စိန် ဆေးနှင့်ဆေးပစ္စည်း ကြာပို့ကန်တော်

စိန် ဆေးနှင့်ဆေးပစ္စည်း ကြာပို့ကန်တော် Good Health is the Best Wealth

💊ဆေးဝါးဖြင်.လုံးဝတွဲမသောက်သင်.သည်.အရာများ🤚🤚🤚🤚🤚🤚🤚🤚🤚🤚🤚🤚🤚ကျွန်တော်တ်ို. ဆေးဝါးများ စတင်သောက်သုံးတော.မည်ဆိုလျှင် သိထားသင်.သည...
09/27/2025

💊ဆေးဝါးဖြင်.လုံးဝတွဲမသောက်သင်.သည်.အရာများ🤚🤚🤚🤚🤚🤚🤚🤚🤚🤚🤚🤚🤚

ကျွန်တော်တ်ို. ဆေးဝါးများ စတင်သောက်သုံးတော.မည်ဆိုလျှင် သိထားသင်.သည်. အရေးကြီးသော
အရာဖြစ်ပါတယ်...

မိမိက ရောဂါ သက်သာ ပျောက်ကင်းစေချင်လို.
ဆေးသောက်မည်ဆိုပါက တွဲမသောက်သင်.သည်.
ဆေးဝါးများဖြင်. သောက်မိလျှင် ဆိုးကျိုးများစွာ မဖြစ်ပေါ်စေရန်အတွက် သိရှိထားသင်.ပါတယ်...

ဆေးဝါးများဖြင်.

🤚အချဉ်ဓါတ်ရှိတဲ့ အစားအစာများ

သံပုရာသီး၊ သံပရိုသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရု လိုမျိုး အချဥ်ဓါတ်ရှိတဲ့အသီးတွေ၊ အချဉ်ဓါတ်ထည့်သွင်းထုတ်လုပ်ထားတဲ့သောက်စရာတွေ၊
ခရမ်းချဉ်သီးဆော့စ် လိုမျိုး အချဉ်ဓါတ်ပါဝင်နေတဲ့ အစားအစာတွေကိုဆေးဝါးတွေနဲ့တွဲဖက်မစားသုံးသင့်ပါဘူး။
ခန္ဓါကိုယ်ကဆေးရဲ့အာနိသင်စုပ်ယူနိုင်မှုအပေါ် အဟန့်အတားဖြစ်စေနိုင်ပါတယ်...

🤚နွားနို့နဲ့နို့ထွက်ပစ္စည်း

နွားနို့မှာ ကယ်လ်ဆီယမ်ပါဝင်တာကြောင့် အရိုးတွေကို ကြံ့ခိုင်စေတယ်ဆိုပေမယ့် Antibiotics(ပဋိဇီဝဆေး) နဲ့တော့ တွဲမသောက်ပါနဲ့။
ဆေးစုပ်ယူနိုင်စွမ်းအပေါ် အဟန့်အတားဖြစ်စေနိုင်ပါတယ်။
တကယ်လို့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးထားတယ်ဆိုရင် အနည်းဆုံး ၃ နာရီခြားပြီးမှဆေးသောက်ပါ။ ဒိန်ချဉ်ကတော့ ခန္ဓါကိုယ်အတွက် အကျိုးပြုဘက်တီးရီးယားတွေပေါက်ဖွားနိုင်အောင် လုပ်ဆောင်ပေးတာကြောင့် ထိခိုက်ဒဏ်ရာတွေကိုမြန်မြန်အနာကျက်စေနိုင်သလို ကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။

🤚ချောကလက်

ချောကလက်ဟာ စိတ်ကိုတည်ငြိမ်စေတဲ့ဆေး ဒါမှမဟုတ် အိပ်ပျော်စေတဲ့ဆေးတွေကို အာနိသင်လျော့နည်းစေနိုင်ပါတယ်။
သူက စိတ်ကိုလန်းဆန်းစေတဲ့ဆေးတွေအတွက် အာနိသင်ပိုကောင်းစေဖို့ အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။
နောက်တစ်ချက်က စိတ်ကျရောဂါအတွက်ဆေးသောက်နေရတဲ့သူတွေမှာဆို အဲဒီဆေးနဲ့ချောကလက်ကို တွဲမိတဲ့အခါ အန္တရာယ်အဆင့်ထိသွေးပေါင်တက်စေနိုင်ပါတယ်။

🤚 အရက်၊ဘီယာ

အရက်၊ဘီယာနဲ့ အယ်လ်ကိုဟောပါသမျှတွေဟာဆေးဝါးတွေကို အာနိသင်လျော့စေ၊ ပျက်ပြယ်စေနိုင်ပါတယ်။ အထူးသဖြင့်သွေးပေါင်ကျဆေးနဲ့ နှလုံးဆေးတွေအတွက် ပိုဆိုးပါတယ်။
တချို့ဆေးတွေကိုတော့ ရှိသင့်တာထက် အားပိုပြင်းစေတာ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။

🤚ကော်ဖီ

ကော်ဖီက စိတ်ရောဂါအတွက်သောက်သုံးရတဲ့ဆေးတွေကို အာနိသင်လျော့စေပေမယ့် တခြားဆေးတွေအတွက်တော့ အာနိသင်ရော၊ဘေးထွက်ဆိုးကျိုးတွေပါ ပိုတိုးစေနိုင်ပါတယ်။
ဒါ့အပြင် ခန္ဓါကိုယ်ကို သံဓါတ်စုပ်ယူဖို့ခက်ခဲစေနိုင်ပါတယ်။
နောက်တစ်ချက်က ပန်းနာရင်ကျပ်ဝေဒနာရှင်တွေအနေနဲ့ကော်ဖီကိုလုံးဝရှောင်ရှားသင့်ပါတယ်။ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်က အာရုံကြောတွေအပေါ်မှာ သက်ရောက်မှုရှိသလို ရင်တုန်တာနဲ့ စိတ်အရမ်းလှုပ်ရှားတာမျိုးဖြစ်စေနိုင်ပါတယ်။

🤚ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေတာကြောင့် Antibiotics(ပဋိဇီဝဆေး) တွေနဲ့တွဲမသောက်သင့်တာပါ။
ခန္ဓါကိုယ်ထဲမှာ ပိုတက်ဆီယမ်ပမာဏအရမ်းများသွားတဲ့အခါ နှလုံးခုန်မမှန်တာ၊ နှလုံးခုန်မြန်တာကြောင့် ရင်တုန်တာမျိုးတွေခံစားရနိုင်ပါတယ်။
အထူးသဖြင့်သွေးတိုးရောဂါကြောင့်သောက်သုံးရတဲ့ဆေးဝါးတွေကို ငှက်ပျောသီးနဲ့တွဲဖက်စားသုံးတာမျိုးမလုပ်ပါနဲ့။
သွေးပေါင်အရမ်းကျသွားတာမျိုးဖြစ်စေနိုင်ပါတယ်..

သတိမပြုမိပဲ ဆေးဝါးတွေကိုတွဲသောက်လိုက်မိတဲ.အခါ
ဆိုးကျိုးများစွာ မဖြစ်ပေါ်စေရန်
အထက်ပါအစားအစာတွေကိုရှောင်ကြဉ်ပြီး ဆေးကို စနစ်တကျသောက်သုံးပေးပါလို့
ကျွန်တော် တို့ စိန် ဆေးဆိုင်မှ

ဗဟုသုတရရှိစေရန် စေတနာများဖြင်. ဖော်ပြပေးပါသည်.

ကျွန်တော်တို့ထပ်မံ၍လည်းနေ.စဥ်ဆေးပညာဗဟုသုတများ
ဆေးဝါးဗဟုသုတများ ဖော်ပြပေးပါဦးမည်...
အများသိရှိစေရန်လည်း
Like & Sharing ပြုလုပ်နိုင်ပါတယ်ခင်မျာ...

စေတနာများစွာဖြင်. ဆေးပညာသဘောတရား/ဆေးဝါးများစွာတတ်သိနားလည်ပြီး
ကျန်းမာသော ဘဝများပိုင်ဆိုင်နိုင်ကြပါစေ🙏
စေတနာများစွာဖြင်.🙏

စိန် ဆေးဆိုင်
ကြာပို့- ကန်တော်

👉 ခွေးရူးပြန်ရောဂါနှင့် ကာကွယ်ဆေးအကြောင်း မတော်တဆ ခွေးကိုက်ခံရတာတွေဟာ အတော်လေးအဖြစ်များကြသလို တယ်လီကျန်းမာရဲ့ Messenger ...
09/26/2025

👉 ခွေးရူးပြန်ရောဂါနှင့် ကာကွယ်ဆေးအကြောင်း

မတော်တဆ ခွေးကိုက်ခံရတာတွေဟာ အတော်လေးအဖြစ်များကြသလို တယ်လီကျန်းမာရဲ့ Messenger မှာ ဒီအကြောင်းနဲ့ဆက်စပ်ပြီး ကာကွယ်ဆေး ထိုးသင့်/မထိုးသင့်၊ ထိုးရင် ဘယ်လိုထိုးရတာလဲ ဆိုတာမျိုးတွေ အမေးများကြတဲ့အတွက် သိထားသင့်တဲ့ အခြေခံဗဟုသုတလေးတွေ စုစည်းပေးထားလိုက်ပါတယ်။..

🚨 ခွေးရူးပြန်ရောဂါဆိုတာ ဘာလဲ

Rabies ခေါ် ခွေးရူးပြန်ရောဂါဟာ ခွေးရူး ဗိုင်းရပ်စ်ပိုး‌ ကြောင့်ဖြစ်ရပြီး တိရိစ္ဆာန်တွေကနေ လူကိုကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။

လူမှာဖြစ်တဲ့ ခွေးရူးရောဂါရဲ့ ၉၆% ဟာ ခွေးတွေဆီက ကူးတာပါ။ ဒါပေမယ့် သွေးနွေးသတ္တဝါတွေဖြစ်တဲ့ အိမ်မွေးကြောင်၊ နွား၊ မြင်း၊ မြေခွေး၊ မျောက်တွေ၊ လင်းနို့တွေ ကိုက်မိရင် ဒါမှမဟုတ် လူ့ခန္ဓာကိုယ်မှာရှိတဲ့ ပွန်းပဲ့ဒဏ်ရာ၊ အနာနဲ့ မျက်စိတို့ကို တိရိစ္ဆာန်ရဲ့လျှာနဲ့လျက်မိရင်လည်း ကူးနိုင်ပါတယ်။

ဒါကြောင့် မိမိဝန်းကျင်မှာ သွားရည်တွေကျပြီး ဖျားနာနေတဲ့ အိမ်မွေးတိရိစ္ဆာန်‌တွေ၊ မွေးမြူရေးတိရိစ္ဆာန်တွေ ရှိနေရင် သူတို့ကိုကို ထိတွေ့ကိုင်တွယ်ရာမှာ အထူးသတိထားရပါမယ်။....

🚨 ခွေးကိုက်ခံရရင် ဘာလုပ်ရမလဲ

ခွေးတံတွေးမှာ ခွေးရူးပြန်ရောဂါပိုး ပါရှိနေနိုင်တာမို့ အနာကို ရေ၊ ဆပ်ပြာနဲ့ (၁၀) မိနစ်မှ (၁၅) မိနစ်အထိ အချိန်ကြာကြာ သေချာဆေးပါ။ ဆပ်ပြာမရှိရင် ရေနဲ့ပဲ ဆေးပါ။
*** (ဒီအချက်ဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်) ***

အနာကို အရက်ပြန် သို့မဟုတ် အိုင်အိုဒင်း ဆေးဝါရည် ရှိရင် လိမ်းပါ။

ပြီးရင် အနီးစပ်ဆုံး ဆေးကုသမှုဌာနကို သွားရပါမယ်။....

🚨 ခွေးကိုက်ခံရလျှင် ဘာတွေ မလုပ်သင့်ဘူးလဲ

‌အကိုက်ခံရ‌တဲ့ အနာကို အရွက်တွေအုံတာ၊ ထောင်းထုပြီး ထည့်တာ၊ ဆေးမှုန့်တွေ ထည့်တာ၊ မန်းမှုတ်တာ၊ အနာကို တင်းကျပ်စွာ ဖုံးအုပ်တာ၊ ပတ်တီးစီးတာ၊ ပလာစတာကပ်တာတွေ မလုပ်ရပါ။ ....

🚨 ခွေးရူးရောဂါဟာ ကုသလို့ရလား

ခွေးရူးရောဂါဖြစ်ရင် ကုသဖို့ ဆေးမရှိပါ။ လူနာကို နာကျင်မှု အနည်းနိုင်ဆုံးနဲ့ သက်တောင့်သက်သာဖြစ်အောင်ထားတဲ့ ကုသမှုမျိုးပဲ လုပ်ပေးနိုင်ပါတယ်။

တိတ်ဆိတ်ပြီး ဘာသံမှ မကြားရတဲ့အခန်းမှာ လူနာကို ထားရပါတယ်။ အသံ၊ အလင်း၊ လေ‌အေးအေး စတဲ့ အရာတွေက လူနာကို နာကျင်ပြင်းထန်တဲ့ ကြွက်သားတောင့်တင်းမှုတွေ၊ တက်ခြင်းတွေ ဖြစ်စေပါတယ်။ အိပ်ဆေး၊ အတက်ကျဆေးတွေ ပေးရပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ခဲ့ရင် ရောဂါကိုကုသဖို့ဆေး လုံးဝမရှိဘဲ သေဆုံးနှုန်းဟာ (၁၀၀) ရာခိုင်နှုန်းပါ။

ခွေးရူးပြန်ရောဂါဆိုတာ ခွေးကိုက်ပြီး အချိန်မီကာကွယ်ဆေး အပြည့်မထိုးလို့ ဖြစ်ပေါ်လာရတယ်ဆိုတာလည်း သတိပြုစေချင်ပါတယ်။ ....

🚨 ခွေးကိုက်ခံရရင် ဆေးမထိုးသေးဘဲ ခွေးရူး၊ ခွေးကောင်း ဟုတ်/မဟုတ် (၁၀) ရက် စောင့်ကြည့်လို့ရလား

လုံးဝ မရပါဘူး။ (၁၀) ရက်အတွင်း ခွေးမရူးခင် လူက ခွေးရူးရောဂါ ဖြစ်နိုင်ပါတယ်။ ဆေးထိုးရပါမယ်။....

🚨 ဘယ်လိုပုံစံ အကိုက်ခံရရင် ဆေးထိုးရမလဲ

ခွေးရူး‌ရောဂါ ရှိတယ်ထင်ရတဲ့ တိရစ္ဆာန်ရဲ့ ကိုက်ခံရတဲ့ အနာကို ဒဏ်ရာပြင်းထန်မှုပေါ် မူတည်ပြီး အမျိုးအစား Category (၃) ခု ခွဲနိုင်ပါတယ်။

• Category I - ခွေးက ကိုယ့်အသားကို ထိရုံထိမိတာ၊ အသားကို လျှာနဲ့လျက်မိတာ။ အသား/အရေပြား ပေါက်ပြဲသွားခြင်း လုံးဝမရှိ။
(ဒီအနာမျိုးကို ရေ၊ ဆပ်ပြာနဲ့ သေချာစွာ ဆေးရပါမယ်။ ဆေးထိုးစရာမလိုပါ။)

• Category II - သွေးမထွက်ပေမယ့် ‌အပေါ်ယံအရေပြား လန်သွားတာမျိုးပါ။
(အနာကို ဆေးကြောခြင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ရပါမယ်။)

• Category III - တစ်ချက်ထဲဖြစ်စေ အချက်များစွာ ဖြစ်စေ အရေပြားအောက်ထိ နစ်ဝင်ကိုက်ခံရခြင်း၊ မျက်နှာ၊ လည်ပင်း၊ ခေါင်း၊ လက်၊ မျိုးပွားအင်္ဂါအနီးတစ်ဝိုက်ကို ကိုက်ခံရခြင်း၊ မျက်လုံးစတဲ့ အမြှေးပါးနေရာတွေကို တိရိစ္ဆာန်က လျက်မိခြင်း၊ မိမိခန္ဓာကိုယ်က အနာ၊ ပေါက်ပြဲဒဏ်ရာများကို တိရစ္ဆာန်တံတွေးနဲ့ ထိမိခြင်း၊ လင်းနို့များထံမှ တိုက်ရိုက်ကူးစက်ခံရခြင်း
(ဒီအနာများကို ဆေးကြောသန့်စင်ခြင်း၊ ရိုးရိုးကာကွယ်ဆေးထိုးခြင်း လုပ်ရမယ့်အပြင် အရေးပေါ်ကာကွယ်ဆေး Rabies immunoglobulin ထိုးဆေးပါ ထိုးရပါမယ်။)....

🚨 ခွေးရူးပြန်ကာကွယ်ဆေးဆိုတာ ဘာလဲ

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ၂ မျိုးရှိပါတယ်။ ရိုးရိုး ခွေးရူးကာကွယ်ဆေး (Rabies vaccine) နဲ့ အရေးပေါ် ခွေးရူးကာကွယ်ဆေး (Rabies immunoglobulin) လို့ အလွယ်မှတ်ထားနိုင်ပါတယ်။ ....

🚨 ခွေးရူးကာကွယ်ဆေးနှစ်မျိုး ကွာခြားပုံ

Rabies vaccine လို့ခေါ်တဲ့ ရိုးရိုး ခွေးရူးကာကွယ်ဆေးဟာ ဆေးထိုးပြီးရင် ခန္ဓာကိုယ်ကနေ ဆေးကိုတန်ပြန်တဲ့ ခုခံကာကွယ်ပေးတဲ့ ပဋိပစ္စည်း (Antibody) တွေ ထုတ်ဖို့ (၁၄)ရက် ကြာတတ်ပါတယ်။ သူ့ကို လက်မောင်း ဒါမှမဟုတ် ပေါင်မှာ ထိုးရပါတယ်။

တင်ပါးမှာ မထိုးရပါ။ ဆေးခုခံအား လုံလုံလောက်လောက် ရနိုင်တဲ့နေရာ မဟုတ်တဲ့အတွက် အာနိသင် ထိရောက်မှု မရှိနိုင်လို့ ဖြစ်ပါတယ်။

Rabies immunoglobulin လို့ခေါ်တဲ့ အရေးပေါ် ခွေးရူးပြန်ကာကွယ်ဆေးကတော့ ခန္ဓာကိုယ်အပြင်ဘက်မှာ ကြိုတင်ထုတ်လုပ်ထားတဲ့ ready made antibody တွေ ဖြစ်ပါတယ်။ သူ့ကို ကာကွယ်ဆေး စထိုးတဲ့နေ့ (Day0) မှာဖြစ်စေ၊ ဆေးစထိုးတဲ့ (၇) ရက်အတွင်းဖြစ်စေ ခွေးကိုက်ဒဏ်ရာပတ်လည်နဲ့ အနာအောက်ခြေမှာ ထိုးပေးရပါတယ်။

ခွေးကိုက်ဒဏ်ရာဟာ အလွန်ပြင်းထန် (Category III) ဖြစ်ခဲ့ရင်၊ ဦးနှောက်နဲ့နီးတဲ့နေရာ (မျက်နှာ၊ လည်ပင်း) တို့မှာဖြစ်ခဲ့ရင် ဆေး၂ မျိုးလုံး ထိုးခြင်းဟာ ခွေးရူးရောဂါကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်ပါတယ်။ ....

🚨 ခွေးရူးကာကွယ်ဆေးက ချက်ကို ပတ်ပတ်လည် ဆေးထိုးရတာလား

ဒါက အရင်ကအသုံးပြုခဲ့တဲ့ ထိုးနည်းတွေ ဖြစ်ပါတယ်။ အခု အဲဒီလို မဟုတ်တော့ပါဘူး။ Rabies vaccine ဆေးထိုးနည်းက Pre-exposure Prophylaxis လို့ခေါ်တဲ့ ကြိုတင်ကာကွယ် ထိုးနည်းနဲ့ Post-exposure Prophylaxis လို့‌ခေါ်တဲ့ ခွေးကိုက်ခံရပြီးမှ ထိုးနည်းဆိုပြီး ရှိပါတယ်။....

🚨 Pre-exposure Prophylaxis (ခေါ် ) ခွေးကိုက်မခံရမီ ကြိုတင်ကာကွယ်ဆေးထိုးနည်း

တိရိစ္ဆာန်တွေနဲ့ အနီးကပ် ကိုင်တွယ်ရသူတွေ၊ အလုပ်လုပ်ရသူတွေမှာ ထိုးထားသင့်ပါတယ်။

ဆေးကို...
- Day0 (ဆေးစ ထိုးတဲ့ရက်)
- (၇) ရက်မြောက်
- (၂၁/၂၈) ရက်မြောက်
- (၁) နှစ်ကြာ
- (၅) နှစ်မြောက်နေ့တို့မှာ ထိုးပေးရပါတယ်။ ....

🚨 Post-exposure Prophylaxis (ခေါ်) ခွေးကိုက်ခံရပြီး ဆေးထိုးခြင်း

ခွေးကိုက်ခံရရင် ဆေးထိုးနည်းတွေက အမျိုးမျိုး ရှိပါတယ်။

(၁) 2-1-1 (4 vials, 3 visit) ဆေးထိုးနည်း

ထိုးဆေး 0.5 ml ကို လက်မောင်း/ ပေါင်မှာ အသားဆေးထိုးခြင်းပါ။ ဆေးစထိုးတဲ့ ရက် (Day0) မှာ ၂ လုံး၊ (၇)ရက်မြောက်နဲ့ (၂၁/၂၈) ရက်မြောက်တို့မှာ တစ်လုံးစီ ထိုးရပါမယ်။ ပထမဆုံးအကြိမ်မှာ ဆေး (၂) လုံးထိုးခံရပေမယ့် ဆရာဝန်ဆီ အားလုံးပေါင်း (၃) ခါပဲ သွားရပါမယ်။ W

(၂) အသားဆေး (၅) လုံးထိုးနည်း (5 vials, 5 visits)

ဆေးစထိုးတဲ့နေ့ (Day0) ၊ (၃)ရက်၊ (၇)ရက်၊ (၁၄)ရက်၊ (၂၈) ရက်မြောက်နေ့တို့မှာ အသားဆေး 0.5ml တစ်လုံးစီ ထိုးခြင်းပါ။ ဆရာဝန်ဆီ ၅ ခါ သွားရပါမယ်။

(၃) လက်မောင်းအရေပြားအောက် ဆေးထိုးနည်း (Intra-dermal regime)

ဆေး 0.1ml စီကို လက်မောင်းအရေပြားအောက်မှာ တစ်ဖက်တစ်ချက်စီ ထိုးခြင်းပါ။ ဆေးစထိုးတဲ့နေ့ (Day0)၊ (၃)ရက်၊ (၇)ရက်မြောက်၊ (၂၈)ရက် နေ့တို့မှာ လက်မောင်းတစ်ဖက်ကို တစ်ချက်စီ လက်နှစ်ဖက်လုံးကို ထိုးရပါတယ်။ ဆေးကို ချွေတာရာ‌ရောက်ပြီး ငွေကုန်သက်သာတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆေးပုလင်းဖွင့်ပြီးရင် (၆) နာရီအတွင်း အကုန်ထိုးသင့်တဲ့အတွက် လူစုပြီး ဆေးထိုးတာမျိုးလုပ်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် အရေပြားအောက်ကို သေချာထိုးတတ်တဲ့ ဆရာဝန်လိုပါတယ်။

** ကာကွယ်ဆေး ထိုးရမယ့်ရက်ထက် (၂) ရက် ကျော်သွားရင် အစက ပြန်ထိုးရပါမယ် **

ဆေးကို ရက်ချိန်းအတိုင်း အတိအကျ ဆေးပတ်လည်အောင်ထိုးမှသာ ရောဂါကို ရာနှုန်းပြည့် ကာကွယ်ရာ ရောက်မှာပါ။....

🚨 ဆေးထိုးပြီးသားလူ ခွေးထပ်ကိုက်ခံရရင်ရော ပြန်ထိုးရလား

Yes ပါ။ အရင်က ခွေးကိုက်ခံရဖူးလို့ ဖြစ်စေ၊ ကြိုထိုးထားတာဖြစ်‌စေ ဆေးပတ်လည်အောင် ထိုးထားသူများ (Immunized person) မှာ ခွေးထပ်ကိုက်ခံရပါက ထပ်မံဆေးထိုးနည်း (Booster 2 doses regime) ကတော့ ဆေးစထိုးတဲ့နေ့ (Day0) မှာ တစ်လုံး၊ (Day3) မှာ တစ်လုံး အားလုံးပေါင်း ၂ ကြိမ် ထပ်ထိုးရပါမယ်။ Rabies immunoglobulin ထိုးစရာမလိုပါ။ ....

🚨 ခွေးကိုက်ခံရရင် ခွေးရူးကာကွယ်‌ဆေးထိုးတာအပြင် ဘာတွေလုပ်ရသေးလဲ

ပထမဆုံးအဆင့် - အနာကို သေချာသန့်စင်ရပါမယ်။

ဒုတိယအဆင့် - ခွေးရူးကာကွယ်ဆေး ထိုးရပါမယ်။

တတိယအဆင့် - မေးခိုင်ကာကွယ်ဆေး ထိုးရပါမယ်။ ခွေးကိုက်အနာအတွက် လိုအပ်ရင် ပိုးသတ်ဆေး သောက်ဆေး၊ လိမ်းဆေး၊ အရောင်ကျဆေးများ၊ အနာသက်သာတဲ့ဆေးများ လိုတတ်ပါတယ်။ ....

🚨 ကာကွယ်ဆေးထိုးခြင်းကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးတွေ

ကာကွယ်ဆေးတွေရဲ့ ထုံးစံအတိုင်း ထိုးတဲ့နေရာမှာ နာတာ၊ နီတာ၊ ရောင်တာနဲ့ ခေါင်းကိုက်သလို၊ ဖျားချင်သလိုဖြစ်တာမျိုး ဘေးထွက်ဆိုးကျိုး ဖြစ်တတ်ပါတယ်။ Rabies immunoglobulin ဟာဆိုရင် ဆေးမတည့်ခြင်း ဖြစ်တတ်ပါတယ်။ ဆေးထိုးပြီးရင် တစ်နာရီခန့် စောင့်ကြည့်သင့်ပါတယ်။ ....

🚨 ခွေးရူးကာကွယ်ဆေးက ခွေးရူးရောဂါပိုးကနေ ထုတ်တယ်ဆိုတော့ သူကရော ရောဂါဖြစ်စေလား

ဆေးတွေက ခွေးတံတွေးမှရတဲ့ ရောဂါပိုးတွေကို အဆင့်ဆင့် အဆိပ်ထုတ်သန့်စင်ပြီး ကာကွယ်ဆေးအမှုန့်အဖြစ် ပြောင်းလဲထုတ်ထားတာပါ။ ရောဂါပိုးကို မပွားအောင် လုပ်ထားပြီးဖြစ်လို့ သူ့ဆီက ရောဂါမကူးနိုင်ပါဘူး။ ကာကွယ်ဆေးတွေရဲ့ ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးတော့ ဖြစ်နိုင်ပါတယ်။ ....

🚨 ဆေးထိုးနေတုန်း အစားရှောင်ဖို့လိုလား။ ဘာဆေးတွေ ရှောင်ဖို့လိုလဲ

ကိုယ်ခံအားကို ကျစေတဲ့ဆေးတွေ (steroids, chloroquine, ကင်ဆာဆေး) ကို ရှောင်ရပါမယ်။ တကယ်လို့ ဒီဆေးတွေကို မသောက်မဖြစ် သောက်ရမယ်ဆိုရင် Rabies immunoglobulin ပါ အတူတူထိုးရပါမယ်။ အစားရှောင်စရာတော့ မလိုပါဘူး။ ....

🚨 ကာကွယ်ဆေးထိုးထားတဲ့ခွေး ကိုက်ခံရရင်ရော ဆေးထိုးရမလား

ဆေးထိုးထားပြီးတာ သေချာကြောင်း ဓာတ်ခွဲစစ်ဆေးနိုင်ရင်တော့ မထိုးလည်းရပါတယ်။ မဟုတ်ရင်၊ မသေချာရင် ထိုးကိုထိုးရပါမယ်။ မိမိဘာသာ မဆုံးဖြတ်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ....

🚨ရောဂါကူးစက်ခံရတဲ့ သတ္တဝါရဲ့ အသားကို စားရင်ရော ရောဂါကူးနိုင်လား

အသားအစိမ်းစားခြင်းဟာ ကူးနိုင်ပါတယ်။ ကျက်အောင်ချက်ထားရင်တော့ ကူးစက်နိုင်ခြင်း မရှိပေမယ့် နေမကောင်းတဲ့ သတ္တဝါတွေကို ချက်စားခြင်းမလုပ်တာ အကောင်း‌‌ဆုံးပါ။ ....

🚨 ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင်တွေ ထိုးလို့ရလား

ရပါတယ်။ ခွေးရူးကာကွယ်ဆေးတွေဟာ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ အသုံးပြုဖို့ အန္တရာယ်ကင်းပါတယ်။ ကလေးအပေါ်မှာ ဆိုးကျိုးမဖြစ်စေပါဘူး။ ....
------------------။ ။------------------....

ဒီလောက်ဆိုရင် သိချင်တဲ့မေးခွန်းတွေရဲ့ အဖြေတွေ သိရမယ်လို့ ထင်ပါတယ်နော်။

နှစ်စဉ်နှစ်တိုင်း ခွေးရူးရောဂါကြောင့် ဆုံးရှုံးရတဲ့ အသက်တွေ မနည်းပါဘူး။

ခွေးရူးရောဂါဟာ တစ်ခါတလေ ခွေးကိုက်ပြီး လပေါင်းများစွာကြာမှ ဖြစ်တတ်တာကြောင့် ဖြစ်တဲ့သူဟာ သတိမမူမိတတ်ပါ။ အဲဒီအခါ ခွေးကိုက်ခံခဲ့ရကြောင်း ရောဂါရာဇဝင် မပေးတဲ့အတွက် ဆရာဝန်တွေကလည်း ဦးနှောက်အမြှေးရောင်ရောဂါလို ရောဂါတွေနဲ့ မှားယွင်းကုသတာမျိုး ဖြစ်တတ်ပါတယ်။

ဒီလိုကြောက်ဖို့ကောင်းတဲ့ ရောဂါမျိုးကို ကာကွယ်ကုသဖို့ ‌ကာကွယ်ဆေး ရှိနေပါတယ်။ ဒါကြောင့် ခွေးကိုက်ခံရရင် ဘာလုပ်ရမယ်ဆိုတာနဲ့ အရေးကြီးတဲ့ ခွေးရူးကာကွယ်ဆေးအကြောင်းတွေကို သိရှိထားခြင်းဟာ ရောဂါနဲ့ အသက်အန္တရာယ်ကို ကာကွယ်ရာ ရောက်ပါတယ်။ “အသက်ကို ဉာဏ်စောင့်” ဆိုသလို ခွေးကိုက်ခံရရင် မပေါ့ဆဖို့၊ ဆေးကို အချိန်မီ ဆေးပတ်လည်အောင်ထိုးဖို့ ထပ်မံသတိပေးလိုက်ပါရစေ။

အထူးကုသမားတော်တစ်ဦး
တယ်လီကျန်းမာ

Crd Original Uploader

🤱🏻ယနေ့ 8.5.2022 မှာကျရောက်တဲ့ “အမေများနေ့” မှာ ကမ္ဘာတစ်ဝန်းရှိ အမေများအားလုံး 🙏သက်ရှည်ကျန်းမာကြပါစေ🙏ချစ်ရတဲ့မိသားစုနဲ့အတ...
05/08/2022

🤱🏻ယနေ့ 8.5.2022 မှာကျရောက်တဲ့ “အမေများနေ့” မှာ ကမ္ဘာတစ်ဝန်းရှိ အမေများအားလုံး

🙏သက်ရှည်ကျန်းမာကြပါစေ

🙏ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်စွာ နေနိုင်ကြပါစေ

🙏 ဘေးအန္တရာယ်အမျိုးမျိုးမှလည်း ကင်းဝေးကြပါစေ

🙏 ကုသိုလ်ကောင်းမှုများကိုလည်း ပိုပြီး ဆတိုးလုပ်နိုင်ကြပါစေ”
လို့ဆုတောင်းရင်း ယနေ့ကျရောက်သော “အမေများနေ့” ကို #စိန်ဆေးနှင့်ဆေးပစ္စည်း
မိသားစုမှလေးစားစွာနဲ့ ဂုဏ်ပြုလိုက်ပါတယ်ရှင်
🙏🙏🙏

အမေဆိုတာ
👩‍👧လမ်းမှားမရောက်အောင် ဆုံးမပဲ့ပြင်တတ်သူ
👩‍👧ကိုယ်မစားရရင်နေပါစေ။ ကိုယ့်သားသမီးဗိုက်ဝရင်ကျေနပ်တဲ့သူ
👩‍👧ကိုယ်ချင်းစာတရား လက်ကိုင်ထားဖို့ သွန်သင်
ညွှန်ပြသူ
👩‍👧လောကဓံတရားတွေကို ရင်ဆိုင်နိုင်ဖို့ ဖေးမ
တွန်းအားပေးတဲ့သူပါ။

ဘယ်သူတွေ ဘယ်လောက်ချစ်တယ်ပြောပြော
သားသမီးတွေအပေါ်ထားတဲ့ မေမေ့ရဲ့ ချစ်ခြင်းမေတ္တာကိုတော့ မီနိုင်မှာမဟုတ်ပါဘူးရှင်။🥰

ဒီလိုမျိုး မေတ္တာကျေးဇူးကြီးမားလွန်းလို့
အမေ့ကျေးဇူးတွေကို ဆပ်လို့မကုန်နိုင်ပေမဲ့

အမေများနေ့မှာတော့
💛အမေ့ကျေးဇူးတွေကို သတိတရရှိကြောင်း၊
💛အမေ့ကို ချစ်ကြောင်း ဖော်ပြကြရအောင်လို့
တိုက်တွန်းရင်း
အားလုံး ကျန်းမားချမ်းသာကြပါစေလို့
ဆုတောင်းလိုက်ပါတယ်ရှင်.....

“Mother’s love is the fuel that enables a normal human being to do the impossible ”
- Marion C. Garretty

#စိန်ဆေးဆိုင်
#ကြာပို့ကန်တော်

သားသားမီးမီးလေးတို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့ရင် ဘာတွေကိုရှောင်ရမလဲဆိုတော့...........❌ မာပြီးအစာချေရခက်သောအစားအစာများကိုရ...
04/29/2022

သားသားမီးမီးလေးတို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့ရင် ဘာတွေကိုရှောင်ရမလဲဆိုတော့...........
❌ မာပြီးအစာချေရခက်သောအစားအစာများကိုရှောင်ရပါမယ်
❌ အဆီလွန်ကဲစွာပါဝင်နေသောအစားအစာများက အစာမကျေဖြစ်လွယ်ပြီး ဝမ်းသွားခြင်းကိုပိုဆိုးစေပါတယ်(အသင့်စား အစားအစာများနဲ့ cheese ပါဝင်သောအစားအစာများ )
❌ သကြားလွန်ကဲစွာစားသုံးခြင်းကိုလည်း ေရှာ င်သင့်ပါတယ်👉 သကြားကခန္ဓာကိုယ်ရဲ့ ခုခံမှုစနစ်နဲ့ အစာချေလုပ်ငန်းများကိုလျှော့ချပေးတာကြောင့်ပါ
❌ ကဖင်းဓာတ်ကိုလည်းမစားသင့်ပါ 👉 ကဖင်းသည် အူအတွင်းလှုပ်ရှားမှုကိုပိုဆိုးစေနိုင်ပါတယ် ❌ကစီဓာတ်များစွာပါဝင်သောအသင့်ဖျော်အအေးဗူးများကလည်းဝမ်းသွားခြင်းကိုပိုအားပေးတာကြောင့် ရှောင်သင့်ပါတယ်
✅ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် အရေးကြီးဆုံးအချက်က တော့ ရေနှင့်ဓာတ်ဆား ကိုအမြန်ပြန်လည်ဖြည့်တင်းရပါမယ်
အရသာအကောင်းဆုံးပေးစွမ်းနိုင်ပြီး ရေနဲ့ဓာတ်ဆား ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် Peditral (ပက်ဒီထရယ်) ဓာတ်ဆားရှိပါတယ်နော်

ဆေးဝါး ပစ္စည်းများ လိုအပ်တဲ့ အချိန်တိုင်းမှာ
စိန် ဆေးဆိုင် ကို လှမ်းလာခဲ့ဖို့ မမေ့နဲ့နော် မိတ်ဆွေ 🏃🏃🏃😉

#စေတနာထားတာစိန်
#စိတ်ချယုံကြည်ရတာစိန်
#ဝန်ဆောင်မှုကောင်းတာစိန်
#စိန်ဆေးဆိုင်
#ကြာပို့ကန်တော်

နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။ပူပြင်းခြောက်သွေ့တဲ့ နွေရဲ့ ဇာတ်လိုက်အပူဒဏ်ကြောင့် လူတွေက နွေရာသီကို မရောက်ချင်...
04/28/2022

နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။

ပူပြင်းခြောက်သွေ့တဲ့ နွေရဲ့ ဇာတ်လိုက်အပူဒဏ်ကြောင့် လူတွေက နွေရာသီကို မရောက်ချင်ကြပါဘူး။ သူတို့ မကြိုက်လည်း မကြိုက်ချင်စရာပါပဲ။ နွေရဲ့ အပူဒဏ်ဟာ ချွေးကိုပိုထွက်စေတယ်၊ ပင်ပန်းမှုတွေကို နှစ်ဆပိုဖြစ်စေတယ်၊ အသားအရေကိုထိခိုက်စေတယ် စတဲ့ မကောင်းတဲ့အချက်တွေ များတာကြောင့် လူတိုင်း နွေရောက် မှာကို ကြောက်ကြပါတယ်။ ဒါ့အပြင် နွေရဲ့ အပူချိန်ဟာ ကျန်းမာရေးကို ထိခိုက်စေတာတွေ ပိုဖြစ်နိုင်တာကြောင့် နွေဆို မရောက်ချင်ကြတဲ့သူတွေ များနေတာပါ။ ဒီတော့ နွေရဲ့ အပူချိန်ကို အံတုဖို့ ဘယ်လိုတွေ ပြင်ဆင်ရမလဲ။

နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။
ရေများများသောက်ပါ။
နွေကြောင့် ဖြစ်တဲ့အပူချိန်ကို အံတုနိုင်တဲ့ အကောင်းဆုံး အရာကတော့ ရေများများသောက်တာပဲ ဖြစ်ပါတယ်။ ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်တာကို ကာကွယ်ဖို့နဲ့ ကိုယ်တွင်းမြင့်တက်လာတဲ့ အပူချိန်ကို ပြန်ထိန်းညှိဖို့အတွက် ရေများများသောက်ကို သောက်ပေးရမှာပါ။ အရည်ဖြစ်ရင်ပြီးရောဆိုပြီး အချိုရည်တွေ၊ အရက်တွေ တော့ မသောက်သင့်ပါဘူး။ သောက်ချင်သပဆိုရင်တော့ ရေဓာတ်ဖြည့် အချိုရည်တွေ သောက်ပေးလို့ရပါတယ်။

လေဝင်လေထွက်ကောင်းတဲ့ အင်္ကျီဝတ်ပေးပါ။
ကိုယ်တွင်း မြင့်တက်လာတဲ့ အပူချိန်တွေ အလွယ်တကူ အပြင်ပြန်ထွက်လို့ရအောင် နွေရာသီမှာ အဝတ်သင့်ဆုံးကတော့ ပေါ့ပေါ့ပါးပါးချည် အင်္ကျီတွေ ပဲ ဖြစ်ပါတယ်။

အရည်ရွမ်းတဲ့သစ်သီးတွေ စားပေးပါ။
နွေရာသီမှာ ရေချည်းပဲသောက်ရတာ ပျင်းလာရင် အရည်ရွှမ်းတဲ့ အသီးတွေ စားပေးလို့ရပါတယ်။ အသီးတွေမှာပါတဲ့ အအေးဓာတ်နဲ့ ကြွယ်ဝတဲ့အမျှင်ဓာတ် တွေကြောင့် ဝမ်းချုပ်တာတွေလည်း သက်သာဦးမှာပါ။

အပြင်သွားရင် အကာအကွယ် အပြည့်နဲ့သွားပါ။ ။
နွေရာသီဆို ခရမ်းလွန်ရောင်ခြည်တွေ ပိုများနေတတ်တဲ့အတွက် အပြင်သွားရင် အနည်းဆုံး SPF 30++ လောက်ရှိတဲ့ နေလောင်ကာလိမ်းဆေးတွေ လိမ်းသွားပါ။ နေရောင်နဲ့ အသားနဲ့ တိုက်ရိုက်မထိအောင် လက်ရှည်အင်္ကျီတွေ ဝတ်သွားပါ။ ဦးထုပ်ဆောင်းပါ။ နေကာမျက်မှန်တပ်ပါ။

အိမ်ကိုလည်း အေးနေအောင်ထားပါ။
သွပ်မိုးနဲ့ နီးတဲ့ နေရာက ပိုပြီး အပူဟပ်တတ်တာကြောင့် နွေရာသီဆို အိမ်အောက်ထပ်အေးတဲ့နေရာတွေမှာ နေပါ။ အိပ်ပါ။ ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ လေဝင်လေထွက်ကောင်းမှ ပူတဲ့လေတွေ ဖလှယ်ပြီးသားဖြစ်မှာပါ။ ပူလွန်းလို့ဆိုပြီး ပန်ကာလေကို တစ်ချိန်လုံး မခံပါနဲ့။ ချွေးနဲ့ပြန် အအေးပတ်တတ်သလို လေဖြတ်ဖို့ အခွင့်အလမ်းလည်း ပိုများတတ်ပါတယ်။

အစားသောက်တွေကို ရေခဲသေတ္တာထဲ ထည့်ဖို့ မမေ့ပါနဲ့။
ပူနွေးတဲ့ ရာသီဥတုကြောင့် စားစရာတွေ ခဏလေးနဲ့ ပျက်စီးသွားတတ်ပါတယ်။ ဒါ့ကြောင့် စားစရာတွေကို ရေခဲသေတ္တာထဲမှာ သေချာသိမ်းဆည်းထားဖို့ မမေ့သင့်ပါ။

မိုးလေဝသ သတင်းကို အမြဲနားထောင်ပါ။
ဘယ်နေရာမှာတော့ နေ့အပူချိန်ဘယ်လောက်ရှိနိုင်တယ်၊ ဘယ်နေရာမှာတော့ တိမ်ထူထပ်ပြီး ဘယ်မှာတော့ သာယာမယ်ဆိုတဲ့ မိုးလေဝသ ခန့်မှန်းချက်တွေ နဲ့ အဆက်မပြတ်စေပါနဲ့။ နက်ဖြန် အပူချိန်အရမ်းများမယ်လို့ မိုးလေဝသက ခန့်မှန်းထားမယ်ဆိုရင် မသွားမဖြစ်ကိစ္စတွေကလွဲလို့ နေ့ခင်းပိုင်း နေပူထဲ မထွက်ပါနဲ့ ။ ကိုယ့်ကျန်းမာရေး အခြေအနေကို ဂရုစိုက်ရမှာ ကိုယ်ကိုယ်တိုင်ပါပဲ။

ရေးသားသူ- Dr Thin Yadanar @ Frances

ဆေးဝါး ပစ္စည်းများ လိုအပ်တဲ့ အချိန်တိုင်းမှာ
စိန် ဆေးဆိုင် ကို လှမ်းလာခဲ့ဖို့ မမေ့နဲ့နော် မိတ်ဆွေ 🏃🏃🏃😉

#စေတနာထားတာစိန်
#စိတ်ချယုံကြည်ရတာစိန်
#ဝန်ဆောင်မှုကောင်းတာစိန်
#စိန်ဆေးဆိုင်
#ကြာပို့ကန်တော်

နောက်ကျောတက် ဇက်ကြောတက် လက်ပြင်ငုတ် အုံးလွဲနေသူများ အတွက် နာရီပိုင်းအတွင်း ပျောက်တဲ့ နည်းလေးပါ။အဆင့် (၁)ခြေစုံရပ် ခါးကို...
04/23/2022

နောက်ကျောတက် ဇက်ကြောတက် လက်ပြင်ငုတ် အုံးလွဲနေသူများ အတွက် နာရီပိုင်းအတွင်း ပျောက်တဲ့ နည်းလေးပါ။

အဆင့် (၁)

ခြေစုံရပ် ခါးကို မတ်မတ်ထား လက်နှစ်ဖက်ကို နဖူးပေါ်တင် ခေါင်းကို နောက်လှန်နိုင်သလောက် လှန်ဖိထားပါ။ ခါးမပါသွားပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၂)

ခြေစုံရပ် ခါးကို မတ်မတ်ထား လက်နှစ်ဖက်ကို နောက်စေ့မှာကပ်ပြီး ခေါင်းကို ရှေ့ဖိနိုင်သလောက် ဖိပါ။ ခါးကုန်းမသွားပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၃)

ခြေစုံရပ် ခါးကို မတ်မတ်ထား ဘယ်ဘက်လက်ကို ခါးထောက်ထားပြီး ညာဘက်လက်က ဦးခေါင်းကို အပေါ်ကနေ ညာဘက်ပါနိုင်သလောက် ဆွဲဖိထားပါ။ ခါးမပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၄)

ခြေစုံရပ် ခါးကို မတ်မတ်ထား ညာဘက်လက်ကို ခါးထောက်ထားပြီး ဘယ်ဘက်လက်က ဦးခေါင်းကို အပေါ်ကနေ ဘယ်ဘက်ပါနိုင်သလောက် ဆွဲဖိထားပါ။ ခါးမပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၅)

ခြေစုံရပ် ခါးကို မတ်မတ်ထား ဘယ်ဘက်လက်ကိုခါးထောက်ထားပြီး ညာဘက်လက်က မေးစေ့ကို ဘယ်ဘက်ပုခုံးနဲ့ ထိနိုင်သလောက်ထိ တွန်းလှည့်ထားပါ။

ဘယ်ဘက်ပုခုံးက ရှေ့ကို တိုးမလာပါစေနဲ့ မေးစေ့ကပဲ ပုခုံးပေါ်ရောက်နိုင်သလောက် ရောက်အောင် လှည့်တင်ထားပါ။ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၆)

ခြေစုံရပ် ခါးကို မတ်မတ်ထား ညာဘက်လက်ကို ခါးထောက်ထားပြီး ဘယ်ဘက်လက်က မေးစေ့ကို ညာဘက်ပုခုံးနဲ့ ထိနိုင်သလောက်ထိ တွန်းလှည့်ထားပါ။

ညာဘက်ပုခုံးက ရှေ့ကို တိုးမလာပါစေနဲ့ မေးစေ့ကပဲ ပုခုံးပေါ်ရောက်နိုင်သလောက် ရောက်အောင် လှည့်တင်ထားပါ။ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

ဒီနည်းအတိုင်း အကြိမ်ရေ အကန့်အသတ်မရှိ နားနားပြီး လုပ်ပေးပါ။ များများလုပ်ပေးနိုင်လေ မြန်မြန်ပျောက်ကင်းလေပါ။

ကိုယ်တိုင် လက်တွေ့ ပျောက်ကင်းသွားလို့ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။

Credit: Taw Thu

ဆေးဝါး ပစ္စည်းများ လိုအပ်တဲ့ အချိန်တိုင်းမှာ
စိန် ဆေးဆိုင် ကို လှမ်းလာခဲ့ဖို့ မမေ့နဲ့နော် မိတ်ဆွေ 🏃🏃🏃😉

#စေတနာထားတာစိန်
#စိတ်ချယုံကြည်ရတာစိန်
#ဝန်ဆောင်မှုကောင်းတာစိန်
#စိန်ဆေးဆိုင်
#ကြာပို့ကန်တော်

 #𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ဆီးချိုဆေးကို အစာစားပြီးမှ သောက်ရလား။မစားခင် သောက်ရတာလား?💊 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 သည် ဆီးချိုလူနာများရဲ့ ပထမဆုံး မိတ်ဆွေ ...
04/23/2022

#𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ဆီးချိုဆေးကို အစာစားပြီးမှ သောက်ရလား။မစားခင် သောက်ရတာလား?

💊 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 သည် ဆီးချိုလူနာများရဲ့ ပထမဆုံး မိတ်ဆွေ ဖြစ်ပါတယ်။ ဆီးချိုလူနာသစ်တစ်ယောက် ပထမဆုံး စသောက်ရတဲ့ဆေး ဖြစ်သလို ဆီးချိုသည်ဘဝ တလျောက်လုံး လက်တွဲသွားရမယ့် အဖော်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့အကြောင်းကို အထိုက်အလျောက်နားလည် ထားဖို့ လိုပါတယ်။

💊 ဆီးချိုရှိလို့ 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ကို သောက်ရတော့မယ် ဆိုရင် ပထမဆုံးမေးကြတယ့် မေးခွန်းက ဆေးကို အစားမစားခင် သောက်ရမှာလား။
စားပြီးမှ သောက်ရမှာလား ဆိုတဲ့မေးခွန်း ဖြစ်ပါတယ်။

💊 သိပ်ကို မေးသင့်တဲ့မေးခွန်း ဖြစ်ပါတယ်။
အချို့ဆေးများသည် အစာနဲ့တွဲသောက်သည် ဖြစ်စေ အစာနဲ့ခွာသောက်သည် ဖြစ်စေ ဆေးအာနိသင်ပြောင်းလဲ သွားတာမရှိပါဘူး။
ဒါပေမဲ့ အစာနဲ့တွဲသောက်သင့်တဲ့၊ အစာနဲ့တွဲသောက်လို့မရတဲ့
ဆေးတွေထဲမှာ 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ပါပါတယ်။

💊 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ဆေးသည် insulin resistance ကို နည်းစေပါတယ်။ သွေးထဲက သကြားဓာတ်တွေကို ကြွက်သားတွေက အသုံးပြုတာကို များစေတယ်။ အသည်းကနေ ဂလူးကိုစ့်ထုတ်တာကို နည်းစေတယ်။ ဒီနည်းနဲ့ သွေးတွင်း သကြားဓာတ်ကို ကျအောင် လုပ်တယ်။ ဆီးချိုရောဂါကို ထိန်းသိမ်းတယ်။

💊 အဓိပွာယ်က 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 သည် ဆီးချိုပမာဏကို ရုတ်တရက် ကျဆင်းသွားစေတာမျိုးမရှိဘူး။
𝒔𝒖𝒍𝒑𝒉𝒐𝒏𝒚𝒍𝒖𝒓𝒆𝒂𝒔 အုပ်စုဝင်ဆေးတွေဖြစ်တဲ့ Gliclazide, glimepride, glibenclamide ဆေးတွေနဲ့မတူဘူး။
အဲဒီဆေးတွေက မုန့်ချိုအိတ်ကို ခေါ်လို့ pancreas ကနေ insulin
ပိုထွက်လာအောင် အားပေးတဲ့ဆေးတွေဖြစ်တယ်။
insulin ပိုထွက်လာတော့ သွေးထဲက သကြားဓာတ်ကို ကိုယ်ထဲမှာ သိမ်းပြီး၊ အသုံးပြုပြီး ဆီးချိုကိုထိန်းတယ်။
အဲဆေးတွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းမှု့ များပြားစေလို့
ဆေးသောက်ပြီးချိန်မှာ အစာအိမ်ထဲမှာ အစာရှိနေဖို့ လိုတယ်။
ဒါကြောင့် အဲဆေးများကို အစာမစားခင် မိနစ် ၃၀ အလိုမှာ သောက်ရမှာ ဖြစ်တယ်။

💊 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ကို ကျတော့ အစာစားပြီးမှသောက်သင့်တယ်။

လုံးဝသောက်ရမယ်လို့ မဆိုလိုဘူး။ အစာမစားခင် သောက်မယ်ဆိုလည်း ရတယ်။ ဒါပေမဲ့ သွေးတွင်းသကြားဓာတ်အနည်းငယ်ကျဆင်းနိုင်တဲ့ အန္တာရာယ်ရှိတယ်။ အခြားဆီးချိုဆေးများနဲ့တွဲသောက်ရင် ဆီးချိုပိုကျတတ်တယ်။ဒါ့အပြင် အစာစားပြီးမှသောက်သင့်တဲ့အချက်တစ်ခုက ဆေးသည် အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေပြီး ပျို့အန်၊ဝမ်းလျော၊လေပွ ဖြစ်တတ်လို့ ဖြစ်တယ်။
အစာစားပြီးမှာ ဆေးကို သောက်တဲ့အခါမှာ အဲလို ဘေးထွက်ဆိုးကျိုးတွေသက်သာသွားတယ်။ ဒါကြောင့် 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ကို စားပြီးမှ သောက်ကြပါ။
များသောအားဖြင့် 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ကို တနေ့ ကို ၂ ကြိမ် ပေးပါတယ်။
ရည်ရွယ်ချက်က မနက်စာ စားပြီး ၁ ကြိမ် နဲ့ ညနေစာ စားပြီး ၁ ကြိမ် ဖြစ်ပါတယ်။
ဆေးပမာဏကို တစ်ကြိမ်ကို 500mg တနေ့၂ ကြိမ်ဆိုတော့ 1000mg = 1g စပေးပါတယ်။ ဆေးကို လူနာရဲ့ အခြေအနေကို မူတည်ပြီး တိုးပါတယ်။
ဆီးချိုကို ထိန်းနိုင်ရင် ဆေးကို မတိုးပါဘူး။ ဒီအတိုင်း ဆက်သောက်ခိုင်းပါတယ်။
အချို့ကို 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 နေ့လည်ကို ပေးပါတယ်။
ဆီးချိုကို မထိန်းနိုင်သေးတဲ့ လူနာတွေမှာ ဆေးပမာဏကို တိုးပေးတာဖြစ်ပါတယ်။
ဆီးချိုကို ထိန်းနိုင်ရင်တော့ ဆေးကို လျော့ပေးလို့ရပါတယ်။

💊 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ပေးပြီး ၂ ပတ် ၃ ပတ်လောက် မှာတော့ ဘေးထွက်ဆိုးကျိုးကိုခံစားရနိုင်တယ်။ နောက်ပိုင်းမှာတော့ သက်သာသွားပါတယ် Metformin မှာက ၂ မျိုးရှိတယ်။
💊 𝑰𝒎𝒎𝒆𝒅𝒊𝒂𝒕𝒆 𝒓𝒆𝒍𝒆𝒂𝒔𝒆 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 နဲ့ Extended release 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 တို့ ဖြစ်တယ်။
ပုံမှန်သောက်နေကြ metformin က 𝑰𝒎𝒎𝒆𝒅𝒊𝒂𝒕𝒆 𝒓𝒆𝒍𝒆𝒂𝒔𝒆 ပုံစံဖြစ်တယ်။
ဆေးအာနိသင်တိုတယ်။ ဒါကြောင့် တနေ့ကို ၂ ကြိမ်လောက်သောက်ဖို့ လိုတယ်။
နောက်ပိုင်းထွက်လာတဲ့𝒆𝒙𝒕𝒆𝒏𝒅𝒆𝒅 𝒓𝒆𝒍𝒆𝒂𝒔𝒆 ဆိုတဲ့ ပုံစံကတော့ သွေးထဲမှာ ဆေးအာနိသင်ကို တနေ့ကုန် ဖြည်းဖြည်းချင်း ထုတ်ပေးတာ ဖြစ်တယ်။
ဒါကြောင့် 𝒆𝒙𝒕𝒆𝒏𝒅𝒆𝒅 𝒓𝒆𝒍𝒆𝒂𝒔𝒆 metformin ကို မနက်ပိုင်း တစ်လုံး
သောက်ထားရုံနဲ့ တနေ့တာအတွက် လုံလောက်တယ်။
ဒါ့အပြင် အစာအိမ်အူလမ်းကြောင့် ထိခိုက်မှု့နည်းတယ်။
ဆေးအာနိသင်ကတော့ 𝒊𝒎𝒎𝒆𝒅𝒊𝒂𝒕𝒆 𝒓𝒆𝒍𝒆𝒂𝒔𝒆 𝒎𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 နဲ့ မကွာပါဘူး။
𝒆𝒙𝒕𝒆𝒏𝒅𝒆𝒅 𝒓𝒆𝒍𝒆𝒂𝒔𝒆 ဆေးတွေကတော့ ဈေးကြီးပါတယ်။

ဒေါက်တာထွန်းမြတ်ဝင်း (ဆေးဝါးဗဟုသုတမျှဝေမယ်)

#ဆီးချို
#ဆီးချိုဆေး
#စိန်ဆေးဆိုင်
#ကြာပို့ကန်တော်

အိုမက်ခရွန် ကို မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုပြင်ဆင်ကာကွယ်ကြမလဲ။ခဏခဏ ဗီဇပြောင်းတတ်တဲ့ ကိုဗစ်က ခုလည်း ထပ်ပြောင်းပြန်ပါပြီ။ ခ...
02/08/2022

အိုမက်ခရွန် ကို မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုပြင်ဆင်ကာကွယ်ကြမလဲ။

ခဏခဏ ဗီဇပြောင်းတတ်တဲ့ ကိုဗစ်က ခုလည်း ထပ်ပြောင်းပြန်ပါပြီ။ ခုပြောင်းတာကို အိုမက်ခရွန် လို့ ခေါ်ပြီး ရှေ့က ပြောင်းတာတွေထက် ပိုများတယ်လို့ ပြောပါတယ်။ လက်ရှိမှာ အာဖရိကနဲ့ အနောက်နိုင်ငံတွေမှာ နေ့စဉ်နဲ့အမျှ လူနာတွေ တွေ့နေရပါတယ်။ အာရှဘက်မှာ သိပ်မကြားမိပေမယ့် ကမ္ဘာကြီးက ရွာကြီးဖြစ်နေတော့ လာမယ့်အပတ်တွေမှာ တွေ့ကောင်းတွေ့လာနိုင်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံက လူဦးရေများတဲ့ တရုတ်နဲ့ အိန္ဒိယနဲ့ စပ်ဆက်နေသလို ဘေးနားက ထိုင်းကလည်း မကြာသေးမီကမှ ခရီးသွားလုပ်ငန်းတွေ ပြန်စထားတာပါ။ မတော်တဆများ ရောက်လာခဲ့ရင် ခုလို ပွဲကြိုက်ပုံမျိုး၊ ကာကွယ်ဆေးတွေ မလုံလောက်ပုံမျိုးနဲ့ ဒုက္ခများနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်စီမရောက်ခင် ကြိုကာသင့်တာ ကြိုကာကြပါစို့။

အိုမက်ခရွန် ဆိုတာ
အိုမက်ခရွန် ဆိုတာ နောက်ဆုံးတွေ့ထားတဲ့ ကိုဗစ်ဗီဇပြောင်းပိုးပါ။ တောင်အာဖရိကမှာ စတွေ့တာပါ။ နိုဝင်ဘာ ၂၆မှာ Variant under Monitoring (VUM)ထဲမှာ ထည့်ထားရာကနေ ထူးခြားတဲ့ ဗီဇပြောင်းပုံစံကြောင့် ၂ရက်အကြာ နိုဝင်ဘာ ၂၈ရက်နေ့မှာ Variant of Concern (VOC)ထဲမှာ ထည့်လိုက်တာပဲ ဖြစ်ပါတယ်။

Variant of Concern (VOC) စိုးရိမ်ရတဲ့ ဗီဇပြောင်းပိုးစာရင်းမှာ အယ်ဖာ၊ ဘီတာ၊ ဒယ်တာ၊ ဂမ်မာဆိုပြီး သူရှေ့မှာ စီနီယာ ၄ယောက်ရှိပါတယ်။ ဒါစာရင်းထဲမှာ ထည့်ထားရတာက ဗီဇပြောင်းပိုးက

ကူးစက်နှုန်း ဒါမှမဟုတ် ကိုဗစ်ရဲ့ ရောဂါသဘာဝကို ပြောင်းလဲနိုင်တယ် သို့မဟုတ်
ရောဂါလက္ခဏာတွေ ပြောင်းလဲတာ၊ ဆေးမတိုးတာတွေ ဖြစ်လာနိုင်တယ် သို့မဟုတ်
ဗိုင်းရပ်စ်ရှာတွေတဲ့နေရာ၊ ကုသတဲ့နေရာမှာ အခက်အခဲဖြစ်တာ၊ ကာကွယ်ဆေး ထိရောက်မှုကို လျော့နည်းစေနိုင်တာ စတာတွေ ဖြစ်လာနိုင်ခြေရှိလို့ စာရင်းထဲထည့်ထားရတာပဲ ဖြစ်ပါတယ်။
ဒါတွေက ဖြစ်နိုင်ခြေပဲ ရှိပြီး လက်ရှိမှာတော့ ဒေတာအတိအကျ မထွက်သေးပါဘူး။ သူ့ရှေ့မှာတော့ ၄မျိုးလောက် စာရင်းဝင်ဖူးတာဆိုတော့ သိပ်တော့လည်း မစိုးရိမ်ကြဖို့ ပြောချင်ပါတယ်။

ကမ္ဘာမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားရတဲ့ အကြောင်းရင်းကတော့ သူ့ရဲ့ ဗီဇပြောင်းတဲ့ ပုံစံကြောင့်ပါ။ Spike protein လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပေါ်က အချွန်လေးတွေက ဆဲလ်ထဲဝင်ဖို့ သော့တွေလိုပဲ အရေးပါပါတယ်။ ဗီဇပြောင်းပြီဟေ့ဆိုရင် ဒီအချွန်လေးတွေက ပြောင်းတာ များပါတယ်။ ခုအိုမက်ခရွန်က အချွန် အမျိုး ၃၀မှာ ဗီဇပြောင်းတဲ့နေရာ ၅၀လောက်တွေ့ရပါတယ်။

ဒါကြောင့်ပဲ ပိုများဆိုးလာမလားဆိုပြီး ကြိုကာတဲ့အနေနဲ့ ခရီးသွားလာတာတွေကို ပိတ်ချလိုက်တာပါ။ လက်ရှိမှာ ဘာမှသေသေချာချာ မသိရသေးတဲ့အတွက် အကုန်လုံးက စောင့်ကြည့်နေကြတာပါ။ ထူခြားတာမျိုး မရှိရင်တော့ အရင်လို ပြန်ဖွင့်ပေးမှာပါ။ ပိုးရှိလူနာတွေ ဝင်လာပြီးမှ နောက်ကလိုက်အုပ်ရရင် ပိုပြီးခက်ခဲလို့ လတ်တလောမှာတော့ ဟိုဟိုဒီဒီ တင်းကြပ်ထားဦးမှာပါ။

အိုမက်ခရွန် နဲ့ ပတ်သက်ပြီး WHOရဲ့ လေ့လာချက်
အားတော့နာပေမယ့် ဒီနေရာမှာလည်း မသေချာ မရေရာတာတွေကိုပဲ ပြောပြရမှာပါ။ တွေ့တာ မကြာသေးတဲ့အတွက် ခုမှ လေ့လာမှုတွေ စလုပ်ရမှာမို့လို့ပါ။ နောက်၂ပတ်လောက်ဆိုရင်တော့ ပိုပြီးတိတိကျကျ သိလာနိုင်ပါတယ်။ သိသလောက်ပြောပြရရင်

ရောဂါကူးနှုန်း
ဒယ်တာနဲ့ ယှဉ်ရင် ပိုပြီး အကူးမြန်သလား၊ များများကူးနိုင်သလား၊ လွယ်လွယ်ကူးနိုင်သလားဆိုတာကို လေ့လာနေဆဲပါ။ တောင်အာဖရိကမှာတော့ အိုမက်ခရွန် ဗီဇပြောင်းပိုး လူနာတွေအတွေ့ရများပေမယ့် ဒါက အိုမက်ခရွန်ကြောင့်လား၊ တခြားအကြောင်းအရင်းကြောင့်လား (ဥပမာ ကာကွယ်ဆေး မလုံလောက်တာ၊ ကာကွယ်နည်းတွေကို မလိုက်နာတာ)ဆိုတာကို စစ်ဆေးနေကြပါတယ်။

ရောဂါပိုပြင်းထန်လာနိုင်သလား
ဒါလည်း မသိရသေးပါဘူး။ တောင်အာဖရိကမှာ ဖြစ်ခဲ့တဲ့ပုံအရတော့ ဆေးရုံတက်ရတဲ့လူနာများပါတယ်။ ဒါပေမယ့် ဒီလူနာတွေအကုန်လုံးက အိုမက်ခရွန် ကူးစက်ခံထားရတာလား၊ တခြား ဗီဇပြောင်းပိုးတွေပါ ပါနေလားဆိုတာ လေ့လာနေဆဲပါ။

အိုမက်ခရွန်မှာ ထူးခြားတဲ့ သီးသန့်လက္ခဏာတွေ ရှိသလားဆိုတာကိုလည်း စောင့်ကြည့်နေကြပါတယ်။ တောင်အာဖရိကမှာတော့ လူငယ်တွေမှာ ပိုတွေ့ရပါတယ်။ (အသက် ၆၅နှစ်အထက်က သူတို့ဆီမှာ ၆%ပဲ ရှိတာကိုး။) လက္ခဏာတွေကလည်း မပြင်းထန်တာကို တွေ့ရပါတယ်။ ဒါက လူငယ်တွေမှာ ဖြစ်တာကြောင့်ပဲလား။ အိုမက်ခရွန်က မပြင်းထန်တာပဲလားဆိုတာကို စစ်ဆေးနေကြပါတယ်။ ဒါကို သိရဖို့ကတော့ ရက်သတ္တပတ်အနည်းငယ်လောက် စောင့်ရဦးမှာ ဖြစ်ပါတယ်။

ဖြစ်ပြီးသား လူနာတွေမှာ ပြန်ဖြစ်လာနိုင်သလား။
လက်ရှိသိရသောက်ဆိုရင်တော့ တခြားဗီဇပြောင်းပိုးတွေထက်စာရင် အိုမက်ခရွန်က ဖြစ်ပြီးသားလူနာတွေမှာ ပြန်ဖြစ်နေတာကို တွေ့ရပါတယ်။ ပိုပြီးသိရဖို့ ဆက်လက်လေ့လာနေကြပါတယ်။

ကာကွယ်ဆေး တိုးမတိုး
ကာကွယ်ဆေးနဲ့ ပတ်သက်လို့လည်း ဆက်ပြီးလေ့လာနေကြပါတယ်။ ကာကွယ်ဆေး အများစုက Spike proteinကို အခြေခံပြီး ထုတ်ထားတာကြောင့် ခုလို နေရာ ၅၀လောက် ဗီဇပြောင်းထားရင် ဆေးမတိုးမှာကို စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် Pfizerနဲ့ Modernaကတော့ ဒီလိုဖြစ်ခဲ့ရင်တောင် သူတို့ကာကွယ်ဆေးတွေကို ပြုပြင်ပြောင်းလဲပြီး အဆင်မြှင့်လို့ ရတယ်လို့ ဆိုပါတယ်။

ဆေးစစ်ရင် ပေါ်မပေါ်
PCR လို့ခေါ်တဲ့ စက်ကြီးတွေနဲ့ စစ်တာကတော့ ပေါ်ပါသေးတယ်။ Rapid testလို့ခေါ်တဲ့ ခဏလေးနဲ့ အဖြေထွက်တဲ့ test kitနဲ့ ပေါ်မပေါ်ကိုတော့ ဆက်လက်လေ့လာနေကြပါတယ်။

လက်ရှိကုထုံးတွေနဲ့ တိုးမတိုး
ကိုဗစ်မှာ ဘယ်တုန်းကမှ တိကျတဲ့ ကုထုံးဆိုတာရယ်လို့ မရှိခဲ့ပါဘူး။ အသုံးများတဲ့ စတီးရွိုက်တွေ၊ IL6 Receptor Blockers တွေကိုတော့ ပြင်းထန်ကိုဗစ်မှာ ဆက်ပြီး သုံးနိုင်ပါသေးတယ်။ အိုမက်ခရွန်မှာ တခြားဆေးတွေ တိုးမတိုး ဆိုတာကိုတော့ ဆက်စောင့်ကြည့်ဖို့ လိုပါတယ်။

ပေါ်တာရက်ပိုင်းပဲ ရှိသေးတဲ့အတွက် ခုမှ စပြီးလေ့လာရမှာ ဖြစ်ပါတယ်။ နောက်အပတ်တွေလောက်မှ တဖြည်းဖြည်း သိလာရမှာဖြစ်လို့ လက်ရှိမှာ သတင်းမှားတွေကို သတိထားဖို့ လိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘာတွေ ပြင်ဆင်ကြမလဲ။
လက်ရှိမှာ ဖြစ်နေတဲ့ အားနည်းချက်က ကိုဗစ်စည်းကမ်းတွေ ပေါ့လျော့လာတာရယ်၊ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းတာရယ်က အဓိကပါ။ ဒါ့ပြင် ကုသနိုင်တဲ့နေရာတွေကလည်း နည်းနေတော့ ဖြစ်လာရင် တတိယလှိုင်းလိုမျိုး ထပ်ဖြစ်သွားနိုင်ပါတယ်။

အိုမက်ခရွန်ကို ရင်ဆိုင်တဲ့နေရာမှာ အစွန်းနှစ်ဖက်ကင်းဖို့ လိုပါတယ်။ စပေါ်ပေါ်ချင်းတုန်းက ခရီးသွားတွေ အဝင်အထွက်ပိတ်လိုက်ပြီ၊ ကမ္ဘာ့စီးပွားရေးတွေ ကမောက်ကမဖြစ်ကုန်ပြီလို့ ပြောကြပေမယ့် လက်တွေ့က ဒီလောက်မဟုတ်ပါဘူး။ ခုမှ ပိုးကို လေ့လာနေတုန်းပဲ ရှိပါသေးတယ်။ ဗီဇကလည်း ခုမှပြောင်းတာမဟုတ်။ သူ့ရှေ့မှာ ၄ခုတောင် ရှိပါတယ်။

ဒါပေမယ့် ဗီဇပြောင်းတဲ့ နေရာက များလွန်းတဲ့အတွက် စူပါပိုးဖြစ်လာမှာကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်ပြီး ပြင်ဆင်နေကြတာပါ။ ဒါကြောင့် အစွန်းနှစ်ဖက် ကင်းဖို့ လိုတာပါ။ သိပ်လည်း မကြောက်ပါနဲ့။ ပေါ့လည်း မပေါ့ပါနဲ့။

လက်ရှိမှာ ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်တာတွေကတော့

ကာကွယ်ဆေးတွေကို ထိုးဖြစ်အောင် ထိုးပါ။ အိုမက်ခရွန်က ဆေးတိုးပါ့မလားဆိုတာကို စဉ်းစားမနေပါနဲ့။ ကိုဗစ်မှာ တခြားဗီဇပြောင်းပိုးတွေ ရှိသေးတာကြောင့် ထိုးထားပါ။
မဖြစ်သေးတဲ့သူရော၊ ကိုဗစ်ဖြစ်ပြီး နာလန်ထ ကောင်းကောင်းသက်သာတဲ့သူရော ထိုးထားပါ။
၂ကြိမ်ပြည့်ပြီးသား ၃ကြိမ်မြောက် ထိုးမယ်ဆို အသက်၆၀အထက်၊ ရောဂါအခံရှိတဲ့သူတွေကို ဦးစားပေးပါ။ ပြီးမှ သာမန်လူတွေ ထိုးပါ။
ပွဲတွေ လျှော့ပါ။ နှစ်ကုန်ဖြစ်တဲ့အတွက် ပွဲဆက်တွေ များပါတယ်။ လူစုလူဝေးတွေ လျှော့ပါ။
နှာခေါင်းစည်းတပ်ပါ။
လက်ဆေးပါ။
ခုနေပြင်ဆင်ရင် မီပါသေးတယ်။ မတော်တဆ တကယ်ဆိုးတဲ့ ပိုးဖြစ်နေရင် ဒုက္ခများနိုင်လို့ ခုကစပြီး ပြင်ဆင်ဖို့လိုပါတယ်။

* နိုဝင်ဘာ ၂၈၊ ၂၀၂၁ WHO ထုတ်ပြန်ချက်ကို မှီငြမ်းထားခြင်းဖြစ်ပြီး အချိန်နဲ့အမျှ အပြောင်းအလဲရှိနိုင်ပါတယ်။

Credit Hello Sayarwon

ကြောင်လျှာပွင့်လေးတွေ ကဆေးဖက်ဝင်လား .....ကြောင်လျှာသီးကို လူတော်တော်များများက စားကြပေမယ့် ကြောင်လျှာပွင့်လေးတွေ ကိုတော့...
12/13/2021

ကြောင်လျှာပွင့်လေးတွေ ကဆေးဖက်ဝင်လား .....

ကြောင်လျှာသီးကို လူတော်တော်များများက စားကြပေမယ့် ကြောင်လျှာပွင့်လေးတွေ ကိုတော့ စားတဲ့လူက သိပ်မများကြပါဘူး။ တကယ်ကတော့ ကြောင်လျှာသီးက စားကောင်းသလို ကြောင်လျှာပွင့်လေးတွေကလည်း စားလို့ ကောင်းပါတယ်။

အတို့အမြှုပ်အနေနဲ့ စားလို့ကောင်းတဲ့ ကြောင်လျှာပွင့်လေးက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

ကြောင်လျှာပွင့် ဆိုတာ

ကြောင်လျှာပွင့် ဆိုတာက ကြောင်လျှာပင်ရဲ့ အပွင့်ပါ။ ပန်းပွင့် အတွင်းပိုင်းက အဝါရောင်ဖျော့ဖျော့လေးနဲ့ အပြင်ဘက်ကတော့ အနီရောင် ခပ်ဖျော့ဖျော့လေး ရှိပါတယ်။

အသားထူထူလေးနဲ့ စားလိုက်ရင် ထုတ်ထုတ်နဲ့ စားကောင်းလှပါတယ်။ ပြုတ်ပြီး ငပိရည်နဲ့ တို့လို့ ရသလို ပြုတ်ပြီး ပါးပါးလှီး ဆီချက်၊ မြေပဲထောင်း၊ ကြက်သွန်စိမ်း၊ နှမ်း၊ ပုစွန်ခြောက်မှုန့်တို့နဲ့ သံပုရာရည်လေး ညှစ်ပြီး သုပ်စားရင်လည်း စားလို့ ကောင်းပါတယ်။

ထမင်းနဲ့ တွဲစားလို့ ရသလို အခါး ကြိုက်သူတွေအတွက်ကတော့ အဆာပြေ ရေနွေးကြမ်းလေးနဲ့ တွဲသောက်လို့လည်း ရပါတယ်။

ကြောင်လျှာပွင့်လေးက ဆေးဖက်ဝင်လား ……

ကြောင်လျှာပွင့်လေးကလည်း ကြောင်လျှာသီး၊ ကြောင်လျှာရွက်တို့လိုပဲ ဆေးဖက်ဝင် အာနိသင်လေးတွေ ရှိပါတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတော့ ကြောင်လျှာပွင့်ကို စားပေးတာက

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချိုရှိသူတွေ စားသုံးပေးလို့ရပါတယ်။ ဆီးချိုကို သက်သာစေနိုင်သလို ကာကွယ်ဖို့အတွက်လည်း စားပေးလို့ရပါတယ်။ သွေးတွင်းသကြားဓာတ် ကျတတ်သူတွေကတော့ အများကြီး မစားသင့်ပါဘူး။

ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်

ကျန်းမာနေစေဖို့ဆိုရင် ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်ဖို့ လိုပါမယ်။ ဒီတော့ ဇီဝကမ္မ ဖြစ်စဉ် ကောင်းမွန်စေဖို့ ကြောင်လျှာပွင့်ကို စားပေးလို့ ရပါတယ်။ ကြောင်လျှာပွင့်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို ဇီဝကမ္မဖြစ်စဉ်ကိုလည်း တိုးတက်ကောင်းမွန် စေနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

ကြောင်လျှာပွင့်ရဲ့ နောက်ထပ်အာနိသင်တစ်ခုက အစာခြေစနစ်ကို ကျန်းမာစေတာပါ။ အူနံရံတွေ၊ အစာအိမ်နံရံတွေက ဆဲလ်တွေကို ကျန်းမာစေပြီး အစာအိမ် အနာဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

အူနံရံတွေကို အာဟာရ ကောင်းကောင်း စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။

ဓာတ်မတည့်မှုကို သက်သာစေနိုင်တယ်

ကြောင်လျှာပွင့် ကို အရေပြား ဓာတ်မတည့်မဥတွေကိုလည်း သက်သာစေနိုင်ပြီး ဝက်ခြံ အပါအဝင် အရေပြားပြဿနာတွေကြောင့် ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

ဆီးရွှင်စေတယ်

ကြောင်လျှာပွင့် ရဲ့ နောက်ထပ် ဆေးဖက်ဝင်မှု တစ်ခုက ဆီးရွှင်စေတာပါ။ ဆီးနည်းနေသူတွေ ဆီးသွားရခက်နေသူတွေ စားသုံးပေးလို့ ရပါတယ်။

သွေးတွင်း ကိုလက်စထရော ကျဆင်းစေနိုင်ပါတယ်

သွေးထဲမှာ ကိုလက်စထရော များတာက သွေးကြောကျဉ်းတာ၊ နှလုံး ကျန်းမာရေး ထိခိုက်စေတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောတွေကို လျှော့ချဖို့ဆိုရင် သဘာဝဆေးနည်း တစ်ခုက ကြောင်လျှာပွင့် စားပေးတာပါ။

သည်းခြေရည် ထွက်စေနိုင်တယ်

ကြောင်လျှာပွင့် စားပေးရင်း ရရှိမယ့် နောက်ထပ် အကျိုးကျေးဇူးတစ်ရပ်က အူသိမ်ဦးပိုင်းကို သည်းခြေရည်ရောက်ရှိမှု ကောင်းစေဖို့အတွက် သည်းခြေအိတ်ကနေ သည်းခြေရည် များများ ထွက်ရှိအောင် လှုံ့ဆော်ပေးတာပါ။

ဒါတွေအပြင် ကြောင်လျှာပွင့်က

အဆစ်ရောင်တာတွေ သက်သာစေဖို့

ကပ်ပါးပိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့

ဝမ်းမှန်စေဖို့

အသက်ရှူ လမ်းကြောင်း ကျန်းမာစေဖို့

မှိုပိုးတွေကို ဖယ်ရှားဖို့

လိပ်ခေါင်း သက်သာစေဖို့

ဝမ်းပျက်ဝမ်းလျှောတာ သက်သာစေဖို့

လေပြွန်ရောင်တာ သက်သာစေဖို့

လည်ချောင်းနာတာ သက်သာစေဖို့

ပါးစပ်ထဲက အနာ သက်သာစေဖို့

ခေါင်းကိုက်တာ သက်သာစေဖို့

အနာ ကျက်စေဖို့

ကိုယ်ခံအားကောင်းဖို့

အဖျား သက်သာစေဖို့

အစားစားချင်စိတ်ဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ကဲ …. ကြောင်လျှာပွင့်လေးတွေ ကလည်း အခုလိုလေးတွေ ဆေးဖက်ဝင်ပါတယ်။

ဆောင်းပါး Hellosayarwon
နောက်ထပ် အကျိုးရှိမယ့် ကျန်းမားရေးဆိုင်ရာ ဆောင်းပါးတွေ ကိုဖတ်နိုင်ဖို့ရာ Healthy Life pageကို
Like and Followလုပ်ထား ဖို့ မမေ့နဲ့ နော် ...✌️

Address

Spring Hill, KS

Opening Hours

Monday 6:30am - 8am
Tuesday 6:30am - 8am
Wednesday 6:30am - 8am
Thursday 6:30am - 8am
Friday 6:30am - 8am
Saturday 6:30am - 8am
Sunday 6:30am - 8am

Telephone

+959765098851

Website

Alerts

Be the first to know and let us send you an email when စိန် ဆေးနှင့်ဆေးပစ္စည်း ကြာပို့ကန်တော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to စိန် ဆေးနှင့်ဆေးပစ္စည်း ကြာပို့ကန်တော်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram