Heal U Wellness Your health excellence is one trip away

14/12/2025

ကျောက်ကပ်စစ်ဆေးမှုဟာ ကုန်ကျစရိတ်သိပ်မရှိဘဲ ပြုလုပ်လို့ရတဲ့အကြောင်းအရာပါ။ အခြေခံအကျဆုံးနည်းနဲ့ ဆီးကို စစ်ဆေးလိုက်တာနဲ့ ပြဿနာရှိနေရင် ချက်ခြင်း သတိထားမိနိုင်ပါတယ်။ ကျောက်ကပ်ဟာ ဖြစ်မှကုရင် ကုန်ကျစရိတ်အလွန်များတတ်ပြီး ပင်ပန်းဆင်းရဲရတတ်တဲ့ဝေဒနာဖြစ်လို့ ကြိုတင်ကာကွယ်ပြီး စောစောစီးစီးကုသခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

ကျောရိုးဆစ်ကျွံခြင်းကို ခွဲစိတ်မှုအသေးစားနဲ့ ခွဲလို့ရနေပါပြီခု စာဖတ်နေတဲ့သူတွေထဲမှာ ခါးနာတာကို မခံစားဖူးတဲ့သူဆိုတာ ခပ်ရှ...
09/12/2025

ကျောရိုးဆစ်ကျွံခြင်းကို ခွဲစိတ်မှုအသေးစားနဲ့ ခွဲလို့ရနေပါပြီ

ခု စာဖတ်နေတဲ့သူတွေထဲမှာ ခါးနာတာကို မခံစားဖူးတဲ့သူဆိုတာ ခပ်ရှားရှားပါ။ အရွယ်ရောက်ပြီးတဲ့သူတွေရဲ့ ၅၅-၉၀%လောက်က ခါးနာခြင်းကို တစ်ကြိမ်မဟုတ် တစ်ကြိမ် ကြုံဖူးကြပါတယ်။ ခါးနာရတဲ့ အကြောင်းရင်းတွေထဲမှာ သာမန်ကြွက်သားနာကျင်တွေကစလို့ ‌ ကျောရိုးဆစ်ကျွံတာတွေအထိ ပါဝင်ပါတယ်။

ခုနောက်ပိုင်းမှာ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲလာတာကြောင့် ကျောရိုးဆစ်ကျွံခြင်းက လူငယ်လူလတ်ပိုင်းတွေမှာပါ အဖြစ်များလာပါတယ်။ Working age groupလို့ ခေါ်တဲ့ အလုပ်လုပ်တဲ့အရွယ်မှာ အထိုင်များတာ၊ အလေးအပင်မတာနဲ့ မတော်တဆ ထိခိုက်မှုတွေကြောင့် ပိုပြီး အဖြစ်များလာတာပဲ ဖြစ်ပါတယ်။

ကျောရိုးဆစ်ကျွံတယ်ဆိုတာက ကျောရိုးနှစ်ခုကြားမှာရှိတဲ့ အပြားလေးက ကျွံထွက်ပြီး အာရုံကြောကို ဖိမိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက္ခဏာအနေနဲ့
- ခါးနာတာ
- ခါးကနေ ခြေထောက်အထိ ဆင်းနာတာ
- လမ်းလျှောက်ရင် ခြေထောက်က ထုံသလို ကျဉ်သလို ခံစားရတာ
- ခြေထောက်ကြွက်သားတွေ မသန်တာတွေ ခံစားရတာပဲ ဖြစ်ပါတယ်။

ကျောရိုးဆစ်ကျွံခြင်းအတွက် ကုသနည်းက အမျိုးမျိုးရှိပါတယ်။ စစချင်းမှာတော့ ဝိတ်ချတာ၊ လေ့ကျင့်ခန်းတွေလုပ်တာ၊ အကိုက်အခဲပျောက်ဆေးတွေသောက်တာနဲ့ သက်သာအောင် လုပ်လို့ရပါတယ်။ နာကျင်မှု ပြင်းထန်ရင်တော့ ကျောရိုးဆစ်ကြားထဲကို ဆေးထိုးလို့ ရပါတယ်။ ဒါနဲ့လည်း မသက်သာဘူးဆိုရင်တော့ ခါးဆစ်ရိုးကို ခွဲစိတ်လို့ ရပါတယ်။

ထိုင်းမှာ ခါးဆစ်ရိုးခွဲစိတ်တာက အရင်ကလိုမျိုး ကျောရိုးကို ဖွင့်ပြီး ခွဲရတဲ့ အကြီးစား ခွဲစိတ်မှုတွေ မဟုတ်တော့ပါဘူး။ စက်ရုပ်လက်တံမှန်ပြောင်းအသုံးပြုပြီး ခွဲရတဲ့ Minimally invasive surgeryကို အသုံးပြုနေပြီ ဖြစ်ပါတယ်။ မှန်ပြောင်းကို အသုံးပြုပြီး ခွဲစိတ်တာ ဖြစ်တဲ့အတွက်

- ဒဏ်ရာက ၁.၅ စင်တီမီတာ (လက်တစ်ဆစ်စာသာသာ)ပဲ ရှိပါတယ်။
- သွေးထွက်နည်းပါတယ်။
- အာရုံကြောထိခိုက်နိုင်ခြေ နည်းပါတယ်။
- ဆေးရုံတက်ရတဲ့ရက်တိုပါတယ်။
- လူနာအနေနဲ့လည်း အင်မတန်မှ သက်သောင့်သက်သာရှိပြီး ခွဲစိတ်မှုဒဏ်ကို မခံရသလောက်ပဲ ဖြစ်ပါတယ်။

ဒီခွဲစိတ်နည်းက ကျောရိုးဆစ်ကျွံတဲ့ ဝေဒနာကို ကုသချင်ပေမယ့် ခွဲစိတ်ရမှာကြောက်တယ်ဆိုတဲ့ လူနာတွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။ သမားရိုးကျခွဲစိတ်မှုတွေထက် နာကျင်မှုနည်းပါးပြီး နာလန်ထမြန်တဲ့အပြင် ပိုပြီး သက်သောင့်သက်သာဖြစ်တာကြောင့် ခွဲစိတ်မှုကိုမကြောက်ဖို့ အားပေးချင်ပါတယ်။

ထိုင်းနိုင်ငံမှာ မှန်ပြောင်းသုံး ခါးရိုးခွဲစိတ်နည်းကို အသုံးပြုလာတာ နှစ်တော်တော်ကြာနေပြီဖြစ်တဲ့အပြင် ဆရာဝန်များကလည်း မှန်ပြောင်းသုံး ခွဲစိတ်နည်းမှာ ကျွမ်းကျင်တဲ့သူတွေ ဖြစ်တာကြောင့် ရလဒ်ကောင်းရပြီး ဝေဒနာသက်သာဖို့ စိတ်ချလိုက်ပါနော်။

05/12/2025

ထိုင်းနိုင်ငံက မြန်မာတွေ အများဆုံး ဆေးသွားကုကြတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သိချင်ကြတဲ့မေးခွန်းတွေကို ဒေါက်တာသူရိန်လှိုင်ဝင်းက ဖြေကြားပေးထားတာဖြစ်ပါတယ်။

အားလုံးပဲ မင်္ဂလာပါရှင့်။လုပ်ငန်းစတင်လည်ပတ်မှု ဒုတိယမြောက်လမှာလည်း Heal U ဟာ စံချိန်သစ်တွေထပ်တင်နိုင်ခဲ့ပြီဆိုတဲ့အကြောင်...
13/11/2025

အားလုံးပဲ မင်္ဂလာပါရှင့်။

လုပ်ငန်းစတင်လည်ပတ်မှု ဒုတိယမြောက်လမှာလည်း Heal U ဟာ စံချိန်သစ်တွေထပ်တင်နိုင်ခဲ့ပြီဆိုတဲ့အကြောင်းလေး ဝမ်းမြောက်ဂုဏ်ယူစွာအသိပေးပါရစေ။ လုပ်ငန်းအသစ်ဖြစ်နေလည်း Heal U ကို စိတ်ချယုံကြည်ပေးခဲ့တာတွေအတွက် အမြဲ အမှတ်ရနေမှာပါ။

၁။ လူနာအရေတွက် နှစ်ဆ - စက်တင်ဘာမှာစတင်တဲ့ Heal U ဟာ လုပ်ငန်းစစချင်းလမှာ လူနာ ၁၂ဖွဲ့ကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး ဒုတိယလဖြစ်တဲ့ အောက်တိုဘာမှာတော့ လူနာစုစုပေါင်း ၂၅ဖွဲ့ကို ဆေးရုံ ၇ ခုမှာ ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။

၂။ ဝန်ဆောင်မှုအရှိန်ဟုန်နှစ်ဆ - မြန်မာနဲ့ ထိုင်းနိုင်ငံမှာ စတင်ခဲ့တဲ့ Heal U ဟာ ဒုတိယလမှာတော့ အိန္ဒိယနဲ့ စင်ကာပူနိုင်ငံတွေကိုပါ ခြေဆန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။ စုစုပေါင်း ၄ နိုင်ငံ၊ မြို့ပေါင်း ၆ မြို့မှာ Heal U ရဲ့ ဝန်ဆောင်မှုတွေ ရယူနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားလာရေး၊ ကာလကြာရှည်အိမ်အငှား၊ ကားဆိုင်ကယ်အငှား၊ လည်ပတ်မှု၊ တစ်ဦးချင်းအထူးဝန်ဆောင်မှုတွေကိုပါ ရယူနိုင်ပြီဖြစ်လို့ တစ်နေရာတည်း အကုန်အစုံ ရရှိနိုင်ပြီဖြစ်ပါတယ်။

၃။ စိတ်ကျေနပ်မှုနှစ်ဆ - လူနာအရေတွက် မထင်မှတ်ထားလောက်အောင် များသွားပေမယ့် Heal U ရဲ့ ဝန်ဆောင်မှုကတော့ လျော့ပါးသွားခြင်းမရှိပါဘူးနော်။ လာသမျှဧည့်သည်အကုန်လုံး စိတ်ကျေနပ်မှု ၁၀၀ ရာခိုင်နှုန်းနဲ့ ကုသမှုမယူခင်၊ ယူနေစဉ်နဲ့ ယူပြီးအခြေအနေအားလုံးမှာ အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးနိုင်ခဲ့ပါတယ်။

လသားပဲရှိသေးတဲ့ Heal U လေးကို ကြီးမားတဲ့ယုံကြည်မှုတွေပေးတဲ့အတွက် Heal U Wellness အဖွဲ့သားတွေအကုန်လုံးကလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ထပ်ပြောပါရစေ။ ရှေ့ဆက်ပြီးတော့လည်း ဒီထက်ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ၊ ပြည့်စုံတဲ့အစီစဉ်တွေနဲ့ ကြိုးစားနေဦးမှာဖြစ်လို့ ကျန်းမာရေးနဲ့ပတ်သက်လို့ ပြည်တွင်းပြည်ပ ဘာပဲလိုလို Heal U ကို သတိရလိုက်တော့နော်။

ပေ့ချ်မက်ဆင်ဂျာကနေတဆင့် သို့မဟုတ် viber no +9595196764 ကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။

"Your health excellence is one trip away"

မင်္ဂလာမဆောင်မီ စစ်ထားသင့်တဲ့ ကျန်းမာရေးစစ်ဆေးချက် (၃)ခုမင်္ဂလာဆောင်တဲ့နေ့ကနေစပြီး တစ်သက်တာလုံး ကျန်းမာပျော်ရွှင်စွာနဲ့ ...
04/11/2025

မင်္ဂလာမဆောင်မီ စစ်ထားသင့်တဲ့ ကျန်းမာရေးစစ်ဆေးချက် (၃)ခု

မင်္ဂလာဆောင်တဲ့နေ့ကနေစပြီး တစ်သက်တာလုံး ကျန်းမာပျော်ရွှင်စွာနဲ့ ရွှေလက်တွဲသွားဖို့ဆိုရင် သတို့သား၊ သတို့သမီးနဲ့ နောင်အခါမှာ ရှိလာမယ့် သားသားမီးမီးလေးတွေ ကျန်းမာနေမှ ဖြစ်မှာပါ။ ဒီအတွက် မင်္ဂလာမဆောင်ခင်မှာ ကြိုပြီး စစ်ထားသင့်တဲ့ စစ်ဆေးချက် (၃)ခု ရှိပါတယ်။

ဒီစစ်ဆေးချက်တွေက သတို့သား၊ သတို့သမီးဆီမှာ ရောဂါတစ်ခုခု ရှိနေရင် နောက်တစ်ယောက်ကိုမကူးစေဖို့၊ သားသမီးဆီကို ရောဂါတွေ လက်ဆင့်မကမ်းမိစေဖို့ စစ်ဆေးရတာပဲ ဖြစ်ပါတယ်။

ဘာတွေစစ်ရမလဲဆိုတော့
(၁) သွေးအမျိုးအစားနဲ့ Rh
မိခင်၊ ဖခင်တွေရဲ့ သွေးအမျိုးအစား (A, B, O)နဲ့ Rh အပေါင်းသွေးလား၊ အနှုတ်သွေးလား သိထားမယ်ဆိုရင် မွေးလာမယ့် ကလေးမှာ သွေးအမျိုးအစားတွေ ဓာတ်ပြုတာကြောင့် ဖြစ်လာမယ့် ‌နောက်ဆက်တွဲတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

(၂) လိင်ကတဆင့် ကူးစက်ရောဂါများ
HIV၊ ဘီပိုး၊ စီပိုးနဲ့ ဆစ်ဖလစ်တို့ကို အဓိက စစ်ဆေးတာ ဖြစ်ပြီး တစ်ယောက်မှာ ရှိနေရင် နောက်တစ်ယောက်ကို မကူးစက်အောင် ကြိုတင်တားဆီးနိုင်မှာဖြစ်သလို ကလေးဆီကို ရောက်မသွားစေဖို့ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၃) သာလဆီးမီးယားသွေးရောဂါ
သာလဆီးမီးယားသွေးရောဂါက မိခင်၊ ဖခင်တွေမှာ ရှိနေရင် ကလေးဆီကို မျိုးရိုးလိုက်ပြီး ပါနိုင်တာကြောင့် ကြိုတင်သိထားဖို့လိုပါတယ်။

မင်္ဂလာမဆောင်ခင် လိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ထားတာက ရောဂါတွေကို စောစီးစွာသိစေပြီး မိမိရဲ့ လက်တွဲဖော်နဲ့ သားသမီးတွေကို မကူးစက်စေဖို့ ကြိုတင်တားဆီးနိုင်မှာ ဖြစ်သလို ကုလို့ရတဲ့ရော‌ဂါတွေဆိုရင်လည်း ကြိုတင်ကုသဖို့ အခွင့်အရေးရစေတာကြောင့် စုံတွဲတိုင်း လက်မထပ်ခင် ဆေးစစ်သင့်ပါတယ်။

မင်္ဂလာဆောင်ခြင်းက ဘဝအတွက် အရေးပါတဲ့အဆင့်တစ်ဆင့်ဖြစ်တာကြောင့် စေ့စပ်သေချာအောင်ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ရွှေလက်မတွဲခင် ဆေးစစ်တာတွေလုပ်ချင်တယ်ဆိုရင်တော့ အချိန်မဆိုင်းဘဲ အမြန်ဆုံး ဆက်သွယ်လိုက်တော့နော်။

Heal U Wellness - Your health excellence is one trip away.

Heal U နဲ့အတူ ဆေးကုသမှုခံယူတဲ့အခါ အမေးအများဆုံး မေးခွန်းများ၁။ Heal U နဲ့ ဆေးရုံပြရင် ပိုက်ဆံပိုကုန်လား။ငွေကြေးကုန်ကျမှု...
23/10/2025

Heal U နဲ့အတူ ဆေးကုသမှုခံယူတဲ့အခါ အမေးအများဆုံး မေးခွန်းများ

၁။ Heal U နဲ့ ဆေးရုံပြရင် ပိုက်ဆံပိုကုန်လား။
ငွေကြေးကုန်ကျမှုအရ ဘာမှကွာတာမရှိပါဘူး။ ကုသမှုတွေခံယူတာမှာ လူနာဘက်က အပိုငွေကြေး ကောက်ယူမှု လုံးဝမရှိပါဘူး။

၂။ ဒါဆိုရင် ဘယ်ကပိုက်ဆံနဲ့ ရပ်တည်လဲ။
Heal U နဲ့ ချိတ်ဆက်ထားတဲ့ ဆေးရုံတွေဘက်က နိုင်ငံတကာ ဈေးကွက်ရှာဖွေရေးဘက်ဂျက်ဆိုပြီး အေးဂျန့်တွေကို ဘက်ဂျက်အသုံးပြန်ချပေးပါတယ်။ အဲဒီကော်မရှင်ခနဲ့တင် ရပ်တည်လို့ရပါတယ်။

၃။ ဆေးရုံဘက်က ပြန်ပေးရတာဆိုတော့ ဈေးမတင်ထားနိုင်ဘူးလား။
လုံးဝမတင်ထားပါဘူး။ ဆေးရုံတွေမှာ တရားဝင်ဖော်ပြထားတဲ့ ဈေးနှုန်းအချက်လက်တွေနဲ့ ချိန်ကြည့်နိုင်ပါတယ်။ Heal U နဲ့ ချိတ်ဆက်ကုတာရော၊ ဆေးရုံကနေပဲ တိုက်ရိုက်ကုတာရော ကုန်ကျစရိတ်ကတော့ အတူတူပဲဖြစ်မှာပါ။

၄။ ဘာကောင်းကျိုးတွေရှိလဲ။
မြင်သာထင်သာအောင်ပြောရရင် ကားအာမခံကို အေးဂျန့်နဲ့တဆင့်ခံထားရသလိုပါပဲ။ ကိုယ်တိုင် ဘာတစ်ခုမှ လိုက်လုပ်စရာမလို၊ တစ်ခုခုဖြစ်လာခဲ့ရင်လည်း တိုက်ရိုက်ရှင်းစရာမလိုဘဲ အေးဂျန့်ကြားဝင်ဖြေရှင်းပေးတယ်လေ။ Heal U နဲ့ချိတ်ဆက်ပြသတဲ့အခါမှာလည်း ဒီလိုသဘောပါပဲ။ လူနာနဲ့ ဆေးရုံဘက်ကြား၊ လေကြောင်းလိုင်း၊ လူဝင်မှုကြီးကြပ်ရေး အစရှိတဲ့ဖြေရှင်းစရာကိစ္စတွေကို ကြားဝင်ဖြေရှင်းပေးတယ်။ ဆက်သွယ်ညှိနှိုင်းပေးတယ်။ ကိုယ်တိုင်အလုပ်ရှုပ်ခံ အကုန်လိုက်လုပ်နေစရာမလိုဘဲ ကျန်းမာရေးအတွက် ကုသမှုတွေကို အေးအေးသက်သာ ခံယူလို့ရပါတယ်။‌ ဆေးကုသတဲ့နေရာမှာလည်း တတ်ကျွမ်းနားလည်တဲ့ မြန်မာဆရာဝန်တွေကိုယ်တိုင်က သေချာရှင်းပြပေးတယ်၊ အဖြစ်သင့်ဆုံး လမ်းကြောင်းကိုကူညီရွေးချယ်ပေးတယ်။ ကုသမှုတွေလုပ်နေချိန်၊ လုပ်ပြီးသွားချိန်တွေမှာလည်း သေချာရှင်းပြတိုင်ပင်တာတွေ ပြုလုပ်ပေးတယ်။ သဘောက ငွေကြေးအပိုကုန်ကျမှုမရှိဘဲ အပိုဆောင်းစောင့်ရှောက်ကူညီမှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

၅။ ထိုင်းမှာဆေးကုရတာ ဈေးအရမ်းကြီးလား။
ပြည်တွင်းမှာ ကုသတာထက်တော့ ကုန်ကျစရိတ်များနိုင်တာ အမှန်ပါပဲ။ ဒါပေမယ့် လုံးဝ လက်လှမ်းမမီအောင် များတာမျိုးတော့ မဟုတ်ဘူးဆိုတာနဲ့ ပေးရတာနဲ့ တန်တဲ့ ဝန်ဆောင်မှုမျိုးတွေ ရနိုင်မယ်ဆိုတာတော့ သေချာပြောနိုင်ပါတယ်။ Heal U က ဝန်ဆောင်မှုပေးခဲ့တဲ့ လူနာနဲ့ မိသားစုတွေမှာ ၁၀၀ ရာခိုင်နှုန်း စိတ်ကျေနပ်မှုရခဲ့တာက ဂုဏ်ယူစရာမှတ်တမ်းတစ်ခုပါ။

၆။ Heal U မှာ ဘာဝန်ဆောင်မှုတွေရနိုင်လဲ။
• ရောဂါအခြေအနေကို ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပြီး အကောင်းဆုံးနှင့် အသင့်တော်ဆုံး အကြံပြုချက်များပေးခြင်း
• ရောဂါအခြေအနေနဲ့ ကိုက်ညီတဲ့ ဆေးရုံနဲ့ ဆရာဝန်ကို ရှာဖွေပေးခြင်း၊ ကုသမှုအစီအစဉ်နဲ့ ကုန်ကျစရိတ်တွေကို ကြိုတင်တွက်ချက်ပေးခြင်း။
• ဗီဇာ၊ လေယာဉ်လက်မှတ်နဲ့ တည်းခိုဖို့နေရာ စီစဉ်ပေးခြင်း။
• ထိုင်းရောက်တာနဲ့ လေဆိပ်ကနေ ကြိုဆိုခေါ်ဆောင်ပေးပြီး ဆေးရုံမှာ ဆရာဝန်နဲ့ စကားပြောဆိုတဲ့အခါ ဘာသာပြန်အကူအညီ ပေးခြင်း။
• ဆေးရုံတက်နေစဉ်နဲ့ ဆင်းပြီးတဲ့နောက်ပိုင်းမှာပါ လိုအပ်တာတွေကို ကူညီပေးခြင်း။
• မြန်မာနိုင်ငံကို ပြန်ရောက်ပြီးတဲ့နောက်မှာပါ ကျန်းမာရေးအခြေအနေကို ဆက်လက်မေးမြန်းပြီး လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးခြင်း။
• နောက်ဆက်တွဲ ပြသမှုများအတွက် ကူညီပေးခြင်းတို့ကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။

ပိုသိချင်တာတွေရှိရင် ချက်ဘောက်စ်ကနေဖြစ်ဖြစ် ဗိုက်ဗာနံပါတ် (+959)5196764 ကိုဆက်သွယ်ပြီးဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်။

ထိုင်းနိုင်ငံကို ခရီးသွား တဲ့အခါ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာ (၁၀)ခုမြန်မာနိုင်ငံသား အများစုက ထိုင်းနိုင်ငံကို ရွေ့ပြောင်း...
19/10/2025

ထိုင်းနိုင်ငံကို ခရီးသွား တဲ့အခါ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာ (၁၀)ခု

မြန်မာနိုင်ငံသား အများစုက ထိုင်းနိုင်ငံကို ရွေ့ပြောင်းနေထိုင်ကြတာ ဒါမှမဟုတ် ရက်ရှည်ခရီးသွားကြတာတွေ များလာတဲ့အတွက် ထိုင်းနိုင်ငံမှာနေရင် ဘယ်လိုရောဂါတွေ ဖြစ်လာနိုင်လဲဆိုတာကိုသိထားသင့်ပါတယ်။
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက နယ်နိမိတ်ခြင်း ထိစပ်တဲ့အပြင် ရာသီဥတု၊ စားသောက်မှုပုံစံတွေကလည်း ဆင်တူတာကြောင့် ဖြစ်နိုင်တဲ့ရောဂါတွေကလည်း သိပ်မကွာလှပါဘူး။

ထိုင်းမှာ နေမယ်ဆိုရင်တော့ ခုပြောမယ့် ရောဂါ (၁၀)မျိုးကို သတိထားသင့်ပါတယ်။
(၁) အထက်လန်အောက်လျှော
ထိုင်းမှာ စားမိတဲ့ အစားအသောက်၊ ရေတွေ အထူးသဖြင့် street foodsတွေ မသန့်တဲ့အခါ ဝမ်းပျက်တာ၊ အထက်လန်အောက်လျှောတွေ ဖြစ်တတ်ပါတယ်။

(၂) သွေးလွန်တုပ်ကွေး
ထိုင်းမှာလည်း မြန်မာမှာလိုပဲ သွေးလွန်တုပ်ကွေးဖြစ်တတ်ပါတယ်။ ကလေးရော လူကြီးမှာပါ ဖြစ်တတ်တဲ့အတွက် သတိထားသင့်ပါတယ်။

(၃) အပူလျှပ်တာ
သိပ်ပူတဲ့လတွေ၊ သင်္ကြန်လို ကာလမျိုးတွေမှာ သွားရောက်လည်ပတ်တဲ့အခါ ချွေးထွက်များတာ၊ အပူလျှပ်တာတွေ ဖြစ်တတ်ပါတယ်။

(၄) အ‌အေးမိတုပ်ကွေးနဲ့ ကိုဗစ်
ထိုင်းမှာ မကြာခဏဆိုသလို ကိုဗစ်လူနာတွေ ပြန်များတတ်ပါတယ်။ အရင်ကလောက် မဆိုးပေမယ့် ရှိတော့ ရှိနေပါသေးတယ်။ တုပ်ကွေးရာသီဆိုရင်လည်း လူထူထပ်တဲ့ စျေးတွေ၊ shopping mallတွေကနေ ကူးစက်နိုင်ပါတယ်။

(၅) လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ
သိသာတဲ့ စျေးကွက်တစ်ခုရှိနေတာကြောင့် ပျော်ပါးဖို့အစီအစဉ်ရှိတယ်ဆိုရင် အကာအကွယ်သုံးသင့်ပါတယ်။ မဟုတ်ရင် HIVကစလို့ လိင်ကတဆင့်ကူးစက်ရောဂါတွေ ပါလာနိုင်ပါတယ်။

(၆) အင်းဆက်ကိုက်ခံရတာ
မြန်မာနိုင်ငံလိုပဲ သမပိုင်းရာသီဥတုဖြစ်တာကြောင့် အကောင်ပလောင်တွေ ပေါများပြီး ခရီးသွားလည်ပတ်ရင်း အင်းဆက်ကိုက်ခံရတာတွေ ရှိနိုင်ပါတယ်။

(၇) အသေးစားထိခိုက်ဒဏ်ရာတွေ
ဆိုင်ကယ်စီးတာ၊ လမ်းလျှောက်တာ၊ အလည်အပတ်သွားတာကနေ မတော်တဆ ထိခိုက်ရှနာတွေ ဖြစ်တတ်ပါတယ်။

(၈) အစားအစာဓာတ်မတည့်တာ
ထိုင်းနိုင်ငံကလည်း ထူးထူးခြားခြား အစားအစာတွေ စားတတ်တဲ့ နိုင်ငံဖြစ်တာကြောင့် ကိုယ်စားနေကျမဟုတ်တဲ့ အသား၊ ပင်လယ်စာ၊ အသီးအနှံတွေ စားရာကနေ ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။

(၉) ခွေးကိုက်၊ မျောက်ကုတ်တာ
တောတောင်နဲ့ နီးစပ်တဲ့နေရာတွေ၊ Templesတွေကို လည်ပတ်ရာကနေ ခွေးကိုက်တာ၊ မျောက်ကုတ်တာတွေ ကြုံရတတ်ပါတယ်။

(၁၀) ခရီးပန်းတာ၊ အိပ်ချိန်ပြောင်းတာ
ထိုင်းကိုစရောက်ရောက်ချင်းဆို ဒေသစံတော်ချိန် ကွာခြားတာကြောင့် အိပ်ချိန် အသားမကျတာ ဖြစ်တတ်ပြီး ပင်ပန်းနွမ်းနယ်တတ်ပါတယ်။
ဒါတွေကတော့ ထိုင်းကို ခရီးသွားတဲ့အခါ ကြုံရနိုင်တဲ့ ကျန်းမာရေးပြဿနာ (၁၀)ခုပဲ ဖြစ်ပါတယ်။ သူများနိုင်ငံမှာ နေထိုင်မကောင်းဖြစ်ရင် ဆေးရုံဆေးခန်း ရှာဖွေရတာ ခက်ခဲနိုင်တာကြောင့် တတ်နိုင်သမျှ ကျန်းမာအောင် နေထိုင်သင့်ပါတယ်။

12/10/2025

ကင်ဆာလူနာတွေကို အကူညီပေးရင်းသိလာရတာက ထိုင်းမှာကင်ဆာကုသရတာဟာ ထင်သလောက် မခက်ခဲဘူးဆိုတာ သိလာရပါတယ်။

သတင်းကောင်းတစ်ခုရှိပါတယ်။ အားလုံးစုံအောင် မစောင့်နိုင်တော့လို့ နည်းနည်းကြိုပြောထားပါရစေ။အရင်က ထိုင်းနိုင်ငံမှာ ဆေးကုတဲ့အ...
12/10/2025

သတင်းကောင်းတစ်ခုရှိပါတယ်။ အားလုံးစုံအောင် မစောင့်နိုင်တော့လို့ နည်းနည်းကြိုပြောထားပါရစေ။

အရင်က ထိုင်းနိုင်ငံမှာ ဆေးကုတဲ့အခါ ပုဂ္ဂလိကဆေးရုံတွေကိုသာ အများစု ညွှန်းဆိုကြရပါတယ်။ ထိုင်းနိုင်ငံကျန်းမာရေးကဏ္ဍမှာ အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံတွေနဲ့ ဖက်စပ်ဆေးရုံတွေဆိုပြီး ရှိကြပါတယ်။ ဖက်စပ်ဆိုတာကတော့ သင်ကြားရေးဆေးရုံတွေနဲ့ပေါင်းဖွင့်ပြီး အစိုးရပုဂ္ဂလိက တပိုင်းစီ စီမံတဲ့ဆေးရုံတွေဖြစ်ပါတယ်။

ပြည်တွင်းမှာလိုပဲ ထိုင်းနိုင်ငံမှာလည်း အစိုးရဆေးရုံတွေ၊ ဖက်စပ်ဆေးရုံတွေဟာ ကုန်ကျစရိတ် သက်သာတတ်ပါတယ်။ အစိုးရဆေးရုံတွေရော ဖက်စပ်ဆေးရုံတွေရောဟာ ဆေးရုံရဲ့ သန့်ရှင်းသပ်ရပ်မှုအဆင့်အတန်း၊ ဝန်ဆောင်မှုနဲ့ ဆေးကုသမှုတွေဟာလည်း ပုဂ္ဂလိကဆေးရုံတွေနီးပါး ကောင်းမွန်တတ်ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ကြိုးနီစနစ်တချို့နဲ့ ချိတ်ဆက်ရခက်ခဲတဲ့အခြေအနေတွေရှိလို့ အများစုနိုင်ငံခြားသားလူနာတွေ မသွားတတ်ကြပါဘူး။

မြန်မာလူနာတွေကို ပိုကောင်း ပိုသက်သာတဲ့ဝန်ဆောင်မှုတွေပေးချင်တဲ့ Heal U ရဲ့ ကြိုးပမ်းမှုအနေနဲ့ အစိုးရဆေးရုံတွေ၊ အစိုးရဖက်စပ်ဆေးရုံတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုတွေ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ သိပ်မကြာခင်မှာ ဘယ်ဆေးရုံကြီးတွေနဲ့ မိတ်ဖက်အဖြစ် ချိတ်ဆက်ထားပြီလဲဆိုတာကို သေချာကြေညာပေးပါ့မယ်။ လောလောဆယ်ပေးချင်တဲ့ သတင်းကောင်းကတော့ ပိုသက်သာပြီး စိတ်ချရတဲ့ ခရီးသွားဆေးကုအစီစဉ်တွေ ရရှိနိုင်ပါတော့မယ်။ အကုန်ကျ သက်သက်သာသာနဲ့ နိုင်ငံခြားမှာ ပိုဆေးကုနိုင်တော့မယ်ဆိုတာပါပဲ။

နှလုံးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက် (၅)ချက်နှစ်စဉ် စက်တင်ဘာ ၂၉ရက်နေ့က World Heart Day ကမ္ဘာ့နှလုံးရောဂါနေ့ ဖြစ်ပါတယ်...
07/10/2025

နှလုံးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက် (၅)ချက်

နှစ်စဉ် စက်တင်ဘာ ၂၉ရက်နေ့က World Heart Day ကမ္ဘာ့နှလုံးရောဂါနေ့ ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ Don’t Miss A Beat “စည်းချက်တစ်ချက်မှမလွဲစေလို”ပဲ ဖြစ်ပါတယ်။ နှလုံးစည်းချက်တိုင်းက အရေးကြီးတယ်၊ အချိန်တိုင်းမှာ နှလုံးကျန်းမာဖို့ လိုအပ်တယ်ဆိုတာ မီးမောင်းထိုးပြလိုခြင်းပဲ ဖြစ်ပါတယ်။

ဒီပို့စ်လေးမှာတော့ နှလုံးရောဂါနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချက် (၅)ချက်ကို ပြောပြပေးသွားပါမယ်။

(၁) Heart attackဖြစ်တိုင်း ရင်ဘတ်မအောင့်တတ်ပါဘူး။
Heart attack (နှလုံးသွေးကြောပိတ်)တိုင်း ရင်ဘတ်မအောင့်တတ်ပါဘူး။ တချို့တွေက လက်‌မောင်းကိုက်တာ၊ မေးကြောတွေကိုက်တာနဲ့ လာတတ်သလို တချို့တွေက ရင်ဘတ်မအောင့်ဘဲ ရုတ်တရက် မောပြီး ချွေးစေးတွေထွက်တာ၊ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် အစာမကြေသလို၊ ဗိုက်အောင့်သလို လက္ခဏာတွေက Heart attackရဲ့ လက္ခဏာတွေလည်း ဖြစ်နေနိုင်ပါတယ်။

(၂) ခံတွင်းပြဿနာတွေက နှလုံးကို ထိခိုက်တတ်ပါတယ်။
လေ့လာချက်တွေအရ ခံတွင်းသန့်ရှင်းရေး အားနည်းတာ၊ မကြာခဏ ခံတွင်းပြဿနာတွေ ခံစားရတာက နှလုံးရောဂါဖြစ်နိုင်ခြေကို ပိုများစေတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကို သေသေချာချာ မသိရပေမယ့် ဒီနှစ်ခုကြားမှာ ဆက်စပ်မှုတော့ ရှိနေပါတယ်။

(၃) တနင်္လာနေ့ မနက်ခင်းတွေက Heart attack အဖြစ်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။
ဘယ်သူမှ မကြိုက်တဲ့ တနင်္လာနေ့က နှလုံးရောဂါဘက်က ကြည့်ရင်လည်း တစ်ပတ်တာလုံးမှာ Heart attackအများဆုံးဖြစ်တဲ့ ရက်ဖြစ်နေပါတယ်။ ဖြစ်နိုင်တာကတော့ မနက်ခင်းဆိုရင် ကော်တီစောဟော်မုန်းတွေ အထွက်များတာကြောင့် သွေးကြောတွေ ကျဉ်းကုန်လို့ ဖြစ်နိုင်ပါတယ်။ မနက်ခင်းတွေထဲမှာဆိုတော့ တနင်္လာနေ့ မနက်ခင်းက စိတ်ဖိစီးမှု အပေးဆုံးပဲ မဟုတ်ပါလား။

(၄) အိပ်ရေးဝခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေကို နည်းစေပါတယ်။
အိပ်ရေးမဝတဲ့အခါ သွေးတိုးရောဂါ၊ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါတွေ ဖြစ်လာနိုင်ပြီး ဒီရောဂါတွေက နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို များစေတာကြောင့် တစ်ညကို ၇-၉နာရီလောက် အိပ်ဖို့ လိုပါတယ်။

(၅) နှလုံးရောဂါတွေက ကုသလို့မရဘူး။
နှလုံးရောဂါတွေက ဖြစ်တဲ့အမျိုးအစားကိုလိုက်ပြီး သောက်ဆေး၊ ခွဲစိတ်နည်းတွေနဲ့ ကုသလို့ ရပါတယ်။ အပြီးပျောက်အောင် ကုသလို့ မရဘူးဆိုရင်တောင် ပိုပြီး အခြေအနေမဆိုးစေဖို့၊ နောက်ဆက်တွဲတွေ မဖြစ်ဘဲ သက်တမ်းစေ့နေနိုင်ဖို့ ဆေးတွေနဲ့ ထိန်းထားလို့ ရပါတယ်။

နှလုံးရောဂါတွေက အဖြစ်များသလို အသက်အန္တရာယ်ထိခိုက်စေနိုင်လောက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ စောစောစီးစီးသိခြင်းနဲ့ အချိန်မီကုသခြင်းကသာ နှလုံးရောဂါကြောင့် အသက်မဆုံးရှုံးအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

နှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေရှိနေရင် ဘယ်မှာကုသရမလဲစိတ်ပူမနေနဲ့တော့နော်။ Heal U မှာ အစအဆုံး ဂရုစိုက်ကုသမှုနဲ့ မိသားစုလို နွေးထွေးမှုတွေကူညီမှုတွေ ရရှိနိုင်မှာဖြစ်ပါတယ်။

မက်ဆင်ဂျာက သို့မဟုတ် ဗိုက်ဗာနံပါတ် +9595196764, ဖုန်းနံပါတ် - (+66)931725301, (+95)943043001 တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Heal U Wellness
Your health excellence is one trip away.

First month, 12 patient groupsဟဲလို အားလုံးပဲ မင်္ဂလာပါ။ Heal U ရဲ့ ပထမဆုံး ဂုဏ်ယူစရာမှတ်တမ်းလေးမို့ ကျေးဇူးတင်စကားပြောရ...
30/09/2025

First month, 12 patient groups

ဟဲလို အားလုံးပဲ မင်္ဂလာပါ။ Heal U ရဲ့ ပထမဆုံး ဂုဏ်ယူစရာမှတ်တမ်းလေးမို့ ကျေးဇူးတင်စကားပြောရင်း အားလုံးနဲ့အတူ မျှဝေပါရစေနော်။

စက်တင်ဘာ ၁ ရက်နေ့ကမှ စတင်ခဲ့တဲ့ Heal U Wellness ဟာ ပထမဆုံး စတင်တဲ့လမှာပဲ လူနာအဖွဲ့ပေါင်း ၁၂ ဖွဲ့ကို ထိုင်းနိုင်ငံ အစိုးရနဲ့ပုဂ္ဂလိက ဆေးရုံ ၆ခုမှာ ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။ လူနာများရဲ့ ကောင်းကျိုးကို အထူးရှေးရှုခဲ့ပြီး အကောင်းဆုံးအကြံဉာဏ်နဲ့ အပြည့်စုံဆုံး ဝန်ဆောင်မှုတွေပေးခဲ့တာဖြစ်လို့ ၁၀၀ ရာခိုင်နှုန်း စိတ်ကျေနပ်မှုရနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မှတ်မှတ်ရရ အိမ်ကနေထွက်ပြီး နောက်ဆုံး အိမ်ပြန်ရောက်တဲ့အထိ အစအဆုံး ဝန်ဆောင်မှုပေးခဲ့ရတာ လူနာအဖွဲ့ ၄ဖွဲ့ရှိခဲ့ပါတယ်။ အခုမှ စလုံးရေစတဲ့ Heal U ကို အံ့ဩစရာကောင်းလောက်အောင် ယုံကြည်စိတ်ချပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်တာ မပြောပြတတ်အောင်ပါပဲ။

ဒီတစ်လအတွင်းမှာ ဝန်ဆောင်မှုတွေပေးရင်း အသစ်အသစ် သင်ယူလေ့လာခဲ့ရတာတွေလည်း အများကြီးပါ။ ဒီထက်ပို ပြီးပြည့်စုံပြီး စိတ်ကျေနပ်မှုအပြည့်ရှိစေမယ့် ဝန်ဆောင်မှုတွေကိုလည်း ထပ်ပြီး အကောင်အထည်ဖော်နေပါတယ်။ Heal U အောင်မြင်ရခြင်းဟာ စေတနာအကျိုးပေးခြင်းလို့ပဲ ယုံကြည်ပါတယ်။ လူနာအကျိုးသာအဓိကလို့ ဦးတည်ပြီး လူနာအတွက် အသင့်တော်ဆုံး နည်းလမ်းတွေကိုသာ အကြံပြုဝန်ဆောင်မှုပေးတဲ့အတွက် လူတွေကလည်း ယုံကြည်စိတ်ချပေးကြပါတယ်။ ဒီအတွက် ကျေးဇူးအနဂ္ဂပါ။ ထပ်ပြီးလည်း ကြိုးစားနေဦးမှာပါ။ အကောင်းဆုံးတွေပဲ ဆက်ပေးနေဦးမှာပါလို့ ကတိပြုပါတယ်။ Heal U ကိုလည်း ယုံယုံကြည်ကြည် ဆက်အားပေးကြပါဦးနော်။

"Your health excellence is one trip away"

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Heal U Wellnessผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram