O Negative Blood Donors Myanmar

  • Home
  • O Negative Blood Donors Myanmar

O Negative  Blood Donors Myanmar ရှားပါးသွေးအလှူရှင်များ ဖြစ်ပါသဖြင့် သွေးပွဲစားများ လုံးဝ လက်မခံပါ...

12/09/2023

အင်းစိန် Boc မှတ်တိုင်နားက KBC ဆေးရုံမှာ မွေးလူနာအတွက် သွေးလေး လိုအပ်နေပါသဖြင့် ကူညီနိုင်မယ့်သူရှိရင် လူနာရှင် ဖုန်းနံပါတ်လေး ပေးပါမယ်ခင်ဗျ

Page မှာ ရှိကြတဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးပဲ မင်္ဂလာပါဗျာ... ကျွန်တော်တို့လည်း ဝမ်းရေး တစ်ဖက်နဲ့မို့ အလုပ်လုပ်ရင်း f...
11/09/2023

Page မှာ ရှိကြတဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးပဲ မင်္ဂလာပါဗျာ...

ကျွန်တော်တို့လည်း ဝမ်းရေး တစ်ဖက်နဲ့မို့ အလုပ်လုပ်ရင်း fb ကိုရော Messenger ကိုရော အချိန်ပြည့် အသုံးမပြုနိုင်တဲ့အတွက် တစ်ခါတစ်ရံ သွေးအလှူခံလာတာတွေကို အချိန်မှီ မကူညီနိုင်တာမျိုးတွေလည်း ရှိလို့ အားနာမိပါတယ် ...

သွေးတောင်းတဲ့ အလှူခံပိုစ့်တွေကို တွေ့ပါသော်လည်း သွေးလှူမယ့် သွေးအလှူရှင်တွေကို Messenger ကနေ ချိတ်ဆက်အလှူခံတဲ့အခါမှာ
တစ်ဖက် သွေးလှူချင်တဲ့ အလှူရှင်က ကျွန်တော်အပေါ်မှာ ပြောခဲ့သလို မအားလပ်တာမျိုးနဲ့ ကြုံကြိုက်တဲ့အခါ နှောင့်နှေး ကြန့်ကြာတာမျိုးလေးတွေ မကြာခဏ ကြုံနေရလို့ ဖုန်းနံပါတ်နဲ့ တိုက်ရိုက် ချိတ်ဆက် ဆက်သွယ်နိုင်အောင် သွေးလှူမယ့်အလှူရှင်များ စုစည်းပြီး Viber Group လေး ဖွင့်ချင်ပါတယ် ခင်ဗျ...

Viber Group ဆိုရင် online ပေါ်က ချိတ်ဆက်အလှူခံလို့မရတောင်မှ တိုက်ရိုက် ဖုန်းဆက်လို့ ရတဲ့အတွက် အရေးပေါ်လိုအပ်ချက်ကြောင့် လှူဒါန်းရမယ့်ကိစ္စမျိုးတွေမှာ အထောက်အကူဖြစ်လိမ့်မယ် ထင်ပါတယ် ...

ဒါကြောင့်မို့ အဆင်ပြေ အပန်းမကြီးရင် Viber Group လေး ဖွင့်ဖို့အတွက် သွေး အလှူရှင်များ အနေနဲ့ ဖုန်းနံပါတ်လေးတွေကို ယခုပိုစ့်ရဲ့ Comment မှာ ဖြစ်စေ Page ရဲ့ chat box မှာ ဖြစ်စေ ပို့ပေးစေချင်ပါတယ်...

Viber Group မှာ သွေးအလှူခံသည့် ကိစ္စမှ အပ သွေးအလှူရှင်တွေ စိတ်အနှောက်အယှက်ဖြစ်စေမယ့် ကိုယ်ရေးကိုယ်တာနဲ့ ဘာအကြောင်းကိစ္စမျိုးကိုမှ တင်မှာမဟုတ်ကြောင်းလည်း လေးစားစွာဖြင့်အသိပေးလိုပါတယ် ခင်ဗျ...

အသည်းကင်ဆာ ရောဂါသည် အသက်(၇၅)နှစ်အရွယ် Uncle ကြီးကို  ဗဟိုစည် ဆေးရုံမှာ ကိုအောင်လေးရဲ့ ချိတ်ဆက်ပေးမူ့နဲ့ အစ်မ Ma Zar Chi ...
30/04/2023

အသည်းကင်ဆာ ရောဂါသည် အသက်(၇၅)နှစ်အရွယ် Uncle ကြီးကို ဗဟိုစည် ဆေးရုံမှာ ကိုအောင်လေးရဲ့ ချိတ်ဆက်ပေးမူ့နဲ့ အစ်မ Ma Zar Chi Nyein မှ သွေးလှူဒါန်းကုသိုလ်ပြုခဲ့ပါတယ်....

မွန်မြတ်သန့်စင်သော စိတ်စေတနာနဲ့ လှူဒါန်းပေးခဲ့သောအစ်မလည်းစိတ်ချမ်းသာ ကိုယ် ကျန်းမာစွာနဲ့
နောက်ထပ် နောက်ထပ်လည်း အကြိမ်ပေါင်းများစွာ လှူဒါန်းနိုင်ပါစေ ... 🙏🙏🙏

သွေးအလှူခံသော လူနာ Uncle ကြီးလည်း ရောဂါခပ်သိမ်းကင်းငြိမ်းပပျောက်ပြီး အသက်ရှည် ကျန်းမာပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ ... 🙏🙏🙏

02/03/2023

ကျိုက်ထိုဘက်မှာ ၁၀တန်းကျောင်းသူကလေးတစ်ယောက် သွေးလိုလို့တဲ့ ကူညီပေးနိုင်မယ့်သူများ ရှိကြလားခင်ဗျ... အကြိုအပို့ လူနာရှင်ဘက်က စီစဥ်ပေးပါမယ်တဲ့ခင်ဗျ

29/12/2022

Page ထဲမှာရှိကြတဲ့ အစ်ကိုအစ်မများ အားလုံးပဲ မင်္ဂလာပါ...

#ယခုပိုစ့်မှာ_သွေးအလှူရှင်များအား__သတိပေးလိုခြင်း__ဖြစ်ပါသည်_...

ကျွန်တော်တို့ရဲ့ Page လေးက O negative သွေးအလှူရှင် သီးသန့်လို့ ရည်ရွယ်ပြီး Page နဲ့ Messenger Group လေးကို အစပြုခဲ့တာဖြစ်ပါတယ် ...

သို့ပေမယ့် အလှူရှင်အများကြီး ရှိမနေသေးတဲ့ အနေအထားမှာ သွေးလိုအပ်တဲ့လူနာရှင်တွေ အလှူခံလာခဲ့ရင် ပိုပြီး အဆင်ပြေလွယ်ကူချောမွေ့စွာ သွေးရရှိနိုင်ရန်အတွက် ပရဟိတ ကူညီနေသူများလည်း Messenger group ထဲမှာ လက်ခံပေးထားပါတယ် ... ထိုအထဲမှာ ပရဟိတအလုပ်ကိုမြတ်နိုးခုံမင်စွာ ကူညီနေသူများလည်း ပါနိုင်သလို မတော်လောဘဖြင့် ကိုယ်ကျိုးစီးပွားရှာသူများလည်း ရှိနေနိုင်ပါတယ် ...

ကျွန်တော်တို့ Admin တွေအနေနဲ့လည်း Page Messenger မှတဆင့် ဆက်သွယ်ပြီး သွေးအလှူခံလာတာမျိုးတွေဆိုရင် Page ပေါ်မှာ Post တင်၍ဖြစ်စေ Messenger Group ထဲမှာ ဖြစ်စေ သွေးအလှူရှင်များအား အသိပေးပြီး သွေးအလှူရှင်များအနေနဲ့ ယုံမှားသံသယကင်းစွာ မိမိတို့ သွေးကို လှူဒါန်းနိုင်ရန်အတွက် ဖုန်းနံပါတ် သို့မဟုတ် Fb account သို့ ကိုယ်တိုင်ဆက်သွယ်စေပါတယ် ...

ကျွန်တော့်ရဲ့ အဓိက ဆိုလိုရင်းကတော့ သွေးအလှူရှင်များ အနေနဲ့
Page ပေါ်မှာရော Messenger Group မှာပါ
မိမိတို့ထံ သွေးလှူဒါန်းပေးရန် ဆက်သွယ်လာခဲ့ပါက လူနာရှင်ဟုတ်မဟုတ် တိကျသေချာစွာ စုံစမ်းဆက်သွယ်ပြီးမှ လှူဒါန်းကြခြင်းဖြင့် မိမိတို့သွေးနဲ့ မတော်​လောဘဖြင့် ဝင်ငွေရှာဖွေနေသော ပရဟိတအမည်ခံ သွေးပွဲစားများရန်မှ ကင်းဝေးစေဖို့ အသိသတိပေးလိုပါတယ် ခင်ဗျ ...

#ယခုပိုစ့်သည်_ပရဟိတအလုပ်ကို_မြတ်နိုးခုံမင်စွာ_ကူညီလုပ်ကိုင်နေကြသော__ပရဟိတသမားစစ်စစ်များအား_မရည်ရွယ်ပါ

#မည်သူတစ်ဦးတစ်ယောက်ကိုမှ_စော်ကားလိုစိတ်အလျှဥ်းမရှိပါ

#ယခုပိုစ့်ကြောင့်_တစ်စုံတစ်ရာ_စိတ်အနှောက်အယှက်ဖြစ်စေခဲ့လျှင်လည်း_အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ🙏🙏🙏

#သွေးအလှူရှင်များအားလုံးအား_ကျေးဇူးတင်စွာဖြင့်_လေးစားဦးညွတ်ပါတယ်🙏🙏🙏

15/12/2022

သွေးအကူအညီလိုအပ်လို့ Messenger မှ အကူအညီတောင်းခံလာသော လှူနာရှင်များခင်ဗျာ ကျွန်တော်တို့သည် သွေးပွဲစားများ သွေးရောင်းစားသည့်သူများမဟုတ်ပါသောကြောင့် လူကြီးမင်းတို့ရဲ့ သွေးလိုအပ်မူ့ကို 100% သွေးအကူအညီရနိုင်ဖို့ရာ အာမမခံနိုင်ပါဘူးခင်ဗျ ... ။

သွေးအမျိုးအစားတူသူ သွေးအလှူရှင် လူနဲစုဖြင့်သာ စုဖွဲ့ထားခြင်း ဖြစ်ပါ၍ သွေးအလှူခံကြသည့်အပေါ် မကူညီနိုင်ကြသည့်အခါ စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ် ထို့အတွက်လည်း အနူးအညွတ် ကြိုတင်တောင်းပန်အပ်ပါတယ်ခင်ဗျ... ။

Messenger မှ ဖြစ်စေ Page မှ ဖြစ်စေ လူကြီးမင်းတို့ သွေးအလှူခံသည့်အခါ... (၁) လူနာရှင်ဖုန်းနံပါတ်
(၂) တက်ရောက်ကုသနေသည့် ဆေးရုံဆေးခန်း အမည် နေရပ်
တို့ကို ကျေးဇူးပြု ထည့်သွင်းဖော်ပြပေးဖို့ မေတ္တာရပ်ခံပါရစေ ခင်ဗျ... ။

ကျေးဇူးတင်စွာဖြင့်

မြောက်ဥက္ကလာ ဆေးရုံမှာ သွေးအားနည်း လူနာအတွက် O Neg တစ်လုံးလောက် လိုနေလို့ပါတဲ့ခင်ဗျ... အလှူရှင်များ ရှိရင် ကူညီပေးကြပါဦ...
26/10/2022

မြောက်ဥက္ကလာ ဆေးရုံမှာ သွေးအားနည်း လူနာအတွက် O Neg တစ်လုံးလောက် လိုနေလို့ပါတဲ့ခင်ဗျ...

အလှူရှင်များ ရှိရင် ကူညီပေးကြပါဦးခင်ဗျ

လူနာရှင်အစ်မရဲ့ Ph No. က 09978573560 ပါ

ကျွန်တော်တို့ page မှာ သွေးလိုလို့ အကူအညီတောင်းသူက များပြီး သွေးလှူချင်တဲ့လူက ရှားနေတယ်ဗျာ...အားလုံးကိုကူညီချင်ပေမယ့်လည်...
26/06/2022

ကျွန်တော်တို့ page မှာ သွေးလိုလို့ အကူအညီတောင်းသူက များပြီး သွေးလှူချင်တဲ့လူက ရှားနေတယ်ဗျာ...

အားလုံးကိုကူညီချင်ပေမယ့်လည်း
အားနာနာနဲ့ပဲ တောင်းပန်ပါတယ်...

ကျောက်ဆည်ဘက်က O (-)  သွေးအလှူများရှိရင် ကူညီပေးကြပါဦးခင်ဗျ... ၇ လပိုင်းမွေးမှာမလို့ပါတဲ့...
13/05/2022

ကျောက်ဆည်ဘက်က O (-) သွေးအလှူများရှိရင် ကူညီပေးကြပါဦးခင်ဗျ... ၇ လပိုင်းမွေးမှာမလို့ပါတဲ့...

30/04/2022

ဗဟိုအမျိုးသမီးဆေးရုံမှာ အို အနုတ်လိုလို့ဆိုပြီး လူနာရှင် အစ်မတစ်ယောက် ဖုန်းဆက်လာလို့ပါ ခင်ဗျာ တနင်္လာနေ့ ခွဲရမှာမို့ ဒီနေ့ရမယ်ဆို သွေးစစ်ထားရမှာမလို့ဆိုပြီး ဖုန်းဆက်လာလို့ သွေးလှူဒါန်းပေးနိုင်မယ့်အလှူရှင်များ အဆင်ပြေရင် 09964508119 ဖော်ပြပါ ဖုန်းနံပါတ်ကို ဆက်သွယ်လှူဒါန်းပေးကြပါဦး ခင်ဗျာ... ကျေးဇူးတင်ပါတယ် ခင်ဗျ

လှိုင်သာယာဆေးရုံမှာ ခြေထောက်ဖြတ်ရမယ့် လူနာတစ်ယောက် မနက်ကျ ခွဲခန်းဝင်ရမှာ မလို့ သွေးလှူပေးလို့ရမယ့် အလှူရှင်များ ကျေးဇူးပ...
17/03/2022

လှိုင်သာယာဆေးရုံမှာ ခြေထောက်ဖြတ်ရမယ့် လူနာတစ်ယောက် မနက်ကျ ခွဲခန်းဝင်ရမှာ မလို့ သွေးလှူပေးလို့ရမယ့် အလှူရှင်များ ကျေးဇူးပြုပြီး ကူညီပေးကြပါဦးခင်ဗျာ...

လူနာရှင်ကို ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်က 09443870334 ပါ တဲ့ခင်ဗျာ

O negative သွေးလိုနေလို့တဲ့ ခင်ဗျ အဆင်ပြေရင် ကူညီပေးလိုက်ကြပါဦး...လူနာရှင်တွေအနေနဲ့  ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ပါ တစ်...
16/03/2022

O negative သွေးလိုနေလို့တဲ့ ခင်ဗျ အဆင်ပြေရင် ကူညီပေးလိုက်ကြပါဦး...

လူနာရှင်တွေအနေနဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ပါ တစ်ပါတည်း ထည့်ပေးစေချင်ပါတယ် ခင်ဗျ

ဒီနေ့ Page ထဲက O Negative. အစ်မတစ်ယောက်ရဲ့ သွေးလှူဒါန်းမှူ့ မှတ်တမ်းလေးပါ...  ကျေးဇူးတင်ပါတယ် အစ်မရေ...  မိမိသွေးနဲ့အသက်...
05/01/2022

ဒီနေ့ Page ထဲက O Negative. အစ်မတစ်ယောက်ရဲ့ သွေးလှူဒါန်းမှူ့ မှတ်တမ်းလေးပါ... ကျေးဇူးတင်ပါတယ် အစ်မရေ... မိမိသွေးနဲ့အသက်များစွာ ကယ်တင်နိုင်သောသူဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ... 🙏🏻🙏🏻🙏🏻

အပေါင်းသွေး အနုတ်သွေးအကြောင်းကျွန်တော်တို့အများစုဟာ သွေးအမျိုးအစားနဲ့ပတ်သက်ရင် အေသွေး၊ဘီသွေး၊အေဘီသွေး၊အိုသွေး ဆိုတဲ့ အမျ...
01/12/2021

အပေါင်းသွေး အနုတ်သွေးအကြောင်း

ကျွန်တော်တို့အများစုဟာ သွေးအမျိုးအစားနဲ့ပတ်သက်ရင် အေသွေး၊ဘီသွေး၊အေဘီသွေး၊အိုသွေး ဆိုတဲ့ အမျိုးအစား၄ခုကိုပဲ သိကြတာများပါတယ်။ အပေါင်းသွေး၊အနုတ်သွေးနဲ့ပတ်သက်ပြီး သိတဲ့သူ နည်းပါတယ်။သိတဲ့သူတွေထဲကတချို့ကလည်း သေချာဂဃဏန မသိကြပါဘူး။မိမိရဲ့သွေးက အေသွေး၊ဘီသွေး၊အေဘီသွေး၊အိုသွေးလားဆိုတာသိဖို့လိုတဲ့ အပြင် အပေါင်းသွေးလား၊အနုတ်သွေးလား ဆိုတာ ကွဲကွဲပြားပြားသိဖို့လည်း လိုပါတယ်။ဘာလို့လဲဆိုတော့ ပုံမှန်အချိန်တွေမှာကျန်းမာရေးအရ အပေါင်းသွေးဖြစ်ဖြစ် ၊အနုတ်သွေးဖြစ်ဖြစ် ပြသာနာမရှိပေမယ့် သွေးလိုတဲ့အခါမှာ အနုတ်သွေးဖြစ်တဲ့သူကို အပေါင်းသွေး သွားသွင်းမိရင် မတည့်တာတွေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်လို့ပါ။

အပေါင်းသွေး၊အနုတ်သွေးဆိုတာက Rhesus blood Grouping System ကိုသုံးပြီးခွဲခြားထားတာပါ။သွေးနီဥပေါ်မှာ D antigen လို့ခေါ်တဲ့ ပရိုတင်းရှိရင် အပေါင်းသွေး(Rh +) လို့သတ်မှတ်ပြီး သွေးနီဥပေါ်မှာ D antigen လို့ခေါ်တဲ့ပရိုတင်းမရှိရင် အနုတ်သွေး(Rh -)လို့သတ်မှတ်ပါတယ်။အပေါင်းသွေး၊အနုတ်သွေးခွဲတဲ့စနစ်ကို ၁၉၃၇ခုနှစ်မှာ Dr .Karl Landsteiner နဲ့ Dr Alexander S Wiener ကစတင်တွေ့ရှိခဲ့ပြီး ဒီစနစ်ရဲ့ အရေးပါအရာရောက်အသုံးကျမှုတွေကိုတော့ Philip Levine နဲ့ Rufus Stetson ဆိုတဲ့ ပညာရှင်နှစ်ဦးရဲ့တွေ့ရှိချက်တွေနဲ့ပေါင်းပြီးနောက် ၁၉၄၀မှာမှ ပြည့်စုံစွာသိခဲ့ရပါတယ်။

သူတို့ရဲ့တွေ့ရှိချက်ကြောင့် အမျိုးအစားတူသွေးအုပ်စု သွင်းတာကို တချို့တလေမှာ ဘာလို့မတည့်တာတွေဖြစ်ပြီး အသက်ဆုံးရှုံးရတာလဲဆိုတဲ့မေးခွန်းကို အတိုင်းအတာတခုထိဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ Rh blood grouping စနစ်နဲ့ အရင်ကရှိတဲ့ ABO blood grouping စနစ်နဲ့ပေါင်းလိုက်ပါတယ်။ အဲ့အခါမှာ အေအပေါင်းသွေး(A+)၊ဘီအပေါင်းသွေး(B+)၊အေဘီအပေါင်းသွေး(AB+)၊အိုအပေါင်းသွေး(O+)

အေအနုတ်သွေး(A-)၊ဘီအနုတ်သွေး(B-)၊အေဘီအနုတ်သွေး(AB-)၊အိုအနုတ်သွေး(O-) သွေးဆိုပြီး သွေးအုပ်စုရှစ်ခုရှိလာပါတယ်။

သွေးသွင်းတာအနေနဲ့ကတော့

သွေးအုပ်စု A+ ကို A+, A-, O+, O- ဆီကသွေးသွင်းနိုင်ပါတယ်။
သွေးအုပ်စု O+ ကို O+, O- ဆီကသွေးသွင်းနိုင်ပါတယ်။
သွေးအုပ်စု B+ ကို B+, B-, O+, O- ဆီကသွေးသွင်းနိုင်ပါတယ်။

သွေးအုပ်စု AB+ ကို တော့ မည်သည့်သွေးအမျိုးအစားမဆိုသွင်းနိုင်ပါတယ်။

သွေးအုပ်စု A- ကို A-, O- ဆီကသွေးသွင်းနိုင်ပါတယ်။
သွေးအုပ်စု O- ကိုတော့ O- ဆီကပဲသွေးသွင်းနိုင်ပါတယ်။
သွေးအုပ်စု B- ကို B-, O- ဆီကသွေးသွင်းနိုင်ပါတယ်။
သွေးအုပ်စု AB- ကို AB-, A-, B-, O- ဆီကသွေးသွင်းနိုင်ပါတယ်။

အကြမ်းအားဖြင့်ပြောရရင် အပေါင်းသွေးသမားကို အနုတ်သွေး သွင်းမိတာရပေမယ့် အနုတ်သွေးကိုတော့ အနုတ်သွေးပဲ သွင်းလို့ရပါတယ်။ဒါကြောင့် အနုတ်သွေးသမားတွေ(Rh-) ဆိုရင် သွေးရှာရတာ ခက်ပါတယ်။ဒီအခက်အခဲကိုကျော်လွှားဖို့အတွက် အနုတ်သွေးသမားတွေဟာ သူတို့အချင်းချင်း ဖေ့ဘုတ်မှာ အဖွဲ့တွေဖွဲ့ပြီး ဖုန်းနံပါတ် လိပ်စာလေးတွေယူထားတာမျိုးတွေလုပ်နိုင်ပါတယ်။

အနုတ်သွေးသမား(Rh-)တွေဟာ သွေးသွင်းတဲ့အခါမှာ သွေးရှာရခက်တာအပြင် တခြားအခက်အခဲတခုလည်းရှိပါသေးတယ ်။ အဲ့ဒါကတော့အနုတ်သွေးသမား(Rh-)အမျိုးသမီးတယောက် ကိုယ်ဝန်ဆောင်တဲ့အခါမှာ ရလာတဲ့ကိုယ်ဝန်သန္ဓေသားရဲ့သွေးအုပ်စုက အပေါင်းသွေးဖြစ်ခဲ့ရင် ကိုယ်ဝန်ပျက်ကျတာ၊မွေးလာတဲ့ကလေးမှာအသားဝါဖြစ်တာ တွေလည်းကြုံတွေ့ရနိုင်တာပါ။ဒီလိုကြုံတွေ့နိုင်တာဟာ ပထမအကြိမ်ကိုယ်ဝန်မှာသိပ်ဖြစ်လေ့မရှိပေမယ့် ဒုတိယမြှောက်အပေါင်းသွေးကိုယ်ဝန် တတိယမြှောက်အပေါင်းသွေးကိုယ်ဝန်တွေမှာ ဖြစ်တာပိုဆိုးနိုင်ပါတယ်။

ဒီလိုပြောလိုက်လို့လည်းစိတ်ဓါတ်မကျပါနဲ့။ကိုယ်က အနုတ်သွေးမှန်းကြိုသိထားရင် ကိုယ်ဝန်၂၈ပတ်ခန့်မှာ Rho(D) immune globulin ဆေးထိုးပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။ဒါကြောင့်အဆုံးသတ်အနေနဲ့ပြောချင်တာက ကိုယ်ဝန်ဆောင်မယ့်အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်မဆောင်ခင်မှာမိမိရဲ့သွေးအုပ်စုဟာ အေလား ဘီလား အေဘီလား အိုလား ဆိုတာသိဖို့ သွေး စစ်ကြပါ။ထိုသို့စစ်တဲ့အခါမှာလည်း အပေါင်းသွေးလား၊အနုတ်သွေးလားဆိုတာကိုပါ ထည့်စစ်ကြပါလို့ အကြံပေးတိုက်တွန်းချင်ပါတယ်။

20/11/2021

သွေးအလှူရှင်တွေပဲ စုပြီး Messenger Gp လေး ဖွင့်ထားချင်လို့ Gp ဝင်ချင်ရင် ကျေးဇူးပြုပြီး Comment မှာ ပြောပေးကြပါ ခင်ဗျ

12/11/2021

မင်္ဂလာပါ ခင်ဗျ...

O (-) Negative သွေးအမျိုးအစားက ရှားပါးသွေး အမျိုးအစား ဖြစ်တာကြောင့် သွေးအမျိုးအစား တူသူ သွေး လိုအပ်သူများအတွက် အဆင်ပြေ လွယ်ကူစွာ ရရှိနိုင်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်... ။ ။

သွေးရောင်းစားသည့် သွေးပွဲစားများအား အလိုမရှိပါ... ။

သွေးလှူဒါန်းမည့် အလှူရှင်နှင့် သွေးလိုအပ်သူ လူနာရှင် တိုက်ရိုက် ချိတ်ဆက်ပြီး လှူဒါန်းပေးကြခြင်းဖြင့် မိမိသွေးဖြင့် အသက်ကယ်ပေးနိုင်ကြပါစေကြောင်း
ဆန္ဒပြု ချင်ပါတယ် ခင်ဗျာ... ။ ။

Address


Website

Alerts

Be the first to know and let us send you an email when O Negative Blood Donors Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram