25/10/2021
Frozen shoulderရောဂါအကြောင်း သိကောင်းစရာများ
Frozen Shoulder ဆိုတာဘာလဲ❓
Frozen shoulderဆိုတာဟာ1934ခုနှစ် Dr. Codmanရေးသားခဲ့တဲ့ tendon တွေ Lesions တွေ စုတ်ပြဲ ခြင်းကနေ ဖြစ်ပေါ်ခြင်းလို့ ဖော်ပြထားတဲ့ "The Shoulder" စာအုပ်ကနေ အစပြုသိရှိလာပြီး နောက်ပိုင်း ဆေးပညာ လောကမှာ ရေပန်းစားလာခဲ့တဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။
Frozen Shoulder ကို မြန်မာလို တိုက်ရိုက်ဘာသာပြန်လျှင် အေးခဲနေသော ပုခုံးရိုးဟု အဓိပ္ပာယ် သက်ရောက်နိုင်ပြီး medical ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် adhesive capsulitisဟု တိုက်ရိုက် အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါသည်။
Medical Term အနေနဲ့ သန်မာပြီး တွယ်ကပ်တတ်တဲ့ tissueတွေက shoulder jointလို့ခေါ်တဲ့ ပုခုံးရိုးမှာ လာရောက်တွယ်ကပ်တဲ့အခါ ပုခုံးရိုးဟာ ရေခဲရိုက်ထားသလို လှုပ်ရှားမရခြင်းပဲ ဖြစ်ပါတယ်အရပ်စကားနဲ့ လူတိုင်းနားလည်အောင် ပြောရမယ်ဆိုရင် ကြီးမားတဲ့ အတက်အလက်တွေပါတဲ့ ရေဘဝဲ တစ်ကောင်က မိမိတို့ရဲ့ လက်ချောင်း ၅ ချောင်းကို သူ့ရဲ့ သန်မာတဲ့ လက်ချောင်းတွေနဲ့ ဖမ်းဆွဲတွယ်ကပ်ထားသောကြောင့်မိမိတို့ရဲ့ လက်ချောင်းလေးတွေ လှုပ်ရှားမရနိုင်ဖြစ်သလိုပါပဲ။
မည်သည့်injury(or) trauma history မှ မရှိဘဲ ဒီလိုမျိုး ရုတ်တရက် ပခုံးမှာ လှုပ်ရှားမရခြင်း၊နာကျင်ကိုက်ခြင်းတွေ ဖြစ်နေပြီဆိုလျှင် Frozen Shoulder ဖြစ်နိုင်ခြေ ရာခိုင်နှုန်း များနေပါပြီ။
ဒီလို အခြေအနေမျိုးမှာ mild & moderate အဆင့်လောက်ဆိုလျှင် clinical (or) physical data အရ အလွယ်တကူ သိနိုင်ပေမယ့် shoulder jt X-Ray မှာ သိပ်ကြီး significant မတွေ့ ရတတ်ပါဘူး။
MRI လို့ ခေါ်တဲ့ Magnetic Resonce Imaging မှာတော့ tendon တွေ muscle တွေ tissueတွေ adhesive ဖြစ်နေတာကို မြင်တွေ့ နိုင်ပါတယ်။
Severe Frozen Shoulder အဆင့်မျိုး ရောက်ပြီဆိုရင်တော့ shoulder joint X-Ray မှာ adhesive capsulitis တွေကို ကောင်းကောင်းကြီး မြင်တွေ့ နိုင်ပါတယ်။
ဘယ်လို လူမျိုးတွေမှာ အဖြစ်များကြလဲ❓
ပုံမှန်အားဖြင့် အသက် ၄၀ နှင့် ၆၀ ကြားအသက်ကြီးပိုင်းတွေမှာ အများဆုံး ဖြစ်လေ့ဖြစ်ထ ရှိကြပြီးတော့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များကြပါတယ်။
အမျိုးသမီးတွေမှာ ဘာ့ကြောင့် အဖြစ်များကြသလဲဆိုရင် menopause လို့ ခေါ်တဲ့ သွေးဆုံးပြီးနောက်ပိုင်း bone marrow ကနေ သွေးသား အသစ်အသစ်တွေ မထုတ်လုပ်ပေးနိုင်တော့တဲ့ အချိန်မှာ စက်ယန္တရားများလို ချောဆီမရှိတော့ရင် ပွတ်တိုက်မှုများလာချိန် စက်ယန္တားများ ကြမ်းတမ်းလာသလိုမျိုး ခန္ဓာကိုယ် muscle/tendon/tissue များဟာလဲ ပုံသဏ္ဌာန် ပြောင်းလဲ လာကြပါတယ်။
ဒီလို အချိန်မှာ adhesive capsulitis လို့ ခေါ်တဲ့ သန်မာပြီး တွယ်ကပ်တတ်တဲ့ muscle/tendon/tissue တွေဟာ ပခုံးရိုးနှင့် သူ့ အနီးနား တဝိုက်မှာ တွယ်ကပ်ကုန်ကြပါတော့တယ်။
ဒီလိုဖြစ်ပြီဆိုရင်တော့ ပခုံးလှုပ်ရှားမရ၊
လက်ပြင်ငုတ်နေသလို ရှေ့ နောက်/ဘယ်ညာ ရွေ့လျားမရ မည်သည့် ထိခိုက်ဒဏ်ရာမှ မရှိဘဲ ပြင်းထန်စွာ နာကျင်တဲ့ဒဏ်ကို ခံစားကြရပါတယ်။
နေ့ အချိန်အခါထက် ညအိပ်ရာဝင် အိပ်ချိန်မှာ ပို၍နာကျင်စွာ ခံစားကြရပါတယ်။
ညအချိန်အခါမှာ ပခုံးရိုးဟာ အိပ်ယာနှင့် ထိကပ်နေခြင်းကြောင့် high pressure & gravity effect တို့့ကြောင့် ပို၍နာကျင်ခြင်းဝေဒနာကို ခံစားကြရပါတယ်။
အဲဒါကြောင့် ညအချိန် အိပ်ယာဝင်မည် ဆိုလျှင် ဖြစ်တဲ့ ပခုံးအောက်မှာ ခေါင်းအုံး သို့မဟုတ် ရေနွေးအိတ် ခံပြီးမှသာ အိပ်စက်အနားယူလျှင် နာကျင်ခြင်းဝေဒနာကို လျှော့ကျသက်သာ စေနိုင်ပါသည်။အိပ်တဲ့ အခါတွင်လဲ တစ်ဖက်သတ် တစ်မျိုးတည်းကိုပဲ မအိပ်စက်ဘဲ ဘယ်/ညာတစ်လှည့်စီ စောင်းပြီအိပ်စက်သင့်ကြောင်းလဲ
အကြံပြုချင်ပါတယ်။
Frozen Shoulder ဖြစ်နေပြီဆိုလျှင် လေးလံသောပစ္စည်းများကို ရွှေ့ခြင်း၊ မခြင်းမျိုးကိုလဲ မပြုလုပ်ရပါဘူး။
Adhesive Capsulitis ဖြစ်နေချိန်မှာ tendonitis(အရွတ် ရောင်ခြင်း)ပါ ထပ်မံ ဖြစ်ပွား
နိုင်သောကြောင့် ဖြစ်ပါသည်။
Frozen Shoulder ဖြစ်ပြီဆိုလျှင် ဘယ်လို
treatment မျိုး ယူကြမလဲ❓
Frozen Shoulder အတွက် နေ့ စဉ်ပြုလုပ်ရမယ့်လေ့ကျင့်ခန်းတွေကို you tube
မှာ ရှာဖွေကြည့်ရှူ့ပြီနေ့စဉ် ၁၅ စက္ကန့်မှ၂၀ စက္ကန့် တစ်ရက် ၁၀ကြိမ် မှ အကြိမ် ၂၀ အထိပြုလုပ်ပေးနိုင်ပါတယ်။
Frozen Shoulder ဖြစ်ပြီဆိုလျှင်လဲ ၆လ မှ ၉ လ အထိ ကြာရှည်နိုင်ပြီး တစ်ချို့ ဆိုလျှင် ၁၂လ မှ ၁၈ လ အထိကြာမြင့်နိုင်ပါတယ်။ထို့ ကြောင့် recovery time(ပြန်လည် ကောင်းမွန် ရန်)အတွက်လဲ physical exercise သာမက အရိုးအားဆေး Osterocare ကဲ့သို့ သောက်ဆေးများနှင့် ကာလကြာမြင့်စွာ ကုသ ရမည့် ရောဂါ တစ်ခုလဲ ဖြစ်ပါတယ်။
တစ်ချို့ Frozen Shoulder လူနာတွေဆိုလျှင် corticosteroid ကဲ့သို့သော steroid injections ထိုးဆေးများကို shoulder joint spaceထဲသို့ ထိုးပေးရတတ်ပါတယ်။
အကောင်းဆုံး ကုသရန် နည်းလမ်း အနေနဲ့ ကတော့ သက်ဆိုင်ရာ အရိုးအထူးကု ပါရဂူကြီးများ နှင့် အရိုးအကြော ပြန်လည်သန်စွမ်း အထူးကု ဆရာဝန်ကြီးများနှင့် သေချာစွာ စမ်းသပ်တိုင်ပင် ဆွေးနွေးပြီး ကုသမယ်ဆိုရင် ပြန်လည်ကောင်းမွန် လာနိုင်တဲ့ ရောဂါတစ်ခု
ဖြစ်ပါကြောင်း ကျွန်မတို့ ချမ်းမြေ့အထူးကု
ဆေးရုံရဲ့ ကျန်းမာရေး ဗဟုသုတတစ်ရပ် အနေ နဲ့ မျှဝေပေးလိုက် ရပါတယ်ရှင့်။
မြန်မာပြည်သူ/ပြည်သား အပေါင်းလဲ သက်ရှည်ကျန်းမာ အနာဘယ ကင်းကွာစွာ နေထိုင်နိုင်ကြပါစေလို့ လဲ ကျွန်မတို့ ချမ်းမြေ့ဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာပို့သ လိုက်ရပါသည်ရှင့်။