Myanmar Health Support -MHS

Myanmar Health Support -MHS "Our MHS team has been trying to support the basic health, physical and mental fitness "
(1)

17/02/2026

ကျောင်းကျန်းမာရေးပညာပေး

16/02/2026

💪😘

15/02/2026

🧧✨ တရုတ်နှစ်ကူးမင်္ဂလာပါ ✨🧧
****

နှစ်သစ်ရဲ့ နေရာင်ခြည်လို
အိပ်မက်တွေ တောက်ပပါစေ…
မီးပန်းလေးတွေလို
ပျော်ရွှင်မှုတွေ လင်းလက်ပါစေ…

အခက်အခဲဟောင်းတွေကို ချန်ထားပြီး
ကံကောင်းခြင်းနဲ့ အောင်မြင်မှုအသစ်တွေကို
လက်ခံကြိုဆိုနိုင်တဲ့ နှစ်သစ်ဖြစ်ပါစေ…

မိသားစုနဲ့အတူ
ချစ်ခြင်းမေတ္တာအပြည့်နဲ့
နွေးထွေးတဲ့အချိန်များစွာ ရရှိပါစေ ❤️

新年快乐 🏮✨

14/02/2026

Happy Valentine Day

“ Love Smart! Not Fast”**********In celebration of Valentine’s Day, (Myanmar Health Support-MHS )organized and led an ed...
14/02/2026

“ Love Smart! Not Fast”
**********

In celebration of Valentine’s Day, (Myanmar Health Support-MHS )organized and led an educational awareness and discussion session under the theme “ Love Smart! Not Fast” for our adolescent students.

During the session, medical professionals provided insights from a health perspective, highlighting the physical and psychological changes that occur during adolescence.

They explained, based on scientific evidence, how hormonal changes during puberty can lead to rapid emotional shifts, heightened feelings of excitement and increased curiosity about relationships.

The discussion also covered essential sexual and reproductive health knowledge, emphasizing the importance of informed decision making to prevent unintended pregnancies and sexually transmitted infections (STIs).

Special attention was given to building self protection skills, understanding and respecting personal boundaries and fostering responsible and healthy relationships.

Beyond learning how to care for and respect others, the core message of “ Love Smart! Not Fast” encouraged young people to prioritize self care, recognize their self worth and maintain strong mental and emotional well being.

With active student led discussions and engaging games, the event was not only enjoyable but also a meaningful learning experience strengthening knowledge, responsibility and critical thinking skills among our youth.

14/02/2026

Love Smart ! Not Fast

14/02/2026

မိမိကိုယ်ကို ပိုချစ်ပါ valentine Day

13/02/2026

Love Smart ! Not Fast

Valentine’s Day အထိမ်းအမှတ် “ Love Smart!Not Fast”****************Valentine’s Day အမှတ်တရအဖြစ် “Love Smart !Not Fast” ခေ...
13/02/2026

Valentine’s Day အထိမ်းအမှတ် “ Love Smart!Not Fast”
****************

Valentine’s Day အမှတ်တရအဖြစ် “Love Smart !Not Fast” ခေါင်းစဉ်ဖြင့် ယနေ့ ကျွန်ုပ်တို့၏ အရွယ်ရောက်ပြီးသား ကျောင်းသား၊ ကျောင်းသူများအတွက် အသိပညာပေးနှင့် မျှဝေဆွေးနွေးမှုအစီအစဉ်ကို MHSက ဦးဆောင်ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အစီအစဉ်အတွင်း ဆေးပညာရှုထောင်မှ ပျိုဖော်ဝင်စအရွယ်လူငယ်များ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို အထူးအလေးပေးဆွေးနွေးခဲ့သည်။

ပျိုဖော်ဝင်စကာလတွင် ဟော်မုန်းပြောင်းလဲမှုများကြောင့် စိတ်ခံစားမှု အလွန်မြန်ဆန်စွာ ပြောင်းလဲနိုင်ခြင်း၊ စိတ်လှုပ်ရှားမှုများတက်တက်ကြွကြွ ဖြစ်ပေါ်လာခြင်း၊ အပြန်အလှန်ဆက်ဆံရေးအပေါ် စူးစမ်းလိုစိတ် တိုးပွားလာခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ဆရာဝန်များမှ သိပ္ပံအခြေပြု အချက်အလက်များဖြင့် ရှင်းလင်းမျှဝေခဲ့သည်။

ထို့ပြင် လိင်နှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများ၊ မလိုလားအပ်သော ကိုယ်ဝန်ဆောင်မှုနှင့် လိင်မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါများကို ကာကွယ်နိုင်ရေးအတွက် အသိပညာရှိရှိ ဆုံးဖြတ်နိုင်မှု၏ အရေးပါမှုကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

မိမိကိုယ်ကိုကာကွယ်နိုင်စွမ်း၊ နယ်နိမိတ်သတ်မှတ်နိုင်မှု (personal boundaries) နှင့် တာဝန်ယူမှုရှိသော ဆက်ဆံရေးတည်ဆောက်နိုင်ရေးတို့ကိုလည်း အလေးပေးမီးမောင်းထိုးပြခဲ့သည်။

အခြားသူကိုချစ်တတ်ခြင်းအပြင် မိမိကိုယ်ကိုဂရုစိုက်ခြင်း၊ မိမိတန်ဖိုးကို သိမြင်တတ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်ထိန်းသိမ်းနိုင်ရေးသည် “ Love Smart !Not Fast” MHS ၏ အဓိကသတင်းစကားဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ဦးဆောင်ဆွေးနွေးခြင်းနှင့် ဂိမ်းအစီအစဉ်များဖြင့် ပါဝင်ဆောင်ရွက်ခဲ့သဖြင့် ပျော်ရွှင်ဖွယ်နေ့တစ်နေ့ဖြစ်ခဲ့သည်သာမက အရွယ်ရောက်စလူငယ်များအတွက် အသိပညာ၊ တာဝန်ယူမှုနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်းကို တိုးတက်စေသည့် အတွေ့အကြုံတစ်ရပ်ဖြစ်သည်။

13/02/2026

❤️Love Smart !Not Fast ❤️

Building Resilient Student and Youth Communities Against Online Scams and Misinformation***********Media and Information...
12/02/2026

Building Resilient Student and Youth Communities Against Online Scams and Misinformation
***********

Media and Information Literacy (MIL) Clubs were successfully established and implemented across three migrant learning centers along the Thai-Myanmar border.

The Mae Sot area is home to diverse migrant and displaced communities. With the rapid expansion of digital technology and social media access, online scams, misinformation and disinformation have become increasingly prevalent and concerning.

In such a complex information landscape where content is widely accessible yet not always credible equipping young people with critical thinking skills and digital awareness is both timely and essential.

Throughout the MIL Club sessions, students engaged in interactive learning activities designed to strengthen their ability to evaluate information sources, recognize deceptive content and respond responsibly in digital spaces.

During the closing ceremony, participants reflected on the impact of the program, sharing that they have become more cautious about online fraud and misleading information.

They expressed greater confidence in identifying unreliable sources and understanding the risks associated with digital platforms.

Importantly, students emphasized that they now recognize the importance of verifying information before sharing it. Many reported that they have begun applying these skills in their daily lives and are actively sharing their knowledge with peers and family members thereby extending the program’s impact beyond the classroom and into the broader community.

In today’s interconnected world, the rapid spread of misinformation transcends national boundaries; it is a global challenge affecting societies everywhere.

Strengthening young people’s capacity to critically assess information, distinguish credible sources, and practice responsible digital citizenship is fundamental to building informed and resilient communities.

The implementation of MIL initiatives in the Thai-Myanmar border context addresses pressing local needs while contributing to broader global efforts to promote information integrity and digital responsibility.

By empowering students with practical skills and critical awareness, this initiative fosters safer information environments and supports long-term community resilience.

အွန်လိုင်းလိမ်လည်မှုနှင့် မှားယွင်းသတင်းများကို ရင်ဆိုင်နိုင်သော ကျောင်းသားလူငယ်ရပ်ဝန်းများ တည်ဆောက်ခြင်း***************...
12/02/2026

အွန်လိုင်းလိမ်လည်မှုနှင့် မှားယွင်းသတင်းများကို ရင်ဆိုင်နိုင်သော ကျောင်းသားလူငယ်ရပ်ဝန်းများ တည်ဆောက်ခြင်း
****************

Media and Information Literacy (MIL) ကလပ်များကို MHS မိတ်ဖက် ရွှေ့ပြောင်း သင်ကြားရေးစင်တာ ၃ ခုတွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ထိုင်း–မြန်မာနယ်စပ်ရှိ မဲဆောက်ဒေသတွင် ရွှေ့ပြောင်းနေထိုင်သူများနှင့် နေရပ်စွန့်ခွာပြောင်းရွှေ့လာသူများ အပါအဝင် မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းများ နေထိုင်လျက်ရှိပါသည်။

ဒစ်ဂျစ်တယ်နည်းပညာနှင့် လူမှုမီဒီယာ အသုံးပြုမှု တိုးလာသည့်အခြေအနေတွင် အွန်လိုင်းလိမ်လည်မှုများ၊ မှားယွင်းသတင်းအချက်အလက်များ (misinformation) နှင့် ရည်ရွယ်ချက်ရှိရှိ လွဲမှားဖန်တီးထားသော သတင်းအချက်အလက်များ (disinformation) ပျံ့နှံ့လာခြင်းသည် ပိုမိုစိုးရိမ်ဖွယ် အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်လာပါသည်။

သတင်းအချက်အလက်များကို လွယ်ကူစွာ ရယူနိုင်သော်လည်း အမြဲတမ်း ယုံကြည်စိတ်ချရမည့်အရာ မဟုတ်သော ထိုသို့သော ရှုပ်ထွေးသော သတင်းအချက်အလက်ပတ်ဝန်းကျင်အတွင်းတွင် ကျောင်းသား/သူများအား ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် ဒစ်ဂျစ်တယ်အသိပညာတို့ ပံ့ပိုးပေးခြင်းသည် အလွန်အရေးကြီးပါသည်။

ဒီနေ့ပိတ်ပွဲအခမ်းအနားတွင် ကျောင်းသား/သူများက MIL Club အစီအစဉ်များတွင် ပါဝင်ပြီးနောက် အွန်လိုင်းလိမ်လည်မှုများနှင့် လှည့်ဖြားသတင်းအချက်အလက်များအပေါ် ပိုမိုသတိထားလာနိုင်ကြောင်း မျှဝေခဲ့ပါသည်။

လိမ်လည်မှု ဖြစ်နိုင်ချေများကို ပိုမိုသတိပြုမိလာကြောင်းနှင့် ယုံကြည်စိတ်ချရမှု မရှိနိုင်သည့် အရင်းအမြစ်များကို ခွဲခြားသိရှိနိုင်ခြင်းအပေါ် ယုံကြည်မှု ပိုမိုရရှိလာကြောင်းလည်း ဆိုပါသည်။

အရေးကြီးဆုံးအနေဖြင့် မှားယွင်းသော သို့မဟုတ် လှည့်ဖြားသော သတင်းအချက်အလက်များနှင့် ကြုံတွေ့ရသည့်အခါ မျှဝေမီ အတည်ပြုစစ်ဆေးရန် လိုအပ်ကြောင်းကို ယခုအခါ နားလည်လာကြောင်း အလေးထား ပြောပါသည်။

ထို့ပြင် ကျောင်းသား/သူများအများစုက မိမိတို့ရရှိထားသော အသိပညာများကို သူငယ်ချင်းများနှင့် မိသားစုဝင်များအား မျှဝေပေးလာကြောင်း ပြောကြားခဲ့ပြီး၊ ထိုသို့ မျှဝေခြင်းသည် အသိုင်းအဝိုင်းတစ်ရပ်လုံး၏ အသိပညာမြှင့်တင်ရေးတွင် အထောက်အကူပြုလျက်ရှိသည်။

ယနေ့ခေတ် ကမ္ဘာလုံးဆိုင်ရာ အခြေအနေတွင် မှားယွင်းသတင်းအချက်အလက်များ ပျံ့နှံ့ခြင်းသည် တစ်နိုင်ငံတစ်ဒေသအတွင်းသာ မကန့်သတ်တော့ဘဲ နယ်စပ်များကို ဖြတ်ကျော်ကာ လူမှုအသိုင်းအဝိုင်းများကို ထိခိုက်စေသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါသည်။

လူငယ်များအနေဖြင့် သတင်းအချက်အလက်များကို ဝေဖန်စဉ်းစား သုံးသပ်နိုင်စွမ်း၊ ယုံကြည်စိတ်ချရသော အရင်းအမြစ်များကို ခွဲခြားနိုင်စွမ်းနှင့် ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်အတွင်း တာဝန်ရှိစွာ ပြုမူဆောင်ရွက်နိုင်စွမ်းများကို တိုးတက်ခိုင်မာစေရန် လုပ်ဆောင်ခြင်းသည် အသိပညာပြည့်ဝပြီး ခိုင်မာတည်ငြိမ်သော လူမှုအသိုင်းအဝိုင်းများ တည်ဆောက်ရာတွင် အခြေခံအုတ်မြစ် ဖြစ်ပါသည်။

ထို့ကြောင့် ထိုင်း–မြန်မာနယ်စပ်အခြေအနေအတွင်း MIL-Club အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်ထည့်သွင်းစဉ်းစားခြင်းသည် ဒေသဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက တာဝန်ရှိသော ဒစ်ဂျစ်တယ်နိုင်ငံသားဖြစ်မှုနှင့် သတင်းအချက်အလက်မြှင့်တင်ရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုများနှင့်လည်း ကိုက်ညီဆက်စပ်လျက်ရှိပါသည်။

ကျောင်းသား/သူများအား လက်တွေ့အသုံးချနိုင်သော ကျွမ်းကျင်မှုများနှင့် ဝေဖန်စဉ်းစားနိုင်သော အသိပညာများ ပံ့ပိုးပေးခြင်းဖြင့် ဤအစီအစဉ်သည် ပိုမိုလုံခြုံသော သတင်းအချက်အလက်ပတ်ဝန်းကျင် တည်ဆောက်ရာတွင် အထောက်အကူပြုကာ ရေရှည် လူမှုခိုင်မာတည်ငြိမ်ရေးကို ပံ့ပိုးပေးလျက်ရှိသည်။

ที่อยู่

17/15 Near Testco Lotus ( Big) Mae Sot District
Tak
63110

เบอร์โทรศัพท์

+66928588943

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Health Support -MHSผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Myanmar Health Support -MHS:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram