19/01/2026
အစာစားပြီးတိုင်း ဒီလိုအလေ့အကျင့်တွေလုပ်မိနေတယ်ဆိုရင်တော့ သတိပြုဆင်ခြင်သင့်ပါတယ်နော်။ ⚠️ နေ့စဥ်အမှတ်တမဲ့လုပ်မိနေတဲ့ အလေ့အထတွေကြောင့် ကိုယ့်ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့်ပါ။ 💚
( ၁ ) အိပ်ခြင်း 😴
အစာစားပြီးနောက် အိပ်တာက အစာခြေစနစ်ကိုဝန်ပိစေပြီး အစာမကြေတာမျိုး ဖြစ်စေနိုင်ပါတယ်။ 💤 အိပ်လိုက်တဲ့အခါ အစာခြေအက်ဆစ်တွေက အစာအိမ်ထဲကနေတဆင့် အစာပြွန်ထဲကို ရောက်ရှိလာပြီး ရင်ပူတာမျိုးဖြစ်စေနိုင်ပါတယ်။ 🔥 အကောင်းဆုံးကတော့ အစားစားပြီး ၂ နာရီကြာမှ အိပ်ဖို့ပါ။ ⏰
( ၂ ) ဆေးလိပ်သောက်ခြင်း 🚬
အစားတစ်ခုခုစားပြီးနောက် ခံတွင်းချဉ်သည်ဟု အကြောင်းပြကာ ဆေးလိပ်သောက်တတ်ကြပါတယ်။ 😬 အစားစားပြီးချိန်မှာ ဆေးလိပ်သောက်တာက ပုံမှန်ချိန်မှာ ဆေးလိပ်သောက်တာထက် ခန္ဓာကိုယ်ကိုထိခိုက်နိုင်ခြေပိုများနေနိုင်ပါတယ်။ ⚠️ ဒါကြောင့် အစာစားပြီး ဆေးလိပ်သောက်တာနဲ့ အတတ်နိုင်ဆုံး ဆေးလိပ်ကိုလျှော့သောက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ 💪
( ၃ ) ရေချိုးခြင်း 🚿
အစားတစ်ခုခုစားပြီးမှ ရေချိုးတာက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို နှေးသွားစေနိုင်ပါတယ်။ 🐌 ရေချိုးလိုက်တဲ့အခါ အစာအိမ်ဆီကိုရောက်ရှိရမယ့် သွေးတွေက အစာခြေစနစ်ကို မရောက်ရှိဘဲ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့အတွက် ခန္ဓာကိုယ်အနှံ့ကို စီးဆင်းသွားပြီး အစာခြေစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားနိုင်တာကြောင့်ပါ။ 💧ဒါကြောင့် ထမင်းစားပြီး အစာကြေမှုသေချာမှ ရေချိုးပါ။ 🕒
( ၄ ) လမ်းလျောက်ခြင်း 🚶♀️
အများစုက ထမင်းစားပြီး လမ်းလျောက်ခြင်းဟာ ရင်ချောင်သွားတယ်၊ အစာကြေစေတယ်လို့ ယုံကြည်ကြပါတယ်။ 🤔 တကယ်ကတော့ အစာစားပြီး, ပြီးချင်း လမ်းလျှောက်တာက စားချဉ့်ရည်တွေကို ပြန်ဆန်တက်စေနိုင်ပြီး အစာမကြေပိုဖြစ်စေနိုင်ပါတယ်။ ⬆️ ဒါကြောင့် အစာမကြေတာနဲ့ အခြားသော အစာခြေစနစ်ပြဿနာတွေကင်းစေအောင် အစားစားပြီးလို့ နာရီဝက်လောက် နေမှ လမ်းလျှောက်ပေးပါ။ 👍
( ၅ ) ရေခဲရေသောက်ခြင်း 🧊
ထမင်းစားပြီး ရေခဲရေသောက်ခြင်းက အစာအစားများကို တစ်ခုနဲ့တစ်ခုပေါင်းစပ်စေပြီး အစိုင်အခဲကြီးထွားလာတာကြောင့် စုပ်ယူမူအားနည်းစေလို့ အစာမကြေခြင်းကို ပိုဖြစ်စေပါတယ်။ ❄️
( ၆ ) သစ်သီးစားတာ 🍎
အစားအစာ တစ်ခုချင်းစီအလိုက် ခန္ဓာကိုယ်ရဲ့ အစာခြေမှုအရှိန်ကလည်း ကွာခြားတာကြောင့် ထမင်းမစားခင် သစ်သီးစားတာက အစာကြေစေဖို့ လွယ်ကူနိုင်စေပေမယ့်။ 🍌 အစားစားပြီးစမှာ သစ်သီးစားတာကတော့ အစာခြေစနစ်ကို နှေးသွားစေနိုင်ပြီး အစာမကြေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သစ်သီးကို ကြိုက်တယ်ဆိုရင်တောင် ထမင်းစားပြီး ၂ နာရီကြာမှ စားပေးပါ။ ⏳
ဒါဆိုရင်တော့ အစားစားပြီးချိန်မှာ မလုပ်သင့်တဲ့ အလေ့အထတွေကိုလည်း သိသွားပြီဆိုတော့ သတိပြုဆင်ခြင်လိုက်ကြစို့နော်။ 💚 အခန့်မသင့်ဘဲ အစာမကြေရင်၊ ရင်ပြည့်ရင်ကယ်တာမျိုး ဖြစ်လာရင်တော့ 🍋 Citrus Mint အရသာလေးနဲ့ 🍃ဝါးရမခက်၊ သွားကြားမကပ်တဲ့ Hydrosil ကို အစာစားပြီးတိုင်း ကြိုတင်သောက်ထားလိုက်ရင် ဗိုက်အောင့်၊ ဗိုက်နာ၊ ရင်ပြည့်၊ ရင်ကယ်တာတွေမရှိဘဲ ဝမ်းဗိုက်လေးကို သက်သောင့်သက်သာ ဖြစ်နေစေမှာပါ။ 😊
Hydrosil ဟာ ဥရောပအသိအမှတ်ပြု 🏆 EU GMP လက်မှတ်ရရှိထားပြီး မလေးရှားနိုင်ငံက ထုတ်လုပ်ထားတာဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့ သုံးစွဲနိုင်ပါတယ်။ ဝါးတီးအားရပါးရဆွဲချင်သူတိုင်းအတွက် အဖော်မွန်ဖြစ်တဲ့ Hydrosil ကို အမြို့မြို့အနယ်နယ်ရှိ 🏪 ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်သလို Xepa Myanmar page မှာလည်းမှာယူနိုင်ပါတယ်နော်။
Update တွေ အမြဲသိရအောင် Xepa Myanmar Viber Channel (https://bit.ly/4gRTWE5) ကိုလည်း Join ထားလို့ရပါတယ်နော်။