08/01/2026
ကျန်းမာတဲ့ သွားများနှင့် ပျော်ရွှင်တဲ့ အပြုံး
*************
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization – WHO) မှ ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည့် Global Burden of Disease (GBD) သုတေသနရလဒ်များအရ၊ သွားခံတွင်းဆိုင်ရာ ရောဂါများသည် လူတစ်ဦး၏ တစ်သက်တာအတွင်း ကျန်းမာရေးနှင့် နေ့စဉ်ဘဝအပေါ် အလွန်ကြီးမားသော သက်ရောက်မှုရှိနေကြောင်း ဖော်ပြထားပါသည်။
သုတေသနအရ
• လူကြီးများတွင် ဆေးကုသမှု မခံရသေးသော သွားပိုးစားခြင်းသည် ကျန်းမာရေးဝန်ထုပ်ဝန်ပိုး အမြင့်ဆုံး အဆင့်တွင် ပါဝင်နေပါသည်။
• ပြင်းထန်သော သွားဖုံးရောဂါများသည် သွားယိုယွင်းခြင်း၊ သွားဆုံးရှုံးခြင်းများကို ဖြစ်စေကာ အစာစားခြင်းနှင့် စကားပြောခြင်းအထိ ထိခိုက်စေနိုင်ပါသည်။
• ကလေးများတွင် သွားပိုးစားခြင်းကို အချိန်မီ မကုသပါက နာကျင်မှု၊ အစာစားရန်ခက်ခဲမှုနှင့် သင်ယူနိုင်စွမ်းအပေါ် ထိခိုက်စေနိုင်ပါသည်။
ထို့ကြောင့် သွားခံတွင်းကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းခြင်းသည် အသက်အရွယ် မရွေး လူတိုင်းအတွက် မဖြစ်မနေ လိုအပ်သော ကျန်းမာရေးအလေ့အကျင့်တစ်ရပ်ဖြစ်ပါသည်။
ငယ်စဉ်ကတည်းက သွားကို တစ်နေ့ နှစ်ကြိမ် မှန်ကန်စွာ သန့်ရှင်းဆေးကြောခြင်း၊ သကြားပါဝင်သော အစားအစာများကို ထိန်းချုပ်စားသုံးခြင်း၊ သွားဆရာဝန်နှင့် ပုံမှန် စစ်ဆေးကုသမှု ခံယူခြင်းများကို လိုက်နာပါက သွားခံတွင်းရောဂါများကို ကာကွယ်နိုင်ပြီး ကျန်းမာသန်စွမ်းသော ဘဝကို ရရှိနိုင်မည် ဖြစ်ပါသည်။
According to the Global Burden of Disease (GBD) study conducted by the World Health Organization (WHO) between 1990 and 2010, oral and dental diseases are among the conditions that place the greatest burden on people’s health throughout their lifetime.
The study highlights that:
• Untreated dental caries in permanent teeth rank among the leading causes of health burden worldwide.
• Severe periodontal (gum) disease can lead to tooth mobility and tooth loss, affecting eating, speaking, and overall quality of life.
• Untreated dental caries in children can cause pain, infection, difficulty in eating, and reduced ability to learn and concentrate.
• Severe tooth loss significantly affects nutrition self-confidence and daily functioning.
These findings show that oral health is closely linked to overall health and well being at all ages.
Good oral health should begin in early childhood. Brushing teeth twice daily with fluoride toothpaste limiting sugary foods and drinks and visiting a dental professional regularly can help prevent oral diseases and support a healthy confident life.