Four Flowers

Four Flowers to share knowledge

⛔️၂၀၂၅ ခုနှစ် ပန်းလေးပွင့် ပြက္ခဒိန်     ပန်းလေးပွင့်အစ္စလာမ့်စာပေမှ     မထုတ်ဝေဖြစ်ပါ။၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၅ ခု...
22/12/2024

⛔️၂၀၂၅ ခုနှစ် ပန်းလေးပွင့် ပြက္ခဒိန်
ပန်းလေးပွင့်အစ္စလာမ့်စာပေမှ
မထုတ်ဝေဖြစ်ပါ။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်

အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ

ထပ်မံသိရန်ဖော်ပြပေးလိုက်သည်။
🛑(သက်ဆိုင်သူများ သေချာဂရုပြုစေလိုပါသည်။)

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော      ၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ    ဒီဇင်ဘာလ ကို ဖော်ပြပေးလိုက်ပါသည်။⛔️ပန်းလေးပွင့်အ...
30/11/2024

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော
၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ
ဒီဇင်ဘာလ ကို ဖော်ပြပေးလိုက်ပါသည်။

⛔️ပန်းလေးပွင့်အစ္စလာမ့်စာပေမှ
၂၀၂၅ ခုနှစ် ပြက္ခဒိန် မထုတ်ဝေဖြစ်ပါ။

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော      ၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ    နိုဝင်ဘာလ ကို ဖော်ပြပေးလိုက်ပါသည်။
31/10/2024

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော
၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ
နိုဝင်ဘာလ ကို ဖော်ပြပေးလိုက်ပါသည်။

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော      ၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ    အောက်တိုဘာလ ကို ဖော်ပြပေးလိုက်ပါသည်။
30/09/2024

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော
၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ
အောက်တိုဘာလ ကို ဖော်ပြပေးလိုက်ပါသည်။

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော      ၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ    စက်တင်ဘာလ ကို ဖော်ပြပေးလိုက်ပါသည်။
31/08/2024

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော
၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ
စက်တင်ဘာလ ကို ဖော်ပြပေးလိုက်ပါသည်။

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော      ၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ    သြဂုတ်လ ကို ဖော်ပြပေးလိုက်ပါသည်။
02/08/2024

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော
၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ
သြဂုတ်လ ကို ဖော်ပြပေးလိုက်ပါသည်။

30/07/2024
🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော      ၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ    ဇူလိုင်လ ကို ဖော်ပြပေးလိုက်ပါသည်။
30/06/2024

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော
၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ
ဇူလိုင်လ ကို ဖော်ပြပေးလိုက်ပါသည်။

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော      ၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ    ဇွန်လ ကို ဖော်ပြပေးလိုက်ပါသည်။
31/05/2024

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော
၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ
ဇွန်လ ကို ဖော်ပြပေးလိုက်ပါသည်။

🕋🌎ဟဂျ်ပြုရာတွင် ဟဂျ်သည် အဓိက ဖြစ်စေရမည်။ကူးသန်းရောင်းဝယ် ဖောက်ကားမှုကိုကား အကြောင်းအားလျော်စွာခွင့်ပြုထားခြင်းမျှသာ ဖြစ်...
17/05/2024

🕋🌎ဟဂျ်ပြုရာတွင် ဟဂျ်သည် အဓိက ဖြစ်စေရမည်။
ကူးသန်းရောင်းဝယ် ဖောက်ကားမှုကိုကား အကြောင်းအားလျော်စွာ
ခွင့်ပြုထားခြင်းမျှသာ ဖြစ်ပေသည်။

📕(၂း၁၉၈)တွင် အစ္စလာမ်သာသနာသည်လောကုတ္တရာရေးရာ
အကျိုးတရားများကိုညွှန်ကြားသကဲ့သို့ လောကီရေးရာ
အကျိုးတရားများကိုလည်းညွှန်ကြားပေသည်။
အစ္စလာမ်သာသနာ၏ ကျင့်စဉ်များဖြစ်သော
ဆွာလားသ် ၊ ဆွိယာမ် ၊ ဇကားသ် စသည်တို့တွင်
လောကုတ္တရာရေးရာအကျိုးတရားများနှင့်တစ်ကွ
လောကီရေးရာအကျိုးတရားများကို ဒွန်တွဲ
တွေ့ရှိရသကဲ့သို့ ဟဂျ်ပြုရာတွင်လည်း လောကုတ္တရာရေးရာ
အကျိုးတရားများနှင့်တစ်ကွ လောကီရေးရာ ဆိုင်ရာ
အကျိုးတရားများကိုလည်းတွေ့ရှိရပေသည်။
🕋ကမ္ဘာ့မွတ်စ်လင်မ်တို့သည် ဟဂျ်ပြုခြင်းအားဖြင့်
လောကုတ္တရာအကျိုးအမျိုးမျိုးကို ခံစားကြရသည်သာမက
လောကီရေးအားဖြင့် ကမ္ဘာ့မွတ်စ်လင်မ်တို့၏ချစ်ကြည်ရေး ၊
ညီညွတ်ရေး ၊ စည်းရုံးရေး ၊ နိုင်ငံရေး ၊ စီးပွားရေး ၊
ကမ္ဘာ့ဗဟုသုတ စသည့် အကျိုးတရားများကို
လက်တွေ့ခံစားကြရပေသည်။
🧠ဘာသာရေးနှင့်ကူးသန်းရောင်းဝယ်ဖောက်ကားမှုသည်
ဆန့်ကျင်သောကိစ္စနှစ်ရပ်ဟု မှတ်ယူကာ အချို့သူများသည်
ဟဂျ်ပြုရာတွင်ကူးသန်းရောင်းဝယ်ဖောက်ကားမှုပြုက
ဟဂျ်ပင်အထ မမြောက်ဟူ၍ပင်မှတ်ယူကြ၏။
ဤကား မမှန်ပေ။
🐪 အစ္စလာမ်သာသနာမထွန်းကားမီ အမှောင်ခေတ်တွင်
အုကာဇွ ၊ မဂျန်နဟ် ၊ ဇုလ်မဂျာဇ် စသည်ဖြင့် ဈေးများရှိခဲ့၏။
ဟဂျ်အချိန်တွင် ရောင်းဝယ်ဖောက်ကားမှုကို(အရဗ်မိစ္ဆာဒိဋ္ဌိတို့သည်)
အပြစ်ဟူ၍မှတ်ယူခဲ့ကြ၏။ ထိုအခါအလ္လာဟ်အရှင်မြတ်ထံတော်မှ
ဟဂျ်အချိန်တွင်ရောင်းဝယ်ဖောက်ကားမှု ပြုခြင်းသည်
အပြစ်မရှိကြောင်းမုက္ခပါဌ်တော်ကျရောက်လာ၏။ (ကြည့်-ဗုခါရီကျမ်း)
အစ္စလာမ်သာသနာ၏ ကျင့်စဉ်အနက် ဇကားသ် ၊ ဟဂျ် ၊
ဂျိဟာဒ်စသည့်ကျင့်စဉ်များသည် စီးပွားရေးနှင့်စပ်ဆက်လျက်ရှိပေသည်။
ကုရ်အာန်ကျမ်းတော်မြတ်တွင်လည်း များစွာသောနေရာများ၌
စီးပွားရေးကို ရှာကြံရမည့်အကြောင်း မိန့်ဆိုထားတော်မူသည်။
ကြည့်- ကုရ်အာန် (၆၂း၁၀ ၊ ၇၃း၂၀)
🕋ဤမုက္ခပါဌ်တော်သည် ဟဂျ်ပြုချိန်တွင် ဟာဂျီများအဘို့
ခဝပ်ကိုးကွယ်မှုနှင့်ပူးတွဲပြီး ကူးသန်းရောင်းဝယ်မှု ပြုနိုင်ခွင့်ရှိကြောင်း
သာဓကတစ်ရပ်ပင် ဖြစ်ပေသည်။သို့ ( ဟဂျ်နှင့်ပူးတွဲ၍) စီးပွားရှာခြင်းဖြင့်
ဟဂျ်ပြုရန်တာဝန်ရှိသော ဟာဂျီ၏ စေတနာကို
မည်သို့မျှ မထိခိုက်ချေ။ ကြည့် - အီဗ်နုလ်အရဗီ။
ဟဂျ်သည် စီးပွားရှာကြံမှုကို ပိတ်ပင်တားမြစ်သည်မဟုတ် ၊
ထို့အတွက် မွတ်စ်လင်မ်တို့သည် နဗီတမန်တော်မြတ်
မုဟမ္မဒ်(ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) လက်ထက်တော်မှစ၍ ယနေ့တိုင်
ဟဂျ်နေ့ရက်များတွင် မက္ကာနှင့်မဒီနာမြို့များတွင် ကူးသန်းရောင်းဝယ်မှု
ပြုလျက်ရှိကြပေသည်။ ကြည့်-ဂျဆ်ွဆွာဆ်ွ ။

✒️မှတ်ချက်။ ။ ဟဂျ်ပြုရာတွင် ဟဂျ်သည်အဓိကဖြစ်စေရမည်။
ကူးသန်းရောင်းဝယ် ဖောက်ကားမှုကိုကား အကြောင်းအားလျော်စွာ
ခွင့်ပြုထားခြင်းမျှသာဖြစ်ပေသည်။

📕(ကုရ်အာန် အလင်းပြကျမ်းမှ ကူးယူဖော်ပြသည်။)
🍀🍀🍀🍀
ပန်းလေးပွင့်စာပေ
အမှတ် ၄၂၈ ၊ သိမ်ဖြူလမ်း ၊
မင်္ဂလာတောင်ညွန့်မြို့နယ်၊
ရန်ကုန်မြို့ ။ ☎️ ၀၉ ၄၄၄ ၃၃၃ ၇၈၆ ၊၀၉ ၉၇၂၁၄၁၁၅၅

📖(၂း၁၉၇) " ဟဂျ်ပြုလုပ်ရန်လများကား(အများ)သိရှိပြီးဖြစ်သောလများပင်ဖြစ်ချေသည်။ သို့ဖြစ်လေရာ အကြင်သူသည် ထိုလများ၌ဟဂျ်ပြုလုပ်...
10/05/2024

📖(၂း၁၉၇) " ဟဂျ်ပြုလုပ်ရန်လများကား(အများ)သိရှိပြီးဖြစ်သော
လများပင်ဖြစ်ချေသည်။ သို့ဖြစ်လေရာ အကြင်သူသည် ထိုလများ၌
ဟဂျ်ပြုလုပ်ရန် စိတ် ပြဋ္ဌာန်းခဲ့ပါလျှင် ထိုသူသည် ဟဂျ်အတွင်းတွင်
(အိဟ်ရာမ် ဝတ်ရုံထားသည့်အခါ၌ မေထုန်သံဝါသပြုလုပ်ရန်ဝေးစွ)
ကာမဂုဏ်နှင့်သက်ဆိုင်သည့် ညစ်ညမ်းသော စကားကိုပင် အလျင်း
မသုံးရ ၊ မည်သည့်ဆိုးသွမ်းမှုကိုလည်း အလျင်းမပြုရ။ မည်သည့်ငြင်းခုံ
ခိုက်ရန် ပွားမှုကိုလည်း အလျင်းမပြုရ။
အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ကြကုန်သော
မည်သည့်ကောင်းမှုကိုမဆို သိရှိတော်မူလေသည်။
ထိုမှတပါး အသင်တို့သည်(ဟဂျ်ပြုလုပ်ရန်ခရီးထွက်ရာ၌)
စားနပ်ရိက္ခာ(ခရီးစရိတ်)စသည်များကို (လုံလောက်စွာ)
ဆောင်ယူကြကုန်လော့။ အမှန်စင်စစ် အမွန်မြတ်ဆုံးသော စားနပ်ရိက္ခာ
(ခရီးစရိတ်)မှာ (ဒုစရိုက်မှုတို့မှ၎င်း ၊ အကြောင်းမဲ့ လက်ဖြန့်တောင်းရမ်း
စားသုံးခြင်းမှ၎င်း ) ကြဉ်ရှောင်ခြင်းပင်တည်း။ သို့အတွက်ကြောင့်
အို - ဆင်ခြင်တုံတရားနှင့် ပြည့်စုံသော နိသမ္မဉာဏ်ရှင်အပေါင်းတို့
အသင်တို့သည် ငါအရှင်မြတ်ကို ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်လော့။"}

✅ အစ္စလာမ်သာသနာ မထွန်းကားမီက အရဗ်လူမျိုးတို့သည်
ဆင်းရဲနွမ်းပါးစွာ ဟဂျ်ပြုခြင်းကို မြတ်သည်ဟု ယူဆကြကုန်၏။
အချို့တို့သည် အိဟ်ရာမ်ဝတ်ရုံကို ဝတ်ရုံပြီးသောအခါ၌
မိမိတို့ထံ၌ ရှိသောစားနပ်ရိက္ခာနှင့်တကွစရိတ်ကြေးငွေများကိုပင်
စွန့်ပစ်ကြပြီး သူတစ်ပါးထံ တောင်းရမ်းစားသုံးကြ၏။
ယင်းကဲ့သို့ တောင်းရမ်းစားသုံးမှုကိုပင် ဂုဏ်ယူကြ၏။
အစ္စလာမ်သာသနာသည် ယခုကဲ့သို့ အကြောင်းမဲ့ တောင်းရမ်းစာသုံးခြင်း ၊
ခရီးသွားလာရာတွင် သူတပါးတို့အား ဒုက္ခပေးခြင်းများကို
အလျင်းမလိုလားပေရာ ဤမုက္ခပါဌ်တော်(၂း၁၉၇)တွင်
အသင်တို့သည်ခရီးစရိတ်ဆောင်ယူသွားကြကုန်
ဟူ၍၎င်း ၊ (၃း၉၆)တွင် လမ်းစရိတ်ကုန်ကျနိုင်သော သူများအပေါ်၌
ဟဂျ်ပြုရန် ဖွရသ်ွတာဝန်ပင်ဖြစ်သည်ဟူ၍ မိန့်ဆိုတော်မူခဲ့၏။
ခရီးစရိတ်မကုန်ကျနိုင်သောသူများ
အပေါ်၌ ဟဂျ်သည် ဖွရသ်ွတာဝန်လည်း မဟုတ်ချေ။
💪🧠အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ကာယဗလ ၊
ဉာဏဗလနှင့်တကွ အစွမ်းသတ္တိအမျိုးမျိုးကိုပေးသနားထားတော်မူ၏။
ထိုသို့သော အစွမ်းသတ္တိများကို အသုံးမပြုဘဲလျက် လက်ပိုက်၍
အလ္လာဟ်အရှင်မြတ်ကိုသာ အားကိုးပါသည်ဟု
ပြောဆိုနေခြင်းသည် အဓိပ္ပါယ်မရှိချေ။
အစ္စလာမ်တရားနှင့် လားလားမျှ မသက်ဆိုင်ပေ။
📕(ကုရ်အာန် အလင်းပြကျမ်းမှ ကူးယူဖော်ပြသည်။)

🍀ပန်းလေးပွင့်စာပေ
အမှတ် ၄၂၈ ၊ သိမ်ဖြူလမ်း ၊
မင်္ဂလာတောင်ညွန့်မြို့နယ်၊
ရန်ကုန်မြို့ ။ ☎️ ၀၉ ၄၄၄ ၃၃၃ ၇၈၆ ၊၀၉ ၉၇၂၁၄၁၁၅၅

📓ကျမ်းတော်မြတ်ကုရ်အာန် မုက္ခပါဌ်တော် (၂း၁၉၆)ကျရောက်လာသည့်အကြောင်းအရင်း⛔️အစ္စလာမ်သာသနာ မထွန်းကားမီက အရဗ်လူမျိုးတို့သည်ဟဂျ...
01/05/2024

📓ကျမ်းတော်မြတ်ကုရ်အာန် မုက္ခပါဌ်တော် (၂း၁၉၆)
ကျရောက်လာသည့်အကြောင်းအရင်း

⛔️အစ္စလာမ်သာသနာ မထွန်းကားမီက အရဗ်လူမျိုးတို့သည်
ဟဂျ်ကို ပွဲလမ်းသဘင်တစ်ခုအနေနှင့်ပြုလုပ်ကြကုန်၏။
ထိုသူတို့သည် ဟဂျ်ကိုအကြောင်းပြု စုရုံးကြ၏။အချင်းချင်း
ကူညီယိုင်းပင်းကြ၏။ဈေးလိုက်သည့်အနေဖြင့်
လိုရာပစ္စည်းများကို ဝယ်ယူကြ၏။
အလ္လာဟ်အရှင်မြတ်ကိုရည်စူး၍ သာသနာရေး
ကျင့်စဉ်တစ်ရပ်အနေနှင့် ဟဂျ်ပြုလုပ်ကြသည်မဟုတ်ပေ။
🛑ဤမုက္ခပါဌ်တော် (၂း၁၉၆)တွင် မလျော်ကန်သော
အမှုကိစ္စတို့ကို မပြုလုပ်ရမည့်အကြောင်း ၊
အလ္လာဟ်အရှင်မြတ်ကို
ရည်စူး၍ သာသနာရေးကျင့်စဉ်တစ်ရပ်အနေဖြင့်သာ ဟဂျ်
ပြုလုပ်ရမည့်အကြောင်း မိန့်ဆိုထားတော်မူသည်။

အင်ရှာအောလ္လာဟ် ဆက်လက်ဖော်ပြပါမည်။
📓ကျမ်းတော်မြတ်ကုရ်အာန် မုက္ခပါဌ်တော် (၂း၁၉၇)
ဟဂျ်ပြုရာတွင် လိုက်နာအပ်သော စည်းကမ်းများနှင့်
အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ရန်အမိန့်တော်
📓ကျမ်းတော်မြတ်ကုရ်အာန် မုက္ခပါဌ်တော် (၂း၁၉၈)
ဟဂျ်ပြုရာတွင် အကြောင်းအားလျော်စွာ
ရောင်းဝယ်ခြင်းပြုလုပ်ခွင့်ရှိကြောင်း

🕋အွမ္မရဟ်သီးသန့် နှင့်
ဟဂျ်ဂျိသမသ်သုအ် ပြုလုပ်နည်းအနှစ်ချုပ်
(အိတ်ဆောင်စာအုပ်ပုံစံ ကတ်ပြားပေါ်ပုံနှိပ်ထားသည်။
လည်ဆွဲပုံစံ အဖြစ်လဲ အသုံးပြုနိုင်သည်။
စာမျက်နှာတိုင်း ပလပ်စတစ်လောင်းထားသည်)
🗒တစ်အုပ်(၂၅၀၀)ကျပ်နူန်း
🗒(၅၀)အုပ်နှင့်အထက်(၂၀၀၀)ကျပ်နူန်း
🔖ဖုန်း ၀၉ ၄၄၄ ၃၃၃ ၇၈၆
အင်ရှာအောလ္လာဟ်
🕋ဟဂျ်လမ်းညွှန်စာအုပ်များကို ကြိုတင်ဖတ်ထားပြီး
ဟဂျ်သင်တန်းတက်ခြင်း ၊ အသံဖိုင်များနားထောင်ခြင်း
တတ်သိဆရာများထံ ချဉ်းကပ်သင်ယူမှုများပြုလုပ်ပြီး
ဤလမ်းညွှန်ကို လမ်းခရီးတွင် အသုံးပြုပါက
အလွန်လွယ်ကူသွားမည်။
🕋ဟဂျ်ခရီး စထွက်ချိန်မှ
မဒီနာမြို့ တမန်တော်မြတ်ထံ
စလာမ်ပို့သ သည်အထိ
အိတ်ဆောင်အနေဖြင့်
အလွယ်တကူ ကြည့်ရှုနိုင်ရန်
အစဉ်အတိုင်းဖော်ပြပေးထားသည်။
အတိုချုံ့ထားခြင်းမဟုတ် ၊
ကျင့်စဉ်များကို အစဉ်အတိုင်း
ပြုလုပ်နိုင်ရန် ပြည့်စုံစွာ ပြင်ဆင်ပေးထားသည်။
🔖🔷မိမိကုမ္ပဏီအမည် ၊ လုပ်ငန်းကြော်ငြာ ၊
အလှူရှင်အမည်များကို
သီးသန့်ထည့်သွင်းလိုသူများ
(၁၀)ရက်ကြိုတင်အပ်ရပါမည်။
🟩ဤ လမ်းညွှန် ဖြစ်မြောက်ရန်
ဝိုင်းဝန်း ကူညီပေးသော
စာတည်းဖြတ်ပေးသော ဆရာများအား
အလ္လာဟ်အရှင်မြတ်ဘက်တော်မှ
လိုအင်ဆန္ဒအားလုံးကို
လက်ခံ သဘောတူတော်မူပါစေ။
ဟဂျ်ကျင့်ဆောင်မည့်သူများ၏
ဟဂျ်ကိုလည်း အလ္လာဟ်လက်ခံသဘော
တူတော်မူသောဟဂျ်ဖြစ်ပါစေ။(အာမီးန်)

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော      ၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ     မေလ ကို ဖော်ပြပေးလိုက်ပါသည်။
27/04/2024

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော
၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ
မေလ ကို ဖော်ပြပေးလိုက်ပါသည်။

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော      ၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ      ဧပြီလ ကို ဖော်ပြပေးလိုက်ပါသည်။(နှစ်သစ်ကူး ရုံး...
31/03/2024

🍀ပန်းလေးပွင့်အစ္စလာမ့်စာပေမှ ထုတ်ဝေသော
၂၀၂၄ ခုနှစ် ပြက္ခဒိန် မှ
ဧပြီလ ကို ဖော်ပြပေးလိုက်ပါသည်။
(နှစ်သစ်ကူး ရုံးပိတ်ရက်များကို မှန်ကန် ပြည့်စုံစွာ ဖော်ပြပေးထားသည်။)

အလ်ဟမ်းဒို့လစ်လ္လာဟ်🕌လှည်းကူးမြို့၊ဂျာမေ့ဗလီ တည်နေရာကိုဗဟိုပြုတွက်ချက်ထားသော၁၂ လစာ နမားဇ်အချိန်ဇယားဖြစ်ပါသည်။၎င်းနေရာမှ ...
25/03/2024

အလ်ဟမ်းဒို့လစ်လ္လာဟ်
🕌လှည်းကူးမြို့၊ဂျာမေ့ဗလီ တည်နေရာကို
ဗဟိုပြုတွက်ချက်ထားသော
၁၂ လစာ နမားဇ်အချိန်ဇယားဖြစ်ပါသည်။
၎င်းနေရာမှ (၁၀)မိုင်ပတ်ဝန်းကျင် အသုံးပြုနိုင်သည်။(ဟန္နဖီမဇ်ဟဗ်)
သက်ဆိုင်ရာဒေသရှိ
💚💙အီမာန်ရှင်မိတ်ဆွေများ
သိရှိအသုံးပြုနိုင်ရန် SHARE ပေးနိုင်ပါသည်။(ဂျဇာကောလ္လာဟ်)
🍀Four Flowers Page ကို
LIKE လုပ်ထားပါက မိမိနှင့်သက်ဆိုင်သောမြို့ကို
လွယ်ကူစွာ ရှာဖွေ အသုံးပြုနိုင်ပါသည်။
အင်ရှာအောလ္လာဟ် ဆက်လက်ဖော်ပြပေးသွားမည်။

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ပေါ်နှင့်လွယ်ကူနီးစပ်ရာ ပတ်ဝန်းကျင် မြို့ရွာများအနေဖြင့်🍀🔜၁၈"x၂၅" ကတ်ထူဖြင့် ပုံနှိပ်ထားသေ...
21/03/2024

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ပေါ်နှင့်
လွယ်ကူနီးစပ်ရာ ပတ်ဝန်းကျင် မြို့ရွာများအနေဖြင့်
🍀🔜၁၈"x၂၅" ကတ်ထူဖြင့် ပုံနှိပ်ထားသော
"ဆွလားသ်အမည်များနှင့် ရကအသ် အရေအတွက်များ''ကို
ဗလီတစ်လုံး တစ်စောင်နူန်းဖြင့်
မော်လမြိုင်မြို့ ရွှေမဒီနာ ဆိုင်တွင်
အခမဲ့ (ဓမ္မဒါန) သွားရောက်ရယူနိုင်ပါသည်။

အလ်ဟမ်းဒို့လစ်လ္လာဟ်🕌ရွှေညောင်မြို့၊ဂျာမေ့ဗလီ တည်နေရာကိုဗဟိုပြုတွက်ချက်ထားသော၁၂ လစာ နမားဇ်အချိန်ဇယားဖြစ်ပါသည်။ညောင်ရွှေမ...
20/03/2024

အလ်ဟမ်းဒို့လစ်လ္လာဟ်
🕌ရွှေညောင်မြို့၊ဂျာမေ့ဗလီ တည်နေရာကို
ဗဟိုပြုတွက်ချက်ထားသော
၁၂ လစာ နမားဇ်အချိန်ဇယားဖြစ်ပါသည်။
ညောင်ရွှေမြို့အတွက်လည်း အသုံးပြုနိုင်ပါသည်။
၎င်းနေရာမှ ပင်လယ်ရေမျက်နှာပြင်အမြင့်တူ
(၁၀)မိုင်ပတ်ဝန်းကျင် အသုံးပြုနိုင်သည်။(ဟန္နဖီမဇ်ဟဗ်)
သက်ဆိုင်ရာဒေသရှိ
💚💙အီမာန်ရှင်မိတ်ဆွေများ
သိရှိအသုံးပြုနိုင်ရန် SHARE ပေးနိုင်ပါသည်။(ဂျဇာကောလ္လာဟ်)
🍀Four Flowers Page ကို
LIKE လုပ်ထားပါက မိမိနှင့်သက်ဆိုင်သောမြို့ကို
လွယ်ကူစွာ ရှာဖွေ အသုံးပြုနိုင်ပါသည်။
အင်ရှာအောလ္လာဟ် ဆက်လက်ဖော်ပြပေးသွားမည်။

Alhamdulillah🍀🔜၁၈"x၂၅" ကတ်ထူဖြင့် ပုံနှိပ်ထားသော"ဆွလားသ်အမည်များနှင့် ရကအသ် အရေအတွက်များ''ကိုလက်လှမ်းမီသလောက်ဖြန့်ချိထား...
02/03/2024

Alhamdulillah
🍀🔜၁၈"x၂၅" ကတ်ထူဖြင့် ပုံနှိပ်ထားသော
"ဆွလားသ်အမည်များနှင့် ရကအသ် အရေအတွက်များ''ကို
လက်လှမ်းမီသလောက်ဖြန့်ချိထားပါသည်။
ဒေသအချို့မှ အလှူရှင်များမှ
ပန်းလေးပွင့်မိသားစုနှင့်အတူ
အားဖြည့် ပူးပေါင်း ဝယ်ယူလှူဒါန်းသဖြင့်
အလ္လာဟ်အလိုတော်ဖြင့် ပထမ အကြိမ်ပုံနှိပ်ခြင်း
ပစ္စည်းကုန်သွားပြီဖြစ်ပါသည်။

📣ဓမ္မဒါနအဖြစ် ဖြန့်ဝေပြီးသော နေရာများမှာ
ရန်ကုန် အရှေ့ဒဂုန် ၊ သဲတော၊ ပင်းတလဲ၊
မိတ္ထီလာ ၊ ယင်းတော် ၊ မင်းရွာ
ကြပ်တွင်း ၊ အုန်းပင်ခြံ ၊ပျော်ဘွယ် ဗလီအားလုံး ၊
ရမည်းသင်းဗလီအားလုံး ၊
တပ်ကုန်း ၊ ပျဉ်းမနား ၊ လယ်ဝေး ၊ ဧလာ
တောင်ကြီးမြို့ပေါ်ဗလီအားလုံး
အေးသာယာ ၊ညောင်ရွှေ ၊ ရွှေညောင် ၊တီကျစ်
ရှမ်းပြည်တောင်ပိုင်း ခိုလမ် ၊ ကွန်ဟိန်း ၊ ဝမ်စိမ်း ၊
ကုန်းပေါင်း ၊ ကာလိ ၊ လွယ်လင် ၊နမ့်စမ် ၊
ပင်လုံ ပတ်ဝန်းကျင်ရှိ ဗလီများအားလုံး
ပုသိမ် ၊
မော်လမြိုင်မြို့ ပတ်ဝန်းကျင် မြို့ရွာများရှိ
ဗလီတစ်လုံးတွင် တစ်စောင်နူန်း(ဓမ္မဒါန)
ရွှေမဒီနာ ဆိုင်တွင်သွားရောက်ထုတ်ယူနိုင်ပါသည်။
ဖြန့်ဝေရေးတာဝန်ယူပေးသော မိတ်ဆွေများ၏
ဖြန့်ဝေပြီးသော ဗလီ နေရာစာရင်းများကို
ဆက်လက်ဖော်ပြပေးပါ့မည်။

📣အင်ရှာအောလ္လာဟ်
ဆက်လက်ပြီး တိုင်းနှင့်ပြည်နယ် မြို့ရွာများရှိ
လိုအပ်သောဗလီများ message box မှ
ဆက်သွယ် ရယူနိုင်ပါသည်။
မိမိဒေသအတွက် ဝယ်ယူလှူဒါန်းလိုသူများလဲ
ဆက်သွယ်နိုင်ပါသည်။

📧ဒုတိယအကြိမ် ထပ်မံပုံနှိပ်မှုတွင်
ကြိုတင်စာရင်းပေး မှာယူနိုင်ပါသည်။

🕌မြန်မာတစ်နိုင်ငံလုံးရှိ လိုအပ်သောဗလီနှင့်
ဂျမအသ်ဝတ်ပြုဆောင်များ
၂ပေx၄ပေ အရွယ် ဗီနိုင်း အထူဖြင့်
မှာယူလိုပါက တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
☎️09972141155

Address


Website

Alerts

Be the first to know and let us send you an email when Four Flowers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Four Flowers:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram