Pyae Sone Win သူနာပြု ဝန်ဆောင်မှု

  • Home
  • Pyae Sone Win သူနာပြု ဝန်ဆောင်မှု

Pyae Sone Win သူနာပြု ဝန်ဆောင်မှု Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Sone Win သူနာပြု ဝန်ဆောင်မှု, Medical and health, .

 #မေမေမြင်ခဲ့ရင်.......(Nurse..)ု~လူနာမျိုးစုံ ရောဂါမျိုးစုံ အနံ့မျိုးစုံ ကူးစပ်ရောဂါမျိုးစုံကြား ချွေးတရွဲရွဲနဲ့ ပြေးလွ...
22/08/2022

#မေမေမြင်ခဲ့ရင်.......(Nurse..)

~လူနာမျိုးစုံ ရောဂါမျိုးစုံ အနံ့မျိုးစုံ ကူးစပ်ရောဂါမျိုးစုံကြား ချွေးတရွဲရွဲနဲ့ ပြေးလွှားနေတဲ့ကျွန်တော် တို့ရဲ့ခြေလှမ်းတွေကို မေမေမြင်ခဲ့ရင်......

~အခြားဝန်ထမ်းတွေလို ထမင်းစားနားချိန်ဆိုပြီးတောင်းတမိဖို့ မဆိုပါနဲ့ အချိန်တွေကျော်စားရတာတောင် စားရင်းတန်းလန်းနဲ့ ထထပြေးနေရတဲ့ ကျွန်တော် တို့ကိုမေမေမြင်ခဲ့ရင်..

~စာနာစိတ်မရှိ ရပ်တည်ကာကွယ်ပေးဖို့မပြောနဲ့ အမှားလုပ်မှာကို အပြစ်တင်ဖို့စောင့်ကြည့်နေတဲ့ အချို့သူတွေရဲ့ မျက်လုံးတွေကို မေမေမြင်ခဲ့ရင်......

~အ်ိမ်မှာ ဘယ်လောက်ကောင်းတဲ့ အိပ်ယာနဲ့ အိပ်ရ အိပ်ရ..
ဆေးရုံမှာ ဆရာ/ဆရာမတွေအတွက် အခန်းတစ်ခန်းတောင် မရှိတဲ့အတွက် ကောင်တာဘေးကကြမ်းပြင်မှာ ဖျာခင်းအိပ်နေရတာကို မေမေမြင်ခဲ့ရင်....

~7am 4 pmဆိုပြီး သတ်မှတ်အလုပ်ချိန် တစ်နေ့ 9နာရီရှိပြီး လူအင်အားနည်းတာကြောင့် 7am to 7pmဆိုပြီး တစ်နေ့အလုပ်ချိန် 12နာရီကို အကြိမ်းပေါင်းမနည်း ဆင်းခဲ့ရတဲ့ ပင်ပန်းနွမ်းလျနေတဲ့ ကျွန်တော်တို့မျက်နှာကိုမေမေမြင်ခဲ့ရင်....

~အချို့လူနာတွေရဲ့ စော်ကားမှူတွေ၊ သူ့လူနာတစ်ယောက်တည်းအတွက် အတ္တတွေ၊ အထင်လွဲမှူတွေကြားမှာ
ခံစားချက်မျိုးစုံနဲ့ ဖြေရှင်းချက်တွေပေးနေတဲ့ ကျွန်တော် တို့မျက်နှာတွေကိုမေမေမြင်ခဲ့ရင်...........

သားယုံကြည်တယ်မေမေ....

"ကျွန်တော့်ကို သူနာပြုအရမ်းဖြစ်စေချင်တယ်''
ဆိုတဲ့စကားကိုအရင်ကလို မျက်နှာမှာအပြုံးအပြည့်နဲ့
မေမေပြောနိုင်မှာမဟုတ်တော့ဘူးဆိုတာကိုပေါ့........
...........

အချို့လူနာတွေရဲ့စကားတွေ သူတို့ရဲ့ဖြူစင်တဲ့မေတ္တာတွေ.. စာနာတတ်မှူတွေကြောင့် အတိုင်းမသိကြည်နှုးခဲ့ရသလို..

"သူနာပြု''ဆိုတာနဲ့ ဘယ်သူဘယ်ဝါမသိ ခေါက်ရိုးကျိုး သိမ်းကြုံးအပြစ်တင်နေကြတဲ့အချို့သူတွေကြောင့်''သူနာပြု"ဘဝ'ကို ဝမ်းနည်းစိတ်ပျက်ခဲ့ဖူးတယ်..... မေမေ........ 🙂🙂

...



@

👤👤 #အာရုံကြောအားနည်းနေတဲ့လက္ခဏာ (၇) မျိုးနေကောင်းလားမေးရင်နေကတော့ကောင်းပါတယ်။ ဟိုနားက တခုခုဖြစ်လိုက်၊ ဒီနားကတမျိုးဖြစ်လိ...
20/08/2022

👤👤 #အာရုံကြောအားနည်းနေတဲ့လက္ခဏာ (၇) မျိုး

နေကောင်းလားမေးရင်နေကတော့ကောင်းပါတယ်။ ဟိုနားက တခုခုဖြစ်လိုက်၊ ဒီနားကတမျိုးဖြစ်လိုက်နဲ့ ဘာရောဂါအမျိုးအမည်တပ်ရမှန်းမသိအောင် အူကြောင်ကြောင်ဖြစ်ရပါတယ်။နေမကောင်းဖြစ်တာလည်းမဟုတ်၊ ဆရာဝန်သွားပြရင်တောင်ပြောပြရခက်တဲ့ လက္ခဏာအစုံတွေ ကိုယ့်မှာရှိနေတာမျိုး။

လူ့ခန္ဓါကိုယ်ရဲ့အာရုံကြောစနစ်ဟာ တကိုယ်လုံးကိုဖြန့်ကြက်ထားတာမို့ အရမ်းကိုအရေးပါပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်ကလည်း လှုပ်ရှားမှုကအစ ဦးနှောက်ဉာဏ်ရည်တွေအထိကို သက်ရောက်မှုကြီးမားတာမို့ အာရုံကြောစနစ်ကျန်းမာနေဖို့ လိုပါတယ်။

အာရုံကြောအားနည်းနေပြီဆို လူက တကယ်ကိုပေါက်ကရတွေဖြစ်ပြီး အလုပ်လုပ်နိင်စွမ်းတွေထိခိုက်ပါလိမ့်မယ်။

#အာရုံကြောအားနည်းရင်ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ....??

#ထုံကျဉ်တာ

ခြေတွေ၊လက်တွေ ထုံကျဉ်တာဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်းမဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာနေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။Crohn’sရောဂါ သို့မဟုတ် တခြားအူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

#ပိုချမ်းတတ်တာ

အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓါတ်လောက်ကို အခုမှအရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆိုသွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓါတ်မလုံလောက်လို့သွေးနီဥတွေ နည်းတာဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေအေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်တာ

စိတ်ဓါတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေကB12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

#အားနည်းတာ

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်းတာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

#နှလုံးခုန်မြန်တာ

နှလုံးခုန်မြန်တာလည်း အာရုံကြောအားနည်းတဲ့လက္ခဏာထဲမှာပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။B12 ချို့တဲ့တယ်ဆိုရင်သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့တခြားပြင်းထန်တဲ့ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။

#ပါးစပ်အနာ

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေဖြစ်လာတယ်ဆိုရင်B12 အားနည်းတာ၊သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်နေနိုင်ပါတယ်။

#ဗိုက်ပြဿနာ

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေထိုးသင့်ထိုးရပါမည်။

စေတနာဖြင့်..

ကျန်းမာကြပါစေရှင် 🙏
#
Sone win #
&Nurse Servic #

ကိုယ်ဝန်လွယ်ထားစဉ် မွေးသမိခင်က Selfie ခဏခဏရိုက်သောအခါ 😍
01/08/2022

ကိုယ်ဝန်လွယ်ထားစဉ် မွေးသမိခင်က
Selfie ခဏခဏရိုက်သောအခါ 😍

ပညာတွေလဲရပါတယ် 🙄
01/08/2022

ပညာတွေလဲရပါတယ် 🙄

သေသူက မြေမကျသေးဘူး။သတ်တဲ့သူမိသားစု နေစရာ မလုံခြုံတော့ဘူး။သေသူက မပုပ်သေးဘူး။သတ်တဲ့သူအပုပ်နံ့က ထောင်းထောင်းထလို့။ခြွေခွင့်...
25/07/2022

သေသူက မြေမကျသေးဘူး။
သတ်တဲ့သူမိသားစု
နေစရာ မလုံခြုံတော့ဘူး။

သေသူက မပုပ်သေးဘူး။
သတ်တဲ့သူအပုပ်နံ့က ထောင်းထောင်းထလို့။

ခြွေခွင့်ရလို့ ကျေနပ်မနေနဲ့။
ကြွေလွင့်သွားတဲ့ဝိညာဉ်က
သွေးကြွေးတောင်းလိမ့်မယ်။

အဲ့ဒါ ကိုယ်ပြုတဲ့ကံပဲ။
သစ္စာရှိတယ်။ ။

ဦးသုမင်္ဂလ
ဒယ်အိုးဆရာတော်

ဖြစ်တဲ့ ရောဂါနဲ့ သောက်တဲ့ဆေးမလွဲရလေအောင် ဆေးအမည်တွေကိုအသံထွက်နဲ့တကွ ဘာသာပြန်ပြီးရေးသားဖော်ပြပေးထားပါတယ်။
24/07/2022

ဖြစ်တဲ့ ရောဂါနဲ့ သောက်တဲ့ဆေး

မလွဲရလေအောင် ဆေးအမည်တွေကို

အသံထွက်နဲ့တကွ ဘာသာပြန်ပြီး

ရေးသားဖော်ပြပေးထားပါတယ်။

ဖြစ်တဲ့ ရောဂါနဲ့ သောက်တဲ့ဆေးမလွဲရလေအောင် ဆေးအမည်တွေကိုအသံထွက်နဲ့တကွ ဘာသာပြန်ပြီးရေးသားဖော်ပြပေးထားပါတယ်။  👍👍👍
24/07/2022

ဖြစ်တဲ့ ရောဂါနဲ့ သောက်တဲ့ဆေး

မလွဲရလေအောင် ဆေးအမည်တွေကို

အသံထွက်နဲ့တကွ ဘာသာပြန်ပြီး

ရေးသားဖော်ပြပေးထားပါတယ်။

👍👍👍

✴ပေးချင် ကမ်းချင်သော စိတ်ကြောင့်ပင်ပေးနိုင် ကျွေးနိုင်သော ဘဝကို ရောက်လိမ့်မည် မနာလို ဝန်တိုသော စိတ်ကြောင့်ပင်တောင်းရမ်းစ...
24/07/2022

✴ပေးချင် ကမ်းချင်သော စိတ်ကြောင့်ပင်
ပေးနိုင် ကျွေးနိုင်သော ဘဝကို ရောက်လိမ့်မည်

မနာလို ဝန်တိုသော စိတ်ကြောင့်ပင်
တောင်းရမ်းစားသောက်ရသော ဘဝသို့ ရောက်လိမ့်မည်

မှန်မှန်ကန်ကန်ပြောတတ်သော စိတ်ကြောင့်ပင်
ဆိုတိုင်းဖြစ်တဲ့ သစ္စာရှင် ဘဝသို့ ဘဝကို ရောက်
လိမ့်မည်

လိမ်ပြောတတ်သော စိတ်ကြောင့်ပင်
လူတွေ အယုံအကြည်မဲ့သွားသော ဘဝသို့
ရောက်လိမ့်မယ်

သူတစ်ပါးကို ကူညီချင်သော စိတ်ကြောင့်ပင်
အကူအညီပေးနိုင်သော ဘဝသို့ ရောက်လိမ့်မည်

သူများ အကျိုးစီးပွားကို ဖျက်ဆီးလိုသော
စိတ်ကြောင့်ပင် ပျက်စီးသော ဘဝကို
ရောက်လိမ့်မည်

လောကကြီးမှာ ဘာမဆို ဆိုးသည်ဖြစ်စေ
ကောင်းသည်ဖြစ်စေ အကြောင်းမဲ့သက်သက်
ဖြစ်နေတာ မဟုတ်ဘူး

စိတ်စေခိုင်းတဲ့ အပြုအမူတွေကြောင့်
အကောင်းအဆိုးတွေ ကွဲနေကြတာပါ

ဒါကြောင့် စိတ်ကောင်းစိတ်မြတ်တွေ မွေးပြီး
စိတ်လှလို့ ဘဝလှတဲ့ ဘဝမျိုးဖြစ်အောင်
ကြိုးစားကြရမယ်၊၊

မိမိ စိတ်နှင့်တန်သော ဘဝ ကို သာ ရကြပါလိ့မ်မည်

Credit #

Vitaminနှင့် အာရုံကြောဆေးလေးတွေ😍😍 အားလုံအတွက်အကျိုးရှိမယ်ထင်လို့ မျှဝေပေးလိုက်ပါပီရှင့် ဒီ😘 Pageလေးက မိဘပြည်သူများအတွက် ...
22/07/2022

Vitaminနှင့် အာရုံကြောဆေးလေးတွေ😍😍 အားလုံအတွက်အကျိုးရှိမယ်ထင်လို့ မျှဝေပေးလိုက်ပါပီရှင့် ဒီ😘 Pageလေးက မိဘပြည်သူများအတွက် ကျန်းမာရေးနဲ့ အသိပညာ ဗဟုသုတတွေကို ဝေမျှပေးမှာမို့
Like&Sharesလုပ်ဖို့မမေ့နဲ့နော်🙏🙏🙏😍😍😍
Crd #

16/07/2022

အားလုံးမင်္ဂလာပါရှင့် အခုသလော တွေ့ကြုံနေရတဲ့သူနာပြုဆရာမလေးတွေရဲ့ပြဿနာပေါ့ အဲဒါကဘာလည်းဆိုတော့? ကိုယ့်အချင်းချင်း လက်တွဲမခေါ်ကြတဲ့ပြဿနာပေါ့
အလုပ်ခြင်းတူ ရန်သူလို့ ထင်နေကြတာ ပင်လယ်ရေကြီး ဘယ်သူခပ်သောက်သောက် သောက်မကုန်ပါဘူး ကိုယ့်အချင်းချင်း မေတ္တာ စေတနာလေးထား စိတ်ကောင်းလေးတွေထားပြီး ဖေးမကူညီကြပါ့လားကွယ် စီနီယာ တွေကလည်း လက်တွဲ ပြီးခေါ်ရမှာလေ ငါကသူ့ထက် ဝါကြီးတယ်ဆိုပြီး ဂျူနီယာလေးတွေအပေါ် အထက်စီးက မဆက်ဆံမိပါစေနဲ့ ကိုယ်လည်း တစ်ချိန်တုန်းက သူတို့လို ဂျူနီယာဖြစ်ခဲ့တာပဲလေ အငယ်လေးတွေ ဂျူနီယာတွေကလည်း စီနီယာအမတွေစကားကို နားထောင်ရမှာလေ အခုအငယ်လေးတွေကလည်း တွေ့နေရတယ် လုပ်သက်လေး တစ်လ နှစ်လ အများဆုံး ခြောက်လလောက်ပဲ ရှိသေးတယ် ဆရာကြီးတွေစတိုင်နဲ့ အကြီး အကြီးမှန်းမသိ သူတို့သိ သူတို့တတ်တွေဖြစ်နေကြတာ အဲတော့ အချင်းချင်းမသင့်မြတ်ကြတော့ဘူးး ဆေးရုံတွေမှာ ဝင်တဲ့သူတွေဆို အခု ကျွန်မပြောနေတဲ့ အကြောင်းအရာတွေကို သိကြမယ်ထင်ပါတယ် အဓိက ကျွန်မပြောချင်တာက အချင်းချင်းဖေးမကူညီကြပါ သူကစီနီယာမို့ ငါက ဂျူနီယာမို့ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် လက်တွဲပြီး ကုိယ်သိတာ ပြောပြ မျှဝေ ပြီး မသိတဲ့သူကလည်း သေချာလေးလေးစားစားနဲ့လိုက်နာပြီး အတူလက်တွဲလုပ်ကိုင်ကြမယ်ဆိုရင် ကျွန်မတို့ သူနာပြုလောကကြီးက ပိုပြီးတိုးတတ်မှာပါရှင့်။

ဒါက ကျွန်မတွေ့ကြုံပြီး အခုလက်တလော မန်ဘာဝင် ညီမလေးတွေဆီကပြန်ကြာရတာလေးတွေပါ ပြောစရာတွေတော့အများကြီး နောက်ရက်မှဆက်ရေးမယ် အားလုံးပဲ အလုပ်အကိုင်အဆင်ပြေကြပါစေရှင့်🙏🙏🙏

ဆီးပိုက်ထည့်ထားတဲ့ သူတွေ သိထားသင့်တဲ့ အချက်များ ။ ။========================================ဆီးမသွားနိုင်လို့ ဘယ်သူကတော့ ...
16/05/2022

ဆီးပိုက်ထည့်ထားတဲ့ သူတွေ သိထားသင့်တဲ့ အချက်များ ။ ။

====================
====================

ဆီးမသွားနိုင်လို့ ဘယ်သူကတော့ ဆီးပိုက်ကြီးနဲ့ နေရတာ၊ ဆီးမထိန်းနိုင်လို့ ဆီးပိုက်တန်းလန်းနဲ့နေမှ အဆင်ပြေတယ်ဆိုတာမျိုးတွေ ကြားဖူးမှာပါ။ တကယ်တော့ ဆီးပိုက်ထည့်တယ်ဆိုတာ အထည့်ခံရတဲ့သူအတွက် တကယ်ကို နေရထိုင်ရတာ သက်တောင့်သက်သာ မရှိစေတဲ့ အရာတစ်ခုပါ။ ခံစားနေရတဲ့ ဝေဒနာသက်သာအောင် လုပ်ပေးတယ်ဆိုပေမယ့် ဆီးပိုက်ကို သေချာ ဂရုမစိုက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ ကလည်း အများကြီးပါ။ ဘာဆိုးကျိုးတွေ ရှိလဲဆိုတာသိမှ သေချာ ဂရိုစိုက်လို့ရမှာဖြစ်တာကြောင့် ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ။

ဆီးပိုက်ထည့်ထားတာကို သေချာ ဂရုမစိုက်ရင် ရလာနိုင်တဲ့ ဆိုးကျိုးတွေ ။ ။
ဆိုးကျိုးတွေကို အရင်မပြောခင် ဘာကြောင့် ဆီးပိုက်ထည့်ရတာလဲဆိုတာကို အရင်ပြောရအောင် ။ ရောဂါအခံကြောင့်၊ ဆီးကျောက်တည်နေလို့၊ ဆီးအိမ်ကြွက်သားအားမကောင်းလို့၊ အသက်ကြီးလာလို့ ဆီးလမ်းကြောင့် မလုံလို့နဲ့ ခွဲစိတ်ပြီးခါစမှာ

ဆီးလုံးဝ မပေါက်နိုင်တဲ့သူတွေ
ဆီးမထိန်းနိုင်တဲ့သူတွေ
ဆီးသွားရခက်နေတဲ့သူတွေ အတွက် ဆီးပိုက်သည့်သာ အကောင်းဆုံး ပြဿနာဖြေရှင်းနိုင်တဲ့ အရာတစ်ခုပါ။
ဆီးပိုက်ထည့်ခြင်းကြောင့် ရနိုင်တဲ့ဆိုးကျိုးများ ။ ။
ဆီးလမ်းကြောင်းပိုးဝင်ခြင်း – ဆီးပိုက်ထည့်တာကြောင့် ရလာနိုင်တဲ့ အဖြစ်အများဆုံး ဆိုးကျိုးတစ်ခုပါ။ ဆီးလမ်းကြောင်းပိုးဝင်တာရဲ့ လက္ခဏာတွေကတော့

ချမ်းတုန်ပြီဖျားမယ်
ခေါင်းကိုက်မယ်၊ ဆီးစပ်တစ်ဝိုက်မှာလည်း ကိုက်ခဲနေမယ်
ဆီးထဲမှာလည်း ပြည်တွေ သွေးတွေ ပါတတ်ပြီး
ဆီးပိုက်ကနေ မဟုတ်ဘဲ ဆီးတွေထွက်နေမယ်။ ဒါတွေကတော့ ဆီးပိုက်ကို သေချာ မသန့်ရှင်းတာ၊ ဆီးပိုက်ကို မှန်မှန်မလဲတာတွေကြောင့် ရလာတဲ့ ဆီးလမ်းကြောင့်ပိုးဝင်ခြင်းဆိုးကျိုးတွေ ဖြစ်ပါတယ်။
ဆီးပိုက်ထည့်ထားတာကြောင့် အခြားရနိုင်သေးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက

ဆီးပိုက်မှာသုံးထားတဲ့ latex ( ရော်ဘာ တစ်မျိုး) နဲ့ ဓာတ်မတည့်ခြင်း
ဆီးတွေအနည်ကျပြီး ဆီးကျောက်တည်ခြင်း
ဆီးပိုက်ထည့်တဲ့အချိန် ထိခိုက်မိသွားပြီး ဆီးထဲသွေးပါတာ
ကျောက်ကပ်ထဲကိုပါ ပိုးတွေဝင်သွားနိုင်ပြီး ကျောက်ကပ်ရောင်ခြင်း
ဆီးလမ်းကြောင်း ပိုးဝင်ပြီး သွေးဆိပ်တက်ခြင်း တွေက ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပါတယ်။
ဆီးပိုက်ကို ဘယ်လို ဂရုစိုက်ရမလဲ။ ။
မထည့်လို့ကလည်းမရတော့ ဆီးပိုက်ထည့်လိုက်ရပြီ ဆိုပါတော့။ အပေါ်မှာ ပြောထားတဲ့ ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မရအောင် ဆီးပိုက်ကို ဘယ်လိုဂရုစိုက်ရမလဲ။ ။

ဆီးပိုက်တွေမှာ တစ်ခါသုံး ဆီးပိုက်နဲ့ ပြန်ဆေးပြီး သုံးလို့ရတဲ့ ဆီးပိုက်ဆိုပြီး ၂ မျိုးရှိပါတယ်။

တစ်ခါသုံး ဆီးပိုက်တွေကတော့ ရှင်းပါတယ်။ သုံးပြီးတာနဲ့စွန့်ပစ်လိုက်ရုံပါပဲ။

ပြန်ဆေးပြီးသုံးလို့ရတဲ့ ဆီးပိုက်ထည့်တဲ့ သူဆိုရင်တော့ ဆီးပိုက်ကို ရေတွေ၊ ဆပ်ပြာတွေနဲ့ သေချာသန့်စင်နေအောင် ဆေးဖို့ဆိုတာ တော်တော်လေးကို အရေးကြီးပါတယ်။ ဆီးပိုက်တင်မဟုတ်ပါဘူး။ ဆီးပိုက်ထည့်ခါနီးတိုင်း ဆီးခုံနားတစ်ဝိုက်ကိုလည်း သေချာ သန့်ရှင်းပေးဖို့လိုပါတယ်။ ဒါမှဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်နိုင်မှာပါ။

ဆီးပိုက်နဲ့ဆက်ထားတဲ့ ဆီးအိတ်ကို ၈နာရီတစ်ခါ ဒါမှမဟုတ် ဆီးအိတ်ပြည့်သွားတိုင်း အထဲက ဆီးတွေကို ဖောက်ထုတ်ပေးပါ။ ရှာလကာရည် + ရေ ( ဒါမှမဟုတ်) အရောင်ချွတ်ဆေး + ရေ ရောပြီး ဆီးအိတ်ကို သန့်စင်ပေးလို့ရပါတယ်။

နောက်တစ်ခုကတော့ ရေများများသောက်ဖို့ပါ။ ရေများများသောက်မှ ဆီးများများသွာြး့ပီး ဆီးအနည်ထိုင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေ နည်းသွားမှာပါ။

==========

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Hello ဆရာ၀န်

#

Address


Website

Alerts

Be the first to know and let us send you an email when Pyae Sone Win သူနာပြု ဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram