်းက ရဲ​ဘော်​တွေ ​နေဖို့ အ​ဆောက််အဦး ၅ လုံး​အတူ​ဆောက်ကြရ​အောင်။ ​အ​ကောင့်လာ​တောင်း​ပေး​နော်။

27/11/2025

WE ?
ငါတို့ ?

လူလောက ကို ကောင်းကောင်းမွန်မွန် နဲ့ ရောက်ခဲ့ပါပြီ။ ကြိုးစားပေးခဲ့ကြတဲ့ ဆရာမများကိုလည်း ကျေးဇူးတင်ရပါတယ်။ ဖြူဖြူလုံးလုံးလ...
29/10/2025

လူလောက ကို ကောင်းကောင်းမွန်မွန် နဲ့ ရောက်ခဲ့ပါပြီ။
ကြိုးစားပေးခဲ့ကြတဲ့ ဆရာမများကိုလည်း ကျေးဇူးတင်ရပါတယ်။
ဖြူဖြူလုံးလုံးလေး နဲ့ ချစ်စရာ ကလေးလေး ရေ... လူပီသ တဲ့ လူတစ်ယောက်ဖြစ်လာဖို့ နွေဦးဂုရုလေးများ ဆေးအဖွဲ့က ဆုတောင်းပေးလိုက်ပါတယ်နော်။

14/10/2025

မေး။ ။ အဖွဲ့က ပေ့မှာ သိပ်မတင်တော့ဘူးနော်။
ဖြေ။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ လုပ်စရာရှိတာတွေ လုပ်နေပါတယ်။ လုံခြုံရေး မကျိုးပေါက်တဲ့ ပုံလေးတွေကို သက်ဆိုင်ရာ အက်ဒမင်များ စိတ်ပိုင်းဆိုင်ရာ အဆင်ပြေတဲ့ အချိန်မှာ တင်ကြပါတယ်။
မေး။ ။ ရန်ပုံငွေ တောင်းတာ သိပ်မတွေ့ဘူးနော်၊ မလိုဘူးလား။
ဖြေ။ ။ ဟင်.... စီမံခန့်ခွဲရေးအဖွဲ့ဝင်တွေဆို အလုပ်ပဲ ကုန်းလုပ်ရမလား၊ ပိုက်ဆံ ပဲ ထွက်ရှာရမလား စဥ်းစားနေကြပြီ။
လစဥ်ခွဲတမ်းလေးတွေကို ပုံမှန် ပေ့မှာ လာတောင်းပြီးထည့်ဝင်ပေးနေလို့ ကျေးဇူးတင်ရပါတယ်။
ကဲ.. မက်ဆေ့ဂျာမှာ အကောင့်လေးတွေ လာတောင်းလို့ရပါပြီနော်။

Send a message to learn more

6.5.25 မှ 10.6.25 ရက်နေ့အထိ ပြုလုပ်ခဲ့ကြတဲ့ မေတ္တာရိပ်ကမ်ပိန်းရဲ့ငွေကြေးသုံးစွဲမှုရှင်းတမ်းဖြစ်ပါတယ်။ကျနော်တို့ Hope For...
03/10/2025

6.5.25 မှ 10.6.25 ရက်နေ့အထိ ပြုလုပ်ခဲ့ကြတဲ့ မေတ္တာရိပ်ကမ်ပိန်းရဲ့ငွေကြေးသုံးစွဲမှုရှင်းတမ်းဖြစ်ပါတယ်။

ကျနော်တို့ Hope For Burma နဲ့ နွေဦးဂုရုလေးများတို့နှစ်ဖွဲ့မှ မေတ္တာအရိပ်ကမ်ပိန်းလေးကို တလကျော်ကြာပြုလုပ်ခဲ့ကြပါတယ်။ ကမ်ပိန်းမှရရှိငွေများကို ကျနော်တို့နှစ်ဖွဲ့မှ အစည်းအဝေးများခေါ်ယူကာ အချိုးကျခွဲဝေခဲ့ပြီးနောက် သက်ဆိုင်ရာကဏ္ဍများအလိုက် သုံးစွဲမှုမှတ်တမ်းများကိုတင်ပြလိုက်ရပါတယ်။

တချို့သော လုပ်ငန်းစဉ်များမှာ ပြီးစီးသွားပြီဖြစ်သော်လည်း တချို့သာလုပ်ငန်းစဉ်များပါလုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ကမ်ပိန်းစာရင်းဇယားများနဲ့ပတ်သတ်ပြီးလည်း ဒေတာများအား မိမိတို့နှစ်ဖွဲ့စလုံးမှ အသေးစိတ်စာရင်းပြုစုသိမ်းဆည်းထားတာမို့ ကမ်ပိန်းတွင်ပါဝင်ထားသူ အဖွဲ့အစည်းများ၊ ပြည်သူများအနေနှင့် အချိန်မရွေး ဝင်
ရောက်စာရင်းစစ်နိုင်ပါတယ်ဗျ။

ပါဝင်ကူညီထောက်ပံ့ပေးကြသူတိုင်းအား စစ်ဘေးရှောင်မိသားစုများကိုယ်စားကျေးဇူးတင်အများကြီးတင်ရှိပါတယ်ဗျာ။

စစ်ရှောင်စခန်းတွေမှာ ရာသီအကူးအ‌ပြောင်းကြောင့်ဖျားနာတာတွေ၊ ခန္ဓာကိုယ်ယားယံတာတွေအဖြစ်များကြပါတယ်။ အထူးသဖြင့်ကျောင်းနေကလေးတ...
26/09/2025

စစ်ရှောင်စခန်းတွေမှာ ရာသီအကူးအ‌ပြောင်းကြောင့်ဖျားနာတာတွေ၊ ခန္ဓာကိုယ်ယားယံတာတွေအဖြစ်များကြပါတယ်။ အထူးသဖြင့်ကျောင်းနေကလေးတွေအဖြစ်များတာကိုတွေ့ရပါတယ်။ ထိုသို့ရောဂါဝေဒနာခံစားနေရတဲ့သူများကို ကျနော််တို့နွေဦးဂုရုလေးများဆေးအဖွဲ့ဟာ လိုအပ်ပြီးလက်လှမ်းမီနိုင်သည့်နေရာတိုင်းကို သွားရောက်ပြီး (mobile health care) ဆေးကုသပေးလျက်ရှိပါတယ်။ လိုအပ်သည့်ဆေးဝါးဝယ်ယူဖြည့်သွင်းနိုင်ဖို့ရန် ခွဲတမ်းလေးထည့်ဝင်ကူပေးနိုင်ကြောင်းကိုလည်းအသိပေးဖိတ်ခေါ်ပါရစေ။

ဒီမောဆိုအရှေ့ခြမ်းစစ်ရှောင်စခန်းတနေရာတွင် ဆေးကုသပေးနေသည့်ကျန်းမာရေးဝန်ထမ်းတချို့ပုံရိပ်ဖြစ်ပါတယ်။



📢 အလှူခံပို့စ်ပါခင်ဗျ.. ဖယ်ခုံစစ်ရှောင် အတွက် အရေးပေါ်နေထိုင်ဖို့ အိမ်ထောင်စု(15)စုစာ တဲအိမ်လေးဆောက်ပေးချင်လို့ပါခင်ဗျ။ ...
23/09/2025

📢 အလှူခံပို့စ်ပါခင်ဗျ..

ဖယ်ခုံစစ်ရှောင် အတွက် အရေးပေါ်နေထိုင်ဖို့ အိမ်ထောင်စု(15)စုစာ တဲအိမ်လေးဆောက်ပေးချင်လို့ပါခင်ဗျ။ တဲအိမ်တစ်လုံးကို (10)သိန်းနှုန်းနဲ့ဆောက်ပေးဖို့ ရည်ရွယ်ထားပါတယ်ဗျ။
တတ်နိုင်တဲ့ပမာဏနဲ့ ပါဝင်အားဖြည့်ပေးဖို့ တောင်းဆိုပါရစေ။ ပြည်သူတွေ သက်ကြီးအဘိုး/အဘွား ကလေးသူငယ်တွေနေစရာမရှိဘဲ စုပြုံပီး နေနေရလို့ပါ။

゚viralシfypシ゚viralシ

တိုက်ပွဲတဲ့ နီးတဲ့​နေရာ​တွေကို ထပ်လိုက်​ရွှေ့​ပေး​နေပါတယ်။ ​မြေပြင်မှာ ​ဆေးအဖွဲ့​ရော၊ စစ်​ရှောင်​ရွှေ့တာ​ရော အင်တိုက်၊အာ...
01/09/2025

တိုက်ပွဲတဲ့ နီးတဲ့​နေရာ​တွေကို ထပ်လိုက်​ရွှေ့​ပေး​နေပါတယ်။
​မြေပြင်မှာ ​ဆေးအဖွဲ့​ရော၊ စစ်​ရှောင်​ရွှေ့တာ​ရော အင်တိုက်၊အားတိုက် လုပ်​နေကြပါတယ်။
​ထောက်ပို့ပြည်သူရဲ့ ​ငွေအား နဲ့ ကျွန်​တော်တို့ လူအား နဲ့ နိုင်တဲ့ ဝန်ထက် လုပ်​နေပါတယ်။
လကုန်မှာ သတိတရ လာထည့်ဝင်​ပေးကြသူ​​​တွေကိုလည်း ​ကျေးဇူးတင်ရပါတယ်။

၂၇.၈.၂၀၂၅ ဒီကနေ့ဟာ နွေဦးဂုရုလေးများအဖွဲ့တည်ထောင်ခြင်း(၄)နှစ်ပြည့်နေ့လေးဖြစ်ပါတယ်။ ယနေ့အချိန်ထိအဖွဲ့ ဆက်လက်ရပ်တည်နေနိုင်ခ...
27/08/2025

၂၇.၈.၂၀၂၅ ဒီကနေ့ဟာ နွေဦးဂုရုလေးများအဖွဲ့တည်ထောင်ခြင်း(၄)နှစ်ပြည့်နေ့လေးဖြစ်ပါတယ်။ ယနေ့အချိန်ထိအဖွဲ့ ဆက်လက်ရပ်တည်နေနိုင်ခြင်းသည် အဖွဲ့ဝင်များအယောက်စီတိုင်း၏ တော်လှန်ရေးရပ်တည်ချက်ခိုင်မာမှု၊ ကိုယ်ကျိုးစွန့်ပေးဆပ်မှုနှင့် ပြည်တွင်းပြည်ပရှိ တော်လှန်ညီအစ်ကိုမောင်နှမများ၏ကူညီထောက်ပံ့မှုများကြောင့်သာဖြစ်ပါသည်။

(၄)နှစ်ပြည့်မှသည် ပြည်နယ်/နိုင်ငံ လွှတ်မြောက်ရေးဆီသို့အတူတကွရုန်းထွက်နိုင်ဖို့ နွေဦးဂုရုလေးများအဖွဲ့သည် ကျရာကဏ္ဍပ်မှဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းကတိပြုပါသည်။


13/08/2025

၃ ရက်အတွင်း ကျပ်ငွေ ၃,၅၃၀,၀၀၀ နှင့် ထိုင်းဘတ် ၂,၀၀၀ ရရှိခဲ့ပါတယ်။
မိမိတို့လူထု လိုအပ်နေချိန်တိုင်း အတူတူ ရှိခဲ့သည့် ထောက်ပို့ ပြည်သူများကို လည်း ကျေးဇူးတင်ပါတယ်။
လုပ်ရမည့် အလုပ်များကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်နေပါသည်။

Send a message to learn more

08/08/2025

အရေးပေါ် ရွှေ့ပြောင်းနေရတဲ့ အခြေအနေမို့၊ ခွဲတမ်းလေးအဖွဲ့ကို ထည့်ပေးကြပါအုံးဗျာ။
ဆီ/ ရိက္ခာဖိုး သိန်း ၂၀ လောက် ၃ ရက်အတွင်း ရှာချင်လို့ပါ။
အကောင့်လေးတွေ မက်ဆေ့ဂျာမှာ လာတောင်းပေးပါနော်။

"စစ်ဒဏ်ကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေခဲ့ရတဲ့ပြည်သူတွေ.. တနေ့ထက်တနေ့ပိုပိုတိုးလာနေတဲ့စစ်ဘေးရှောင်ပြည်သူတွေနဲ့ လုံခြုံမှု...
27/07/2025

"စစ်ဒဏ်ကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေခဲ့ရတဲ့ပြည်သူတွေ.. တနေ့ထက်တနေ့ပိုပိုတိုးလာနေတဲ့စစ်ဘေးရှောင်ပြည်သူတွေနဲ့ လုံခြုံမှုအပြည့်အဝမရှိတော့တဲ့နေရာတွေမှာ အသက်တစ်ချောင်းအတွက်၊မိသားစုအတွက် ကြိုးစားရုန်းကန်ရှင်သန်နေကြရတယ်ဗျာ။
ဒီကာလဆိုးကြီးဘယ်ချိန်ပြီးမှာလဲကျနော်တို့အသေအချာမသိပါ လက်ရှိမှာကျနော်တို့အချင်းချင်းကူညီဖေးမကြရင်း ဒီကာလကိုအတူတကွဖြတ်ကျော်သွားဖို့ကသာ အရေးကြီးဆုံးဖြစ်ပါတယ်။"

ဖယ်ခုံအရှေ့ခြမ်းမှ စစ်ဘေးရှောင်လာသောပြည်သူများကိုနွေဦးဂုရုလေးများမှ သွားရောက်ကူညီပေးခဲ့သည့်ပုံရိပ်ဖြစ်ပါသည်။


ที่อยู่

51 Soi 2 Srilanna Road Paton, Mueang Chiang Mai, Chiang Mai 50300
Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nway Oo Guru Lay Myarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Nway Oo Guru Lay Myar:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram