TheyogabawaJourney

TheyogabawaJourney 🧘‍♀️ Yoga + Daily Life

Sharing my journey in the US

Stretch, Breathe & Enjoy Every Moment

မနက်ခင်းကို ယောဂ နဲ့ အစပြုမယ်ဆို ဘာတွေ ပြောင်းလဲလာနိုင်လဲ 1. ကိုယ်ခန္ဓာကို နိုးကြားစေခြင်း 🌞မနက်ခင်း Yoga က အိပ်စက်ရာကနေ...
03/06/2026

မနက်ခင်းကို ယောဂ နဲ့ အစပြုမယ်ဆို ဘာတွေ ပြောင်းလဲလာနိုင်လဲ

1. ကိုယ်ခန္ဓာကို နိုးကြားစေခြင်း 🌞
မနက်ခင်း Yoga က အိပ်စက်ရာကနေ ထပြီးနောက် တင်းကျပ်နေတဲ့ အကြောများနှင့် အဆစ်များကို နူးညံ့စွာ လှုပ်ရှားပေးပြီး ကိုယ်ခန္ဓာကို နေ့တစ်နေ့အတွက် အသင့်ဖြစ်အောင် ပြင်ဆင်ပေးပါတယ်။

2. အာရုံစူးစိုက်မှုနှင့် စိတ်ကြည်လင်မှု တိုးတက်စေခြင်း 🧠
အသက်ရှူခြင်းနှင့် လှုပ်ရှားမှုတို့က စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကို တိုးတက်စေပါတယ်။ နေ့တစ်နေ့လုံး ပိုမိုကြည်လင်ပြီး တက်ကြွစေပါတယ်။

3. သဘာဝစွမ်းအင် တိုးပွားစေခြင်း ⚡
ကော်ဖီကိုသာ အားမကိုးဘဲ Yoga က သွေးလည်ပတ်မှုနှင့် အောက်စီဂျင်ရောက်ရှိမှုကို တိုးစေပြီး သဘာဝစွမ်းအင်ကို ပေးပါတယ်။

4. စိတ်ဖိစီးမှုနှင့် စိုးရိမ်မှု လျော့ချပေးခြင်း 🌿
နှေးကွေးတဲ့ အသက်ရှူခြင်းနှင့် သတိပြု လှုပ်ရှားမှုတို့က အာရုံကြောစနစ်ကို ညှိနှိုင်းပေးပြီး မနက်ခင်းကို အေးချမ်းစွာ စတင်နိုင်စေပါတယ်။

5. ကိုယ်ခန္ဓာ လွတ်လပ်မှုနှင့် ကိုယ်နေရာညှိမှု တိုးတက်စေခြင်း 🤸‍♀️
မနက်ခင်း Stretching က အကြောများကို ရှည်လျားစေပြီး ကိုယ်ဟန် posture ကိုကောင်းမွန်စေကာ ကျန်းမာတဲ့ လှုပ်ရှားမှုကို ထောက်ပံ့ပေးပါတယ်။

6. အပြုသဘော စိတ်ထား တည်ဆောက်ခြင်း 💫
Yoga နဲ့ နေ့တစ်နေ့ကို စတင်ခြင်းက ရည်ရွယ်ချက်တစ်ခုထားနိုင်စေပြီး ကျေးဇူးတင်စိတ်နဲ့ တည်ငြိမ်မှုကို ဖန်တီးပေးပါတယ်။


#မနက်ခင်းယောဂ



ဘာလေ့ကျင့်ခန်းမှ မလုပ်နိုင်သေးဘူးလား? နေ့တိုင်းအကြောလျှော့ကြည့်ပါ။ 🧘တစ်နေ့ကို မိနစ်အနည်းငယ်လောက်ပဲ အကြောလျှော့ကြည့်မယ်ဆိ...
03/05/2026

ဘာလေ့ကျင့်ခန်းမှ မလုပ်နိုင်သေးဘူးလား? နေ့တိုင်းအကြောလျှော့ကြည့်ပါ။ 🧘
တစ်နေ့ကို မိနစ်အနည်းငယ်လောက်ပဲ အကြောလျှော့ကြည့်မယ်ဆို ~~~
✅ အဆစ်တွေကို လှုပ်ရှားမှုအားကောင်းစေတယ်။
✅ သွေးလှည့်ပတ်မှုကောင်းစေတယ်။
✅ နေရထိုင်ရ ပိုပေါ့ပါးပြီး သွက်လက်လာမယ်။
✅ အလုပ်တွေကို သွက်သွက်လက်လက် လုပ်နိုင်လာမယ်။
✅ မတော်တဆ ချော်လဲတာ၊ ဟန်ချက်မညီပဲ ယိုင်တာတွေကို ကာကွယ်ပေးတယ်။
✅ ဒူးနာ၊ ခါးနာ၊ ကျောနာသက်သာလာမယ်။
✅ ပခုံးနာတာ‌တွေ၊ ဇက်ကြောအရမ်းတက်တာတွေ၊ ခေါင်းထိုးကိုက်တာတွေ သက်သာလာမယ်။
✅ အသက်ရှူစနစ်ကို အထောက်အပံ့ဖြစ်စေတယ်။
✅ အိပ်ပျော်စေတယ်။
✅ ကိုယ်ဟန်မတ်ပြီး ကြည့်ကောင်းစေတယ်။
✅ အရပ်ရှည်တဲ့ပုံစံပေါက်စေပါတယ်။
ကျွန်မတို့ရဲ့ ယောဂသင်တန်းများမှာတော့ ယောဂနည်းလမ်းနဲ့ အကြောပြေလျော့ပြီးသားဖြစ်ပါတယ်။ ဘယ်နည်းလမ်းနဲ့ပြ အကြောလျှော့လျှော့ ၊ အကျိုးကျေးဇူးတွေက ရက်ပိုင်းနဲ့သိသာလာနိုင်တာကြောင့် အားလုံးလုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။


#မနက်ခင်းယောဂ



03/04/2026

တစ်နေ့မှာ…
မနက်အိပ်ယာထလာတဲ့အချိန်
“လုပ်ချင်ခဲ့တာတွေ မလုပ်ရသေးဘူး” လို့ နောင်တရမယ့်နေ့ မရောက်စေချင်ဘူး။

ဘဝမှာ အရာအားလုံး ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး။
အချိန်မှန်ကို မစောင့်ပါနဲ့…
ကိုယ့်စိတ်နှလုံး အဆင်သင့်ဖြစ်တဲ့အချိန်ကပဲ အချိန်မှန် ဖြစ်ပါတယ်။

သင့်မှာ မြင်ကွင်း (vision) တစ်ခု ရှိရင်
သင့်စိတ်ထဲက အသံက “လုပ်နိုင်တယ်” လို့ ပြောနေတယ်ဆိုရင်
အသက်ရှူသံနဲ့အတူ ယုံကြည်မှုကို ခံယူပြီး
တစ်လှမ်းချင်း စလိုက်ပါ။

သင့်ကို တားဆီးထားနိုင်တာက
ကြောက်ရွံ့မှုနဲ့ သံသယပဲ ဖြစ်တတ်ပါတယ်။
ဒါပေမယ့် သင့်အတွင်းမှာရှိတဲ့ အလင်းက ပိုအားကောင်းပါတယ်။

ဒီနေ့ကို လေးမြတ်ပါ။
ဒီအခိုက်အတန့်ကို အသုံးချပါ။
ယနေ့က စတင်ဖို့ အကောင်းဆုံးနေ့ ဖြစ်ပါတယ် 🌿✨


#မနက်ခင်းယောဂ



အိုဇာတာကောင်းချင်ရင် လိုက်နာရမဲ့ အချက် (၃) ချက်1. အသက်အရွယ်ကြောင့် အရိုးအားနည်းတာ၊ ကြွက်သားထုလျော့နည်းတာတွေကို ကာကွယ်ဖို...
02/27/2026

အိုဇာတာကောင်းချင်ရင် လိုက်နာရမဲ့ အချက် (၃) ချက်

1. အသက်အရွယ်ကြောင့် အရိုးအားနည်းတာ၊ ကြွက်သားထုလျော့နည်းတာတွေကို ကာကွယ်ဖို့ ကြွက်သားကိုအားဖြည့်ရပါမယ်။
2. အကြောပျော့ပျောင်းနေရင် ဒူး ၊ တင်ပါးဆုံနဲ့ ကျောရိုးတွေ ကျန်းမာပါတယ်။
3. လမ်းလျှောက်ခြင်းက နှလုံးနဲ့ အဆုတ်ကို အားကောင်းစေပါတယ်။

ဒါကြောင့် အိုဇာတာကောင်းစေဖို့ အကြောလျှော့ပါ။ ကြွက်သားလေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။

အရွယ်တင် ကျန်းမာနုပျိုပြီး ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုဖြစ်စေဖို့ ခြေလှမ်းစတင်ရန်အတွက် အသေးစိတ် သိရှိလိုသမျှကို Metta Page Messenger မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။ ☎️ 09799915529



#ယောဂ


02/26/2026

ယောဂဟာ လူတိုင်းအတွက် ဖြစ်ပါတယ်။
စတင် လေ့ကျင့်တဲ့အခါ ကျင့်စဉ်တိုင်းကို အပြည့်အဝလှုပ်ရှားနိုင်ဖို့၊ fit ဖြစ်ဖို့ မလိုပါဘူး။

ယောဂက ခန္ဓာကိုယ်အားအင်ကို တိုးစေတယ်၊ စိတ်ဖိစီးမှုလျော့ချပေးတယ်၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ပိုပြီး အလိုက်သင့်လေး အဆင်ပြေစေပါတယ်။

ပြင်းထန်စွာ လေ့ကျင့်မှမဟုတ်ဘဲ ပုံမှန်လုပ်သွားမယ်ဆို ပြောင်းလဲမှုကို မြင်ရမှာပါ။

လက်ရှိ ရောက်နေတဲ့နေရာကနေ စတင်ပါ။ သင့် အမြန်နှုန်းအတိုင်း အလိုက်သင့် လှုပ်ရှားပါ။
ယောဂက သင့်ရဲ့ အရာရာတိုင်းကို လက်ခံနေပါတယ်။


#မနက်ခင်းယောဂ



02/24/2026

“Present, Not Perfect”

အချစ်ရေးတစ်ခုကို အပြည့်အဝရှိဖို့ Perfect ဖြစ်ဖို့မလိုပါဘူး
Present ဖြစ်ဖို့ပဲလိုပါတယ်။

Partner yoga လုပ်တဲ့အခါ
တစ်ယောက်က ဦးဆောင်ရင် တစ်ယောက်က အားပေးတတ်ရမယ်
တစ်ခါတစ်ရံ အတူတူ အသက်ရှူပဲ ရှူနေရုံနဲ့လည်း လုံလောက်ပါတယ်။

Relationship ဆိုတာ
အနိုင်ယူဖို့မဟုတ်ဘူး
နားထောင်ဖို့ပါ။

ကာကွယ်စရာမရှိဘဲ စိတ်ဖွင့်နားထောင်နိုင်ခြင်း
မသက်သာတဲ့အချိန်တွေမှာတောင် လက်မလွတ်ပဲ ရပ်နေခြင်း
ဒါတွေက တကယ့်ကြီးထွားမှုပါ။

Balance ကိုရှာတွေ့တာမဟုတ်ဘူး
အတူတူ လေ့ကျင့်ရင်း တည်ဆောက်သွားတာပါ။

Relationship က Yoga လိုပဲ
Awareness
Compassion
နဲ့ အတူတူကြီးထွားချင်တဲ့ စိတ်က အရေးကြီးဆုံးပါ 🤍


#မနက်ခင်းယောဂ



ခန္ဓာကိုယ်က မပျော့ပျောင်းပဲ အကြောတွေတင်းနေတာ ဘာကြောင့်များပါလိမ့်🤔🔸အထိုင်များတာ 🔸အသက်ရလာလို့ ခန္ဓာကိုယ်က ကော်လဂျင်သိပ်မထ...
02/23/2026

ခန္ဓာကိုယ်က မပျော့ပျောင်းပဲ အကြောတွေတင်းနေတာ ဘာကြောင့်များပါလိမ့်🤔

🔸အထိုင်များတာ

🔸အသက်ရလာလို့ ခန္ဓာကိုယ်က ကော်လဂျင်သိပ်မထုတ်နိုင်တော့တာ

🔸ကိုယ် အားသန်တဲ့ဘက် ဥပမာ- ညာသန်ဆို ညာဘက်ကိုအသုံးများလို့ မသုံးတဲ့ဘက်က အကြောတွေတင်းနေတာ

🔸ထိခိုက်ဒဏ်ရာ ရထားတာ

ဒါတွေကြောင့် ခန္ဓာကိုယ်ပျော့ပျောင်းမှု (Flexibility) အားနည်းပြီး အကြောတင်းတာ၊ ညောင်းညာတာ၊ ကိုက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။

ခန္ဓာကိုယ် ပြန်ပျော့ပျောင်းဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ယောဂလေ့ကျင့်တာပါ။🧘🌱

ယောဂနည်းနဲ့ အကြောလျှော့ပေးတာ၊ အသက်ရှူသွင်းမှုကို အာရုံစိုက်ရင်း ကြွက်သားတွေကို relax ဖြစ်စေတာ၊ ကြွက်သား သန်မာဖို့လေ့ကျင့်ရင်း အကြောအချင်တွေလျော့စေတာကြောင့် Flexibility ကိုအားပေးပါတယ်
🥰

လေ့ကျင့်တဲ့အခါမှာလည်း Result သိသာဖို့

✅ တစ်ပတ်ကို သုံးလေးကြိမ်လောက် မှန်မှန် လေ့ကျင့်ပါ။

✅ အသက်ရှူသွင်း/ထုတ်ကို အာရုံထားပြီး စိတ်ကိုဖြေလျှော့ပါ။

✅ ဖြည်းဖြည်းမှန်မှန် လေ့ကျင့်ပါ။

✅ ခန္ဓာကိုယ်ကို ဖိအားမပေးပဲ နိုင်သလောက်ပဲ စိတ်ရှည်ရှည်လေ့ကျင့်ပါ။

*** ဒီ ( ၉ ) ကွက်ကို မှန်မှန် ဇွဲရှိရှိ (၃) လလောက် ဆက်လေ့ကျင့်ပေးကြည််ပါ၊ ရုံးက အပြန် / ဆိုင်က အပြန် ညှောင်းညာကိုက်ခဲသက်သာအောင် နေ့စဉ် မိနစ် (၂၀ ) လောက်ပေးကြည့်ပါ။

*** အသက်ရှူမှန်မှန်ရှူမှတ်ပြီး တကွက်ကို (၃၀) စက္ကန့်မှ ( ၁ ) မိနစ်ထိနေလို့ရပါတယ်။

*** ဘယ်/ ညှာ လေ့ကျင့်ပေးပါ။



#မနက်ခင်းယောဂ







02/22/2026

ယောဂ သို့မဟုတ် လေ့ကျင့်ခန်း မလုပ်ခင်စားမယ့် snack သည် လျင်မြန်စွာ အားအင်ပေးနိုင်ပြီး ဝမ်းမလေးဘဲ အလွယ်တကူ ကြေညက်နိုင်သော အစားအစာ ဖြစ်သင့်ပါတယ်။

🧘‍♀️ မရွေးချယ်ခင် သိထားသင့်သောအချက်များ

✔ အလွယ်တကူ ကြေညက်နိုင်ရမယ်
✔ သဘာဝ ကာဗိုဟိုက်ဒရိတ် (energy) ပါရမယ်
✔ အနည်းငယ် ပရိုတိန်း ပါရင် endurance ကောင်းစေတယ်
✔ အဆီများပြီး ဝမ်းလေးစေသောအစားအစာ မဖြစ်သင့်

⸝

⭐ ယောဂ / လေ့ကျင့်ခန်း မလုပ်ခင် အကောင်းဆုံး snacks

🍌 1. ငှက်ပျောသီး
• သဘာဝ ကာဗိုဟိုက်ဒရိတ် → အားအင်ပေး
• Potassium → ကြွက်သားကျစ်ခြင်း ကာကွယ်
👉 လေ့ကျင့်ခန်းမလုပ်ခင် 30–60 မိနစ်

🌴 2. (Dates) ၂–၃ လုံး
• သဘာဝ သကြား → လျင်မြန်သော energy
• Vinyasa, hot yoga, cardio မလုပ်ခင် သင့်တော်

🥜 3. Dates + သစ်သီးခြောက်/အခွံမာ nuts အနည်းငယ်
• ချက်ချင်း energy + ကြာရှည်ခံ fuel
• အချိန်ကြာလေ့ကျင့်ခန်းအတွက် ကောင်း

🥄 4. Greek yogurt + ပျားရည် အနည်းငယ်
• ပရိုတိန်း ပါ → ကြွက်သားအထောက်အကူ
• ဝမ်းမလေး

🍎 5. ပန်းသီး+ peanut butter
• energy balanced
• strength training မလုပ်ခင် ကောင်း

🥤 6. Smoothie သေးသေး

ပေါင်းဖျော်ပါ:
• ငှက်ပျောသီး
• နွါးနို့ / ဒီန်ချဉ် or almond milk
• chia seeds
→ ပေါ့ပါးပြီး အားအင်ပေး

⸝

⏰ စားသင့်တဲ့အချိန်
• 15–30 မိနစ်မတိုင်ခင် → dates ၁–၂ လုံး / ငှက်ပျောသီး အနည်းငယ်
• 30–60 မိနစ်မတိုင်ခင် → ငှက်ပျောသီး၊ yogurt၊ smoothie
• 1–2 နာရီမတိုင်ခင် → oatmeal သို့မဟုတ် toast + nut butter

⸝

❌ မလုပ်ခင် မစားသင့်တာများ

🚫 အစားအစာများများ
🚫 ဆီများသောအစားအစာ
🚫 ဖိုက်ဘာများလွန်းတာ
🚫 အစာပမာဏကြီးကြီး


#မနက်ခင်းယောဂ



02/21/2026

ဘဝဆိုတာ တခါတရံ ကိုယ့်မှာ ဝန်အလေးကြီး တင်ထားရသလို ခံစားရတတ်ပါတယ်။

အထူးသဖြင့် အရာအားလုံးကို တစ်ပြိုင်နက် ထမ်းထားဖို့ ကြိုးစားတဲ့အခါမှာပါ။

အရွယ်ရောက်လာခြင်းနဲ့
ဘဝရဲ့ အခန်းသစ်တွေထဲ ဝင်ရောက်သွားခြင်းဆိုတာ
ဖမ်းယူသင့်တာကို ဖမ်းယူပြီး
လွှတ်ချသင့်တာကို လွှတ်ချတတ်ခြင်း ကို သင်ယူရတာပါ။

အဲဒါက ဘာကိုဆိုလိုသလဲဆိုတော့
ဘယ်အရာတွေကို ထိန်းသိမ်းထားသင့်သလဲ
ဘယ်အရာတွေကို လွှတ်ချသင့်သလဲဆိုတာ သိလာခြင်းပါ။

အရာအားလုံးကို သင် မထမ်းထားနိုင်ပါဘူး။
မိမိထိန်းထားနိုင်တာကို ဆုံးဖြတ်ပြီး
ကျန်တာတွေကို လွှတ်ချလိုက်ပါ။

***ယောဂကျင့်စဉ်ထဲမှာလိုပဲ
မလိုအပ်တာကို ဖြေလျှော့တတ်ပြီး
ကျန်ရှိတာကို အသက်ရှူသွင်းထုတ်နဲ့ ထိန်းထားကာ
အသက်ရှူထုတ်တဲ့အခါ မလိုတော့တဲ့အရာတွေကို လေထဲသို့ လွှတ်ပေးလိုက်ပါတယ်။ 🧘‍♀️✨


#မနက်ခင်းယောဂ



02/20/2026

ပိုမိုရှိဖို့မဟုတ် — ရှိပြီးသားကို တန်ဖိုးထားပါ

ယောဂက ခန္ဓာကိုယ်ကိုလှုပ်ရှားခြင်းထက်
လက်ရှိကာလကို အပြည့်အဝ ခံစားနေထိုင်တတ်စေခြင်း ဖြစ်ပါတယ်။

မိမိအသက်ရှူသံကို သတိထားလေ့ကျင့်ရင်း
အတိတ်နဲ့ အနာဂတ်ထဲ မပျောက်ကွယ်တော့ဘဲ
လက်ရှိအခိုက်အတန့်မှာ နေတတ်လာပါတယ်။

ယောဂက ကျေနပ်တတ်မှု (Santosha) ကို သင်ပေးပါတယ် —
အရာများများရှိမှ မဟုတ်ဘဲ
ရှိပြီးသား အရာလေးတွေကို တန်ဖိုးထားတတ်ခြင်းပါ။

အမြဲ လောနေတတ်တဲ့ နေထိုင်မှုပုံစံကို နှေးစေတဲ့အတွက်
နေရောင်ရဲ့ နွေးထွေးမှူ၊ လေထဲက အေးမြမှုတိုင်းကို အသက်တစ်ခါ ရှုတိုင်းမှာပါ
အသက်ရှင်နေခြင်းရဲ့ အလှကို တွေ့မြင်လာပါတယ်။

✨ တကယ့် ယောဂလေ့ကျင့်မှုက
ယောဂဖျာပေါ်မှာမဟုတ်ပါ
နေ့စဉ်ဘဝထဲမှာပါ။


#မနက်ခင်းယောဂ



ရုံးသမားတွေ၊ အထိုင်များသူတွေ ဒီ​ယောဂ Flow ဘာကြောင့်လေ့ကျင့်သင့်လဲ? တစ်နေ့တာလုံး အလုပ်ထိုင်လုပ်ရတာ၊ ကွန်ပျူတာကြည့်ရတာ၊ de...
02/19/2026

ရုံးသမားတွေ၊ အထိုင်များသူတွေ ဒီ​ယောဂ Flow
ဘာကြောင့်လေ့ကျင့်သင့်လဲ?

တစ်နေ့တာလုံး အလုပ်ထိုင်လုပ်ရတာ၊ ကွန်ပျူတာကြည့်ရတာ၊ deadline တွေ၊ စိတ်ဖိစီးမှုတွေ ပြီးနောက်…
သင့်ခန္ဓာကိုယ်က ပြန်လည်အနားရဖို့ လိုအပ်ပါတယ်။ 🌿

ညနေခင်း ယောဂ flow လေးတစ်ခုပြုလုပ်ခြင်းက
တင်းကျပ်မှုတွေကို လျှော့ချပေးပြီး စိတ်ကို တည်ငြိမ်စေကာ အိပ်စက်ခြင်းကို ကောင်းမွန်စေပါတယ်။

✨ အလုပ်ပြီးနောက် ယောဂကျင့်ခြင်းရဲ့ အကျိုးကျေးဇူးများ

• အချိန်ကြာ အလုပ်ထိုင်လုပ်ခြင်းကြောင့် ဖြစ်တဲ့လည်ပင်း၊ ပခုံး၊ ကျော နာကျင်မှု လျော့နည်းစေပါတယ်
• တင်ပါးနှင့် ခြေထောက်ကြောတင်းတာကို လျော့စေပါတယ်
• စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှု လျော့ကျစေပါတယ်
• သွေးလည်ပတ်မှုကို တိုးတက်စေပါတယ်
• အိပ်စက်မှုကို နက်ရှိုင်းစေပြီး အနားရစေပါတယ်
• အာရုံကြောစနစ်ကို တည်ငြိမ်တဲ့ အခြေအနေသို့ ပြန်လည်ရောက်ရှိစေပါတယ်

နေ့စဉ် ၃၀–၄၅ မိနစ် လောက် ပြုလုပ်ရုံနဲ့တောင်
စိတ်ဖိစီးမှုမှ အနားယူမှုသို့ ပြောင်းလဲနိုင်ပါတယ်။

ယောဂဖျာကို ဖြန့်ပြီး အသက်ရှုပါ…
တစ်နေ့တာရဲ့ ပင်ပန်းမှုများကို လွှတ်ချလိုက်ပါ။ 🧘‍♀️
*** အသက်ရှူဖြည်းဖြည်းမှန်မှန်ရှူမှတ်ပါ။
*** တစ်ကွက်မှာ ဝင်လေ၊ ထွက်လေကို (၅)ကြိမ်ရှူမှတ်ပါ။

#ညနေခင်းယောဂ #စိတ်ဖိစီးမှုလျော့ #ကျန်းမာရေးကောင်းမွန်ရေး 🧘‍♀️

02/18/2026

စိတ်၏ချမ်းသာခြင်းနဲ့ပြည့်စုံဖို့ ကျွန်မနဲ့အတူယောဂလေ့ကျင့်ပြီးတိုင်း အသက်ရူလေ့ကျင့်ခန်း
တရားထိုင် / meditation ( 5 to 10 ) မိနစ် စလုပ်ကြည့်ဖို့ ဖိတ်ခေါ်ပါရစေ🌳

ကျွန်မတို့တတွေဟာ အလွန်သေးငယ်တဲ့စိတ်ခံစားချက်လေးတွေကိုတောင် ထိန်းချုပ်ဖို့ခက်ခဲတတ်ကြပါတယ်။ လမ်းမှာကားပိတ်ပြီး အချိန်မီမရောက်ရင်စိတ်တိုတာ၊ ချိန်းထားတဲ့သူက နောက်ကျနေရင် စိတ်မရှည်တာ၊ ထစ်ကနဲဆို ဒေါသထွက်မိတာတွေကအစ မထိန်းချုပ်နိုင်ကြပါဘူး။

ဒီလို မကောင်းတဲ့ခံစားချက်တွေစုပုံလာတဲ့အခါ ကြာလာတော့ စိတ်ထဲမှာအစိုင်အခဲတွေဖြစ်လာတယ်၊ မွန်းကျပ်လာတယ်၊ နေရတာမပျော်တော့ဘူး၊ ငြိမ်းချမ်းမှုနဲ့ဝေးကွာလာရပါတယ်။

စိတ်ချမ်းသာခြင်းကိုပြန်ရရှိဖို့ ကျွန်မကိုယ်တိုင်လက်တွေ့ရှာဖွေမိသွားတာက "ယောဂလေ့ကျင့်ပြီးတိုင်း တရားထိုင်ခြင်း ပါပဲ။ ယောဂဟာ ခန္ဓာကိုယ်ပျော့ပြောင်းစေပြီး အာရုံစုစိုက်အားပိုကောင်းပြီး တရားထိုင်ခြင်းက စိတ်ကိုကုစားဖို့နဲ့ ငြိမ်းအေးရာဆီလမ်းညွှန်ပေးနိုင်တဲ့ လေ့ကျင့်မှုတစ်ခုပါ။
✅ စိတ်ထိခိုက်လွယ်သူတွေ
✅စိတ်မရှည်တတ်သူတွေ၊ စိတ်တိုလွယ်သူတွေ
✅ တွေးပူတတ်သူတွေ၊ တွေဝေတတ်သူတွေ
✅ စိုးရိမ်သောကရောက်နေသူတွေ
✅ စိတ်ပင်ပန်းနေတာကို သိသိသာသာခံစားနေသူတွေအားလုံးကို ကျွန်မနဲ့အတူ ယောဂလေ့ကျင့်ပြီး တတရားထိုင်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်။

စိတ်၏ချမ်းသာခြင်းဆိုတဲ့ပန်းတိုင်ကိုရောက်အောင် ကျွန်မတို့အတူတကွ သွားကြည့်ကြစို့နော်။ ❇️


#မနက်ခင်းယောဂ



Address

425 Baker Street
Denver, CO
80502

Telephone

+959799915529

Website

Alerts

Be the first to know and let us send you an email when TheyogabawaJourney posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to TheyogabawaJourney:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram