Khin May Kha

Khin May Kha medicinal knowledge

Iron injection/infusion 🩸💉👩🏻‍⚕️🩸💉IV iron တွေကို oral iron therapy ကို absolute non-compliance သမားတွေ၊ intolerance ဖြစ်တ...
10/02/2026

Iron injection/infusion 🩸💉👩🏻‍⚕️

🩸💉IV iron တွေကို oral iron therapy ကို absolute non-compliance သမားတွေ၊ intolerance ဖြစ်တဲ့သူတွေ၊ iron malabsorption လူနာတွေနှင့် rapid Hb response ရရန်လိုအပ်နေသူတွေမှာသုံးကြပါတယ်။

🩸အခုလက်ရှိ ဆေးရုံတွေမှာ အသုံးပြုနေတာကတော့ iron sucrose injection နဲ့ FERCARI ( iron carboxymaltose injection )တွေဖြစ်ပါတယ်။

🩸ဒီ post လေးကတော့ သူတို့လေးတွေရဲ့ အားသာချက်၊ အားနဲချက် နဲ့ အသုံးပြုရမဲ့အချိန်လေးတွေ သတိထားမိနိုင်ရန်အတွက်ရည်ရွယ်ပါတယ်။

💉Iron injection နှစ်မျိုးရဲ့ကွာခြားချက်လေးတွေကတော့

🩸Iron sucrose တွင် elemental iron 20mg/ml ပါဝင်ပြီး slow IV injection or infusion ပေးလို့ရပါတယ်။ 1000mg ကို divided into 3 doses/week နဲ့ပေးရပါတယ်။ တခါပေးရင် maximum dose 200mg နဲ့ တပတ်ကို ၃ ရက်လောက်ခွဲပေးရပါတယ်။ Full therapeutic dose မပေးခင်မှာ test dose လုပ်ရန်လိုပါတယ်။ Dialysis patients တွေ နှင့် non-dialysis CKD patients တွေမှာသုံးပါတယ်။
အားနဲချက်အနေနဲ့ smaller repeated dose ပေးရပါတယ်။ side effects တွေက mild common symptoms တွေပဲဖြစ်တတ်ပါတယ်။

🩸Ferric carboxymaltose မှာတော့ elemental iron 50mg/ml ပါဝင်ပါတယ်။ သူလဲ slow injection or infusion ပေးလို့ရပါတယ်။ iron sucrose နဲ့ မတူတဲ့အချက်က FCM ကိုတော့ တကြိမ်တည်းနှင့် 1000mg high dose ကို over 15 minutes လောက်နဲ့ ပေးလို့ရပါတယ်။ test dose လဲလုပ်စရာ မလိုပါဘူး။ side effects ကလဲ မရှိသလောက်နဲပါးပါတယ်။ FCM ဆေး dose ကိုတော့ Hb level, body weight နဲ့ age ပေါ်မူတည်ပြီး 500mg, 1000mg, 1500mg, 2000mg ထိ ပေးကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ပုံမှန်အားဖြင့် Hb 10-14g/dL , body weight 35-70kg ကြားရှိသောသူများသောကြောင့် 1000mg ပေးလေ့ရှိပါတယ်။ oral iron fail ဖြစ်သော iron deficiency သမားတွေ၊ CKD patients တွေနှင့် heart failure patients တွေမှာပေးပါတယ်။ Iron sucrose နဲ့ ကွာခြားချက်က hypophosphatemia ဖြစ်တာ ပိုပြီး significant ဖြစ်ပါတယ်။ အားသာချက်ကတော့ Hemoglobin တက်တာမြန်စေတယ်၊ တခါတည်းနဲ့ high dose ပေးလို့ရလို့ patients’ hospital visits နဲစေတယ်။

🩸IV Iron supplements တွေကို ကိုယ်ဝန်ဆောင်ချိန် 1st trimester နှင့် နို့တိုက်မိခင်တွေမှာ မသုံးရပါဘူး။

Oral iron therapy ကတော့ first line treatment ဖြစ်ပေမဲ့ oral iron ကို intolerance ဖြစ်တဲ့မေမေတွေမှာ Pregnancy phase 2nd trimester နဲ့ 3rd trimester တွေမှာ ပေးလို့ရပါတယ်။

🩸Oral ဆေးများအတွက် Effective therapeutic dose ရဖို့အတွက်ဆိုရင် Oral iron supplements များမှာ ပါဝင်​သော elemental iron ပမာဏကိုကြည့်၍ oral ဆေးများကို တနေ့ ၂ကြိမ် -၃ကြိမ် ပေးနိုင်ပါတယ်။

🩸ပုံမှန်အားဖြင့် Iron deficiency anaemia (IDA) patients တွေအတွက် recommended dose က 100-200mg daily ဖြစ်ပါတယ်။

🩸Oral iron supplements တွေကိုလဲ calcium ပါသောဆေးတွေ၊ antacids တွေ၊ လက်ဖက်ရည်ကဲ့သို့သောအစာတွေနှင့်ခြားသောက်ပါ။ အထူးသဖြင့် အစာမစားခင် တနာရီအလိုလောက် အစာနှင့်ဆေး ခြား၍ သောက်ပါ။ vitamin C ပါဝင်သောအစာ ဉပမာအားဖြင့် လိမ္မော်ရည်မျိုးနှင့်တွဲသောက်ပါက ဆေးအာနိသင်ကောင်းစွာရရှိနိုင်ပါတယ်။

❤️ဆရာ၊ဆရာမတွေ၊P’cist မောင်လေး ညီမလေးအတွက် ဗဟုသုတရစေရန်ချစ်သောစိတ်ဖြင့်မျှဝေပေးခြင်းဖြစ်ပါတယ်။

လိုအပ်သည်များကို ဖြည့်စွက်နိုင်ပါတယ်။

👩‍💻
👩🏻‍⚕️


***copy ကူးယူခြင်းခွင့်မပြုပါ***
***sharing လုပ်နိုင်ပါသည်***

ဆရာတယောက်မေးလို့ လက်လှမ်းမှီသလောက်လေး sharing လုပ်ပေးခြင်းဖြစ်ပါတယ် 📝သံဓာတ်အားဆေး သောက်ဆေးများအကြောင်း🩸💉💊🩸သံဓာတ်အားဆေးမျ...
27/12/2025

ဆရာတယောက်မေးလို့ လက်လှမ်းမှီသလောက်လေး sharing လုပ်ပေးခြင်းဖြစ်ပါတယ် 📝

သံဓာတ်အားဆေး သောက်ဆေးများအကြောင်း
🩸💉💊🩸

သံဓာတ်အားဆေးများကို ပါဝင်ဖွဲ့စည်းမှုပုံစံပေါ်မူတည်ပြီး အမျိုးအစားအများအပြားတွေ့နိုင်ပါတယ်။ ခန္ဓာကိုယ်က စုပ်ယူနိုင်မှုနဲ့ ဘေးထွက်ဆိုးကျိုးရရှိမှုတွေကတော့ ဆေးတခုနှင့်တခု မတူကြပါဘူး။

Ferrous Sulfate မှာတော့ high elemental iron content ပါဝင်ပြီး cost effective လဲဖြစ်ပါတယ်။
မူးဝေတာ၊ ဝမ်းချုပ်တာ၊ ဗိုက်အောင့်တာ ဆိုတဲ့
GI side effects လေးတွေတော့ဖြစ်နိုင်ပါတယ်။

Ferrous Gluconate မှာတော့ low elemental iron content ပါဝင်ပါတယ်။ GI side effects ကတော့ Ferrous Sulfate ထက်နဲပါတယ်။ Sulfate နှင့် tolerate မဖြစ်တဲ့သူတွေအတွက် သင့်တော်ပါတယ်။

Ferrous Fumerate မှာတော့ high elemental iron content ပါဝင်ပြီး တချို့လူနာတွေမှာ Sulfate form ထက်ပိုပြီး tolerate ဖြစ်တာတွေ့ရပါတယ်။

Ferric Citrate/ Ferric Sulfate တွေကတော့ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်။ ဝမ်းချုပ်လေ့ရှိသူတွေ နှင့် ကျောက်ကပ်လူနာများမှာ ပေးလေ့ရှိပါတယ်။ တခြား iron form တွေထက်စျေးပိုကြီးတာတွေ့ရပါတယ်။

Ferrous Ascorbate မှာတော့ ferrous iron နှင့် ascorbic acid ( Vitamin C ) တို့ပါဝင်ပေါင်းစပ်ထားပါတယ်။ High bioavailability & well- tolerated oral iron supplements ဖြစ်ပါတယ်။

Heme Iron Polypeptide တွေကတော့ animal haemoglobin ဖြစ်ပါတယ်။ အသားကနေရပါတယ်။
GI side effect နဲပါတယ်။ Low elemental iron content ဖြစ်ပြီး စျေးလဲကြီးပါတယ်။

Lactoferrin ကတော့ animal milk ထဲကရတဲ့ iron-binding protein ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကနေ
သံဓာတ်စုပ်ယူမှုကို ပုံမှန်ဖြစ်စေတဲ့အပြင် immune- boosting နှင့် anti-inflammatory properties တွေရှိပါတယ်။ GI side effect လဲနဲပါတယ်။

Iron Bisglycinate ကတော့ high bioavailability, superior absorption & tolerability ဖြစ်ပါတယ်။
စျေးနှုန်းအားဖြင့်လဲ ကြီးပါတယ်။ GI side effects
လဲနဲပါတယ်။

ကလေးငယ်လေးများအတွက် Liquid and Gummy iron supplements တွေလဲရနိုင်ပါတယ်။ IDA အတွက်တော့ထိရောက်စွာ ကုသမှု မရနိုင်ပါဘူး။

သံဓာတ်အားဆေးများကို လူနာများ လိုအပ်ချက်ပေါ်မူတည်၍
Vitamin B9 ( folate)/ folic acid,
Vitamin B12 ( methylcobalamin )တို့နှင့်တွဲ၍ သုံးကြပါတယ်။

သံဓာတ်အားဆေးများကို သံဓာတ်အားနဲခြင်း ကာကွယ်ရန် နှင့် ကုသရန်၊ နာတာရှည်ကျောက်ကပ်ဝေဒနာရှင်များမှာ သံဓာတ်လျော့နဲခြင်း၊
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ဖြည့်စွက်အားဆေး အနေဖြင့်ပေးခြင်း၊ သံဓာတ်အားနဲခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်းတွေအတွက်ပေးကြပါတယ်။

သံဓာတ်အားဆေးများကို အစာနှင့်အချိန်ခြားသောက်ခြင်းက ဆေးအာနိသင်ရရှိမှု ပ်ုမိုကောင်းမွန်စေပါတယ်။ မစားခင်တနာရီအလို
(သို့) စားပြီး၂နာရီခြားသောက်ပေးနိုင်ပါတယ်။
Vitamin C နှင့် တွဲဖက်သောက်သုံးခြင်း ဆေးအာနိသင်ရရှိမှု ပိုကောင်းစေမှာဖြစ်ပြီး
နို့နှင့်နို့ထွက်ပစ္စည်း၊ လက်ဖက်ရည်၊ ကော်ဖီ၊ calcium၊
Magnesium ပါဝင်သောဆေးများ၊ antacids (လေဆေးများ) နှင့် တွဲသောက်ခြင်းက ဆေးအာနိသင်ရရှိမှုကျစေပါတယ်။

သံဓာတ်အားဆေးသောက်ခြင်းကြောင့် ဝမ်းအရောင် ညိုမဲခြင်းများဖြစ်တတ်ပါတယ်။

သံဓာတ်အားနဲနေသူတယောက် သံဓာတ်ပြန်ပြည့်ဖို့ရာလဲ ဆေးကိုအချိန်ကာလတခုထိ စွဲသောက်ရတတ်ပါတယ်။ တဉီးခြင်းစီအတွက် သံဓာတ်လိုအပ်မှု ပမာဏမှာ မတူနိုင်ပါ။ သက်ဆိုင်ရာဆရာဝန်များ၏ ညွှန်ကြားထားသော ဆေးပမာဏအတိုင်းသောက်သုံးနိုင်ပါတယ်။

💜
***copy ကူးယူခြင်းခွင့်မပြုပါ***
***sharing လုပ်နိုင်ပါသည်***

SGLT2 ( sodium-glucose cotransporter-2 )inhibitors 👉 SGLT2 inhibitors များသည် နောက်ပိုင်းတွင် ရောဂါတော်တော်များများအတွက်...
08/10/2025

SGLT2
( sodium-glucose cotransporter-2 )inhibitors

👉 SGLT2 inhibitors များသည် နောက်ပိုင်းတွင် ရောဂါတော်တော်များများအတွက် ကောင်းကျိုးရလာဒ်ဖြစ်စေသော အသုံးတည့်သော ဆေးဝါးများဖြစ်လာပြီး တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။

👉 ဒီနေ့ပြောပြမှာတော့ SGLT2 inhibitors ဆေးများကို ဆရာဝန်များက ညွှန်ကြားထားသကဲ့သို့ နည်းမှန်လမ်းမှန်နှင့်သောက်ရမှာဖြစ်ပြီး SGLT2 inhibitors များသောက်နေစဉ်အတွင်း သတိမူသင့်သော ဘေးထွက်ဆိုးကျိုးများမဖြစ်စေရန် ဆောင်ရန် ရှောင်ရန်လေးများကို သိစေရန်အတွက်ရည်ရွယ်ပါတယ်။

👉SGLT2 inhibitors များကတော့
Empagliflozin
Dapagliflozin
Canagliflozin
Ertugliflozin စတာတွေပဲဖြစ်ပါတယ်။

👉SGLT2 inhibitors တွေကို သူတခုတည်း monotherapy အနေနဲ့ပေးနိုင်သလို metformin တွင် ထပ်ပေါင်း၍ add on therapy အနေနဲ့လဲ ဆီးချိုထိန်းရန်ပေးကြပါတယ်။

👉SGLT2 inhibitors များသည် ဆီးချိုထိန်းရန်အတွက်သာမက နှလုံးနှင့်ဆက်နွယ်ရောဂါများ၊ ကျောက်ကပ်နှင့်ပတ်သက်သောရောဂါများတွင်လည်း ကောင်းမွန်သော အကျိုးရလာဒ်များကြောင့် ဆရာဝန်ကြီးများကိုယ်တိုင် တွင်တွင်ကျယ်ကျယ် သုံးနေကြပြီ ဖြစ်တဲ့အတွက် သတိမူသင့်သော common side effects လေးများကို ပြောပြပေးလိုက်ပါတယ်။

✨ဖြစ်တတ်သော side effects များကတော့
- ဆီးလမ်းကြောင်း ပိုးဝင်လွယ်ခြင်း
- မျိုးပွါးလမ်းကြောင်း မှိုပိုးဝင်လွယ်နိုင်ခြင်း
- ဆီးသွားများခြင်း
- ရေဓာတ်ဆုံးရှုံးခြင်း
- ခေါင်းမူးဝေခြင်း
- သွေးပေါင်ကျခြင်းတို့ ဖြစ်တတ်ပါတယ်။

👉ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာ ကျဆင်းနေသောသူတွေနဲ့ ခဏခဏ ဆီးလိင်လမ်းကြောင်း ပိုးခဏ ခဏဝင်သူတွေမှာ မသုံးသင့်ပါဘူး။

👉ဒါကြောင့်မို့ ဒီဆေးသောက်နေတဲ့ အချိန်အတွင်း -ရေများများသောက်မယ်။ (ရေသောက်မို့ ကန့်သတ်ထားသူတွေက ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ပါ။)
-ဆီးဝမ်းပုံမှန်ဖြစ်အောင်နေမယ်။ ဆီးအောင့်ထားခြင်း၊ ဝမ်းချုပ်ခြင်းမဖြစ်အောင် ဂရုစိုက်မယ်။
- မျိုးပွါးအဂါလမ်းကြောင်းတဝိုက် သန့်ရှင်းစွာထားမယ်
- ချည်သားဘောင်းဘီလေးတွေ ဝတ်ဆင်မယ်။
- အမျိုးသမီးများ လစဉ်သုံးပစ္စည်းများ အကြာကြီးမထားဘဲ ပုံမှန်လဲမယ်။
- တကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ခြင်းဖြင့်
SGLT2 inhibitors များရဲ့ ဆောင်ရန် ရှောင်ရန်လေးများကို ပြောပြပေးလိုက်ပါတယ်နော် 👩‍💻✨

💜

***copy ကူးခြင်းခွင့်မပြုပါ***

***sharing လုပ်နိုင်ပါသည်***

Diclofenac Potassium and Diclofenac Sodium  အာနိသင်ဘာကွာတာလဲ 🧐🧐✨Diclofenac ဆိုသည်မှာ နာတာ ရောင်ရမ်းတာတွေကို သက်သာအောင်ပြ...
18/06/2025

Diclofenac Potassium and Diclofenac Sodium အာနိသင်ဘာကွာတာလဲ 🧐🧐

✨Diclofenac ဆိုသည်မှာ နာတာ ရောင်ရမ်းတာတွေကို သက်သာအောင်ပြုလုပ်ပေးတဲ့ NSAID တမျိုးပဲဖြစ်ပါတယ်။ အခြားသော opioid analgesics တွေနှင့်တွဲဖက်၍လဲ ပြင်းထန်စွာနာကျင်ရောင်ရမ်းမှုများ လျော့ချပေးနိုင်ရန်အတွက်လဲ အသုံးပြုကြပါတယ်။

✨ဒီနေ့မှာတော့ Diclofenac ရဲ့အနောက်က sodium နဲ့ potassium စတဲ့ salt formလေးတွေ မတူညီတာကြောင့် ဆေးအာနိသင် သက်ရောက်မှု၊ ဆေးအာနိသင်ရရှိမှု၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုးနှင့် ဘယ်လိုရောဂါမျိုးမှာ Diclofenac sodium နဲ့ Diclofenac potassium ဘယ်လိုရွေးချယ်ပေးကြလဲ သိနိုင်စေရန် ဗဟုသုတလေးမျှဝေပေးခြင်းဖြစ်ပါတယ်။

✨Diclofenac Potassium ✨

Diclofenac Potassium သည်

✨အစာအိမ်အူလမ်းကြောင်းမှ ဆေးစုပ်ယူမှုအား မြန်ဆန်ကောင်းမွန်တဲ့အတွက် ဆေးအာနိသင်ကို မြန်မြန်ရရှိနိုင်စေပါတယ်။

✨ဆေးသောက်ပြီး နာရီဝက်မှ တနာရီအတွင်း ဆေးအာနိသင်ရရှိနိုင်ပါတယ်။

✨လျင်မြန်စွာ နာကျင်မှုသက်သာရန်
လိုအပ်သောဝေဒနာတွေဖြစ်သည့်

✨ခေါင်းတခြမ်းကိုက်ခြင်း၊
✨အမျိုးသမီးများ ဓမ္မတာလာချိန်တွင် ခံစားရသော နာကျင်မှုသက်သာစေခြင်း၊
✨ သွားနာခြင်း စသည့်ဝေဒနာမျိုးတွင် သုံးလေ့ရှိပါတယ်။
✨နှလုံးသွေးကြောရောဂါနှင့်ပတ်သက်သောဝေဒနာ ခံစားနေရသူတွေမှာလဲ သုံးနိုင်ပါတယ်။

✨Diclofenac Sodium ✨

Diclofenac Sodium သည်

✨delayed-release formulationနှင့်ထုတ်လုပ်ထားသောကြောင့် ဆေးစုပ်ယူနိုင်မှုအားနှေးကွေးသောကြောင့် ဆေးသောက်ပြီး ၂နာရီမှ ၄နာရီအတွင်းမှသာ ဆေးအာနိသင်ကို ရရှိနိုင်ပါတယ်။

✨အရိုးနှင့်အဆစ်အမြစ် နာတာရှည်ရောင်ရမ်းနာကျင်မှု ခံစားနေရသောဝေဒနာမျိုးတွင် ပေးကြပါတယ်။

✨နှလုံးသွေးကြောရောဂါနှင့်ပတ်သက်သောဝေဒနာ ခံစားနေရသူတွေမှာတော့သတိထားအသုံးပြုသင့်ပါတယ်။

•Diclofenac ကို
-Enteric-coated tablets
-Sustained-release tablets
-Topical gels
-Suppositories
-Injections ( IV/IM )
-Ophthalmic drops အစရှိတဲ့ ဆေးဝါးပုံစံအမျိုးမျိုးဖြင့်ရရှိနိုင်ပါတယ်။

✨✨✨နှလုံးသွေးကြောရောဂါနှင့်ပတ်သက်သောဝေဒနာ ခံစားနေရသူတွေ၊ သွေးတိုးရောဂါရှိသူတွေ၊ သွေးထဲမှာ potassium level မြင့်နေတဲ့သူတွေ၊ ဆေးနှင့်ဓာတ်မတဲ့သူတွေ၊ အသဲမကောင်းတဲ့သူတွေ၊ ကျောက်ကပ်မကောင်းတဲ့သူတွေမှာတော့ salt and water retention ကြောင့် အရည်စုတာ၊ ဖောရောင်တာတွေကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ရှိနိုင်သဖြင့် အထက်ပါရောဂါအခံရှိသူတွေမှာသက်ဆိုင်ရာဆရာဝန်၊ ဆေးဝါးပညာရှင်တို့၏ ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါကြောင်း သတိပြုမိရန်အတွက် ဗဟုသုတအနေဖြင့် မျှဝေပေးလိုက်ပါတယ်ရှင် 💁‍♀️

💜

***Copy ကူးယူခြင်းခွင့်မပြုပါ***
**Sharing ပြုလုပ်နိုင်ပါသည်**

👉 လိပ်ခေါင်းလား 🙄?  အူမကြီးကင်ဆာလား 🙄??လူတိုင်းလိုလိုမှာ ထုတ်မပြောကြပေမဲ့ လိပ်ခေါင်းနဲ့ပတ်သက်လို့ ခံစားနေရတာလေးတွေ ရှိနေ...
06/06/2025

👉 လိပ်ခေါင်းလား 🙄? အူမကြီးကင်ဆာလား 🙄??

လူတိုင်းလိုလိုမှာ ထုတ်မပြောကြပေမဲ့ လိပ်ခေါင်းနဲ့ပတ်သက်လို့ ခံစားနေရတာလေးတွေ ရှိနေတတ်ပါတယ်။ ရောဂါပြင်းထန်လာလေ နေ့စဉ်လုပ်ဆောင်မှုတွေမှာပါ ထိခိုက်လာလေပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်တွင် လူတိုင်းသည် အလုပ်အတွက်အချိန်နဲ့အမျှ လှုပ်ရှားရုန်းကန်နေကြရသောကြောင့် balanced diet ရရှိအောင်ပုံမှန်စားဖို့ မလွယ်ကူပါ။

ကြာရှည်စွာ အညောင်းထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းညှစ်ခြင်း၊ အပူအစပ်စားလွန်းခြင်း၊ processed food( ready made) တွေစားလွန်းခြင်း၊ သင့်တော်သောပုံမှန် exercise မလုပ်ခြင်း၊ unhealthy diet၊ unhealthy lifestyle အစရှိသည့် အကြောင်းအရာတို့မှ တဆင့်ဖြစ်ပွါးလာရခြင်းဖြစ်ပါတယ်။

အူမကြီးကင်ဆာနှင့် လိပ်ခေါင်းရောဂါ တို့မှာ ရောဂါဖြစ်ပွါးပုံအခြေအနေလုံးဝမတူ ကွဲပြားခြားနားသော်လည်း ရောဂါလက္ခဏာပြပုံ တချို့အရာတွေမှာ ဆင်တူနေတတ်ပါတယ်။ ဒါကြောင့်မို့ ဒီ post လေးကို knowledge sharing အနေနဲ့မျှဝေလိုက်ပါတယ်။ လူအများသိချင်နေတဲ့ ရောဂါလက္ခဏာပြပုံလေးတွေကို လေ့လာကြရအောင်

လိပ်ခေါင်းရဲ့ရောဂါလက္ခဏာများကတော့

~ ဝမ်းသွားပြီးတိုင်း နီရဲသောသွေးပါခြင်း
~ ဝမ်းညှစ်လွန်း၍ စအိုကွဲခြင်း
~ စအိုတဝိုက် ယားယံခြင်း
~ ဝမ်းသွားလျှင် နာကျင်မှုခံစားရခြင်း
~ စအိုနားမှာ ရောင်ရမ်းသောအစိုင်အခဲဖြစ်လာခြင်း
~ ဝမ်းကျန်သလိုခံစားရခြင်း
~ ဝမ်းသွားပြီးတိုင်း အချွဲအကျိများထွက်ခြင်း စသည့်လက္ခဏာများခံစားရပါတယ်။

အူမကြီးကင်ဆာရဲ့ ရောဂါလက္ခဏာများကတော့ အူမကြီးအတွင်း ရောဂါဖြစ်ပွါးခံစားနေရသောအဆင့်ပေါ်မူတည်ပါတယ်။ဖြစ်လေ့များသော လက္ခဏာများအနေနဲ့

~ ဝမ်း အရောင့်ရင့် ( သို့ ) အမဲရောင် သွားခြင်း ( ဝမ်းတွင်သွေးပါခြင်းဖြစ်စဉ် )
~ ဝမ်းလျောလိုက် ဝမ်းချုပ်လိုက် ဖြစ်နေခြင်း
~ ဝမ်းသွားရတာမဝခြင်း၊ ဝမ်းကျန်သလို အမြဲခံစားနေရခြင်း
~ ဗိုက်နာဗိုက်အောင့်ခြင်း ခံစားရခြင်း
~ အားမရှိသလိုနုံးချိပြီး အမြဲလို ပင်ပန်းနွမ်းနယ်နေခြင်း
~ အစားအသောက်ပျက်ခြင်း
~ ကိုယ်အလေးချိန်ကျလာခြင်း
~ သံဓာတ်ချို့တဲ့ကာ သွေးအားနဲလက္ခဏာဖြစ်လာခြင်း တို့ကို ခံစားရပါတယ်။

အပေါ်မှာပြောပြခဲ့တံ့လက္ခဏာလေးတွေမှာ အမျိုးမျိုးသော အခြေအနေတွေကြောင့် ဖြစ်နိုင်ပြီး အူမကြီးကင်ဆာလား 🙄?? လိပ်ခေါင်းလား 🙄? သိရှိနိုင်ဖို့အတွက် အပေါ်မှာပြောခဲ့တဲ့လက္ခဏာလေးတွေက ဆက်တိုက်ခံစားနေရပြီဆိုလျှင် မိမိ မိသားစုဝင်များမှာ အူမကြီးကင်ဆာ မျိုးရိုးရှိခဲ့ဖူးသူဆိုလျှင်
Colonoscopy ( အူမကြီးအတွင်း camera ဖြင့် စစ်ဆေးခြင်း ) ဖြင့်သိနိုင်ပါတယ်။

လူတိုင်းအသက်၄၀ကျော်ဆိုလျှင် သတိထားစစ်ဆေးသင့်သည့် medical checkup တခုဖြစ်သောကြောင့် သတိပြုနိုင်ရန်နှင့် နေ့စဉ်သတိနှင့်ယှဉ်ကာ မိမိ lifestyle၊ diet ကိုလဲ သတိထားသင့်ကြောင်း ဗဟုသုတလေးမျှဝေပေးလိုက်ပါတယ်ရှင် 🧏‍♀️

https://www.drvivekmangla.com/blog/can-we-differentiate-between-symptoms-of-haemorrhoids-piles-and-colorectal-cancert

💜

*** copy ကူးယူခြင့်ခွင့်မပြုပါရှင် ***
*** Sharing လုပ်နိုင်ပါတယ် ***

ဆောင်းရာသီ အသား​ခြောက်ခြင်းနှင့် ​​ဆောင်ရန် ​ရှောင်ရန်များ 🧏‍♀️​        ☃️ ဆောင်း​လေ​အေးလာချိန်ဖြစ်ပြီမို့ အသား​တွေလဲ​ခြ...
16/01/2025

ဆောင်းရာသီ အသား​ခြောက်ခြင်းနှင့် ​​ဆောင်ရန် ​ရှောင်ရန်များ 🧏‍♀️

​ ☃️ ဆောင်း​လေ​အေးလာချိန်ဖြစ်ပြီမို့ အသား​တွေလဲ​ခြောက်ကပ်လာပါပြီ။ အသား​တွေ​ခြောက်လို့ ယားတဲ့အထိ​တောင် ဖြစ်​နေပါပြီ။ ​ဆောင်း​လေ​အေး​အေးရာသီကို ကြိုက်​ပေမဲ့ အသား​အရည်​ခြောက်​သွေ့ပြီး ပက်ကြားအက်ကာ ယားယံတဲ့ဒုက္ခကလဲ မ​သေး​​ပေ။ ဒါ​ကြောင့်မို့ ​ဆောင်းတွင်းအသား​ခြောက်ခြင်းနှင့် ​ဆောင်ရန်ရှောင်ရန်တို့ကို မျှ​ဝေ​ပေးလိုက်ပါတယ်။

​☃️အ​ရေပြားရဲ့အ​ပေါ်ယံလွှာကို ဆဲလ်​သေများ၊ အဆီ တို့ဖြင့်ပါ၀င်​ပေါင်းစပ်ထားပြီး ခန္ဓာကိုယ်ကို အစိုဓါတ်ထိန်းထားနိုင်ရန်နှင့် ခန္ဓာကိုယ်တွင်းသို့ အဆိပ်အ​တောက်များ မ၀င်​ရောက်နိုင်ရန် ပြင်ပအကာအကွယ်လွှာတခုအ​နေနဲ့​ ပြုလုပ်​ပေးပါတယ်။ ထို့အပြင် အ​ရေပြားမှာရှိတဲ့အစိုဓါတ်ဆိုသည်မှာလည်း အသက်အရွယ်၊ ကျားမမတူမှု၊ လူမျိုး၊ ပတ်၀န်းကျင်အ​ခြေအ​နေ​တွေ​ကြောင့် တဦးနဲ့တဦးမှာ မတူညီနိုင်​ပေ။

☃️​ဆောင်းရာသီတွင် စိုထိုင်းမှုနှင့် အပူချိန်​ပြောင်းလဲလာမှု၊ ရာသီဥတုပြင်းထန်မှု၊ ​လေ​အေးကြမ်းတိုက်ခိုက်မှုတို့​ကြောင့် အ​ရေပြားရဲ့ သဘာ၀အစိုဓါတ်ထိန်းထားမှုတို့ဆုံးရှုံးကာ အ​ရေပြား​ခြောက်​သွေ့မှုဖြစ်လာပါတယ်။ လူတချို့ကမူ အသား​ရေ​ခြောက်​သွေ့ယုံမျှမက အ​ရေပြားတွင် ပက်ကြားအက်ခြင်း၊ နီလာခြင်းနှင့် ယားယံခြင်းဖြစ်ပြီး အ​ရေပြားများစူးကာကြမ်းရှလာကြပါတယ်။ အသား​ရည်နှင့် ​လေ​အေးအများဆုံးထိ​တွေ့​သော မျက်နှာ၊ ပါး၊ နှာ​ခေါင်းထိပ်​တွေမှာ အဓိက အသားပတ်ကြပါတယ်။ တချို့ဆို အသား​ရည်အရမ်း​ခြောက်ကာ ကုတ်ဖဲ့ခြင်း​ကြောင့် အ​ရေပြားတွင် အနာများ၊ ​သွေးများစို့ခြင်းများအထိ ဖြစ်လာတတ်ပါတယ်။ အ​ရေပြားပြသာနာအခံရှိသူတို့တွင် အ​ရေပြားဆိုင်ရာပြသာနာများ ပိုပြီးဆိုးရွာစွာခံစားရပါက ထိုအချိန်မျိုးတွင် သင့်​တော်​သောကုသမှုမျိုးကို ခံယူရပါမယ်။

​​☃​ဆောင်းရာသီတွင်း ခြောက်​သွေ့ပြီးပျက်စီးလာ​သော အသားအရည်အတွက် အ​ကောင်းဆုံးကုသနည်းမှာ အစိုဓါတ်ပြန်လည်ဖြည့်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးတွင် မျက်နှာ​ပေါ်မှာ toner, serum, heavy make up ​တွေလိမ်းခြယ်ခြင်း မပြုပဲ moisturizer သုံးခြင်းကသာလျှင် အ​ပေါ်ယံအ​ရေပြားအလွှာကို ​ရေဓါတ်ပြန်လည်ဖြည့်တင်းနိုင်ပြီး အ​ရေပြားမှ ​ရေဓါတ်ဆုံးရှုံးမှုကိုလဲ ကာကွယ်​ပေးမှာဖြစ်ပါတယ်။

☃️​ဆောင်းရာသီတွင် ရာသီဥတု အရမ်း​​အေးခဲလာပါက နူးညံ့​သောနှုတ်ခမ်းသား​လေး​တွေပင် အသားပတ်ခြင်း၊ အဖတ်လန်ခြင်း၊ အက်ကွဲခြင်းများဖြစ်တတ်ပါတယ်။ နှုတ်ခမ်းအသားပတ်​နေချိန်မှာ ခဲဓါတ်ပါ၀င်​သော နှုတ်ခမ်းဆိုး​ဆေးရင့်ရင့်ကို မသုံးပဲ အဆီပါ၀င်​သော နှုတ်ခမ်းဆိုးဆေးကိုသာ ​ရွေးချယ်သုံးသင့်ပါတယ်။

☃️​ဆောင်းရာသီတွင် အသား​ခြောက်ခြင်းမဖြစ်ရန် Linoleic, linolenic, lauric acid ကဲ့သို့ အသားအရည်နူးညံ့​ပျော့​ပြောင်း​စေ​သော moisturizerမျိုး၊ ceramides, hyaluronic acid, glycerin, sorbitol အစရှိသည့် အစိုဓါတ်ထိန်း​ပေးထားနိုင်​သော moisturizerမျိုး၊ အခြား​​သော Bio oil, oleic oil, petroleum jelly, lanolin, silicone နှင့် mineral oil စသည့် လိမ်း​ဆေးမျိုးတို့ သုံးနိုင်ပါတယ်။ ထိုကဲ့သို့​သော moistirizer တို့သည် ပတ်၀န်းကျင်ရာသီဥတု ဒဏ်​ကြောင့် အ​ရေပြားပျက်စီးခြင်းမဖြစ်​အောင် အကာအကွယ်​ပေးနိုင်ကြပါတယ်။ moisturizer များတွင်လည်း gel type ထက်စာလျှင် ​စေးကပ်ကာ အဆီဓါတ်ပါ​​​သော moisturizer မျိူးက သာ၍ပို​ကောင်းပါတယ်။ Sensitiveဖြစ်​သော အသားအရည်မျိုးတို့တွင် Aloe vera (ရှား​စောင်းလက်ပတ်) တို့ကို ညအိပ်ရာ၀င်ခါနီးတွင် အသုံးပြုနိုင်ပါသည်။
​
☃️ဆောင်းရာသီတွင် အသား​အရည်​ခြောက်​သွေ့ခြင်းဖြစ်​စေနိုင်​သော ​အောက်ပါ အ​ကြောင်းအရင်းတို့ကို​ရှောင်ကျဥ်ရပါမယ်။

-​Antibacterial soap အပြင်းစားများသုံးခြင်း၊ ​
-ရေ​နွေးပူပူဖြင့် ​ရေချိူးခြင်း၊ ​
-ရေ​နွေးဖြင့် မျက်နှာသစ်ခြင်း၊ ​
-ရေ​နွေးဖြင့်​ခေါင်း​လျှော်ခြင်း၊
-မကြာခန မျက်နှာသစ်ခြင်း၊ ​ခြေလက်​ဆေးခြင်း၊
-ချမ်းမှာ​ကြောက်၍ ရေပုံမှန်မချိုးခြင်း၊ ​
-ရေ​သောက်နည်းခြင်း၊
-၀မ်းပုံမှန်မသွားခြင်း၊ ​
-အစာ​ချေဖျက်ရ ခက်ခဲ​သောအစာများစားခြင်း
တို့ကို ​ရှောင်ရှားရပါမယ်။

☃️ ​ဆောင်းရာသီမှာ အ​ရေပြားမ​ခြောက်​သွေ့​အောင် ​ဆောင်ရမှာ​တော့ ​

-ရေများများ​သောက်တာ
-vitamin E ပါ၀င်​သောမျက်နှာသစ်​ဆေးသုံးတာ
-Omega 3, Omega 6 ပါ၀င်တာ​တွေစားတာ
-moisturizer ​တွေသုံးတာ
-Humidifier( အစိုဓါတ်ထိန်းစက် ) သုံးတာ
-sunscreen လိမ်းတာ
-body lotion သုံးတာ
-ပန်းကန်​ဆေး၊ အ၀တ်​လျှော်လျှင် လက်အိတ်၀တ်တာ​ ​စသည့်တို့ကို ​ဆောင်ရွက်သင့်ပါတယ်။
​
💛နွေအချို၊ မိုးအခါး၊ ​ဆောင်းအချဥ်ဆိုသည့် ​ရှေးလူကြီးများ ဆိုစကားနှင့်အညီ ​အေးမြ​သော​ဆောင်းရာသီမှာ အချဥ်ဓါတ်စား​ပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ အစိုဓါတ်ကိုထိန်းညှိ​ပေးယုံမျှမက ခုခံအားစနစ်ကိုပါ ​ကောင်းမွန်​​စေပါတယ်။ အသည်းနှင့်ဆီးအိမ်ကို ကျန်းမာ​စေသည့်အပြင် မိမိစား​သောက်လိုက်​သော အစား​သောက်ထဲရှိသတ္တုဓါတ်များကို အလွယ်တကူစုပ်ယူနိုင်ပြီး ခန္ဓာကိုယ်တစ်ရှူးများကို သန့်စင်​ပေးပါတယ်။ ထို့​ကြောင့် သံပုရာသီး၊ ​ရှောက်သီး၊ သံပုရိုသီး၊ နာနတ်သီး၊ ပန်းသီး၊ မန်ကျည်းသီး၊ သစ်​တော်သီး၊ ဒိန်ချဥ်၊ ဖရဲသီး၊ ဘယ်ရီသီး စသည့်တို့ကို စားသုံးသင့်ပါတယ်။

💚ခန္ဓာကိုယ်တွင်းအပူဓါတ်​လျော့ချ​ပေးနိုင်​သော ​ဆောင်းရာသီဓါတ်စာများဖြစ်​သော
-မုန်လာဥဖြူ၊ မုန်လာဥနီ၊ ခရမ်းချဥ်သီး၊ ဘူးသီး၊ ​ ဂေါ်ရခါးသီး၊ စိမ်းစားဥ၊ သခွားသီး
တို့ကိုလဲစား​ပေးရပါမယ်။

🥚ဗီတာမင်နှင့် ပရိုတိန်းကြွယ်၀ရန်အတွက် ဗာဒံ​စေ့၊ သစ်ကြားသီးတို့ကို စားနိုင်ပါတယ် ။

🥛နို့​သောက်ခြင်းကလဲ အသားအရည်​ခြောက်တာကို သိသိသာသာသက်သာ​စေတဲ့အတွက် ​​နေ့စဥ်နို့တခွက်​သောက်ခြင်းဖြင့် ​ဆောင်းရာသီတွင်း အသားအ​ရည်​ခြောက်တာကို ကင်း​​ဝေး​စေနိုင်ပါတယ်။

🥬အစိမ်း​ရောင်ရှိ​သော ဟင်းသီးဟင်းရွက်လတ်လတ်ဆတ်ဆတ်တို့ကို စားခြင်းဖြင့်လည်း ​ဆောင်းရာသီတွင် အဖြစ်များ​သော ၀မ်းချုပ်ခြင်းကို ကာကွယ်​ပေးနိုင်ပါတယ်။

🏃‍♂️ ​ဆောင်းရာသီတွင် နိစ္စဓူဝလှုပ်ရှားမှူတိုင်းကို ခပ်သွက်သွက်လုပ်၍ ​ချွေးထွက်​အောင်​နေထိုင်သင့်ပါတယ်။ ​ဆောင်းရာသီမှာ ​ချွေးထွက်ခြင်းက ​သွေး​လေလည်ပတ်မှုကို ​ကောင်း​မွန်​စေပြီး အသားအရည်ကိုလဲ ထိန်းသိမ်းရာ​ရောက်ပါတယ်။
​​
💁‍♀️အချုပ်အားဖြင့်ဆောင်းရာသီအသား​ခြောက်ခြင်းသည် လူတိုင်း​ရှောင်လွဲမရ ကြုံ​တွေ့ရမည့် လက္ခဏာများဖြစ်​သော​ကြောင့် ​​​ဆောင်းရာသီတွင်း ရှောင်ရန်၊ ​ဆောင်ရန် တို့ကို သတိမူကာ ကျန်းမာတဲ့​အ​ရေပြား​လေးဖြစ်​အောင် ထိန်းသိမ်းနိုင်ရန် ဤ​ဆောင်းပါး​လေးမှ တ​ဆင့်ဗဟုသုတတို့ကို မျှ​ဝေ​ပေးလိုက်ပါတယ်။

💜

**Post ကို Copy ကူးယူခြင်းခွင့်မပြုပါရှင်***
**Sharing ပြုလုပ်နိုင်ပါသည်***

https://m.facebook.com/story.php?story_fbid=882675843225235&id=100044484822051&mibextid=9R9pXO

medicalnewstoday ;winter dry skin
Written by Amanda Barrell on January 29, 2021

သတိနှင့်ယှဥ်ကာ ​ကျော်ဖြတ်ကြမည် HMPV 🦠         ဆောင်းအကုန်​နွေဦးအ၀င်တွင် လူတိုင်းလိုလို နှာ​စေးကြ ​ချောင်းဆိုးကြ ဖြစ်ကြသ...
10/01/2025

သတိနှင့်ယှဥ်ကာ ​ကျော်ဖြတ်ကြမည် HMPV 🦠

ဆောင်းအကုန်​နွေဦးအ၀င်တွင် လူတိုင်းလိုလို
နှာ​စေးကြ ​ချောင်းဆိုးကြ ဖြစ်ကြသည်။
က​လေးငယ်များနှင့် သက်ကြီးရွယ်အို ဖိုးဖိုး၊ဖွားဖွားတို့ အတွက် ဒီလိုရာသီမျိုးတွင် ​ရေချိုးမှား၊ အ​အေးမိတာနှင့် အဖျားစ၀င်​တော့သည်။ HMPV (Human metapneumovirus) 🦠သည်လဲပဲ ဒီရာသီတွင် ကျင်လည်​နေ​သော အသက်ရှုလမ်း​ကြောင်းဆိုင်ရာ​​ရောဂါပိုး ဗိုင်းရပ်စ် တမျိုးပင်ဖြစ်သည်။ ကုသမှု၊ ကာကွယ်​ဆေးမရှိ​သော်လည်း မည်သို့ကူးစက်နိုင်သည်နှင့် ​ရောဂါလက္ခဏာများ၊ ​ရောဂါပြန့်ပွားမှုနဲပါး​အောင် ဂရုပြုရမည့် ​အောက်ပါအချက်တို့ကို မျှ​ဝေ​ပေးလိုက်ပါတယ်။

HMPV virus 🦠 သည် လူတစ်​ယောက်မှတစ်​ယောက်သို့ ​ချောင်းဆိုး နှာ​စေးရာမှတဆင့် ကူးစက်၀င်​ရောက်နိုင်သည်။​ရောဂါပိုးကပ်တွယ်​နေ​​​သော မျက်နှာပြင်၊ မသန့်​စင်​သောလက်တို့မှတဆင့်လဲ
ကူးစက်၀င်​ရောက်နိုင်သည်။
​
ရောဂါပိုးကူးစက်၀င်​ရောက်ခြင်းခံရပါက
သာမန်အ​အေးမိဖျားနာလက္ခဏာများဖြစ်​သော ​ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာပိတ်ခြင်း၊ အသက်ရှုမ၀ခြင်း၊ အသက်ရှုရခက်ခြင်း၊ လည်​ချောင်းနာ၊ အ​ရေပြားဓါတ်မတဲ့ခြင်း စသည့်လက္ခဏာများ ခံစားရ​လေ့ရှိပါတယ်။

​ရောဂါစဖြစ်ပြီး ၂ရက်မှ ၅ရက်အတွင်း ​ရောဂါလက္ခဏာများ သက်သာ​ပျောက်ကင်း လာတတ်ပါတယ်။ ကိုယ်ခံအားနဲ​နေပြီဖြစ်တဲ့ အသက်ကြီးတဲ့ဖိုးဖိုး၊ ဖွားဖွား​တွေ၊ ကိုယ်ခံအားစနစ် အပြည့်အ၀မရှိ​သေးတဲ့ ၅နှစ်​အောက် က​လေးငယ်​လေး​တွေမှာ​တော့ ​ရောဂါလက္ခဏာပြင်းထန်မှု​တွေကို ပိုမိုခံစားရတတ်ပါတယ်။

ဒီလို ရာသီတုပ်​ကွေးဖျားနာ အဖြစ်များတဲ့ ရာသီမျိုးမှာ ရာသီတုပ်​ကွေးကာကွယ်​ဆေးထိုးခြင်း၊ မိမိကိုယ်ကို ကိုယ်ခံအား​ကောင်း​အောင်​​နေခြင်း၊ တကိုယ်ရည်သန့်ရှင်းမှုဂရုစိုက်ခြင်း၊ လူထူထပ်တဲ့​နေရာ​လိုမျိုးတွေမှာ ပိုကူးစက်လွယ်နိုင်တဲ့အတွက် mask တပ်ခြင်း၊ တခုခုကိုင်တွယ်ပြီးတိုင်းလက်​ဆေးကြခြင်း၊ ​အိမ်​တွေ အ​ဆောက်အဦး​တွေမှာ လေ၀င်​လေထွက်​ကောင်း​အောင် ထားခြင်းဖြင့် ​ရောဂါကူးစက်ပြန့်ပွားနှုန်းကို ​လျော့ချနိုင်မှာပဲဖြစ်ပါတယ်။

HMPV virus 🦠 ၀င်​ရောက်ခြင်းခံရပါက အိမ်တွင်​နေ၍နားခြင်း၊ ​ခန္ဓာကိုယ်အတွက်ရေဓါတ်ပြန်လည်ဖြည့်ခြင်း နှင့် OTC ​ဆေးဝါးများဖြစ်​သော paracetamol, ibuprofen အစရှိသည့် ကိုက်ခဲဖျားနာ သက်သာ​စေ​သော​ဆေးများဖြင့် သက်သာ​ပျောက်ကင်း​နိုင်ပါသည်။ သို့ရာတွင် ​ရောဂါလက္ခဏာပြင်းထန်ပါက ​နောက်ဆက်တွဲ​ရောဂါ၀င်​ရောက်မှုများရှိနိုင်သဖြင့် ​ထိ​ရောက်​သော ဆေးကုသမှုခံယူရပါမယ်။

HMPV virus 🦠မှာ ပြင်းထန်မှုမရှိသော်လည်း မိမိကိုယ်ခံအားကျ၍ ​ရောဂါ၀င်​ရောက်​နေချိန်တွင် အိမ်တွင်အနားယူသင့်ပါသည်။ ကိုယ်ခံအားနဲ​နေ​သော လူနာများအားသွား​ရောက်ကြည့်ခြင်း၊ အသက်အရွယ်ကြီး​သောသူများ၊ က​လေးသူငယ်များနှင့် နီးနီးကပ်ကပ်​နေခြင်းမှ ​ရှောင်ကျဥ်၍ အခြားသူများသို့မပျံ့နှံ့​အောင် ​နေထိုင်ခြင်းဖြင့် သတိနှင့်ယှဥ်ကာ HMPV virus🦠 ပြန့်ပွားကူးစက်မှုကို ​ကျော်ဖြတ်ကြပါစို့။

💜

Reference; WHO , CNN Health

Special modifications:CR/Chrono/CRT = Controlled ReleaseEC/EN = Enteric coatedLA = Long ActingMR/Retard = Modified Relea...
03/07/2022

Special modifications:

CR/Chrono/CRT = Controlled Release
EC/EN = Enteric coated
LA = Long Acting
MR/Retard = Modified Release
SR/Dur/Dural = Substained Release
SA = Substained Action
XL = Extended Release

အ​ပေါ်မှာ​​ဖော်ပြထားတဲ့ စာလုံး​လေး​တွေပါတဲ့ ​ဆေး​တွေကို ချိုး​သောက်ခြင်း၊ ဖွင့်​သောက်ခြင်း၊ ဝါးစားခြင်း​တွေ မလုပ်ရပါဘူး​နော်🧏‍♀️

ချိုး​သောက်ခြင်း၊ ဝါးစားခြင်းဖြင့် ​ဆေးရဲ့ အာနိသင်​ပြောင်းလဲနိုင်ပြီး မလိုလားအပ်တဲ့​ ဘေးထွက်ဆိုးကျိုး​တွေလဲ ရနိုင်ပါတယ်🧏‍♀️

အရသာအရမ်းခါးသက်​သော တချို့​ဆေး​တွေဆိုရင် အ​ပေါ်က​နေ sugar coating (သို့) film coating တလွှာအုပ်ထား​ပေးတာမျိုးလဲရှိပါတယ်။ မိမိက မသိဘဲ ချိုး​သောက် ဝါးစားမိပါက မနှစ်မြို့စရာ အရသာမျိုးနဲ့ ​တွေ့သွားနိုင်ပါတယ်​နော်။

💜

Tendovit tablet 🟤ဒီ​ဆေး​လေးမှာ​တော့Chondriotin Sulfate              200 mgCollagen Peptide Type 1     40 mgSodium Hyalur...
23/06/2022

Tendovit tablet 🟤

ဒီ​ဆေး​လေးမှာ​တော့

Chondriotin Sulfate 200 mg
Collagen Peptide Type 1 40 mg
Sodium Hyaluronate 30 mg
Vitamin C 12.5 mg
တို့ဖြင့်ပါ၀င်​ပေါင်းစပ်ထားပြီး ​

အရိုးကျီး​ပေါင်းတက်ခြင်း၊ ​လေးဖက်နာ၊ အရိုးအဆစ်​ ရောင်ရမ်းခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်ခိုင်ခြင်း၊ အရွတ်ထိခိုက် ​ရောင်ရမ်းခြင်းတို့ နှင့် အရိုးအဆစ်များ ကျန်းမာ​နေ​စေရန်အတွက် လိုအပ်​သော အာဟာရဓါတ်များ ဖြည့်စည်း​ပေးပါတယ်။

👉Tendovit tablet သည်

🍂အရိုးအဆစ်များ နာကျင်မှု၊ ​ရောင်ရမ်းမှုတို့ကို သက်သာရန် နှင့် အရိုးအဆစ်တွင်း ​ချောဆီအရည်များဆုံးရှုံးမှုတို့ကို ​လျော့နဲ​​စေခြင်း၊

🍂အရိုး အရွတ် တွယ်ဆက်တစ်ရှူး​တွေအတွက် လိုအပ်​​သောဓါတ်တို့ကို ဖြည့်စည်း​ပေးခြင်း၊

🍂တစ်ရှူးများအတွင်း ကျုံ့နိုင်ဆန့်နိုင်အားကိုလဲ သင့်တင့်​အောင် ထိန်းထား​ပေးခြင်းတို့ကို ပြုလုပ်​ပေးပါတယ်။

ပါ၀င်​ပေါင်းစပ်ထား​သည့်

🍂Collagen peptide type 1 သည် လူ့ခန္ဓာကိုယ်တွင်အများဆုံး​​တွေ့ရ​ပြီး တွယ်ဆက်တစ်ရှူး​တွေတည်​ဆောက်ရန်အတွက် ကူညီ​ပေးပါတယ်။

🍂Sodium Hyaluronate က​တော့ အရိုးအဆစ်​တွေကြားရှိ​ချောဆီရည်၊ အ​ရေပြား​အောက် အဆီတစ်ရှူးတို့တွင်​ တွေ့ရပြီး တစ်ရှူးများ​တောင့်တင်းခိုင်မာ​စေပြီး၊ ​ဖော​ရောင်တာ၊ နာတာ သက်သာ​စေပါတယ်။

🍂Chondroitin Sulfate က​တော့ အရိုးအဆစ်​တွေကိုတွယ်ဆက်ထားတဲ့ အရိုးနု​လေး​တွေမှာ ​တွေ့ရပြီး အရိုးနုထဲကို ​ရေဓါတ်ပိုမို​ရောက်ရှိ​စေခြင်းဖြင့် အရိုးနု​လေး​တွေရဲ့ရုန်းပြန်အား(ကျုံ့ဆန့်အား) ပိုမို​ကောင်းမွန်​စေပါတယ်။ဒါ့အပြင် အရိုးနု​လေး​တွေ ပျက်ဆီးမှုကိုလဲ ​နှေး​စေပါတယ်။

🍂Vitamin C က​တော့ အရွတ်​​တွေကြီးထွားဖို့၊ ပျက်စီးသွားတဲ့အရွတ်​တွေကို ပြန်လည်ပြုပြင်ဖို့ နဲ့ အရွတ်​လေး​တွေ ​ကျန်းမာ​နေ​စေဖို့အတွက်လုပ်​ဆောင်​ပေးတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်​သောအာဟာရဓါတ်​တွေကို စုပ်ယူနိုင်ရန်အတွက်လဲ လုပ်​ဆောင်​ပေးပါတယ်။

♦️အရွတ်​များ ကျန်းမာသန်စွမ်း​စေရန် အတွက်
-ပရိုတင်းကြွယ်၀​သော အစားအ​စာများ
-အမျှင်ဓါတ်ကြွယ်၀​သော အစားအစာများ
-Vitamin C ကြွယ်၀​သော အစားအစာများ
-Omega 3, Vitamin D နှင့် Calcium ကြွယ်၀​သောအစားအစာများကို စားသုံး​ပေးသင့်ပါသည်။

♦️အရွတ်များနာကျင် ​ရောင်ရမ်း​နေချိန်အတွင်း ပြင်းထန်​သော လှုပ်ရှားမှု၊ ​လေ့ကျင့်ခန်းပြုမှု တို့ကို​ရှောင်ရှား၍ အနား​ပေးသင့်ပါသည်။

♦️​ဆေးကို တခါ​သောက်(၁)လုံး ဖြင့် တ​နေ့ ၂ကြိမ် မှ ၃ကြိမ် (သို့) သက်ဆိုင်ရာဆရာ၀န်ညွှန်ကြားသည့်အတိုင်း ​သောက်သုံးနိုင်ပါသည်။

**Post ကို copy ကူးယူခြင်းမပြုပဲ
Sharing လုပ်နိုင်ပါသည်***

💜

Duloxetine Hydrochloride 💊✅Duloxetine သည် serotonin-norepinephrine reuptake inhibitor ဖြစ်ပြီး စိတ်ဓါတ်ကျမှု​တွေ၊ အာရုံ​...
22/06/2022

Duloxetine Hydrochloride 💊

✅Duloxetine သည် serotonin-norepinephrine reuptake inhibitor ဖြစ်ပြီး စိတ်ဓါတ်ကျမှု​တွေ၊ အာရုံ​ကြော​တွေမှာ နာတာရှည်ထုံကျင်နာမှု​တွေကို သက်သာ​စေပါတယ်။

✅Duloxetine capsule သည် အဓိကအားဖြင့် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်​ကြောင့်ကျမှု၊ စိတ်ဓါတ်ကျမှု​၊ စိတ်​သောကဖြစ်မှုတွေကို ​လျော့ကျ​စေကာ စိတ်အ​ခြေအ​နေ​ပိုလို့ နေလို့​ကောင်းလာမှု၊ အိပ်စက်မှု၊ အစာစားချင်စိတ်ဖြစ်လာမှု၊ ခန္ဓာကိုယ်တွင်း စွမ်းအင်ထုတ်လုပ်မှု​တွေမှာ တိုးတက်​ကောင်းမွန်လာမှု​တွေကို ဖြစ်စေပါတယ်။ ကင်ဆာ​ရောဂါသမား​တွေမှာ ​ပေး​လေ့ရှိပါတယ်။

ဒါ့အပြင် ဒီ​ဆေးကို

💊ဆီးချို​ကြောင့် ​ခြေလက်အာရုံ​ကြော​တွေ ထုံတာ ကျင်တာ နာတာ သက်သာ​စေရန်၊

💊စိတ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖိစီးမှု​တွေ​ကြောင့် စိတ်​ရောကိုယ်ပါပင်ပန်းနွမ်းနယ်တာ သက်သာ​စေရန်၊

💊တချို့​သော​ဆေးဝါးကုသမှု​ကြောင့် ခန္ဓာကိုယ်တ​လျှောက်လုံးမှာ ထုံနာကျင်မှု​ခံစားရတာ​တွေ ​လျော့ကျ​စေရန်၊

💊အရိုး၊ အဆစ်အမြစ်၊ ကြွက်သားအ​ကြောမျှင်၊ အရွတ်၊ ကြွက်သား​တွေတ​လျှောက် နာကျင်မှုခံစားရတာ​တွေ သက်သာ​စေရန်၊

​💊​ချောင်းဆိုး​နေချိန်၊ နှာ​ချေ​နေချိန်၊ ရယ်​နေချိန်၊ ကိုယ်လက်လှုပ်ရှားမှုတခုခုပြုလုပ်နေစဥ်အတွင်း ရုတ်တရက်ဆီးထွက်ကျတတ်တာ​တွေ ​​​လျော့ကျ​စေရန် အတွက်လဲအသုံးပြုကြပါတယ်။

♦️ကိုယ်၀န်​ဆောင်​တွေ၊ နို့တိုက်မိခင်​တွေ နှင့် က​လေးလူရွယ်​တွေ၊ အသဲ နှင့် ​ကျောက်ကပ် မ​ကောင်းသူ​တွေ မသုံးသင့်ပါဘူး။

♦️Antiplatelet drugs (eg. Clopidogrel​) , NSAIDs ​(eg.Ibuprofen) , Blood thinners (eg.Warfarin) ​စသည့်ဆေး​တွေနှင့် တွဲ​သောက်ပါက သွေး​ကြော​လေး​တွေ​ပေါက်ထွက်ကာ သွေးယိုစိမ့်ခြင်းဖြစ်​စေနိုင်​ပါသည်။

♦️Monoamine oxidase inhibitors(MAOIs) ​တွေဖြစ်တဲ့ isocarboxazid , linezolid , metaxalone , methylene blue , moclobemide , phenelzine, procarbazine , rasagiline , safinamide , selegiline , tranylcypromine ​တွေနှင့် တွဲသုံးပါက ​သေ​နိုင်လောက်သည့် ​​ဆေးဝါးဓါတ်ပြုမှု​တွေ ရှိ​သော​ကြောင့် အထူးသတိထားသင့်ပါသည်။အတူတွဲမသုံးရပါ။ ရက်အနည်းငယ်ခြားပြီးမှ သုံးစွဲရပါမည်။

👉side effects အ​နေနဲ့ ပါးစပ်​ခြောက်တာ၊ အိပ်မ​ပျော်တာ၊ ​ခေါင်းကိုက်တာ၊ မူး​​ဝေတာ၊ အမြင်​ဝေဝါးတာ၊ ၀မ်းပျက်၀မ်း​လျှော ၀မ်းချုပ်တာ၊ မူး​ဝေပျို့အန်ချင်တာတွေဖြစ်တတ်ပါ​စေ။

👉​Duloxetine သည် ဆရာ၀န် ညွှန်ကြားချက်ဖြင့်သာ ​သောက်သုံးရမည့်​ဆေး ဖြစ်ပါတယ်။ ​​ရောဂါသက်သာသွား​ပေမဲ့ ​ဆေးကိုမိမိသ​ဘောဖြင့်မိမိ ​ဆေးရပ်ခြင်းမျိုးမပြုရပါ။ သက်ဆိုင်ရာဆရာ၀န်ညွှန်ကြားချက်ဖြင့်သာ ​ဆေးပမာကို ​လျော့လျော့သွားရမှာဖြစ်ပါတယ်။

♦️Doluxetine ကို ​20mg , 30mg , 60mg စသည်ဖြင့် ​​တွေ့ရပါတယ်။ ​ဆေးကို မိမိအသက်အရွယ်အလိုက် ဆရာ၀န်ညွှန်ကြားသည့်​ဆေးပမာဏအတိုင်း အစာနှင့်​သော်လည်း​ကောင်း၊ အစာမရှိချိန်​သော်လည်း​ကောင်း ​သောက်သုံးနိုင်ပါသည်။

♦️​​ဆေး​သောက်လျှင် မူး​ဝေတတ်သူများက​တော့ အစာနှင့်တွဲ​သောက်နိုင်ပါတယ်။ ​ဆေးဝါးအာနိသင် ​​​ကောင်းစွာရရှိနိုင်ရန် ​ဆေးကို အချိန်မှန်​လေး ​သောက်ရပါမည်။

**Post ကို copy ကူးယူခြင်းမပြုပဲ
Sharing လုပ်နိုင်ပါသည်***

💜

Gentalene C Cream 🧸🖊Gentalene C Cream မှာ betamethasone , gentamycin နှင့် clotrimazole တို့ပါ၀င်​ပေါင်းစပ်ထားပြီး အ​ရေပ...
15/06/2022

Gentalene C Cream 🧸

🖊Gentalene C Cream မှာ betamethasone , gentamycin နှင့် clotrimazole တို့ပါ၀င်​ပေါင်းစပ်ထားပြီး အ​ရေပြားတွင်ဖြစ်​သော နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ယားနာခြင်းတို့ကို သက်သာ​စေပါသည်။

🖊​ဆေးထဲတွင်ပါ၀င်​ပေါင်းစပ်ထား​သော Betamethasone မှာ synthetic corticosteroid ဖြစ်ပြီး လတ်တ​လောခံစား​နေရတဲ့ ​ဝေဒနာ​တွေကို သက်သာ​စေ​ပါတယ်။

🖊Gentamycin မှာ wide spectrum antibiotic (ပိုးသတ်​ဆေး) ဖြစ်ပါတယ်။

🖊Clotrimazole က​တော့ synthetic antifungal (မှိုပိုးသတ်​ဆေး) ဖြစ်ပါတယ်။

✴Gentalene C ကို

👉ခြေ​ချောင်းကြား​တွေမှာ မှို​ကြောင့်ဖြစ်တဲ့ အ​ရေပြားနီရဲယားယံတာ၊

👉ခန္ဓာကိုယ်ရဲ့ ပူ​နွေးစွတ်ထိုင်း​နေတဲ့​နေရာ​တွေမှာ မှို​ကြောင့်နီရဲယားယံပြီး အနီ​ရောင် အဖုအပိမ့်​တွေထွက်လာတာ၊ ​

👉ပွေး​ရောဂါ၊

👉မှက်ခရု​ရောဂါနှင့်

👉ဘက်တီးရီးယား​ကြောင့် ​ရောင်ရမ်းယားယံတာ​တွေ မှာ အသုံးပြုနိုင်ပါတယ်။

✴Gentalene C ကို အသက် ၁၇နှစ် နှင့် အထက်မှ လူကြီးများအတွက်သာ အသုံးပြုရပါမယ်။ ​က​လေးငယ်များနှင့် မွေးကင်းစက​လေးငယ်​တွေမှာ သုံးစွဲရန်မသင့်ပါဘူး။

✴​ဆေးကို ​ရောဂါခံစားရ​သော​နေရာ​ပေါ်သို့ တ​နေ့လျှင် ၂ကြိမ် ပါးပါး​​လေးလိမ်းနိုင်ပါသည်။

✴Steroid ​ဆေး​တွေဖြစ်​သော​ကြောင့် သက်ဆိုင်ရာဆရာ၀န်ညွှန်ကြားချက်ဖြင့် သုံးစွဲရမည့်​ကာလအပိုင်းအခြားကို လိမ်းနိုင်ပါသည်။

✴​ဆေးထဲတွင်ပါ၀င်​ပေါင်းစပ်ထား​သော ပစ္စည်းများနှင့်ဓါတ်မတဲ့သူများ မသုံးစွဲသင့်ပါ🧏‍♀️

✴ပါးမှာနီရဲ​ရောင်ရမ်းတာ၊ ၀က်ခြံ၊ ပါးစပ်တဝိုက် နှင့် မျိုးပွားလိင်အဂါတဝိုက် နီရဲယားယံတာ၊ ​ရေယုန်နှင့် ​ရေ​ကျောက်​ရောဂါ၊ ​ခြေ​ထောက်မှာ ​သွေးခဲပိတ်ဆို့မှု​ကြောင့် ​ရောင်ရမ်းပြီးအနာဖြစ်တာ​၊ diaper​ကြောင့်အပူ​လောင်ကာ အနာဖြစ်တာတွေမှာ သုံးလို့မသင့်ပါဘူးရှင်🧏‍♀️

✴ဆရာ၀န်ညွှန်ကြားချက်ဖြင့်သာသုံးစွဲမှာဖြစ်ပြီး ညွှန်ကြားသည့်ကာလထက်​ကျော်လွန်ကာ ကြာရှည်စွဲသုံးရန်မသင့်ပါဘူး။

✴ခန္ဓာကိုယ်ပြင်ပ အ​ပေါ်ယံအ​ရေပြားအတွက် အသုံးပြုရန်ဖြစ်ပြီး မျက်စိ၊ ပါးစပ်၊ မိန်းမကိုယ်ထဲမ၀င်​အောင် သတိထားသင့်ပါတယ်။

✴အခြား​သော steroid ပါ​သော​ဆေး​တွေနှင့် တွဲသုံးလိုပါက ဆရာ၀န်နှင့်တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။

✴​ဆေးလိမ်းထား​သော​နေရာအား ပတ်တီးစည်းခြင်း၊ တခုခုဖြင့် အုပ်ထား၊ ဖုံးထားခြင်းမပြုသင့်ပါ။

**Post ကို copy ကူးယူခြင်းမပြုပဲ
Sharing လုပ်နိုင်ပါသည်***

💜

ဒီ​နေ့ Candid powder , cream , gel & vaginal tablet အ​ကြောင်းကို ​ဖော်ပြ​ပေးထားပါတယ်။ လေ့လာနိုင်ပါတယ်​နော် 💁‍♀️💥Candid သ...
14/06/2022

ဒီ​နေ့ Candid powder , cream , gel & vaginal tablet အ​ကြောင်းကို ​ဖော်ပြ​ပေးထားပါတယ်။ လေ့လာနိုင်ပါတယ်​နော် 💁‍♀️

💥Candid သည် clotrimazole အဓိကပါ၀င်​သော မှိုပိုးသတ်​ဆေးအမျိုးအစားဖြစ်ပြီး မှို​ကြောင့်ဖြစ်တဲ့ အ​ရေပြား​ရောဂါများ အတွက်အသုံးပြုနိုင်ပါတယ်။

💥powder type , cream type , gel type , vaginal tablet ပုံစံအမျိုးမျိုးဖြင့်​တွေ့ရပြီး

✅ဦး​ရေပြားတွင်ဖြစ်​သော မှို​ရောဂါ
✅အမျိုးသားများ၏ ပါးသိုင်း​မွှေး၊ မုတ်ဆိတ်​မွှေး၊ နှုတ်ခမ်း​မွှေးထွက်​သော ​နေရာများတွင်ဖြစ်​သော မှို​ရောဂါ
✅​ခြေသည်း၊ လက်သည်း​အောက်ရှိအ​ရေပြားတွင် ဖြစ်​သော မှို​ရောဂါ
✅​ပေါင်ခြံတွင်ဖြစ်​သော မှို​ရောဂါ
✅​ခြေဖဝါး၊ ​ခြေ​ချောင်းကြားတွင်ဖြစ်​သော မှို​ရောဂါ
✅​ပွေး၊ ညှင်း
✅အ​ရေပြားနှစ်ခုထိ၍ ပွတ်တိုက်မှုရှိ​သော​နေရာများတွင်ဖြစ်​သော မှို​ရောဂါ
✅မိန်းမကိုယ်တွင်ဖြစ်​သော မှို​ရောဂါ
✅အမျိုးသားများ လိင်တံထိပ်တွင်ဖြစ်​သော မှို​ရောဂါ
✅က​လေး (သို့) လူကြီးများတွင် အသုံးပြု​သော ​သေးခံ​ကြောင့်ဖြစ်​သော မှို​ရောဂါတွေ အတွက်အသုံးပြုနိုင်ပါတယ်။

🔸️​ရောဂါဖြစ်​နေ​သော​နေရာကို သန့်ရှင်း​ခြောက်​သွေ့​အောင်ထားပြီး ​candid powder ကို တ​နေ့ ၂ကြိမ်ထိ​သော်လည်း​ကောင်း၊ cream နှင့် gel ကို တ​နေ့လျှင် ၂ကြိမ် မှ ၃ကြိမ် ထိလည်း​ကောင်း ပါးပါး​လေးပွတ်လိမ်းနိုင်ပါသည်။ ​ဆေးလိမ်း​သော လက်ကိုလဲ သန့်ရှင်း​ခြောက်​သွေ့​အောင် ထားပြီးမှ ​ဆေးလိမ်းသင့်ပါသည်။

🔸️ vaginal tablet ကို မိန်းမကိုယ်မှာဖြစ်တဲ့ မှို​ကြောင့်ခံစားရတဲ့ ​ရောဂါ​တွေဖြစ်တဲ့ မိန်းမကိုယ်တ၀ိုက်အနီကွက် ဖြစ်ပြီး ရောင်ရမ်းယားတာ၊ အဖြူဆင်းတာ ​တွေအတွက်သုံးနိုင်ပါတယ်။

🔸️vaginal tabet အသုံးပြုနည်းမှာ ​ဆေး​​တောင့်ကို မိန်းမကိုယ်ထဲ ထဲ့ရမှာဖြစ်ပြီး တညလျှင် (၁)တောင့်ဖြင့် (၆) ည ဆက်တိုက်ထဲ့​ပေးမှာဖြစ်ပါတယ်။ ​ဆေးထဲ့ပြီး ချက်ခြင်းမထပဲ နာရီ၀က်၊ တနာရီလောက် ခနလှဲ​နေရမှာဖြစ်ပါတယ်။ မိန်းမကိုယ်ထဲ​ရောက်လျှင် ​ဆေးသည် သူ့ဟာသူ​ပျော်၀င်သွားမှာဖြစ်ပါတယ်။

🔸️​ဘေးထွက်ဆိုးကျိုးအ​နေနဲ့က​တော့ ​မိန်းမကိုယ်မှာ နီတာ၊ စူးတာ၊ ယားတာ၊ ပူတာ၊ ​အ​ရေပြားခြောက်​သွေ့တာ​​တွေဖြစ်တတ်ပါတယ်။ ​

🔸️Gel type, cream type ​တွေကို​တော့ ကိုယ်၀န်​​ဆောင်တွေမှာပါ အသုံးပြုနိုင်ပါသည်။

🔸️ရံဖန်ရံခါ ​ဆေးလိမ်းပြီး​သောအခါတွင် အ​​ရေပြားယားယံခြင်း ဖြစ်​စေတတ်​သော်လဲ ​ဆေးဆက်လိမ်းပါက တ​ဖြေး​ဖြေးနှင့် ​ပျောက်ကင်းသွားပါလိမ့်မယ်။

🔸️မှို​ရောဂါလက္ခဏာအားလုံး ပျောက်ကင်း​စေရန်နှင့် ပြန်လည်ဖြစ်ပွားမှုကို ကာကွယ်ရန် ​ဆေးကို ​​ရောဂါပျောက်ကင်းပြီးသည့်တိုင်​အောင် နှစ်ပတ်မှ​လေးပတ်အထိ ဆက်လက်အသုံးပြုသင့်ပါသည်။

📍​ဆေးနှင့်ဓါတ်မတဲ့​သော လက္ခဏာများဖြစ်​ပေါ်လာပါက ဆက်၍အသုံးမပြုသင့်ပါရှင်🧏‍♀️

**Post ကို copy ကူးယူခြင်းမပြုပဲ
Sharing လုပ်နိုင်ပါသည်***

💜

Address


Website

Alerts

Be the first to know and let us send you an email when Khin May Kha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Khin May Kha:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram