PYONE PYAW - ပြုံးပျော် Health & Products Service

  • Home
  • PYONE PYAW - ပြုံးပျော် Health & Products Service

PYONE PYAW - ပြုံးပျော် Health & Products Service ကျန်းမာရေးဗဟုသုတများ/ ၁၀၀% သဘာဝအာဟာရ အားဖြည့်ထုတ်ကုန်များ Page Only

19/07/2023
19/01/2022

မျိုးဆက်ပွားခြင်းဆိုတာက လိင်ဆက်ဆံခြင်း ၊ အဲ့ဒီက‌နေတဆင့် ကိုယ်ဝန်ဆောင်ခြင်း ၊ ကလေးမွေးဖွားခြင်းအဆင့် အထိပါဝင်ပါတယ်။ မွေးကတည်း ကနေ ယောကျာ်းလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ မျိုးဆက်ပွားနိုင်တဲ့ မျိုးပွားအင်္ဂါတွေကပါလာပြီးသားပါ။

မျိုးဆက်ပွားနိုင်တဲ့အဂင်္ါတွေက အရွယ်ရောက်လာတာနဲ့ သူ့အလုပ်သူ လုပ်ကြပါတယ်။
ဥပမာ - မိန်းကလေးဆို ရင်သားကြီးလာမယ်၊ တင်တွေထွက်လာမယ်၊ အမေွှးအမှျင်‌ေတွထွက်လာမယ်။ နောက်ဆုံးမှာ ရာသီလာမယ်။ ယောကျာ်းလေးဆိုရင်လည်း အသံဩလာမယ်၊ လူကောင်ထွားလာမယ်။ နောက်ဆုံးတော့သုတ်ရည်ထွက်မယ်။

အဆင့်ဆင့်ပြောင်းလဲလာတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကနေမှ အမျိုးသားနဲ့ အမျိုးသမီး လိင်ဆက်ဆံနိုင်တယ်ဆိုတဲ့ အဆင့်ကိုရောက်လာတယ်။

လိင်ဆက်ဆံတဲ့အခါမှာ အခုနကပြောတဲ့ အမျိုးသားတွေဆီက သုတ်ပိုးထွက်ပြီး၊ အမျိုးသမီးလေးတွေကတော့ သားဥကြွေပါတယ်။ အမျိုးသားတွေ သုတ်ပိုးထွက်သလိုမျိုးပေါ့။ မတူတာကတော့ အမျိုးသမီးတွေက တစ်လမှတခါပဲ သားဥကြွေပြီး၊ အမျိုးသားတွေကတော့ လိင်ဆက်ဆံတိုင်းမှာ သုတ်ပိုးထွက်ပါတယ်။

အမျိုးသမီးလေးတွေဆီမှာရှိတဲ့ သားဥလေးတွေက ကြွေပြီး (24) နာရီအထိပဲ အသက်ရှင်ပါတယ်။ သားဥကြွေချိန်မှာ သားအိမ်နံရံလေးကထူလာပါတယ်။

အကယ်၍ သားဥကြွေချိန်မှာ သုတ်ပိုးလေးနဲ့တွေ့ခဲ့ မယ်ဆိုရင် သန္ဓေသားလောင်းလေးဖြစ်သွားပြီး ထူထားတဲ့ သားအိမ်နံရံလေး အကာအကွယ်ဖြစ်ပေးပါတယ်။ တကယ်လို့သုတ်ပိုးနဲ့မတွေ့ခဲ့ဘူးဆိုရင်တော့ သေသွားတဲ့ သားဥလေးနဲ့ အတူသားအိမ်နံရံကကွာကျလာပါတယ်။ ဒီဖြစ်စဉ်ကို ရာသီသွေးဆင်းခြင်း၊ ရာသီလာခြင်းလို့ ခေါ်ပါတယ်။

ဒါဆိုရင် ဖြစ်စဉ်ကို အလွယ်မှတ်ရရင် သားဥကြွေချိန်မှာ အမျိုးသားနဲ့ လိင်ဆက်ဆံမိပြီး သားဥလေးနဲ့ သုတ်ပိုးလေးတွေ့ခဲ့ရင် ကိုယ်ဝန်ရနိုင်ပါတယ်။‌ ယေဘူယျအနေနဲ့တော့ သားဥကြွေချိန်က ရာသီ စလာတဲ့ ရက်ကနေစတွက်လို့ (8)ရက်မြောက်နေ့ကစပြီး‌ေတာ့နှစ်ပတ်အတွင်းလို့ ယူဆရပါတယ်။ ဒါကအမြဲတမ်း‌ေတာ့ မမှန်ပါဘူး။ ပုံမှန်ရာသီလာတဲ့ သူ‌ေတွ အတွက်မှန်နိုင်ပေမဲ့ ရာသီပုံမှန် မလာတဲ့သူ‌ေတွအတွက်‌ေတာ့မမှန်ပါဘူး။

ဒါ‌ေလးတွေကတော့ ကိုယ်ဝန်ရပံုနဲ့ ကိုယ်ဝန်မရခင်လေးမှာ ဖြစ်ပေါ်လာပုံလေးတွေရဲ့အကျဥ်းချုပ်လေးပါ။

မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့အမျိုးသမီး အများစုက အခုလို ကိစ္စတွေကို ပွင့်ပွင့် လင်းလင်းဆွေးနွေးဖို့ရာ အဆင်မပြေဖြစ်နိုင်ကြပါတယ်။ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီးရော၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့‌ရော အမျိုးသမီးတွေအနေနဲ့ အခက်အခဲမရှိ ပွင့်ပွင့်လင်းလင်း မေးနိုင်ဖို့နဲ့ ကိုယ်သိချင်တာတွေ ၊ ဆွေးနွေးတိုင်ပင်ချင်တာတွေအတွက် အမျိုးသမီးများ အားထားရာ ရဲ့ Page Messenger လေးမှာလည်း သီးသန့်မေးမြန်းဆွေးနွေးနိုင်ပါတယ်။



16/12/2021

👨‍🏫 မိန်းကလေးတွေမှာ ဖြစ်လေ့ရှိသော ဟော်မုန်း
မညီမျှခြင်းရဲ့ လက္ခဏာရပ်များ
************************************************************************************

👨‍⚕️ စိတ်မတည်မငြိမ်ဖြစ်လို့နေလား.......?
👨‍⚕️ နေထိုင်မကောင်းဖြစ်နေလား......?

အဲဒါဆိုရင်တော့ စဉ်းစားစရာ
အကြောင်းအရင်းက တစ်ခုပဲရှိပါတယ်။
အကြောင်းရာလေးကတော့ ခခန္ဓာကိုယ်မှာရှိတဲ့
ဟော်မုန်းအပြောင်းလဲကြောင့်ပါပဲ။

ဟဟော်မုန်းဓာတ်ကို ခန္ဓာကိုယ် အတွင်းမှာရှိတဲ့
အနအန်တိုခရင်း (entocrine) ဆိုတဲ့ ဟော်မုန်းစနစ်နဲ့ ဖွဲ့စည်းထားတာပါ။

ဆာလောင်ခြင်းနှင့်ဇီဝကမ္မဖြစ်စဉ်တွေလတွေလို
အခြေခံကိစ္စတွေကစပြီး စိတ်ခံစားချက် စိတ်အခြေ အနေလို ပိုပြီး ရူပ်ထွေးလှတဲ့ ဖြစ်စဉ်တွေအထိ ခန္ဓာ ကိုယ်လုပ်ဆောင်ချက် အများစုကို ထိန်းပေးထားပါတယ်။

ခန္ဓာကိုယ်မှာ ဟော်မုန်းအမျိုးအစား အများကြီးရှိပါတယ်။ တချို့ဟော်မုန်းဓာတ်တွေက အမျိုးသမီးတွေရဲ့ နေ့စဉ်ကျန်းမာရေးမှာ အဓိက အခန်းကဏ္ဠအနေနဲ့ ပါဝင်ပါတယ်။

ဟော်မုန်းဓာတ်တွေ ညီမျှမှသာ ခန္ဓာကိုယ်က
နေလို့ထိုင်လို့ကောင်းမှာပါ။ ခန္ဓာကိုယ်မှာရှိတဲ့
ဟော်မုန်းဓာတ်တွေ မညီမျှမူ့တွေ ဖြစ်လာတဲ့အခါ
အအဖြစ်များဆုံး လက္ခဏာရပ်တချို့ကို သိရှိစေဖို့
ဝေမျှ ပေးလိုက်ပါတယ်။

ရာသီလာချိန် မမှန်ခြင်း
အိပ်ပျော်ရန်ခက်ခဲခြင်းနှင့် နှစ်နှစ်ခြိုက်ခြိုက်
အိပ်မပျော်ခြင်း
ဝက်ခြံ မကြာခဏပေါက်ခြင်း
ခေါင်းမကြည်ခြင်း
ပင်ပန်း နွမ်းလျခြင်း
အစာအစာခြေပြသနာတွေရှိလာခြင်း
စိစိုးရိမ်ပူပန်ခြင်း
စိတ်ဓာတ်တက်လွယ် ကျကျလွယ်ခြင်း
စိတ်စိတ်ဂနာမငြိမ်ဖြစ်ခြင်း
ခဏခခဏခဏဆာလောင်ခြင်း
ကိုယ်ကိုယ်အလေးချိန်တက်ခြင်း
ရာသီလာခါနီး (သို့) ရာရာသီလာချိန်အတွင်း
ခေါင်ကိုက်ခြင်း
သားအိမ်လမ်းကြောင်းကျိန်းစပ်ခြင်း
အရအရိုးပွရောဂါရှိလာခြင်း
ဆံပဆံပင်တွေပါးလာခြင်း
ကလကလေးမရနိူင်ခြင်း
ရင်တုန်ပန်းတုန်ဖြစ်ခြင်း

တချို့ ဟော်မုန်းဓာတ် မညီမျှခြင်းက ဆေးသောက်ဖို့ လိုအပ်နိူင်ပေမယ့် နေထိုင်မူ့ပုံစံ ပြောင်းလဲခြင်း
နှင့်လည်း ဟော်မုန်းဓာတ် ညီမျှအောင်လုပ်လို့ရပါတယ်။

ကျန်းမာရေးနဲ့လဲ ညီညွတ်အောင် စာစားသောက်ပေးခြင်း အိပ်ရေးဝဝ အိပ်စက်ခြင်းတွေက ဟော် မုန်းဓာတ် မညီမျှမူ့တွေ ဖြစ်မလာအောင် ထိန်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်မှိုစွဲခြင်း ( candidiasis or yeast overgrowth )ပါးစပ် နှင့် အူလမ်းကြောင်းမှာ candida ( ကန်ဒီဒါ )မှိုကို အနည်း...
01/11/2021

ခန္ဓာကိုယ်မှိုစွဲခြင်း ( candidiasis or yeast overgrowth )

ပါးစပ် နှင့် အူလမ်းကြောင်းမှာ candida ( ကန်ဒီဒါ )မှိုကို အနည်းငယ်တွေ့နိုင်ပါတယ်။ ကန်ဒီဒါမှိုတွေက အစာလမ်းကြောင်း ဇီဝအလွှာမှာပါဝင်ပြီး အစာချေခြင်း နှင့် အစာစုပ်ယူခြင်းကို အထောက်အကူပေးပါတယ်။ အစာလမ်းကြောင်းမှာ အကျိုးပြုဘက်တီးရီယားပိုး၊ လူကိုဒုက္ခပေးနိုင်သော ဘက်တီးရီးယားပိုး နှင့် ကန်ဒီဒါမှိုကဲ့သို့သော မှိုများ လိုက်လျှောညီထွေနေထိုင်လေ့ရှိပါတယ်။ ဘက်တီးရီးယား နှင့် မှိုတွေကြား ဂေဟစနစ်ပျက်သွားတဲ့အခါ ကန်ဒီဒါမှိုများစွာပေါက်လာပြီး ခန္ဓာကိုယ်မှိုစွဲခြင်း ( candidiasis ) ဖြစ်လာလေ့ရှိပါတယ်။

ပိုးသတ်ဆေး အလွန်အကျွံသုံးခြင်း၊ သကြားများသော အစားအစာများ၊ အသင့်စား အစားအစာများ၊ အရက် အလွန်အကျွံသောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတွေက ခန္ဓာကိုယ်မှိုစွဲခြင်းကို ဖြစ်စေနိုင်ပါတယ်။ Estrogen dominance ( အီစထရိုဂျင် လွန်ကဲခြင်း ) အခြေအနေတွေမှာ ခန္ဓာကိုယ် မှိုစွဲခြင်းဖြစ်နိုင်ချေများပါတယ်။ တားဆေးသောနေသော အမျိုးသမီးများ နှင့် ဟိုမုန်းဆေးသောက်နေသော အမျိုးသမီးတွေမှာ ခန္ဓာကိုယ်မှိုစွဲခြင်းဖြစ်လေ့ရှိပါတယ်။

ခန္ဓာကိုယ်မှိုစွဲခြင်းကြောင့်

အရေပြားပြသနာတွေဖြစ်တဲ့ ဝဲနှင်းခူ၊ ပွေးရောဂါ၊ ခြေသည်းမှိုစွဲခြင်း နှင့် athletes foot တွေက ကန်ဒီဒါမှိုကြောင့်ဖြစ်တယ်ဆိုပါတယ်။

ကန်ဒီဒါမှိုက ခုခံအားစနစ်ကို လျော့ကျစေပြီး စွမ်းအင်ထုတ်လုပ်ခြင်းကို ဖိနိုပ်နိုင်ပါတယ်။ ကန်ဒီဒါမှိုကြောင့် ဗိုက်တာမင် B6 ၊ မက်ဂနီဆမ် နှင့် အကျိုးပြုအဆီများ ချို့တဲ့မှုရှိနိုင်ပြီး မောပန်းလွယ်ခြင်း၊ အားမရှိခြင်း၊ ကိုက်ခဲနာကျင်ခြင်းတွေ ဖြစ်တတ်ပါတယ်။

ကန်ဒီဒါမှိုများပြားလာခြင်းက အစာလမ်းကြောင်းနံရံကို ပျက်ဆီးစေပြီး ကောင်းစွာမကျေညက်သော အစားအစာတွေ၊ ပိုးမွှားတွေ၊ အဆိပ်တွေကို သွေးကြောထဲရောက်သွားစေတယ်။ ခန္ဓာကိုယ်က အစာလမ်းကြောင်းမှ ကျူးကျော်လာသူကို ရန်သူအမှတ်နဲ့ တိုက်ခိုက်မှုစတင်ပြီး ခုခံအားတုန့်ပြန်မှု အလွန်အကျွံဖြစ်လာစေတယ်။ နောက်ဆက်တွဲအနေနဲ့ ရောင်ရမ်းခြင်းဖြစ်လာပြီး အော်တိုအင်မြူးရောဂါတွေခံစားရနိုင်တယ်။

ကန်ဒီဒါမှိုများပြားလာခြင်းက ဆီလိုတိုနင်ထုတ်လုပ်မှုကို လျော့ကျသွားစေတယ်။ ကန်ဒီဒါမှိုတွေက canditoxin နှင့် acetaldehyde တွေထုတ်လုပ်ပြီး ဦးနှောက်ကို ထိခိုက်စေတယ်။ ကန်ဒီဒါမှိုများပြားလာတဲ့အခါ အာရုံစိုက်ရခက်ခဲခြင်း၊ မှတ်ဉာဏ်ကျဆင်းခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ မေ့လွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်းကဲ့သို ဦးနှောက်အာရုံကြောရောဂါတွေဖြစ်လွယ်တယ်။

လေပွခြင်း ၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းကဲ့သို့ အစာလမ်းကြောင်း ပြသနာတွေလည်း ရှိတတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ အမျိုးသမီးအင်္ဂါ ယားယံခြင်၊ အမျိုးသမီးအင်္ဂါ ပိုးဝင်ခြင်း၊ စအို ယားယံခြင်းတွေလည်းဖြစ်နိုင်တယ်။ နားယားခြင်းလည်းဖြစ်တတ်ပါတယ်။ ဓာတ်မတည့်ခြင်းလည်းဖြစ်နိုင်တယ်။

ကန်ဒီဒါမှိုရဲ့အစားအစာက ကဆီများတဲ့ အစားအစာတွေဖြစ်တာကြောင့် ကန်ဒီဒါမှိုများပြားလာတဲ့အခါ သကြားစွဲလမ်းခြင်း နှင့် ကဆီဓာတ်ကိုတမ်းတခြင်းတွေ ဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ် မှိုစွဲခြင်းကိုသိနိုင်ဖို့ သွေးအတွင်းရှိ candida antibodies စစ်ကြည့်လို့ရတယ်။ ကန်ဒီဒါမှိုက ခုခံအားစနစ်ကို ဖိနိုပ်ထားတာကြောင့် candida antibodies အဖြေမှန်ဖို့ခက်လိမ့်မည်။ Complete Blood Count မှာ neutrophil များပြီး lymphocyte နည်းနေနိုင်တယ်။ Candidiasis အတွက် ဝမ်းစစ်ကြည့်လို့ရတယ်။

ခန္ဓာကိုယ် မှိုစွဲခြင်းကို ကုသဖို့အတွက်

ကန်ဒီဒါမှိုရဲ့ အစားအစာတွေဖြစ်တဲ့ သကြား နှင့် အရက်ကို ဖြတ်တောက်ရမည်။ ကဆီဓာတ်များတဲ့ အစားအစာတွေဖြစ်တဲ့ အသီးတွေ၊ အရွက်တွေ၊ ပဲတွေ နှင့် အစေ့အဆန်တွေကို ဖြတ်တောက်ရမည်။ ကန်ဒီဒါမှိုပေါက်ဖွားခြင်းကို အနှောက်အယှက်ပေးတဲ့ အုန်းဆီ၊ ကြက်သွန်ဖြူ လေးညှင်း၊ သစ်ကြမ်းပိုးမှုန့်တွေ စားပေးရမည်။

အစာခြေအင်ဇိုင်း နှင့် အုန်းဆီကထုတ်တဲ့ MCT oil တွေက ကန်ဒီဒါမှိုကို ဖျက်ဆီးနိုင်တယ်။ ကန်ဒီဒါမှိုကို ထိန်းညှိဖို့ အကျိုးပြု ဘက်တီးရီယား ( ပရိုဘိုင်အိုတစ် ) သောက်ပေးရမည်။ အရည်အသွေးကောင်းတဲ့ ပရိုဘိုင်အိုတစ် ပမာဏ 100 billions လောက်ပေးနိုင်လျှင် ပိုကောင်းတယ်။

အားလုံးကျန်းမာကြပါစေ။

#ဒေါက်တာဖြိုးမောင်မောင် ( ၂၀၂၁ ၊ နိုဝင်ဘာ ၁ ရက် )
Crd.

အမျိုးသမီးအများစု သိချင်နေတဲ့ မေးခွန်းဖြစ်တဲ့"အဖြူဆင်းခြင်းဟာ အန္တရာယ်ရှိလား ?"==============================***********...
31/10/2021

အမျိုးသမီးအများစု သိချင်နေတဲ့ မေးခွန်းဖြစ်တဲ့
"အဖြူဆင်းခြင်းဟာ အန္တရာယ်ရှိလား ?"
==============================
****************************************

အမျိုးသမီးများ မိန်းမကိုယ်မှ ရာသီသွေးမဟုတ်ဘဲ ဆင်းလာသည့် အရည် (သို့မဟုတ်) အကျိအချွဲ ကို အဖြူဆင်းခြင်း ဟုခေါ်ပါသည်။

အဖြူဆင်းခြင်းကို ယေဘူယျအားဖြင့် နှစ်မျိုးခွဲခြား နိုင်ပါသည်။ မူမှန်အဖြူဆင်းခြင်း (Normal White Discharge) နှင့် မူမမှန် အဖြူဆင်းခြင်း (Abnormal White Discharge) ဟူ၍ ခွဲခြားထားပါသည်။

အဖြူဆင်းသည်ဆိုတိုင်း မကောင်းသည့် လက္ခဏာ မဟုတ်ပါ။ မိန်းမကိုယ် နှင့် သားအိမ်ခေါင်းအတွင်း ဂလင်းမှတစ်ဆင့် ထုတ်ပေးလိုက်သည့် အရည်များသည် ဆဲလ်သေများနှင့် ဘက်တီးရီးယားများကို ဖယ်ရှားပေးပါသည်။ ထိုသို့ ဆင်းမှသာလျှင် မိန်းမကိုယ် သန့်စင်စေပြီး ရောဂါပိုး ဝင်ခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါသည်။

အများအားဖြင့် အဖြူဆင်းခြင်းသည် ပုံမှန်ဖြစ်လေ့ ဖြစ်ထရှိသည့် အရာဖြစ်ပါသည်။

အပျိုဖော်ဝင်ကာစ အမျိုးသမီးများသည် တစ်လတွင် ပုံမှန် နှစ်ကြိမ်ခန့် အဖြူဆင်းလေ့ ရှိကြပါသည်။ ပထမအကြိမ်သည် ပထမလနှင့် ဒုတိယလ၏ အလယ်ရက်တွင် အဖြူဆင်း လေ့ရှိပါသည်။ ဒုတိယအကြိမ်တွင် သွေးမပေါ်ခင် တစ်ရက်အလိုတွင် ဆင်းလေ့ရှိပါသည်။ ထိုသို့ ဆင်းခြင်းကို မူမှန် အဖြူဆင်းခြင်း ဟုခေါ်ပါသည်။ ထိုသို့ဆင်းခြင်းသည် သတိပြုမိလောက်သော ပမာဏမဟုတ်ပဲ အနည်းငယ်သာ စိုစိစိ ဖြစ်နေရုံ လောက်သာ ဖြစ်တတ်ပါသည်။

အမျိုးသမီးများအနေဖြင့် ထိုသို့ဖြစ်နေချိန် တစ်ကိုယ်ရေ သန့်ရှင်းမှု အနေဖြင့် သန့်စင်သော ရေ နှင့် နုသော ဆပ်ပြာကို အသုံးပြု၍ အပေါ်ယံကိုသာ ဆေးကြောပေးရန် လိုအပ်ပါသည်။ မူမှန်သော အဖြူဆင်းခြင်းသည် အန္တရာယ်မရှိသည့်အတွက် ဆရာဝန်နှင့် ပြသရန်မလိုအပ်ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်သင့်ပါသည်။

မူမမှန်သော အဖြူဆင်းခြင်း၏ လက္ခဏာများမှာ

- အဖြူဆင်းသော ပမာဏများခြင်း၊
- ဆိုးရွားသော အနံ့သက်များ ရှိခြင်း၊
- ယားယံခြင်း စသည်တို့ဖြစ်ပါသည်။

မူမမှန်သော အဖြူဆင်းခြင်းကို ဖြစ်ပွားစေသည့် အကြောင်းရာများစွာ ရှိပါသည်။

မိန်းမကိုယ် မှိုပိုးဝင်ခြင်း

ပိုးသတ်ဆေး (သို့မဟုတ်) စတီးရွိုက်ဆေးများ သုံးစွဲခြင်း

ဘတ်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း

လိမ်မှတစ်ဆင့်ကူးစက်သော ရောဂါများ

သွေးဆုံးခြင်း

သန္ဓေတားဆေးများ သုံးစွဲခြင်း

ဆီးပူညောင်းကျရောဂါ

ဆီးချိုရောဂါ

သားအိမ်ခေါင်းကင်ဆာ

မသန့်စင်သော ရေများဖြင့် ဆေးကြောခြင်း

မွှေးလွန်းသော ဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ Alcohol များလွန်းသော အမျိုးသမီး သန့်စင်ရည်များကို အသုံးပြုခြင်း စသည်တို့ကြောင့် အများဆုံး ဖြစ်ပေါ်နိုင်ပါသည်။

အဖြူဆင်းခြင်းကြောင့် ဘာတွေဆက်ဖြစ်နိုင်ပါသလဲ ?

အဖြူဆင်းခြင်းသည် အမျိုးသမီးများ၏ သဘာဝ ဖြစ်သော်လည်း မူမမှန်အဖြူဆင်းခြင်းဖြစ်ပါက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ ၁ခုခု၏ လက္ခဏာလည်း ဖြစ်နေနိုင်ပါသည်။

အဖြစ်များသော မှိုပိုးဝင်ခြင်းသာမက၊ ကင်ဆာရောဂါ အထိပါ ဖြစ်ပွားနိုင်ပါသည်။ ဥပမာ - လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများ၊ ဆီးပူညောင်းကျရောဂါ များသည် စနစ်တကျမကုသပါက ဆိုးရွားသည့် အခြေနေများကို ဖြစ်စေနိုင်ပါသည်။

ထို့အပြင် မိန်းမကိုယ်ပိုးဝင်ပြီး စနစ်တကျ မကုသပါက သားအိမ်နှင့် သားဥပြွန် အထိရောဂါ ပြန့်ပွားနိုင်ခြင်း၊ ကိုယ်ဝန်ထိခိုက်နိုင်ခြင်း၊ တင်ပါးဆုံအောက်ပိုင်း ရောင်ရမ်းခြင်း နှင့် ကလေးရနိုင်ချေပါ ခက်ခဲသွားနိုင်သည့်အတွက် မူမမှန်အဖြူဆင်းခြင်းကို ဂရုတစိုက် ကုသသင့်ပါသည်။

👩‍🏫 သားအိမ်ကျန်းမာရေးကို အထောက်အကူပြုမယ့် အစားအစာများ***************************************ဟင်းသီးဟင်းရွက်တွေမှာ ကယ်ဆီယ...
29/10/2021

👩‍🏫 သားအိမ်ကျန်းမာရေးကို အထောက်အကူပြုမယ့် အစားအစာများ
***************************************

ဟင်းသီးဟင်းရွက်တွေမှာ ကယ်ဆီယမ်၊ မဂ္ဂနီဆီ ယမ်၊ ပိုတက်ဆီယမ်နဲ့ ဗီတာမင် ဓါတ်တို့ ပါဝင်ပါတယ်။ သားအိမ်အလုံးတည်တဲ့ ပြဿနာတွေ နည်းသွားစေပါတယ်

သားအိမ်ဆိုတာ မေမေတို့ အမျိုးသမီးတွေအတွက် အရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက် အခြေခံ မျိုးပွားအဖွဲ့အစည်းဖြစ်ပါတယ်။ သားအိမ်ရဲ့အလုပ်တွေပုံမှန်လုပ်နိုင်ဖို့အတွက် ကျန်းမာနေဖို့ လိုပါတယ်။ သားအိမ်ကျန်းမာရေးအတွက် အစားအစာတွေက အရေးကြီးတဲ့ နေရာကနေ ပါဝင်နေပါတယ်။

အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

👩‍🏫 သားအိမ်ကျန်းမာရေးအတွက် အထောက်အကူပြုမယ့် အစားအစာများ

(၁) အမျှင်ဓါတ်
အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓာကိုယ်ထဲမှာပိုလျှံနေတဲ့ အီစထိုဂျင်တွေကို ဖယ်ရှားပေးပါတယ်။ သားအိမ်အကျိတ်ဖြစ်တာကို ကာကွယ်ပေးပါတယ်။ ပဲ၊ ပဲပင်ပေါက်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ cereal တို့မှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဓါတုပစ္စည်းတွေနဲ့ ပိုးသတ်ဆေးတွေ သုံးမထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ရွေးချယ်ပါ။

(၂) ဟင်းသီးဟင်းရွက်များ
ဟင်းသီးဟင်းရွက်တွေမှာ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ဗီတာမင် ဓါတ်တို့ ပါဝင်ပါတယ်။ သားအိမ်အလုံးတည်တဲ့ ပြဿနာတွေ နည်းသွားစေပါတယ်။

(၃) အသီးအနှံများ
အသီးအနှံတွေမှာ ဗီတာမင် C နဲ့ bioflavonoids ပါဝင်တာကြောင့် သားအိမ် အလုံးတည်တာကို ကာကွယ်ပေးပါတယ်။ အီစထိုဂျင်ဟော်မုန်းတွေကို ပုံမှန်ဖြစ်စေပါတယ်။ Bioflavonoids ပါဝင်တာကြောင့် မျိုးပွားအဖွဲ့အစည်းကို ကျန်းမာစေပြီး သားအိမ်ကင်ဆာဖြစ်တာကို ကာကွယ်ပေးပါတယ်။

(၄) နို့နဲ့ နို့ထွက်ပစ္စည်းများ
နွားနို့၊ ဒိန်ချဉ်၊ ချိစ့်နဲ့ ထောပတ်တို့ဟာဆိုရင် သားအိမ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ကယ်ဆီယမ်နဲ့ ဗီတာမင် D ကြွယ်ဝစွာပါဝင်တာကြောင့် သားအိမ်အလုံးတည်တာကို ကင်းဝေးစေပါတယ်။

(၅) လက်ဖက်စိမ်း (Green Tea)
လက်ဖက်စိမ်းမှာဆိုရင် antioxidants တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ သားအိမ်ကို ကျန်းမာစေပြီး အလုံးတည်တဲ့ ပြဿနာ နည်းသွားစေပါတယ်။

(၆) ပင်လယ်ငါး
ပင်လယ်ငါးမှာ အိုမီဂါ(၃)ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်တာကြောင့် သားအိမ်အတွက် အထောက်အကူပြုပါတယ်။

(၇) သံပုရာသီး
သံပုရာသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံစွမ်းအား ကောင်းစေပါတယ်။ သားအိမ်အတွင်း ရောဂါကူးစက်တာနဲ့ ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်လာတာကို တားဆီးပေးပါတယ်။

(၈) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဟာဆိုရင် သားအိမ်ရဲ့ alkaline ဓါတ်ကို မျှတစေပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်တာကြောင့် သားအိမ်ရဲ့ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

(၉) ပဲအမျိုးမျိုး
ပဲအမျိုးမျိုးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်လွတ်ပေးပါတယ်။ အိုမီဂါ(၃)ဖက်တီးအက်ဆစ်ပါဝင်တာကြောင့် သားအိမ်ကို အထောက်အကူပြုပြီး ကင်ဆာရောဂါဖြစ်ပွားတာကို တားဆီးပေးပါတယ်။

👨‍🏫 တွဲဖက်မစားသင့်သော အစားအစာ( ၇၅ )မျိုး။*******************************************************************************...
26/10/2021

👨‍🏫 တွဲဖက်မစားသင့်သော အစားအစာ( ၇၅ )မျိုး။
************************************************************************************

၁။ ဆူးပုတ်ရွက် + ဆိတ်သား { မူးဝေ }

၂။ ကိုကိုး(ဖျော်ရည်)+ ပဲမြစ် { မူးဝေ }

၃။ ဝက်သား+ ဒေါင်းသား { ဝမ်းလျှော }

၄။ ဝက်သား+ { ဝမ်းလျှော }

၅။ ဝက်သား + ပေရည်ပေသီး { ဝမ်းလျှော }

၆။ ရှောက်သီး + စောင်းလျှားသီး { ဝမ်းလျှော }

၇။ ခိုသား + စောင်းလျားသီး { ဝမ်းလျှော }

၈။ ဆီးသီး+ စားတော်ပဲ { ဝမ်းလျှော }

၉။ ဘဲဥ+ ဗျိုင်းသား { ဝမ်းလျှော }

၁၀။ ကျွဲသား + ကြာရိုးကြာစွယ် { ဝမ်းလျှော }

၁၁။ ကြက်သား + ကြက်ဟင်းခါးသီး { အော့အန် }

၁၂။ အာလူး+ ကြက်ဟင်းခါးသီး { အော့အန် }

၁၃။ စိမ်းစားဥ + ရှောက်သီး { အော့အန် }

၁၄။ ဘဲဥ + ဖရဲသီး { အော့အန် }

၁၅။ သံပုရာသီး+ ပဲတကော { အော့အန် }

၁၆။ ပျားရည် + ပိန်နဲသီး { အော့အန် }

၁၇။ စိမ်းစားဥ + ချိုချဉ် { အော့အန် }

၁၈။ လဖ္ဘက်သုပ် + မယ်ဇလီရွက် { အော့အန် }

၁၉။ နို့အေးချောင်း + သခွါးသီး { ရင်ကျပ် }

၂၀။ နို့အေးချောင်း + စိမ်းစားဥ { ရင်ကျပ် }

၂၁။ ကြက်သား+ ကြောင်လျှာသီး {အကြောတက်}

၂၂။ ကြက်ဟင်းခါးသီး + မှို { အကြောတက် }

၂၃။ ကြက်ဥ + တမာရွက် { အကြောတက် }

၂၄။ ကင်းပုံရွက် + နှမ်း { အကြောတက် }

၂၅။ ရွှေဖရုံသီး+ ပုစွန် { ဝမ်းကိုက်နာ }

၂၆။ ခိုသား + ငုံးသား { ရင်ပူ }

၂၇။ ဒူးရင်းသီး + အရက် { ရင်ပူ }

၂၈။ ကဏန်း + ခရမ်းသီး { အဆိပ်သင့် }

၂၉။ နွားနို့ + ငါးအစိမ်း { အဆိပ်သင့် }

၃၀။အမဲသား + တရုတ်ကြက်သွန်မိတ် {အဆိပ်သင့်}

၃၁။ မင်းကွတ်သီး + သကြား { သေ }

၃၂။ ရေခဲမုန့် + ဂျင်းသုပ် { သေ }

၃၃။ လဖ္ဘက် + ကျွဲခေါင်းသီး { သေ }

၃၄။ သံပုရာသီး + ကျွဲခေါင်းသီး { သေ }

၃၅။ ဖရုံသီး + ခိုသား { သေ }

၃၆။ ကြောင်လျှာသီး + ငါးသေတ္တာ { သေ }

၃၇။ ကြောင်လျှာသီး+ ပဲဒလက် { သေ }

၃၈။ ကြောင်လျှာသီး + စပါးကြီးမြွေ { သေ }

၃၉။ ချင်း(ဂျင်း) + သဘောင်္သီး { သေ }

၄၀။ ချင်း(ဂျင်း) + ခိုသား { သေ }

၄၁။ ထန်းလျက် + နလင်ကျော် { သေ }

၄၂။ ထန်းလျက် + (၂၇)ပါးဆေး { သေ }

၄၃။ ထန်းလျက် + သပြေသီး { သေ }

၄၄။ ဂွေးသီး + အာတာလွတ်ဥ { သေ }

၄၅။ ဂွေးသီး + နို့အေးချောင်း { သေ }

၄၆။ ပီလောပီနှံ + မျှစ်ချဉ် { သေ }

၄၇။ ပီလောပီနှံ + ပဲကြားလှော် { သေ }

၄၈။ ပီလောပီနှံ + ဒေါင်းသား { သေ }

၄၉။ ကြက်ဆူသီး + ငှက်သား { သေ }

၅၀။ ကျေးသား + ဘူးသီး { သေ }

၅၁။ ဝက်သား + ဗျိူင်းသား { သေ }

၅၂။ ဝက်သား + ထန်းရည်ချို { သေ }

၅၃။ ဝက်သား + ကြာရိုးကြာစွယ် { သေ }

၅၄။ ကျွဲသား + ဆိတ်သား { သေ }

၅၅။ နို့ဆီ+ ကိုးပါးဆေးလျက်ဆား { သေ }

၅၆။ မိုင်လို(အမှုန့်) + ပဲမြစ် { သေ }

၅၇။ ကြံ့သား + ငါးအမျိုးမျိုး { သေ }

၅၈။ ချောကလက် + ပဲမြစ် { သေ }

၅၉။ ချောကလက် + စောင်းလျားသီး { သေ }

၆၀။ သိုးသား + စောင်းလျားသီး { သေ }

၆၁။ တညင်းသီး + ရှိုန်းခို { သေ }

၆၂။ တညင်းသီး + ဒူးရင်းသီး { သေ }

၆၃။ တညင်းသီး + မှို { သေ }

၆၄။ နွားနို့ + မှို { သေ }

၆၅။ ဖားသား + မှို { သေ }

၆၆။ ပျားရည် + အုန်းသီး { သေ }

၆၇။ ပျားရည်+ သြဇာသီး { သေ }
၆၈။ ပျားရည်+ ဥသျှစ်သီး { သေ }

၆၉။ နွားနို့ + သံပုရာသီး { သေ }

၇၀။ လယ်ကဏန်း + မှို { သေ }

၇၁။ ကျွဲကောသီး + သံပုရာသီး { သေ }

၇၂။ ထန်းသီး/ ရည် + ငှက်ပျောသီး { သေ }

၇၃။ ကိုင်းဥ + ပုစွန်ချဉ် { သေ }

၇၄။ အမဲသား + ခရု { သေ }

၇၅။ ယုန်သား + မှို { သေ }

အစားလည်းဆေး ဆေးလည်းအစာ ဆိုပေမယ့် အသက်ကိုဉာဏ်စောင့်ရန် အတွက်ပါ ။
မေတ္တာဖြင့်


မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ

ဆီးအရောင်က ပြောသော သင်၏ ကျန်းမာရေး***************************************သင့်ဆီးအရောင် ဘယ်လိုရှိသလဲ........................
26/10/2021

ဆီးအရောင်က ပြောသော သင်၏ ကျန်းမာရေး
***************************************

သင့်ဆီးအရောင် ဘယ်လိုရှိသလဲ..............................................

ခန္ဓာကိုယ်က စွန့်ထုတ်လိုက်တဲ့ ဆီးရဲ့အရောင်ဟာ အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီးရဲ့အရောင်ကို ကြည့်လိုက်ရုံနဲ့ သင့်ရဲ့ ခန္ဓာကိုယ်အကြောင်း အများကြီး သိရှိနိုင်လို့ပါ။ ပြင်ပအကြောင်းအရာများ (ဥပမာ-ဆိုးဆေး၊ ဆေးဝါး၊ ဝမ်းနုတ်ဆေး) စတာတွေဟာ ဆီးအရောင်ကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။
Like & Share

Address


Alerts

Be the first to know and let us send you an email when PYONE PYAW - ပြုံးပျော် Health & Products Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to PYONE PYAW - ပြုံးပျော် Health & Products Service:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram