Yey O Sin Yey O Sin (ရေအိုးစင်) is a space created to gently share psychosomatic knowledge.

Its purpose is to support healing, self-awareness, and emotional wellbeing by deepening understanding of the mind–body connection to cultivate resilience, compassion, and inner peace.

🌿It is okay not to be okay.🌿 🌿အဆင်မပြေရင်လည်း ဖြစ်ပါတယ်။🌿
08/12/2025

🌿It is okay not to be okay.🌿
🌿အဆင်မပြေရင်လည်း ဖြစ်ပါတယ်။🌿

06/12/2025

🌿Psychosomatic Therapy - စိတ်နှင့်ရုပ်ခန္ဓာတွဲဖက်ကုထုံး🌿

စိတ်နဲ့ရုပ်ခန္ဓာတွဲဖက်ကုထုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀ ခန့်ကမှ အနောက်တိုင်းစိတ်ပညာရှင်တွေ စတင်တွေ့ရှိခဲ့တဲ့ ခေတ်ပေါ်ကုထုံးတမျိုးဖြစ်ပေမယ့် သိပ္ပံနည်းပညာ မထွန်းကားတဲ့ ကျမတို့အရှေ့တိုင်းမှာတော့ စိတ်နဲ့ရုပ် ဆက်စပ်ဖြစ်တည်ဆိုတယ်ဆိုတဲ့ဗဟုသုတဟာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ရှိနှင့်နေခဲ့ပြီးသားဖြစ်ပါတယ်။

ကျမတို့ရဲ့ ခန္ဓာကိုယ်ဟာ ဘဝတလျှောက် ကျမတို့သိမှတ်ထားသမျှတွေ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ဒါတွေအပေါ် ကိုယ်တိုင် ဘယ်လိုတုံ့ပြန်လေ့ရှိသလဲဆိုတဲ့ အလေ့အထတွေ အားလုံးကို သမိုင်းစာအုပ်တအုပ်လို အသေအချာ မှတ်သားထားပါတယ်။ ကိုယ်ခန္ဓာကြွက်သားတွေ၊ တစ်သျူးတွေ၊ အရွတ်အမျှင်တွေနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေအာလုံးဟာ ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံတွေအားလုံးကို အသေအချာမှတ်သားသိမ်းဆည်းပါတယ်။
တရက်တရက်ဘဝမှာ ပြေးလွှားလှုပ်ရှားရုန်းကန်ရင်း ကျမတို့တွေဟာ ခန္ဓာကိုယ်ရဲ့ အချက်ပြသံတွေကို လျစ်လျူရှုမိနေကြတာများပါတယ်။ ခါးနာတာ၊ ဇက်ကြောတက်တာ၊ ရင်ဘတ်ထဲတင်းကြပ်နေတာ၊ နှလုံးခုန်မြန်တာ၊ အစာအိမ်ပြဿနာနဲ့ နုံးခွေနေတာမျိုးတွေဟာ များသောအားဖြင့် ကျမတို့ခန္ဓာကိုယ်က ကျမတို့ကို တခုခုသတင်းပေးဖို့ကြိုးစားနေတာမျိုးတွေဖြစ်တတ်ကြပါတယ်။
Psychosomatic Therapy ကတော့ အကျဥ်းချုပ်ပြောရရင် စိတ်နဲ့ရုပ်ခန္ဓာကိုနက်နက်ရှိုင်းရှိုင်းအထိချိတ်ဆက်ပြီး ရုပ်ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းထားတဲ့ အကြွေးတောင်းသလိုတောင်းခံနေတဲ့ စိတ်ဒါဏ်ရာတွေကို ကူညီဖြေရှင်းပေးတဲ့ကုထုံးမျိုးဖြစ်ပါတယ်။ ဒီလိုဖြေရှင်းလိုက်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု စိတ်တွင်းတည်ငြိမ်မှုနဲ့ ကျန်းမာမျှတတဲ့ အမူအကျင့်ကောင်းတွေ ပြန်မွေးဖွားလာပြီး ကျမတို့ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေပြီးသားဖြစ်တဲ့ ကိုယ်အလိုရှိရာ ချစ်ခြင်းမေတ္တာ အောင်မြင်ပျော်ရွှင်မှုတွေကို စွမ်းဆောင်ပေးနိုင်တဲ့ မိမိကိုယ်ပိုင်ဉာဏ်ပညာ ခွန်အားသတ္တိတွေနဲ့ ပြန်လည်ချိတ်ဆက်လာနိုင်ပါတယ်။

၂၀ ရာစုမှာ စိတ်နဲ့ ရုပ်ခန္ဓာရဲ့ ဆက်စပ်ဖြစ်တည်ပုံကို သိပ္ပံနည်းကျ သက်သေပြခဲ့ကြတဲ့ စိတ်ပညာရှင်ကြီးတွေကတော့

Wilhelm Reich - အနောက်တိုင်းစိတ်ပညာ ဖခင်ကြီးတဦးဖြစ်တဲ့ Sigmund Freud ရဲ့တပည့်တဦးဖြစ်ပြီး စိတ်ခံစားမှုတွေဟာ ကြွက်သားတောင့်တင်းစေတဲ့ သက်ရောက်မှုဖြစ်စေတယ်ဆိုတာကို အစောဆုံးရှာတွေ့ခဲ့ပါတယ်။
Franz Alexander - စိတ်ဖိစီးမှုတွေကနေ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေဖြစ်လာစေတယ်ဆိုတာ စတင်ရှာတွေ့ခဲ့ပြီး ကုသဖို့ဆေးဝါးကိုစတင်ရှာဖွေခဲ့ပါတယ်။ ဒီတွေ့ရှိမှုမတိုင်ခင်အထိမှာ အနောက်တိုင်းဆရာဝန်တွေဟာ စိတ်နဲ့ရုပ်ကို သပ်သပ်စီဖြစ်တည်တယ်လို့ယူဆပြီး သီးခြားစီပဲကုသခဲ့ပါတယ်။
Peter Levine - စိတ်ပိုင်းဆိုင်ရာဒါဏ်ရာတွေဟာ ရုပ်ခန္ဓာနဲ့ nervous system (အာရုံခံစနစ်) ထဲမှာကိန်းအောင်းနေတာမို့ စိတ်ကိုကုစားတဲ့အခါ ရုပ်ခန္ဓာရဲ့ခံစားမှုတွေကိုထည့်စဥ်းစားဖို့လိုအပ်တယ်ဆိုတဲ့ အသိပညာကို ကမ္ဘာတလွှား Therapist ပေါင်းများစွာကို ယနေ့ထိသင်ကြားပေးနေတဲ့ အမေရိကန် စိတ်ပညာရှင်တဦးဖြစ်ပါတယ်။

Psychosomatic Therapy နဲ့ပါတ်သတ်ပြီး တခြားသိလိုတာရှိရင် မက်ဆေ့ပို့ထားပေးလို့ရပါတယ်။ 🙏

05/12/2025

🌷အလှကိုယ်စီ🌞

🌸 ချစ်သူ 🌸
05/12/2025

🌸 ချစ်သူ 🌸

ကြေအေးသည်းခံခွင့်လွှတ်ခြင်း (Forgiveness)ကြေးအေးသည်းခံခွင့်လွှတ်ခြင်း ဆိုတာ ကျမတို့ ဘဝမှာ ကိုယ်ကြုံတွေ့ခံစားခဲ့ရတဲ့ စိတ်...
05/12/2025

ကြေအေးသည်းခံခွင့်လွှတ်ခြင်း (Forgiveness)

ကြေးအေးသည်းခံခွင့်လွှတ်ခြင်း ဆိုတာ ကျမတို့ ဘဝမှာ ကိုယ်ကြုံတွေ့ခံစားခဲ့ရတဲ့ စိတ်ဒုက္ခတွေကနေ ကိုယ်လွတ်မြောက်ဖို့အတွက် ဖြေရှင်းကုစားခြင်းပဲဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းဟာ လေးနက်တဲ့ သဘာဝ ခံစားချက်မျိုးဖြစ်ပါတယ်။
ဘာလို့ ကျမတို့ ခွင့်လွှတ်ဖို့ကြိုးစားကြရတာလဲ။ တကယ်လို့ ကျမတို့အပေါ် ကျူးလွန်ခဲ့သူတွေကို ခွင့်မလွှတ်နိုင်ဘူးဆိုရင် ကျမတို့ဟာ အဲဒီအတိတ်ရဲ့စိတ်ဆင်းရဲသံသရာထဲမှာပဲ သံကြိုးနဲ့ချည်နှောင်ခံထားရသလို ရုန်းထွက်မရဘဲ အမြဲတဝဲလည်လည်ပြန်ခံစားနေရလို့ပါပဲ။ ဒါဟာ ဆိုးကျိုးအင်မတန်များပါတယ်။ စိတ်ထိခိုက်နာကျင်နေရပါတယ်။
လောကမှာ ကျမတို့ ခွင့်လွှတ်ရမယ့်သူ (၃)မျိုးရှိပါတယ်။ ကိုယ့်အပေါ်ထိခိုက်နာကျင်စေခဲ့သူတွေ၊ ကိုယ်ကိုတိုင် ကိုယ်ခွင့်မပြုတဲ့အရာမျိုးတွေကို ကျူးလွန်မိတဲ့ ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်ကိုနာကျင်စေတဲ့ ကိုယ့်ဘဝဖြစ်တည်မှု လောကသဘာဝဖြစ်တည်မှုတရားတို့ပဲ ဖြစ်ပါတယ်။ ဒီ (၃)မျိုးလုံးအပေါ် ခွင့်လွှတ်တတ် ခွင့်လွှတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။
ခွင့်လွှတ်ခြင်းနဲ့ ပါတ်သတ်တဲ့ အယူအဆလွဲလေးတွေရှိပါတယ်။ ခွင့်လွှတ်ခြင်းဆိုတာ တကယ်တော့ တဖက်ကို အားမတန်လို့မာန်လျှော့တာမျိုး အံကြိတ်သည်းခံလိုက်တာမျိုးမဟုတ်ပါဘူး။ မကောင်းတဲ့ အပြုမူဆိုးတွေကို လက်ခံပေးလိုက်တာ ဖြစ်ခဲ့သမျှတွေကို လျစ်လျူရှုလိုက်တာ မေ့ပစ်လိုက်တာမျိုးလည်းမဟုတ်ပါဘူး။ တရားမျှတမှုရရှိမှ ပြန်သင့်မြတ်ပြီးအဆင်ပြေမှ ကြေအေးခွင့်လွှတ်လို့ရတာမျိုးလည်းမဟုတ်ပါဘူး။
ခွင့်လွှတ်ခြင်း အဆင့် (၅)ဆင့် ရှိပါတယ်။
၁။ မိမိကိုယ်တိုင် ဒါမှမဟုတ် တစုံတယောက်ကြောင့်ရခဲ့တဲ့ မိမိနာကျင်ခံစားမှုတွေကို ဖော့တွေးတာမျိုးမလုပ်ပဲ တာဝန်ယူလက်ခံလိုက်ခြင်း၊
၂။ မိမိနာကျင်မှုတွေအပေါ် သေချာ ဂရုစိုက်ပြီး လေးနက်တဲ့ကရုဏာတရားထားရှိခြင်း၊
၃။ သူ့ကြောင့် ကိုယ့်ကြောင့်လို့လက်ညှိုးထိုးတာမျိုးမဟုတ်တော့ဘဲ အခြေနေတခုလုံးဟာ ဒီလိုဖြစ်လာစေတဲ့ အကြောင်းတရားတွေအရင်ကရှိထားနှင့်ခဲ့လို့ အကျိုးဆက်အနေနဲ့ အခုလိုဖြစ်လာရတယ်ဆိုတာကို ပညာဉာဏ်အသိတရားနဲ့ လက်ခံလာနိုင်ခြင်း၊
၄။ မိမိကိုယ်ကို သို့မဟုတ် နာကျင်စေခဲ့သူတွေကို စတင် ခွင့်လွှတ်ဖို့ ဆန္ဒရှိလာခြင်း၊
၅။ ကိုယ့်ကိုကိုယ် အလားတူအခြေနေတွေ ထပ်ခါထပ်ခါဖန်တီးမယ့်ဘေးကနေ ကာကွယ်ပေးလိုခြင်း တို့ပဲဖြစ်ပါတယ်။
ကြေအေးသည်းခံခွင့်လွှတ်တတ်ဖို့ လုံလောက်တဲ့သတ္တိ၊ ကရုဏာတရားနဲ့ ပညာဉာဏ်ရှိဖို့လိုအပ်ပါတယ်။ ခွင့်လွှတ်နိုင်ခြင်းဆိုတာ နှလုံးသားထဲက အဆင့်ဆင့်ဖြစ်ပေါ်လာတာမျိုးပါ။ မနေ့ကနာကျင် ဒီနေ့ခွင့်လွှတ် အဲလိုမျိုး လိုသလိုချက်ချင်းဖြစ်လာတဲ့အရာမျိုးတော့မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်အပေါ်နာကျင်ထိခိုက်စေခဲ့တဲ့သူတွေကို ခွင့်လွှတ်ပေးနိုင်လိုက်တာဟာ စိတ်ပျော့ညံ့တာမျိုးမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်ထားတဲ့ ကရုဏာတရားကြောင့် ကိုယ်တိုင်အေးချမ်းဖို့ ကိုယ်တိုင်လွတ်မြောက်ဖို့ ခါးသီးတဲ့ခံစားမှုတွေနေရာမှာ မြင့်မြတ်တဲ့ နူးညံ့တဲ့ခံစားမှုတွေကိုနေရာပေးလိုက်တာပဲဖြစ်ပါတယ်။ လောကမှာ ကိုယ်စောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူက မိမိကိုယ်တိုင်ပဲဖြစ်ပါတယ်။
Workshop တခုမှာ မှတ်သားခဲ့ရတာတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ ခွင့်လွှတ်ဖို့ကြိုးစားတဲ့ လမ်းစဥ်မှာ အခက်ခဲလေးတွေရှိရင် မက်ဆေ့ပို့ထားပေးလို့ရပါတယ်။
ကျမတို့နိုင်ငံသားတွေအားလုံး နာကျင်ခံစားမှုအမျိုးမျိုးမှ အပြီးတိုင်လွတ်မြောက်နိုင်ကြပါစေ။ 🙏

04/12/2025

✨တပါးမထိခိုက်မနစ်နာစေတဲ့ ပြောဆိုဆက်ဆံနည်းလား ✨
✨သူတပါးထိခိုက်နစ်နာစေတဲ့ ပြောဆိုဆက်ဆံနည်းလား ✨

ကျမတို့တွေဟာ ကိုယ့်ပါတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ဆက်ဆံရေးဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့အတတ်ပညာမျိုး၊ ကိုယ်ပိုင်အရည်အချင်းတွေ ပိုတိုးတက်လာအောင် ဘယ်လိုကြိုးစားသင့်လဲဆိုတဲ့အတတ်ပညာမျိုး၊ ပိုပြီးလူရာဝင်ဆံ့လာအောင် ဘယ်လိုပြောဆိုဆက်ဆံသင့်လဲဆိုတဲ့ အတတ်ပညာမျိုးတွေကိုသင်ယူဖို့ အမြဲစိတ်အားထက်သန်လေ့ရှိတတ်ကြပါတယ်။ ဒါပေမယ့် ကျမတို့ဟာလူ့လောကထဲစတင်ဝင်ရောက်လာတဲ့အချိန်ကစလို့ အခြားသူတွေနဲ့ ပြိုင်ဆိုင်တတ်ဖို့၊ အကဲဖြတ်တတ်ဖို့၊ ဝေဖန်အဆုံးဖြတ်ပေးတတ်ဖို့၊ တောင်းဆိုမှုတွေလုပ်တတ်ဖို့နဲ့ စကားပြောဆိုဆက်ဆံတဲ့အခါတွေမှာလည်း လူတွေကို “မှန်တယ်” “မှားတယ်” ခွဲခြားဆုံးဖြတ်လေ့ရှိတဲ့ အမြင်ရှုထောင့်ကနေသာ တွေးခေါ်ပြောဆိုတတ်ဖို့ အလိုလိုသင်ကြားခံခဲ့ကြရတာများပါတယ်။
ကျမတို့ရဲ့ အသားကျနေတဲ့ တွေးခေါ်ပြောဆိုပုံတချို့ဟာ တခါတလေ အချင်းချင်းဆက်ဆံရေးတွေကို ကဖျက်ယဖျက်ဖြစ်စေတာမျိုး နားလည်မှုတွေလွဲစေတာမျိုးနဲ့ မလိုလားအပ်ပဲ စိတ်ရှုပ်စရာတွေဖြစ်လာစေတာမျိုးတွေကြုံရလေ့ရှိပါတယ်။ ဒီထက်ပိုဆိုးတာက ဒေါသတွေ နာကျင်ခံပြင်းစိတ်တွေ မတော်တဆပါလာခဲ့ရင် တဖက်သားထိခိုက်နစ်နာစေတဲ့အခြေနေအထိဦးတည်စေတတ်ပြီး စေတနာကောင်းရှိလျက်နဲ့တောင် အချင်းချင်းကြား ပဋိပက္ခတွေကို မရည်ရွယ်ဘဲ ဖန်တီးမိတတ်ကြပါတော့တယ်။

✨သူတပါးမထိခိုက်မနစ်နာစေတဲ့ ပြောဆိုဆက်ဆံနည်း✨

တခါတရံ တခြားသူတွေ ကျွန်ုပ်တို့အပေါ်ပြုမူပုံတွေက ကျွန်ုပ်တို့ ခံစားချက်တွေပြန်လည်နိုးထဖို့ လှုံ့ဆော်စေလိုက်တာမျိုးပဲဖြစ်နေတတ်ပြီး ခံစားချက်တွေရဲ့ မူလအစမြစ်ဖျားခံရာ အကြောင်းရင်းမဟုတ်တတ်ပါ။
-Marshall Rosenberg

သူတပါး မထိခိုက်မနစ်နာစေတဲ့ ပြောဆိုဆက်ဆံနည်း (NVC)ဟာ တကယ်တော့ရိုးရှင်းတဲ့ သဘာဝအခြေခံသဘောတရားတွေနဲ့သာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီဆက်ဆံရေးနည်းလမ်းက ကျမတို့တွေတယောက်အပေါ်တယောက် ကိုယ့်စကားတခွန်းကြောင့် သူအကျိုးရှိပါစေ၊ သူစိတ်ချမ်းသာပါစေတော့ဆိုတဲ့ မြင့်မြတ်တဲ့ စိတ်နေသဘောထားရှိကြတဲ့ လူ့ဘောင်အဖွဲ့အစည်းတရပ်ကိုဖန်တီးပေးနိုင်ပါတယ်။ ဒီနည်းစနစ်ကို အသိစိတ်၊ ဘာသာစကားပညာရပ်နဲ့ ကျွမ်းကျင်စွာပြောဆိုဆက်ဆံတတ်ခြင်းစတာတွေကို အသုံးပြုပြီး
- မိမိခံစားချက်တွေ ရင်ထဲကတောင့်တတဲ့ အလိုဆန္ဒတွေကို သေချာရှင်းလင်းသိမြင်ပြီး ကိုယ့်ခံစားချက် ကိုယ့်ဆန္ဒတွေကို အခြားသူတွေဆီဖော်ထုတ်ပြတဲ့အခါမှာ ကိုယ့်ခံစားချက် ကိုယ့်ဆန္ဒ ကိုယ့်တာဝန်သာဖြစ်တယ်လို့ နားလည်မှုရှိစွာ ဖော်ထုတ်တတ်လာတာ၊
- အခြားသူတွေရဲ့ ခံစားချက်တွေနဲ့ အလိုဆန္ဒတွေကိုလည်း သဘာဝတရားတခုအဖြစ် ကရုဏာတရားနဲ့ ကိုယ်ချင်းစာနားလည်စွာ သေသေချာချာ နားထောင်ပေးတတ်လာတာ၊
- အဖွဲ့အစည်းတွေမှာ နှစ်ဦးနှစ်ဘက် ဒါမှမဟုတ် ပါတ်သတ်သူတိုင်းအတွက် မျှတအကျိုးရှိမယ့်ရလဒ်တွေကို ဦးဆောင်ရှာဖွေ ပေးတတ်လာတာ စတဲ့အကျိုးဆက်တွေရရှိဖို့ မူဘောင်တခုကို ဖန်တီးတည်ဆောက်ထားတာပဲဖြစ်ပါတယ်။
သူတပါး မထိခိုက်မနစ်နာစေတဲ့ ပြောဆိုဆက်ဆံနည်း(NVC) ကို မိမိနဲ့မိမိကိုယ်ကြား ပြောဆိုဆက်ဆံရေးကာင်းမွန်လာစေတဲ့နည်းမျိုးလို့ မကြာခဏ ထင်မြင်ခံရလေ့ရှိပေမယ့် တကယ်တော့ အဲ့ဒီထက်များစွာ စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။ ဒီနည်းက လူ့ဘောင်အသိုင်းအဝိုင်းကြား အနှစ်သာရပြည့်ဝတဲ့ ဆက်ဆံရေးတွေက တဦးအပေါ်တဦး အပြန်အလှန်အကျိုးရှိစေမယ့် အခြေအနေတွေကို စွမ်းဆောင်နိုင်တယ်ဆိုတာ သိနားလည်ပြီး အပြုသဘောဆောင်တဲ့ လူ့ဘောင်အဖွဲ့အစည်းတခုပေါ်ပေါက်လာ စေဖို့ရည်ရွယ်ချက်ကိုအရင်းပြုတဲ့ စိတ်သဘောထားတခုပဲဖြစ်ပါတယ်။ လူတွေဟာ အကြောက်တရားတွေ၊ လိပ်ပြာမလုံစေတဲ့ခံစားချက်တွေနဲ့ အကြပ်ကိုင်ဖိအားပေးခံရတာမျိုးထက် တဦးနဲ့တဦးအပြန်အလှန် နားလည်လက်ခံမှုမျိုးတွေ ကိုယ်ဟာကိုယ့်နေရာမှာအရေးပါတယ်ဆိုတဲ့ ခံစားမှု ယုံကြည်ချက်မျိုးတွေရတဲ့အခါမှာ ပျော်ပျော်ရွှင်ရွှင်ကြည်ကြည်ဖြူဖြူနဲ့ ပိုပြီးလုပ်ဆောင်ပေးတတ်ကြပါတယ်။ NVC က ဒီလိုဆက်ဆံရေးတွေကို မိသားစုကြား လုပ်ဖော်ကိုင်ဖက်ကြားတွေမှာ ဖန်တီးနိုင်ဖို့ ခိုင်မာတဲ့အထောက်အပံ့ကောင်းတခုဖြစ်ပါတယ်။

✨သူတပါးထိခိုက်နစ်နာစေတဲ့ ပြောဆိုဆက်ဆံနည်းလား✨

သူတပါးမထိခိုက်မနစ်နာစေတဲ့ ပြောဆိုဆက်ဆံနည်း (NVC) ဟာ ကရုဏာတရား ကိုယ်ချင်းစာတရား မိမိကိုယ်ကိုတာဝန်ယူတတ်မှုတို့နဲ့ မိမိခံစားချက် အလိုဆန္ဒတွေကို ရှင်းလင်းစွာထုတ်ဖော်ပြတတ်ပေမယ့် ပြောင်းပြန်ဖြစ်တဲ့ သူတပါးထိခိုက်နစ်နာစေတဲ့ ပြောဆိုဆက်ဆံနည်းကတော့ ဆန့်ကျင်ဘက်အရာများသာ ဖြစ်ပါတယ်။ သူတပါးထိခိုက်နစ်နာစေတဲ့ ပြောဆိုဆက်ဆံနည်းကတော့ အခြားသူတွေကို ခြိမ်းခြောက်တာ၊ အကဲဖြတ်ဝေဖန်တာ၊ လူ့အသိုင်းဝိုင်းကနေဖယ်ကျဉ်တာ၊ အပြစ်တင်တာနဲ့ အတင်းအကြပ်ဖိအားပေးတာမျိုးတွေကို အသုံးချပြီး မိမိလိုချင်တဲ့ အခြေနေကိုရအောင်ဖန်တီးတာမျိုးဖြစ်ပါတယ်။ ဒီဆက်ဆံနည်းကတော့ အချင်းချင်းကြား နာကျင်မှုတွေ၊ သဘောထားမတိုက်ဆိုင်မှုတွေ၊ စိတ်ပျက်စရာတွေနဲ့ နားလည်မှုလွဲတာမျိုးတွေကိုသာပေါက်ဖွားလာစေတတ်ပါတယ်။ ဒီပြောဆိုဆက်ဆံနည်းဟာ နေ့စဥ်ဘဝမှာ ကျမတို့လိုလားတောင့်တလေ့ရှိတဲ့ အနှစ်သာရပြည့်ဝတဲ့ လူမှုအသိုက်အဝန်းတရပ်တည်ဆောက်ဖို့ အနှောက်အယှက်လည်းဖြစ်စေပါတယ်။ ဒီဆက်ဆံရေးမျိုးဟာ သူတပါးကို ဒေါသ၊ အရှက်တရား၊ လိပ်ပြာမလုံစိတ်နဲ့ စိတ်ကျရောဂါပါရစေရုံသာမက ပြင်းထန်လာတဲ့အခါမျိုးတွေမှာဆို အချင်းချင်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာနာကျင်စေတဲ့အထိ ဦးတည်သွားစေတတ်ပါတယ်။

သူတပါးထိခိုက်နစ်နာစေတဲ့ ပြောဆိုဆက်ဆံနည်းကတော့ တမင်လေ့ကျင့်သင်ယူနေစရာမလိုပေမယ့် သူတပါးမထိခိုက်မနစ်နာစေတဲ့ ပြောဆိုဆက်ဆံနည်း (NVC) ကတော့ တကယ်ကျင့်သုံးနေတဲ့သူတွေဆီကနေ သင်ယူလေ့ကျင့်ဖို့လိုပါတယ်။ အထူးသဖြင့် ထိခိုက်ခံစားလွယ်တဲ့ ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုယ်စိတ်နာမကျန်းသူတွေ မသန်စွမ်းသူတွေ အခြေနေအရပ်ရပ်ကြောင့် မိမိဒေသမဟုတ်တဲ့နေရာမှာ ခိုလှုံနေရသူတွေ ဆင်းရဲနိမ့်ပါးသူတွေနဲ့ ဆက်ဆံရတဲ့သူတွေအတွက် NVC ဟာ လေ့လာသင့်တဲ့ပညာရပ်တခုလို့မြင်ပါတယ်။ NVC ကိုစိတ်ဝင်စားလို့သင်ယူချင်တယ်ဆိုရင် https://www.cnvc.org မှာ နိုင်ငံပေါင်း (၆၅)နိုင်ငံက Certified trainer တွေ သင်ပေးနေတဲ့ online သင်တန်းတွေကနေ လေ့လာလို့ရပါတယ်။ မြန်မာဘာသာစကားပြောတဲ့ Certified Trainer တော့ ခုထိမရှိသေးပါဘူး။ ယခုစာဖတ်နေသူလည်း ဖြစ်လာနိုင်ပါတယ်။

မှတ်ချက်။ ။ အောက်ဆုံးစာပိုဒ်ကလွဲလို့ ဒီဆောင်းပါးတပုဒ်လုံးဟာ ဆရာကြီး Marshall Rosenberg ရဲ့ Non-violent Communication Vs Violent Communication ဆိုတဲ့ Article ကို ဆီလျော်သလို ဘာသာပြန်ထားတာဖြစ်ပါတယ်။ 🙏

01/12/2025

အချိန်က ဒါဏ်ရာတွေကို တကယ်ပဲ ကုစားပေးလား?

01/12/2025

Hello December!

30/11/2025

အကောင်းမြင်စိတ်

30/11/2025

Therapy တွေက စျေးကြီးပါတယ်
စိတ်တွေပင်ပမ်းလာတဲ့အခါ သဘာဝနဲ့ အချိန်ကုန်ဆုံးကြည့်ပါ

28/11/2025

May all beings be free from suffering and the causes of suffering. 🙏

“If you want others to be happy, practice compassion.If you want to be happy, practice compassion.”- Dalai Lama
15/11/2025

“If you want others to be happy,
practice compassion.
If you want to be happy,
practice compassion.”
- Dalai Lama

ที่อยู่

Chiang Mai
50000

เวลาทำการ

จันทร์ 10:00 - 16:00
อังคาร 10:00 - 16:00
พุธ 10:00 - 16:00
พฤหัสบดี 10:00 - 16:00
ศุกร์ 10:00 - 16:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yey O Sinผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram